Ch 16
Viewers 8k


🥬 Chapter 16

🥬 Is he alright? (2)



လင်းဖုန်း ဖုန်းအားသိမ်းလိုက်ပြီး ခေါင်းအုံးကို မှီကာ မျက်လုံးများမှိတ်ကာ အနားယူလိုက်သည်။


ရှုယွမ်ကျိုး မစ္စတာလင်း ပင်ပန်းနွမ်းနယ်နေသည်ကိုသိသော ကြောင့် ထွက်ခွာရန်ပြင်ဆင်လိုက်သည်။ တံခါးဝသို့ လျှောက် သွားစဉ် ရုတ်တရက်အကြောင်းအရာတစ်ခုအား သတိရသွားပြီး ပြောလိုက်သည်။


“H မြို့နဲ့ ပတ်သက်လို့ ကျွန်တော့် လက်အောက်ငယ်သားတွေ မှတ်မိတာဆိုလို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဝန်ကြီးလင် အဲ့ဒီကမြေကွက်တစ်ကွက်ကိုလေလံဆွဲခဲ့ဖူးတယ်”


ဝန်ကြီးလင်းမှာ လင်းကျီယွမ် အမည်ရှိပြီး ကုမ္ပဏီ၏အိမ်ခြံ မြေဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၏တာဝန်ခံပုဂ္ဂိုလ်ဖြစ်ကာ လင်းမိသားစု၏သူဌေးတစ်ဦးလည်းဖြစ်သည်။


H မြို့သည် ဒုတိယတန်းစားမြို့ဖြစ်ပြီး S မြို့ကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုမရှိပေ။ ထိုနေရာ၌ ယွမ်နှစ်ဘီလီယံ အကုန်အကျခံ၍မြေကွက်တစ်ကွက်အား လေလံဆွဲခြင်းမှာ စိတ်ဝင်စားစရာကောင်းသောအချက်ဖြစ်သည်။


လင်းဖုန်း ရှုယွမ်ကျိုးအား လက်ဝှေ့ယမ်းပြကာ သူ နားလည်ကြောင်းအချက်ပြလိုက်သည်။


ရှုယွမ်ကျိုးသည်လည်း ဘာမှထပ်မပြောတော့ဘဲ တိတ်ဆိတ် စွာလူနာဆောင်မှ ထွက်ခွာသွားပြီး တံခါးအား အသာအယာ ပြန်ပိတ်လိုက်သည်။


---


ရှီးရှီကျေးရွာ——


ဆယ့်ငါးရက်ကြာ လက်ဖက်ခူးခြင်း လုပ်ငန်းမှာ နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့သည်။ ဤတစ်ကြိမ်တွင် ဖီးနစ်တောင်မှ စုစုပေါင်း လက်ဖက်အထွက်နှုန်းသည် ၉,၈၇၀ ကျင့် (သို့မဟုတ်) ပေါင် ၆,၀၀၀ ခန့် ရရှိခဲ့သည်။ လက်ဖက်ကုန်သည်သုံးဦးသည် အလွန်ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် နောက်ဆုံးပေးချေရမည့် ငွေအား ချက်ချင်းပေးချေကာ လက်ဖက်ခူးအဖွဲ့များနှင့်အတူ ထွက်ခွာသွားကြသည်။


စုလင် ကျေးရွာကော်မတီရုံးခန်းတွင် စာရင်းကိုင်အဖြစ် ထိုင်နေသည်။ သူ၏ သွယ်လျသော လက်ချောင်းများမှာ စန္ဒယားတီးသူများကဲ့သို့ ဂဏန်းတွက်စက်ပေါ်မှ ခလုတ်များအား အဆက်မပြတ်ဖိနှိပ်နေသည်။


