Ch 13
Viewers 8k

🥬 Chapter 13

🥬 Where Did Your Wife Go ? (1)




စာကြည့်ခန်းထဲမှ ထွက်လာပြီးနောက် စုလင်သည် ခြံနောက် ဖေးသို့ ရောက်ရှိလာသည်။


ခြံနောက်ဖေးကို အန်တီကျန်းက အလွန်သန့်ရှင်းအောင်ထားရှိခဲ့ရာ ကျောက်ပြားခင်းထားသော လမ်းကြောင်းတစ်ခု ဖယ်ရှင်းထား သည်ကို တွေ့ရသည်။ ထိုလမ်း၏ဘေးနှစ်ဖက်တွင် စတုရန်းမီတာ ဆယ်ခုစီကျယ်ဝန်းသော ဟင်းသီးဟင်းရွက်ခင်းရှိရာ မည်သည့် သီးနှံမျှစိုက်ပျိုးထားခြင်းမရှိဘဲ မြေ လွတ်ဖြစ်နေသည်။


စုလင်၏ယနေ့ တာဝန်မှာအလွန်ရိုးရှင်းသည်။ မြေဆီလွှာအားပျော့ပျောင်းအောင်လုပ်ကာ ကျင်းတူးရန်ဖြစ်သည်။


အန်တီကျန်းပေးပို့သော ဟင်းသီးဟင်းရွက်များအားနေ့စဉ် လက်ခံခြင်းမှာ မသင့်လျော်ပေ။ ကိုယ်ပိုင်မြေနေရာရှိသည် နှင့်အမျှ ဟင်းသီးဟင်းရွက်အချို့စိုက်ပျိုးသင့်သည်။


ဟင်းသီးဟင်းရွက်ခင်းမှ ပေါင်းပင်များကို ရှင်းလင်းထားပြီးဖြစ်၍ မြေဆီမှာပျော့ပျောင်းနေသည်။ စုလင်သည် အသွားသုံးချောင်းထွန်ခြစ်ကိုအသုံးပြုကာ မြေဆီအားလှန်လှောပေးရုံဖြင့် စိုက်ပျိုးရန်ပိုမိုသင့်လျော်လာစေသည်။


အလုပ်မစတင်မီ စုလင် အင်တာနက်ပေါ်မှ ဗီဒီယိုများအားအလေးပေးကြည့်ရှုခဲ့ပြီး အန်တီကျန်းထံအကြံဉာဏ်တောင်း ခံခဲ့သည်။ သူသည် သဘောတရားပိုင်းကျွမ်းကျင်သော် လည်း လက်တွေ့လုပ်ဆောင်မှုတွင် အနည်းငယ်အားနည်း နေ သေးသည်။ သို့သော် မည်သို့ပင်ဆိုစေကာမူ ကြိုးစားကာ ဆယ်မိနစ်ကြာထိုးဆွပြီးနောက် မြေကွက်တစ်ဝက်အားအဆုံးသတ်နိုင်ခဲ့သည်။


သူ ရပ်လိုက်ပြီး နာကျင်နေသော ခါးကိုဆန့်လိုက်ကာလှည့် ၍အညောင်းဆန့်လိုက်သည်။


မမျှော်လင့်ဘဲ လယ်ယာလုပ်ငန်းသည် လေ့ကျင့်ခန်းလုပ်ခြင်းထက်ပင် ပိုပင်ပန်းသည်ဟုခံစားရသည်။


လှုပ်ရှားမှုတစ်ခုတည်းကို အဆက်မပြတ်ပြုလုပ်နေခြင်းမှာ ခါးအားနှင့် လက်မောင်းအားကို စမ်းသပ်နေခြင်းပင်။


ထွန်ခြစ်ကိုမှီလိုက်ပြီး စုလင် သူ့ဘယ်ဘက်လက်ကောက်ဝတ်ရှိ နာရီကိုတစ်ချက်ကြည့်လိုက်သည်။ နံနက် ၁၁ နာရီ ထိုးနေပြီဖြစ်ရာ နေ့လယ်စာ စားရန် ဆုံးဖြတ်လိုက်သည်။


