Ch 14
Viewers 8k

🥬 Chapter 14

🥬 Where Did Your Wife Go ? (2)




S မြို့၊ လင်းမိသားစုပုဂ္ဂလိကဆေးရုံ၊ သက်ကြီးရွယ်အို လူနာဆောင်-


"ငါ့ကို မင်းရဲ့ အမေလို့ ထင်သေးလား ? သတင်းကို ကောင်း ကောင်း ဖုံးကွယ်ထားတာပဲ! ဒေါက်တာလျှို့သာ ဖုန်းမခေါ်ရင် မင်း နိုင်ငံခြားမှာ ကားမတော်တဆမှုကြောင့် ဒဏ်ရာအပြင်း အထန်ရခဲ့တာကို ငါ သိမှာမဟုတ်ဘူး!" 


ထိန်းသိမ်းမှုကောင်းမွန်သော အမျိုးသမီးကြီးသည် ဆေးရုံကုတင်ရှေ့ရှိ ကုလားထိုင်ပေါ်ထိုင်နေပြီး ကဲ့ရဲ့သော မျက်နှာ ထားအပြည့်ရှိသည်။


လင်းဖုန်း နောက်မှီလျက်ထိုင်နေခဲ့သည်။ သူ့ဘယ်ဘက်လက် မောင်းသည် ပတ်တီးစည်းထားပြီး ရင်ဘတ်ပေါ်၌ချိတ်ထား သည်။ ညာဘက်လက်ကမူ ဖုန်းကိုင်ထားပြီး လက်မဖြင့် ဖန်သားပြင်ကိုပွတ်ဆွဲနေလေရာ သူမ စကားများကိုမကြားဟန် ပြုနေသည်။


"မင်း ငါ ပြောတာကို နားထောင်နေလား ?" ရုန်စစ်ချိုးသည် သူ၏စကားနည်းသော သားကို စကားမပြောနိုင်ဘဲ စိုက်ကြည့်လိုက်သည်။


"အင်း" လင်းဖုန်းက ပေါ့ပေါ့ဆဆ တုံ့ပြန်ပြီး ဖုန်းပေါ်တွင်သာ အာရုံစိုက်နေဆဲ။


ရုန်စစ်ချိုးသည် ခေါင်းကိုက်သဖြင့် သူ့ မျက်ခုံးလယ်ကိုညှစ်လိုက်ပြီး တိတ်ဆိတ်သောသားကြောင့် အားမလိုအားမရဖြစ်ကာ ဘေးနားရှိ ခင်ပွန်းအားစကားပြောရန်မျက်ရိပ်ပြသည်။


လင်းလိဟုန်သည် ဇနီး၏သတိပေးသော မျက်လုံးများကို လက်ခံရရှိရာ သူ့လည်ချောင်းကိုရှင်းပြီး အလေးအနက် ပြောလိုက်သည်- "မင်း နိုင်ငံခြားက ဇီဝဗေဒသုတေသနဌာနတစ်ခုမှာ ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ငါ ကြားတယ်နော်"


နောက်ဆုံးတွင် ဤခေါင်းစဉ်သည် လင်းဖုန်း၏အာရုံစိုက်မှုကို အောင်မြင်စွာဖမ်းစားလိုက်သည်။ သူ ဖုန်းချလိုက်ပြီး ဖခင်ကိုကြည့်ကာ- "ဟုတ်ပါတယ်"


လင်းလိဟုန်သည် အတည်ပြုချက်ကိုရရှိပြီးနောက် မျက် မှောင်ကြုတ်၍မေးလိုက်သည်- "အဲ့ဒီ ဇီဝဗေဒ သုတေသနဌာနရဲ့ အဓိကသုတေသနက ဘာလဲ"


လင်းဖုန်းက ခံစားချက်မရှိသော မျက်နှာဖြင့် စကားလုံးနှစ်လုံးကိုသာ ထုတ်ပြောသည်- "လျှို့ဝှက်ချက်"


