အပိုင်း 59
“လွန်ခဲ့တဲ့ လေးနှစ်က အသင်းက JUNGLER လိုတယ်။ ဒါကြောင့် ငါ JUNGLER ဖြစ်လာတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က FTWက Close ကို လိုတယ်။ ဒါကြောင့် ငါ ဆက်ပြီး JUNGLER ဖြစ်နေရတယ်။ အခု မင်းက အသင်းကို ရောက်လာပြီ။ ငါ JUNGLER အဖြစ် ကစားတာကို ရပ်လို့ ရပြီ မဟုတ်လား”
လုဖုန်းက ဝေ့ရှောင်းကို တိတ်တဆိတ် မေးသည်။
ဝေ့ရှောင်း၏ နှလုံးသားက အလွန်အမင်း မြန်ဆန်စွာ ခုန်လှုပ်လာသည်။
“မင်းက Top Lane ကို တကယ် သဘောကျတာပဲ”
လုဖုန်း၏ မျက်လုံးထဲတွင် အပြုံးများကို သယ်ဆောင်ထားသည်။
“ဟုတ်တယ်”
ဝေ့ရှောင်း “အင်း နောက်ပြီး ငါက JUNGLERအဖြစ် ကစားရတာကို သဘောကျတယ်”
လုဖုန်း “အင်း…”
ဝေ့ရှောင်းက တစ်ခဏခန့် ရပ်တန့်သွားသည်။ သူ၏ဦးနှောက်လေးက အလွန်အမင်း မြန်ဆန်စွာ ချာလပတ်လည်သွားပြီးနောက် အလွန်အကျူးပင် လှုပ်ရှားလာသည်။ သူ မရောက်လာခင်က Close သည် သူ့ကိုယ်သူ ဖိအားပေးနေခဲ့ရသည်။ သူ ပေါ်လာသောအခါ Close က ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးတော့ချေ။
သူသည် Closeက အမြဲတစေ ယူထားသော နေရာကို လုယူခဲ့ခြင်း မဟုတ်ပေ။ သူ ရောက်ရှိလာမှုက Close အား လွတ်လပ်ခွင့် ပေးလိုက်ပြီး သူ တောင့်တသော အရာကို လုပ်ရန် အဆင်ပြေသွားစေခြင်းသာ ဖြစ်သည်။
ဟုတ်တယ်။ သူဌေးပြောသလိုပဲ။ Close သဘောကျတာက ဘယ်နေရာလဲ။ JUNGLER နေရာလား။ အင်အားအကြီးဆုံး JUNGLER တစ်ယောက်ရဲ့ အောင်မြင်ကျော်ကြားမှုလား။ မဟုတ်ဘူး တစ်ခုမှ မဟုတ်ဘူး။ Close က FTW ဒီအသင်းကို သဘောကျတာ နောက်ပြီး ဒီကျော်ကြားမှု အောင်မြင်မှုတွေ ဆိုတာကလည်း အားလုံးအပိုင်ပဲ။
ဝေ့ရှောင်း၏ မျက်လုံးများက တောက်ပသွားသည်။ သူ့နှလုံးသားထဲမှ ဝေဝါးမှုက လိပ်တက်လာသော ပျော်ရွှင်မှုများနှင့် အစားထိုးခံလိုက်ရသည်။
ဖော်ပြရန် ခက်ခဲသော ပျော်ရွှင်မှု၊ ကြီးမားသော ပျော်ရွှင်မှု၊ တစ်လောကလုံးနှင့် ဝေမျှလိုသော ပျော်ရွှင်မှုကြီး တစ်ခု ဖြစ်လာသည်။
“ဆိုတော့ ဆိုလိုတာက…”
ဝေ့ရှောင်းက ပျော်ရွှင်လွန်းသဖြင့် ပေါက်ကွဲရန်ပင် လုံလောက်နေပြီဖြစ်သည်။
“မင်းက Top lane ကို သဘောကျတယ်။ ဒါပေမဲ့ JUNGLERကို ကစားခဲ့ရတယ်။ ငါက JUNGLERကို ကြိုက်တယ်။ ဒါပေမဲ့ Top Lane ကို သွားပြီး ကစားခဲ့ရတယ်။ ဒါဆို ငါတို့ အခု လဲလိုက်မယ် ဆိုရင် လူတိုင်း ပျော်ရမှာပေါ့”
လုဖုန်းကလည်း သူ၏ ပျော်ရွှင်မှုဖြင့် သက်ရောက်ခံရပုံပေါ်သည်။
“အင်း”
ဝေ့ရှောင်း၏ ဦးနှောက်လေးက စတင်ကာ အသက်ဝင်လာပြန်သည်။
“Shit…”
