Ch 15
Viewers 8k

🥬 Chapter 15

🥬 Is he alright? (1)



ကြည်လင်သော ကောင်းကင်အောက်၊ တောက်ပသည့်နေ ရောင်ခြည်အောက် ဖိတ်ခေါ်နေသော ရွှေရောင်သဲသောင်ပြင်ထက် ရေကူးဘောင်းဘီဝတ်ထားသည့် ခန့်ညားသော လူငယ်များနှင့် ဘီကီနီဝတ် လှပသည့် မိန်းပျိုတစ်စုတို့သည် အပြာရောင်ကြည်လင်သောရေပြင်ထဲ ပျော်ရွှင်စွာဆော့ကစားနေကြသည်။


လင်းကျိုး ကိုယ်ခန္ဓာအနှံ့ နေလောင်ခံခရင်မ်လိမ်းထားပြီး အချိုးအစားပြေပြစ်သော ကြွက်သားများအား ဖော်ပြလျက် နေရောင်ခြည်ကာ ထီးအောက်ရှိ ကုလားထိုင်တွင် ပေါ့ပေါ့ပါးပါး မှီထိုင်နေသည်။ အေးမြသည့်ဖျော်ရည်တစ်ခွက်ကိုလည်း စိတ်တိုင်းကျ သောက်သုံးရင်း အပန်းဖြေနေလေ၏။


ထိုစဉ် စားပွဲပေါ်တင်ထားသော ဖုန်း ရုတ်တရက်မြည်လာသည်။ သူ ဖျော်ရည်ခွက်အား ဖြည်းညှင်းစွာချလိုက်ပြီး ခေါ်ဆိုသူအမည်အားစစ်ဆေးရန် ဖုန်းကို ကောက်ကိုင်လိုက်သည်။ မျက်ခုံးပင့်တင်လိုက်ပြီးနောက် ခလုတ်အားနှိပ်လိုက် ကာ...


“ဟေး၊ မစ္စတာလင်း၊ ခင်ဗျား ဘယ်တုန်းက ကျွန်တော့်ကို ဒီလောက်ထိ ဂရုစိုက်လာရတာလဲ ? ရက်အတော်ကြာ ဆက် တိုက်ဆိသလို ဖုန်းခေါ်နေတာများ” ဟု နောက်ပြောင်သော လေသံဖြင့် မေးလိုက်သည်။


ဖုန်း၏အခြားတစ်ဖက်မှ လင်းဖုန်း အသံမှာ ရေခဲကဲ့သို့အေးစက်နေပြီး အဓိကအချက်အား ဒဲ့ပြောလိုက်သည်။ 


“စုလင် ဆယ်သန်းကို မင်းအကောင့်ထဲလွှဲထားတယ်”


လင်းကျိုး ကိုယ်အပေါ်ပိုင်းကိုမတ်လိုက်ပြီး ကုလားထိုင်ပေါ်တွင် ဒူးခေါင်းချိတ်ထိုင်လိုက်ကာ အချိန်ဆွဲလိုက်သည်။ 


“ကျနော်တို့ကုမ္ပဏီက သိပ်မကြာသေးခင် စီမံကိန်းအသစ်တစ်ခုစထားတာလေ၊ စုလင် အဲဒါကို အတော်လေးစိတ်ဝင် စားပြီး ယွမ်ဆယ်သန်း ရင်းနှီးမြှုပ်နှံလိုက်တာ၊ ကျနော်ဆီမှာ စီမံကိန်း အသေးစိတ်အချက်အလက်တွေရှိတယ်၊ ခင်ဗျားဆီ ပို့ပေးရမလား ?”


