Chapter 58
နေ့စဉ်လစဉ်နှစ်စဉ် ထိုကဲ့သို့သာ အချိန်ကုန်ဆုံးခဲ့ရသည့်အတွက် တစ်ဖြေးဖြေး နေသားကျလာတော့သည်။ ရံဖန်ရံခါ သူ့တွင် ထိုစိတ်များ ဖြစ်ပေါ်လာပါကလည်း ရေအေးဖြင့် ရေချိုးကာ စိတ်ကို ထိန်းချုပ်လိုက်သည်။ သို့သော် ထိုဖြစ်ရပ်များမှာ ရမ်ရှန့်နှင့် မတွေ့ခင်က ဖြစ်ပျက်ခဲ့သည်များသာ ဖြစ်သည်။
ရမ်ရှန့်နှင့် တွေ့ပြီးနောက် ကျောက်လင်းယွီမှာ ထိုကိစ္စများနှင့် ပတ်သက်ပြီး အမြင်ပွင့်သွားသည့်အပြင် သူ၏ စိတ်ဆန္ဒကိုပါ စိတ်တိုင်းမကျတော့ချေ။ သို့သော် ရမ်ရှန့်ကိုတော့ သူ့လက်များဖြင့် မထိတွေ့နိုင်သေးချေ။ ရမ်ရှန့်က သူ့ကို ဖက်တွယ်လာသည့်တိုင် သူ့လက်ဖြင့်သာ ကိုယ်တိုင်လုပ်ဆောင်နေရဆဲဖြစ်သည်။
ထို့ကြောင့် ကျောက်လင်းယွီမှာ ထိုကိစ္စများနှင့် ပတ်သက်၍ ကျွမ်းကျင်မှုလည်း မရှိ၊ အတွေ့အကြုံကလည်း ဗလာနတ္ထိပင် ဖြစ်သည်။
သို့သော် ကျွမ်းကျင်မှုရှိရန်မှာ အရေးတကြီး လိုအပ်သည်တော့ မဟုတ်ပေ။ ရမ်ရှန့်က သူ့ကို တစ်လလျှင် ငါးကြိမ် အစေ့ထုတ်ပေးရန် တောင်းဆိုလာသည့်အတွက် သူ့တွင် ငြင်းပယ်ရန် အကြောင်း မရှိပေ။
အချိန်ကြာလာသည့်တိုင် ခံစားချက်ထူး ဖြစ်မလာသည့်အတွက် သူ့လက်ကို မချင့်မရဲ ပြန်ကြည့်လိုက်သည်။
သူ့လက်များမှာ ကြမ်းတမ်းကာ ရမ်ရှန့်၏ လက်များသာမက သူ့အမြစ်များလောက်ပင် မနူးညံ့ချေ။ ရမ်ရှန့်၏ အမြစ်များ သူ့ကိုယ်ထဲကို လူးလာခေါက်ပြန် လှုပ်ရှားခဲ့စဉ်က ခံစားမိခဲ့သည့် အထိအတွေ့ကို ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးသည်။
သက်ပြင်းဖွဖွချကာ သူ့လက်လှုပ်ရှားမှုတို့ကို အရှိန်တင်လိုက်သည်။
"ဘာလုပ်နေတာလဲ ..."
ရမ်ရှန့်က သူ့လှုပ်ရှားမှုတို့ကို ကြည့်ရင်း တစူးတစမ်း မေးလိုက်သည်။
သူ့လှုပ်ရှားမှုများမှာ ထိုနေရာတွင်ပင် ချက်ခြင်း ရပ်တန့်သွားတော့သည်။ ခဏကြာမှ အသိစိတ် ပြန်ကပ်လာကာ မေးလိုက်သည်။
"ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ ..."
