အပိုင်း ၉၀
Viewers 18k

Chapter 90


ကျောက်လင်းယွီမှာ သူ့ကိုယ်ပိုင် ပေါက်ကရအတွေးများဖြင့် ထိတ်လန့်နေမိတော့သည်။ 


သူ့အခြေအနေကို သတိမပြုမိသေးသည့် ရမ်ရှန့်က ပြောလိုက်သည်။ 


"လင်းယွီ ရှေ့လျှောက် ထပ်ပြီး တူနှစ်ကိုယ်ကျင့်ကြံဦးမယ်ဆိုရင် မနေ့ညကလိုလုပ်လို့ မရဘူးနော် ခင်ဗျားက တစ်ချိန်လုံး လှုပ်နေဖို့ မလိုသလို ကျွန်တော့်ကိုလည်း တစ်ချိန်လုံး ပွတ်သပ်နေဖို့ မလိုဘူးလေ အဲဒါက စိတ်ပျံ့လွင့်စေတယ် ပြီးတော့ နာလည်းနာတယ် ..." 


ရမ်ရှန့်က သူ့ရဲဘော်အသေးစားလေးကို ညွှန်ပြလိုက်သည်။ ကျောက်လင်းယွီ၏ ခွန်အားမှာ မသေးလှသည့်အပြင် တရစပ် ပွတ်သပ်နေသည့်အတွက် သူ့အရေပြားတစ်ခုလုံး ရဲရဲနီနေတော့သည်။ 


ပွတ်တိုက်ခြင်းသည်  သာယာမှုကို ထုတ်လုပ်ပေးနိုင်သည့်အတွက် သူမလှုပ်ရှားနိုင်သည်မှာ မထူးဆန်းလှသော်ငြား မထိတွေ့ရန်မှာမူ ... 


ကျောက်လင်းယွီမှာ ရမ်ရှန့်ကို ၁၈+ ရုပ်ရှင် လိုက်ပြရန် အရေးတကြီး လိုအပ်နေပြီဟုပင် တွေးမိတော့သည်။ 


"မနေ့က မင်းလည်း စိတ်ပါခဲ့တာပဲ မဟုတ်ဘူးလား မသက်မသာ ဖြစ်နေလို့လား ..." 


သူက မေးလိုက်သည်။ 


"သက်တောင့်သက်သာ ရှိတာပေါ့ ဒါပေမယ့် ကျင့်ကြံရေးက ပိုအရေးကြီးတယ်လေ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


ကျောက်လင်းယွီ၏ ဦးဆောင်မှုနောက်တွင် မြောပါသွားသဖြင့်  သူ့အဆီအနှစ်များကိုပင် ထုတ်လွှတ်မိတော့မတတ် ဖြစ်သွားခဲ့သေးသည်။ ခပ်မြန်မြန် အသိစိတ်ကပ်သွား၍ စိတ်စွမ်းအင်ကိုသုံးကာ သူ့အပေါက်ကို ပိတ်လိုက်ပြီး တစ်ဖန် ပြန်စုပ်ယူလိုက်နိုင်၍သာ တော်သေးသည်။ 


သူ့အခြေအနေကို မသိရှာလေသော ကျောက်လင်းယွီကမူ မနေ့ညက အဖြစ်အပျက်ကိုသာ မချင့်မရဲဖြင့် ပြန်တွေးနေလိုက်သည်။ 


ရမ်ရှန့်က ဘေးနားရှိ အဝတ်များကို ခပ်သွက်သွက်ဆွဲယူကာ ဝတ်ဆင်လိုက်သည်။ 


"ချက်ခြင်းလက်ငင်းကြီး ဗိုက်ဆာလာသလိုပဲ သွားစားရအောင် ... ခဏလေး ခဏလေး ..." 


ရမ်ရှန့်က လှုပ်ရှားမှုများကို ရပ်တန့်ကာ သူ့တစ်ကိုယ်လုံးကို အပြန်ပြန်အလှန်လှန် စစ်ဆေးပြီးနောက် ဝမ်းသာအားရ ပြောလိုက်သည်။ 


"ကျွန်တော့်ခန္ဓာကိုယ်က ကြီးထွားလာပြီ ..." 