လွန်ခဲ့သည့် နှစ်ပတ်စာ (သို့မဟုတ်) တစ်လခွဲစာ ထွန်စက်သယ်ယူပို့ဆောင်ခများကို နုတ်ပြီးနောက်၊ ရွာသားနှစ်ရာကျော်အား လုပ်ခပေးချေရန်လိုအပ်နေသည်။ ဒုတိယဦးလေးမှာ ရွာသားများအား လက်ဖက်ပင်စိုက်ပျိုးရန် ငှားရမ်းခဲ့ပြီး၊ လက်ဖက်ခူးရာသီ ရောက်တိုင်း တစ်နှစ်တစ်ကြိမ်လုပ်ခရှင်းပေးလေ့ရှိသည်။


ယခင်နေ့လက်ဖက်ကုန်သည်များ ထွက်ခွာသွားသည်နှင့် ယနေ့တွင် ရွာသားများမှာ ၎င်းတို့၏လုပ်ခများအားရယူရန် ပျော်ရွှင်စွာဖြင့် ရွာကော်မတီ၌ တန်းစီကာစောင့်ဆိုင်းနေကြသည်။


ကျေးရွာကော်မတီ၏ကြီးကြပ်မှုရှိသောကြောင့် လိမ်လည်၍ တောင်းခံသူများရှိမည်ကို စုလင် စိုးရိမ်ပူပန်ခြင်းမရှိပေ။ စားရင်းတွင် မှတ်တမ်းတင်ထားသော လုပ်ငန်းချိန်များအတိုင်းသာ လူတိုင်း၏လုပ်ခအား တွက်ချက်ပေးနိုင်မည်ဖြစ်သည်။


စမတ်ဖုန်းများ ကျယ်ကျယ်ပြန့်ပြန့်ခေတ်စားလာခြင်းကြောင့် ကျေးလက်ဒေသသည် မည်မျှနောက်ကျကျန်နေပါစေ၊ လူတိုင်းတွင် မိုဘိုင်းဖုန်းများရှိနေသည်။ လုပ်ခများအား WeChat သို့မဟုတ် Alipay မှတစ်ဆင့် တိုက်ရိုက်ပေး ချေခြင်းဖြင့် စုလင် ဘဏ်သို့သွားကာ ငွေသားပမာဏအ မြောက်အမြား ထုတ်ယူရခြင်းမှ ကင်းဝေးသွားခဲ့သည်။


အရင်နှစ်များတွင် ဒုတိယသခင်ကြီးစုမှာ ကျေးရွာကော်မတီရုံးခန်း၌ ထိုင်ကာ ငွေများပေးချေခဲ့သော်လည်း ယခုနှစ်တွင် နုပျိုပြီး ချောမောသောလူငယ်တစ်ဦးဖြင့် အစားထိုးတာဝန်ယူခဲ့သည်။ အချို့သော အပျိုဖော်ဝင် မိန်းကလေးများမှာ သူ့အား တွေ့သောအခါ လေးစားချစ်ခင်မှုမဖြစ်ဘဲမနေနိုင်ကြပေ။ စုလင်ရှေ့၌ထိုင်ကာ လုပ်ခစောင့်ဆိုင်းကြသည့်အခါတွင်လည်း မျက်နှာများနီရဲကာ ရှက်ရွံ့မှုအပြည့်ဖြင့် ရှိနေကြသည်။


စုလင် အလုပ်သဘောအတိုင်းသာ ဆက်ဆံပြီး ထိုချစ်ခင်သောမျက်လုံးများအား လျစ်လျူရှုထားသည်။ သူ့ဘယ်ဘက်လက်သူကြွယ်ရှိ စိန်လက်စွပ်မှာ တောက်ပစွာလင်းလက်နေပြီး သူ လက်ထပ်ပြီးသားဖြစ်ကြောင်းဖော်ပြနေ သည်။


