အပိုင်း ၇၃
Viewers 18k

Chapter 73


ထိုအချိန်တွင် စပါကီကလည်း ကော်ဘီယန်ကို ရှာတွေ့သွားချေပြီ။ 


"ဘော့စ် အဆင်ပြေရဲ့လား ..." 


စပါကီက သူ့ကို စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ 

‌သူသည် မက်ခါနှင့်အတူ ဂြိုဟ်သိမ်များကြား ညပ်နေခြင်းဖြစ်သည်။ 


"မင်းမျက်စိထဲမှာရော အဆင်ပြေနေတယ်လို့ ထင်လား ..." 


သူက မျက်နှာဖုံးကို ချွတ်ကာ ပါးစပ်ကို အုပ်ရင်း သည်းသည်းထန်ထန် အန်ချလိုက်တော့သည်။ 


မက်ခါကို မောင်းနှင်ရန် လွန်စွာ သန်မာသော ရုပ်ပိုင်းဆိုင်ရာခွန်အား လိုအပ်ပေသည်။ သူ့ခန္ဓာကိုယ်မှာ သာမန်လူတို့ထက် သန်မာလှသည့်တိုင် စွမ်းရည်ပိုင်ရှင်တို့နှင့် နှိုင်းယှဉ်ပါလျှင်မူ မူကြိုအဆင့်သာ ရှိပေသည်။ ထို့ကြောင့် သူ့တွင် မင်သက်အံ့ဩလောက်အောင် ကောင်းမွန်သည့်မက်ခါ ပိုင်ဆိုင်ထားသော်ငြား ၎င်း၏ တိုက်ခိုက်ရေးစွမ်းအင်ကို အပြည့်အဝ အသုံးမချနိုင်ပေ။ ယခင်က မက်ခါကို အသုံးပြုခဲ့သည်မှာ ဘေးလွတ်ရာသို့ အမြန်ဆုံး ရှောင်ပြေးနိုင်ရန် ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သေလုမျောပါး ဖြစ်ခဲ့ရပေသည်။ 


"ဘော့စ်ကို အခုပဲ လာကယ်ပေးပါ့မယ် ..." 


ကော်ဘီယန်၏ သနားစရာသွင်ပြင်ကို တွေ့လိုက်ရသော စပါကီလည်း ချက်ခြင်း လူရှာကာ ကယ်ဆယ်ရေးလုပ်ငန်းကို စတင်လိုက်တော့သည်။ 


သူ့ကို ဂြိုဟ်သိမ်ကြားမှ ကယ်ထုတ်ကာ သင်္ဘောဆီသို့ တစ်ဖြေးဖြေး ကူတွဲလာပေးလိုက်သည်။ 


"မင်းတို့တွေ‌ ဘာမှ မထိခိုက်ခဲ့ကြဘူး မဟုတ်လား ..." 


သူက မေးလိုက်သည်။ 


"မထိခိုက်ပါဘူး ဒါပေမယ့် စွမ်းအင်သတ္ထုရိုင်းတွေကို တူးထုတ်လာရပြီးမှ ချန်ထားခဲ့ရတဲ့အပေါ်မှာတော့ မကျေနပ်တဲ့သူ တော်တော်ကို များနေပါတယ် ..." 


စပါကီက ပြောလိုက်သည်။ 


ကြယ်ဓားပြများသည် ကော်ဘီယန်ကို နက်နက်ရှိုင်းရှိုင်း ယုံကြည်ကြသော်ငြား များစွာ မလေးစားကြချေ။ 


၎င်းတို့က သူ့ရှေ့တွင် များစွာ ကလန်ကဆန် လုပ်ခဲ့ကြပြီး စွမ်းအင်သတ္ထုရိုင်းများကိုလည်း မစွန့်ပစ်သင့်ဟုသာ ထင်ကြသည်။ 


သို့သော် အကယ်၍သာ ထိုသတ္ထုရိုင်းများကို မစွန့်ပစ်ခဲ့ပါလျှင် ကျောက်လင်းယွီ၏ လက်ထဲမှ ထွက်ပြေးကာ ကော်ဘီယန်ကို လိုက်ရှာရန် မဖြစ်နိုင်တော့ချေ။ 


"သူတို့ကို သင်ခန်းစာပေးရဦးမှာပဲ ..." 


