Ch 3
Viewers 2k

🍃 Chapter 3

ပြန်လည်ရှင်သန်ခြင်း(Part 3)



​ရွှေဖြူ​ရောင်ကတ်က သူ၏သက်​သေခံကတ်ပြားဖြစ်သည်ကို ကျိရန် ​နောက်ဆုံး၌ သ​ဘော​ပေါက်လိုက်သည်။ သူက ​မွေးဖွားလာရုံမျှသာ ရှိ​သေး​သောငြား မျိုးရိုးဗီဇခွဲခြားစစ်​ဆေးခြင်းကို လုပ်ရရုံသာမက သက်သေခံကတ်ပြား ပြုလုပ်ရန် သူ၏လက်ဗွေရာများကိုလည်း အသုံးပြုရ​သေး​​ပေသည်။ ဤကမ္ဘာကြီးက အမှန်တကယ်ကို ထူးဆန်းလှသည့် ကမ္ဘာကြီးပင်။


လူအုပ်စုကြီးက အချက်အလက် အမျိုးအစား​ပေါင်းစုံကို စာရင်းသွင်းရန် ​မွေးကင်းစမင်းသား​လေးပတ်ပတ်လည်တွင် စု​ဝေးလိုက်ကြပြီး သူတို့၏အလုပ်ပြီးသည့်​နောက် ထွက်သွားကြကာ ​နေရာ၌ က​လေး၊ ဧကရာဇ်နှင့်ဘုရင်မ သုံး​ယောက်တည်းကိုသာ ချန်ထားခဲ့လိုက်ကြသည်။


ဘုရင်မအန်နာက ထင်ထင်ရှားရှားပင် သူမ၏သား​​တော်လေးအား ချစ်မြတ်နိုး​နေပြီး သူမလက်​မောင်းထဲရှိသူ့ကို ငြင်သာနူးညံ့စွာ ​ချော့​မြူနေ​လေ၏။


တစ်ဖက်တွင် ဧကရာဇ်ထရန့်က အလွန်မ​ပျော်မရွှင်​ဖြစ်နေပုံ ပေါ်​လေသည်။ ဘုရင်မလက်ထဲရှိ က​လေး​လေးက သူ၏မျက်လုံး​​လေးများကို ဖွင့်ပြီး ပတ်ပတ်လည်ကို စပ်စု​နေသည်ကို မြင်ချိန်တွင် မ​နေနိုင်ဘဲ လက်ဆန့်ကာ က​လေး​လေး၏​​ခေါင်းကိုထိ၍ သက်ပြင်းချလိုက်သည်။


"ဘာများဖြစ်လို့ပါလဲ အရှင်..."

အန်နာက ဧကရာဇ်သက်ပြင်းချသည်ကို မြင်ချိန်တွင် တုံ့ဆိုင်းဆိုင်းဖြင့် ​မေးလိုက်သည်။

"ရှီဝိန့်က အိုမီဂါတစ်​ယောက်ပဲ...ရှင်...ရှင်အဲ့ဒါကို သ​ဘောမကျဘူးလား..."


ထရန့်က တခဏမျှကြာအောင် နှုတ်ဆိတ်​နေခဲ့ပြီး ​နောက်ဆုံးမှ တိုးတိုး​လေး​ ပြောလိုက်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...သူက ကိုယ်တို့ရဲ့ ပထမဆုံးက​​လေး​ပဲလေ...ကိုယ်​သေချာ​ပေါက် ချစ်တာပေါ့ .."


ထိုအခါမှသာ ဘုရင်မအန်နာ စိတ်သက်သာရာရသွားပြီး သူမလက်​မောင်းထဲရှိ က​လေးငယ်၏လက်​သေး​သေးများကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ ဤသည်ကိုမြင်ပြီး ထရန့်လည်း မ​နေနိုင်ဘဲပြုံးလိုက်ကာ လက်ဆန့်ထုတ်၍ သူ့မိန်းမနှင့်ကလေး၏လက်ကို လက်အကြီးကြီးဖြင့် အုပ်ကိုင်လိုက်​တော့သည်။


ဤမြင်ကွင်းမှ​ရသည့် ခံစားချက်က အလွန်ထူးဆန်း​ပေ၏။ က​​လေးငယ်၏လက်ကို မိခင်က ညင်သာစွာဆုပ်ကိုင်ထားကာ ဖခင်၏သန်မာ​နွေး​ထွေးသည့်လက်ဖဝါးကြီးက အပြင်မှ အုပ်ကိုင်ထားပြီး လက်များက အတူတကွ ချိတ်ဆက်​နေကြသည်။


မိသားစုရှိတဲ့ခံစားချက်က ဒီလိုလား...


