အပိုင်း ၃၈
Viewers 18k

Chapter 38


ကျောက်လင်းယွီကို ခြောက်လှန့်မိမည်ကို စိုးရိမ်သဖြင့် ရမ်ရှန့်သည် ဂျင်ဆင်းပုံစံသို့ အပြည့်အဝ မပြောင်းလဲ။ သူ့ခေါင်းပေါ်မှ ပန်းကိုသာ ထုတ်ပြလိုက်သည်။ 


သူ့ခေါင်းထိပ်မှ အစိမ်းရောင်အဖုလေးဖုမှာ မလှသော်ငြား ကျောက်လင်းယွီကတော့ ကြည့်လေလေ သဘောကျလေလေပင်ဖြစ်သည်။ 


"ပန်းတွေက မင်းကို ဘာမှတော့ မသက်ရောက်ဘူးမဟုတ်လား ..." 


သူက မေးလိုက်သည်။ 


"မဖြစ်ပါဘူး သူတို့က အာဟာရတွေ ပိုစုပ်ယူရုံပဲရှိတာ ကြည့်ပါဦး မလှဘူးလား ..." 


ရမ်ရှန့်က ပြုံးကာ မေးလိုက်သည်။ 


"တကယ်ကို ..." 


သူက ရမ်ရှန့်၏ အဖုလေးတစ်ဖုကို ထိကြည့်လိုက်သည်။ 


ရမ်ရှန့်မှာ  တစ်ကိုယ်လုံး တုန်ယင်သွားသော်ငြား သူ့လက်ကိုတော့ မဖယ်လိုက်ပေ။ ထို့နောက်တွင်တော့ ကျောက်လင်းယွီ၏ အထိအတွေ့မှာ အတော်ကို ဇိမ်ကျကြောင်း သတိထားမိလိုက်သည်။ 


ကျောက်လင်းယွီ၏ ခါးကို ဆွဲဖက်ကာ သူ့ဗိုက်နားသို့ မျက်နှာကို အပ်ထားလိုက်သည်။ ရမ်ရှန့်၏ မျက်နှာမှာ တစ်စထက်တစ်စ နီမြန်းလာသော်ငြား သူ့ကိုတော့ မငြင်းဆန်ခဲ့ချေ။ 


ကျောက်လင်းယွီသည် ရမ်ရှန့်၏ အဖုလေးကို ပွတ်နေသော်ငြား များများစားစား အတွေးမပေါက်သေး။ သူ၏ ရဲရဲနီနေသော မျက်နှာကို တွေ့မှသာ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိတော့သည်။ 


ရမ်ရှန့်သည် အရှက်ဆိုတာ ဘာလဲဟု မေးရလောက်သည်အထိ ‌အရေထူသူဖြစ်သည်။ ဒါပေမယ့် အခုကျ ဘာလို့ နီရဲနေတာလဲ။ သူ့ပန်းတွေကို ထိမိလို့လား ... 


ပြီးခဲ့သည့် နှစ်ပေါင်းများစွာက စွန့်ပစ်ခံရ၍ ရူးသွပ်သွားသည့် သူ့လုပ်ဖော်ကိုင်ဖက်တစ်ဦး အမြဲလိုလို အော်ဟစ်နေသည့်စကားများကို အမှတ်ရလိုက်မိတော့သည်။ 


"အပင်တွေရဲ့ မျိုးပွားအင်္ဂါက ဘာလဲ ..." 


အပင်တွေရဲ့ မျိုးပွားအင်္ဂါ ... ရမ်ရှန့်ပို့ထားတဲ့ပုံကို တစ်ခြားသူတွေကို မပြမိလို့ တော်သေးတာပေါ့ ... 


ဂျင်ဆင်းပွင့်သည်လည်း ရမ်ရှန့်၏ ရနံ့ကဲ့သို့ နှစ်လိုဖွယ် မွှေးရနံ့တစ်ခုကို ဖျော့ဖျော့လေး ထုတ်လွှင့်ပေးနေသည်။ ကျောက်လင်းယွီသည် သူ့ရှေ့ရှိ အဖုလေး‌ လေးခုကို ကြည့်နေရင်း ချက်ခြင်းကြီး ငုံ့နမ်းလိုက်သည်။ 


သူနမ်းပြီးနောက် ရမ်ရှန့်၏ ပန်းတို့မှာ ပျောက်ကွယ်သွားပြီး သူ့တစ်ကိုယ်လုံးလည်း တုန်ယင်ပျော့ခွေကာ ကျောက်လင်းယွီ၏ ရင်ခွင်ထဲသို့ ပြိုလဲကျသွားတော့သည်။ 


ပန်းများ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသော ကျောက်လင်းယွီကလည်း သူ့ကို ရင်ခွင်ထဲသို့ ပွေ့ထားလိုက်တော့သည်။ ရုတ်တရက် ဘာဆက်လုပ်၍ လုပ်ရမှန်း မသိတော့ချေ။ ရမ်ရှန့်ကို အနိုင်ကျင့်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည့်အတွက် သူသည် ဒီ့ထက်ပိုပြီး မြင်တွေ့ချင်နေသေးသည်။ 


"ဘယ်လိုတောင် နမ်းရဲရတာလဲ ..." 