ကော်ဘီယန်က သူ့မက်ခါကို ခပ်ဝေးဝေးပို့ကာ ကြိမ်ဖန်များစွာ ထပ်မံ ပျို့အန်လိုက်သည်။ ပြင်းပြင်းထန်ထန် ထိခိုက်ထားသည့်အတွက် ကိုယ်တွင်းကလီစာအားလုံး ကပြောင်းကပြန် ဖြစ်နေခြင်းမှ မသက်သာလာသေးချေ။ 


"ဘော့စ်? ..." 


ထိုအချိန်တွင် ကြယ်ဓားပြများ အုပ်စုလိုက် ရောက်ချလာကာ သရဲတစ်ကောင်ကို တွေ့လိုက်ရသည့်နှယ် သူ့ကို တအံ့တဩ ကြည့်လာကြသည်။ 


ကော်ဘီယန်က အကြိမ်အနည်းငယ်ခန့် ထပ်မံပျို့အန်ပြီးကာမှ သူ့ရှေ့ရှိလူများကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်သည်။ 


"ဘာဖြစ်လို့လဲ ..." 


"ဘော့စ် ခင်ဗျားက မိန်းမကြီးလား ..." 


အသားညိုညိုနှင့် ကြယ်ဓားပြက မနေနိုင်မထိုင်နိုင်ဖြင့် လှမ်းမေးလိုက်သည်။ သူ့ပါးစပ်ကို လှုပ်ကာ နောက်ထပ်ထွက်လာမည့် စာကြောင်းကို ဇွတ်အတင်း မျိုချလိုက်သည်။ 


"‌ဗိုက်ကြီးနေတာလား ..." 


မင်းမေကြီးတော်ကြီးပဲ မိန်းမ ... 


ကော်ဘီယန်လည်း မျက်မှောင်ကြုတ်ကာ ငုံ့ကြည့်လိုက်ကာမှ သူ့ခန္ဓာကိုယ်မှာ အယ်လီ၏ သွင်ပြင်အတိုင်းသာ ရှိနေသေးကြောင်း တွေ့လိုက်ရသည်။ 


တိုက်ပွဲအတွင်း၌ သွင်ပြင်ပြန်ပြောင်းရန် အချိန်မရခဲ့သည့်အပြင် နောက်ပိုင်းတွင်လည်း ပင်ပန်းလွန်း၍ ထိုအကြောင်းကို မေ့လျော့သွားခဲ့သည်။ ထို့ကြောင့် သူ့ရင်ဘက်တွင် စနေနှစ်ခိုင် ရှိနေဆဲဖြစ်ကာ အဝတ်အစားများကလည်း  ကိစ္စကြီးကြီးမားမား တစ်ခုကို ကြုံတွေ့ခဲ့ရသည့်နှယ် ပေပွနေသည်။ 


ကော်ဘီယန်သည် သူ၏ ငယ်သားများရှေ့တွင်ပင် မျက်နှာပုံစံ မကြာခဏ ပြောင်းလေ့ရှိသည့်အတွက် မည်သူကမှ သူ၏ ရုပ်သွင်အစစ်ကို မတွေ့ဖူးပေ။ ထို့ကြောင့်လည်း သူ့ကို အမျိုးသမီးဟု အထင်မှားကြခြင်းဖြစ်သည်။ 


ကော်ဘီယန်၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။ မျက်နှာကို မူလရုပ်သွင်သို့ ပြန်ပြောင်းလိုက်မှသာ ရင်ဘက်ရှိ အသီးနှစ်လုံးမှာလည်း ပျောက်ကွယ်သွားတော့သည်။  


မေးခွန်းထုတ်ခဲ့သည့် ငယ်သားကတော့ ထိုမြင်ကွင်းကို အံ့ဩတကြီး ငေးကြည့်နေခဲ့သည်။ 


သူ့ကျန်းမာရေး ပြန်ကောင်းလာတာနဲ့ ဒီလူတွေကို ချက်ခြင်း ရှင်းပစ်မယ် ... 


သူက ယာဉ်ပျံကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ကုသရေးအခန်းတွင်သာ ချက်ခြင်း လဲလျောင်းလိုက်ချင်သော်ငြား စွမ်းအင်ပုံဆောင်ခဲကို သတိရမိလိုက်သည်။ 


ဤအကြိမ်တွင် စွမ်းအင်ပုံဆောင်ခဲကသာ သူ့ကို သက်သာရာရစေမည်ဖြစ်သည်။ ၎င်းအပေါ်တွင် လဲလျောင်းအိပ်စက်လိုက်ရပါလျှင် နာကျင်မှု တစ်စုံတစ်ရာကိုမှ ခံစားရတော့မည် မဟုတ်ချေ။ 


ထို့နောက် ချက်ခြင်းလက်ငင်းပင် သေလုမတတ် နာကျင်မှုကို ခံစားလိုက်ရသည်။ အထူးသဖြင့် သူ့နှလုံးမှာ နာကျင်လွန်း၍ အသက်ပင် မရှူနိုင်တော့ချေ။ 


"စွမ်းအင်ပုံဆောင်ခဲတွေက ဘယ်မှာလဲ ..." 