---


လက်တွင်ဝတ်ဆင်ထားသော လုပ်ငန်းသုံးလက်အိတ်များကို ချွတ်ပြီးနောက် ရေတွင်းသို့လာခဲ့သည်။ ကြိုးဖြင့်ချည်ထား‌ သောရေပုံးအား ရေထဲသို့ပစ်ချလိုက်သည်။ ရေပြည့်သွားသောအခါ ဖြည်းညှင်းစွာလှုပ်ခါကာ ဆွဲတင်ပြီး ရေတွင်းဘေးတွင် ချထားလိုက်သည်။


သူ၏ နီရဲ၍ထုံကျင်နေသော လက်ဖဝါးများကို ကြည်လင်သောရေထဲသို့ ထည့်လိုက်ရာ အေးမြလန်းဆန်းမှုကိုခံစားလိုက်ရသည်။ သူ သက်ပြင်းချလိုက်ပြီး ခါးကွေးကာ ခေါင်း ငုံ့၍ မျက်နှာကိုရေဖြင့် သစ်လိုက်သည်။ သူ့ ဆံပင်များရေစိုသွားပြီး ပိုကောက်ကွေးသွားကြသည်။ သူ ခေါင်းကိုပေါ့ပေါ့ ဆဆလှုပ်လိုက်ရာ ရေစက်ငယ်လေးများ နေရောင်အောက်တွင် လက်ခနဲပြန့်ကျဲသွားသည်။


မီးဖိုချောင်သို့ ပြန်ရောက်လာပြီးနောက် စုလင်သည် ရေခဲ သေတ္တာထဲမှ သတ္တုဘူးနှင့်ထုပ်ထားသော ရေသန့်ဘူးကို ထုတ်ယူကာ အဖုံးလှည့်ဖွင့်ပြီး "ဂလွှတ် ဂလွှတ်" ဟူသော အသံဖြင့် သောက်ချလိုက်သည်။


ယနေ့ မီးဖိုချောင်သည် အကြီးအကျယ်ပြောင်းလဲသွားသည်။ ကြမ်းပြင်၌ မီးခံ၊ ရေစိုခံနှင့် ပွန်းပဲ့မှုဒဏ်ခံနိုင်သော ကြမ်းပြင်သားရေ (floor leather) တစ်ထပ်ခင်းထားသေးသည်။ နှစ်ထပ်တံခါး ရေခဲသေတ္တာများ၊ ပိုးသတ်စင်များ၊ မိုက်ခရိုဝေ့ဖ်မီးဖိုများ၊ မီးဖိုကြီးများ၊ ဘေစင်ပါသော စင်များ၊ ပန်းကန်ဆေးစက်၊ မီးခိုးစုပ်စက်များနှင့် ရှည်လျားသော မီးဖိုချောင်ကောင်တာတို့ ရှိရာတွင် ထမင်းပေါင်းအိုးနှင့် လျှပ်စစ်မီးဖို အားတွေ့ရသည်။ သန့်စင်အောင်ပွတ်တိုက်ထားသော မြေမီးဖိုမှာမူ တစ်ယောက်တည်းထောင့်၌ကုပ်ကပ်နေပြီး မည်သူမျှဂရုမစိုက်တော့ပေ။


ရေသန့်သောက်ပြီး ရေငတ်ပြေသွားသောအခါ စုလင်သည် ရေခဲသေတ္တာထဲမှ ဟင်းနုနွယ်၊ ပန်းမုန်လာစိမ်း၊ သိုးသား၊ ပုစွန်လုံးနှင့် အခြား ပါဝင်ပစ္စည်းများကိုရှာဖွေပြီး မီးဖိုချောင်ကောင်တာပေါ်တင်လိုက်သည်။ ရိုးရှင်းသော စစ်တပ်အစင်းပါသော အေပရွန်အားဝတ်ဆင်ပြီး ဘေစင်ရှေ့ရပ်ကာ အသီးအရွက်များကို  သေသေချာချာဆေးကြောလိုက်သည်။


