အပိုင်း ၆၅
Viewers 18k

Chapter 65


ထိုသို့ပြောခဲ့သည့်အတွက် ပါလီမန်သို့ ပြန်ရောက်လျှင် ဝေဖန်ခံရတော့မည်မှန်း သိနေသော်ငြား သူ့လုပ်ရမည့်အလုပ်ကို သူသာလျှင် အသိဆုံးဖြစ်သည်။ ထိုသို့ မပြောပါလျှင် အချို့လူများက စည်းကမ်းဖောက်ဖျက်ကာ ကယ်ဆယ်ရေးကို နှောင့်နှေးစေမည်ဖြစ်သည်။ 


သူ့စကားများမှာ တကယ်လည်း အသုံးဝင်နေပေသည်။ ကြယ်ဓားပြများ မရှိတော့ကြောင်း သိလိုက်ရချိန်တွင် အချို့သူများသည် အိမ်သို့ ပြန်ပြေးကာ ပိုင်ဆိုင်သမျှကို ထုပ်ပိုးချင်သော်ငြား ထိုကဲ့သို့ မလုပ်ရဲကြတော့ချေ။ သတ်မှတ်ထားသည့် နေရာတွင်သာ ကယ်ဆယ်ရေးယာဉ်ကို စနစ်တကျ စောင့်ဆိုင်းနေရတော့သည်။ 


ကြယ်အမှတ် ၁၂၅၃၄ သို့ မရောက်မီ ကျောက်လင်းယွီသည် အလွန် အလုပ်များခဲ့သည်။ ယခု လူတိုင်းကို လုပ်ရမည့်တာဝန်များ ခွဲဝေညွှန်ကြားပြီးနောက် ပင်မသင်္ဘော၏ ထိန်းချုပ်ခန်းမှတစ်ဆင့် အခြေအနေကို အကဲခတ်နေချိန်တွင် လစ်ဟာသွားသလို ခံစားလိုက်ရတော့သည်။ 


လက်နက်အသိမ်းခံကာ ဂြိုဟ်သားဟုတ်မဟုတ် စစ်ဆေးပြီးသူတိုင်း ယာဉ်ပေါ်သို့ တက်နိုင်မည် ဖြစ်သည့်အတွက် လုပ်ငန်းစဉ်မှာ မြန်ဆန်သည်ဟု ပြော၍ ရပေသည်။ သို့သော် ကယ်ဆယ်ရေးဆုံမှတ်ရှိ လူများကပင်လျှင် အုတ်အော်သောင်းနင်း ဖြစ်ကာ ယာဉ်ပေါ်သို့ စောစောတက်နိုင်ရန် တစ်ယောက်နှင့်တစ်‌ယောက် တွန်းတိုက်နေကြသည့်အတွက် ပြဿနာများစွာ ဖြစ်ပွါးလာတော့သည်။ 


သက်လတ်ပိုင်း အမျိုးသားတစ်ဦးက သားဖြစ်သူယာဉ်ပျံပေါ်သို့ စောစောတက်နိုင်ရန်အတွက် ယာဉ်ပျံအနီးသို့ ပစ်လိုက်သော်ငြား ယာဉ်ပေါ်မရောက်ဘဲ လူအုပ်၏ တက်နင်းခြင်း ခံလိုက်ရသည်ကို မြင်လိုက်ရသည့်အခါ ကျောက်လင်းယွီ၏ မျက်နှာမှာ မဲမှောင်သွားတော့သည်။ 


"လူကယ်တာ ပြီးတော့မှာလား ..." 


ရမ်ရှန့်က ထိုမြင်ကွင်းကိုကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။ 


"ပြီးတော့မှာပါ ..." 


ကျောက်လင်းယွီက ထိုသို့ပြောကာ ထွက်လာလိုက်သည်။ 


"လင်းယွီ ဘာလုပ်မလို့လဲ ..." 


