အပိုင်း ၂၉
Viewers 18k

Chapter 29


ရှောင်လွီသည် သူ၏ အာဟာရဖျော်ရည်များကို အများအပြား လုယူသွားခဲ့သော်ငြား ကျောက်လင်းယွီက ထပ်ပြီး ပြင်ဆင်ပေးခဲ့သဖြင့် ရမ်ရှန့်၏ ခံစားချက်မှာ သိသိသာသာပင် တိုးတက်လာတော့သည်။ 


သူသာ ဆန္ဒရှိပါလျှင်‌ ရေချိုးကန်ထဲမှ အာဟာရဖျော်ရည်များအားလုံးကို အချိန်တိုအတွင်း စုပ်ယူနိုင်သော်ငြား ကျောက်လင်းယွီက သူ့အတွက် ပြင်ဆင်ပေးထားသည်ကို တွေးမိပါလျှင် တစ်ကြိမ်တည်း အကုန်သောက်မပစ်ချင်တော့။ ထို့ကြောင့် ကန်ထဲတွင် အိပ်ရင်း တစ်ဖြေးဖြေး စုပ်ယူရန် ဆုံးဖြတ်လိုက်သည်။ 


အာဟာရဖျော်ရည်ကန်ထဲတွင် လှဲနေရသည့် ခံစားချက်မှာ ထူးကဲလွန်းလှ၍ ကြာလေလေ ဇိမ်ကျလာလေဖြစ်သည်။ တစ်ဖြေးဖြေး အိပ်မောကျလုဆဲဆဲတွင် အပြင်ဘက်မှ ပျံ့နှံလာ‌သည့် သန့်စင်မြေ၏ ရနံ့ကို ရလိုက်တော့သည်။ 


မူလကမူ အိပ်မက်‌မက်နေလေသလားဟု တွေးမိသေးသည်။ ကျောက်လင်းယွီကို ပထမဆုံးအကြိမ် တွေ့ခဲ့စဉ်က သန့်စင်မြေ၏ ရနံ့ကို ရခဲ့သော်ငြား နောက်ပိုင်းတွင် ထိုကဲ့သို့ ကောင်းမွန်လှသည့် အနံ့မျိုးကို တစ်ခါမှ မရတော့ချေ။ သို့သော် နှာခေါင်းတရှုံ့ရှုံဖြင့် ဂရုတစိုက် အနံ့ခံပြီးနောက်တွင်တော့  ... ရမ်ရှန့်သည် အဝတ်ပြန်ဝတ်ရန်ပင် သတိမရတော့ဘဲ ဘေးအခန်းသို့ အတုန့်အဆိုင်းမရှိ ပြေးဝင်သွားတော့သည်။ 


ထိုညတွင် ကျောက်လင်းယွီသည် နောက်တစ်ကြိမ် တိုက်ခိုက်ခံလိုက်ရပြန်သည်။ 


ရမ်ရှန့် ကျောက်အိမ်တော်သို့ ရောက်ရှိသည့်နေ့မှစ၍ ကျောက်လင်းယွီတွင် အလစ်တိုက်ခြင်း မခံရသည့်နေ့ဟူ၍ မရှိတော့ချေ။ ရမ်ရှန့်သည် သူ့ကို နေ့ရှိသရွေ့ ပူးကပ်ဖက်တွယ်နေသော်ငြား ယနေ့လိုမျိုး အာစေးမိလောက်သည်အထိ ရှက်စရာကိစ္စမျိုးကိုတော့ မကြုံခဲ့ဖူးပေ။ 


ရမ်ရှန့်က သူ့ကို ခုန်အုပ်တော့မည့်ဟန် ပြလာသောအခါတွင်တော့ ကျောက်လင်းယွီသည် ဘုရားသာ တလိုက်ရတော့သည်။ သို့သော် ရမ်ရှန့်ကတော့ သူလှဲနေသလား မတ်တပ်ရပ်နေသလားပင် ဂရုမစိုက်။ အမြစ်တို့ဖြင့် သူ့တစ်ကိုယ်လုံးကို ကျွမ်းကျွမ်းကျင်ကျင် ရစ်ပတ်ကာ လက်ကောက်ဝတ်ကိုပါ ချည်နှောင်ထားလိုက်သည်။ 


ဒီပုံစံကို ဘယ်လိုများ ပြောရပါ့မလဲ ... 


