အပိုင်း ၉၂
Viewers 18k

Chapter 92


ရမ်ရှန့်ကို ထိုကိစ္စမျိုး ဆောင်ရွက်ရာတွင် နားရက်ယူရန် မလိုအပ်ကြောင်း ကျောင်လင်းယွီမှာ အာပေါက်လုမတတ် ရှင်းပြလိုက်ရသည်။ 


"ဒါဆို အရင်တုန်းက ဘာလို့ အဲဒီလို ပြောခဲ့ရတာလဲ ..." 


ရမ်ရှန့်က သူ့ကို စိတ်ဆိုးမာန်ဆိုးဖြင့် စိုက်ကြည့်လိုက်သည်။ 


"အဲ့ဒီ့အချိန်တုန်းက မင်းက ဘာကိုမှ မသိသေးလို့လေ ..." 


သူက သက်ပြင်းချကာ ပြောလိုက်သည်။ ယခု သူတို့၏ ကလေးများမှာ အခန်းထဲသို့ ရောက်နေပြီဖြစ်ရာ ရမ်ရှန့်နှင့် တူနှစ်ကိုယ် မကျင့်ကြံနိုင်တော့ပေ။ ထိုသည့်တိုင် ရမ်ရှန့်ကို အခြေခံအချက်အချို့ကိုတော့ သင်ပေးနိုင်ပါသေးသည်။ 


တကယ်တမ်း ပြောရပါလျှင် သူသည် ကမ္ဘာပေါ်တွင် ဝမ်းနည်းစရာအကောင်းဆုံး အမျိုးသားပင်ဖြစ်သည်။ ယခုခေတ်တွင် ဉာဏ်ရည်ချို့ယွင်းနေသူမှတစ်ပါး လူတိုင်းသည် ဆယ်ကျော်သက်အရွယ်ကတည်းကပင် လိင်မှုရေးရာအကြောင်း သိထားကြပြီးဖြစ်သည်။ လက်ထပ်ထားသည့် ဇနီးမောင်နှံ အများစုမှာ ယခင်ကတည်းက အတွေ့အကြုံရှိနှင့်နေကြသည့်တိုင် သူကတော့ နှစ်တစ်သိန်းကျော် အသက်ရှင်လာပြီးဖြစ်သည့် လက်တွဲဖော်လေးကို အစအဆုံး ပြန်ရှင်းပြနေရသေးသည်။ 


မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့်လည်း ဒေါသမထွက်ရက်သည့်အတွက် သူ့ချစ်သူလေးကို အိတ်သွန်ဖာမှောက် ထောင့်စေ့အောင် တစ်ဖြေးဖြေးချင်း ရှင်းပြရုံသာ ရှိတော့သည်။ ထိုသို့ရှင်းပြရသည်မှာလည်း အလွန်စိတ်ဝင်စားစရာ ကောင်းလှကာ အနာဂတ်တွင် အမှတ်တရကောင်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။ 


"ခင်ဗျား အဲ့ဒီလို မပြောခဲ့ပါဘူး ..." 


ရမ်ရှန့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 


ကျောက်လင်းယွီသာ ပြောဖူးရင် သူသိရမှာပေါ့ ... 


"ဟုတ်တယ် ဟုတ်တယ် ကိုယ်မှားတာပါ ကိုယ်နဲ့အတူတူ ကြည့်ကြမလား ..." 


‌ကျောက်လင်းယွီက သူ့ကိုယ်ပိုင်ဆက်သွယ်ရေးစက်ထဲရှိ ဗီဒီယိုတစ်ပုဒ်ကို ဖွင့်လိုက်သည်။ 


<< အသစ်စက်စက်ခင်ပွန်းသည် စစ်ဆင်ရေးလမ်းညွှန်  >> 


ယခင်က ရမ်ရှန့်ကြည့်ခဲ့သည့် ဗီဒီယိုမှာ ယောကျာ်းနှင့် မိန်းမအကြား  လိင်ပညာပေးဗီဒီယိုဖြစ်ပြီး ကာတွန်းပုံစံဖြင့်သာ ဆွဲထားသည့်အတွက် များစွာ မပြတ်သားလှပေ။ ကျောက်လင်းယွီ၏ ဗီဒီယိုတွင်မူ လူအရှင်လတ်လတ်ကြီး ထွက်ပေါ်လာသည်။ 


