Ch 17
Viewers 8k


🥬 Chapter 17

🥬 The Vegetables He Planted Sprout (1)




စုလင် ဘောပင်အားချလိုက်ပြီး ရုံးခန်းထဲရှိ အခြားရွာသားများ၏အခြေအနေကို တည်ငြိမ်စွာလေ့လာလိုက်သည်။ သူတို့မျက်နှာအမူအရာများမှာ အမျိုးမျိုးကွဲပြားနေပြီး တိုးတိုးပြောဆိုနေကြသော်လည်း တရားမျှတသောစကားအား ပြော ဆိုရန် ရှေ့သို့ ထွက်လာသူမရှိပေ။


သူ ကျန်းချွေ့ဟွာ၏အသနားခံအကြည့်အား လျစ်လျူရှုလိုက်သည်။ ယနေ့ ရွာသူကြီးမရှိသဖြင့် ရွာကော်မတီတွင် ဒုတိယညွှန်ကြားရေးမှူး လီယွဲ့အာနှင့် စာရေးတစ်ဦးသာရှိ တော့သည်။ သူ အခြေအနေအား သေချာနားမလည်မချင်း မည်သူ့ဘက်မှ ဘက်လိုက်၍မရနိုင်ပေ။


သို့သော်လည်း လုပ်ခပေးဆောင်ရသော "သူဌေး" အနေဖြင့် စုလင် အလကားအမြတ်ထုတ်ခံရခြင်းကို မလိုချင်ပေ။ အဘယ်ကြောင့်ဆိုသော် မည်သူ၏ငွေကြေးမျှ လေထဲမှ ရောက်လာခြင်းမဟုတ်သည်ကို သူ ကောင်းစွာသိရှိထားသော ကြောင့်ပင်။


စုလင် နူးညံ့သိမ်မွေ့သော အမူအရာဖြင့် လီယွဲ့အာ အားပြောလိုက်သည်။


"ညွှန်ကြားရေးမှူးလီ၊ စိတ်ကိုတည်ငြိမ်အောင်ထားပါ၊ရွာသား နှစ်ရာကျော်ရဲ့ အလုပ်ချိန်ကို ခင်ဗျား တစ်ယောက်တည်း ရေတွက်ရတာ တကယ်ပင်ပန်းပါတယ်”


ညင်သာသောအသံဖြင့် စကားပြောသည့် လူချောလေးတစ်ဦးအား မည်သူမျှမတွန်းလှန်နိုင်ရာ လီယွဲ့အာလည်း ထို့အ တိုင်းဖြစ်သည်။ သူမ လေသံအားနူးညံ့စေပြီး ပြောလိုက်သည်။


"ဒီလိုကြီးကြပ်ရေးမှူးအလုပ်က ကျေးဇူးမရှိဘဲ လူတွေကို မလိုမုန်းထားဖြစ်စေနိုင်တယ်၊ ကျွန်မ အစကမလုပ်ချင်ပါဘူး ဒါပေမဲ့ ရှီးရှီရွာမှာ အထက်တန်းကျောင်းကဘွဲ့ရခဲ့တဲ့ တစ်ဦးတည်းသောအရာရှိက ကျွန်မဖြစ်နေတာကို ဘယ်သူကတား ဆီးနိုင်မှာလဲ၊ ဦးလေးစု ကျွန်မကိုယုံကြည်ပြီး လုပ်ခမြင့်မြင့်နဲ့ငှားရမ်းခဲ့တာမို့၊ သူ့ကိုတော့ စိတ်ပျက်အောင်လုပ်လို့မရဘူး လေ၊ ရှောင်စု မင်း မသိပါဘူး... ကျွန်မ နေ့တိုင်းစောစောထပြီး ညဉ့်နက်တဲ့အထိအလုပ်လုပ်ရတယ်၊ တောင်ပေါ်ကို တစ် နေ့ လေးငါးကြိမ် အတက်အဆင်းလုပ်ရတယ်၊ လူတိုင်းရဲ့ လုပ်ငန်းချိန်ကို ရေတွက်ရုံသာမက သူတို့ရဲ့အလုပ်ကို မှန်မှန် ကန်ကန်၊ ကောင်းကောင်းမွန်မွန်ပြီးလား မပြီးလားလည်း စစ်ဆေးရသေးတယ်၊ တခါတလေ အမှားအယွင်းလေးတွေ လုပ်မိတာကို သူများတွေကမလိုမုန်းထားကြတာ ဒါကြောင့် ကျွန်မလည်း ဒေါသကိုမြိုချပြီးနေနေရတာပါ”