ရမ်ရှန့်က သူ့ကို စိတ်ရှုပ်ထွေးစွာဖြင့် စိုက်ကြည့်လိုက်သည်။ 


"စစ်တပ်ကို တည်ငြိမ်အောင် သွားပြီး ကွပ်ကဲမလို့ ..." 


သူက ပြောလိုက်သည်။ အရာရာ အုတ်အော်သောင်းနင်း ဖြစ်နေကာ တစ်ယောက်နှင့် တစ်ယောက် တွန်းတိုက်နေသည်များကြောင့်  လုပ်ငန်းစဉ်မှာ  မြန်ဆန်ရမည့်အစား ပို၍ပင် နှောင့်နှေးလာတော့သည်။ 


"ကျွန်တော်လည်း လိုက်မယ် ..." 


ရမ်ရှန့်က မတုန့်မဆိုင်းဘဲ ပြောလိုက်သည်။ 


ကျောက်လင်းယွီက သူ့ကို နင့်နင့်နဲနဲ စိုက်ကြည့်ကာ ပွေ့ချီလိုက်သည်။ 


သူတို့နှစ်ဦး သွားရောက်မည့်နေရာသည် ဂြိုဟ်ပေါ်ရှိ အကြီးမားဆုံး ကယ်ဆယ်ရေးစုရပ်ဖြစ်သည်။ လေယာဉ်ကို ကယ်ဆယ်ရေးယာဉ်နား မရောက်မီ ဖြေးဖြေးချင်း ရပ်တန့်လိုက်သည်။ 


စုရပ်တွင် စုဝေးနေသူများ အများအပြားရှိကာ အများစုသည် တိုးဝှေ့ရင်း အလုပ်များနေကြသော်ငြား သူတို့ရောက်လာသည်ကို သတိပြုမိလိုက်သူများလည်း ရှိနေသေးသည်။ ဆယ်ကျော်သက်ကလေးကို ပွေ့ချီထားသည့် အမျိုးသားကို မော့ကြည့်လိုက်ကြသည်။ 


ယာဉ်ပျံပေါ်တွင် ရပ်နေသည့် စစ်ယူနီဖောင်းနှင့် အမျိုးသားမှာ အရပ်အမောင်း အလွန်မြင့်မားကာ သူ့မျက်နှာကိုလည်း လူတိုင်းက ရင်းနှီးနေပေသည်။ သူ့ကို မြင်လိုက်သူများက မာရှယ်ဟု စတင်ခေါ်ဝေါ်လိုက်ကြပြီးနောက် လူတိုင်းက လေးစားအားကျစွာဖြင့် မာရှယ်ဟု လိုက်ခေါ်လိုက်ကြတော့သည်။ 


ကြယ်အမှတ် ၁၂၅၃၄ ၏ အပြင်ဘက်တွင် ရစ်ဝဲနေသော ပင်မသင်္ဘောပေါ်ရှိ အိုင်ဗာက ထိုမြင်ကွင်းကို အနီးကပ်ဆွဲကြည့်ရင်း ပြောလိုက်သည်။ 


"ကင်မရာက မာရှယ်ကို ဦးတည်ပြီး ရိုက် နောက်ပြီး ဂြိုဟ်ပေါ်ကို တိုက်ရိုက်ထုတ်လွှင့်လိုက်တော့ ..." 


ထို့နောက် ကြယ်အမှတ် ၁၂၅၃၄ ပေါ်ရှိ ဆက်သွယ်ရေးစက်နှင့် ကွန်ပျူတာအားလုံးတွင် မာရှယ်၏ ပုံရိပ် ထွက်ပေါ်လာသည်။ ကယ်ဆယ်ရေးစုရပ်တိုင်းတွင်လည်း သူ့ပုံကို ပရိုဂျက်တာဖြင့် တိုက်ရိုက်ထုတ်လွှင့်လာသည်။ 