"ဘော့စ် ကျွန်တော် သေချာပေါက်ကို ဒီနေရာမှာပဲ ထားလိုက်တာပါ ..." 


စပါကီက စိတ်ရှုပ်ထွေးမှုအပြည့်ဖြင့် ပြောလိုက်သည်။ ကော်ဘီယန်ရဲ့ အိပ်ယာပေါ်ပဲ တင်ခဲ့တာကို ဘာလို့ ချက်ခြင်းကြီး ပျောက်သွားရတာလဲ ... 


"စောင့်ကြည့်ရေးကိရိယာ စောင့်ကြည့်ရေးကိရိယာကို ချက်ခြင်းယူလာခဲ့ ..."


ကော်ဘီယန်က အလောတကြီး ပြောလိုက်သည်။ ဒါက စွမ်းအင်သတ္ထုရိုင်းတွေလေ ဘယ်လိုဖြစ်လို့ ဒီလိုကြီး ပျောက်သွားရတာလဲ ... 


သူ့အခန်းထဲတွင် စောင့်ကြည့်ရေးကိရိယာ တပ်မထားသော်ငြား ကော်ရစ်ဒါတွင် တစ်ခုရှိနေပေသည်။ ထိုကိရိယာမှတစ်ဆင့် စပါကီသည် သူ့အခန်းထဲသို့ စွမ်းအင်ပုံဆောင်ခဲကို ထားကာ တံခါးပိတ်သွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် အခန်းထဲသို့ မည်သူမှ ဝင်မလာတော့။ 


"ဘော့စ် ကျွန်တော် တကယ် မယူပါဘူး ..." 


စပါကီက ပြောလိုက်သည်။ 


"မင်းမယူမှန်း ငါသိပါတယ် မင်းမှာ သိုလှောင်ရေးနယ်မြေမှ မရှိတာ ..." 


ကော်ဘီယန်က သူ့ကို ယုံကြည်ထားဆဲဖြစ်သည်။ စပါကီသည် သူ့မျက်လုံးအောက်တွင်သာ ရှိနေသူဖြစ်ရာ အကယ်၍ ခိုးယူခဲ့လျှင်တောင် ရောင်းရန် အခွင့်အရေး ရမည် မဟုတ်ချေ။ 


"ဒါဆို ပုံဆောင်ခဲက ဘယ်ရောက်သွားတာလဲ ..." 


စပါကီက ရှုပ်ထွေးမှုအပြည့်ဖြင့် မေးလိုက်သည်။ သူသည် ရုပ်ရည်နှင့် မလိုက်ဖက်အောင်ပင် မပါးနပ်လှသူဖြစ်သည်။ 


"စက်ရုပ်တွေနဲ့အတူ သင်္ဘောတစ်စီးလုံးကို ပိုက်စိတ်တိုက်ပြီး လိုက်ရှာ ..." 


ကော်ဘီယန်က ချက်ခြင်း ပြောလိုက်သည်။

73.2


သူသည် လူသားမျိုးနွယ်စုများ၏ တိုးတက်မှုကို စောင့်ကြည့်အစီရင်ခံရန် လောယာမျိုးနွယ်စုမှ စေလွှတ်ထားသူဖြစ်သည်။ အထက်အရာရှိထံ စဉ်ဆက်မပြတ် အစီရင်ခံရန် လိုအပ်သည့်အပြင် စွမ်းအင်ပုံဆောင်ခဲကဲ့သို့သော လောယာမျိုးနွယ်စု အရေးတကြီး လိုအပ်နေသည့် အရင်းအမြစ်များကိုလည်း ရှာဖွေပေးရပေသည်။ 