အစောပိုင်းကမူ ရှောင်လွီသည် ရမ်ရှန့်ကို S/M ပြကွက်ထဲကလိုမျိုး ချည်နှောင်ထားသည်ဟု ‌တွေးခဲ့ဖူးသော်ငြား ယခု တကယ်အချည်ခံနေရသူမှာ သူဖြစ်နေသည်။ 


ထိုသည်သာမက ရမ်ရှန့်၏ ခြေလက်တို့်မှာ အမြစ်ပုံစံ ပြောင်းသွားလေပြီ။ သေချာပေါက် မသက်မသာနှင့် ကြောက်ရွံ့မှုတို့ကို ခံစားသင့်ပါသော်ငြား ရမ်ရှန့်၏ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည့်မျက်နှာသေးသေးလေးကို မြင်လိုက်ရသည့်အပြင်  သူ့ဂျင်ဆင်းနံ့ကို ရနေသောကြောင့်  စိတ်မကြည်မလင် ဖြစ်‌ရမည့်အစား ပို၍ပင် သက်တောင့်သက်သာ ရှိလာသလို ခံစားမိတော့သည်။ 


သက်တောင့်သက်သာ ဖြစ်သည်ဆိုသော်ငြား သူ့အဝတ်ထဲတွင် ဟိုဟိုသည်သည် ထိတွေ့နေသော အမြစ်တို့်မှာတော့ မသင့်တော်လှချေ။ 


သူ၏ လတ်တလော ခွန်အားနှင့်ဆိုလျှင် ထိုအမြစ်များမှ ရုန်းထွက်ရန်မှာ မခဲယဉ်းလှချေ။ သို့သော် ၎င်းတို့မှာ ရမ်ရှန့်၏ အစိတ်အပိုင်း ဖြစ်သည့်အတွက် ရုန်းထွက်ရန် မဆိုထားနှင့်။ အသက်ပင် ပြင်းပြင်းမရှူရဲတော့ချေ။ 


"ရမ် မလုပ်နဲ့တော့ ..." 


"လင်းယွီ ..." 


ရမ်ရှန့်က သူ့ကို မေးခွန်းထုတ်လိုဟန်ဖြင့် ပြန်ကြည့်လိုက်သော်ငြား လှုပ်ရှားမှုတို့ကိုတော့ နာနာခံခံဖြင့်ပင် ရပ်တန့်ပေးလိုက်သည်။ သန့်စင်မြေသည် ထွက်ပြေးနိုင်သောအရာ မဟုတ်သည့်အတွက် အလျင်မလိုချေ။ 


"ကိုယ်ရေချိုးမလို့ ထွက်သွားပေးဦးနော် ..." 


သူ့အမူအယာတို့မှာ တင်းတောင့်နေသည်။ 


ရမ်ရှန့် ဒီထဲကို ဝင်လာတုန်းက သန့်စင်မြေတွေ အများကြီးပဲလို့ ပြောခဲ့သေးတယ် ဒါပေမယ့် ဟိုကျင့်ကြံရေးနည်းလမ်းကို ရပ်တန့်လိုက်ပြီဆိုရင်တောင်မှ သန့်စင်မြေက ဘယ်လိုလုပ် အများကြီး ရှိနိုင်မှာလဲ သူ့ကိုယ်ကနေ အပိုထွက်လာတာဆိုလို့လည်း ... မျိုးမြတ်ရည်တွေပဲ ရှိတာကို မဟုတ်မှလွဲရော အဲ့ထဲမှာ သန့်စင်မြေတွေ အများကြီး ပါနေတာများလား ... 


"အရင်ဆုံး သန့်စင်မြေကို စုပ်ယူလိုက်ဦးမယ်လေ ပြီးမှ ရေချိုးပါလား ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


ကျောက်လင်းယွီသည် ဘာကြောင့် ညဉ့်နက်သန်းခေါင်မှ ရေထချိုးလိုသလဲ မသိသော်ငြား သူ့ကို တားမြစ်ရန် အ‌တွေးမရှိပေ။ ဒါပေမယ့် အရင်ဆုံး သန့်စင်မြေကို သူ့လက်ထဲရောက်အောင် လုပ်ရဦးမှာပေါ့ ... 