ကျောက်လင်းယွီ၏ သူရဲကောင်းဟူသော ဂုဏ်ပုဒ်မှာ မတော်မတရားနည်းလမ်းဖြင့် ရရှိလာခြင်း မဟုတ်ပေ။ တိုးဝှေ့ငိုကြွေးရင်း ဆူညံပွက်လောရိုက်နေကြသော လူအုပ်မှာ ယခင်ထက် ပိုပြီး တိတ်ဆိတ်လာကာ ကျောက်လင်းယွီထံတွင်သာ အာရုံစိုက်ထားလိုက်ကြသည်။ 


"အားလုံးက ထွက်ခွါနိုင်ဖို့အတွက် စိတ်ပူနေကြမှန်း နားလည်ပေမယ့် အလွန်အကျူးဖြစ်နေကြပြီ ဒါက စာရင်းသွင်းတာနဲ့ ယာဉ်ပျံထွက်ခွါတာကို နှောင့်နှေးစေရုံပဲ ရှိပါလိမ့်မယ် အဲ့‌ဒါကြောင့် လူတိုင်း စိတ်အေးအေးထားပြီး တန်းစီပေးကြမယ်လို့ မျှော်လင့်ပါတယ် ဒီဂြိုဟ်ကနေ နောက်ဆုံးထွက်ခွါရမယ့်သူက လူကြီးမင်းတို့ မဟုတ်ပါဘူး နောက်ဆုံးအထိ စောင့်နေပြီး ‌အားလုံး ကယ်ဆယ်ခံရပြီဆိုမှ ကျွန်တော်ထွက်ခွါမယ်လို့ ကတိပေးပါတယ် ..." 


သူက ပြောလိုက်သည်။ 


နောက်ဆုံးမှ ထွက်ခွါမယ် မာရှယ်က သူတို့အားလုံး ယာဉ်ပျံပေါ် ရောက်တဲ့အထိ စောင့်နေပေးမယ်လို့ ဆိုလိုတာလား ... 


တစ်ယောက်နှင့်တစ်ယောက် တိုးဝှေ့နေကြသူများလည်း လုပ်ရပ်ကို ရပ်တန့်ကာ အစဉ်လိုက် တန်းစီလိုက်ကြတော့သည်။ 


ကျောက်လင်းယွီက ယာဉ်ပျံ‌ပေါ်တွင် မတ်တပ်ရပ်ကာ ထိုသူများကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ 


"ဖက်ဒရယ်က သူ့ရဲ့ပြည်သူတွေကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ပါဘူး အဲဒါကြောင့် အားလုံး စိတ်အေးအေး ထားပေးကြပါ ကျွန်တော်ရော တပ်သားတွေရော ဒီမှာ ရှိနေပေးမှာပါ ..."


အစောပိုင်းတွင် စစ်သားများသည် အစဉ်လိုက်ဖြစ်ရန် ထိန်းညှိရသည့်အပြင် ပြည်သူများနှင့် ရောပါလာသော ကြယ်ဓားပြများကိုပါ စစ်ထုတ်ရသေးသည့်အတွက် စိတ်ဖိစီးနေကြသည်။ သို့သော် ယခုအချိန်တွင် ကျောက်လင်းယွီ တည်ရှိမှုကြောင့် လူတိုင်းသည် စိတ်အေးအေးဖြင့်သာ တန်းစီနေကြတော့သည်။ 


အခြားစုံရပ်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများကလည်း ထိုအခါမှသာ စိတ်အေးသွားပြီး တိုးဝှေ့နေခြင်းကို ရပ်တန့်လိုက်တော့သည်။ 


ထိုသည်ကို သတိထားမိသည့် ကျောက်လင်းယွီက ပို၍ပင် တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်တည်ပြလာသည်။ 


ကျောက်လင်းယွီက ဒီနေရာမှာ မတ်တပ်ရပ်ရုံလေးနဲ့တင် လူထုကို ငြိမ်သက်သွားအောင် ထိန်းချုပ်နိုင်တယ် သူက တကယ်ကို အရည်အချင်းရှိတာပဲ ... 