သူမ ခါးသီးသော စကားများအား ပဲစေ့များသွန်ချသကဲ့သို့ ပစ်ချလိုက်သည်။ စုလင် စိတ်ရှည်စွာဖြင့် လီယွဲ့အာ၏တိုင် တောသံများကို နားထောင်ပြီးနောက် ခေါင်းအားဖြည်းညှင်းစွာညိတ်လိုက်သည်။


“လက်နဲ့ စာရင်းအင်းပြုစုရတာက တကယ်လည်း ရှုပ်ထွေးပြီးငြီးငွေ့စရာပါ၊ ကျွန်တော် နည်းလမ်းရှာပါ့မယ်၊ စီမံခန့်ခွဲမှု ပိုတိကျပြီး အဆင်ပြေစေမယ် စနစ်တကျလည်းဖြစ်လာအောင်လို့ နည်းပညာမြင့်ပစ္စည်းတွေ သုံးပေးလို့ရနိုင်မလား စဉ်းစားကြည့်လိုကိပါဦးမယ်”


လီယွဲ့အာ တုံ့ဆိုင်းသွားသည်။ 


“နည်း... နည်းပညာမြင့် ပစ္စည်းတွေက ငွေအများကြီးကုန် မှာ မဟုတ်ဘူးလား”


“ငွေက ပြဿနာ မဟုတ်ပါဘူး၊ အရေးကြီးတာကပစ္စည်းတွေ အသုံးပြုရအဆင်ပြေပြီး အလုပ်ဖြစ်ဖို့ပဲ”


သူမ ပြဿနာမဖြေရှင်းနိုင်သေးသည်ကို မြင်သောအခါ ကျန်းချွေ့ဟွာ နစ်နာသောအသံဖြင့် အော်ဟစ်လိုက်သည်။


“စုကော...”


စုလင် ကြက်သီးထမှုကို ထိန်းချုပ်လိုက်ပြီး သတိရှိစွာပြောလိုက်သည်။


“စိတ်မပူပါနဲ့၊ ခဏလေးစောင့်ပါ၊ ရုံးခန်းထဲက ကွန်ပျူတာမှာ လူတိုင်းရဲ့အလုပ်ချိန်အသေးစိတ်ကို မှတ်တမ်းတင်ထားပါတယ်၊ ဘယ်သူမဆို ကန့်ကွက်စရာရှိရင် အတူတူစစ်ဆေးကြည့်နိုင်ပါတယ်”


ထိုစကားအားကြားသောအခါ ကျန်းချွေ့ဟွာ အံ့အားသင့်စွာ မေးလိုက်သည်။


"တကယ်... တကယ်လား ?"


သူမ ကွန်ပျူတာအကြောင်း နားမလည်သော်လည်း သူမ၏ လုပ်ငန်းချိန်အား ပြန်လည်ရရှိနိုင်သရွေ့ အနည်းငယ်ပိုစောင့်ရန် ဆန္ဒရှိသည်။


ထို့ကြောင့် သူမ ထရပ်ပြီး ဘေးရပ်နေလိုက်သည်။ လီကောချိုက် နောက်မှတက်လာပြီး စုလင် မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။ ၎င်း၏ကြမ်းတမ်းနက်မှောင်နေသော လက် ဖဝါးနှစ်ဖက်အား ပွတ်သပ်ရင်း ရိုးသားစွာပြုံးလိုက်သည်။ 


“မစ္စတာစု၊ ကျွန်တော် လီကောချိုက်ပါ”


စုလင် ဘောပင်အား ကောက်ယူလိုက်ပြီး ကျန်းချွေ့ဟွာ၏ နာမည်ရှေ့တွင် အမှန်ခြစ်တစ်ခုကို မှတ်သားလိုက်သည်။ ထို့နောက် လီကောချိုက်၏နာမည်ရှေ့တွင်လည်း အမှန်ခြစ်တစ်ခု ထပ်မံထည့်သွင်းလိုက်သည်။


“မင်းနဲ့ ကျန်းချွေ့ဟွာ နှစ်ယောက်လုံး အလုပ်ချိန်နဲ့ ပတ်သက်ပြီးကန့်ကွက်စရာရှိတဲ့အတွက် ဒီမှာ ခဏစောင့်ပေးကြပါ”