လင်းလိဟုန် စိတ်ထဲမှဒေါသကို မထိန်းနိုင်လုနီးဖြစ်သွားရသည်။


ရုန်စစ်ချိုး ခင်ပွန်းဖြစ်သူကျောကို နှစ်ချက်ပုတ်ကာ စိတ်ငြိမ်စေရန် ကူညီပေးသည်။ သူ့ သားမှာ အရွယ်မတိုင်မီ ရင့်ကျက်သူဖြစ်ပြီး ငယ်စဉ်ကတည်းက စကားလုံးများကိုရွှေပမာတန် ဖိုးထားသူဖြစ်သည်။ စုလင်နှင့် စကားပိုပြောသည်မှလွဲ၍ အခြားသူများသည် သူ့စကားအနည်းငယ်ကိုပင် ကြားလိုကြသည်။


စုလင်ကို စဉ်းစားမိသောအခါ ရုန်စစ်ချိုးထူးဆန်းစွာမေးလိုက်သည်- "စုလင် ဘယ်မှာလဲ ? နာရီဝက်ကြာတဲ့အထိ ဘာလို့ သူ့ကို မတွေ့ရတာလဲ"


လင်းဖုန်း မျက်နှာအမူအရာ မပြောင်းလဲဘဲပြောလာသည်- "သူ ခရီးထွက်သွားတယ်"


"ခရီးထွက်သွားတယ် ?" ရုန်စစ်ချိုးသည် အသံကိုမမြှင့်ဘဲ မနေနိုင်ပေ- "ဒီကလေး ဘာဖြစ်တာလဲ ? ခင်ပွန်းလုပ်သူက ဒဏ်ရာရနေတာကို လာမကြည့်တာ ထားဦး၊ တကယ် ခရီးထွက်သွားတာလား ?"


"သူ မသိဘူး" လင်းဖုန်း ရုတ်တရက် ခေါင်းမော့ကာ မိခင်ကို အေးစက်သော မျက်လုံးများဖြင့်ကြည့်လိုက်သည်။


ရုန်စစ်ချိုးသည် ခဏမျှတွေဝေသွားပြီးနောက် လေသံကို နူးညံ့စေကာ- "ဘာလို့ သူ့ကို မပြောပြတာလဲ ? ဘယ်တုန်းက သွားတာလဲ ? တစ်ယောက်တည်းလား ဒါမှမဟုတ် သူငယ် ချင်းတွေနဲ့လား၊ သူ လုံခြုံရဲ့လား"


လင်းဖုန်းသည် သူ့ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး လက်မဖြင့် ဖုန်းရှိ ကီးဘုတ်ပေါ်အမြန်ရိုက်နှိပ်ကာ လက်အောက်ငယ် သား၏အစီရင်ခံစာကို ပြတ်သားသောစကားလုံးများဖြင့် ရက်ရက်စက်စက်ပယ်ချလိုက်သည်။


သားဖြစ်သူက အဖြေမပေးသည်ကိုမြင်သောအခါ လင်းလိဟုန်သည် မြေပြင်ပေါ်၌ ကြိမ်လုံးကို ခေါက်လိုက်ပြီး မျက်နှာ ထားတင်းမာစွာဖြင့်ပြောလိုက်သည်- "သူ့ကို ဖုန်းခေါ်ပြီး ချက်ချင်းပြန်လာဖို့ပြောလိုက်"


ရုန်စစ်ချိုးသည် ခင်ပွန်းဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး သူ့ ဖုန်းကို ထုတ်ယူကာပြောသည်- "ကျွန်မ ဖုန်းခေါ်လိုက်ပါ့မယ်၊ ဒီကလေးက အပြစ်ကင်းလွန်းတာကို သူ့ကိုယ် သူတောင် ဂရုမစိုက်နိုင်ဘဲနဲ့ ခရီးသွားရင် အလွယ်တကူလှည့် စားခံရနိုင်တယ်"


လင်းဖုန်း သူမကို တားဆီးခြင်းမပြုဘဲ ဖုန်းခေါ်ဆိုရန် ခွင့်ပြုလိုက်သည်။ မမျှော်လင့်ထားသည့်အတိုင်း ဖုန်းထဲမှရင်းနှီးသော အီလက်ထရွန်းနစ်အသံထွက်ပေါ်လာသည်။