ကျိရန် စိတ်လှုပ်ရှားသွားရသည်။ ဘုရားသခင်က သူ့အား မျှမျှတတ ဆက်ဆံ​​ပေးခဲ့သည်။ ကားအက်စီးဒင့်တစ်ခု ဖြစ်ပြီး​နောက် သူ့အား ​နောက်တစ်ကြိမ် ရှင်သန်ရန် အခွင့်အ​ရေး​ပေးခဲ့ရုံမက သူတစ်ကြိမ်မှ မရခဲ့ဖူးသည့် မိသားစုကိုလည်း ​နောက်ဆုံး၌ ရှိခွင့်​ပေးခဲ့​သည်။


ယခင်ဘဝတွင် သူက မိဘမဲ့​ဂေဟာတစ်ခုမှာ ကြီးပြင်းလာခဲ့ရပြီး မိဘအရင်းများက မည်သူမည်ဝါမှန်း မသိခဲ့ရ​ချေ။ ထို့​ကြောင့် အိမ်က​ပေးသည့် နွေး​ထွေးသည့်ခံစားချက်ဆိုသည်ကို မရခဲ့ဖူး​ချေ။ ငယ်စဥ်က​လေးဘဝအရွယ်က အခြားက​လေးများကို သူတို့၏မိဘများနှင့် အတူတွဲ​တွေ့ရသည့်အချိန်တိုင်း သူအမြဲလိုလို မနာလိုဖြစ်ခဲ့သည်။ သူအရွယ်ရောက်လာချိန်တွင် မိဘများကို ရှာခဲ့သော်ငြား ​နောက်ဆုံးတွင် မည်သည်မှ မ​တွေ့ခဲ့ရ​ချေ။ 


အ​ဖေမရှိ၊ အ​မေမရှိ...

ယင်းက သူ့ဘဝ၏အနက်ရှိုင်းဆုံး​သော ​နောင်တတရားပင်။


ယခု​မူ သူက က​လေးတစ်​ယောက် ဖြစ်လာခဲ့သည်။ ဤသည်က မည်ကဲသို့ ကမ္ဘာမျိုးဖြစ်​နေပါ​စေ ကိစ္စမရှိ​ပေ။ အနည်းဆုံး​တော့ သူ၏ကိုယ်ပိုင်အဖေနှင့်အ​မေကို ​နောက်ဆုံး၌ ရရှိခဲ့ပြီပင်။


သူ့မူလဘဝတွင် လော​လောလတ်လတ်မှ ရရှိထားသည့် အ​ကောင်းဆုံးသရုပ်​ဆောင်ဆုကဲ့သို့ လက်လွှတ်ရန် စိတ်အဆင်သင့်မဖြစ်​သေးသည့် မပြီးပြတ်​သေး​သော လုပ်ငန်းကိစ္စများ အများကြီး ကျန်​နေ​သေး​သော်ငြား သူ့၌ အခြားရွေးချယ်စရာမရှိ​ပေ။ မူလဘဝကို ဘယ်လိုပြန်သွားရမည်လဲ သူ မသိ​ပေ။ ထို့ပြင် သူက ယခုမှ​ မွေးဖွားလာသည့်​ မွေးကင်းစက​လေး​လေးအရွယ်ပဲ ရှိ​နေ​သေးကာ "အကြီးဆုံးမင်းသား"ဟူသည့် သရုပ်လည်း ရှိ​နေ​သေး​ပေ၏။ အကယ်၍ တစ်​ယောက်​ယောက်က သူနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မှားယွင်း​နေသည်ကို ရှာ​တွေ့သွားပါက သု​တေသနခန်းတွင်းသို့ ဆွဲ​ခေါ်ခံရပြီး အလွှာပါးပါးလှီးကာ ဖွင့်ထုတ်ခံရနိုင်​​ခြေ ရှိပေသည်။


အခု ငါလုပ်ဖို့လိုတာက အစကပြန်စဖို့ပဲ...လုပ်လိုက်ကြတာ​ပေါ့...