လူအုပ်အဆုံးတွင် မတ်တပ်ရပ်နေသော Cohen က ကျောက်လင်းယွီကို မော့ကြည့်နေလိုက်သည်။ သူ့မျက်နှာမှာလည်း အခြားသူများကဲ့သို့ပင် လေးသားအားကျနေဟန် ရှိသော်ငြား နှလုံးသားထဲကဝောာ့ မပါပေ။ 


သူ့ကိုယ်သူ ဖမ်းဆီးခံမြို့စောင့်တပ်၏ တပ်ကြပ်ဟု ပြောခဲ့သူမှာ ဖက်ဒရယ်က ရှာဖွေနေသော S လေးလုံးအဆင့် ရာဇဝတ်ကောင်ဖြစ်သည်။ 


ကော်ဘီယန်၏ စွမ်းရည်မှာ ထူးကဲလှပြီး ဖက်ဒရယ်တစ်ခုလုံးတွင် သူတစ်ယောက်သာ ပိုင်ဆိုင်ပေသည်။ ထိုစွမ်းရည်ကို သူက တုပခြင်းအတတ် ဟု အမည်ပေးထားသည်။ 


သူ၏ရုပ်သွင်ကို စိတ်အလိုရှိတိုင်း‌ ပြောင်းလဲနိုင်ကာ တစ်ယောက်ယောက်၏ မျိုးရိုးဗီဇကို ရရှိခဲ့ပါလျှင် ထိုသူ၏ ရုပ်သွင်အတိုင်း တစ်ထပ်တည်း ပြောင်းလဲနိုင်ပေသည်။

65.2


ထိုသို့သော စွမ်းရည်ရှိနေသည့်အတွက် အကြီးဆုံးကြယ်ဓားပြအဖွဲ့၏ ခေါင်းဆောင်၊ ဖက်ဒရယ်၏ အလိုအရှိဆုံး ရာဇဝတ်ကောင် ဖြစ်နေသည့်တိုင် သူ့ရုပ်သွင်အစစ်အမှန်ကို မည်သူမှ မမြင်ဖူးကြခြင်းဖြစ်သည်။ 


"မာရှယ်က တကယ်ကို လေးစားစရာ ကောင်းတာပဲ ..." 


သက်လတ်ပိုင်းအရွယ် ခပ်ဝဝအမျိုးသားက ကျောက်လင်းယွီကို လေးစားအားကျနေဟန်ဖြင့် ကြည့်လိုက်သည်။  


"မာရှယ့်ရင်ခွင်ထဲက ကောင်လေးက သူ့ကို ဘယ်တုန်းကမှ စွန့်ခွါမသွားခဲ့ဘူးဆိုတဲ့ ကေးမျိုးနွယ် ထင်တယ်နော် သူကလည်း တကယ်ကို လူကောင်းတစ်ယောက်ပဲ ..." 


"မာရှယ်က အရမ်းအရပ်ရှည်ပြီးတော့ ကေးလေးက ပိန်ပါးနေ‌တာ အသိသာကြီးပဲနော် ဒါပေမယ့် သူတို့နှစ်ယောက် အတူတူ ရပ်နေလိုက်တဲ့အချိန်မှာ မထင်ထားလောက်အောက်ကို လိုက်ဖက်နေရောပဲ ..." 


သူ့ဘေးနားရှိ သက်လတ်ပိုင်းအမျိုးသမီးက ဝင်ပြောလိုက်သည်။ 


မြို့တော်ကြယ်၏ အထက်တန်းလွှာအသိုင်းအဝိုင်းတစ်ခုလူံးက ရမ်ရှန့်မှာ ကေးမဟုတ်ကြောင်းနှင့် မဟာမိတ်တပ်ပေါင်းစုမှ ရွိုင်းဆိုသူ မဟုတ်ကြောင်း သိနေကြသော်ငြား သာမန်ပြည်သူများကမူ ထိုအကြောင်းကို မသိကြသေးချေ။ ထို့ကြောင့် သူတို့က ရမ်ရှန့်၏ သရုပ်မှန်အကြောင်း တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ဆွေးနွေးကြသည်။ 


"ငါကြားတာတော့ မဟာမိတ်တပ်ပေါင်းစုက လာတဲ့ ကေးက အပင်စွမ်းရည်ပိုင်ရှင်တဲ့ သူက လူသားမဟုတ်ဘူးဆိုပေမယ့် တကယ်ကို ကောင်းတဲ့လူပဲနော် ..." 