ရမ်ရှန့်၏ အမြစ်တို့က သူ့ဘောင်းဘီထဲ လူးလာယှက်ကူးလာတော့သည်။ ကျောက်လင်းယွီသည် တားမြစ်လိုက်ချင်သော်ငြား ရမ်ရှန့်မှာ သန့်စင်မြေကို မစုပ်ယူနိုင်တော့၍ တမှိုင်တွေတွေ ဖြစ်နေသည်ကို စဉ်းစားမိလျှင် မတားရက်တော့ပေ။ 


ရမ်ရှန့်၏ အေးစက်စက်အမြစ်တို့က သူ့အရေပြားပေါ် ပွတ်တိုက်သွားကာ သူ့ခွကြားရှိ စေးကပ်နေမှုတို့က ချက်ခြင်း ပျောက်ကွယ်သွားတော့သည်။ ထိုအမြစ်များသည် လူသားသွင်ပြင်နှင့် လုံးဝ ကွဲပြားနေသော်ငြား ၎င်းတို့မှာလည်း ရမ်ရှန့်၏ လက်များသာ ဖြစ်သည်ဟု တွေးလိုက်မိချိန်တွင် သူ့ညီလေးသည် တစ်ဖန်နိုးကြွလာပြန်တော့၏။ 


ကျောင်လင်းယွီသည် ဒဏ်ရာရရှိပြီးကတည်းက တစ်ခါမှ မ‌ဖြေလျှော့ရသေး။ သူ့စိတ်ကို ချုပ်တည်းထားရသည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်သည့်အတွက် ဆယ်ကျော်သက်လေး၏ လှုပ်လှုပ်ရွရွဖြစ်နေသော လက်များနှင့် ကြုံတွေ့လိုက်ရချိန်တွင်တော့ ချက်ခြင်းပင် ထုတ်လွှတ်တော့မတတ် ဖြစ်လာတော့သည်။


မသိစိတ်၏ စေ့ဆော်မှုကြောင့် ဆန္ဒတို့ကို ချုပ်တည်းထားလိုက်ရသည်။ 


ထိုသည်ကို မြင်လိုက်ကာမှ သူ့ကို တစ်ချိန်လုံး စိတ်အနှောင့်အယှက်ပေးကာ သန့်စင်မြေဟု ပြော၍ရသည့် သူ့ခန္ဓာကိုယ်မှ အရည်များကို အာဟာရအဖြစ် စုပ်ယူသွားသော ရမ်ရှန့်လည်း စိတ်ကျေနပ်သွားတော့သည်။ 


သို့သော် သိပ်မကြာခင်တွင်ပင် မျက်မှောင်ကြုတ်ကာ ထရပ်လိုက်သည်။ 


လူသားပုံစံ ပြောင်းသွားပြီဖြစ်သော်ငြား ခြေထောက်များမှာတော့ သူ့ကို ရစ်ပတ်ထားရန် အမြစ်ပုံစံဖြင့်သာ ရှိနေသေးသည်။ ရမ်ရှန့်သည် ပြတင်းပေါက်အနီးသို့ သွားကာ တင်းတင်းကျပ်ကျပ် ပိတ်ထားသော တံခါးကို အပေါက်‌သေးသေးလေး ဟလိုက်သည်။ 


နွယ်ပင်က ထိုအပေါက်မှ ဝင်လာကာ ၎င်း၏ စုပ်ခွက်သေးသေးလေးသည် ပြတင်းပေါက်နံရံတွင် တင်းတင်းကြပ်ကြပ် ကပ်တွယ်ထားသည်။ 


"ထွက်သွား ငါ့အပိုင်တွေကို ခိုးဖို့ စဉ်းစားရဲစဉ်းစားကြည့် အစိတ်စိတ်အမွာမွာဖြစ်အောင်ကို လုပ်ပစ်မှာ ..." 


ရမ်ရှန့်က အေးစက်စက် ပြောလိုက်သည်။ 


ရနံ့ကို ပိတ်ဆို့ထား၍ မရသည့်အတွက် အခြားသူများက လိုချင်စိတ်ဖြစ်သည်ကို စိတ်မရှိသော်ငြား သူ့အပိုင် သန့်စင်မြေကို လုယူရန် ကြံစည်နေခြင်းကိုတော့ လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ _ 


ကျောက်လင်းယွီက ငါ့အပိုင်ပဲ .

