အပိုင်း ၈၇
Viewers 18k

Chapter 87


သူကြားခဲ့သည့် ကောလဟာလများကြောင့် ကျောက်လင်းယွီရောက်လာသည်နှင့်တစ်ပြိုင်နက် အလောတကြီး ထွက်လာခဲ့ခြင်း ဖြစ်သည်။ ရမ်ရှန့်ကို ပေးမည်ဟု ပြောခဲ့ပါလျှင် သူ့အပေါ် အကောင်းမြင်လာလိမ့်မည်ဟု တွေးခဲ့မိသော်ငြား ရမ်ရှန့်ကမူ သူနှင့်အတူ ညစာစားရန် စိတ်မဝင်စားဘဲ သူ့ပစ္စည်းကိုသာ ယဉ်ယဉ်ကျေးကျေး တောင်းနေသည်။ 


"အန်ကယ် Gerd အာဟာရဆေးတောင့် လိုချင်လား ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ 


"မလိုချင်ဘူး ..." 


သူက ချက်ခြင်း ငြင်းပယ်လိုက်သည်။ 


"ဒါဆို ဘာလိုချင်တာလဲ ..." 


သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူ့အရှေ့ရှိ Gerd မှာလည်း ပန်းသီးပုပ်တစ်လုံးပင် ဖြစ်သည်။ 


"ကလေးလိုချင်တာ တကယ်လို့ ရမ်ရှန့်သာ ငါ့အတွက် ကလေးမွေးပေးမယ်ဆိုရင် ဒီရတနာဆိုင်တစ်ခုလုံးက သူ့အပိုင်ပဲ ..." 


သူက ကျောက်လင်းယွီကိုကြည့်ကာ ပြောလိုက်သည်။ 


"ပထမတပ်ဖွဲ့ရဲ့ ယာဉ်ပျံတွေကို အဆင့်မြှင့်ပေးနိုင်တဲ့အပြင် မင်းကိုပါ မက်ခါတစ်စီး လုပ်ပေးဦးမယ် အခုတလောမှာ ထိုးဖောက်ထွက်ပြေးနိုင်တဲ့ လုပ်ငန်းစဉ်ကို သုတေသန လုပ်နေတာနော် ..." 


Ged မိသားစုသည် သတ္ထုစွမ်းရည်ပိုင်ရှင်များ ဖြစ်ကကြသည့်အတွက် စစ်သားမဖြစ်ခဲ့သော်ငြား လက်နက်ကိရိယာများနှင့် စစ်သင်္ဘောများ တည်ဆောက်ရေးကို လေ့လာခဲ့သည်။ 


ကျောက်လင်းယွီ၏ ခြေဖဝါးအောက်ရှိ ကြမ်းပြင်မှာ ရုတ်ချည်း ကျွံကျသွားသည်။ 


Gerd က ပြုံးကာ သတ္ထုကြမ်းခင်းကို မူလပုံစံအတိုင်း ပြန်ပြင်လိုက်သည်။ 


"ရမ်ရှန့်က လေးမွှာပူးတစ်ခါတည်း မွေးနိုင်တာ သူ့ရဲ့ ထူးခြားတဲ့ ဖွဲ့စည်းပုံကြောင့်ပဲ ဖြစ်ရမယ် ဟုတ်တယ်မဟုတ်လား ငါ့အတွက်လည်း မေထုန်မဲ့မျိုးပွားနည်းသုံးပြီးတော့ တစ်ယောက်လောက် မွေးပေးလို့ ရမလား အချက်အလက်တွေက ညှိုနှိုင်းလို့ ရပါတယ် ..." 


"မစ္စတာ Gerd ရေ ခင်ဗျားအနေနဲ့လည်း ကျောက်မိသားစုနဲ့ ရန်သူမဖြစ်ချင်လောက်ဘူးလို့ ထင်ပါတယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


"သေချာပေါက်ကို မဖြစ်ချင်ဘူးပေါ့ ..." 


သူက သက်ပြင်းကို အသာချလိုက်သည်။ 


"ဒါဆို ဒီနည်းလမ်းက အလုပ်မဖြစ်ဘူးပေါ့ ရမ်ရှန့်က လေးယောက်တောင် မွေးထားမှတော့ ကလေးတွေကလည်း သူ့လိုပဲ ဖြစ်မှာမဟုတ်လား မင်းကလေးတစ်ယောက်ကို ငါနဲ့ လက်ထပ်ပေးလို့ ရမလား ..." 