ထိုငွေကြေးမှာ ကုမ္ပဏီ၏စီမံကိန်းထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသောကြောင့် သန့်ရှင်းသည့် ရန်ပုံငွေအဖြစ်ပြောင်းလဲသွားခဲ့သည်။ ထို့ပြင် ပမာဏအား အပိုင်းလိုက်ဖြတ်တောက်ရှင်းလင်းထားခြင်းကြောင့် လင်းဖုန်းအနေဖြင့် စုံစမ်းထောက် လှမ်းရန် လုံးဝမဖြစ်နိုင်တော့ပေ။


ယွမ်ဆယ်သန်းကိစ္စအတွက်မူ စုလင် သူ့ခင်ပွန်းဖူဟန်၏အကောင့်အမည်ဖြင့် သီးခြားငွေစာရင်းတစ်ခုအား ဖွင့်လှစ်ပြီး အသုံးပြုခဲ့သည်။


လင်းဖုန်းသာ ဖူဟန်၏ငွေစာရင်းများကို စုံစမ်းလိုလျှင် တရားမဝင်သည့် နည်းလမ်းများအား အသုံးပြုရန်နှင့် အချိန်အတော်ယူရမည်မှာသေချာသည်။ ဖူဟန်သည်လည်း သူစိမ်း ၏အနိုင်ကျင့်ခြင်းအား အသာတကြည်ခံမည့်သူ မဟုတ်ရာ၊ မည်သို့မှအမြတ်ထုတ်ခံမည်မဟုတ်ပေ။ ထို့ပြင် လင်းဖုန်း ထိုကဲ့သို့သော မသမာသည့် နည်းလမ်းမျိုးအားသုံးလိမ့်မည်ဟု မထင်ရချေ။ ထို့ကြောင့် လင်းကျိုးထံ တိုက်ရိုက်ခေါ်ဆိုခြင်းသည်သာ အရှင်းလင်းဆုံးနှင့် အတိုဆုံးလမ်းကြောင်းဖြစ် သည်။


စုလင်၏ သူငယ်ချင်းကောင်းဖြစ်သော လင်းကျိုး၌လည်း သူငယ်ချင်းအတွက် ဖုံးကွယ်ပေးရန် တာဝန်ဝတ္တရားရှိနေ သည်။ စုလင် အနေဖြင့် အလျှော့မပေးသရွေ့ လင်းကျိုးကလည်း သူ့အား သစ္စာဖောက်၍မရနိုင်ပေ။


ဖုန်း၏တစ်ဖက်မှ စက္ကန့်သုံးဆယ်ခန့်တိတ်ဆိတ်သွားခဲ့သည်။ လင်းကျိုး တစ်ဖက်လူလက်လျှော့သွားပြီး ဖုန်းချတော့မည်ဟု ထင်နေတုန်းမှာပင် လင်းဖုန်း ရုတ်တရက် အသံတိုးတိုးဖြင့် မေးလာခဲ့သည်။ 


“သူ... နေကောင်းရဲ့လား ?”


ထိုနက်ရှိုင်းသော ချစ်ခင်မြတ်နိုးမှုပြည့်ဝသည့် မေးခွန်းကြောင့် လင်းကျိုးအံ့အားသင့်သွားရပြီး မသိစိတ်ကပင် ချက်ချင်းပြန်ဖြေမိလိုက်တော့သည်။


 â€œá€žá€° အဆင်ပြေပါတယ်” 


ထိုသို့ ပြောလိုက်ပြီးနောက်တွင် သူ ဒေါသတကြီးဖြင့် ဆံပင်များအားဆွဲဖွပစ်လိုက်သည်။ ထိုအပြုအမူမှာအပြစ်ရှိကြောင်း ဝန်ခံလိုက်ခြင်းနှင့်မခြားပေ။ ကောက်ကျစ်စဉ်းလဲပြီး လိမ္မာပါးနပ်သော ထိုသူ၏လှည့်ဖြားမှုအောက် အရေး ကြီးသတင်းအချက်အလက်များ ပေးမိလိုက်သည်ကို သူ သတိပင်မထားမိလိုက်ချေ!


