အပိုင်း (၂၁၆)
Viewers 31k

Chapter 216


" တကယ်လား ..."


ဝမ်လေး ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ပြီး လှုပ်စိလှုပ်စိဖြင့် သူ့အဖေ၏ဘေးကို ပြေးလာကာ လက်မောင်းကို ဖက်လိုက်သည်။


သူက အလွန်အမင်း စိတ်လှုပ်ရှားနေသော အသံဖြင့်မေးလိုက်သည်။

" ပါပါး တကယ်လား ... သားတို့ မာမားကို သွားတွေ့ကြမှာလား ..."


စုန့်ထင်ရှန်း ထပ်တွေးလိုက်သည်။ ‌သောကြာနေ့တွင် အလုပ်များ၍ အရေးကြီးသည့် အစည်းအဝေးနှစ်ခု ရှိသော်လည်း ထိုအစည်းအဝေးများက အချိန်ဇယားပြန်ညှိ၍ အဆင်ပြေသည်။ ထို့အပြင် ယွမ်ရှ အဘယ့်ကြောင့် စိတ်ဆိုးနေသည်ကို မသိမချင်း သူ့အလုပ်တွင် အပြည့်အဝ အာရုံစိုက်နိုင်မည်မဟုတ်ပေ။ ဤသို့အလုပ်ဆက်လုပ်နေပါကလည်း အဆင်ပြေမည်မဟုတ်ပေ။ ဤသို့ အကြောင်းပြချက်မျိုးစုံဖြင့် မိမိကိုယ်ကို ယွမ်ရှကို သွားတွေ့သင့်သည်ဟု စိတ်ထဲတွေးလိုက်မိသည်။ ပြန်ရောက်သည့်အခါမှ အလုပ်ထဲတွင် စိတ်နှစ်ထားမည်ဖြစ်သည်။


" ဒါပေါ့ ..."

စုန့်ထင်ရှန်း ခေါင်းငြိမ့်ပြလိုက်သည်။


" ပါပါးတို့ နက်ဖြန်မနက်စထွက်ကြမယ် ... ဒါပေမဲ့ ပါပါးကို ကတိတစ်ခုပေးရမယ် ..."


ဝမ်လေး ကတိမပေးနိုင်သောအရာမရှိသဖြင့် ဓားဖြင့်ကြက်သွန်ဖြူကို လှီးနေသကဲ့သို့ အလျင်အမြန်စွာ ဖွင့်လိုက်သည်။ သူ့အဖေက အချိန်မရွေးစိတ်ပြောင်းသွားနိုင်သဖြင့် မဆိုင်းမတွ ပြန်ဖြေလိုက်ခြင်းဖြစ်သည်။


" ပါပါးကို တစ်မျိုးမထင်သွားအောင်လို့ သားလေးက မာမားကို အရမ်းတွေ့ချင်တာနဲ့ ဂျီကျနေတယ်ပြောလိုက်မယ် အဲ့ဒါကိုလက်ခံနိုင်လား ..."


သူ ယွမ်ရှကို တွေ့ချင်သော်လည်း တွေ့ချင်စိတ်ဖြစ်နေသည်ကို ယွမ်ရှအား မသိစေချင်ပေ။ အမျိုးသားများ၏ မိမိကိုယ်ကို တန်ဖိုးထားမှုကလည်း တစ်ခါတစ်ရံတွင် အလွန်မြင့်မားလှကြောင်း ပြသနေသကဲ့သို့ပင်။


ဝမ်လေးက စုန့်ထင်ရှန်းကို ကြည့်လိုက်သည်။ သူက ကလေးငယ်လေးဖြစ်သော်လည်း။သူ့အဖေက အပြစ်များအားလုံး သူ့အပေါ်ပုံချနေသည်ကို သူသိသည်။


စုန့်ထင်ရှန်း ထပ်ပြောလိုက်သည်။


" တကယ်လို့ လက်မခံနိုင်လည်းရပါတယ် ကိစ္စမရှိပါဘူး ... မာမားက ရက်နည်းနည်းလောက်ကြာရင် ပြန်လာမှာပဲလေ ..."


ဝမ်လေး ချက်ခင်းဖြေလိုက်သည်။

" သား လက်ခံတယ် ..."


သူ့အဖေက သူ့အမေကိုတွေ့ရန် ခေါ်သွား‌သရွေ့သူဓားစားခံဖြစ်သွားမည်ကို စိတ်ထဲမထားပေ။


" ကောင်းပြီ ကလေးလေးက အရမ်းလိမ္မာတာပဲ ..."

