အပိုင်း ၆၈
Viewers 18k

Chapter 68


ကျောက်လင်းယွီနှင့်အတူ ပင်မသင်္ဘောထံ ပြန်လာပြီးနောက် ရမ်ရှန့်သည် ထူးကဲသတ္ထုရိုင်းကိုကိုင်ကာ သူ့အခန်းထဲသို့ ပြန်လာလိုက်သည်။ 


သူ့ခေါင်းပေါ်ရှိ ကလေးလေးယောက်၏ လှုပ်ရှားမှုကြောင့် မူးဝေနေပြီဖြစ်ရာ သူတို့ကို စောစောစီးစီး ပေးလိုက်မှသာ သက်သာရာရပေတော့မည်။ 


"တကယ်ကြီးလား မင်း‌တို့တွေက ဘာလို့များ ရုတ်တရက်ကြီး ဒါကို လိုချင်လာရတာလဲ ..." 


အခန်းထဲသို့ ရောက်ရောက်ချင်း ခေါင်းပေါ်မှ အသီးလေးလုံးကို ပြသလိုက်သည်။ 


သူ့လက်ထဲရှိ ကျောက်တုံးကို ကလေးလေးယောက်ထံ တင်ပေးရင်း သူတို့ကို မဖိ‌မိစေရန် စိတ်စွမ်းအင်ဖြင့် ထိန်းညှိထားသည်။ ထိုအခါမှသာ ကလေးများလည်း ငြိမ်ကျသွားတော့သည်။ ထို့နောက် ရမ်ရှန့်သည် ကျောက်တုံးထံမှ ဖြာထွက်လာသော စွမ်းအင်အား သူ့ကလေးများ စုပ်ယူနေသည်ကို အနည်းငယ် ခံစားမိလိုက်သည်။ 


ဘာဖြစ်တာလဲ တကယ်ပဲ ဒီပေါက်စလေးတွေက အထဲက စွမ်းအင်တွေကို စုပ်ယူနေတာလား ... 


ရမ်ရှန့်မှာ အံ့ဩသွားသည့်အတွက် သူ့စိတ်စွမ်းအင်ကိုသုံးကာ ကျောက်တုံးကို အလျင်အမြန် စစ်ဆေးလိုက်ပြီး အထဲရှိစွမ်းအင်မှာ တည်ငြိမ်နေကြောင်း သိလိုက်ရမှသာ စိတ်အေးသွားတော့သည်။ 


သူက ဒီစွမ်းအင်ကို မခံစားနိုင်သလို စုပ်လည်း မစုပ်ယူနိုင်ဘူးလေ သူ့ကလေးတွေက ဘယ်လိုလုပ် စုပ်ယူနိုင်နေရတာလဲ ... 


သူ့ထက် ပိုပြီး စွမ်းအားကြီးကြလို့များလား ... 


ရမ်ရှန့်မှာ တွေးလေလေ ဖြစ်နိုင်သည်ဟု ခံစားမိလေလေဖြစ်သည်။ ကျောက်လင်းယွီကို ထူးခြားသည့် အခြေအနေအကြောင်း မေးမြန်းကာ ထိုကျောက်တုံးကို ဘာဆက်လုပ်၍ရမလဲ ဆုံးဖြတ်ခိုင်းရန် တွေးထားလိုက်သည်။ 


ကျောက်လင်းယွီက အပြင်ဘက်မှာဆိုတော့ ခေါင်းပေါ်ကို ကျောက်တုံးကြီး တင်ပြီးလည်း ထွက်လို့ မရဘူးလေ လူတိုင်းက တထူးတဆန်းကြီး လိုက်ကြည့်နေကြမှာပေါ့ မဟုတ်ဘူးလား ... 


အခန်းထဲသို့ လှည့်ပတ်ကြည့်ရှုပြီးနောက် ကာကွယ်ရေးဦးထုပ်ကို ရှာတွေ့လိုက်သည်။ အထဲရှိ ကိရိယာများကို ထုတ်ကာ ကျောက်တုံးကို ထည့်လိုက်ပြီးနောက် သူ့ကလေးများ စုပ်ယူ၍ မပြီးသေးသည့် စွမ်းအင်များမှာ တစ်ဖြေးဖြေး လွင့်စင်သွားကြောင်း တွေ့လိုက်ရသည်။ ထို့နောက် စွမ်းအင်ကို သီးသန့်ခွဲထားရန် ပြင်ဆင်ပြီးကာမှ ဦးထုပ်ကို ဆောင်းကာ အခန်းထဲမှ ထွက်လာလိုက်သည်။ 