29.2


ရှောင်လွီလည်း ကြောက်အားလန့်အားဖြင့် နောက်ကြောင်းပြန်ဆုတ်သွားလိုက်ရတော့သည်။ 


"ရှောင်လွီရောက်လာတာ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


"သန့်စင်မြေရဲ့ အနံ့ကို ရလို့ထင်တယ် ဒါပေမယ့် သူ့ကို တစ်မှုန်လေးတောင် မပေးနိုင်ပါဘူး ..." 


အစောပိုင်းကမူ ကျောက်လင်းယွီ၏ ကိုယ်ထဲရှိ သန့်စင်မြေနံ့မှာ ဖျော့လွန်းလှသည့်အပြင် အပင်ဝိဉာဉ်တို့အတွက် များစွာ အကျိုးပြုသော ရမ်ရှန့်၏ ဂျင်ဆင်းနံ့က ဖုံးလွှမ်းနေသည့်အတွက် ရှောင်လွီသည် သူ့ကို ကပ်တွယ်နေခြင်းဖြစ်သည်။ သို့သော် ယခုတွင် သန့်စင်မြေ၏ ရနံ့မှာ ပိုပြီး ပြင်းထန်လာသည့်အတွက် ရှောင်လွီသည်လည်း သေချာပေါက် အနံ့ရမည်ဖြစ်သည်။ သို့မဟုတ်ပါလျှင် ညလယ်ခေါင်တွင် ပြတင်းပေါက်ကို လာခေါက်လိမ့်မည် မဟုတ်ချေ။ 


"ကိုယ်ကလည်း မပေးပါဘူး ဒါတွေအကုန်လုံးက မင်းအပိုင်ပဲ ..." 


ကျောက်လင်းယွီကလည်း ထိုသန့်စင်မြေ၏ မူလရင်းမြစ်ကို ပြန်စဉ်းစားရင်း အလောတကြီး ပြောလိုက်သည်။ 


"ဟုတ်တယ် အကုန်လုံးကို ကျွန်တော့်ကိုပဲ ပေး ..." 


ဘဝင်ခိုက်နေသော မျက်နှာလေးဖြင့် ရမ်ရှန့်က သူ့ကို မေးလိုက်သည်။ 


"အဲ့ဒီဟာတွေက ဘာတွေလဲ ..." 


ရမ်ရှန့်သည် ငယ်ရွယ်လွန်းသေးသည်ဟု ထင်ခဲ့မိသဖြင့် သူ့ကွန်ပျူတာကိုပင် အသက်မပြည့်သေးသူအဖြစ် စာရင်းသွင်းပေးခဲ့မိသည်ကို သတိရလိုက်မိသည်။ ထို့ကြောင့် ရမ်ရှန့်မှာ ထိုကဲ့သို့ မသင့်လျော်သော ဗီဒီယိုများကို ကြည့်ရန် အခွင့်အရေး မရှိသည့်အပြင် အပင်မျိုးစိတ်ဖြစ်သည့်အတွက် ထိုကဲ့သို့ လိင်စိတ်မျိုး ရှိမနေမည်ကိုလည်း စိုးရိမ်မိသေးသည်။ 


"အဲ့ဒါက မင်းရဲ့ ဂျင်ဆင်းစေ့တွေလိုပဲ ..." 


ကျောက်လင်းယွီက လှီးလွဲပြောလိုက်သည်။ 


"ဒါဆို ..." 


ရမ်ရှန့်၏ စိတ်ကောင်းဝင်နေမှုက ရုတ်ခြည်း ပျောက်ကွယ်သွားတော့သည်။ 


"ဒါက နည်းလွန်းတယ်..." 


သူ့အဖို့ ပန်းပွင့်ကာ ဂျင်ဆင်းစေ့များ ထွက်ပေါ်လာစေရန် နှစ်ရှည်လများ စောင့်ဆိုင်းရသည်ဖြစ်ရာ ကျောက်လင်းယွီသည်လည်း သူ့လိုမျိုးသာ ဆိုပါလျှင် သန့်စင်မြေကို ဝဝလင်လင် စားသုံးနိုင်ရန် ဘယ်လောက်စောင့်ရမည်မှန်း မခန့်မှန်းတတ်တော့ပေ။ 


"နည်းလွန်းတယ် ဟုတ်လား ..." 


ကျောက်လင်းယွီမှာ ဆွံ့အသွားတော့သည်။ 


ဒါ ဘာကို ဆိုလိုချင်တာလဲ။ ရမ်ရှန့်က သူ့ရဲ့ စွမ်းဆောင်ရည်ကို သဘောမကျဘူးဆိုတဲ့ သဘောလား ... 