သူက သတိထားမိသွားသည်။
“ဆိုတော့… ငါတို့က အရမ်းကို လိုက်ဖက်တာပေါ့”
လုဖုန်း “…” သူသည် မကောင်းသော ခံစားချက် ရလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ဝေ့ရှောင်း၏ စိတ်လှုပ်ရှားလွန်းနေသော ပါးစပ်က မကယ်တင်နိုင်တော့ချေ။
“ခေါင်းဆောင် ငါတို့က ကောင်းကင်ဘုံက စပ်ဟပ်ပေးထားတဲ့ စုံတွဲပဲ”
လုဖုန်း “…”
ဝေ့ရှောင်း၏ နှလုံးသားထဲတွင် လှပလွန်းသော ပျော်ရွှင် တောက်ပမှုက ပြည့်နှက်လာသည်။ သူသည် တစ်စုံတစ်ယောက်ကိုပင် သွားရှာကာ ကြွားချင်လာသည်။
အိုး…
59 02
အခုက မနက်သုံးနာရီ ခွဲနေပြီ။ ဒီတော့ သူနဲ့ ခေါင်းဆောင်ပဲ နိုးနေတာ ဖြစ်လောက်တယ်။ ဒီတော့ သူက …
သူ ခေါင်းဆောင်ကိုပဲ ကြွားလိုက်ရမလား။
ဝေ့ရှောင်းက လုဖုန်းကို ကြည့်သည်။
“ငါနဲ့ Close က ကောင်းကင်ဘုံက ဖန်တီးပေးထားတဲ့ အသင်း”
လုဖုန်း “…”
လုဖုန်းက မတ်တပ်ထရပ်လိုက်သည်။ ဝေ့ရှောင်းက ဆက်ပြီး စကားများနေသေးသည်။
“ငါတို့က ကောင်းကင်ဘုံက ဖန်တီးပေးထားတဲ့ အသင်း၊ သဘာဝကသာ ကောင်းချီးပေးထားတဲ့ အသင်းပဲ။ တခြားသူတွေရဲ့ မနာလိုမှုတွေကို လှုံ့ဆော်ယူနိုင်တဲ့ အသင်းပဲ…”
သူက ဆက်တိုက် စကားပြောနေရင်းမှ ဝေ့ရှောင်းက ခုန်ပေါက်ကာ ပြေးလွှားရင်း လုဖုန်းအနားသို့ ရောက်လာကာ မေးသည်။
“တခြားစကားစုတွေ ရှိသေးလား”
လုဖုန်းက ကြမ်းခင်းမီးကို ပိတ်လိုက်သည်။
“ရှိတယ်”
ဝေ့ရှောင်း၏ အမြင်က အနည်းငယ် မှောင်သွားသည်။ သူသည် လုဖုန်း၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ချေ။
“ငါ့ကိုပြော… ငါ့ကိုပြော…”
“ပျော်ရွှင်တဲ့ စုံတွဲက တောင်ပံချင်း ကပ်ပြီး ပျံသန်းကြတယ်၊ သစ်ကိုင်းချင်း ယှက်နွယ်ထားတဲ့ စုံတွဲ၊ အရမ်းကို လိုက်ဖက်ညီတဲ့ စုံတွဲ၊ အဖြူ…”
အရှက်မရှိသလို အမှိုက်စကားများ ပြောတတ်သော ဝေ့ရှောင်းက အံ့ဩသွားသည်။
“နေပါအုံး…”
လုဖုန်း “ဟင်…”
ဝေ့ရှောင်း၏ မျက်လုံးများက တုန်ယင်သွားသည်။
“ခေါင်းဆောင် စုံတွဲဆိုတာ ဘာကို ဆိုလိုတာလဲ”
လုဖုန်းကလည်း သူ့ကို အလွန်ကောင်းစွာ နားလည်သဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။
“အသင်းဖော်”
ဝေ့ရှောင်းက စိတ်အေးသွားသည်။ သူ့ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။
“မင်းက ငါ့ကို သေအောင် ချောက်နေတာ”
လုဖုန်းက မေးသည်။
“ချောက်တယ် ဟုတ်လား”
ဝေ့ရှောင်း၏ ပါးစပ်တွင် Filter (စစ်ထုတ်သည့်အရာ) မရှိပေ။
“ငါ့အထင် မင်းက ငါနဲ့အတူ ပျံသန်းချင်တာ၊ ငါနဲ့အတူ လက်ချင်းယှက်နွယ်ထားချင်တာ၊ နောက်ပြီး ဟိုး… အသက်ကြီးလို့ ဆံပင်တွေ ဖြူသွားတဲ့အထိ ထာဝရ အတူ ရှိနေချင်တာလို့ ထင်သွားတာလေ”