ကျောက်လင်းယွီ၏ မျက်နှာမှာ မဲမှောင်သွားပြီး ရမ်ရှန့်ကလည်း မျက်မှောင်ကြုတ်လိုက်သည်။ 


"ကျွန်တော့်ကလေးတွေနဲ့ လက်ထပ်လို့ မရဘူး ခင်ဗျားက အရမ်းအိုနေပြီ ..." 


သူ့ကလေးများမှာ နှစ်ပေါင်းများစွာ အသက်ရှည်မည်ဖြစ်သော်ငြား ထိုလူမှာမူ နှစ်နှစ်ရာသုံးရာခန့်သာ နေနိုင်မည်ဖြစ်သည်။ ထိုသို့ သက်တမ်း‌တိုလှသော လက်တွဲဖော်မျိုးနှင့် သူ့ကလေးများကို မပေးစားလိုပေ။ 


Gerd မှာတော့ ရင်အုပ်တည့်တည့်သို့ မြားဖြင့် အပစ်ခံလိုက်ရသည့်နှယ် ခံစားနေရသည်။ သူက နှုတ်ခမ်းထောင့်စွန်းတို့ကို ကွေးညွတ်ရင်း ထပ်ပြောလိုက်သည်။ 


"ငါ့ကိုလည်း ကလေးမွေးမပေးချင်သလို မင်းကလေးနဲ့လည်း လက်ထပ်မပေးချင်ဘူး ဒီလိုဆိုမှတော့ အာဟာရဆေးတောင့်ကို နည်းနည်းလောက် ပိုပေးရင်ရော ဘယ်လိုလဲ ..." 


ကျောက်လင်းယွီမှာ သူ့ကို ထထိုးမိတော့မတတ်ပင် ဖြစ်သွားတော့သည်။ Gerd တွင် ရမ်ရှန့်ကို ဖြားယောင်းလိုစိတ် ရှိမနေကြောင်းသာ သိမထားပါလျှင် သူ့စိတ်ကို လွှတ်ပေးလိုက်တော့မည်ဖြစ်သည်။ 


"ရတနာဆိုင်ကို ပေးရမယ့်အပြင် ပထမတပ်ဖွဲ့ရဲ့ စစ်သင်္ဘောတွေကိုလည်း အဆင့်မြှင့်ပေးရမယ် အဲဒါဆို အာဟာရဆေးတောင့်ပေးမယ် ..." 


ရမ်ရှန့်၏ မျက်ဝန်းတို့မှာ အရောင်တောက်သွားသည်။ 


"...." 


ဒါက ကလေးတစ်ယောက်ရဖို့အရေး သဘောတူရမယ့်ဟာတွေပေါ့။ ရမ်ရှန့်ကို ကလေးမွေးခိုင်းတယ် ဆိုတာကလည်း တကယ်တမ်းတော့ ဟာသသပ်သပ်ပါပဲ သူ့စွမ်းရည်က သန်မာတယ်ဆိုပေမယ့် သုတေသနသမားတစ်ယောက်က စစ်ပွဲတွေ အလီလီနွှဲလာတဲ့ ကျောက်လင်းယွီကို ယှဉ်နိုင်ပါ့မလား ... 


တကယ်တမ်းတော့ သူ့ရဲ့ ကနဦး ရည်မှန်းချက်ကလည်း အာဟာရဆေးတောင့်ပဲလေ ... 


အသက်ကို ပြင်းပြင်းရှူပြီးနောက် သူက ပြောလိုက်သည်။ 


"တကယ်လို့ အာဟာရဆေးတောင့်ကသာ ကလေးရပါမယ်လို့ အာမခံနိုင်ရင် အကုန်လုံးကို သဘောတူတယ် ..." 


အာဟာရဆေးတောင့်မှာ ကလေးရရန် အာမမခံနိုင်သော်ငြား စစ်သင်္ဘောများကို အဆင့်မြှင့်တင်ခြင်းနှင့် လက်ဝတ်ရတနာဆိုင်မှာ ငွေကြေးတန်ဖိုး များစွာ ထိုက်တန်မည်ဖြစ်ရာ ရမ်ရှန့်မှာ ဝေခွဲမရတော့ချေ။ 


"မစ္စတာ Gerd ရေ ကလေးလိုချင်ရင် ဓာတ်ခွဲခန်းထဲမှာပဲ အချိန်ကုန်‌မနေဘဲနဲ့ အပြင်လေးဘာလေးထွက်ပြီး ရံဖန်ရံခါလေး ချိန်းတွေ့ကြည့်မှပေါ့ ..." 


