အပိုင်း (၂၁၇)
Viewers 31k

Chapter 217


မန်နေဂျာက ဆိုဖာပေါ်တွင်ထိုင်ကာ အပြုံးဖြင့် ပြောလိုက်သည်။


" ပင်လယ်စာမကြိုက်ဘူးလား ... ညစာစားတုန်းက အများကြီးစားတာ မတွေ့လို့လေ ..."


ယွမ်ရှ ခေါင်းခါလိုက်သည်။

" မဟုတ်ပါဘူး ကျွန်မစားချင်စိတ် မရှိလို့ပါ ...


သူမက ရည်ရွယ်ချက်ရှိရှိဖြင့် မေးလိုက်သည်။

" စီအီးအိုချင်က တော်တော်ငယ်တဲ့ပုံပဲ ..."


သူမ စိတ်ထင်သည်လားမသိသော်လည်း စီအီးအိုချင်ယွီအကြောင်းပြောလိုက်သည်နှင့် မန်နေဂျာက စကားကို အဆက်မပြတ်ပြောတော့သည်။


" စီအီးအိုချင်က အရမ်းအသက်မကြီးသေးပါဘူး လေးဆယ်တောင် မပြည့်သေးဘူးလေ ... သူက လူကောင်းဆိုတာ ကြည့်လိုက်ရုံနဲ့ သိသာပါတယ် ... တို့လိုဝန်ထမ်းတွေကိုဆိုလည်း အရမ်းယဉ်ယဉ်ကျေးကျေးဆက်ဆံတယ် ... တို့ ကုမ္ပဏီလောက် ဝန်ထမ်းတွေကို ကောင်းကောင်းဆက်ဆံတဲ့နေရာ မရှိဘူး ..."


အင်း ရက်ရက်စက်စက်ကို ကောင်းလွန်းတာပေါ့ ...

စုန့်ထင်ရှန်းက သူဌေးလုပ်လာသည့်သက်တမ်းတစ်လျှောက် ဤမျှကောင်းသည့် ကုမ္ပဏီမတွေ့ခဲ့ဖူးကြောင်း ပြောပြသည်ကို အမှတ်ရသွားသည်။


ယွမ်ရှ စိတ်ဓာတ်ကျသွားသော်လည်း ပုံအမှန်အတိုင်းသာ ဟန်ဆောင်နေပြီး ပြုံးပြလိုက်သည်။

" ဟုတ်တယ်နော် ..."


မန်နေဂျာက သူမကိုကြည့်နေသည်။


" ဒါကို လုပ်ဖော်ကိုင်ဖက်တွေကြားက အတင်းအဖျင်းလို့ပဲ သဘောထားလိုက်ပါ ...တို့နှင့်ယောက်ကြားက စကားပေါ့ ... စီအီးအိုချင်က အချစ်ရေးနဲ့ ပတ်သက်လာရင် တော်တော်လေး သစ္စာရှိတဲ့ယောက်ျားနော် ... သူ့အမျိုးသမီးက လွန်ခဲ့တဲ့နှစ်အနည်းငယ်က သေသွားတာလေ ... သူ့အရည်အချင်းတွေနဲ့ဆိုရင် သူ့ကိုစိတ်ဝင်စားနေတဲ့ မိန်းကလေးတွေ နည်းတာမဟုတ်ဘူး ... ဒါပေမဲ့သူက ဘယ်သူ့ကိုမှ လက်မခံဘူး ... သူ့ရဲ့ ကိုယ်ပိုင်ဘဝက တော်တော်လေး သန့်ရှင်းတယ် ... ရိုးရိုးသားသားပြောရရင် သူ့လိုလူမျိုးကို တို့တစ်ခါမှ မမြင်ဖူးဘူး ... ချမ်းသာတဲ့ ယောက်ျားတွေက မိန်းမတကာနဲ့ ပွေရှုပ်နေတာများတယ်လေ ..."


သူမ မန်နေဂျာက အရောက်ပို့နေသည်ဟု ခံစားလိုက်ရသော်လည်း ယွမ်ရှ အတွေးလွန်နေသည်ဟုသာ မျှော်လင့်လိုက်သည်။ သူမ တည်ငြိမ်စွာ ပြုံးပြလိုက်သည်။


" အဲ့ဒါ အမှန်မဟုတ်ပါဘူး ... ကျွန်မ အမျိုးသားဆို လူကောင်းတစ်ယောက်ပဲ ကမ္ဘာပေါ်မှာ လူကောင်းတွေအများကြီး ရှိပါသေးတယ် ..."