တစ်ယောက်တည်းစားရန်မှာ လွယ်ကူသည်။ ဟော့ပေါ့ ချက်စားရုံဖြင့် ပြေလည်သွားနိုင်သည်။


လူတို့၏လိုက်လျောညီထွေမှု စွမ်းရည်မှာ အမှန်တကယ် အားကောင်းလှသည်။ ဆယ်ရက်အကြာတွင် သူသည် လက်တစ်ချောင်းပင်မမြှောက်ရသော အလိုလိုက်ခံရသည့် သခင်လေးဖြစ်ခဲ့သော်ငြား ယခုအခါ ဟင်းသီးဟင်းရွက်များကို ကျွမ်းကျင်စွာဆေးကြောနိုင်သလို ထမင်းဟင်းချက်နေနိုင်ပြီ ဖြစ်သည်။


နာရီဝက်ကြာပြီးနောက် စုလင် ထမင်းစားခန်းရှိ နတ်ဘုရားရှစ်ပါးစားပွဲ၌ တစ်ယောက်တည်း ဟော့ပေါ့စားနေခဲါသည်။


---


လျှပ်စစ်မီးဖိုပေါ်ရှိ အိုးမှအငွေ့များ ပျံ့လွင့်နေသည်။ အနီရောင် ဆီသတ်ဟင်းရည်မှာပွက်ပွက်ဆူနေပြီး အမဲသားလုံးနှင့် ငါးသားလုံးများဆူပွက်နေသော ဟင်းရည်နှင့်အတူ တလှပ်လှပ်ပေါ်ထွက်နေသည်။ စုလင်သည် သိုးသားတစ် ဖက်ကို ကောက်ယူကာ ဟင်းရည်ထဲနှစ်လိုက်သည်။ အသားကျက်သောအခါ ဆော့စ်ထဲနှစ်၍ ယူလာကာ မှုတ်ပြီး ပါးစပ်ထဲထည့်စားလိုက်သည်။


ဟစ်ခနဲ--


စပ်ပြီး လတ်ဆတ်လှသဖြင့် အရသာရှိရှိစားလိုက်သည်။


သူ ဒုတိယ သိုးသားတစ်ဖက်ကို ကောက်ယူလိုက်စဉ် လီတဟိုင်၏အသံကျယ်ကြီး ခြံအပြင်မှ ထွက်ပေါ်လာသည်-


"စုကော၊ အိမ်မှာလား"


စုလင်သည် လျှပ်စစ်မီးဖို၏မီးအားကို လျှော့ချလိုက်ပြီး တူကို ချကာ အခန်းထဲမှထွက်သွားလိုက်သည်။ လီတဟိုင်သည် ရင်ခွင်ထဲ၌ ဘောလုံးငယ်တစ်လုံးကို ပိုက်လျက် ဝမ်းသာအားရ ပြေးဝင်လာသည်ကိုတွေ့ရသည်။


"ခွေးပေါက်လေးလား" စုလင်သည် သူ့ရင်ခွင်ထဲမှ သေးငယ်သော ပေါက်စကို အံ့ဩစွာကြည့်လိုက်သည်။


လီတဟိုင်သည် သူ့ထံရောက်လာပြီး ရတနာပမာ ခွေးကလေးကိုမြှောက်ပြသည်- "စုကော အိမ်စောင့်ဖို့ ခွေးမွေးချင်တယ်လို့ပြောခဲ့တာ မဟုတ်လား၊ ဘေးနားက ဦးလေးကျန်းအိမ်က ခွေးလေးလပြည့်တော့ တစ်ကောင်ခေါ်လာတာ"


နို့စို့ခွေးကလေးသည် ၎င်း၏မျက်လုံးဝိုင်းကြီးများကို ဖွင့်ကာ စူးစမ်းစွာလှည့်ပတ်ကြည့်သည်။ စုလင်သည် သွယ်လျသော လက်ချောင်းများကိုဆန့်တန်းကာ ၎င်း၏နူးညံ့သော ဗိုက်သားကို ဂရုတစိုက်တို့ထိလိုက်ရာ ချက်ချင်းပင် ကလေးတစ်ဦးကဲ့သို့ ဟောင်သံပေးလာသည်။