လင်းကျိုး စိတ်ပျက်အားငယ်မှုဖြင့် နောက်ဆုံးအရာအားလုံးကို ဖွင့်ချရန်ဆုံးဖြတ်လိုက်ပြီး ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။


“စုလင် ဘယ်နေရာမှာရှိနေတယ်ဆိုတာ ကျနော် သိတယ်၊ ဒါပေမယ့် စုလင် စိတ်ပြောင်းပြီး ခင်ဗျားကိုပြန်လည်ဆက်သွယ်လာမှသာ ကျွန်တော် ပြောပြမယ် မဟုတ်ရင် ခင်ဗျား သူ့ကို ကိုယ်တိုင်ရှာပြီး သူ့ရဲ့ခွင့်လွှတ်မှုကိုတောင်းခံရလိမ့်မယ်”


“ဟုတ်တယ်၊ ခင်ဗျားတို့ရဲ့ ဆက်ဆံရေးမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ ကျွန်တော် မသိသလို၊ စီရင်ဆုံးဖြတ်ပိုင်ခွင့်လည်း မရှိပါဘူး  ဒါပေမယ့် သူငယ်ချင်းတစ်ယောက်ရဲ့ သဘောအနေနဲ့တော့ ပြောရဦးမယ်၊ မစ္စတာလင်း ခင်ဗျား ဒီနှစ်ထဲ အလုပ်ကိစ္စနဲ့ ခရီးတွေများနေတာ မဟုတ်ဘူးလား ? အတူတူအချိန်သိပ်မပေးနိုင်ဘဲ ဆက်သွယ်မှုလည်း နည်းပါးတဲ့ ဇနီးမောင်နှံက နောက်ဆုံးပြိုကွဲသွားမှာမဟုတ်ဘူးလား?”


“ဘီ ဘီ —” ဟူသော ဖုန်းချလိုက်သည့် အသံမှာ လင်းဖုန်း၏ အဖြေဖြစ်နေခဲ့သည်။


လင်းကျိုး ပခုံးတစ်ချက်တွန့်လိုက်ပြီး စိတ်ထဲမှကျိန်ဆဲလိုက်သည်။ ဒေါသထွက်လွယ်သည့် ထိုကဲ့သို့သော စိတ်နေစိတ် ထားမျိုးနှင့်ဆိုလျှင် စုလင် သူနှင့်အတူ သုံးနှစ်ကြာနေထိုင်ပြီးနောက် အသက်ရှူကျပ်ပြီးမသေခဲ့သည်ကိုပင် အံ့ဩစရာကောင်းလှသည်။


“ဘာဖြစ်တာလဲ ?”


ထိုစဉ် ဖူဟန် ရေခဲမုန့်ခွက်ကြီးနှစ်ခွက် သယ်ရင်းရောက်လာသည်။ သူ့ချစ်သူ ဖုန်းအားစိုက်ကြည့်လျက် နှုတ်ခမ်းဆူနေ သည်ကို တွေ့လိုက်ရသည်။


လင်းကျိုး အသံကြားရာသို့ မော့ကြည့်လိုက်ရာ ရေခဲမုန့်အား မြင်သည်နှင့် သူ့မျက်လုံးများ တောက်ပသွားသည်။ သူ လက် လှမ်းယူပြီးနောက် ကြောင်တစ်ကောင်ကဲ့သို့ ရေခဲမုန့်ကို လျက်လိုက်သည်။


“လင်းဖုန်း ငါ့ကို ဖုန်းထပ်ခေါ်တယ်” 


“စုလင်ကို ရှာတာလား ?” 


ဖူဟန် ကျန်ရေခဲမုန့်ခွက်အား စားပွဲပေါ်တင်လိုက်သည်။ ၎င်း ၏ခန့်ညားသော မျက်နှာတွင် အပြုံးတစ်ခုဆင်ထားပြီး လင်းကျိုးအား နူးညံ့သောအကြည့်ဖြင့် ကြည့်လိုက်သည်။


“စုလင်က ကွာရှင်းချင်နေတာ၊ သေချာတာကတော့ လင်းဖုန်း စိတ်ပူနေတာပေါ့”


လင်းကျိုး တံတောင်ဆစ်ဖြင့် ဖုဟန်အား တွန်းရင်းပြောလိုက်သည်။


 â€œá€œá€„်းဖုန်းရဲအမိသဏးစုက အင်အားကြီးပြီး သြဇာအာဏာလည်းကြီးတယ်၊ သူ ငါ့ဆီကနေ သတင်းအချက်အလက် ဘာတစ်ခုမှ မရဘူးဆိုရင် မတရားတဲ့နည်းဗျူဟာတွေ စပြီးသုံးလာလိမ့်မယ်၊ အဲ့ဒီအခါ မင်းကနေစရမှာပဲ၊ သူ မင်းကို အတင်းအကျပ်မလုပ်နိုင်အောင် မင်း သေချာထိန်းထား!”