ရမ်ရှန့်သည် အသက်ကို ပြင်းပြင်းရှူရင်း သူ့ကို ငေးကြည့်ကာ တွေးလိုက်သည်။ တကယ်တမ်းတော့ နမ်းခြင်းသည် ကိစ္စကြီး မဟုတ်ပေ။ သို့သော် အကြောင်းပြချက် မရှိပါဘဲလျက် အနိုင်ကျင့်ခံလိုက်ရသလို ခံစားလိုက်ရတော့သည်။ 


"မင်းလည်း ကိုယ့်ကို ခဏခဏ နမ်းတာပဲလေ ကိုယ်ကကျ နမ်းလို့မရဘူးပေါ့  ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ သူသည် ရမ်ရှန့်ကို ‌နမ်းရန် အနည်းငယ် ရှက်ရွံ့နေသေးသော်ငြား သူ့ပန်းများကို နမ်းရန်တော့ သိပ်ပြီး အတွေးမများပေ။ 


"ဒါပေမယ့် ... ဒါပေမယ့် ..." 


ရမ်ရှန့်မှာ ပြန်လည်ချေပရန် မတွေးတတ်တော့ချေ။ 


"မင်းရဲ့ပန်းလေးတွေက လှတယ်နော် ..." 


သူက စကားလမ်းကြောင်း ပြောင်းလိုက်သည်။ 


"ဟုတ်တယ်နော် ခင်ဗျားရဲ့အတွေးကလည်း အတူတူပဲ မဟုတ်လား ကျွန်တော့်ပန်းတွေက မစ္စတာထန့် စိုက်ထားတာတွေထက် အများကြီး ပိုလှတယ်နော် ..." 


ရမ်ရှန့်က ဝမ်းသာအားရ မေးလိုက်သည်။ 


"မစ္စတာထန့်ရဲ့ ပန်းတွေထက် အများကြီး ပိုလှတာပေါ့ ..." 


သူကလည်း ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ 


"အနာဂတ်ကျလည်း ကိုယ့်ကို ထပ်ပြပေးဦးမှာလား..." 


အစောပိုင်းက ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးပြီးနောက် ရမ်ရှန့်သည် ကျောက်လင်းယွီ၏ ရင်ခွင်ထဲသို့ မျက်နှာအပ်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။

38.2


ကျောက်လင်းယွီ သူ့ကို နမ်းလိုက်ချိန်တွင် ထူးဆန်းကာ ထွက်ပြေးလိုသော်ငြား တစိမ့်စိမ့်တွေးလေ စိတ်သက်သာရာရလာလေပင်ဖြစ်သည်။ နောက်ထပ်ပင် အကြိမ်အနည်းငယ်ခန့် အနမ်းခံလိုစိတ်များ ဖြစ်လာတော့သည်။ 


ကျောက်လင်းယွီသည် ယခင်က အခွင့်အရေး မယူခဲ့သော်ငြား ယခုတော့ မတူတော့ပေ။ သူသည် ရမ်ရှန့်၏ ဆံပင်လေးကို ခပ်ဖွဖွနမ်းကာ အနာဂတ်တွင်လည်း သူ့ကို ပန်းပွင့်များအား ပြပေးရန် ချော့မော့နေသည်။ 


သို့သော်ငြား သူပင် မပြောရသေးခင် ရှန်းချိုးရှစ်၏ စကားသံက ထွက်ပေါ်လာတော့သည်။ 


"ရမ်ရှန့် လင်းယွီ ထမင်းစားချိန်ရောက်ပြီနော် ..." 


ရမ်ရှန့်က ဆံပင်တို့ကို ပြန်ပြင်‌ရင်း အိမ်ထဲသို့ အရင်ဝင်သွားလိုက်သည်။ သူက တံခါးဝရှိ ရှန်းချိုးရှစ်ကိုပင် လှည့်မကြည့်တော့ဘဲ ခပ်သုတ်သုတ် ပြေးဝင်သွားသည်။ 


ငါ့ပန်းတွေက တကယ်ကြီး အနမ်းခံလိုက်ရပြီ ... 