"နာမည်ပေးပြီးပြီလား" စုလင်သည် အလွန်အမင်းချစ်စရာကောင်းနေသဖြင့် နူးညံ့သောမျက်နှာထားပေါ်လာသည်။


"မပေးရသေးဘူး၊ စုကောပဲ ပေးလိုက်ပါ" လီတဟိုင်သည် ခွေးကလေးကို ခန်းမရှိ ကော်ဇောပေါ် တင်လိုက်သည်။ ထိုနို့စို့ခွေးလေးသည် မရင်းနှီးသော နေရာသို့ ရောက်လာသဖြင့် ကြောက်ရွံ့သော မျက်နှာထားဖြင့် မြေပြင်ပေါ်၌ ပျော့ခွေကျနေပြီး အမြီးကိုခါယမ်းနေသည်။


စုလင်သည် ဒူးထောက်ထိုင်လိုက်ပြီး လက်ကို ဆန့်ထုတ်ကာ နို့စို့ခွေးလေး၏မေးစေ့ကို ကုတ်ပေးလိုက်သည်။


၎င်းသည် ခေါင်းပေါ်၌ ရွှေရောင် အမွေးအစုအဝေးပါသော ခွေးဖြူလေးတစ်ကောင် ဖြစ်သည်။ အလွန် ချစ်စရာကောင်းပုံရသည်။ မေးစေ့ကို ကုတ်ပေးသောအခါ နှစ်သိမ့်စွာ အသံ သေးသေးလေးထွက်လာပြီး သူ၏ ပန်းရောင်လျှာကို ထုတ်ကာ စုလင်ကို လျက်ရန်ကြိုးစားလာသည်။


စုလင်သည် စနောက်နေသည့်အလား သူ၏ လက်ချောင်းကို မြှောက်လိုက်ရာ နို့စို့ခွေးကလေးကဟောင်ပြီး လက်ညှိုးနောက်သို့ ခေါင်းလှည့်လိုက်သည်။


"သူ့ကို 'ကင်း' လို့ ခေါ်မယ်!"


ခေါင်းပေါ်၌ သရဖူငယ်လေးပါရှိသောကြောင့် သူသည် ဘုရင်ဖြစ်သင့်သည်ဟု စုလင်သည် ဝမ်းသာအားရ ဆုံးဖြတ်လိုက်သည်။


"ကန် လား၊ ကိုင် လား" လီတဟိုင်သည်အလယ်တန်းကျောင်း တွင် အင်္ဂလိပ်စာကို ကောင်းစွာမသင်ယူခဲ့ရသောကြောင့် အဓိပ္ပာယ်ကို နားမလည်ပေ။


"ကင်း၊ King ရှောင်းကျင်းလို့လည်း ခေါ်လို့ရတယ်" စုလင်သည် ခွေးကလေး၏ခေါင်းကို ပုတ်သည်။ 


"သူ ဘာစားလဲ"


လီတဟိုင်က ခေါင်းယမ်းသည်- "မသိဘူး၊ ဦးလေးကျန်းက ခွေးတွေကို စားကြွင်းစားကျန်ကျွေးတာ မြင်ဖူးတယ်"


"စားကြွင်းစားကျန်တော့ မရဘူး" စုလင်သည် ခွေးမမွေးဖူးသော်လည်း ခွေးများ ဆားဓာတ်အများအပြားပါသော အစား အစာများကို မစားသင့်သည်ကို သိသည်။ 


"ငါ အင်တာနက်မှာ နောက်မှ ရှာကြည့်လိုက်မယ်"


နို့စို့ခွေးကလေး ဗိုက်ဆာနေပုံရသည်။ ၎င်းသည် အစားအစာကို ရှာဖွေရန် နှာခေါင်းကို မြှောက်လိုက်ရာ အနံ့ရသဖြင့် လေးဖက်ထောက်၍ ထမင်းစားခန်းသို့ပြေးသွားသည်။