ရမ်ရှန့်က သူ့အဝတ်အစားများကို ဝတ်ထားသည့်အတွက် ရေချိုးခန်းထဲ ဝင်လာချိန်တံင် အဝတ်များမှာ ကိုယ်နှင့် တစ်သားတည်းကပ်နေကာ အနည်းငယ် ညှို့ဓာတ်ပြင်းနေပေသည်။
"ခင်ဗျားက အကြာကြီးကြာတဲ့အထိ ပြန်ထွက်မလာဘူးလေ တစ်ခုခုများ ဖြစ်နေမလား စိတ်ပူလို့ အမြစ်တွေကို လေအေးပေးစက်ထဲ ထည့်ပြီးတော့ တံခါးကို ဖွင့်လိုက်တာ ..."
သူက မျက်နှာကြက်ပေါ်ရှိ အပေါက်ကို ညွှန်ပြလိုက်သည်။
အစောပိုင်းကမူ မည်သည်ကိုမှ သံသယမဝင်ခဲ့။ သို့သော် ကျောက်လင်းယွီမှာ ယခင်အချိန်များထက် ရေချိုးချိန် ပိုကြာနေသဖြင့် သူ့ကိုယ်သူ ထိခိုက်အောင် လုပ်နေမည်ကို စိုးရိမ်မိလာတော့သည်။ ထိ့ကြောင့် မျက်နှာကြက်ပေါ်ရှိ အပေါက်လေးမှတစ်ဆင့် သူ့အမြစ်ကို ဆန့်ထုတ်ကာ တံခါးဖွင့်ပြီး ဝင်လာခဲ့ခြင်း ဖြစ်သည်။
သူ့အမြစ်တွေက တကယ်ကို အများကြီး အသုံးဝင်တာပဲ ...
ကျောက်လင်းယွီမှာ မည်ကဲ့သို့ တုန့်ပြန်သင့်မှန်းပင် မသိတော့ချေ။
ရမ်ရှန့်၏ အကြည့်တို့က သူ့ချက်၏ အောက်နား သုံးလက်မ အကွာတွင်သာ ကျောက်ချနေသည်။
"ဒီနေရာက မသက်မသာ ဖြစ်နေတာလား ကျွန်တော် စမ်းသပ်ကြည့်ရမလား ..."
သူဝင်လာသည့်အချိန်တွင် ကျောက်လင်းယွီမှာ ထိုအရာအား ထိတွေ့နေသည်ကို တွေ့လိုက်ရသည့်အတွက် သူ့လက်ကို ဆန့်ထုတ်ကာ ခပ်သွက်သွက် ထိတွေ့လိုက်သည်။
သူ့လှုပ်ရှားမှုကပဲ မြန်ဆန်၍လား ကျောက်လင်းယွီကပဲ ရမ်ရှန့်ကို မဖုံးကွယ်ချင်၍လားတော့ မသိ ရမ်ရှန့်၏ လက်ထဲသို့ ပါသွားတော့သည်။
....
ကျောက်လင်းယွီမှာ သူ့ကိုယ်သူ ဖြေလျှော့ချိန်တိုင်း အချိန်ကြာသည်အထိ အကျိုးမထူးပေ။ သို့သော် ရမ်ရှန့်၏ လက်ချောင်းများနှင့် ထိတွေ့လိုက်ရချိန်တွင်တော့ ချက်ခြင်း တိုက်ပွဲကျသွားတော့သည်။
ရမ်ရှန့်က အရည်အားလုံးကို သိမ်းဆည်းပြီးချိန်အထိ သူသည် သာယာမှုထဲတွင် နစ်မြောနေဆဲဖြစ်သည်။
"ဆိုတော့ သန့်စင်မြေက ဒီလိုနည်းလမ်းနဲ့ ထုတ်ရတာပေါ့ ..."
ရမ်ရှန့်က ကမ္ဘာသစ်တစ်ခုကို ရှာတွေ့သွားသည့်ဟန်ဖြင့် သူ့ကို ကြည့်လိုက်သည်။ ကျောက်လင်းယွီကို အကြိမ်အနည်းငယ်လောက် ထိလိုက်ရုံနဲ့ သန့်စင်မြေ ထွက်လာတယ်ပေါ့ ...
"ကိုယ့်ခန္ဓာကိုယ်က တုန့်ပြန်လာလို့ အဲဒါကို ထိလိုက်တိုင်း သန့်စင်မြေထွက်လာတာ အဲဒါကြောင့် အနာဂတ်မှာ ပစ္စည်းပျက်သွားမှာ မပူနဲ့တော့နော် ..."