လီကောချိုက် စိုးရိမ်တကြီးဖြင့် လီယွဲ့အာကိုလှမ်းကြည့်လိုက်သည်။ လီယွဲ့အာ ချက်ချင်းဆိုသလို စုလင်အား 


"ကျန်းချွေ့ဟွာ တစ်ယောက်တည်းကန့်ကွက်တာ မဟုတ်ဘူးလား၊ လီကောချိုက်ကတော့ အဆင်ပြေမှာပါ"


စကားပြောပြီးနောက် သူမ လီကောချိုက်အား မျက်လုံးမှိတ်ပြလိုက်ရာ လီကောချိုက် ချက်ချင်းတုံ့ပြန်လိုက်သည်။


"ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်တော် ကန့်ကွက်စရာမရှိပါဘူး၊ မရှိဘူး"


ကျန်းချွေ့ဟွာ နံရံကိုမှီနေရင်း လီကောချိုက်အားအထင် သေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။


လီကောချိုက်မှာ လီယွဲ့အာ၏မောင်ဖြစ်ကြောင်း မသိသူ မရှိပေ။ လီယွဲ့အာ အလုပ်တတ်ရောက်မှုအချိန်စာရင်း ပြုစုသည့်အခါတိုင်း သူ့မောင်အတွက် အမြဲတမ်းလုပ်ငန်းချိန်အပိုဆောင်းထည့်သွင်းပေးလေ့ရှိသည်။ အခြားသူများကမူ ဒေါသထွက်သော်လည်း ပါးစပ်ပိတ်နေခဲ့ရပြီး လီယွဲ့အာ ဒုတိ ယသခင်ကြီးစု၏ ငွေများကိုခိုးယူစေခဲ့သည်။ 


ဒုတိယသခင်ကြီးစုမှာ လီယွဲ့အာ သူ့မောင်အား ကာကွယ်နေသည်ကိုသိသော်လည်း ဂရုမစိုက်ခဲ့ပေ။ ယခုမူ မစ္စတာစု  ရောက်လာသောအခါ လီယွဲ့အာသည် စုလင် အသစ်ရောက် လာခြင်းနှင့် အခြေအနေအားနားမလည်ခြင်းအား အခွင့် ကောင်းယူကာ လီကောချိုက်အတွက် အပိုဆောင်းလုပ်ငန်းချိန်များစွာပေးအပ်ခဲ့သည်။ ဤသည်မှာ မစ္စတာစုထံ သက် သေအထောက်အထား မရှိ၊ စုံစမ်းစစ်ဆေးနိုင်မည် မဟုတ်ဟု သူမ လုံးဝယုံကြည်ထားခြင်းကြောင့်ပင်။


စုလင် စားပွဲပေါ်ရှိ ရေနွေးဗူးအား ကောက်ယူကာဖြည်းညှင်းစွာတစ်ငုံသောက်လိုက်သည်။ ထို့နောက် ကျန်းချွေ့ဟွာအား မေးလိုက်သည်။


"ခုန မင်းပြောတာ လီကောချိုက်ရဲ့အလုပ်ချိန်နဲ့ မင်းရဲ့ အလုပ်ချိန်က ပြောင်းပြန်ဖြစ်နေတာပေါ့နော်၊ မင်း သေချာလား”


ကျန်းချွေ့ဟွာ သွားများကိုကြိတ်လိုက်ပြီး လီယွဲ့အာ၏ ခြိမ်း ခြောက်သော မျက်လုံးများအား လျစ်လျူရှုကာအတည်ပြုလိုက်သည်။


"ဟုတ်တယ်၊ ကျွန်မ အလုပ်ချိန်နဲ့ သူ့အလုပ်ချိန်ကပြောင်း ပြန်ဖြစ်နေတာ အမှန်ပါပဲ”


စုလင် လီကောချိုက်အား ပြောလိုက်သည်။


"ကျန်းချွေ့ဟွာက သူနဲ့ ခင်ဗျားရဲ့အလုပ်ချိန်မှာ ကွာဟမှုရှိတယ်လို့ အတင်းအကြပ်ပြောလာတဲ့အတွက် ခင်ဗျားကို လောလောဆယ် လုပ်ခပေးချေလို့မရသေးပါဘူး”


လီယွဲ့အာ မျက်မှောင်ကုပ်လိုက်ပြီး အသံမြှင့်ကာပြောသည်။


"ကျွန်မ နေ့တိုင်း လက်နဲ့မှတ်တမ်းတင်ပြီး နောက်တနေ့မှာ ရှောင်းရီကို ကွန်ပျူတာထဲထည့်ခိုင်းထားတာ၊ ဘယ်လိုလုပ် အမှားရှိနိုင်မှာလဲ ?”