သူ့လက်တွဲဖော်မှာ သူငယ်ချင်းအတွက် အင်အားကြီးမားသူတစ်ဦးအား ရန်စသည်အထိ အစွမ်းကုန်လုပ်ဆောင်ခဲ့သော် လည်း ဖူဟန်ကမူ သူ့အား ဆူပူကြိမ်းမောင်းခြင်းမပြုခဲ့သည့်အပြင် ချစ်ခင်တွယ်တာသောအကြည့်များဖြင့်သာ ကြည့်နေခဲ့သည်။


“ကိုယ် အများဆုံး သုံးလပဲထိန်းထားနိုင်မယ်”


သူ လက်ချောင်းသုံးချောင်း ထောင်ပြကာ ပြောလိုက်သည်။


လင်းကျိုး ဇွန်းအားကိုက်ရင်း မေးလိုက်သည်။ 


“ကွာခြားချက်က တကယ်ပဲ အဲဒီလောက်တောင်ကြီးတာလား ?”


ဖူဟန် သူ့ပခုံးအားပုတ်ကာ ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်သည်။


“ဟုတ်တယ်၊ အရမ်းကြီးတယ်” 


၎င်းမှာ မိမိကိုယ်ကိုယ် နှိမ့်ချပြောဆိုခြင်း မဟုတ်ဘဲ၊ နှစ်ဖက်အကြားရှိ အင်အားကွာခြားချက်မှာ ငြင်းမရအောင် ရှိနေခြင်းပင် ဖြစ်သည်။ ဖုလင်းအုပ်စုသည် အီလက်ထရွန်းနစ် နည်းပညာလုပ်ငန်းတွင်ပါဝင်ပြီး သုံးနှစ်အတွင်း ဈေးကွက်တန်ဖိုး ယွမ်ဘီလီယံ ဆယ်ဂဏန်းအထိ တဟုန်ထိုးတက်လာခဲ့သည်။ မြင်းနက်တစ်ကောင်အဖြစ် ပေါ်ထွက်လာပြီး Z နိုင်ငံ၏နည်းပညာကဏ္ဍတွင် နေရာတစ်ခုရယူထားသည်။


သို့သော် လင်းမိသားစုဘက်ကမူ ရာစုနှစ်တစ်ခုကျော် သက် တမ်းရှိသော သမိုင်းအားပိုင်ဆိုင်ထားသည်။ ဂယက်ထသော ခေတ်ကာလများစွာအား ဒဏ်မသင့်ဘဲ ကျော်ဖြတ်နိုင်ခဲ့ရုံသာမက ၎င်း၏ ခွန်အားကိုပါ ထိန်းသိမ်းထားနိုင်ခဲ့ပြီး၊ စစ်ပွဲကာ လအတွင်း ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည့်အတွက် အမှန်တကယ် ဂုဏ်သိက္ခာကြီးမားသောမိသားစုဖြစ်သည်။


လွန်ခဲ့သော နှစ်နှစ်ဆယ်အတွင်း လင်းအုပ်စု ပိုမိုအင်အားကြီးမားလာပြီး နယ်ပယ်ပေါင်းစုံသို့ချဲ့ထွင်ကာ ကြီးမားသော စီးပွားရေးအင်ပါယာကိုတည်ထောင်ခဲ့ရာ နိုင်ငံတကာတွင်ပါ သိသာထင်ရှားသည့် ရပ်တည်မှုရရှိခဲ့သည်။ ဖူလင်းအုပ်စုအနေဖြင့် လင်းအုပ်စုနှင့် ယှဉ်ပြိုင်ရန်မှာ ဥကို ကျောက်တုံးပေါ် ပစ်ပေါက်ခြင်းနှင့် တူနေပေတော့သည်။


ဖုဟန်၏ခွဲခြမ်းစိတ်ဖြာချက်အား ကြားသောအခါ လင်းကျိုး အတွေးနှစ်မျိုးဖြစ်သွားသည်။ 


“ငါ ဘာလုပ်သင့်လဲ ? မင်းကို ဒုက္ခပေးမိပြီထင်တယ်?”