"ဟုတ်ပါ့ မာရှယ်က သူ့ကို ဘယ်အချိန်မှာများ လက်ထပ်မလဲမသိဘူး ..." 


"မာရှယ်က သူ့ကို ဒီလိုအချိန်မှာတောင် ချီထားတယ်ဆိုတော့ သူ့ကို တကယ်ကို ချစ်လို့ပဲ ဖြစ်ရမယ် နောက်နှစ်နည်းနည်းလောက်ဆို မာရှယ်ပေါက်စလေးတွေများ ထွက်လာမလားပဲ ..." 


..... 


အများစုမှာ စွမ်းရည်မရှိသည့် သာမန်လူများသာ ဖြစ်သည့်အတွက် စွမ်းရည်ပိုင်ရှင်များအဖို့ ကလေးရရန် မည်မျှခက်ခဲကြောင်း မသိကြပေ။ ထို့ကြောင့် သူတို့က ကျောက်လင်းယွီနှင့် ရမ်ရှန့်အတွက် ဆုမွန်ကောင်းတောင်းပေးနေကြခြင်းဖြစ်သည်။ 


ရွိုင်းမှာတော့ နားထောင်မိလေလေ ပို၍ အရုပ်ဆိုးလာလေပင်ဖြစ်သည်။ သည်းမခံနိုင်တော့သည့်အဆုံး၌ သူက ဝင်ပြောလိုက်သည်။ 


"ကျောက်မိသားစုက ဘာမို့လို့လဲ သူတို့က တကယ်ရော လက်ထပ်နိုင်မှာတဲ့လား ..." 


"ကျောက်မိသားစုကလည်း ကတိပေးပြီးသားလေ ပြီးတော့ သူတို့နှစ်ယောက် ဒီလောက်အထိ ရင်းနှီးနေကြတာကို မင်းမမြင်ဘူးလား ..." 


ကျောက်လင်းယွီသည် ရမ်ရှန့်ကို ပွေ့ဖက်ရင်း ယာဉ်ပျံပေါ်တွင် မတ်တပ်ရပ်နေသည်မှာ ရင်းနှီးသည်ထက် ပိုသည်ဟုပင် ဆိုနိုင်ပေသည်။ 


ရွိုင်းမှာတော့ ထိုမြင်ကွင်းကို အဝေးတစ်နေရာတွင် အံကို တင်းတင်းကြိတ်၍သာ ကြည့်နေရပေသည်။ 


ကျောက်လင်းယွီမှာ သူမြင်ဖူးသည့် ဗီဒီယိုထဲကထက်ပင် ပိုပြီး ခန့်ညားနေသေးသည်။ ဖက်ဒရယ်၏ မာရှယ်တစ်ဦး ဖြစ်ရုံသာမက ကျောက်မိသားစု၏ ဆက်ခံသူလည်း ဖြစ်နေရာ စွမ်းရည်မရှိတော့လျှင်တောင် ဖက်ဒရယ်တွင် သူနှင့် ယှဉ်ပြိုင်နိုင်သူမှာ လက်တစ်ဆုပ်မျှသာ ရှိပေသည်။ 


ဒီလိုလူမျိုးနဲ့ ဘေးချင်းယှဉ်ရပ်ပြီး ရင်ခွင်ထဲမှာ အပွေ့ခံထားရတာ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ ... 