"တောင်းပန်ပါတယ်၊ လူကြီးမင်းခေါ်ဆိုနေသော တယ်လီဖုန်းမှာစက်ဖုန်းပိတ်ထားခြင်း သို့မဟုတ် ဝန်ဆောင်မှုဧရိယာပြင်ပသို့ရောက်ရှိနေပါသည်"


ရုန်စစ်ချိုးသည် နားမလည်သောပုံစံဖြင့် ကြည့်လာသည်- "ဘာလို့ ဧရိယာပြင်ပ ရောက်နေရတာလဲ"


လင်းဖုန်း စာရိုက်နေသည်ကို ခဏရပ်ကာပြောလိုက်သည်- "တောင်ပေါ်ဒေသမှာ ဖုန်းလိုင်းမမိဘူး"


ရုန်စစ်ချိုးသည် ဖုန်းချလိုက်ရပြီး သားဖြစ်သူ၏ပတ်တီး စည်းထားသော နဖူးနှင့်လက်မောင်းများကို စိတ်မကောင်း သော အမူအရာဖြင့် ကြည့်လိုက်သည်။


---


ထိုစဉ်က သားဖြစ်သူက စုလင်အားလက်ထပ်ရန် အတင်း အကျပ် တောင်းဆိုခဲ့ရာ သူမ ဆန့်ကျင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ယောက်ျားလေးဇနီးတစ်ဦးသည် မိန်းကလေးဇနီးကဲ့သို့ သတိထားဂရုစိုက်နိုင်မည်မဟုတ်ချေ။ ထို့ပြင် စုမိသား စုနှင့် လင်းမိသားစုတို့သည် ပြေလည်ခြင်းမရှိဘဲ ဤလ က်ထပ်ပွဲကို လုံးဝသဘောမတူခဲ့ကြပေ။ စုလင်သာ လင်းဖုန်းနှင့် အတူနေဝံ့ပါက အဆက်ဖြတ်မည်ဟုပြောခဲ့သည်။ စုလင် နောက်ဆုတ်သွားမည်ဟု သူမ ထင်ခဲ့သော်လည်း ထိုကလေးမှာခေါင်းမာသူဖြစ်ပြီး မိသားစုနှင့်အဆက်ဖြတ်၍ပင် လင်းဖုန်းနှင့် အတူနေရန်ရွေးချယ်ခဲ့သည်အား မသိခဲ့ရပေ။


ယခုအခါ လိင်တူချင်းလက်ထပ်ခြင်းသည် တရားဝင်ဖြစ်နေပြီဖြစ်သော်လည်း လူ့အဖွဲ့အစည်းတွင် သူ့ကို အမြင်မကြည်သူများစွာ ရှိနေဆဲဖြစ်သည်။ သူ့ သားသည် ယောက်ျားလေးများကိုနှစ်သက်သည်။ ရုန်စစ်ချိုးသည် ခြောက်လကြာရုန်း ကန်ပြီးနောက် နောက်ဆုံးတွင် နားလည်သွားသည်။ စုလင်သည် ပျော်ရွှင်မှုကိုရှာဖွေဝံ့ပြီး လင်းဖုန်းကို ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သည့်အတွက် သူ လေးစားမိသလို ဝမ်းသာမိသည်။


နှစ်ဦးသားလက်ထပ်ခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်ပြီး သူတို့၏ ဆက်ဆံရေးမှာတည်ငြိမ်သည်။ လင်းဖုန်းသည် စုလင်ကို အလွန်ချစ်ပြီး လင်းမိသားစုအိမ်ဟောင်းတွင် နေရသည်ကို အသားကျမည်ကို စိုးရိမ်သဖြင့် ယွမ်သန်း ၅၀ အကုန်အကျခံကာ ရှန်းယန်တောင်တွင် ဗီလာတစ်လုံးဝယ်ယူခဲ့ပြီး နှစ်ဦးသားအတွက် သာယာသောကမ္ဘာတစ်ခု ဖန်တီးပေးခဲ့သည်။ မိခင်တစ်ဦးအနေဖြင့် သားဖြစ်သူအိမ်ထောင်ရေးတွင် အလွန်အကျွံ စွက်ဖက်ရန်မဝံ့ရဲပေ။ မေးခွန်းအနည်းငယ်သာ ပိုမေးခဲ့သည်ကို သားဖြစ်သူ၏အေးစက်သော မျက်လုံးများဖြင့် အကြည့်ခံခဲ့ရသည်။ ချွေးမရသောအခါ အမေကို တကယ်မေ့သွားတော့သည်။