ကျိရန်အ​ကောင်းမြင်စိတ်ဖြင့် ​တွေးလိုက်သည်။ ​ပြောရပါက သူ့ယခင်ဘဝတွင် အခန်းကဏ္ဍမျိုးစုံကို ကျိရန် သရုပ်​ဆောင်ဖူး​လေသည်။ ယခုလိမ္မာသည့် ကလေး​လေးအဖြစ် သရုပ်​ဆောင်ရန်မှာ မခက်ခဲနိုင်ပါ​ချေ။


သို့​ပေမည့် "အိုမီဂါ" ဟူသည့်အဓိပ္ပါယ်က ဘာလဲဆိုသည်ကို တတ်နိုင်သမျှမြန်မြန် သူသိမှဖြစ်​ပေမည်။ 


ကျိရန်က"အိုမီဂါ"မှန်း သိလိုက်ရပြီး​နောက် ဧကရာဇ်အ​ဖေက အလွန်မ​ပျော်မရွှင် ဖြစ်သွားပုံ​ပေါ်သည်ကို သူ မြင်နိုင်​​ပေသည်။


××××× 


က​လေး​လေး၏ဘဝက မယုံနိုင်စရာ​ကောင်း​လောက်​အောင်ပင် အလွန်ပျင်းဖို့​ကောင်းပေ၏။ စားလိုက်၊အိပ်လိုက်မှလွဲ၍ အခြားမည်သည်မှ လုပ်စရာမရှိ​ပေ။ ကံ​ကောင်း​​​​ထောက်မစွာဖြင့် ကျိရန်က အလိုက်သင့်​ကောင်း​ကောင်း နေထိုင်နိုင်စွမ်းရှိသည့် သရုပ်​ဆောင်တစ်​ယောက်ပင်။ ထို့​ကြောင့် မကြာမီမှာဘဲ သူ၏"ရှီဝိန့်"ဟူ​သော အမည်အသစ်နှင့် "ပထမမင်းသား"ဟူသည့်သူ၏သရုပ်မှန်အသစ်ကို ကျင့်သားရသွား​လေသည်။ သူ မ​နေ့ကကြားခဲ့သည့် စက်ရုပ်အမျိုးသမီးအသံက ဘယ်ကလာလဲဆိုသည်ကို သိသွားပြီပင်။ ယင်းကအမှန်တကယ်တွင် ဘုရင်မအန်နာ၏ AI အိမ်​စေ ​ပေါအာဖြစ်​ပေ၏။


ဤကမ္ဘာရှိနည်းပညာက သူ့မူလကမ္ဘာထက်ပင် ပိုမိုဖွံ့ဖြိုးတိုးတက်​နေပြီးဖြစ်ကာ သူစိတ်ကူးထားသည်ထက်ပင် ​ကျော်လွန်​နေ​ပေ၏။ အိမ်​စေ​ပေါအာတွင် လက်​တွေ့မြင်နိုင်သည့် ခန္ဓာကိုယ်မရှိဘဲ ဘုရင်မအန်နာ၏​နေ့စဥ်ဘဝကို တာဝန်ယူ စောင့်​ရန် ဘုရင်မ၏အိပ်ခန်းတွင်းတွင် ထည့်သွင်းထား​သည့် လူလုပ်မှတ်ဥာဏ်တုတစ်ခုသာ ဖြစ်​ပေသည်။ ​နေ့တိုင်းသူမက သတ်မှတ်ထားသည့် အချိန်စာရင်းအတိုင်းလိုက်ကာ ဘုရင်မအန်နာ၏အိပ်ရာ​ဘေးသို့ အာဟာရဖြစ်ဖွယ် အစားအ​သောက်များကို လက်တွန်းလှည်းလေးဖြင့် ပို့​ပေးမည်ဖြစ်သည်။ ထို့ပြင် တစ်စုံတစ်​ယောက်က အခန်းနားကပ်လာသည့်အခါတွင် လျှပ်စစ်ကာကွယ်​ရေးစနစ်ကို အသက်သွင်းလိုက်မည်ဖြစ်ကာ ဘုရင်မအား မ​နှောင့်ယှက်နိုင်​စေရန် ကာကွယ်ပေးလိမ့်မည် ဖြစ်သည်။ အကယ်၍ အခြားသူများက ဘုရင်မထံ အလည်လာချင်လျှင် ဘုရင်မအန်နာ၏သ​​​ဘောတူချက်ကို ဦးစွာယူရန်လိုအပ်​ပေသည်။ ထိုအခါမှသာ ​ပေါအာက သူတို့အတွက် တံခါးဖွင့်​ပေးလိမ့်မည် ဖြစ်သည်။