သူသည် မှတ်ဉာဏ်ကောင်းသူ ဖြစ်သည့်အတွက်  ပင်မသင်္ဘော၏ ကော်ရစ်ဒါများနှင့် အစောကတည်းကပင် အကျွမ်းတဝင်ဖြစ်နေကာ ပသ်မထိန်းချုပ်ခန်းသို့ တန်းတန်းမတ်မတ် ရောက်ရှိသွားတော့သည်။ 


ကျောက်လင်းယွီက အထဲတွင် အစည်းအဝေးလုပ်နေသည့်အတွက် သူ့ကို မနှောင့်ယှက်မိစေရန် အခန်းအပြင်ဘက် ကြမ်းပြင်တွင်သာ ထိုင်ရင်း ကျင့်ကြံနေလိုက်သည်။ 


သူ့ခေါင်းပေါ်ရှိ ကလေးများမှာ စွမ်းအင်စုပ်ယူရန် ကြိုးစားနေကြကာ ကျင့်ကြံမှု စတင်လိုက်သည်နှင့်တစ်ပြိုင်နက်  သူ့စိတ်စွမ်းအင်များကို အများအပြား စုပ်ယူလိုက်ကြသည်။ 


ကျောက်လင်းယွီက သူ့ကို သန့်စင်မြေ အမြောက်အများ ထောက်ပံ့ထားသည့်အတွက် ရမ်ရှန့်လည်း ကလေးများကို စိတ်စွမ်းအင်အနည်းငယ် ပိုပြီး ‌ထောက်ပံ့ပေးလိုက်သည်။ 


အစည်းအဝေးခန်းထဲမှ ထွက်လာချိန်တွင် ကျောက်လင်းယွီသည် နံရံကိုမှီကာ ထိုင်နေသော ဂျင်ဆင်းလေးကို တွေ့လိုက်ရသည်။ သူ့မျက်လုံးကိုပင် ဖုံးအုပ်တော့မည့် ကာကွယ်ရေးဦးထုပ်ကို ဆောင်းထားသည့်အတွက် ရမ်ရှန့်၏ မျက်နှာမှာ ပို၍ပင် သေးငယ်လာပြီး သနားစဖွယ် ဖြစ်နေသည်။ 


"ရမ် ..." 


သူက ခေါ်လိုက်သည်။ 


"လင်းယွီ အစည်းအဝေး ပြီးသွားပြီလား ..." 


ရမ်ရှန့်က ဝမ်းသာအားရ ထရပ်ကာ ပြောလိုက်သည်။ 


"ပြီးသွားပြီ ဘာလို့ ဒီမှာ ထိုင်နေတာလဲ..." 


သူက မေးလိုက်သည်။ 


"အစည်းအဝေး လုပ်နေတဲ့အချိန်ဆို အနှောင့်ယှက်မခံဘူးလို့ ခင်ဗျားပြောထားဖူးတယ်လေ ..." 


ရမ်ရှန့်က သူ့ကို ပွေ့ဖက်ကာ ပြောလိုက်သည်။ 


"အခု ပြီးသွားပြီ‌ဆိုတော့ နှောင့်ယှက်လို့ ရပြီလားဗျ ..." 


"ရတာပေါ့ ..." 


သူက ရမ်ရှန့်ကို ပြန်လည်ပွေ့ဖက်ကာ နူးနူးညံ့ညံ့ကြည့်ရင်း ပြောလိုက်သည်။ 


နောက်တစ်ခါ အစည်းအဝေးလုပ်ရင် ရမ်ရှန့်ကို သူ့အနား ခေါ်ထားသင့်လား မဟုတ်သေးဘူး ရမ်ရှန့်သာ အနားမှာ ရှိနေရင် သူ အစည်းအဝေးကို အာရုံစိုက်နိုင်တော့မှာ မဟုတ်ဘူး ... 


"လင်းယွီ ခင်ဗျားကို ပြောစရာရှိတယ် ..." 


ရမ်ရှန့်က ဦးထုပ်ကို ထိရင်း ပြောလိုက်သည်။ 


"အိုင်ဗာ တစ်ခြားသင်္ဘောတွေကို အနီးဆုံး လူနေဂြိုဟ်ဆီ အမြန်ဆုံးပျံသန်းဖို့ အကြောင်းကြားလိုက် ပင်မသင်္ဘောကတော့ ကြယ်ဓားပြတွေနောက်ကို လိုက်မယ် ငါ တစ်ခုခု သွားစားပြီးရင် ပြန်လာခဲ့မယ် ..." 