လီတဟိုင်သည်လည်း အစားအစာအနံ့ကို ရပြီးဖြစ်၍ သူ၏ နှုတ်ခမ်းကို လျက်လိုက်ပြီး မေးသည်- "စုကော နေ့လယ်စာ စားနေတာလား"


"ဟော့ပေါ့ စားနေတာ၊ မင်း စားပြီးပြီလား" စုလင်သည် ခွေးကလေးနောက်သို့ လိုက်ကာ ထမင်းစားခန်းထဲသို့ ဝင်လာသည်။


"စားပြီးပြီ" လီတဟိုင်သည် စားပွဲပေါ်ရှိ ဟော့ပေါ့အိုးကို မြင်သောအခါနှင့် သိုးသားအနံ့ကို ရသောအခါ တံတွေးကိုမမျိုချမိဘဲ မနေနိုင်ပေ။


စုလင် သူ့ ပုံစံကိုမြင်သောအခါ ပြုံးရယ်လျက်ပြောလိုက်သည်- "ငါ လုပ်ထားတာအရမ်းများနေတယ်၊ ငါ တစ် ယောက်တည်း အကုန်မစားနိုင်ဘူး၊ နှမြောစရာကြီး၊ မင်း ငါ့ကို နည်းနည်းကူစားပေးပါလား"


လီတဟိုင်သည် သူ့ မျက်လုံးဝိုင်းဝိုင်းနှင့် တောက်ပသော မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ်လုပ်သည်။ အစားအစာ ၏သွေးဆောင်မှုကို မတွန်းလှန်နိုင်တော့သဖြင့် ရှက်ရွံ့စွာ ခေါင်းညိတ်လိုက်သည်။


စုလင် သူ့အတွက် ပန်းကန်နှင့်တူများကို ယူပေးရန် မီးဖို ချောင်သို့ သွားသည်။ နို့စို့ခွေးကလေးသည် စားပွဲအောက်၌ လီတဟိုင်၏ဘောင်းဘီအစွန်းကို စိုးရိမ်တကြီး ကိုက်ထားရာ လီတဟိုင်က သူ့ကိုခေါင်းယမ်းပြသည်။


"မရဘူး၊ ဒါကို မစားရဘူး"


"ဝူး! ဝူး~" နို့စို့ခွေးကလေးသည် သနားစဖွယ် မြေပြင်ပေါ်၌ လဲလျောင်းနေပြီး ဖြူနုသော ဗိုက်သားကိုဖော်ပြလာသည်။


လီတဟိုင်သည် အကူအညီတောင်းခံသော အကြည့်ဖြင့် စုလင်ကို ကြည့်သည်။ စုလင်က- "အရင် စားကြမယ်၊ ပြီးရင် ခွေးမကြီးဆီ ခေါ်သွားပြီး နို့တိုက်ခိုင်းမယ်၊ ပြီးရင် မြို့ထဲက အိမ်မွေးတိရစ္ဆာန်ဆိုင်ကို ခေါ်သွားပြီးတစ်ခုခုဝယ်မယ်" 


ခွေးကလေးတစ်ကောင် ရရှိပြီဖြစ်၍ တာဝန်ယူရမည်။ ခွေးစာ၊ ခွေးအိမ်နှင့် ခွေးကစားစရာများသည် မရှိမဖြစ် လိုအပ်သည်။


အရင်က သူသည် အိမ်မွေးတိရစ္ဆာန်မွေးချင်ခဲ့သော်လည်း လင်းဖုန်း၏အမွှေးဓာတ်မတည့်သည့်ရောဂါကို ထည့်သွင်းစဉ်းစားပြီး အဆုံးတွင်လက်လျှော့ခဲ့ရသည်။ ယခုမူ သူသည် တစ်ယောက်တည်းဖြစ်နေသဖြဂ့် စိတ်ပူစရာမလိုဘဲ မွေးမြူနိုင်ပြီဖြစ်သည်။