ခန့်ညားသည့် အမျိုးသားနှစ်ဦးက ကနဦးတွင် သူတို့နှစ်ဦး လက်ထပ်ခဲ့ပုံနှင့် အသိပညာအချိူ့ကို ရှင်းပြကာ တစ်ဦးချင်း သရုပ်ပြလိုက်ကြသည်။ 


ထိုဗီဒီယိုမှာ သူ့လက်ထပ်ပွဲအတွက် ဝူရွှိုက် ရှာဖွေပေးထားခြင်းဖြစ်သည်။ ထိုအချိန်က သူသည် ဖျတ်ခနဲသာကြည့်ကာ ကျော်သွားလိုက်သော်ငြား ယခုအချိန်တွင်မူ ရမ်ရှန့်နှင့်အတူ အသေးစိတ် လေ့လာနေလိုက်တော့သည်။ 


ရမ်ရှန့်မှာ ထိုနယ်ပယ်နှင့် ပတ်သက်ပြီး တစ်လုံးတစ်ပါဒမျှပင် မသိသေးချေ။ အပင်ဘဝတွင် နေခဲ့ရစဉ်က မျိုးပွားခြင်းနှင့် ပတ်သက်ပြီး များများစားစား ကြိုးစားနေစရာ မလိုအပ်ဘဲ များသောအားဖြင့် တိရစ္ဆာန်တို့၏ အကူအညီဖြင့်သာ ဝတ်မှုန်ကူးခဲ့ရပြီး လူသားပုံစံ ပြောင်းနိုင်ချိန်တွင်လည်း တစ်ကိုယ်တည်းသာ နေထိုင်ခဲ့ရသည်။ 


သူကိုယ်တိုင်မှာလည်း ကျောက်လင်းယွီနှင့်အတူ တူနှစ်ကိုယ်ကျင့်ကြံရန် ပြင်းပြင်းပျပျ ဆ‌န္ဒရှိနေသည့်တိုင် ဘာကြောင့်ရယ်ဟုတော့ ဂဃနဏ မသိပေ။ ထိုဗီဒိယိုကို ဖြေးဖြေးချင်း ကြည့်နေရင်းမှသာ နားလည်လာတော့သည်။ 


ဒီလိုကြောင့်ကိုး ... 


ကျောက်လင်းယွီကို ထိချင်နမ်းချင်နေပြီး သူ့ကို တုန့်ပြန်မိတာ မထူးဆန်းတော့ပါဘူး ဆန္ဒရမ္မက်ကြောင့် ဖြစ်လာတာတွေကိုး အများကြီးလုပ်တာက မကောင်းဘူးဆိုပေမယ့် ဒီဆန္ဒတွေကို ချိုးနှိမ်ထားဖို့ မလိုအပ်ဘူးပဲ ... 


ရမ်ရှန့်၏ မျက်နှာမှာ နီမြန်းလာပြီး မသိလိုက်မသိဘာသာဖြင့် သူ့လက်များကို ဆန့်ထုတ်လိုက်သည်။ 


ကျောက်လင်းယွီကလည်း ဗီဒီယိုကို ကြည့်နေသည့်တိုင် သူ့အာရုံများမှာ ရမ်ရှန့်ထံတွင်သာ ရှိနေသည့်အတွက် ရှက်သွေးဖြာနေသူကိုကြည့်ရင်း ခန္ဓာကိုယ်တစ်ခုလုံး ပူပြင်းလောင်မြိုက်လာတော့သည်။ သို့သော် ရမ်ရှန့်၏ လက်များက သူ့ဆီသို့ ဦးတည်လာလိမ့်မည်ဟုတော့ မထင်မှတ်ထားပေ။ 


"လင်းယွီ ခင်ဗျားဟာက သူတို့တွေထက် ပိုကြီးတယ်နော် ..." 


ရမ်ရှန့်က ဗီဒီယိုကိုကြည့်ကာ အရွယ်အစားကို လက်ဖြင့် သရုပ်ဖော်ပြလိုက်သည်။ 


ကျောက်လင်းယွီမှာ ရုတ်ချည်း ဘဝင်မြောက်ချင်သွားတော့သည်။ 


ဖာ့ခ် ဒီလိုဟာမျိုးက ဂုဏ်ယူစရာ မဟုတ်‌ဘူးလေ ... 