ဒေါသကိုထိန်းချုပ်လိုက်ပြီး ရုန်စစ်ချိုး ပြောလိုက်သည်- "စုလင် ဖုန်းလိုင်းမိရင် မင်း သူ့ကို ပြန်လာဖို့စည်းရုံးကြည့်ဦး၊ ဒဏ်ရာရထားတာ ရက်တစ်ရာရှိပြီ၊ လက်တစ်ဖက်က မလှုပ် ရှားနိုင်တော့ အနည်းဆုံး ရက်အနည်းငယ်လောက်တော့ သူ ဂရုစိုက်ပေးသင့်တယ်"


လင်းလိဟုန် သဘောတူသည်- "မင်း အမေပြောတာ မှန်တယ်"


လင်းဖုန်း "လက်ထောက်တွေ ရှိပါတယ်"


ရုတ်တရက် အမည်တပ်ခေါ်ခံရသောကြောင့် နာရီဝက်ကြာ သစ်သားရုပ်အဖြစ်နေခဲ့သော ရှုယွင်ကျိုးသည် သင့်လျော်သော အပြုံးကိုပြသကာ ရိုသေစွာပြောလိုက်သည်- "သခင်ကြီးနဲ့ သခင်မ စိတ်ချပါ၊ ကျွန်တော် မစ္စတာလင်းကို ကောင်း ကောင်း ဂရုစိုက်ပါ့မယ်"


ရုန်စစ်ချိုးသည် ရှုယွင်ကျိုးကိုကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ လင်းဖုန်းလက်ထောက်နှစ်ဦးသည် လင်မိသားစုမှငွေအများအပြားအကုန်အကျခံကာ အထူးလေ့ကျင့်ထားသော ထူးချွန်သူများဖြစ်ကြသည်။ သူတို့သည် စွမ်းဆောင်ရည်ရှိပြီး အရည်အချင်းရှိသဖြင့် သူမ အနည်းငယ်စိတ်သက်သာ ရာရမိသည်။


"ငါတို့ အရင်ပြန်နှင့်မယ်၊ မင်း ဂရုစိုက်ဦး"


သူမသည် အဝတ်အစားများကို သပ်ရပ်စွာပြင်ဆင်ပြီး ဣန္ဒြေရှိစွာ မတ်တပ်ရပ်သည်။


လင်းလိဟုန် ကြိမ်လုံးကို မှီကာ ဆေးရုံကုတင်ပေါ်ရှိ သားအား စိတ်ရင်းမှန်ဖြင့်ပြောလိုက်သည်- "နောက် ခြောက်လပဲ ကျန်တော့တယ်၊ မင်း ဘာလုပ်ရမလဲဆိုတာ မင်း ဘာသာ စဉ်းစား"


ရုန်စစ်ချိုးသည် မျက်မှောင်ကုပ်ပြီး စကားပြောရန်တုံ့ဆိုင်းနေသည်။


လင်းဖုန်းသည် ဖုန်းကို ချလိုက်ပြီး အေးစက်စွာ ပြန်ဖြေလာသည်- "ကျွန်တော် သိပါတယ်"


မိဘများထွက်ခွာသွားပြီးနောက် လင်းဖုန်းသည် ခေါင်းအုံးအောက်မှ ရွှေရောင် ဖုန်းတစ်လုံးကိုထုတ်ယူကာ ပါဝါပိတ်လိုက်ပြီး ဖုန်းအား သူ့လက်မဖြင့် အကြိမ်ကြိမ်ပွတ်သပ်နေ သည်။


ဤဖုန်းသည် မှာယူထားခြင်းဖြစ်ပြီး ယင်းပေါ်တွင် တစ်ဦးနှင့်တစ်ဦးပွေ့ဖက်ထားသော ခန့်ညားသည့် အမျိုးသားနှစ်ဦး၊ ဆိုလိုသည်မှာ စုလင်နှင့် လင်းဖုန်းတို့၏ပုံများ ပါရှိသည်။