ရှောင်းရီမှာ ကွန်ပျူတာရှေ့တွင် ထိုင်နေသော စာရေးမဖြစ် သည်။ လီယွဲ့အာ သူမအကြောင်းပြောသောအခါ သူမ အသံတိုးဖြင့် ပြန်ပြောလိုက်သည်။


"ညွှန်ကြားရေးမှူးလီက ကျွန်မကို စာရင်းတွေပေးပါတယ်၊ ကွန်ပျူတာထဲမှတ်တမ်းတင်ပြီးနောက် သုံးကြိမ်ပြန်စစ်ဆေးပါတယ်၊ အမှားအယွင်း လုံးဝမရှိစေရဘူးလို့ အာမခံပါတယ်”


စုလင် ရေနွေးဗူးအဖုံးအား လှည့်ပိတ်လိုက်ပြီး ထရပ်ကာ ရှောင်းရီအား မေးလိုက်သည်။


"မင်း စာရင်းသွင်းတာ ဘယ်ဆော့ဖ်ဝဲကိုသုံးလဲ ?"


ရှောင်းရီ ကွန်ပျူတာမျက်နှာပြင်ပေါ်ရှိ WPS Office အိုင်ကွန်အား မောက်စ်ဖြင့်နှိပ်လိုက်သည်။


"ဒီထဲက Excel ဇယားပါ"


စုလင် နားလည်သွားသည်။ သူမအား မတ်တတ်ရပ်ခိုင်းပြီး ကိုယ်တိုင် ကွန်ပျူတာရှေ့ဝင်ထိုင်လိုက်သည်။ သူ မောက်စ်အား ခန့်ညားစွာကိုင်ကာ စာရင်း၏ အသေးစိတ်ဇယားကို ရှာဖွေပြီး နှစ်ချက်ကလစ်နှိပ်၍ ဖွင့်လိုက်သည်။


"ရှောင်စု၊ မင်း..." လီယွဲ့အာ ရှုပ်ထွေးသောမျက်နှာဖြင့် ပိုမိုနီးကပ်စွာတိုးကြည့်လိုက်သည်။


"ကျန်းချွေ့ဟွာနဲ့ လီကောချိုက်တို့ စိတ်ပူနေကြတာဆိုတော့ အသေးစိတ်ကို အရင်စစ်ဆေးကြည့်ရအောင်ပါ”


စုလင် ကျွမ်းကျင်စွာ WPS ဆော့ဖ်ဝဲထဲဝင်လိုက်သည်။ ဆော့ဖ်ဝဲ အကောင့်ဝင်ထားသည်ကို သတိထားမိလိုက်ရာ သူ့နှုတ် ခမ်းထက် အပြုံးသေးသေးလေးဖြစ်ပေါ်လာရသည်။


မူလက သူ လီယွဲ့အာအား မျက်နှာသာပေးပြီး ကျန်ရွာသားများနှင့်အရင်ရှင်းကာ၊ ထိုနှစ်ယောက်အား သီးသန့် ရှင်းလင်းပေးရန်စီစဉ်ခဲ့သည်။ သို့သော် သူမ အပြစ်ကင်းစင်သည်ဟု ယုံကြည်မှုအပြည့်ဖြင့် တုံ့ပြန်နေသဖြင့် စုလင်လည်း နောက် ဆုတ်ပေးတော့မည် မဟုတ်ပေ။


သူ ကျန်းချွေ့ဟွာအား အပြည့်အဝမယုံကြည်သော်လည်း လီကောချိုက် မျက်နှာထက်အပြစ်ရှိသည့် အရိပ်အယောင်များကိုမူ အထင်းသားတွေ့နေရသည်။ သူ ငတုံးမဟုတ်ပေ။