တစ်ကြိမ်တည်းနဲ့ အများကြီး ကြီးထွားလာတာ ... 


သူ့အနေဖြင့် အနည်းငယ် ကြီးထွားလာရန်အတွက် ကိုပင် အချိန်များစွာ ကြာမြင့်ခဲ့သည်။ ကျောက်လင်းယွီနှင့် တွေ့ပြီးနောက် ပိုပြီး လျင်လျင်မြန်မြန် ကြီးထွားလာခဲ့သော်ငြား တစ်မီလီမီတာမျှသာဖြစ်သည်။ သို့သော် ယခု တူနှစ်ကိုယ်ကျင့်ကြံ‌ခြင်းအပြီးတွင်မူ သုံးစင်တီမီတာတိတိ ကြီးထွားလာခဲ့သည်။ 


"ဟုတ်တယ် မင်း နည်းနည်းလေး ထွားလာတယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ လတ်တလောအခြေအနေအရ နောက်ထပ်သုံးလေးကြိမ်ခန့် ထပ်လုပ်လျှင်ပင် ရမ်ရှန့်၏ ခန္ဓာကိုယ်သေးသေးလေးကို အားတုံ့အားနာ ဖြစ်မိတော့မည် မဟုတ်ချေ။ 


"ကောင်းလိုက်တာ ..." 


သူက ကျောက်လင်းယွီကို ပွေ့ဖက်လိုက်သည်။


"ဒီလောက်ကောင်းတဲ့ကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မျှော်မှန်းမထားဖူးဘူး ..." 


အနည်းငယ် အရပ်ပိုရှည်လာရန် အမြဲလိုလို ဆုတောင်းနေခဲ့ပြီး ယခုတော့ သူ့ဆုတောင်းများ ပြည့်ဝသွားပြီဖြစ်သည်။ 


ကျောက်လင်းယွီရဲ့ ကြွက်သားတွေက အရမ်းမိုက်တော့ သူ့မှာလည်း အဲ့ဒီလိုမျိုးလေး ထွက်လာရင် ကောင်းမှာပဲ ... 


ရမ်ရှန့်က အတွေးနှင့် ထပ်တူကျစွာ နှိုက်မြည်းလိုက်သည်။ 


သူ့ချစ်သူငယ်လေးက ကိုယ်လုံးတီးဖြင့် ရင်ခွင်ထဲ ပြေးဝင်လာကာ သူ့ကို နမ်းလိုက်သည့်အတွက် ကျောက်လင်းယွီ၏ နှလုံးသားသာမက ရဲဘော်ငယ်ကပါ လှုပ်ရှားသက်ဝင်လာတော့သည်။ 


လူသားတို့၏ ပထမဆုံးအကြိမ်မှာ အလွန်မြန်ဆန်သည်ဟု ပြောကြသော်ငြား ယမန်နေ့ညက ရမ်ရှန့်မှာ ကျင့်ကြံလိုသည့်အတွက် လေးနာရီကြာ လုပ်ခဲ့ကြသည်။ 


ဒီလို အကြာကြီးလုပ်တယ်ဆိုတာက အထင်ကြီးစရာ ကောင်းပေမယ့် ကိုယ်ကိုယ်တိုင် လုပ်ကြည့်မှ ... 