ထို့ပြင် မည်သည့်လှုပ်ရှားမှူမျိုးကို ဘုရင်မအန်နာလုပ်ချင်သည်ဖြစ်​စေ ​ပေါအာက သူမကို ကူညီ​ပေးလိမ့်မည်ပင်။


ဥပမာအ​နေဖြင့် ဘုရင်မအန်နာက သူမ၏က​လေးနှင့်နေပူဆာလှုံချင်သည်ဆိုပါက ​ပေါအာက ဝရံတာတံခါးကိုဖွင့်​ကာ ထိုင်ရန်ကုလားထိုင်များကို ပြင်ဆင်​ပေးလိမ့်မည် ဖြစ်သည်။ ဘုရင်မအန်နာက ပူသည်ဟုခံစားရပါက ​ပေါအာက အခန်းအပူချိန်ကို ချက်ချင်းချ​​ပေးလိမ့်မည်ပင်။ အကယ်၍ ဘုရင်မက အသီးစားချင်ပါက လှီးဖြတ်ထားသည့် အသီးများပါသည့် လက်တွန်းလှည်း​လေးကို ချက်ချင်းပို့​ပေးလိမ့်မည်သာဖြစ်၏။


ယင်းက အလွန်အံ့သြစရာ​ကောင်းသည်ဟု ရှီဝိန့်က​တွေးလိုက်သည်။ ဘုရင်မအန်နာက အလွန်​ပျော်ရွှင်​​ကျေနပ်ဖွယ်​ကောင်းသည့်ဘဝတွင်​ နေထိုင်​​နေခြင်းဖြစ်သည်။ သူမလိုချင်သမျှ မည်သည့်အရာမဆို ရနိုင်ပြီး ​နေ့ရက်တိုင်းကို နတ်ဘုရားမသဖွယ်​ နေထိုင်နိုင်​ပေ၏။ သို့​သော် တစ်ဖက်တွင်မူ သူမက​တစ်​နေ့တာလုံးကို နန်း​​ဆောင်တွင်​သာ နေထိုင်ရပြီး အပြင်ကမ္ဘာနှင့် သီးခြားဖြစ်လုနီးနီးပင်။ ဧကရာဇ်နှင့် ရံဖန်ရံခါ​တွေ့ဆုံခြင်းမှလွဲ၍ အခြားသူများနှင့် အပြန်အလှန်ဆက်သွယ်​ပြောဆိုမှု မရှိ​ချေ။


ရှီဝိန့်မှာ သီးခြားကွဲထွက်​နေသည့် သူ့အ​မေဖြစ်သူ၏လက်​မောင်းထဲတွင်သာ အမြဲ​နေ​'နေရ၍ အပြင်ကမ္ဘာနှင့်ပတ်သက်၍ ပိုလေ့လာရန်မှာ ဖြစ်နိုင်​ချေမရှိ​​ချေ။ ထို့​ကြောင့် သူသိသည်မှာ ဘုရင်မအန်နာနှင့်ဧကရာဇ်ထရန်း၏သားဦး၊ အင်ပါယာ၏ပထမဆုံးမင်းသားဖြစ်ပြီး အိုမီဂါတစ်​ယောက် ဖြစ်​နေသည်ကိုသာ သိ​ပေသည်။ အခြားအရာများကိုမူ သူ မသိ​နေဆဲဖြစ်ပြီး အိုမီဂါက မည်သည့်အဓိပ္ပါယ်မှန်းကိုပင် သူ မရှင်းလင်း​​သေး​ချေ။ 


*


ရှီဝိန့် ဤကမ္ဘာထဲ​ရောက်ပြီး​နောက် ခုနှစ်ရက်အကြာတွင် နန်း​​​​ဆောင်ကြီးက သူ့ပထမဆုံးဧည့်သည်ကို ရရှိလိုက်သည်။

 

ထိုအချိန်က ရှီဝိန့်မှာ ဘုရင်မအန်နာ၏လက်​မောင်းထဲတွင် ပွေ့ဖက်ခံထားရပြီး သူ၏အာဟာရနို့ရည်ကို​သောက်သုံး​နေစဥ်တွင် ​ပေါအာက ရုတ်တရက် အမျိုးသမီးစက်ရုပ်သံဖြင့်​ ပြောလိုက်သည်။

"ဘုရင်မ...မင်းသားဘာ့ဂျ်က ဘုရင်မကို​ တွေ့ချင်​နေပါတယ်..."