သူက ပြောလိုက်သည်။ 


ယခုအချိန်တွင် သူတို့သည် ကြယ်ဓားပြများနှင့် အနည်းငယ်သာ ဝေးကွာကာ ရက်အနည်းငယ်အတွင်း အမှီလိုက်နိုင်တော့မည်ဖြစ်သည့်အတွက် တစ်ခဏမျှ နေရာမှ ထွက်ခွါလျှင်လည်း ကိစ္စမရှိတော့ပေ။ 


"ဟုတ်ကဲ့ မာရှယ် ..." 


အိုင်ဗာက ပြန်ဖြေလိုက်သည်။ 


ကျောက်လင်းယွီလည်း ရမ်ရှန့်ကို အခန်းထဲသို့ ပြန်ခေါ်လာကာ ကုတင်ပေါ် ထိုင်စေပြီး သူ့အတွက် စားစရာ မှာပေးလိုက်သည်။ ပြီးကာမှ မေးမြန်းလိုက်၏။ 


"ဘာပြောစရာရှိလို့လဲ ..." 


"လင်းယွီ ကျွန်တော်ရှာတွေ့ထားတဲ့ ကျောက်တုံးမှာ စွမ်းအင်တွေ ရှိနေတယ် ..." 


သူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ ထို့နောက် ဦးထုပ်ထဲမှ ကျောက်တုံးကို ထုတ်ပြလိုက်သည်။


ကျောက်လင်းယွီလည်း ယူကြည့်လိုက်ရာ စွမ်းအင်အတက်အကျကို ခံစားမိလိုက်သည်။ 


"ဒီထဲမှာ တကယ်ကို စွမ်းအင်တွေ ရှိနေတာ‌ပဲ ပြီးတော့ တည်လည်းတည်ငြိမ်နေတယ် စုပ်ယူလို့ ရနိုင်မှာ သေချာတယ် ..." 


အကယ်၍ သူ့တွင်သာ စွမ်းရည်ရှိနေသေးပါလျှင် ထိုစွမ်းအင်မျိုးကို တန်ပြန်တုန့်ပြန်ချက် တစ်စုံတစ်ရာ မဖြစ်ပွားဘဲ စုပ်ယူနိုင်မည်ဖြစ်သည်။ ရမ်ရှန့်၏ သန့်စင်မြေ စုပ်ယူသည့်နည်းလမ်းကို တွေးလိုက်မိသော်ငြား ထိုကဲ့သို့ စွမ်းအင်မျိုးကို စုပ်ယူနိုင်လိမ့်မည်ဟုတော့ မျှော်လင့်မထားပေ။ 


"တကယ်နော် တော်ပါသေးတယ် ..." 


ရမ်ရှန့်က ကျောက်တုံးကို ဦးထုပ်ထဲ ပြန်သိမ်းလိုက်သည်။ 


ထိုဦးထုပ်သည် ကျောက်လင်းယွီပင် ဆောင်း၍ရသည့် အရွယ်ဖြစ်ရာ ကျောက်တုံးအောက်တွင် ဂျင်ဆင်းပင်လေး ပိနေသကဲ့သို့ပင် ဖြစ်သည်။ 


သူ့ရဲ့ သန့်စင်မြေတွေကိုလည်း ဒီလိုပဲ ခေါင်းပေါ်မှာ သိမ်းထားတာလား ... 


ကျောက်လင်းယွီက သူ၏ ကမောက်ကမ အတွေးစများကို ပြန်ရုတ်သိမ်းရင်း ပြောလိုက်သည်။ 


"ရမ် ကြယ်ဓားပြတွေမှာ ဒီလိုထူးခြားတဲ့ သတ္ထုရိုင်းတွေ အများကြီး ရှိနေမယ်ထင်တယ် ..." 