ကျောက်လင်းယွီက ရေပန်းကို ဖွင့်ကာ အဝတ်အစားများကို ချွတ်လိုက်သည်။
"ခင်ဗျားက နေ့တိုင်း ခဏခဏ တုန့်ပြန်နေတာပဲကို ..."
ရမ်ရှန့်က ပို၍ပင် စိတ်အားထက်သန်လာသည်။ သူအိပ်ပျော်နေချိန်တိုင်း ကျောက်လင်းယွီက သူ့ကို တို့ထိလေ့ရှိသည်။ သို့သော် ထိုသို့ ထိမိချိန်တိုင်း သူက ကျင့်ကြံခြင်းကိုသာ စတင်လေ့ရှိသည်။
အဝတ်အစားချွတ်နေသော ကျောက်လင်းယွီက ဖြတ်ပြောလိုက်သည်။
"ဒီလိုကိစ္စမျိုးက အလွန်ဆုံးမှ တစ်ရက်ကို တစ်ကြိမ်လောက်ပဲ လုပ်ရမှာ များလွန်းသွားရင် မကောင်းဘူး ..."
တစ်လ ၁၅ ကြိမ်ဆိုတာ ရမ်ရှန့်အတွက် လုံလောက်နေပြီပဲ မဟုတ်ဘူးလား ...
"အော် ဒီလိုကိုး ဒါဆိုလည်း အကြိမ်နည်းနည်းလေးကပဲ ကောင်းပါတယ် ..."
58.2
သူက ခေါင်းငြိမ့်ကာ ကျောက်လင်းယွီ၏ စကားများကို နှလုံးသားထဲအထိ သိမ်းထားလိုက်သည်။ သူနှင့် နီးကပ်ရုံမျှဖြင့် သန့်စင်မြေ ရနိုင်တော့မည် ဖြစ်သည့်အတွက် အရာအားလုံးကို အကောင်းမြင်နေသည်။
"ကျွန်တော် ကူညီပေးမယ် ..."
သူ့လက်များကို သုံးလိုက်ရုံဖြင့် အစာရေစာ ဝဝလင်လင် စားရတော့မည်ဖြစ်သည်။
"ကူညီပေးမယ်" ဟူသည့် စကားသံကို ကြားလိုက်ရချိန်တွင် ကျောက်လင်းယွီမှာ ကြက်သေသေသွားပြန်သည်။ ရမ်ရှန့်ကို ပွေ့ဖက်မိချိန်တွင် အဝတ်အစား အပြည့်အစုံ ဝတ်ထားပြီးဖြစ်၍သာ တော်သေးသည်။
" ရမ် ကိုယ် မင်းကို သဘောကျတယ် ..."
"ကျွန်တော်ရောပဲ ခင်ဗျားကို အများကြီး သဘောကျတယ် ..."
ရမ်ရှန့်က ထိုသို့ပြောကာ သူ့ကို ပြန်လည်ပွေ့ဖက်လိုက်သည်။ ကျောက်လင်းယွီသည် သူ့အတွက် အရေးအကြီးဆုံးဖြစ်သည်။ သူ့သခင်ထက်ပင် အရေးကြီးသောသူ ဖြစ်သည်။
သူ၏ တုန့်ပြန်မှုက ကျောက်လင်းယွီကို အပြုံးပန်း ပွင့်သွားစေသည်။ သို့သော် အပြင်ဘက်သု့ လွှင့်ပစ်ခံထားရသော ရှောင်လွီကို တွေ့လိုက်သည့် ရှန်းချိုးရှစ်မှာတော့ တံခါးရှေ့တွင် မျက်မှောင်ကြုတ်ကာ ရပ်နေသည်။
ရမ်ရှန့်ကို ကြည့်ရတာလည်း ရှောင်လွီကို သဘောကျတဲ့ပုံပါပဲ ပြီးတော့ ရှောင်လွီကလည်း ဒီနေ့ အများကြီး ကူညီပေးခဲ့တာဆိုတော့ သူ့ကို အပြင်ဘက်မှာ ပစ်ထားစရာ အကြောင်းမှ မရှိတာ သူမရဲ့သားက ရှောင်လွီကို လွှင့်ပစ်ပြီးတော့ ဘာတွေများ လုပ်နေတာလဲ ...