"ပြီးတော့ ကျွန်တော်လည်း တော်တာပဲနော် ပြောတော့ကျ ပထမဆုံးအကြိမ်ဆို နာတယ်တဲ့ ဒါပေမယ့် ကျွန်တော့်အထင်တော့ အဆင်ပြေပါတယ် ..." 


သူက ပြောလိုက်သည်။ 


ကျောက်လင်းယွီက ချောင်းအသာဟန့်ကာ ပြောလိုက်သည်။ 


"ကလေးတွေ ရှိနေတယ် ..." 


"ဘာဖြစ်လဲ ..." 


ရမ်ရှန့်က အနွေးသေတ္တာကို အစွန်နားတွင်တင်ကာ အခင်းစောင်ကို ဖြန့်ခင်းပြီး အိပ်ယာပေါ်သို့ ရက်ရက်ရောရော လှဲပေးလိုက်သည်။ 


..... 


ဤတစ်ကြိမ်တွင်တော့ သူက ကျောက်လင်းယွီ၏ လှုပ်ရှားမှုကို မရပ်တန့်ခိုင်းတော့ဘဲ မျက်စိမှိတ်ကာ နှစ်ကိုယ်တူကျင့်ကြံရေးကို တွေးနေရင်း သူ့စိတ်စွမ်းအင်ကို ကျောက်လင်းယွီ၏ ခန္ဓာကိုယ်ထဲသို့ ဖြေးဖြေးချင်း စီးဝင်စေလိုက်သည်။


ကျောက်လင်းယွီ၏ ကိုယ်ထဲရှိ စွမ်းအင်များမှာ အလွန်ကသောင်းကနင်းနိုင်လှသည့်အတွက် ရမ်ရှန့်သည် ထိုစွမ်းအင်များကို လမ်းညွှန်ကာ သူ့ခန္ဓာကိုယ်ကို အပြည့်အဝ မစစ်ဆေးနိုင်ခဲ့ပေ။ သို့သော် တမြန်မနေ့က သူတို့နှစ်ဦးကြားတွင် ထိုစွမ်းအင်များကို သူ့ကိုယ်ထဲသို့ ဝင်ရောက်စေနိုင်သည့် အထူးဆက်သွယ်ချက်တစ်ခု ထွက်ပေါ်လာသည့်အတွက် သူ့အပင်စွမ်းရည်ကို အသုံးပြုကာ တစ်ဖြေးဖြေးချင်း စုပ်ယူနိုင်သွားပြီဖြစ်သည်။ 


ကျောက်လင်းယွီကလည်း သူ့ခန္ဓာကိုယ်ကို တရစပ် ဆောင့်နေသည့်အတွက် များစွာ အာရုံမစိုက်နိုင်ပေ။ ထို့ကြောင့် ‌သူနှင့် အကြည့်ချင်း မဆုံတော့ဘဲ ယခင်အကြိမ်ကကဲ့သို့ပင် ကျောက်လင်းယွီ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်ကို သူ့ကိုယ်ထဲသို့ စီးဝင်စေလိုက်သည်။ စွမ်းအင်စီးဆင်းမှုမှာ စိတ်ပိုင်းဆိုင်ရာ အထူးဆက်နွယ်မှုတစ်ခုကိုပင် ပေးစွမ်းနေသေးသည်။ 


အင်မတန် စိတ်ကြည်နူးဖွယ်‌ကောင်းလှသည့် ခံစားချက်ကြောင့် ကျောက်လင်းယွီမှာ ကြာရှည်ကြာမျော ထိန်းချုပ်၍ မရတော့ဘဲ တရစပ် ထုတ်လွှတ်လိုက်တော့သည်။ 


"ရမ် ကိုယ် မင်းကို ရေချိုးပေးမယ် ..." 


ကျောက်လင်းယွီက သူ့ပါးနှစ်ဖက်ကို အားရပါးရ နမ်းရှိုက်လိုက်သည်။

92.2


နောက်ဆုံးတော့ လူတွေ ဘာလို့ လက်တွဲဖော် ရှာကြသလဲဆိုတာ သိသွားပြီ ... 


"ရေချိုးမယ် ဘာအတွက်လဲ ..." 


ရမ်ရှန့်က ခြေထောက်တို့ကို လိမ်ယှက်ကာ မေးလိုက်သည်။ 


သူ့ရဲ့ အရည်တွေကို ထုတ်မိတော့မလို့ ချက်ခြင်း ပိတ်လိုက်မိလို့ တော်သေးတယ် ... 