Ged မိသားစု၏ တစ်ဦးတည်းသော ကျန်ရစ်သူမှာ သုတေသနရူးသွပ်သူ ဖြစ်ကာ လူသားတစ်ဦးဖြစ်သည့်တိုင် သူ၏ ရှုပ်ပွနေသော ဓာတ်ခွဲခန်းထဲတွင်သာ ရက်အတန်ကြာ နေနေတတ်ကြောင်းကို ဖက်ဒရယ်တစ်ခုလုံး သိထားကြပြီးဖြစ်သည်။ 


သူ့အသက်မှာ နှစ်နှစ်ရာကျော် ရှိနေပြီဖြစ်သည့်တိုင် ယခုထိ ကလေးမရသေးပေ။ ဓာတ်ခွဲခန်းထဲတွင်သာ တစ်နေကုန် အချိန်ဖြုန်းနေပြီး တစ်ခါမှ ချိန်းမတွေ့ဖူးသူအဖို့ ကလေးမရသည်မှာလည်း အဆန်းမဟုတ်ချေ။ 


"ငါလည်း ကြိုးစားနေပါတယ် ..." 


ကျောက်လင်းယွီက ငြင်းလိုက်တော့မည့်အချိန်တွင် ရမ်ရှန့်က ရုတ်ချည်း ဝင်ပြောလိုက်သည်။ 


"ကလေးရမှာကို အာမခံပေးမယ့်ဆေး လိုချင်တာ မဟုတ်လား ..." 


"ဒါပေါ့ ..."


သူက ပြောလိုက်သည်။ 


"ကျွန်တော်တို့ရောင်းတဲ့ အာဟာရဆေးတောင့်က ကလေးရပါမယ်လို့ အာမမခံနိုင်ဘူး ဒါပေမယ့် အချိုးအစားကို တိုးမြှင့်လိုက်ရင်တော့ သေချာပေါက် ကလေးရအောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ် ..." 


ထိုစကားများကို ကြားလိုက်သော ကျောက်လင်းယွီမှာလည်း အံ့ဩသွားသည့်တိုင် ဘာတစ်ခွန်းမှ မပြောခဲ့ချေ။ Gerd ကတော့ အလွန်စိတ်လှုပ်ရှားသွားဟန်တူသည်။ 


"အဲဒီ့ဆေးကိုသာ ပေးရင် မင်းကို အခုချက်ခြင်း ဒီရတနာဆိုင်ပေးမယ် ..." 


"ဆေးက ချက်ခြင်း မရသေးဘူး နည်းနည်း‌ စောင့်ရဦးမယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


"အချိန်ကြာဦးမှာကိုး ..." 


သူက သက်ပြင်းချကာ ကျောက်လင်းယွီကို ပြောလိုက်သည်။

87.2


"လင်းယွီ ငါကတော့ ရမ်ရှန့်ကို မင်းလက်ထဲက မလုပေမယ့် မင်းမှာ အချစ်ပြိုင်ဘက်တွေအများကြီး ရှိလာနိုင်တယ် ပြီးတော့ မင်းကို ယောက္ခမတော်မယ့်သူတွေရောပေါ့ သေသေချာချာဂရုစိုက်မှ ရမယ်နော် ဖန့်မိသားစုက ကောင်လေးရဲ့ အကွက်တွေကို ကြိုမြင်နေတယ် သေချာ ‌ကာကွယ်ထား ..." 


ကျောက်လင်းယွီ၏ မျက်နှာမှာ တစ်ဖန် မဲမှောင်သွားပြန်သည်။ 


ရတနာအဆောက်အဦးမှ ထွက်လာပြီးနောက် သူနှင့် ရမ်ရှန့်တို့၏ လက်ထဲတွင် Gerd ပေးလိုက်သည့် စကြဝဠာတစ်ခုလုံးတွင် အထူးကဲဆုံး လက်စွပ်တစ်စုံ ပါလာသည်။ ကျောက်လင်းယွီကတော့ လက်စွပ်အပေါ်တွင် အာရုံမရှိဘဲ အတွေးလွန်နေပေသည်။ 


လူတိုင်းက သူ့ကို ရမ်ရှန့်အကြောင်း မေးနေကြသော်ပြီး အချစ်ပြိုင်ဘက်များဟု ပြောလာသည့်သူများကို ရင်ဆိုင်ရန်မူ ယုံကြည်ချက်အပြည့်ဖြစ်နေသည်။ 


ထိုသို့တွေးနေရင်း တစ်ခြားတစ်ခုကိုပါ ရုတ်ချည်း စဉ်းစားမိသွား‌သည်။ 


"ရမ် အာဟာရဆေးတောင့်က ကလေးရဖို့ အာမခံမပေးနိုင်ဘူးလား ..." 