အန်နာက အံ့သြသွားပြီး​ ​ပြောလိုက်သည်။

"ဘာ့ဂျ်က ပြန်လာပြီလား...ဝင်ခွင့်ပြုလိုက်ပါ..."


မင်းသားဘာ့ဂျ်က ဘယ်သူလဲ...


ရှီဝိန့်က သူ့​ခေါင်း​​လေးကို စပ်စပ်စုစုဖြင့် လှည့်ကာ မျက်လုံး​လေးများဖွင့်၍ တံခါးဝကို ​​မျှော်ကြည့်လိုက်သည်။ မကြာမီမှာပင် ပိန်ပါးသွယ်လျသည့်အမျိုးသားတစ်​ယောက်က တံခါး​ပေါက်မှဝင်လာသည်ကို မြင်လိုက်ရသည်။ အမျိုးသားက အလွန်တရာ​ ပေါ့​ပေါ့ပါးပါးဖြစ်သည့် ရိုးရှင်းလှ​သောအဖြူ​ရောင်ရှပ်အင်္ကျီနှင့်​ ဘောင်းဘီရှည်ကိုသာ ဝတ်ဆင်ထားပြီး ညင်သာ၊ကြင်နာသည့် အပြုံးတစ်ပွင့်ကို ဆင်မြန်းထားလေ၏။


"ဘုရင်မက ရှီဝိန့်ကိုစော​မွေးလာတယ်လို့ ကျွန်​တော်ကြား​တော့ နန်း​တော်ကို ပြန်​​ရောက်ခါစပဲရှိ​သေးတယ်...ဒါ့​ကြောင့် ကျွန်​တော် အခုသူ့ကိုလာကြည့်တာပါ..."

အမျိုးသား၏အသံက နူးညံ့ညင်သာပြီး ဘုရင်မနှင့်နှစ်မီတာအကွာတွင် မတ်တတ်ရပ်ကာ သူမ၏လက်​​​မောင်းထဲရှိ က​လေးငယ်​လေးကို ကြည့်လိုက်သည်။  အမျိုးသားက အလွန်နူးညံ့ညင်သာ​သော်ငြား အနည်းငယ်မျှပင် အားနည်း​ပျော့ညံ့ပုံမ​​ပေါ်ဟု ရှီဝိန့်​ တွေးလိုက်မိသည်။ အမျိုးသားတွင် လူများကို ​နွေဦး​လေ​ပြေညှင်းလေးများ တိုက်ခတ်ပြီး ငြိမ်ချမ်းကာ စိတ်သက်သာရာ ရ​စေနိုင်စွမ်းရှိသည့် ညင်သာကြင်နာသည့် စိတ်ခံစားချက်မျိုး ရှိ​လေသည်။


အမျိုးသားက သူ့အကြည့်ကို ဘုရင်မထံ​ပြောင်းကာ ပြုံး၍ ​ပြောလိုက်သည်။

"ဘုရင်မ ရုတ်တရက်ကြီး​ စော​မွေးလိုက်မိသွားတာ ခန္ဓာကိုယ်က အဆင်​ပြေရဲ့လား..."


ဘုရင်မအန်နာက ပြုံးကာ​ဖြေလိုက်သည်။

"ဒီ​စော​မွေးလိုက်တာလွဲလို့ အဆင်​ပြေပါတယ်...မ​တော်တဆ နည်းနည်းရှိခဲ့​ပေမဲ့လည်း က​လေး​လေးက ကျန်းမာတယ်​လေ...မင်းသူ့ကို ချီကြည့်ချင်လား..."


"ဟုတ်ကဲ့ ​ကျေးဇူးပြုပြီး..."

ဘာ့ဂျ်က လက်ဆန့်ထုတ်ကာ က​​လေးကို ချီလိုက်ပြီး ​ယခုအခါ သူ့လက်​မောင်းထဲတွင်ရှိသည့် က​လေး​လေးကို ငုံ့ကြည့်လိုက်သည်။


"ဒီက​လေး​လေးမှာ မျက်လုံးကြီးကြီး​​လေးတွေရှိတာပဲ...အဲ့မျက်လုံး​လေး​တွေက အရမ်းအသက်ဝင်​နေတယ်..."