ဖုဟန် ပြုံးပြလိုက်သည်။ 


“မပူပါနဲ့၊ ဖုလင်းအုပ်စု အဆင်ပြေပါလိမ့်မယ်”


လင်းကျိုး မေးလိုက်သည်။ “ဖြစ်ခဲ့ရင်ရော?”


ဖုဟန် ခေါင်းခါလိုက်၏။ 


“ငါ လင်းဖုန်းရဲ့ စရိုက်ကိုနည်းနည်းတော့ သိတယ်၊ သူက အကျိုးအကြောင်း မဆင်ခြင်တတ်တဲ့ လူမျိုးမဟုတ်ဘူး၊ မင်းနဲ့ စုလင်က သူငယ်ချင်းတွေပဲ၊ သူ မင်းကိုထိခိုက်အောင်လုပ်ရင် စုလင် သိသွားတဲ့အခါ ဘယ်လိုထင်မလဲ ? အဲ့ဒီအခါ သူတို့ရဲ့ဆက်ဆံရေးက ပိုလို့တောင်ပြင်ဆင်လို့မရလောက်အောင်ဖြစ်သွားလိမ့်မယ်”


လင်းကျိုး မေးစေ့အား ပွတ်သပ်လိုက်သည်။ 


“အင်း အဲဒါတော့ မှန်တယ်”


ဖူဟန် ပြောလိုက်သည်။ 


“ဒါကြောင့်၊ မလိုအပ်ဘဲ စိတ်ပူစရာမလိုပါဘူး”


---


ရှုယွမ်ကျိုး ဆေးရုံကုတင်ပေါ်ရှိလူအား ခိုးကြောင်ခိုးဝှက် ကြည့်လိုက်သည်။


ဖုန်းပြောပြီးနောက် မစ္စတာလင်း ဆယ်မိနစ်ကြာ တိတ်ဆိတ်နေခဲ့သည်။ သူ့ ခန့်ညားသော မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မရှိသလို မည်သည့်စိတ်ခံစားချက်ကိုမျှ ဖော်ပြခြင်း မရှိပေ။


ဒါဆို စကားပြောဆိုမှုက ပြတ်တောက်သွားတာလား ?


ခဏကြာတွေဝေပြီးနောက် ရှုယွမ်ကျိုး သတိထားကာမေး မြန်းလိုက်သည်။


 â€œá€™á€…ယစတဏ၊ ဖူလင်းအုပ်စုနဲ့ ပတ်သက်ပြီး... ကျွန်တော်တို့ ဘာလုပ်ရမလဲ ?”


"မလိုဘူး" 


လင်းဖုန်း ဖုန်းချပြီး တည်ငြိမ်စွာပြောလိုက်သည်။


“မလိုအပ်တဲ့ ပြဿနာတွေကို အပိုလုပ်နေစရာမလိုဘူး”


ရှုယွမ်ကျိုး ချက်ချင်းနားလည်သွားသည်။


"ဟုတ်ကဲ့"


မစ္စလင်း၏ပျောက်ဆုံးမှုမှာ လောလောဆယ်တွင် လျှို့ဝှက်အခြေအနေ၌သာ ရှိနေသည်။ မစ္စတာလင်း ဤအကြောင်းအား သခင်ကြီးနှင့် သခင်မတို့ထံမှပင် လျှို့ဝှက်ထားပြီး လူအများသိရှိခြင်းကို မလိုလားပေ။ သို့သော် ရှုယွမ်ကျိုးအတွက်မူ လင်းကျိုးနှင့် ဆက်သွယ်နိုင်သည့် လမ်းစပြတ်တောက်သွားခြင်းမှာ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ထိုလမ်းစမရှိသော်လည်း သူ အခြားသဲလွန် စတစ်ခုအား ရှာဖွေတွေ့ရှိခဲ့သည်။