"အစေ့တွေထုတ်ဖို့ အချိန်ဘယ်လောက်ကြာလဲ ..." 


ရမ်ရှန့်က လူသားများသည် သူနှင့် မတူနိုင်ဟု တွေးမိသွားသည်။ 


သူက ရမ်ရှန့်၏ စကားများကို သူ့စိတ်တိုင်းကျ အဓိပ္ပါယ်ကောက်ကာ တစ်ခဏ စဉ်းစားပြီး ပြောလိုက်သည်။ 


"တစ်လကို တစ်ကြိမ်နှစ်ကြိမ်လောက်ပေါ့ ..." 


စစ်တပ်ထဲတွင် နေခဲ့ရစဉ်က သူ့တွင် ဖြေလျှော့ရန်ပင် အချိန်မရှိခဲ့။ ထိုကိစ္စမှာ ကြိမ်နှုန်းနှင့်သာ သက်ဆိုင်ရာ အကယ်၍ သူ့တွင်သာ လက်တွဲဖော်ရှိပါလျှင် တစ်နေ့လျှင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လုပ်နိုင်မည်ဟု ယုံကြည်ထားသည်။ 


လူတွေက လတိုင်း အသီးသီးနိုင်တယ်ပေါ့ အံ့ဩစရာပဲ ... 


"ဒါဆိုရင်တောင် လုံလောက်နေပါပြီ ဒါပေမယ့် ပိုများရင်တော့ ပိုကောင်းမှာ ..." 


တစ်လတစ်ကြိမ်ဆိုပါလျှင် တွေ့ဆုံခြင်းကို အဆုံးသတ်ရန်သာ ရှိပါသော်ငြား သူသာ ကုန်စင်အောင် မသုံးနိုင်သေးလျှင် သိမ်းထားနိုင်မည်ဖြစ်သည်။ 


"အဲဒါက အခြေအနေပေါ်မှာပဲ မူတည်တာ ကိုယ်လည်း ကျိန်းသေတော့ အာမမခံနိုင်ဘူး ဥပမာပြောရရင် ကိုယ်ဒဏ်ရာရနေတဲ့ အချိန်တုန်းကဆို မရှိ ..." 


သူက ရမ်ရှန့်ကို ခိုးကြည့်ကာ ရှက်ကို့ရှက်ကန်းဖြင့် ချောင်းဟန့်လိုက်သည်။  သူက ဘာတစ်ခုမှ နားမလည်သေးတဲ့ ဆယ်ကျော်သက်ကလေးနဲ့ ပြောနေမိတာပဲ ... 


"အိုး .. ဒါဆို အများကြီးထုတ်ဖို့ နည်းလမ်းရှာထားရမယ်နော် ..." 


ရမ်ရှန့်က လေးလေးနက်နက် ပြောလိုက်သည်။ 


"ကိုယ် ကြိုးစားပါ့မယ် ..." 


သူက ပြောလိုက်သည်။ သို့သော် သူ့တွင် ကြိုးစားရန်ပင် အခွင့်အရေး ရှိမနေကြောင်းကိုလည်း နားလည်ထားပြီးဖြစ်သည်။


သူ့ခွန်အားကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးသည့်အတွက် ဖြေလျော့ရန်မှာလည်း မဖြစ်နိုင်ပေ။ အခြားသူကိုလည်း မရှာလိုသည့်အတွက် ရမ်ရှန့်ကို စောင့်ခိုင်းရုံသာ ရှိတော့သည်။ 


သူ့ထံမှ ကတိရပြီးနောက် ရမ်ရှန့်လည်း အာဟာရပျော်ရည်ထဲ စိမ်ရန် ပျော်ပျော်ကြီး ပြန်သွားတော့သည်။ ရေချိုးချင်သော ကျောက်လင်းယွီမှာလည်း သူ့ကိုယ်တွင် ဂျင်ဆင်းနံ့ဖျော့ဖျော့ ကပ်ငြိနေသည်မှလွဲ၍ သန့်ရှင်းနေပြီဖြစ်ကြောင်း သိလိုက်ရသည့်အတွက် အိပ်ယာပေါ်တွင်သာ ပြန်လှဲလိုက်တော့၏။ 


ရမ်ရှန့်တွင် သန့်စင်မြေအရင်းအမြစ် ရှိလာပြီဖြစ်သည့်အတွက် သူလည်း ပြန်ကျင့်ကြံနိုင်တော့မည် ဖြစ်သည်။ ဒါပေမယ့် သန့်စင်မြေအရင်းအမြစ်က ဘာလို့ ဒီလိုပုံစံကြီး ဖြစ်နေရတာလဲ ... 