"လင်းယွီ ကျွန်တော်တို့တွေ သူ့ကို တစ်ခြားဆေးတစ်မျိုး ပေးလိုက်ရင်ရော သန္ဓေတည်ဆေးလေ အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် အဲဒီ့ဆေးသောက်လိုက်ရင် ကလေးရလာမှာ  ..." 


ကျင့်ကြံရေးလောကရှိ လူများမှာလည်း ကလေးရရန် ခဲယဉ်းလှကာ ခက်ခဲနှုန်းမှာ ဤကမ္ဘာထက်ပင် ပိုပေသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်က သန္ဓေတည်ဆေးကို တီထွင်ခဲ့ခြင်းဖြစ်သည်။ 


Saw Nandar Lwin:

မာရှယ်နှင့် သူ၏ ဂျင်ဆင်းလေး အပိုင်း ၅၇.၁ 


"ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဒီဆေးသောက်တာနဲ့ ကိုယ်ဝန်ရနိုင်တယ်ပေါ့ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့အရာမျိုးလည်း ရှိသေးတယ်လား ... 


ကျောက်လင်းယွီက သူ့ဝမ်းဗိုက်ကို ငုံ့ကြည့်လိုက်သည်။ 


ရှေ့လျှောက် သူ့ရဲ့ အစားအသောက်ကို သတိထားပြီး စောင့်ကြည့်မှပဲ ...ဒါပေမယ့် ဒီလိုမျိုး သိပ္ပံနည်းမကျတာမျိုးက ဖြစ်နိုင်လို့လား ... 


"အတိအကျကရော ဘယ်လိုမျိုးလဲ ကိုယ့်ဘာသာ ပြန်မျိုးပွားတာလား ကိုယ်ပွားထွက်လာတာလား ..." 


သူက တအံ့တဩ မေးလိုက်သည်။ 


"ကိုယ်ပွားကွဲထွက်တာ အဲဒါ ဘာကြီးလဲ ..." 


ရမ်ရှန့်မှာ ယခုအချိန်အထိ ဇီဝဗေဒအကြောင်း တစ်လုံးတစ်ပါဒမျှ မသိသေးပေ။ 


"ကိုယ်ဆိုလိုချင်တာက ဒီဆေးကိုသောက်ရင် တစ်ယောက်ထဲလည်း ကိုယ်ဝန်ရနိုင်တယ်လား ..." 


သူက မေးလိုက်သည်။ 


"ကျင့်ကြံရေးလောကမှာ ကိုယ်ဝန်ရသွားတဲ့ ယောက်ျားတစ်ယောက် ရှိဖူးတယ် အဲဒီ့အကြောင်းကို ကြားတုန်းကဆို ကျွန်တော့်ဆရာကလေ ရယ်လိုက်တာမှ ခွက်ထိုးခွက်လန်ပဲ ပြီးတော့ အဲဒီ့ဆေးလုံးကို ဘယ်လိုလုပ်ရမလဲဆိုတာကိုပါ သင်‌ပေးဖူးသေးတယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


"အဲဒီ့လူက တူနှစ်ကိုယ်ကျင့်ကြံဖော် ရှိပေမယ့် နောက်ပိုင်းကျ ကွဲသွားပြီးတော့ သူ့အဖော်ရဲ့ သတ်တာကို ခံလိုက်ရတယ် ..." 


ထိုသည်မှာ မတော်တဆ ‌ကိုယ်ဝန်ရသွားခဲ့၍ ဖြစ်သည်။ 


ကြည့်ရတာတော့ ဒီဆေးကို သောက်ရင်တောင် မျိုးစေ့‌ကိုတော့ လိုအပ်‌တုန်းပဲ ထင်တယ် ဆိုတော့ သူ့အနေနဲ့ သိပ်ပြီး ပူပန်နေစရာ မလိုပါဘူး ဟုတ်တယ် မဟုတ်လား ... 


"မင်းအနေနဲ့ ဖန်တီးနိုင်လား ..." 


ရမ်ရှန့်၏ မျက်နှာမှာ ရုတ်ချည်း ခါးသက်သွားသည်။ 


"မသေချာဘူး ..." 