ပထမဆုံး စတင်ဝင်ရောက်စဉ်က ကောင်းမွန်ကာ နောက်ဆုံး ထုတ်လွှတ်ချိန်တွင်လည်း ခံစားချက်ကောင်းမွန်သော်ငြား ကြားထဲရှိ လုပ်ငန်းစဉ်များမှာမူ အလွန်ဆိုးဝါးလှပေသည်။ ကျောက်လင်းယွီမှာ သူတို့၏ ပထမဆုံးအကြိမ်သည် ရမ်ရှန့်၏ လက်ကလေးများဖြင့် ကူညီပေးစဉ်ကလောက် မကောင်းမွန်လှဟုပင် တွေးမိတော့သည်။ သို့သော် နောက်ဆုံးတွင်တော့ သာယာလွန်း၍ ရပ်ပင် မရပ်တန့်ချင်တော့ပေ။ 


မနေ့ညက သိပ်မကောင်းခဲ့ဘူးဆိုတော့ အခု ပြန်ပြင်လို့ ရမလားမသိဘူး ရမ်ရှန့်ကလည်း သူ့ကို ပွတ်သပ်နေတာဆိုတော့ သူလည်း အဆင်သင့်ဖြစ်နေပြီနဲ့တူတယ် ... 


ကျောက်လင်းယွီက စိတ်ကူးယဉ်နေသော်ငြား မျက်နှာနီနီဖြင့် ရမ်ရှန့်က သူ့ကို ရုတ်ချည်း တွန်းထုတ်လိုက်သည်။ ထို့နောက် အင်္ကျီကို ခပ်သွက်သွက်ဝတ်ကာ ပြောလိုက်သည်။ 


"လင်းယွီ ထတော့ ကလေးတွေကို သွားကြည့်ရအောင် ..." 


သူသည်လည်း နောက်တစ်ကြိမ် တူနှစ်ကိုယ်ကျင့်ကြံလိုသေးသော်ငြား အကြိမ်ရေများလွန်းခြင်းသည် ကျန်းမာရေးအတွက် မကောင်းဟု ကျောက်လင်းယွီက ပြောထားဖူးသည်။ သူ့ကျန်းမာရေးအတွက် နှစ်ရက်ခန့် အနားယူခြင်းကသာ ပိုပြီး သင့်လျော်မည်ဖြစ်သည်။ 


ကျောက်လင်းယွီကမူ သူဘာကြောင့် ငြင်းပယ်ခံလိုက်ရမှန်း မသိသော်ငြား ရမ်ရှန့်ကို ဖိအားမပေးပေ။ ရမ်ရှန့်၏ လှုံ့ဆော်မှုများနှင့် အသားကျနေကာ ဘယ်သောအခါကမှ တွန်းမထုတ်ခဲ့သည့် မာရှယ်ကျောက်ကလည်း အဝတ်အစားများကို တစ်ဖြေးဖြေး ပြန်ဝတ်လိုက်သည်။ 


သူတို့နှစ်ဦး ထမင်းစားခန်းထဲ ဝင်လာချိန်တွင် အကြီးအကဲထန့်နှင့် ဖုန့်ခဲ့ရှင်းသာ ရှိနေပြီး ရှန်းချိုးရှစ်နှင့် ကျောက်ဖမ်းတို့မှာမူ ရောက်မလာသေးပေ။ 


အကြီးအကဲထန့်က စိတ်ကောင်းဝင်နေသော ရမ်ရှန့်ကို စနောက်ရန် မော့ကြည့်လိုက်သော်ငြား ရုတ်ချည်း အံ့ဩသွားရတော့သည်။ 


"ဆရာ နည်းနည်းလေး အရပ်ထွက်လာတာလား ..." 


ရမ်ရှန့်မှာ အနည်းငယ် အရပ်ပိုရှည်လာကာ သူ့မျက်နှာမှာလည်း အနည်းငယ် ပိုပြီး ရင့်ကျက်လာသည်။ 


"သတိထားမိတယ်ပေါ့ ..." 


ရမ်ရှန့်က အံ့ဩတကြီး မေးလိုက်သည်။ 


"တကယ်ကြီးပေါ့ ဘယ်လိုဖြစ်ပြီးတော့လဲ ..." 


အကြီးအကဲထန့်မှာ အတော်ကို အံ့ဩမိသွားတော့သည်။ 


"ကျွန်တော်က အရွယ်ရောက်လာပြီလေ ..." 