 á€œá€Žá€šá€˝á€˛á€ˇá€Ąá€Źá€‘လ လျှို့ဝှက်ရည်ရွယ်ချက်များ ရှိနေပါက ကွန်ပျူ တာပေါ်ရှိ အသေးစိတ်အချက်အလက်များအား ပြုပြင်ဖျက် ဆီးထားပြီးသားဖြစ်လိမ့်မည်။ ထို့ကြောင့် ပုံနှိပ်ထားသော ဇယားသည်သာ အကောင်းဆုံးသက်သေဖြစ်ပေမည်။ သို့ သော် သူမ ကွန်ပျူတာနှင့်ပတ်သက်၍ အပေါ်ယံဗဟုသုတသာရှိနိုင်သည်။ အထူးသဖြင့် WPS တွင် Cloud စနစ်ပါရှိပြီး လွန်ခဲ့သည့် တစ်လစာမှတ်တမ်းဗားရှင်းများအား ရှာဖွေနိုင် သည်ကို သူမ သိချင်မှသိပေမည်။


"စစ်ဆေး၊ စစ်ဆေး၊ သေချာ စစ်ဆေးလိုက်ပြီး သူ့ကို ကြည့်ခိုင်းလိုက်ပါ”


လီယွဲ့အာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ မနေ့က နေ့လယ်ပိုင်းတွင် သူမ ရှောင်းရီအား ဇယားကိုကြိုတင်ပြင် ဆင်ခိုင်းထားပြီး အချက်အလက်အသစ်များဖြင့် အဟောင်းများကိုထပ်ပြင်ခဲ့သည်။ ထို့ကြောင့် မည်သူမှစစ်ဆေးနိုင်မည်မဟုတ်ဟု သူ ယူဆခဲ့သည်။


ရှောင်းရီမှာ ကျေးရွာကော်မတီစာရေးမဖြစ်ပြီး အီလက်ထ ရွန်နစ် စာရွက်စာတမ်းများကိုင်တွယ်သော်လည်း သူမ၏ ကွန်ပျူတာကျွမ်းကျင်မှုမှာ အကန့်အသတ်သာရှိသည်။ ထို့ကြောင့် စုလင် ကျွမ်းကျင်စွာဖြင့် တစ်လစာမှတ်တမ်းများအား ရှာဖွေလိုက်သည်ကိုမြင်သောအခါ သူမ မျက်နှာဖြူဖပ် ဖြူရော်ဖြစ်သွားသည်။


စုလင်သည် ယနေ့၊ မနေ့၊ တစ်နေ့ကနှင့် တစ်နေ့ကျော်က စာရွက်စာတမ်းများအား ဖွင့်လိုက်သည်။ သူ ကျန်းချွေ့ဟွာနှင့် လီကောချိုက်တို့၏ မှတ်တမ်းများအား လျင်မြန်စွာရှာ ဖွေပြီး ဇယားလေးခုလုံးကို တစ်ခုချင်းနှိုင်းယှဉ်ကြည့်လိုက်သည်။


“ညွှန်ကြားရေးမှူးလီ၊ ဒီမှာ ကြည့်ပါဦး၊ တစ်နေ့ကျော်က မှတ် တမ်းတွေအထိ ကျန်းချွေ့ဟွာရဲ့အလုပ်ချိန်တွေအားလုံးက တစ်နေ့ကို ရှစ်နာရီဖြစ်နေတယ် ဒါပေမဲ့ မနေ့က နေ့လယ်ထသုံးနာရီမှာ သူ့ရဲ့အလုပ်ချိန်တွေက ခြောက်နာရီဖြစ်သွားတယ်”


လီယွဲ့အာ ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်စွာအော်ဟစ် လိုက်သည်။


"ဒါ... ဒါ ဘယ်လိုဖြစ်ရတာလဲ ? ဘာတွေဖြစ်ခဲ့တာလဲ ? ရှောင်းရီ၊ မနေ့က ငါ နင့်ကို လူတိုင်းရဲ့ စုစုပေါင်းအလုပ်ချိန်ကို တွက်ချက်ခိုင်းတာ၊ နင် မှားပြီး ကျန်းချွေ့ဟွာနဲ့ လီကောချိုက်ရဲ့ အလုပ်ချိန်တွေကို ပြောင်းပြန်ထည့်လိုက်တာလား ? နင် ဒီလောက်တောင် ပေါ့ဆရသလား! တစ်လကို ယွမ်ရှစ်ရာရနေတာ၊ နင် ငါ့အတွက် ဒီလိုပဲ အလုပ်လုပ်ပေးတာလား ?