သို့သော် သူ့တွင် ကန့်သတ်ချက်များလည်း များစွာ ရှိနေသေးသည်။ ဥပမာအနေဖြင့် လူသားမျိုးနွယ်များ၏ ရှေ့တွင် အဆင့်မြင့် နည်းပညာများကို ထုတ်ပြ၍ မရသလို လောယာမျိုးနွယ်စု၏ အသိဉာဏ်ပညာများကိုလည်း သင်ကြားပေး၍ မရသည့်အပြင်  လူသားများနှင့်လည်း ရင်းရင်းနှီးနှီး နေထိုင်ခွင့်မရှ်ိချေ။ 


သူသည် ကြယ်ဓားပြအဖြစ်သာ နေထိုင်၍ ရပြီး ကန့်သတ်ချက်များ၏ အစွန်းမှာ သူ၏ လက်ထောက်ဖြစ်သည်။ လူသားမျိုးနွယ်ရှိ အကြီးဆုံးကြယ်ဓားပြအဖွဲ့၏ ခေါင်းဆောင် ဖြစ်လာပြီးနောက် လွတ်လပ်သော ဘဝတွင် နေထိုင်ခွင့် ရခဲ့သည့်အပြင် လူသားမျိုးနွယ်၏ ရာထူးမြင့်သူအချို့နှင့်ပါ ဆက်သွယ်ခွင့် ရခဲ့သည်။ 


သူ့အထက်အရာရှိထံ အစီရင်ခံစာ မတင်မီ ကြယ်အမှတ် ၁၂၅၃၄ ရှိ စွမ်းအင်ပုံ‌ဆောင်ခဲများကို တူးဖော်ကာ ကျောက်လင်းယွီကိုပါ စမ်းသပ်ချင်ခဲ့သော်ငြား မထင်မှတ်ထားလောက်အောင်ပင် ကျရှုံးခဲ့သည်။ 


ကော်ဘီယန်မှာ သူ့နှလုံးသားတစ်ခုလုံး သွေးစိမ်းရှင်ရှင် ထွက်နေပြီဟုပင် ခံစားလိုက်ရတော့သည်။ ထိုစွမ်းအင်ပုံဆောင်ခဲမှာ လောယာမျိုးနွယ်စု၏ အထက်တန်းလွှာအသိုင်းအဝိုင်းတစ်ခုလုံး အလိုရှိနေသည့်အရာ ဖြစ်ပြီး စွမ်းအင်သတ္ထုတွင်းတို့ဖြင့် ပြည့်နှက်နေသည့် ဂြိုဟ်တွင်သာ တွေ့နိုင်ကာ လာဘ်ပေးရန် သို့မဟုတ် ငွေကြေးအတွက် ရောင်းချရန်အတွက် အကောင်းဆုံးပစ္စည်းဖြစ်သည်။ ယခုတော့ ထိုပုံဆောင်ခဲမှာ အစပင် ရှာမရတော့အောင် ပျောက်ဆုံးသွားချေပြီ။ 


စောက်ကျိုးနည်းပဲ ... သူ့အခန်းတံခါးကို အမြဲတမ်း ပိတ်ထားတဲ့အပြင် ဘာတစ်ခုမှလည်း ခြေရာလက်ရာ မပျက်ဘဲနဲ့ကို ဘယ်လိုများ ပျောက်သွားရတာလဲ ... 


........


"ကျွန်တော့်အမြစ်တွေက လေဝင်ပေါက်အတိုင်း အခန်းထဲကို ဝင်သွားရင်း  စွမ်းအင်ပုံဆောင်ခဲကို တွေ့ခဲ့တာလေ ပြီးတော့ အဲဒါကို ယူပြီး ပိုက်လိုင်းအတိုင်း ပြန်ထွက်လာတာ သူတို့ကို အပေါက်တောင် ကူပိတ်ပေးလိုက်သေးတယ် ..." 


ရမ်ရှန့်က စွမ်းအင်ပုံဆောင်ခဲပေါ်ထိုင်ရင်း ပြောလိုက်သည်။ 


သူ့ကလေးတွေက ဒါကိုပဲ စားချင်ကြတာလေ ဒီလောက် ပမာဏ အများကြီး ရလာပြီဆိုတော့ သူတို့တွေ ဗိုက်ဆာမှာကို ပူနေစရာ မလိုတော့ဘူး ... 


"ရမ်က တကယ်ကို တော်တာပဲ ..." 


ကျောက်လင်းယွီက ချီးကျူးလိုက်သည်။ ခိုးဝှက်ခြင်းမှာ မကောင်းသည့်တိုင် ကြယ်ဓားပြများ လက်ထဲမှ ပြန်ခိုးလာခြင်းမှာမူ ကောင်းသည့်အလုပ်ဟု ဆို၍ ရပေမည်။ ထို့ပြင် ဤ ဧရာမ ပုံဆောင်ခဲမှာ အလွန်အရေးပါလိမ့်မည်ဟုလည်း ခံစားနေရပေသည်။ 


"ဒါပေါ့ ..." 