အခုက သူ့ကိုယ်ပိုင်အဆီအနှစ်တွေနဲ့ ကျောက်လင်းယွီရဲ့ သန့်စင်မြေကို စုပ်ယူရမယ့်အချိန်လေ ရေချိုးနေချိန် မရှိဘူး ... 


"မချိုးချင်ဘူးလား ..." 


ကျောက်လင်းယွီက သူ့ကို မဆေးကြောပါလျှင် ဝမ်းပျက်ဝမ်းလျှော ဖြစ်လိမ့်မည်ဟု ပြောမည်ပြုပြီးကာမှ ရမ်ရှန့်မှာ အခြားသူများနှင့် ကွဲပြားကြောင်း သတိရသွားသည်။ ရမ်ရှန့်က သူ့ခန္ဓာကိုယ်ထဲမှ သန့်စင်မြေများကိုပင် စုပ်ယူနိုင်သည့်အတွက် ရေချိုးသန့်စင်ရန် မလိုအပ်ချေ။ 


ရမ်ရှန့်က သူ့ညီငယ်ပေါ်ရှိ အရည်များကိုပါ စုပ်ယူသွားသည့်အတွက် သူသည်လည်း ဆေးကြောနေရန် မလိုအပ်တော့ပေ။ 


ကိစ္စအပြီး လက်တွဲဖော်လေးကို ဆေးကြောပေးတယ်ဆိုတဲ့ နွေးထွေးတဲ့လုပ်ရပ်လေးကိုတော့ ဒီတစ်သက် ကြုံရတော့မယ် မထင်ပါဘူး ... 


သူက ရမ်ရှန့်ကို နောက်တစ်ကြိမ် ထပ်နမ်းလိုက်သည်။ ထို့နောက် ရမ်ရှန့်၏ ထိုနေရာလေးမှာ ရှုံ့တွနေသည်ကို တွေ့လိုက်ရသည့်အခါ အနည်းငယ် မချင့်မရဲ ဖြစ်သွားတော့သည်။ 


ဤတစ်ကြိမ်တွင် ရမ်ရှန့်က တုန့်ပြန်လာသော်ငြား ထုတ်လွှတ်သည်အထိတော့ ကျေနပ်ဟန်မတူပေ။ သို့သော် သူကလည်း ထပ်မထိရဲတော့ပေ။ အနာဂတ်မှာ သူ့စကေးတွေကို အရောင်တင်ဖို့အတွက် စာများများ ဖတ်ရမယ့်ပုံပဲ ... 


ရမ်ရှန့်က မသိမ်းထားနိုင်သည့် စွမ်းအင်များနှင့် ချက်ခြင်းလက်ငင်း စုပ်ယူနိုင်သည့် စွမ်းအင်များအားလုံးကို တစ်နာရီကြာမျှ စုပ်ယူနေလိုက်သည်။ ထို့နောက် သူက ကျောက်လင်းယွီကို တစ်ဖန် ပြန်ပွေ့ဖက်ကာ ပြောလိုက်သည်။ 


"လင်းယွီ နောက်တစ်ခေါက်လောက် ..." 


ပြီးခဲ့သည့်အခေါက်များမှာ တူနှစ်ကိုယ်ကျင့်ကြံခြင်းထက် တစ်ဖက်သတ် ထိုးသွင်းခြင်းနှင့်သာ ပိုပြီး တူနေပေသည်။ 


စွမ်းအင်များကို ကျောက်လင်းယွီ၏ ကိုယ်ထဲသိူ့ ထည့်သွင်းပေးနေသည့်တိုင် သူ့အတွက် မကောင်းမွန်လှချေ။ ထိုအတိုင်းသာ ဆက်လုပ်နေပါလျှင် ကျောက်လင်းယွီမှာ မတ်တပ်ပင် ရပ်နိုင်တော့မည် မဟုတ်ချေ။ 


တူနှစ်ကိုယ်ကျင့်ကြံသည်မှာ ကျောက်လင်းယွီကို ပိုပြီး အသက်ရှည်လာစေရန်ဖြစ်သည်။ တစ်ကိုယ်လုံး အရည်ခမ်းခြောက်သွားသည်အထိ စုပ်ယူခံရစေရန် မဟုတ်ချေ။ 


ဆိုတော့ ထပ်လုပ်ကြတာပေါ့ ... 