ပင်မသင်္ဘောသို့ ပြန်ရောက်ပြီးနောက် သူသည် ကျောက်နာ၏ သင်္ဘောပေါ်ရှိ လူများအပေါ် အမြင်ကို မေးမြန်းရာ ထိုလူများအနက် အန္တရာယ်ရှိသူများ ရောနှောပါဝင်နေသော်ငြား မည်သူမည်ဝါမှန်း မသိသေးဟု ဆိုလာသည်။ 


သူက ကြယ်ဓားပြများနောက်သို့ လိုက်ပါက အန္တရာယ် ရှိနိုင်သလားဟု တစ်ဖန်မေးလိုက်ပြန်သည်။ 


ကျောက်နာ၏ ကြိုတင်အာရုံခံစားနိုင်စွမ်းမှာ ယေဘုယျကျသည့်တိုင် လွန်စွာ တိကျပေသည်။ သူမက အန္တရာယ်နှင့် ကြုံလာနိုင်သည့်တိုင် များစွာ အခက်တွေ့မည်မဟုတ်ဟု ဆိုလာသည်။

68.2


ဖက်ဒရယ်ပြည်သူများက သူ့ကို ရန်လိုသည်မှာ မဖြစ်နိုင်သည့်အချက်ဖြစ်သည်။ ထို့ကြောင့် သင်္ဘောပေါ်တွင် ကြယ်ဓားပြများ ရောနှောပါဝင်နေသည်ဟု ကောက်ချက်ချနိုင်ပေသည်။ 


ဟုန်ကျုံးပေးပို့သည့် စာအရ ကြယ်ဓားပြများတွင် လက်နက်အသစ်အဆန်းများ ပိုင်ဆိုင်ထားသည်။ ကြယ်အမှတ် ၁၂၅၃၄ တွင် တွင်းနက်ကြီးတစ်ခု ရှ်ိနေကာ စွမ်းအင်သတ္ထုရိုင်း အမြောက်အများမှာလည်း ယူဆောင်သွားခြင်း ခံခဲ့ရသည်။ 


သုံးသန်းသော ပြည်သူတို့၏ အသက်ကို လောင်းကြေးမထပ်လိုသော်လည်း အခွင့်အရေးကောင်းကို လက်လွတ်မခံနိုင်သည့်အတွက် တုန်လှုပ်ဖွယ်ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။ အခြားစစ်သင်္ဘောများကို လူနေဂြိုဟ်များဆီသို့ မောင်းနှင်စေကာ ပင်မသင်္ဘောကတော့ ကြယ်ဓားပြများနောက်သို့ လိုက်မည်ဖြစ်သည်။ 


ပင်မသင်္ဘောသည် ပထမတပ်ဖွဲ့၏ အကြီးမားဆုံး စစ်သင်္ဘောဖြစ်ကာ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း တုနှိုင်းမဲ့ပင်ဖြစ်သည်။ ဟုန်ကျုံးဦးဆောင်လာသည့် တိုက်ခိုက်ရေးယာဉ်များနှင့် ကင်းထောက်ယာဉ်များ၏ အကူအညီကိုပါ ထည့်တွက်ပါလျှင် ကြယ်ဓားပြများကို အနိုင်မတိုက်နိုင်လျှင်တောင် ဆုတ်ခွါဖို့ရန် မခဲယဉ်းလှပေ။ ကြယ်ဓားပြများသည် စွမ်းအင်သတ္ထုရိုင်းများကိုပါ သယ်ဆောင်ထားသည့်အတွက် အရှိနိမြှင့်တင်ရာတွင် အခက်ကြုံရမည် ဖြစ်သော်ငြား ပင်မသင်္ဘောတွင်မူ ပြည်သူ သုံးသောင်းသာ ပါရှိပေသည်။ 


ထိုပမာဏမှာ ပင်မသင်္ဘော၏ အရှိန်ကို အနည်းငယ်မှ နှောင့်နှေးစေမည် မဟုတ်ချေ။ ထို့ပြင် သင်္ဘောပေါ်၌ အကြီးအကဲထန့် အပါအဝင် S အဆင့် စွမ်းရည်ပိုင်ရှင်များလည်း အများအပြား ပါဝင်နေသေးသည်။ 


S အဆင့် စွမ်းရည်ပိုင်ရှင်များသည် စစ်သင်္ဘောကိုပင် လက်ဗလာဖြင့် ချေမှုန်းနိုင်သူများ ဖြစ်ကြသည်။ 


"ကျောက်တုံးတွေ ရှိသေးတယ် ကျွန်တော်တို့ ပြန်ယူလို့ ရလား ..." 