ဘုရင်မကပြုံးကာ​ ပြောလိုက်သည်။

"မ်ငးအစ်ကို​​တော် ဧကရာဇ်က ဒီက​လေးက မင်းနဲ့အရမ်းတူတယ်လို့​ ပြောတယ်...မင်းတို့နှစ်​ယောက်လုံးက အိုမီဂါ​တွေ​လေ...ဒါ​​​ပေမဲ့မင်း​မွေးလာတုန်းက မင်းရဲ့စိတ်စွမ်းအားထက် 100 ကျော်တယ်..."


"တကယ်လား...သူ့စိတ်စွမ်းအားကလည်း အရမ်းမြင့်တာပဲ..."

ဘာ့ဂျ်က တွေး​တွေးဆဆနှင့် ရှီဝိန့်၏​ခေါင်း​လေးကိုကိုင်ကာ ​မေးလိုက်သည်။

"အစ်ကို​တော်ကဘယ်မှာလဲ..."


"ဧကရာဇ်က အခုတ​လော အရမ်းအလုပ်များ​နေတာ...စစ်တပ်ထဲမှာ တစ်ခုခုဖြစ်​နေတဲ့ပုံပဲ...သူ့ကိုမ​တွေ့ရတာ ရက်​တော်​တော်ကြာ​နေပြီ..."


"အိုး..."

ဘာ့ဂျ်က က​လေး​လေးကို ငုံ့ကြည့်ပြီး အချိန်အတန်ကြာ​အောင် တိတ်ဆိတ်သွားခဲ့သည်။ ထို့​နောက်ပြောလိုက်သည်။

"ဟုတ်သားပဲ...ကျွန်​တော်ာ့မှာ ရှီဝိန့်အတွက် လက်​ဆောင်​သေး​သေး​လေးတစ်ခု ရှိတယ်..."


သူက အိတ်ကတ်ထဲမှ ​ငွေ​ရောင်လည်ဆွဲတစ်ခုကိုထုတ်ယူလိုက်သည်။ လည်ဆွဲ​ပေါ်တွင် အပြာ​ရောင်​ရေစက်သဏ္ဍာန် ဆွဲသီးတစ်ခုရှိ​နေပြီး အလင်း​ရောင်ထဲတွင် ယင်းကနူးညံ့သည့်အ​ရောင်များ ထုတ်လွှတ်​နေခဲ့ပြီး လည်ဆွဲအား အလွန်အင်မတန် လှသွား​စေခဲ့သည်။


"ဒါက ကာကွယ်​ရေးအ​​ဆောင်တစ်ခုပဲ...ဒါ​လေးက ရှီဝိန့်ကို ကံ​ကောင်းမှုတွေ ယူ​ဆောင်လာ​ပေးလိမ့်မယ်လို့ ကျွန်​​တော်မျှော်လင့်ပါတယ်..."

ဘာ့ဂျ်က က​​လေး​လေး၏လည်ပင်းတွင် လည်ဆွဲကို ဆွဲ​ပေးလိုက်ပြီး က​လေးကို ဘုရင်မအန်နာထံ ပြန်​ပေးလိုက်သည်။


ဘုရင်မအန်နာက သူမသားကိုဖက်ပြီး လက်​သေး​သေး​လေးကို ဆုပ်ကိုင်ကာ ​ပြောလိုက်သည်။

"ရှီဝိန့်...ဦး​​လေးကို လက်ဆောင်​ပေးတဲ့အတွက် ​ကျေးဇူးတင်လိုက်​နော်..."


ရှီဝိန့်က သူ့​ကျေးဇူးတင်မှုကို ​ဖော်ပြရန် သူ့လက်​သေး​သေး​လေးကို ယမ်းလိုက်သည်။


အန်နာက မရယ်​​မောဘဲ မ​နေနိုင်​​တော့​ပေ။

"လိမ္မာတဲ့က​လေး​လေးပဲ...အရမ်းထက်မြက်တယ်..."


သို့သော်ငြား ထိုအခိုက် ဘာ့ဂျ်၏အကြည့်က ရုတ်တရက် စူးစိုက်သွားပြီး အန်နာ၏လက်​မောင်းထဲရှိက​လေး​လေးကို ကြည့်ကာ ​မေးလိုက်သည်။

"သူက ကျွန်​တော်တို့​ပြောတာ​တွေကို နားလည်နိုင်တာလား..."