စကားဝိုင်းက အလှည့်အပြောင်းတစ်ခုဖြစ်သွားသည့်အတွက် သူမမန်နေဂျာနားထောင်ချင် နားမထောင်ချင်သည်ကို သူမ ဂရုမစိုက်တော့ပေ။ MLMဝန်ထမ်းတစ်ယောက်ကဲ့သို့ စုန့်ထင်ရှန်း၏ ကောင်းကြောင်းများကို မပြတ်ပြောပြီး ဦးနှောက်ဆေးလိုက်သည်။ စုန့်ထင်ရှန်းကို ကမ္ဘာပေါ်တွင် အကောင်းဆုံးယောက်ျားတစ်ယောက်ကဲ့သို့ တင်စားပြောဆိုကာ သူနှင့် ယှဉ်ပါက အခြားယောက်ျားကောင်းများက ဒုတိယနေရာရောက်သွားနိုင်သည်ဟု စောင်းပါးရိပ်ခြည်ပြောလိုက်သည်။


ထိုအကြောင်းများ ပြောနေစဉ်မှာပင် ယွမ်ရှက စုန့်ထင်ရှန်းကို လွမ်းနေကြောင်း သတိထားမိသွားသည်။


မန်နေဂျာက ခြောက်ကပ်စွာရယ်လိုက်ပြီး နောက်ဆုံးတွင် မတ်တပ်ထရပ်လိုက်သည်။


" နောက်ကျနေပြီပဲ မင်းအိပ်မှာကို မနှောင့်ယှက်တော့ဘူးနော် ... စောစောအိပ်ရာဝင်လေ နက်ဖြန်မနက် အဖွဲ့လိုက်လှုပ်ရှား‌မှုတွေရှိတယ် ..."


ယွမ်ရှက မန်နေဂျာကို တံခါးဝနားအထိ လိုက်ပို့ပြီးသည့်နောက် တံခါးပိတ်ကာ ဖုန်းကိုယူပြီး စုန့်ထင်ရှန်းကို မက်ဆေ့ပို့ရန် ပြင်လိုက်သည်။ သို့သော် သူမ ရပ်တန့်သွားမိသည်။


ထားလိုက်ပါတော့ ... လက်ရှိမှာ ဦးစားပေးကိစ္စက စုန့်ထင်ရှန်းနဲ့ စကားအချေအတင်များဖို့ မဟုတ်ဘူး ...


ယွမ်ရှ ကုတင်ပေါ်တွင် လှဲလိုက်သည်။ 

ဇာတ်ကွက်က အရမ်းကို အားပြင်းနေတာပဲ ... ဦးတည်ရာပြောင်းသွားတာတောင် ချင်ယွီနဲ့တွေ့နေရတုန်းပဲ ...


အိုင်း ...


ချင်ယွီ ... ချင်ယွီ ... သူ ဘာမှ မလုပ်ရင်တောင်မှ ပြဿနာကောင်တစ်ယောက် ဖြစ်နေတုန်းပဲ...


ယခင်လက ဖြစ်ပျက်ခဲ့သည့်အရာများကို တွေးမိပြီး ယွမ်ရှ၏ အမူအယာက ထူးဆန်းလာသည်။နောက်ဆုံးတွင်  ဗီရိုထဲမှ လက်ဆွဲအိတ်ကို ထုတ်လိုက်သည်။ သူမနှင့် လုပ်ဖော်ကိုင်ဖက်များက ဤနေရာသို့ ရုံးဖွင့်ရက်တွင် လာခဲ့ကြခြင်းဖြစ်၍ အလုပ်များများစားစားမရှိသော်လည်း laptopကိုယူလာခဲ့သည်။


သူမ websiteတစ်ခုထဲ လော့အင်ဝင်လိုက်သည်။ သူမ အလုပ်ရှာစဉ်က ထိုသို့လုပ်ရန် စဉ်းစားခဲ့သော်လည်း အလေးအနက် မစဉ်းစားမိခဲ့ပေ။ ထို့အပြင် သူမက အလုပ်လျှောက်လွှာကို အကြိမ်ပေါင်းဒါဇင်နှင့်ချီကာ ပေးပို့ခဲ့သဖြင့် ကုမ္ပဏီက အင်တာဗျူးအကြောင်းပြော၍ ဆက်သွယ်လာသည့်အခါ ဘာမှ မတွေးနိုင်တော့ခြင်းဖြစ်သည်။


သူမ သုံးသည့် websiteတွင် သူမ အလုပ်လျှောက်ခဲ့သည့် ကုမ္ပဏီများ၏ မှတ်တမ်းများရှိသည်။ သူမ ဤတို့ကို တစ်ခုချင်းကြည့်လိုက်သည်။ ကြည့်ပြီးသွားသည့်အခါမှ သူမ ဤကုမ္ပဏီသို့ အလုပ်လျှောက်လွှာမတင်ခဲ့ကြောင်း သိလိုက်ရသည်။


xxxxxxxx