ရမ်ရှန့်သာ သူလိုချင်သော သန့်စင်မြေကို ဤနည်းဖြင့်သာ ရနိုင်ပါလျှင် ကျောက်လင်းယွီအဖို့လည်း သူမှတစ်ပါး အခြားလက်တွဲဖော်ရှာရန် မဖြစ်နိုင်တော့ချေ။ ဂျင်ဆင်းဝိဉာဉ်က သန့်စင်မြေဟု တစာစာအော်ကာ သူ့အိပ်ယာပေါ် တက်လာခြင်းသည် ထူးဆန်းလှသော်ငြား အကယ်၍  သူ့ပါတနာနှင့်  လူးလှိမ့်နေချိန်သာဆိုလျှင် ပို၍ပင် ကသိကအောက်နိုင်ပေလိမ့်မည်။ 


ကျောက်လင်းယွီသည် သူ့အတွေးတို့ကို ပြန်ရယ်မောရင်း မျက်မှောင်ကြုတ်လိုက်သည်။ ရမ်ရှန့်သာ တစ်ခြားတစ်ယောက်ရဲ့ ပစ္စည်းနဲ့ ပတ်သက်မယ်ဆိုရင် ... သူသည် တွေးရုံမျှဖြင့်ပင် စိတ်ဒုက္ခရောက်လာတော့၏။ 


ရမ်ရှန့်သာ ငယ်ရွယ်မနေပါလျှင် သူ့ကို ဖြေလျှော့ရန် ကူညီပေးနိုင်မည်ဖြစ်သည်။ သူ့လက်ချောင်းများမှာ ချောမွေ့အိစက်ကာ အမြစ်များမှာလည်း ... 


ရမ်ရှန့်၏ အမြစ်များက သူ့ညီငယ်လေးကို ရစ်ပတ်ထားသည်အား စိတ်ကူးယဉ်မိလိုက်ချိန်တွင် စိတ်လှုပ်ရှားလွန်း၍ ချွေးအေးပြန်လာတော့သည်။ 


သူ့ရဲ့ ခံစားသက်ဝင်နိုင်စွမ်းတွေကတော့ ပျက်စီးကုန်ပြီပဲ ... 


ထိုညနေခင်းတွင် ရမ်ရှန့်က စိတ်ကျေနပ်သွားပြီး ကျောက်လင်းယွီမှာတော့ အခက်တွေ့‌လျက် ကျန်နေခဲ့သည်။ မစ္စတာထန့်ထံ ပြန်သွားသော ရှောင်လွီသည်တော့ ခြံဝင်းထဲရှိ သတ္ထုအိမ်၏ ပြတင်းပေါက်ကိုသာ ဝမ်းနည်းပမ်းနည်းဖြင့် ကြည့်နေရတော့သည်။ 


ထိုအနံ့သည် သူ့အတွက်သာ အကျိုးထူးသည်မဟုတ်။ သူ့အဖေအတွက်လည်း လွန်စွာ အသုံးဝင်မည်ဖြစ်သည်။ စိတ်လှုပ်ရှားစရာ အနံ့တစ်ခုကို ရလိုက်သော်ငြား သူနှင့် မျိုးနွယ်တူသူက အနားပင် ကပ်ခွင့်မပေးချေ။ 


ဝမ်းနည်းမှုကို ပြသသည့်အနေဖြင့် မျက်ရည်စက်တို့က အရွက်ကြားမှ စီးကျလာသည်။ ရှောင်လွီသည် တစ်ဖက်လှည့်ကာ မစ္စတာထန့်၏ နှစ်သိမ့်မှုကို ခံလိုသော်ငြား လူအိုကြီးမှာတော့ အိပ်မောကျနေလေပြီ။ ရွေးစရာမရှိတော့သည့်အဆုံးတွင် သူ့လက်မောင်းထဲ တိုးဝင်ကာ အိပ်စက်လိုက်ရတော့၏။ 


xxxxxx