သူတို့ကို ထမင်းစားရန် လာခေါ်သည့် ရှန်းချိုးရှစ်သည် ရမ်ရှန့်၏ ဟန်ပျက်နေသည့် အမူအယာနှင့် သူမသား၏ ကျေနပ်နေဟန် မျက်နှာကြီးကို ကြည့်ရန် တစ်ခုခုက ထူးဆန်းနေ‌သယောင် ခံစားလိုက်ရတော့သည်။ 


သူမသား ပြန်လာသည်မှာ သိပ်မကြာသေးချေ။ သူ့ကြည့်ရတာ တစ်ခုခု မှားယွင်းနေသည့်ပုံလည်း မပေ့ါ်သည့်အတွက် ရမ်ရှန့်ကိုလည်း တစ်ခုခု လုပ်နိုင်မည့်ပုံ မပေါ်ပေ။


အမြဲလိုလို တက်ကြွကာ လက်ရဲဇက်ရဲ ဖြစ်လှသည့် ရမ်ရှန့်ကလည်း ထမင်းစားချိန်အတွင်း သူ့ကို ရှောင်နေသဖြင့် လူတိုင်းမှာ ပဟေဠိဖြစ်ကုန်ကြတော့သည်။ 


ဒီနှစ်ယောက်က နေကုန်နေခန်း ကပ်တွယ်နေကြတဲ့ဟာကို ပြီးတော့ ရမ်ရှန့် ရှက်နေတာမျိုးကိုလည်း တစ်ခါမှ မတွေ့ဖူးပါဘူး ဘာများ ဖြစ်နေကြပါလိမ့် ... 


"ရမ်ရှန့် နေမကောင်းဘူးလား ..." 


မစ္စတာထန့်က စိုးရိမ်တကြီး မေးလိုက်သည်။ 


မူလက ရမ်ရှန့်ကို ရှက်နေသည်ဟု ထင်ခဲ့သော်ငြား အတိတ်က သူ့အပြုအမူများကို စဉ်းစားမိချိန်တွင်တော့ မဖြစ်နိုင်ဟုသာ ခံစားမိတော့သည်။ 


"ရမ် နေမကောင်းဖြစ်နေတာလား ဟုတ်လား ..." 


ရှန်းချိုးရှစ်ကလည်း ပူပန်စွာဖြင့် မေးလိုက်သည်။ 


"ဘာမှမဖြစ်ပါဘူး ..." 


သူက အသက်ကို ပြင်းပြင်းရှူလိုက်သည်။ 


သူ့ပန်းက အနမ်းခံလိုက်ရရုံလေးတင်လေ ဘာမှ မဖြစ်ပါဘူး ... 


ဘာမှ မဟုတ်သော်ငြား လူတိုင်းကတော့ စိုးရိမ်နေကြသည်။ ထမင်းစားပြီးနောက် ခံစားချက်ကောင်းနေသည့် ကျောက်လင်းယွီက ရမ်ရှန့်လက်ကို လှမ်းဆွဲလိုက်သည်။ 


"ကိုယ် ထပ်ပြီး ကြည့်ချင်သေးတယ် ..." 


ရမ်ရှန့်က အံကို တင်းတင်းကြိတ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ 

ကျောက်လင်းယွီ မနမ်းရသေးတဲ့ ပန်းနှစ်ပွင့် ကျန်နေသေးတယ် ... 


ထိုညတွင် ရမ်ရှန့်၏ ပန်းပွင့်ကိုသာ တစ်ချိန်လုံး စဉ်းစားနေသည့် ကျောက်လင်းယွီသည် ပန်းခင်းထဲတွင် လှဲနေရသည်ဟု အိပ်မက်မက်လာတော့သည်။ ပန်းတစ်ပွင့်က သူ့ကို ရုတ်တရက် မျိုချကာ တကျွတ်ကျွတ် ကိုက်စားလိုက်သည်။ ထို့နောက်တွင်တော့ အင်မတန်မှ စိတ်ကျေနပ်စရာ ကောင်းလှသည့် ပွင့်ချပ်တို့ သူ့ခန္ဓာကိုယ်ပေါ်တွင် ပွတ်တိုက်လှုပ်ရှားနေသည်ကို ခံစားမိလိုက်တော့သည်။ 


သူသည် ဂျင်ဆင်းငယ်လေး အပွင့်ပွင့်ရန်အတွက် အာဟာရလုံလုံလောက်လောက် ထောက်ပံ့ပေးရန် နောက်တစ်ကြိမ် အစေ့ထုတ်လိုက်ပြန်သည်။ 


ထိုနေ့မှစ၍ ကျောက်လင်းယွီ၏ နေ့စဉ်ဓူဝကိစ္စတွင် လုပ်စရာတစ်ခု ထပ်တိုးလာတော့သည်။ 


ရမ်ရှန့်ကို သူ့ပန်းပွင့်လေးတွေ ပြခိုင်းပြီးတော့ အဲ့တာလေးတွေကို ဖွဖွလေး ကိုင်ပြီး နမ်းရမယ် ... 