ရမ်ရှန့်က မေးလိုက်သည်။ သူသည် စမ်းသပ်ကြည့်ရန် စိတ်ဇောသန်နေလေသည်။ သူ၏ ကလေးများက လိုချင်နေရာ ဖခင်တစ်ဦီးအနေဖြင့် သေချာပေါက် နည်းလမ်းရှာပေးရမည်ဖြစ်သည်။ 


"ကိုယ်လည်း မသိသေးဘူး အရင်ဆုံး သူတို့နောက်ကို လိုက်လိုက်ရအောင် ..." 


အခန်းပေါက်ဝကို အနည်းငယ် ဟကာ စားစရာကို ယူလာပြီး ကျောက်လင်းယွီသည် အလုတ်ကြီးကြီးတစ်လုတ် ကိုက်လိုက်သည်။ 


ရမ်ရှန့်က တံတွေးမျိုချလိုက်သည်။ ကျောက်လင်းယွီ စားနေသည်ကို လုယူရန် မကြိုးစားသော်ငြား သန့်စင်မြေအကြောင်းကိုတော့ မတွေးဘဲ မနေနိုင်ချေ။ 


ယနေ့သည် ကျောက်လင်းယွီ ထုတ်ပေးရမည့်နေ့ ဖြစ်သော်ငြား ကြယ်ဓားပြ‌များနောက်သို့ လိုက်ရဦးမည်ဖြစ်၍ သူ့အတွက် ထုတ်ပေးရန် အချိန်ပေးနိုင်ဖို့ရာ မသေချာလှပေ။ 


တကယ်လို့ ကျောက်လင်းယွီမှာ သန့်စင်မြေ ထုတ်ပေးဖို့ အချိန်မရှိဘူး ဆိုရင်တောင် နမ်းဖို့တော့ အချိန်ရှိလောက်မှာပါ ဟုတ်တယ်မဟုတ်လား ပြီးတော့ သူပဲ နမ်းမယ်လို့ ပြောထားတာလေ ... 


ရှန်းချိုးရှစ်နှင့်အတူ ကြည့်ခဲ့သည့် အနမ်းခန်းများကို ပြန်မြင်ယောင်ရင်း ရမ်ရှန့်မှာ ရင်ခုန်လာတော့သည်။ 


စားသောက်ပြီးစီးသွားသည့် ကျောက်လင်းယွီသည် နှုတ်ခမ်းကိုကိုင်ကာ တွေဝေငေးမောနေသော ရမ်ရှန့်ကို တွေ့လိုက်ရသည်။ 


"ဘာတွေ တွေးနေတာလဲ..." 


သူက မေးလိုက်သည်။ 


"ခင်ဗျား ဘယ်အချိန် နမ်းမှာလဲ စဉ်းစားနေတာ ..." 


ရမ်ရှန့်က သူ့နှုတ်ခမ်းကို လျက်ကာ ပြောလိုက်သည်။ 


ကျောက်လင်းယွီ၏ မျက်လုံးတို့မှာ ရုတ်ချည်း မဲမှောင်သွားတော့သည်။ 


ရမ်ရှန့်ကို စားရန်အထိ စိတ်ကို မပြင်ဆင်ရသေးသော်ငြား သူ့ကို နမ်းရန်ကမူ ... 


ရမ်ရှန့်ကို အစေ့ထုတ်ဖို့တောင် နေ့တိုင်း ကူညီပေးခဲ့မှတော့ နမ်းဖို့ အဆင်ပြေမှာပါ ...


သူက ရမ်ရှန့်အနားသိူ့ တစ်ဖြေးဖြေး ချဉ်းကပ်လာပြီး‌နောက် သူ့ပုံရိပ်ကိုပင် ပြန်မြင်ရလောက်သည်အထိ ပြူးကျယ်တောက်ပနေ‌သော ရမ်ရှန့်၏ မျက်လုံးများကို တွေ့လိုက်ရသည်။ 


တီဗီထဲမှာဆို အနမ်းခံရမယ့်သူက ရှက်သလိုလို လုပ်တယ် မဟုတ်လား ရမ်ရှန့်က တကယ်ကို တစ်မူထူးခြားနေတာပဲ ... 