သူက ဘဝင်မြောက်စွာဖြင့် ပြောလိုက်သည်။ လက်ထပ်တာက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ လူတိုင်းက မင်္ဂလာဆောင်ချင်နေကြတာ မထူးဆန်းတော့ပါဘူးလေ ... 


"ဆေးတွေဘာတွေများ သောက်လိုက်သေးလား တစ်ညတည်းနဲ့ ဒီလောက်ကြီး ထွားလာတာ မသက်မသာ မဖြစ်ဘူးလား တစ်ခုခု အဆင်မပြေတာရော ခံစားရလား  ..."

90.2


အကြီးအကဲထန့်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ 


"အဆင်ပြေပါတယ် လုံးဝကို အဆင်ပြေတယ် ..." 


ရမ်ရှန့်က သူ့ရင်ဘတ်ကို ပုတ်ပြလိုက်သည်။ 


အကြီးအကဲထန့်က သူ့ကို စုန်ချီဆန်ချီ စစ်ဆေးနေသေးသော်ငြား တစ်စုံတစ်ရာကိုမှ မေးမြန်းမလာတော့ချေ။ ထိုအချိန်တွင် ရှန်းချိုးရှစ်နှင့် ကျောက်ဖမ်းတို့ ရောက်လာသည်။ 


ရမ်ရှန့်ကဲ့သို့ပင် ရှန်းချိုးရှစ်သည်လည်း နီမြန်း‌တောက်ပနေသော်ငြား ပင်ပန်းမှုအရိပ်အယောင်တို့တော့ စွန်းထင်းနေဆဲဖြစ်သည်။ ကျောက်ဖမ်းမှာမူ တောက်ပဝင်းလက်ကာ ကြည့်ကောင်းနေပေသည်။ 


"ရမ် မင်းကြည့်ရတာ တော်တော်ပျော်နေတဲ့ပုံပဲ ..." 


သူမကလည်း ရမ်ရှန့်နှင့် အကြီးအကဲထန့်တို့၏ စကားသံများကို ကြားလိုက်ရသည့်အတွက် ရမ်ရှန့် အရပ်ထွက်လာကြောင်း သိထားပြီးဖြစ်သည်။ သို့သော် အကြီးအကဲထန့်လိုတော့ ဇစ်မြစ်အထိ လိုက်မစူးစမ်းနေပေ။ 


"ဟုတ်တယ် မနေ့ညကလေ ..." 


စကားပင် မဆုံးသေး။ ကျောက်လင်းယွီက သူ့ကို ဆွဲခေါ်လိုက်သည့်အတွက် သူ့ကိုသာ ဇဝေဇဝါဖြင့် ပြန်ကြည့်လိုက်သည်။ 


"သွက်သွက်လေး စားကြရအောင် ..." 


သူက စားပွဲတွင် ဝင်ထိုင်ကာ မျက်နှာသေဖြင့် ပြောလိုက်သည်။ 


ရှန်းချိုးရှစ်၏ အကြည့်တို့က ရမ်ရှန့်ထံမှ သူ့ထံသို့ ပြောင်းလဲကျရောက်သွားသည်။ သူမ၏ အကြည့်တို့မှာ ဝေခွဲမရ ဖြစ်နေပေသည်။ 


ရမ်ရှန့်က ရွှင်လန်းတက်ကြွနေပေမယ့် သူမရဲ့ သားကတော့ နည်းနည်းလေး ... 


သူမသည် ရမ်ရှန့်ပြောခဲ့ဖူးသည့်စကားကို ရုတ်ချည်း သတိရသွားသည်။ 


"သေးတယ် တော်တော်ကို သေးတာ " 


မဟုတ်သေးဘူး အတွေးတွေ လွန်မနေနဲ့ အဲ့ဒီ့အချိန်တုန်းက ရမ်ရှန့်က တစ်ခြားတစ်ခုကို ပြောချင်တာ နေမှာ သူမရဲ့သားက သေချာပေါက်ကို သန်စွမ်းတာပေါ့ ... 