တစ်ချိန်တည်းတွင်ပင် ရှက်ရွံ့သည်ဆိုသည့် အဓိပ္ပါယ်ကို မသိဟု ပြောရလောက်သည့် ရမ်ရှန့်မှာတော့ ရှက်သွေးတို့ဖြင့် နီမြန်းနေတော့သည်။ 


အဖုလေးများမှာ တစ်နေ့ထက်တစ်နေ့ ပိုကြီးလာပြီး လူ့ဘောင်သစ်အထိမ်းအမှတ်နေ့အပြီး တစ်လခန့်အကြာတွင်တော့ ပန်းပွင့်တော့မည် ဖြစ်သည်။ 


"ပန်းပွင့်တော့မှာလား ..." 


သူသည် ရမ်ရှန့်ကို မကြည့်ခင် ပွင့်လွှာများကို ဟိုဟိုသည်သည် တို့ထိရင်း တစ်ပွင့်ချင်းကို ငုံ့နမ်းလိုက်သည်။ 


ရမ်ရှန့်က သူ့ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ကာ သူ့အဝတ်များကို ဆုပ်ကိုင်ထားလိုက်သည်။ စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လည်း နီမြန်းနေတော့၏။ 


ကျောက်လင်းယွီမှာလည်း သူ့အပြုအမူများမှာ မသင့်လျော်ဟု ခံစားလိုက်ရသော်ငြား ရပ်တန့်လိုစိတ်တော့ မဖြစ်ခဲ့ပေ။ 


သူက ပန်းပွင့်လေးကို နည်းနည်းလောက် နမ်းရုံလေးတင်ပါနော် တကယ်ကို နည်းနည်းလေးတင်ပါ ဂျင်ဆင်းပွင့်‌နည်းနည်းလေးကို ... 


"ဟုတ်တယ် ..." 


ရမ်ရှန့်က ပြန်ဖြေလိုက်သည်။ 


"ဂျင်ဆင်းတွေရဲ့ ပန်းပွင့်တဲ့ ကြာချိန်က တစ်နှစ်ဆို မင်းကရော ဘယ်လောက်လောက် ကြာလဲ ..." 


သူက မေးလိုက်သည်။ 


"ကျွန်တော်လည်း မသိဘူး အရင်ကတော့ ပန်းပွင့်ပြီး အစေ့ကျလာဖို့ကို ဆယ်စုနှစ်တစ်စုစာလောက် ကြာတာပဲ ဒီတစ်ခေါက်ကတော့ ပိုမြန်မယ်ထင်တယ် ..." 


အတိတ်ကမူ သူ၏ စိတ်စွမ်းအင် အာဟာရဓာတ်များကို အပွင့်ပွင့်၊အသီးသီးရာတွင် အသုံးမပြုလိုခဲ့။ သို့သော် ဤတစ်ကြိမ်တွင်တော့ တွန့်တိုမနေသည့်အတွက် ပန်းပွင့်နှုန်းမှာ အလွန်မြန်ဆန်ကာ အစေ့ကျနှုန်းမှာလည်း နှေးလိမ့်မည်မဟုတ်ချေ။ 


"အချိန်ယူလို့လည်း ရပါတယ် အရမ်းကြီး အလောမကြီးနဲ့ ..." 


သူက ပြောလိုက်သည်။ သူသည်လည်း ထိုပန်းပွင့်များကို အချိန်ကြာကြာ ထပ်နမ်းချင်နေသေးသည်။ 


ရမ်ရှန့်က အကြောင်းပြန်မလာ။ သူ ပန်းပွင့်လာသည်နှင့်တစ်ပြိုင်နက် ကျောက်လင်းယွီ၏ အစေ့များကို စမ်းသုံးကြည့်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ 


ကျင့်ကြံမှု ပြီးစီးသွားသော စိတ်ဝိဉာဉ်တိုင်း၏ ဖွဲ့စည်းပုံမှာ လူသားများနှင့် ထပ်တူကျလုနီးပါး တူညီကြသည်။ အများစုမှာ လူသားနှင့် မျိုးပွားနိုင်ကြရာ သူနှင့် ကျောက်လင်းယွီသည်လည်း အဆင်ပြေနိုင်မည်ဟု မျှော်လင့်မိတော့သည်။ 


သူ့ဆက်သွယ်ရေးစက်ထဲမှ ကျောက်လင်းယွီ၏ ကလေးဘဝ ဓာတ်ပုံဖိုင်ကို ဖွင့်ကာ ရမ်ရှန့်သည် တစ်ပုံချင်း လိုက်ကြည့်နေလိုက်သည်။ ကြည့်လေလေ သဘောကျလာလေလေပင်ဖြစ်သည်။ 


နောက်ဆုံးတွင်တော့ ရမ်ရှန့်၏ ပန်းပွင့်ချိန်သို့ ရောက်လာခဲ့လေပြီ။ 


xxxxxx