“မစ္စတာလင်း၊ သခင်မရဲ့ ပထမဆုံး လေယာဉ်ခရီးစဉ်ရဲ့ ဦးတည်ရာက H မြို့ပါ”


ရှုယွမ်ကျိုး လက်ထဲရှိ ဖိုင်တွဲကို ဖွင့်ကာ စာရွက်တစ်ရွက်အား ထုတ်ယူပြီး လင်းဖုန်းထံ ရိုသေစွာပေးလိုက်သည်။


ရိုးရိုးသားသားပြောရလျှင် သူ မနေ့က လင်းကတော်၏မှတ် ပုံတင် မိတ္တူအားရရှိခဲ့ပြီးနောက်၊ ယင်းပေါ်ရှိ ကိုယ်ရေးအ ချက်အလက်နှင့် ဓာတ်ပုံများအားမြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။


သူ မစ္စတာလင်း၏လက်ထောက်အဖြစ် သုံးနှစ်ကြာလုပ်ကိုင်ခဲ့သည်။ မစ္စတာလင်း အိမ်ထောင်ကျစောကြောင်း သူ သိရှိထားသော်လည်း မစ္စလင်းမှာ အမျိုးသားတစ်ဦးဖြစ်သည်ကိုမူ လုံးဝမသိခဲ့ရပေ! ထို့အပြင် ထိုအမျိုးသားမှာ ချောမောပြီး ကျက်သရေရှိသော အမျိုးသားတစ်ဦးဖြစ်နေပြန်သည်။


မှတ်ပုံတင်ဓာတ်ပုံထဲပင် ထိုမျှလောက်ကြည့်ကောင်းနေသည်ဆိုလျှင် အပြင်တွင် မည်မျှချောမောနေမလဲဟု ရှုယွမ်ကျိုး တွေးမိလိုက်သည်။


မစ္စတာလင်း သူ့ဇနီးအား အခြားသူများ လိုချင်တပ်မက်မည်ကို စိုးရိမ်သောကြောင့် လူအများအမြင်ကွင်းမှ တင်းတင်းကျပ်ကျပ်ဝှက်ထားပြီး မည်သည့်ပွဲလမ်းသဘင်သို့မျှ ခေါ်မသွားခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။


လင်းဖုန်း ထိုပါးလွှာသော စာရွက်ကိုကိုင်ကာ ပုံနှိပ်ထားသည့် လေယာဉ်လက်မှတ် အချက်အလက်များအား သေချာကြည့်လိုက်သည်။ စုလင် H မြို့သို့ ရောက်ရှိပြီးနောက် A မြို့နှင့် D မြို့တို့သို့ပါ ထပ်မံ၍ လက်မှတ်များဝယ်ယူထားသည်ကို သတိပြုမိသည်။


“လေယာဉ်စီးနင်းခဲ့တဲ့ မှတ်တမ်းတွေရော ရှိလား ?” 


သူ A မြို့နှင့် D မြို့သို့ သွားသော လေယာဉ်များအားလက် ညှိုးထိုးကာ မေးလိုက်သည်။


ရှုယွမ်ကျိုး ပြန်ဖြေသည်။ 


“ရှိပါတယ်”


A မြို့နှင့် D မြို့သို့ လေယာဉ်ခရီးစဉ်များကြား ခြားနားချိန်မှာ နာရီဝက်သာရှိသော်လည်း၊ မစ္စလင်း လေယာဉ်စီးနင်းခဲ့သည့် မှတ်တမ်းနှစ်ခုစလုံး ရှိနေသည်။ ၎င်းမှာ လုံးဝမမျှော်လင့်ထားသော အခြေအနေဖြစ်သည်။ မစ္စလင်းမှာ မစ္စတာလင်း သူ့အား အမြဲတမ်း လိုက်လံထောက်လှမ်းနေမည်ကို သိရှိထားသောကြောင့် တမင်တကာ မြူခိုးဗုံးချခဲ့ခြင်းဖြစ်ပြီး၊ အခြားသူများ၏ ဆုံးဖြတ်ချက်အား ရှုပ်ထွေးသွားစေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ သူ့ဇနီးမှာ H မြို့တွင် ဆက်ရှိနေခြင်း၊ A မြို့ သို့မဟုတ် D မြို့သို့ သွားရောက်ခဲ့ခြင်း ရှိ၊ မရှိကိုပင် လင်းဖုန်း မသေချာနိုင်တော့ပေ။