---


ရှုယွင်ကျိုး လူနာဆောင်တံခါးကို ပိတ်လိုက်ပြီး မစ္စတာလင်းကို ခိုးကြောင်ခိုးဝှက်ကြည့်လိုက်သည်။ အထူးသဖြင့် သူ့လက်ထဲရှိ ရွှေရောင်ဖုန်းကို မြင်သောအခါ စိတ်မကောင်း ဖြစ်မိသည်။


၎င်းသည် မစ္စက်လင်း၏ဖုန်းဖြစ်ပြီး ကွာရှင်းစာချုပ်နှင့်အတူ ထားရှိခဲ့သည်။


ပြီးခဲ့သည့်အကြိမ်က သူနှင့်အတူ ဗီလာသို့ သွားခဲ့စဉ် မစ္စတာလင်း၏လျှို့ဝှက်ချက်ကို သူ သိသွားခဲ့ရာ ရှုယွင်ကျိုးမှာ ခေါင်းနှပန်းကြီးသွားရသည်။ တစ်နေ့တွင် စကားမှားပြောမိပါက မစ္စတာလင်း သူ့အားသတ်ပြီး နှုတ်ပိတ်မည်ကို သူ ကြောက်ရွံ့မိသည်။


အစောပိုင်းသခင်မလင်း မစ်လင်းအကြောင်းမေးသောအခါ မစ္စတာလင်း မျက်နှာနီမြန်းကာ ခရီးထွက်သွားသည်ဟုပြောခဲ့ရာ ချွေးမ ပျောက်ဆုံးနေသည်ကို မိဘများကို မသိစေလိုခြင်းဖြစ်နိုင်သည်။ သို့သော် စာရွက်သည် မီးကိုအဆုံးသတ် ထိ ဖုံးကွယ်နိုင်မည်မဟုတ်ပေ။ ဥက္ကဌဇနီးကို အချိန်ကြာမြင့်စွာ ရှာမတွေ့ပါက သခင်မသည် သံသယဝင်လာမည်မှာ သေချာပြီး ထိုအခါ မစ္စတာလင်း မည်သို့ ကျော်လွှားရမည်ကို မသိပေ။


ဟုတ်သည်။ မစ္စတာလင်းနှင့် မစ္စစ်လင်းတို့၏အိမ်ထောင် ရေး ပြိုကွဲခြင်းကို ဖြစ်စေခဲ့သော အဓိကတရားခံအနေဖြင့် ရှုယွင်ကျိုးသည် ယခုအခါ နေ့တိုင်းစိုးရိမ်ပူပန်နေရသည်။ သူ့ အမှားများကို ပြန်လည်ဖာ‌ထေးရန်အတွက် မစ္စလင်းကို ရှာဖွေရန် သူ အစွမ်းကုန်ကြိုးစားခဲ့သည်။


တစ်ပတ်ကြာ ရှာဖွေပြီးနောက် နောက်ဆုံးတွင် သဲလွန်စ အချို့ ရရှိခဲ့သည်။ ယနေ့ မစ္စတာလင်းထံ အခြေအနေကို အစီရင်ခံရန်လာခဲ့သော်လည်း သခင်ကြီးနှင့် သခင်မတို့ ရောက်လာသည်ကို မသိခဲ့ရသောကြောင့် ယခုအချိန်အထိ သစ်သားရုပ်အဖြစ် စောင့်ဆိုင်းနေခဲ့ရသည်။


"သူဌေးလင်း၊ ယွမ်သန်းတစ်ထောင် (၁၀၀၀ million yuan) ကိုခြေရာခံမိပါပြီ" 


လင်းဖုန်း ခဏရပ်လိုက်ပြီး ဖုန်းချကာ သူ့ကို ပြတ်သားစွာ ကြည့်လာသည်- "ရှင်းပြ"


ရှုယွင်ကျိုး ပြောလိုက်သည်- "ငွေလက်ခံသူက ဖူလင်အုပ်စုရဲ့ ဒုတိယဥက္ကဋ္ဌ လင်ကျိုးပါ"


---


စာရေးသူ၏အမှာစကား


လင်းကျိုး : ဟိုက် ချူး— ငါ့ကို ဘယ်သူ သတိရနေတာလဲ ??