ထိုအချိန်တွင် ရွိုင်းမှာ လက်ထပ်ပွဲမှ ထွက်ပြေးမိသည့်အတွက် နောင်တရလာတော့သည်။ အကယ်၍ သူသာ ထွက်မပြေးခဲ့ပါလျှင် ယခု ကောင်းချီးပေးခံ၊ အားကျခံရမည့်သူမှာ သူသာ ဖြစ်သည်။ 


မနာလိုဖြစ်လွန်း၍ သူ၏ သရုပ်မှန်ကိုပင် ထုတ်ပြောမိလုနီးပါး ဖြစ်သွားတော့သည်။ ထိုအချိန်တွင် ကျောက်လင်းယွီ၏ ရင်ခွင်ထဲရှိ ရမ်ရှန့်က သူ့ကို မော့နမ်းလိုက်သည်ကို တွေ့လိုက်ရသည်။


ထိုသူနှစ်ဦး၏ ပုံရိပ်ကို ပရိုဂျက်တာ အကြီးစားဖြင့် ပြသထားသည့်အတွက် ကျောက်လင်းယွီ၏ နှုတ်ခမ်းထောင့်မှာ ကွေးတက်သွားပြီး သူ့အကြည့်တို့်မှာလည်း ပိုပြီး နွေးထွေးသွားကြောင်းကို လူတိုင်းက ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ 


ရွိုင်းသည် သူ့ပါးစပ်ကိုသာ အုပ်ထားလိုက်တော့၏။ 


သူ့တွင် သက်သေခံကတ်ပြားလည်းမရှိ ၊ အထောက်အထားလည်း မရှိသည့်အတွက် အကယ်၍ ရမ်ရှန့်ထံ ပြေးဝင်ကာ အော်ဟစ်ကြိမ်းမောင်းလျှင်ပင် ကျောက်လင်းယွီက သူ့ကို ယုံကြည်မည် မဟုတ်ချေ။ ကျောက်လင်းယွီ သို့မဟုတ် အစားထိုး၏ လက်ချက်ဖြင့် အစဖျောက်ခံရချေ ရှိနေသည်ကတော့ ထုတ်ပြောရန်ပင် မလိုတော့ချေ။ 


သင့်တော်သည့် အခွင့်အရေးတစ်ခု ရှာတွေ့သည်အထိ စောင့်ဆိုင်းနေရန် လိုပေသည်။ 


ရမ်ရှန့်ကို ကြည့်မိချိန်တိုင်း သူ၏ မနှစ်မြို့မှုမှာ ပို၍ပင် သန်မာလာတော့သည်။ 


ကော်ဘီယန်က ထိုမြင်ကွင်းကို ပြုံးကာ စိုက်ကြည့်နေသည်။ 


ရမ်ရှန့်မှာတော့ တစ်ယောက်‌ယောက်က သူ့ကို မုန်းတီးနေမှန်းပင် သတိမထားမိချေ။ ပျော်ရွှင်မှုတွင်သာ နစ်မြောနေသည်။ 


သူ့အတွက်မူ ကျောက်လင်းယွီကို အများက ချစ်ကြခြင်းသည် သူ့ကို ချစ်ခင်ကြခြင်းထက်ပိုပြီး စိတ်ချမ်းသာဖွယ် ကောင်းလှပေသည်။ ကျောက်လင်းယွီကို ကြည့်လိုက်ပြီးနောက် သူ့မျက်နှာမှာ အကြောင်းပြချက်မရှိ ပူပြင်းလာတော့သည်။ အောက်ကလူများအား အလေးအနက်ကြည့်နေသည်ကို တွေ့လိုက်ရချိန်တွင်တော့ သူ့မျက်နှာကို မနမ်းဘဲ မနေနိုင်တော့ချေ။ 


သူက ဘာများဖြစ်နေတာလဲ ကျောက်လင်းယွီက နေ့တိုင်းလိုလို ကျင့်ကြံနေတော့ သူ့အသားအရေကနေ သန့်စင်မြေလည်း ထွက်မလာနိုင်တော့ဘူးလေ အဲဒါကိုတောင် ဘာလို့ နမ်းချင်စိတ် ဖြစ်နေရသေးတာလဲ ပြီးတော့ တစ်ခါနမ်းရုံနဲ့လည်း အားမရဘူး နှစ်ခါ သုံးခါ လေးခါ အထပ်ထပ်အခါခါ ထပ်နမ်းချင်နေတုန်းပဲ ... 