ယခုလောလောလတ်လတ်လေးတင်မှ ရရှိထားသည့် ခံစားချက်မှာ ကောင်းမွန်လှသည့်အတွက် ကျောက်လင်းယွီကလည်း လုံးဝ ငြင်းပယ်မည် မဟုတ်ချေ။ သူက တစ်ဖက်သို့လှည့်ကာ ရမ်ရှန့်အပေါ် အုပ်မိုးလိုက်သော်ငြား ရမ်ရှန့်က သူ့ကို ပထမအကြိမ်ကဲ့သို့ လှုပ်ရှားခွင့် မပေးတော့ချေ။ 


ဆိုတော့ ဒါက နောက်တစ်ကြိမ် တူနှစ်ကိုယ်ကျင့်ကြံရမယ့် အချိန်ပေါ့ ... 


သူက ရမ်ရှန့်ကို နမ်းရှိုက်ကာ ပူးပေါင်းဆောင်ရွက်ပေးလိုက်သည်။ 


သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များသည် ရမ်ရှန့်ကိုယ်ထဲသို့ တစ်ဖန်စီးဝင်သွားပြန်သည်။ သန့်စင်မြေကို သယ်ဆောင်ထားသော စွမ်းအင်နှင့်အတူ ရမ်ရှန့်၏ ကိုယ်ထဲရှိ စိတ်စွမ်းအင်အားလုံး ဖီလာဆန့်ကျင် ဖြစ်ကုန်ကြသည်။ 


"ကျွန်တော့်ကိုနမ်း ..." 


သူက ကျောက်လင်းယွီကို ပွေ့ဖက်ကာ ပြောလိုက်သည်။ 


‌ကျောက်လင်းယွီမှာ ထုတ်လွှတ်လုမတတ် ဖြစ်နေသော်ငြား သူ့ကို ကပ်တွယ်ထားဆဲဖြစ်သည့် ရမ်ရှန့်ကို ပွေ့ချီလိုက်သည်။ ထိုစဉ် သူ့နှုတ်ခမ်းဖျားမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များ စီးဝင်လာသည်ကို ခံစားမိလိုက်သည်။ ထိုစွမ်းအင်က သူ့ကိုယ်ထဲကို လှည့်ပတ်ကာ ရမ်ရှန့်၏ ကိုယ်ထဲသို့ ပြန်ဝင်သွားသည်။ တစ်ဖန် သူ့ကိုယ်ထဲ ပြန်ရောက်လာကာ အပြန်ပြန်အလှန်လှန် သံသရာလည်နေသည်။ 


ဒါကမှ တူနှစ်ကိုယ်ကျင့်ကြံရေးပေါ့ အရင်အကြိမ်တွေနဲ့ လုံးဝ မတူညီဘူးပဲ ... 


အပြန်ပြန်အလှန်လှန် တိုးဝင်နေသည့် စွမ်းအင်ကြောင့် သူတို့နှစ်ဦးမှာ ပိုပြီး နီးစပ်လာကြတော့သည်။ ကျောက်လင်းယွီမှာ ယခုအချိန်တွင် ကမ္ဘာကြီး အဆုံးသတ်သွားလျှင်ပင် သူ့ခံစားချက်မှာ  ကောင်းမွန်နေဦးမည်ဟုပင် တွေးမိတော့သည်။


ရမ်ရှန့်၏ အတွေးများမှာတော့ သူ့ထက် များစွာရိုးစင်းပေသည်။ သူ့စိတ်စွမ်းအင်များက ကျောက်လင်းယွီ၏ ကိုယ်ထဲသို့ စီးဝင်ကာ သူ့စွမ်းအင်များကို အုပ်မိုးပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ ထိခိုက်ဒဏ်ရာများကို ရှာတွေ့သွားတော့သည်။ 


ဂျင်ဆင်းဝိဉာဉ်ဖြစ်သည့်အတွက် ရမ်ရှန့်၏ စိတ်စွမ်းအင်မှာ အင်မတန်သိမ်မွေ့ကာ ကုသနိုင်စွမ်းပါ ပါရှိပေသည်။ သို့သော် လုံလောက်အောင် မသန်မာသေးသည့်အတွက် စွမ်းအင်လှည့်ပတ်မှုကို ရပ်တန့်လိုက်ရတော့သည်။ 