လင်းဖုန်း ထိုစာရွက်ကို ချလိုက်ပြီး စုလင် ဖုန်းအား ကောက်ကိုင်ကာ ပါဝါခလုတ်ကို နှိပ်လိုက်သည်။ ဖုန်း၏ ဖန်သားပြင် ပွင့်လာသော်လည်း လျှို့ဝှက်နံပါတ် သို့မဟုတ် လက်ဗွေမပါဘဲ လော့ခ်ဖွင့်၍မရနိုင်ပေ။


ရှုယွမ်ကျိုး ဆက်လက်ပြောပြသည်။


 â€œá€™á€…á€šá€…á€œá€„á€şá€¸á€›á€˛á€ˇ ဖုန်းနံပါတ်က အဆင့်မြင့်ဖောက်သည် ဝန် ဆောင်မှု လျှို့ဝှက်ချက်သတ်မှတ်ထားပါတယ် ဒါကြောင့် DX လုပ်ငန်းခွဲက ခေါ်ဆိုမှုမှတ်တမ်းတွေကို ထုတ်ပေးဖို့ငြင်းဆိုပါတယ်” 


ဤအချက်အား စုံစမ်းတွေ့ရှိပြီးနောက် ရှုယွမ်ကျိုး မစ္စလင်းအား အနည်းငယ်လေးစားမိသွားသည်။ သူ့ခြေရာများမှာ အလွန်ရှုပ်ထွေးပြီး ခြေရာခံမရအောင်ဖြစ်နေသည်။ ထိိုသို့ပြုလုပ်ခြင်းမှာ ကွာရှင်းရန် စိတ်ပိုင်းဖြတ်ထားခြင်းကြောင့် လေလား ?


အပြစ်ရှိသလိုခံစားချက်ကြောင့် ရှုယွမ်ကျိုး စမ်းသပ်သည့် သဘောဖြင့် မေးလိုက်သည်။


 â€œá€™á€…á€šá€…á€á€Źá€œá€„á€şá€¸áŠ ကျွန်တော်တို့ တခြားနည်းလမ်းကိုသုံးဖို့ စဉ်းစားသင့်လား?”


လင်းဖုန်း သူ့အား စူးစိုက်ကြည့်လိုက်သည်။ ထိုအကြည့်ကြောင့် ရှုယွမ်ကျိုးကျောပြင် တစ်လျှောက်အေးစက်သွားသည်။ အချိန်အတော်ကြာ တိတ်ဆိတ်ပြီးမှ သူ ပြောလိုက်သည်။


 â€œá€œá€ąá€Źá€œá€ąá€Źá€†á€šá€ş မလိုသေးဘူး”


ရှုယွမ်ကျိုး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ အမှန်ဆိုလျှင် သူ မသင့်လျော်သော နည်းလမ်းများဖြင့် သတင်းအချက်အ လက် စုဆောင်းခြင်းကို မနှစ်သက်ချေ။ ထိုသို့ပြုလုပ်လျှင် ကျေးဇူးကြွေးအမြောက်အမြား တင်သွားမည့်အပြင်၊ မလို အပ်သော အားနည်းချက်များကိုလည်း ချန်ထားခဲ့ရမည်မှာမလွဲဧကန်ပင်။


"H မြို့ကို အာရုံစိုက်ပြီးစောင့်ကြည့်ထား”  


လင်းဖုန်း အမိန့်ပေးလိုက်သည်။


ရှုယွမ်ကျိုး တုန်လှုပ်သွားသည်။


"မစ္စတာလင်းက မစ္စလင်း H မြို့မှာပဲ ဆက်နေထိုင်တာက ဖြစ်နိုင်တယ်လို့ ယူဆတာလား ?”


"အင်း"