သူ့ဆရာ အသက်ရှိနေခဲ့စဉ်က သူ့အသက်မှာ ငယ်ရွယ်လွန်းသေးသည့်အတွက် အဂ္ဂိရက်ပညာကို များစွာ မလေ့လာနိုင်ခဲ့ပေ။ ထို့အပြင် သူကိုယ်တိုင်မှာပင်လျှင် ဆေးဖက်ဝင်အပင်မျိုးစိတ် ဖြစ်နေသည့်အတွက် မီးကိုလည်း ကြောက်ရွံ့သေးသည်။ 


ထို့ကြောင့် ဖော်စပ်နည်း အဆင့်များကို ရှင်းရှင်းလင်းလင်း မှတ်မိသည့်တိုင် တစ်ခါမှ သန့်စင်ရန် မကြိုးစားဘူးပေ။ 


ကောင်းသည့်အချက်တစ်ခုမှာ သန္ဓေတည်ဆေး သန့်စင်နည်းမှာ အင်မတန် ရိုးရှင်းလှပေသည်။ သို့သော် ပါဝင်ပစ္စည်းများမှာတော့ ရှားပါးလှသည်။ 


သို့သော် သူ့ဆရာသည် တွေ့သမျှ စိတ်ဝိဉာဉ်အပင်တိုင်းကို မျိုးစေ့ချန်ထားလေ့ ရှိသည့်အတွက် ထိုရှားပါး စိတ်ဝိဉာဉ်သစ်စေ့အားလုံး သူ၏ ချမ်ခွမ့်အိတ်ထဲတွင် ရှိနေသည်။ ထို့ကြောင့် ရမ်ရှန့်လည်း အိမ်ပြန်ရောက်လျှင် ကြိုးစားကြည့်ရန် စိတ်ဆုံးဖြတ်လိုက်သည်။ 


"ကိစ္စမရှိပါဘူး ရုပ်ရှင်ပဲ အရင်သွားကြည့်ရ‌အောင် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


"ခင်ဗျားအကြောင်း ရိုက်ထားတဲ့ရုပ်ရှင်ကို ကြည့်ချင်တယ် ..." 


ကျောက်လင်းယွီ၏ အရူးအမူးပရိသတ် နံပါတ်တစ် ရမ်ရှန့်က ပြောလိုက်သည်။ 


"လူတစ်ယောက်လုံးတောင် မင်းရှေ့ရောက်နေပြီကို ဘာလို့ ကြည့်နေဦးမှာလဲ ..." 


သူက ပြောလိုက်သည်။ ထို့နောက် သည်းထိတ်ရင်ဖို သရဲကားကိုသာ လက်မှတ်ဖြတ်လိုက်သည်။ 


ယနေ့ ချိန်းတွေ့ရန်အတွက် မာရှယ်သည်လည်း အင်တာနက်ပေါ်မှ ရေပန်းစားသော နည်းလမ်းများကို ရှာဖွေခဲ့သေးသည်။ ထိုနည်းလမ်းများအနက် တစ်ခုက သူ့လက်တွဲဖော်နှင့်အတူ သရဲကားကြည့်ရန် အကြံပြုထားသည်။ 


ဘာလို့ သရဲကား ကြည့်ရတာလဲ ... 


ကျောက်လင်းယွီမှာ အနည်းငယ် ဝေဝါးနေသေးသော်ငြား ထိုအတိုင်းသာ လုပ်ရန် ဆုံးဖြတ်လိုက်သည်။ 


အကယ်၍ သူသာ မှတ်ချက်များကို ဆက်ဖတ်ခဲ့ပါလျှင် ထိုကဲ့သို့ ဆုံးဖြတ်မိမည် မဟုတ်ချေ။ 


---- လာနောက်နေတာလား ဒီလောက် အိုဟောင်းနေတဲ့ ဘိုးတော်ဘုရားလက်ထက်က နည်းလမ်းကြီးကိုများ နည်းလမ်းကောင်းလို့ လာပြောနေသေးတယ် ... 


---- တကယ်ဆို အသက်ပြည့်ပြီးတဲ့သူတွေပဲ ကြည့်ရတဲ့ လူကြီးရုပ်ရှင်ကြည့်ဖို့ ခေါ်သွားတယ်ဆိုမှ ဟုတ်သေးတယ် ... 