သူ့လျှာကိုကိုက်ကာ ကျောက်လင်းယွီကို သွေးစက်အချို့ တိုက်ကျွေးလိုက်သည်။ 


ရင်းနှီးနေသော ခါးသက်သက်အရသာက ပါးစပ်ထဲပျံ့နှံ့လာသည့်အတွက် ကျောက်လင်းယွီလည်း မျက်လုံးကို အလန့်တကြား ဖွင့်ကြည့်လိုက်တော့သည်။ သို့သော် ရမ်ရှန့်ကမူ မျက်စိစုံမှိတ်ကာ စိတ်စွမ်းအင်တို့ကို သူ့ကိုယ်ထဲ တွန်းပို့ရင်း ခန္ဓာကိုယ်အတွင်းပိုင်းရှိ ယိုယွင်းပျက်စီးမှုများကို ပြုပြင်ပေးနေသည်။ 


ရင်းနှီးနေသော အရသာနှင့် အနွေးစီးကြောင်းမှာ ရမ်ရှန့် သူ့ကို ဂျင်ဆင်းစေ့များ ပေးခဲ့စဉ်ကနှင့် တစ်ထပ်တည်းပင် ဖြစ်သည်။ သို့သော် ရမ်ရှန့် သူ့ကို ပေးခဒ့သည်မှာ ဂျင်ဆင်းစေ့မဟုတ် သွေးသာဖြစ်သည်။ 


သူက ရမ်ရှန့်ကို လွှတ်လိုက်ချင်သော်ငြား သူ့လှုပ်ရှားမှုတို့ကို အာရုံခံမိသည့် ရမ်ရှန့်က ခြေလက်တို့ဖြင့် မြဲမြံစွာ ဖက်တွယ်ထားသည့်အတွက် ဒဏ်ရာရမည်ဟုပင် စိုးရိမ်လောက်စရာ ဖြစ်နေတော့သည်။ 


တူနှစ်ကိုယ်ကျင့်ကြံခြင်းသည် ငါးနာရီခန့် ကြာမြင့်ပြီး ရမ်ရှန့်သည် သူ့ခွန်အား အားလုံး ကုန်ဆုံးကာ အိပ်ယာပေါ်တွင် လဲလျောင်းရမှသာ ကျောက်လင်းယွီကို လွှတ်ပေးလိုက်တော့သည်။ 


"ရမ် ..." 


ကျောက်လင်းယွီက သူ့ကို စိုးရိမ်တကြီး အော်ခေါ်ကာ အခြေအနေကို စစ်ဆေးပေးရန် အလောတကြီး မတ်တပ်ထရပ်လိုက်သည်။ 


"ဘာလုပ်မလို့ ရပ်နေတာလဲ ..." 


‌ရမ်ရှန့်က အားမာန်အပြည့်ဖြင့် ကြိမ်းမောင်းလိုက်သည်။ 


"မင်း ..." 


"ဒီနားကို သွက်သွက်လေး လာခဲ့ ကျွန်တော် နားချင်နေပြီ ..." 


ရမ်ရှန့်က ခြေထောက်ကိုမြှောက်ကာ သူ့ကို ခပ်သာသာ ကန်လိုက်သည်။ ကျောက်လင်းယွီထံမှ စုပ်ယူထားသည့် စွမ်းအင်အားလုံးကို ပြန်ပေးလိုက်ရသည့်အတွက် ရမ်ရှန့်မှာ  နောက်တစ်ကြိမ် ပိန်လှီသွားလေတော့မလားဟုပင် ပူပန်မိလာတော့သည်။ 


"...." 


ကျောက်လင်းယွီမှာလည်း ရမ်ရှန့်နှင့် အတူတူ ရှိနေသည့်အချိန်မှစကာ ပြောစရာစကား ရှာမရတော့သည့်အဖြစ်မျိုး မကြာခဏ ကြုံနေရသည်ဟု ခံစားမိလာတော့သည်။ 


ရမ်ရှန့်မှာ ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေဟန် ပေါ်နေပေသည်။ သို့သော် သူ့ပုံစံမှာ တစ်စုံတစ်ယောက်၏ ချစ်ခြင်းကို သေလုမျောပါး ခံယူထားရ၍ ဖြစ်သည်။ 


သန့်စင်မြေနှင့် နီးကပ်နိုင်ရန်အလို့ငှာ ရမ်ရှန့်သည် အားလုံးကို စွန့်ထုတ်ပစ်ရမည်ဖြစ်သည်။ 


Xxxxxx