ရမ်ရှန့်က မနက်စာကို အများအပြား စားသောက်ပြီးနောက် ကလေးများရှိရာသို့ အားတက်သရော ထွက်သွားတော့သည်။


မနေ့ညက မင်္ဂလာပွဲကို တက်ရောက်လာသူများမှာ များပြားလှပြီး ဥများမှာ အလွန်ငယ်သေးသည့်အတွက် ၎င်းတို့ကို ပွဲကျင်းပရာသို့ ခေါ်မလာခဲ့။ သူနာပြုစက်ရုပ်၏ ခုခံကာကွယ်နိုင်စွမ်းကို အမြင့်ဆုံးအထိ ထားကာ စောင့်ကြပ်စေခဲ့သည်။ 


ဥများမှာ သူတို့ထင်ထားသကဲ့သို့ နုနယ်မနေသည့်အပြင် အတူတူ ပူးကပ်နေလိုကြသည့်အတွက် ရှန်းချိုးရှစ်သည် အားလုံးကို အတူတူ ထည့်ထားနိုင်ရန် ပိုကြီးမားသည့် အနွေးသေတ္တာတစ်လုံးကို မှာယူပေးခဲ့သည်။ 


ရမ်ရှန့် ဝင်လာချိန်တွင် ဥနီနီလေးလုံးနှင့်အတူ သေတ္တာအဖုံးပေါ်ရှိ အချက်အလက်များကို တွေ့လိုက်ရသည်။ 


ရမ်ရှန့်က အသီးများကို စိတ်ဝင်တစား ကြည့်နေရင်း စိတ်စွမ်းအင်များ ထည့်သွင်းပေးနေပြီ ရှန်းချိုးရှစ်ကတော့ နှုန်းလွန်အသံလှိုင်းဖြင့် ကလေးများကို ကြည့်နေသည်။ ထို့နောက် ဘေးနားရှိ အချက်အလက်များကို ကြည့်ရင်း အံ့ဩသွားရတော့သည်။ 


"ကလေးတွေက ပိုပြီး ကြီးလာကြပြီ ..." 


"ကလေးတွေက ကြီးလာမှာပဲလေ ..." 


ရမ်ရှန့်က သူမကို နားမလည်နိုင်ဟန်ဖြင့် ပြန်ကြည့်လိုက်သည်။ 


"ဒါပေမယ့် ကေးတွေရဲ့ဥက မွေးပြီးတာနဲ့ အမြဲတမ်း တစ်ရွယ်တည်းပဲ ဖြစ်နေတာ မဟုတ်ဘူးလား ..." 


ရှန်းချိုးရှစ်မှာ ပဟေဠိဖြစ်မိသည့်တိုင် ပျော်ရွှင်လာတော့သည်။ ကလေးများမှာ သေးငယ်လွန်းလှသည့်အတွက် အမြဲလိုလို အခက်ကြုံနေရသော်ငြား ယခုမူ ဥများမှာ ကြီးထွားလာလေပြီ။ ထိုသည်မှာ အထဲရှိ ကလေးများမှာလည်း ကြီးထွားလာပြီဟု အဓိပ္ပါယ်ရပေသည်။ 


"ရမ်က ကေးမဟုတ်ဘူး ..." 


ကျောက်လင်းယွီက ထိုစကားတစ်ခွန်းသာ ဝင်ပြောလိုက်သည်။ 


ဒါဆို ရမ်ရှန့်က ဘာမျိုးနွယ်စုကလဲ ... 