ရှောင်းရီ၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ သူမ အဝတ်အနားစအားကို လက်ချောင်းများဖြင့် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့ကာ လီယွဲ့အာ၏ဆူပူမှုကို ငြိမ်သက်စွာ ခံယူနေရသည်။


“ကျွန်... ကျွန်မ တောင်းပန်ပါတယ်၊ ညွှန်ကြားရေးမှူးလီ၊ ကျွန်မ... မှားသွားပြီး လူတိုင်းကို နားလည်မှုလွဲစေခဲ့ပါတယ်...”


သူမ အသံတုန်ရီစွာဖြင့် ပြောလိုက်သည်။


မိမိကိစ္စရှင်းလင်းသွားသည့်အတွက် ကျန်းချွေ့ဟွာမှာ အလွန်ပင် ဝမ်းမြောက်သွားပြီး စုလင်အား လေးစားစွာကြည့်နေ သည်။ လီယွဲ့အာ ရှောင်းရီအား ဆူပူနေသည်ကိုကြားသော အခါ သူမ နှုတ်ခမ်းကိုမဲ့လိုက်ပြီး ရိုင်းစိုင်းစွာပြောလာသည်။


 â€œá€Šá€˝á€žá€”á€şá€€á€źá€Źá€¸á€›á€ąá€¸á€™á€žá€°á€¸á€œá€Žá€€ ကျွန်မ နေ့လယ်စာစားဖို့ အိမ်ပြန်တယ်လို့ ခုနကပဲ အခိုင်အမာပြောခဲ့တာ မဟုတ်ဘူးလား ? အခုကျမှ ရှောင်းရီမှားတာလို့ ဘာလို့ပြောရတာလဲ?”


အခြားရွာသားများကလည်း တိုးတိုးတိတ်တိတ်ပြောဆိုနေကြသည်။ မျက်နှာပျက်နေသော လီယွဲ့အာမှာ စားပွဲပေါ်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။


 â€œá€œá€°á€”သစ်ရဏကဝ္ဏ်ကို နေ့တိုင်း မှတ်တမ်းတင်နေရတာ၊ တခါတလေမှားတာ ပုံမှန်မဟုတ်ဘူးလား? ငါက နောက်ဆုံးထွက်လာတဲ့ ဇယားကိုပဲကြည့်လိုက်မိတာ၊ ရှောင်းရီကြောင့် မှားခဲ့တာ!”


ယခုအခါ အပြစ်ပုံချခံရသူ ဖြစ်သွားသည့် ရှောင်းရီသည်မျက်ရည်များအား တိတ်ဆိတ်စွာသုတ်နေလေသည်။ ညွှန်ကြားရေးမှူးလီမှ သူမ၏လစာကိစ္စအား ထုတ်ပြောလိုက်ခြင်းမှာ သိသာသော ခြိမ်းခြောက်မှုပင်။ အကယ်၍ သူမ သတ္တိရှိရှိ ဤအဖြစ်အပျက်အား ဖော်ထုတ်ရဲလျှင် လစာရဖို့မေ့လိုက်ရတော့မည်။


စုလင် အရာအားလုံးကို စောင့်ကြည့်နေသော်လည်း ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ သူ စုစုပေါင်းဇယားအသစ်အား ပြန်လည် ပုံနှိပ်ထုတ်လိုက်ပြီး ထိုင်ခုံတွင်ပြန်ထိုင်သည်။ ထို့ နောက် နာရီအားကြည့်လိုက်သည်။


“နေ့လယ်စာ စားချိန်ရောက်တော့မယ်၊ နေ့လယ်စာစားဖို့ အိမ်မပြန်ခင် လုပ်ခတွေ အရင်ရှင်းလိုက်ကြရအောင်” 


လီယွဲ့အာ စုလင်အား ခိုးကြည့်လိုက်သည်။ သူ ထိုကိစ္စအား ဆက်လက်မလုပ်ဆောင်တော့သည်ကို မြင်သောအခါ သူမ ရင်ထဲမှ အနည်းငယ်ပေါ့သွားခဲ့သည်။


လုပ်ခများပေးချေပြီးနောက် စုလင် ကျေးရွာကော်မတီမှ ထွက်ခွာ၍ အိမ်သို့ဦးတည်လိုက်လေသည်။