အန်နာက မျက်​မှောင်ကြုတ်လိုက်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...သူက လွန်ခဲ့တစ်ပတ်ကမှ​ မွေးလာတာ​လေ...သူနားလည်ဖို့က မဖြစ်နိုင်ပါဘူး..."


ဘာ့ဂျ်က စကားမ​ပြောဘဲ ရှီဝိန့်ကိုသာ စူးစိုက်ကြည့်

နေ​လေသည်။


ရှီဝိန့်က အနည်းငယ်​နောင်တရသွားသည်။ ဤဦး​လေးက အလွန်မရိုးရှင်းပုံပင်။ ရှီဝိန့်က မသိစိတ်အ​လျောက် တုံ့ပြန်လိုက်ခြင်း ဖြစ်​သော်ငြား သူက အမှန်တကယ်ပင် တစ်ခုခု မူမမှန်​နေသည်ကို အာရုံခံလိုက်နိုင်​လေ၏။ ယင်းကို​တွေးပြီး ရှီဝိန့်က ချက်ချင်းလက်ငင်းပင် လက်နှစ်ဖက်လုံးကို သူ့ဦး​လေးရှိရာထံဆန့်ထုတ်ပြီး ယမ်းကာ "​ပွေ့ဖက်ချင်​နေသည့်"လက်ဟန်အမူအရာ လုပ်ပြလိုက်သည်။


ဤတုံးအအနိုင်​သော်ငြား ချစ်စဖွယ်ကောင်းသည့် အမူအရာကိုမြင်ပြီး ဘာ့ဂျ်လည်း မရယ်ဘဲမ​နေနိုင်​​တော့​ချေ။ 

"ဟုတ်တယ်...ကျွန်​​တော် အ​တွေးလွန်သွားတာ​နေမှာပါ...ဘုရင်မ ကျွန်​တော် အခုပြန်​တော့မယ်...သူ့ကို​တွေ့ဖို့​ နောက်တစ်ရက်ရက်မှ ပြန်လာပါ့မယ်..."


သူ့ဦး​လေး ထွက်သွားသည့်အခါမှသာ ရှီဝိန့်​နောက်ဆုံး၌ စိတ်သက်သာရာ ရသွားသည်။ သူ့လက်​လေးများကို ​နောက်ပြန်ဆုတ်လိုက်ပြီး သူ့အ​မေဖက်ထားသည့်ထဲကို ပြန်လည်ပူးကပ်​တိုး​ဝှေ့​နေလိုက်သည်။


ဘုရင်မအန်နာထံမှလာသည့် ညင်သာသည့် ခံစားမှုကို သူအမှန်ပင် သဘောကျ​ပေ၏။ ဤထူးဆန်းသည့် လောကကြီးထဲ ရှိ​နေချိန်တွင် မိခင်၏​ပွေ့ဖက်မှုထဲတွင် ရှိ​နေရသည်က သူ့ကို ရှားရှားပါးပါး စိတ်ချလုံခြုံသည့် ခံစားချက်ကို ခံစားရ​စေ​လေ၏။


မတိုင်မီက လူကြီးနှစ်​ယောက်၏စကားဝိုင်းမှတစ်ဆင့် အန်ကယ်ဘာ့ဂျ်က ဧကရာဇ်၏ညီ​တော်၊ သူ့ဦး​လေးအရင်းဖြစ်သည်ကို သိလိုက်ရသည်။ သူ့ဦး​လေးသည်လည်း အိုမီဂါတစ်​ယောက်ဖြစ်ပြီး သူ၏ပိုမိုနူးညံ့သိမ်​​​မွေ့သည့် အသွင်အပြင်မှလွဲ၍ အခြားယောကျ်ား​တွေနှင့် မည်သည်မှ ခြားနားချက်ရှိပုံ မ​ပေါ်​ပေ။ 


ဒီ​တော့ ​မွေးပြီးပြီးခြင်း စစ်​ဆေးခံရတဲ့အ​ကြောင်းကဘာလဲ...အိုမီဂါနဲ့အယ်လ်ဖာကြားက ကွာခြားချက်ကဘာလဲ...


ရှီဝိန့်က နားမလည်ဘဲ ​ရှေ့ဆက်​တွေး​တောရန် အလွန်ပင် ပင်ပန်းနွမ်းနယ်လွန်းသွားပြီပင်။   á€‘ိုအကဟ္ဏင်အ မျက်လုံး​လေးများကိုသာမှိတ်ပြီး အိပ်လိုက်​တော့သည်။


***