သူမက စိုးရိမ်တကြီးဖြင့် တံခါးကို ခေါက်လိုက်သည်။
"အမေ ဘာလို့လဲ ..."
ကျောက်လင်းယွီက တံခါးကိုဖွင့်ကာ မေးလိုက်သည်။
သူမက သူ၏ ရေစိုနေသော ဆံပင်ကို ကြည့်ကာ မေးလိုက်သည်။
"ရမ်ရော ဘယ်မှာလဲ မင်းတို့က ဘာလုပ်နေကြလို့ ဒီလောက်ကြာတဲ့အထိ ထွက်မလာနိုင်ကြတာလဲ ..."
"အန်တီ ..."
ရမ်ရှန့်ကလည်း ရေစိုနေသော ဆံပင်ဖြင့် ထွက်လာသည်။ သူ၏ မျက်နှာတွင် ဝမ်းနည်းမှုတို့ လွင့်စင်သွားပြီး စိတ်ကျေနပ်နေသည့် အပြုံးကြီးတစ်ပွင့်သာ ကျန်ခဲ့တော့သည်။
ဒီနှစ်ယောက်က ရေအတူတူ ချိုးလာကြတာလား ...
သူမမှာ ပို၍ပင် သံသယဝင်လာသည်။ ထို့နောက် သူမ ကြည့်ခဲ့ဖူးသည့် ဆယ်ကျော်သက်အချစ်ဇာတ်လမ်းတစ်ပုဒ်ကို အမှတ်ရမိလိုက်တော့သည်။
ထိုဇာတ်လမ်းထဲတွင် အမျိုးသမီးဇာတ်ကောင်က နားလည်မှု လွဲသွားလေတိုင်း ဇာတ်လိုက်က သူမကို အိပ်ယာပေါ် ဆွဲတင်ကာ လေ့ကျင့်ခန်းလုပ်ပြီး ပြန်လည်သင့်မြတ်သွားကြသည်။
ထိုဇာတ်လမ်းကို ကြည့်ခဲ့စဉ်ကမူ ဇာတ်ညွှန်းမှာ အလွန်တရာ ဆိုးဝါးလှသည်ဟု တွေးမိကာ ထိုကဲ့သို့ အချစ်မျိုး ရှိနေခြင်းကို နားမလည်နိုင်ခဲ့ချေ။ ဒါပေမယ့် အပြင်မှာလည်း ဒီလိုမျိုးကြီး ဖြစ်ကြတယ်လား ...
"အမေ ဘာဖြစ်လို့လဲ ..."
ကျောက်လင်းယွီက သူမကို မေးလိုက်သည်။
"ဆရာဝန်က ခဲ့ရှင်းကို စစ်ဆေးလို့ ပြီးသွားပြီ အဲဒါ ရမ်ရှန့်ရော စစ်ဆေးကြည့်ချင်သေးလား လာမေးတာ ..."
"ရမ်က မလိုအပ်ဘူး ..."
သူက ချက်ခြင်း ငြင်းပယ်လိုက်သည်။
"စစ်ဆေးဖို့က အချိန်သိပ်ကြာတာမှ မဟုတ်တာ ..."
သူမက ပို၍ပင် သံသယဝင်လာတော့သည်။ သူက ဘာလို့ ရမ်ရှန့်ကို အစမ်းသပ်မခံနိုင်နေရတာလဲ ...
"ရမ် မင်းအရင် နားနှင့်နော် ..."
သူက ရမ်ရှန့်ကို လှမ်းကြည့်လိုက်သည်။
"အိုး ..."
ရမ်ရှန့်လည်း နာနာခံခံဖြင့် အခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။ သူ့အနေဖြင့် သန့်စင်မြေများကို အသေအချာ စုပ်ယူရဦးမည်ဖြစ်သည်။
"အမေ ရမ်ရှန့်ကို စမ်းသပ်လို့ မရဘူး ..."