ရမ်ရှန့်က မေးကို မြင့်မြင့်မြှောက်ကာ ပြန်ပြောလိုက်သည်။ ထို့နောက် တစ်ခုခုကို သတိရသွားပြီး ဆေးထိုးအပ်ကို ထုတ်ပြလိုက်သည်။ 


"လင်းယွီ ဒါက ခင်ဗျားကို ထိုးဖို့လုပ်တဲ့ ဆေးထိုးအပ်‌လေ ခင်ဗျား ယူထားချင်လား ..." 


သူသည် ထိုအကြောင်းကို မေ့လုနီးပါးပင် ဖြစ်နေခဲ့သည်။ 


"ကိုယ့်ကိုပေး ..." 


သူက ပြောလိုက်သည်။ ဒီဆေးထိုးအပ်ထဲတွင် ကော်ဘီယန်၏ သွေးစ သေချာပေါက် ကပ်ငြိနေမည်ဖြစ်ရာ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် အသေအချာ စစ်ဆေးရမည်ဖြစ်သည်။ 


ကော်ဘီယန်က သူ့မျိုးရိုးဗီဇများကို ခိုးယူရန် ကြံစည်နေသည်ဟု တွေးမိလျှင် ကျောက်လင်းယွီမှာ ဒေါသပုန်ထလာတော့သည်။ 


"လင်းယွီ ကျွန်တော်တို့ သန့်စင်မြေ ထုတ်လို့ရပြီလား ပြီးတော့ နမ်းတာရော ..." 


ရမ်ရှန့်က အေးစက်စက်မျက်နှာပေးနှင့်သူ့ကို ပွေ့ဖက်လိုက်သည်။ 


သူက သက်ပြင်းအရှည်ကြီးချကာ ပြောလိုက်သည်။ 


"ဒီနေ့ ကိုယ်တို့တွေ အချိန်ယူလို့ ရပါတယ် ... ရမ် ... နမ်းတဲ့အချိန်ကျရင် ကိုယ့်တံတွေးတွေ အကုန်လုံးကို စုပ်ယူပစ်လို့ မရဘူးနော် ဟုတ်ပြီလား ..." 


"ဒါဆို ခင်ဗျားလည်း ကျွန်တော့်တံတွေးတွေကို မစုပ်နဲ့လေ ကျွန်တော့်တံတွေးတွေက ဆေးဖက်ဝင်တယ် ..." 


ရမ်ရှန့်က ပြန်ပြောလိုက်သည်။


ကျောက်လင်းယွီက သူ့ပါးစပ်ကို စတင်တိုက်ခိုက်ကာ လျာအချင်းချင်း၊ သွားအချင်းချင်း ကြိမ်ဖန်များစွာ ရစ်ပတ်ပွတ်တိုက်ကြပြီးနောက် သူ့ဘောင်းဘီကို ဆွဲချွတ်လိုက်သည်။ အံ့ဖွယ်ဆေးဝါးတစ်ခုခုကို မှီဝဲထားသည့်နှယ် အပြတ်အသတ် ခွန်အားပြင်းထန်နေပေသည်။ 


နှစ်နာရီ ကြာပြီးနောက် ... 


သန့်စင်မြေ ရရှိရန် အချိန်အတော်ကြာသွားသည့်အတွက် ရသည်နှင့် တစ်ပြိုင်နက်  ရမ်ရှန့်သည် ပုံဆောင်ခဲပေါ် လဲလျောင်းကာ စတင်ကျင့်ကြံလိုက်တော့သည်။ 


သူ့ခေါင်းထက်ရှိ ဂျင်ဆင်းသီးလေးလုံးမှာလည်း အနည်းငယ် ကြီးထွားကာ နီမြန်းလာပေသည်။ 


၎င်းတို့မှာ ဂျင်ဆင်းသီးများသာ ဖြစ်သော်ငြား တစ်ဖြေးဖြေး သံယောဇဉ် တွယ်လာမိတော့သည်။ ကျောက်လင်းယွီက ၎င်းတို့အနက် တစ်လုံးကို နမ်းကာ အိပ်ယာဝင်တော့မည့်အချိန်တွင် အတွေးစတစမခု ဖြတ်ပြေးလာသည်။ 


ရမ်ရှန့်က အရမ်းကို ချစ်ဖို့ကောင်းနေတော့ ဘယ်လိုလုပ်ပြီးတော့ တစ်ယောက်ထဲကိုပဲ မျက်နှာ‌သာပေးလို့ ရမှာလဲ ... 