ရှန်းချိုးရှစ်မှာ သံသယဝင်‌လာသော်ငြား ကျောက်လင်းယွီ၏ ရမ်ရှန့်အပေါ် အမြင်ကို ယုံကြည်သဖြင့် ဘာမှ ထပ်မမေးတော့။ 


ကျောက်လင်းယွီ၏ ခွင့်ရက်မှာ ရှည်လျားသည့်အတွက် ဆယ်ရက်အတွင်း အာဟာရဆေး‌တောင့်ကို ထုတ်လုပ်ရန် ပြင်ဆင်ပြီးနောက် သူ့တွင် လုပ်စရာအလုပ် မရှိတော့ချေ။ မူလက ရမ်ရှန့်ကို အပြင်ခေါ်သွားရန် တွေးထားသော်ငြား ပြီးခဲ့သည့်ရက်ပိုင်းက အတွေ့အကြုံကို ပြန်စဉ်းစားကာ ‌အပြင်မထွက်တော့ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ရမ်ရှန့်နှင့်အတူ အနွေးသေတ္တာကို သူတို့အခန်းထဲ ပြန်သယ်ကာ အိမ်တွင်သာ အတူတူ အချိန်ကုန်ဆုံးနေလိုက်ကြသည်။ 


"လင်းယွီ ကျွန်တော်တို့တွေ ကြယ်အမှတ် ၁၂၅၃၄ ကို ချက်ခြင်းကြီး ထွက်သွားလိုက်ရတော့ အွန်လိုင်းအတန်းတွေကို မေ့သွားတယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ စကြဝဠာထဲတွင် ရှိနေစဉ်က မြို့တော်ကြယ်၏ ကြယ်တာယာကွန်ယက်နှင့် မ ချိတ်ဆက်နိုင်သည့်အပြင် ပြန်ရောက်ချိန်တွင်လည်း ဧည့်ခံပွဲများဖြင့် အလုပ်များနေသည့်အတွက် ထိုအကြောင်းကို မေ့လုနီးပါး ဖြစ်သွားခဲ့သည်။ 


"မင်းနဲ့အတူတူ အတန်းထဲ လိုက်ခဲ့ပေးမယ်လေ အတန်းပြီးရင် ယာဉ်ပျံမောင်းဖို့ ခေါ်သွားပေးမယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


"ဟုတ်ကဲ့ ..." 


ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။ 


သူသည် အထွေထွေဗဟုသုတတို့ကိုသာ သင်ကြားပေးပြီး ဂိမ်းဆော့ခြင်းလောက်သာ လုပ်ဆောင်ရသည့် မူကြိုအတန်းကို ယူထားခြင်းဖြစ်ရာ တစ်လနီးပါး အတန်းမတက်သည့်တိုင် ကြီးကြီးမားမား သက်ရောက်မသွားချေ။ သူ့ကို အတန်းထဲလိုက်ပို့ပြီးနောက် ကျောက်လင်းယွီလည်း ကလေးငယ် ထိန်းသိမ်းပြုစုရေးအတန်းကို တက်ရောက်ရန်အတွက် ငွေချေလိုက်သည်။ 


"ဘော့စ် ..." 


ကလေးပုံစံတူကို ပွေ့ချီထားသည့် ဝူရွှိုက်မှာ သူ့ကို တွေ့လျှင်တွေ့ချင်း အံ့ဩတကြီးဖြစ်သွားတော့သည်။  လက်ထဲရှိ ကလေးရုပ်ကို အားဖြင့် ဖျစ်ညှစ်မိသည့်အတွက် နာကျင်မှုအချက်ပေးသံ ထွက်ပေါ်လာတော့သည်။ 


ဝူရွှိုက်လက်ထဲမှ ကလေးအရုပ်ကိုကြည့်ရင်း ကျောက်လင်းယွီက တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ 


သူ့ကလေးတွေကို ဝူရွှိုက်လက်ထဲ လုံးဝ မထည့်ပေးတော့ဘူး ... 


"ဒါက ဘော့စ်လား ..." 


သူ့ဘေးနားရှိ အယ်လီမှာလည်း အံ့ဩသွားတော့သည်။ သူမလက်ထဲရှိ ကလေးကို မေ့လျော့သွားသည့်အတွက် ကလေးပါးစပ်ထဲသို့ ရေဘူးကို အားဖြင့် ထိုးထည့်မိသွားသည်။ 


ကလေးငိုသံ တစ်ဖန် ထွက်ပေါ်လာပြန်တော့သည်။


Xxxxx