ထိုသိူ့ အတွေးထဲ နစ်မြောနေစဉ် ရမ်ရှန့်က သူ့ကို လက်ဦးမှုယူကာ နမ်းလိုက်သည်။ 


ထိုအနမ်းက လုံလောက်ဟန်မတူ၊ သူ့လျှာကပါ ကျောက်လင်းယွီ၏ ပါးစပ်ထဲသို့ တိုးဝင်လာသည်။ 


ရမ်ရှန့်၏ စိတ်အားတက်ကြွမှုက သူ့ကို အနည်းငယ် စိတ်လှုပ်ရှားသွားစေသည်။ သို့သော် များမကြာမီ ပြဿနာတစ်ခုကို ရှာတွေ့သွားသည်။ 


ရမ်ရှန့်က သူ့ကို ခြောက်ကပ်နေ‌တဲ့ ပါးစပ်ကြီးနဲ့ နမ်းနေတာ  သူ့ပါးစပ်က လုံးဝကို ခြောက်ကပ်နေတာပဲ ...


ရမ်ရှန့်က သူ့တံတွေးကို တောင်းဆိုခဲ့သည့် အချိန်ကို သတိရလိုက်မိသည်။ ထိုအချိန်ကလည်း သူ့ပါးစပ်ထဲသို့ လက်ထည့်ပြီးနောက် တံတွေးအားလုံး အငွေ့ပျံကာ ပျောက်ကွယ်သွားခဲ့သည်။ 


"ခင်ဗျားရဲ့ တံတွေးမှာ သန့်စင်မြေ နည်းနည်းလေးပဲ ပါပေမယ့် ချိုတဲ့အရသာရတယ် ..." 


ရမ်ရှန့်က သူ့ပါးစပ်ကို လွှတ်ကာ လျှာသပ်ရင်း ပြောလိုက်သည်။ 


"တီဗီထဲက လူတွေ နမ်းရတာကို ကြိုက်တာ အံ့ဩစရာ မရှိတော့ပါဘူး ..." 


သူတို့က နမ်းရင်းနဲ့ တစ်ဖက်လူရဲ့ တံတွေးကို မစုပ်ဘူးကွ ... 


ကျောက်လင်းယွီမှာ ရေတစ်ငုံ သောက်ပြီးကာမှ ထိုအနမ်းသည် သူ၏ အနမ်းဦးဖြစ်ကြောင်း သတိရလိုက်တော့သည်။ 


သူနှင့် ရမ်ရှန့်သည် မျက်နှာချင်းဆိုင်ကာ ထိုင်နေကြသည်။ သူ့ဆန္ဒကို ဖြေလျော့ပေးရန် ရမ်ရှန့်က သူ့လက်များဖြင့် ကြိမ်ဖန်များစွာ ကူညီပေးခဲ့ဖူးသော်ငြား  ယခုမှသာ ပထမဆုံးအကြိမ် နမ်းဖူးကြခြင်းဖြစ်သည်။ အဆင့်တက်တာက ဘာလို့ ဒီလောက်တောင် ဇောက်ထိုးမိုးမျှော် ဖြစ်နေရတာလဲ ... 


"နမ်းတယ်ဆိုတာက ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသတဲ့ နည်းလမ်းတစ်မျိုးပဲ မင်းက တံတွေးတွေ အကုန်လုံးကို သောက်ပစ်လို့ မရဘူးလေ ..." 


သူက သင်ခန်းစာပို့ချရင်း နောက်တစ်ကြိမ် လက်တွေ့ကွင်းဆင်းလေ့ကျင့်ရန် ကြံစည်လိုက်သည်။ 


သိူ့သော် ထိုအချိန်တွင် သူ့ဆက်သွယ်ရေးစက်က အသံမြည်ကာ အိုင်ဗာ၏ ရုပ်သွင် ထွက်ပေါ်လာသည်။ 


"ဘာဖြစ်လို့လဲ ..." 


သူက ကောက်ကာငင်ကာ မေးလိုက်သည်။ 


"မာရှယ် မစ္စတာလော့ခဲက ဒေါသထွက်နေပါတယ် ..." 


အိုင်ဗာက ပြောလိုက်သည်။ 


အိုင်ဗာတောင် လာရှာရတယ်ဆိုတော့ အီသန်က တကယ်ကို ဒေါသပုန်ထနေပြီထင်တယ် ... 


ကျောက်လင်းယွီက ရုတ်ချည်း မတ်တပ်ထရပ်လိုက်သည်။ 


"ငါ အခုချက်ခြင်း လာခဲ့မယ် ..." 


"ကျွန်တော်လည်း လိုက်မယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


သူ့အတွေးမှာ မှန်ပေသည်။ အီသန်မှာ အလွန်အမင်းကို ဒေါသထွက်နေလေသည်။ 


xxxxx