ထို့နောက် သူက ကျန်ဂျင်ဆင်းသီးများကိုပါ နမ်းလိုက်သည်။ 


အသီးလေးလုံးကလည်း သူ့ကို ဝမ်းသားအားရ တုတ့်ပြန်လိုက်ကြသည်။ သူတို့ကြောင့် ကျောက်လင်းယွီ၏ ခံစားချက်တို့မှာ ပိုမိုကောင်းမွန်လာသော်ငြား ချက်ခြင်း အမူအယာပြောင်းသွားတော့သည်။ 


ရမ်ရှန့်က တစ်ချိန်လုံး သူနဲ့ပဲ အတူတူ အိပ်လာတာကို အခု စွမ်းအင်ပုံဆောင်ခဲပေါ်မှာပဲ ကျင့်ကြံနေတယ်ဆိုတော့ သူက တစ်ယောက်တည်း အိပ်ရမယ့် သဘောလား ... 


နောက်တစ်နေ့မနက်တွင်တော့ တစ်ကိုယ်တည်း အထီးကျန်စွာ အိပ်စက်ခဲ့ရသူ ကျောက်လင်းယွီမှာ အလုပ်ပုံကြား  တစ်ဖန် နစ်မြုပ်သွားရပြန်သည်။ ပင်မသင်္ဘောသည် ကြယ်အမှတ် ၁၂၅၃၄ မှ အိုးမဲ့အိမ်မဲ့ ပြည်သူများစွာကို နေရာပြန်ချပေးထားမည့် ဂြိုဟ်ဆီသို့ မရေမတွက်နိုင်သော စွမ်းအင်သတ္ထုရိုင်းများကို ဆွဲယူသယ်ဆောင်ရင်း ရောက်ရှိလာသည်။ 


ထိုဂြိုဟ်တွင် နှစ်ရက်ကြာ အခြေချကာ အိမ်ရာထူထောင်မည့်သူများကို ကူညီပေးပြီးနောက် ကျန်ပြည်သူများနှင့်အတူ သတ္ထုရိုင်းများအားလုံးကို သယ်ဆောင်ကာ မြို့တော်ကြယ်သို့ ခရီးဆက်လာခဲ့သည်။ 


ကျန်ပြည်သူများအနက် အချို့မှာ ကြယ်အမှတ် ၁၂၅၃၄ အနီးအနားရှိ မြို့စောင့်တပ်မှ ဖြစ်ကာ အချို့မှာ ထိုဂြိုဟ်ပေါ်ရှိ တာဝန်ကျအရာရှိများ ဖြစ်သည်။ အချို့မှာ ထိုဂြိုဟ်သို့ စီးပွားရေး လာလုပ်ကြသူများဖြစ်ကာ အချို့မှာ ဖြတ်သန်းသွားချိန်တွင် ဖမ်းဆီးခံလိုက်ရသည့် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသည်။ အချို့မှာ မြို့တော်ကြယ်တွင် နေထိုင်ကြသူများ ဖြစ်ကြပြီး ကျန်သူများမှာ မြို့တော်ကြယ်တွင် မနေထိုင်ကြသည့်တိုင် အာကာသထဲသို့ ခရီးလှည့်လည် သွားလာနေကြသူများ ဖြစ်ကာ ထိုသူများအနက် ရွိုင်းနှင့် ချိုးကျွမ်းလည်း အပါအဝင်ဖြစ်သည်။ 


မြို့တော်ကြယ်သို့ မကြာမီ ရောက်တော့မည့်အကြောင်း ကြားလိုက်ရသည့်အချိန်တွင် ရွိုင်းသည် ဝမ်းသာအားရဖြင့် အသား‌အရေထိန်းသိမ်းခြင်းများကို စတင်လုပ်ကိုင်တော့သည်။ ချိုးကျွမ်းမှာတော့ သူ့ကို ကြည့်ကာ စိတ်ဖိစီးလာတော့သည်။ 


သူ့သခင်လေးက မဟုတ်တာ တစ်ခုခု လုပ်မလို့တော့ မဟုတ်လောက်ပါဘူးနော် ...


xxxxxxxxx