---- ဖာ့ခ် ငါ့ကောင်မလေးကို သရဲကားကြည့်ဖို့ ခေါ်သွားတာ အခု သူ တအားကြောက်သွားလို့ဆိုပြီး ငါ့ကို လမ်းခွဲလိုက်ပြီ ... 


---- လူကောင်းသူကောင်းလေးနဲ့ တွေ့ဖို့ကလည်း ခက်ခဲလိုက်တာ ငါ့ကောင်လေးကလည်း ငါ့ကို သရဲကားကြည့်ဖို့ ခေါ်လာတယ်လေ သူဆိုလိုချင်တာကို ချက်ခြင်း သဘောပေါက်လို့သာ သူ့ကို တစ်ပတ်ရိုက်ပြီး အိမ်ပြန်လာနိုင်တာ ... 


.... 


ရုပ်ရှင်ရုံမှာ ကြည့်ရှုသူများဖြင့် ပြည့်နှက်နေသည်။ ထို့ကြောင့် သူတို့လည်း ကိုယ့်ထိုင်ခုံကိုယ် ရှာကာ helmet ကို ဆောင်းလိုက်သည်။ 


ကျောက်လင်းယွီက စုံတွဲထိုင်ခုံကို ရွေးချယ်ထားပြီး helmetမဆောင်းဘဲ ထိုင်နေလိုက်သည်။ ရမ်ရှန့်က သူ့ပေါင်ပေါ် ဝင်ထိုင်ပြီးမှ helmetကို ဆောင်းလိုက်သည်။ 


တစ်ရှိန်ထိုး တိုးတက်လာသည့် နည်းပညာနှင့်အပြိုင် အနုပညာနယ်ပယ်မှာလည်း ခေတ်မီတိုးတက်နေပေသည်။  ရုပ်ရှင်ရုံကို ကြည့်ရှုသူများကိုယ်တိုင် ပါဝင်ခံစားနိုင်သည့် holographic ပုံစံ တည်ဆောက်ထားသည်။ 


ကျောက်လင်းယွီ ရွေးချယ်ထားသည့် သည်းထိတ်ရင်ဖိုဇာတ်ကားမှာ ပိုပြီး သဘာဝကျစေရန် အလို့ငှာ အဓိကဇာတ်လိုက်၏ အသံကို  အစောပိုင်းတွင်သာ ထည့်သွင်းထားပြီး ရိုက်ကွက်အားလုံးကို သူ့ရှုထောင့်ဘက်မှ ရိုက်ကူးထားသည့်အတွက်  holographic helmet ဖြင့် ကြည့်ရှုသည့်အခါတွင် ပိုပြီး ကြောက်မက်ဖွယ် ကောင်းလာတော့သည်။


(holographic - သူက 3D ပုံစံမျိုး ဖြစ်မယ်ထင်တယ် helmet ကို ဆောင်းလိုက်တာနဲ့ ဇာတ်လမ်းထဲကို ကိုယ်ကိုယ်တိုင် ရောက်သွားသလိုမျိုး လုပ်ထားတာပါ) 


ရုပ်ရှင်၏ အဓိကဇာတ်ဆောင်မှာ ကြယ်တာရာများအကြား စူးစမ်းရှာဖွေသူ S အဆင့် စွမ်းရည်ပိုင်ရှင်ဖြစ်သည်။ သူ့အဖွဲ့နှင့်အတူ သစ်ပင်တို့ အုံ့ဆိုင်းနေသည့် ဂြိုဟ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုဂြိုဟ်ပေါ်တွင် အပင်များမှတစ်ပါး မည်သည့်သက်ရှိသားရဲမှ ရှ်ိမနေကြောင်းကိုပါ တွေ့လိုက်ရသည်။ 


ထို့နောက်တွင်တော့ သူတို့၏ ပါးစပ်၊ နှာခေါင်း၊ အရေပြားတို့မှတစ်ဆင့် ခန္ဓာကိုယ်အတွင်း ဝင်ရောက်ကာ မျိုးပွားနိုင်သည့် အနီရောင်တီကောင်သဏ္ဍာန် သတ္တဝါဆန်းတစ်မျိုးကို တွေ့လိုက်တော့သည်။ 


သူ့ဘေးနားရှိလူများ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ခံလိုက်ရကာ ထိုပိုးကောင်များသည် စကားပြောနေစဉ်မှာပင် ဒွါရကိုးပေါက်မှ ထွက်ကျလာသည်အထိ အခြေအနေ ဆိုးရွားလာတော့သည်။ 


....... xxxxxxx