စုန့်ထင်ရှန်းက သူနှင့်လက်သန်းချင်းချိတ်ကာ ယောက်ျားသားအချင်းချင်းကြားတွင် ကတိကဝတ်ပြုလိုက်သည်။


သူတို့ ချက်ချင်းပင် အဝတ်အစားများကို ခရီးဆောင်အိတ်ထဲ ထည့်ကြသည်။ ဝမ်လေးက အလွန်ပျော်ရွှင်နေသည့်အတွက် သီချင်းညည်းနေပြီး စုန့်ထင်ရှန်း၏မျက်နှာတွင်လည်း စိတ်သက်သာရာရသွားသည့် အပြုံးတစ်ခု ပေါ်လာသည်။



ယွမ်ရှက ကိုယ်ပိုင်အခန်းတစ်ခု ရရှိထားသည်။ သူမက လုပ်ဖော်ကိုင်ဖက်များနှင့် တစ်အိမ်တည်း နေထိုင်ရသော်လည်း သတိထားကာ အခန်းတံခါးကိုလော့ချထားသည်။ တံခါး၏ရှေ့တွင် ခုံပုလေးတစ်လုံးပင် ထားထားလိုက်သည်။ အိမ်နှင့် ဝေးကွာရာတွင် ရှိနေခိုက် သတိကြီးကြီးထားသည်မှာ မည်သည့်အခါမှ မမှားယွင်းပေ။


ဧည့်ကြိုမိန်းကလေးနှင့် သူမကောင်လေးက ကပ်လျက်အခန်းတွင် နေသော်လည်း လူငယ်စုံတွဲက ယခုအခါတွင် ကမ်းခြေတွင် လေညှင်းခံထွက်နေကြသည်။


ယနေ့ည အဖြစ်အပျက်ကြောင့် သူမကို မိုးကြိုးပစ်သွားသကဲ့သို့ ခံစားနေရသည်။ သူမ အချိန်အတော်ကြာ ငေးငိုင်နေမိပြီး စိတ်ထဲ‌တွင် ယောက်ယက်ခတ်နေသည်။ သူမ အာရုံစိုက်ချင်သော်လည်း ယခုအခါတွင် သူ၏က အလွယ်တကူ အာရုံပျံ့လွင့်နေမိသည်။ သူမ ဝမ်လေးကို ဖုန်းခေါ်မည့်အချိန်တွင် တံခါးခေါက်သံကြားလိုက်ရသည်။


သူမ ချက်ချင်း မေးလိုက်သည်။

" ဘယ်သူလဲ ..."


" တို့ပါ ..."

၎င်းက သူမ မန်နေဂျာ၏အသံဖြစ်သည်။


ယွမ်ရှ စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်သည်။ သူမ ခုံပုလေးကို ဘေးနားဖယ်ထားလိုက်ပြီး တံခါးဖွင့်ကြည့်လိုက်သည့်အခါ သူမမန်နေဂျာက အိတ်တစ်လုံးကိုင်ထားသည်ကို မြင်လိုက်သည်။


မန်နေဂျာက အပြုံးဖြင့်ပြောလိုက်သည်။

" ခုနတုန်းက ဘာမှသိပ်စားတာ မတွေ့လို့လေ ... ညကျ အစာအိမ်ထဲမှာ အစာမရှိရင် နေရခက်နေလိမ့်မယ် ... မင်းက အလှကြိုက်တာသိလို့ သစ်သီးတွေပဲ ယူလာခဲ့တာ ... ညဘက်မှာ သစ်သီးနည်းနည်းစားတာက ဘာမှမထိခိုက်ပါဘူး ..."


ယခင်က ယွမ်ရှက သူမ မန်နေဂျာကို သူများအတွက်တွေးပေးတတ်ပြီး ဖော်ရွေသည်ဟု ထင်ခဲ့မိသော်လည်း ယခုအခါ သူမလက်ထဲမှအိတ်ကို ယူရမည်ကိုပင် ကြောက်လန့်နေမိသည်။


သူမ မန်နေဂျာက တိုက်တွန်းလိုက်သည်။

" ယူထားလိုက်ပါ ကုန်ကျစရိတ်တွေကို စီအီးအိုချင်ကပဲ ပြန်ပေးမှာလေ ..."


ယွမ်ရှ မငြင်းနိုင်တော့ပေ။ သူမ မန်နေဂျာကို အခန်းထဲဝင်လာ၍ ထိုင်ရန်ဖိတ်ခေါ်လိုက်သည်။ သူမက ယဉ်ကျေးမှုအရ ခေါ်လိုက်ခြင်းဖြစ်သော်လည်း သူမ မန်နေဂျာက အခန်းထဲဝင်လာသည်။


xxxxxxx