ရမ်ရှန့် အခန်းထဲ ဝင်သွားကာမှ သူက ပြောလိုက်သည်။
"ဘာလို့လဲ ..."
သူမက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
"လင်းယွီ မင်း ရမ်ကို တစ်ခုခု လုပ်ထားလို့လား ..."
"မဟုတ်ပါဘူး ..."
သူက ချက်ခြင်း ငြင်းလိုက်သည်။
သူသည် ရမ်ရှန့်ကို တစ်စုံတစ်ရာမှ မလွန်ကျုးခဲ့... ရမ်ရှန့်က သူ့ကို လွန်ကျူးခဲ့ခြင်းသာ ဖြစ်သည့်အပြင် အနာဂတ်တွင်လည်း ယနေ့ဖြစ်ခဲ့သလိုမျိုး သူ့ကို ကူညီပေးဦးမည်ဖြစ်သည်။
သူမကတော့ သားဖြစ်သူကို ယုံကြည်ထားဆဲဖြစ်သည်။
"ဟုတ်ပြီလေ ဒါနဲ့ လင်းယွီ ရမ်ရှန့်ပေးတဲ့ အလှအပချောကလက်က ဘာကြီးလဲ သူ့မှာ သန္ဓေသားကို ကာကွယ်ပေးနိုင်တဲ့ အာနိသင်တွေ ပါနေတယ် ..."
သူသည် ရမ်ရှန့်၏ အဖြစ်အပျက်ကို စခရင်မှတစ်ဆင့် ကြည့်ခဲ့သည်ဆိုသော်ငြား လုံးစေ့ပတ်စေ့တော့ မဟုတ်ချေ။ ထို့ကြောင့် သူကြားလိုက်ရသည်ကို မယုံနိုင်၍ ပြန်မေးလိုက်သည်။
"သေချာလို့လား ..."
"သေချာတယ် ခဲ့ရှင်းရဲ့ ဗိုက်ထဲက ကလေးက အခြေအနေ တည်ငြိမ်သွားပြီ သူမသာ ချောကလက်ကို ဆက်စားပေးရင် ကိုယ်ဝန်ပျက်ကျတော့မှာ မဟုတ်ဘူး ..."
သူမက ပြောလိုက်သည်။
ကျောက်လင်းယွီမှာ ပျော်သင့် မပျော်သင့်ပင် မဆုံးဖြတ်တတ်တော့ချေ။
သူသာ အနာကျက်ဆေးကို တီထွင်နိုင်ခဲ့ပါလျှင် စိတ်ဝင်စားမည့်သူ အရေအတွက်မှာ များပြားလိမ့်မည် မဟုတ်ချေ။ သို့သော် သန္ဓေသား အားဖြည့်ဆေးလုံးသာ ဆိုပါလျှင် ...
စွမ်းရည်ပိုင်ရှင်စုံတွဲ အများစုမှာ သူတို့၏ ကိုယ်ပိုင်စွမ်းရည်ရုန်းကြွမှုကြောင့်ဖြစ်စေ၊ အမျိုးသမီးဖြစ်သူ၏ ကျန်းမာရေး ညံ့ဖျင်းမှုကြောင့်ဖြစ်စေ ကိုယ်ဝန်ရလာသည့်တိုင် မမွေးဖွားနိုင်ကြချေ။ အမျိုးသားက စွမ်းရည်ပိုင်ရှင်ဖြစ်ကာ အမျိုးသမီးက မဟုတ်ခဲ့ပါလျှင်လည်း မိခင်၏ စွမ်းရည် ချို့ယွင်းမှုကြောင့် ကိုယ်ဝန်ပျက်ကျရပြန်သည်။
အကယ်၍ ဤဆေးသာ အလုပ်ဖြစ်ခဲ့ပါလျှင် ဖက်ဒရယ်၏ လူကုံထံအသိုင်းအဝိုင်းတစ်ခုလုံး လှုပ်ခတ်သွားမည်ကို စိုးရိမ်မိသည်။
xxxxxx