ကျောက်လင်းယွီက သူ့နောက်နားရှိလူကို မျက်စိမှိတ်ပြကာ ရမ်ရှန့်ကို တိုးတိုးလေး မေးလိုက်သည်။ 


"ဘာဖြစ်လို့လဲ ..." 


"ဘာမှ မဖြစ်ပါဘူး လင်းယွီ ခင်ဗျားက တကယ်ပဲ နောက်ဆုံးမှ ထွက်ခွါမှာလား ..." 


သူက မေးလိုက်သည်။ 


"ဒါပေါ့ ကိုယ်ပြောခဲ့သလိုပဲလေ ..." 


သူက ပြုံးကာ ပြောလိုက်သည်။ 


"ဒါဆို ကျွန်တော်လည်း ခင်ဗျားနဲ့အတူတူ နေပေးမယ် ..." 


ရမ်ရှန့်က တစ်ချက်မျှပင် မတုန့်ဆိုင်းဘဲ ပြောလိုက်သည်။ 


"ကိုယ်သိပြီ ..." 


ကျောက်လင်းယွီ၏ အမူအယာမှာ ပို၍ပင် သက်တောင့်သက်သာ ဖြစ်လာသည်။ သူက ရမ်ရှန့်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ 


"စိတ်မပူနဲ့ ဒီဂြိုဟ်က ပျက်သုဉ်းသွားမယ်ဆိုရင်တောင် တစ်စစီတော့ ပေါက်ကွဲသွားမှာ မဟုတ်ဘူး ပြီးတော့ တကယ်လို့ တစ်စစီ ပေါက်ကွဲသွားမယ်ပဲ ထားဦး ဒီယာဉ်ပျံက ကိုယ်တို့ကို ပင်မသင်္ဘောဆီ သယ်သွားပေးနိုင်တယ် အဲဒါကြောင့် ဘာအန္တရာယ်မှ မရှိဘူး ..." 


ရမ်ရှန့်က သူ့ပါးစပ်ကို အလောတကြီး ဖုံးအုပ်လိုက်သည်။ 


"မပြောနဲ့လေ တစ်ခြားသူတွေ ကြားကုန်မှာပေါ့ သူတို့သာ ကြားသွားရင် ရှေ့မှာ ခင်ဗျားလုပ်ခဲ့သမျှက အလကားဖြစ်သွားလိမ့်မယ်လေ ..." 


ကျောက်လင်းယွီမှာ ပို၍ပင် ရွှင်မြူးလာသည်။ သူက ရမ်ရှန့်၏ လက်ကို ဆွဲယူကာ သူ့ခေါင်းကို နမ်းလိုက်သည်။ 


"အသံတွေ ပိတ်ထားဖို့ ပြောပြီးပါပြီ ..." 


"ဘယ်လိုလုပ်လိုက်တာလဲ ..." 


ရမ်ရှန့်က မရည်ရွယ်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ 


"ဘာကိုလဲ ကိုယ် ဒီလိုလုပ်တာ မသင့်တော်ဘူးလို့ ထင်လို့လား ..." 


ကျောက်လင်းယွီမှာ အနည်းငယ် ဇဝေ‌ဇဝါဖြစ်သွားသည်။ 


"မဟုတ်ပါဘူး ခင်ဗျားက ဘာလို့ အမြဲတမ်း ကလေးတွေကိုပဲ နမ်းပြီး ကျွန်တော့်ကို မနမ်းရတာလဲ ကျွန်တော့်ကိုလည်း နမ်းသင့်တယ်လေ ..." 


သူက ပြောလိုက်သည်။ 


xxxxxxx