မူလက သူ လက်စွပ်ဝတ်ရန် စဉ်းစားခဲ့ခြင်းမရှိပေ။ S မြို့မှ ထွက်ခွာပြီး ရှီးရှီကျေးရွာသို့ ရောက်ရှိလာပြီးနောက် သူ သုံးနှစ်ကြာဝတ်ဆင်ခဲ့သော မင်္ဂလာလက်စွပ်အား ချွတ်ထားခဲ့သည်။ သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က ရွာမှ အောင် သွယ်တော်တစ်ဦးမှာပြုံးရယ်ရင်း သူ့အိမ်တံခါးသို့ရောက် လာပြီး အိမ်ထောင်ဖက်ရှာပေးရန် စိတ်အားထက်သန်လို့နေ သည်။ ထို့ကြောင့် သူ့ အံဆွဲထဲရှိနေခဲ့သည့် စိန်လက်စွပ်အား ပြတ်ပြတ်သားသား ပြန်လည်ဝတ်ဆင်လိုက်သည်။


အောင်သွယ်တော်မှာ သူ လက်ထပ်ပြီးသားဖြစ်ကြောင်း သိရှိရသောအခါ နောင်တရသောပုံစံဖြင့် ညည်းညူကာ ထွက်ခွာသွားလေသည်။


ရှေ့တွင်ထိုင်နေသော မိန်းကလေးအား ငွေပေးချေပြီးနောက် စုလင် “နောက်တစ်ယောက်၊ ကျန်းချွေ့ဟွာ” ဟု ခေါ်လိုက်သည်။


ကျန်းချွေ့ဟွာ သူ့ နာမည်အားကြားသည်နှင့် ချက်ချင်းဆိုသလို ရှေ့မှလူများကိုတွန်းဖယ်ကာ စုလင်၏မျက်နှာချင်း ဆိုင်တွင် ဝင်ထိုင်လိုက်သည်။


"စုကော၊ ကျွန်မက ကျန်းချွေ့ဟွာပါ" 


သူမ အသံကိုနွဲ့၍ ချိုသာစွာပြောလိုက်သည်။


စုလင် မျက်မှောင်တစ်ချက်ကြုတ်လိုက်သော်လည်း အမူအ ရာမပျက်ပြောလိုက်သည်။ 


“မင်္ဂလာပါ၊ ခင်ဗျားရဲ့ လစာက စုစုပေါင်း ယွမ် ၃,၃၀၀ ပါ၊ အလုပ်ချိန်ကို စစ်ကြည့်ပေးပြီး မှန်တယ်ဆိုရင် ဒီနေရာမှာ လက်မှတ်ထိုးပေးပါ” 


စုလင် သူ့အား လှည့်ပင်မကြည့်သည်ကို မြင်သောအခါ ကျန်းချွေ့ဟွာ နှုတ်ခမ်းမဲ့လိုက်ပြီး စာရင်းကိုယူကာစစ်ဆေးလိုက်သည်။ လက်မှတ်ထိုးရန် ပြင်ဆင်နေစဉ် ရုတ်တရက် သံသယဖြစ်စွာ ပြောလိုက်သည်။


 â€œá€Ąá€­á€Żá€¸áŠ ဒါ မမှန်ဘူး! ကျွန်မ နေ့တိုင်း ရှစ်နာရီအပြည့် အလုပ်လုပ်တာ ဘာလို့ ကျွန်မကို ခြောက်နာရီပဲ ထည့်ထားတာလဲ ?”


ထိုအလုပ်ခွင်တက်ရောက်မှုပုံစံအား ကျေးရွာကော်မတီ၏ ဒုတိယညွှန်ကြားရေးမှူးမှ စုလင်ထံပေးအပ်ခဲ့ခြင်းဖြစ်သည်။ စုလင် ကျန်းချွေ့ဟွာ၏မေးခွန်းအား ကိုယ်တိုင်မဖြေနိုင်သော ကြောင့် ဘေးနားတွင် ထိုင်နေသော ဒုတိယညွှန်ကြားရေးမှူး လီယွဲ့အာကို မေးမြန်းလိုက်သည်။


လီယွဲ့အာမှာ အသက်လေးဆယ်ကျော်အရွယ်၊ အလယ်တန်းပညာရေးအဆင့်သာရှိသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် ကျေးရွာကော်မတီတွင် ဆယ်နှစ်ကြာလုပ်ကိုင်ခဲ့ပြီး သုံးနှစ်အကြာတွင် ဒုတိယညွှန်ကြားရေးမှူးဖြစ်လာကာ လက်ဖက်ခြံကြီးကြပ်မှုအား တာဝန်ယူခဲ့သူဖြစ်သည်။ 


ကျန်းချွေ့ဟွာ သူမအား မေးခွန်းထုတ်သောအခါ လီယွဲ့အာ ချက်ချင်းဒေါသထွက်သွားပြီး မျက်နှာပျက်သွားကာပြောလိုက်သည်။


"ဘာလို့ မမှတ်မိတာလဲ ? နင် မနက် ၈:၀၀ မှာ တောင်ပေါ် တက်တယ်၊ နေ့လယ်စာအတွက် ၁၂:၃၀ မှာ ဆင်းတယ်၊ ညနေ ၁:၃၀ မှာ တောင်ပေါ် ပြန်တက်တယ်၊ ၄:၃၀ မှာပြန်ဆင်းတယ်၊ တစ်နေ့ စုစုပေါင်းခြောက်နာရီ၊ နင် မှားလို့မရပါဘူး!"


ကျန်းချွေ့ဟွာ စိတ်မရှည်တော့ပေ။


"ကျွန်မ နေ့တိုင်း နေ့လယ်စာကို တောင်ပေါ် ယူသွားတာ၊ နေ့လယ်စာစားပြီးတဲ့နောက် တောင်ပေါ်ကတစ်ခါမှ မဆင်းဘူး”


လီယွဲ့အာ သူ့အား စူးစိုက်ကြည့်လိုက်သည်။


"ငါ မှားမှတ်ထားတယ်လို့ နင် ပြောချင်တာလား?”


ကျန်းချွေ့ဟွာ စိန်ခေါ်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။


"ဟုတ်တယ်၊ မှားမှတ်တာပေါ့! ကျွန်မ ရှစ်နာရီအပြည့် အလုပ်လုပ်ခဲ့တာ သေချာနေတာကို ဘာလို့ ကျွန်မရဲ့အလုပ်ချိန်ကို နှစ်နာရီတောင် လျှော့လိုက်ရတာလဲ?”


သူ စာရင်းအား ထပ်မံကြည့်လိုက်ရာ သူ့အောက်ရှိ စာရင်းထဲလီကောချိုက်မှာ တစ်နေ့ ရှစ်နာရီအပြည့် အလုပ်လုပ်ထား သည်ကိုသတိပြုမိသဖြင့် သူချက်ချင်းအော်ဟစ်လိုက်သည်။


 "လီကောချိုက် နေ့တိုင်း နေ့လယ်စာစားဖို့ တောင်အောက် ဆင်းသွားတာလေ၊ ညွှန်ကြားရေးမှူး၊ ရှင် ပြောင်းပြန်မှတ် ထားတာလား!”


သူ့နောက်တွင် ရှိနေသော လီကောချိုက်သည်လည်း လီယွဲ့အာထံ အံ့အားသင့်သောအကြည့်ဖြင့် ကြည့်လိုက်သည်။


 á€œá€Žá€šá€˝á€˛á€ˇá€Ąá€Ź မျက်နှာပျက်သွားပြီး ဒေါသထွက်လာသည်။


"ကျန်းချွေ့ဟွာ၊ နင် ဘာပြောချင်နေတာလဲ ?"


ကျန်းချွေ့ဟွာ နှုတ်ခမ်းကိုကိုက်လိုက်ပြီးနောက် အကူအညီတောင်းခံသည့်သဘောဖြင့် စုလင်အားကြည့်လိုက်လေသည်။