လုဖုန်း “…”
ဝေ့ရှောင်းက ဆက်လက်ပြီး ရူးကြောင်ကြောင် လုပ်လာပြန်သည်။ သူက စတင်ကာ သရုပ်ဆောင်ပြသည်။
“ဟီး… မင်း တကယ်ကြီး အဲလို…”
လုဖုန်း “ဝေ့ရှောင်း၊ ဝေ့ရှောင်းရှောင်း…”
“ဟင်…”
မဟာမိစ္ဆာဘုရင်ကြီးက စိတ်တိုသွားသည်။
“ရေသွားချိုးရင်ချိုး ဒါမှမဟုတ်ရင်လည်း လေ့ကျင့်ရေးအခန်းထဲကို သွားပြီး လေ့ကျင့်နေလိုက် မင်း စစ်သားတွေကို အရုဏ်တက်တဲ့အထိ သတ်နေလို့ရတယ်”
ဝေ့ရှောင်း “…”
သူဟာ ရေချိုးဝတ်စုံကို ကောက်ယူလိုက်ပြီး ရေချိုးခန်းထဲသို့ ပြေးဝင်သွားသည်။ ရေချိုးပြီးနောက် ဝေ့ရှောင်းက ပျော်ရွှင်ပြီး တောက်ပနေသေးသည်။ သူ သီချင်းကိုပင် ညည်းရင်း တောက်ပလွန်းသော သူ့အနာဂတ်အကြောင်း တွေးနေသည်။
သူ တကယ်လုံးဝ လုံးဝကို မထင်ထားဘူး။ Close က Top Lanerကို သဘောအကျဆုံး ဖြစ်နေတာပဲ။ သူ လုံးဝ လုံးဝကို မထင်ထားမိတာက သူ ရောက်လာတာက Close ကို လွတ်မြောက်ခွင့် ပေးလိုက်နိုင်တာကိုပဲ။
သူက နောက်ပိုင်း ကိစ္စအကြောင်း တွေးလိုက်မိသော် ဝေ့ရှောင်း၏ နှလုံးသားက သကြားလုံးကဲ့သို့ ခံစားရသည်။ သူသည် အလွန်ချိုမြိန်သွားသည်။
ခေါင်းဆောင်က တကယ်တော်တာပဲ။
ဘယ်လို ဖြစ်ပြီး ခေါင်းဆောင်က ဒီလောက်အထိ တော်နေရတာလဲ။
ဘာကိုမှ ဂရုမစိုက်သော လူငယ်လေး၏ နှလုံးသားက လူတစ်ယောက်တည်းနှင့်သာ ပြည့်နှက်နေသည်။ သို့သော် သူ ကိုယ်တိုင်ကပင် သူ့ခံစားချက်၏ အစစ်အမှန် အရောင်ကို မသိသေးပေ။
ရေချိုးသန့်စင်ပြီး ထွက်လာချိန်တွင် လုဖုန်းက အိပ်ပျော်နေပြီ ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူသည် ပက်လက်လှန်ကာ အိပ်နေခဲ့သည်။ ရှင်းလင်းစွာဖြင့်ပင် အလွန်ပင်ပန်းနေပုံရသည်။ လက်ရှိအချိန်တွင် သူ၏ မျက်လုံးအောက်တွင် အနက်ရောင် အကွင်းများကိုပင် မြင်နိုင်၏။ နှုတ်ခမ်းကလည်း ပုံမှန်ထက် ဖြူနေသည်။
ဝေ့ရှောင်းက သူ့လက်ဖြင့် ပါးကို တစ်ချက် စမ်းကြည့်လိုက်ပြီး အချိန်အတန်ကြာအောင် စိုက်ကြည့်နေမိသည်။
ကြည့်ရတာ…
59 03
Fuck… သူဌေး…
ထိုအခါမှသာ ဝေ့ရှောင်းသည် လေ့ကျင့်ရေးခန်းထဲ သူ့ဖုန်းကျန်ခဲ့မှန်း သတိရသွားသည်။ သူသည် သူဌေးကို ပစ်ထားခဲ့မိခြင်း ဖြစ်သည်။
ညက အလွန်နက်နေပြီဖြစ်သည်။ သူဌေး၏ စိတ်အခြေအနေကိုလည်း မသိနိုင်သေးချေ။ သူဌေးက စိတ်အခြေအနေ မကောင်းသဖြင့် သူနှင့် စကားလာပြောခြင်း ဖြစ်လောက်သည်။ သို့တိုင်အောင် ရလဒ်အနေဖြင့် သူက သူ့အကြောင်းများသာ ပြောပြီး သူဌေး၏ အကူအညီကိုပင် တောင်းခဲ့သေးသည်။
သို့တိုင်အောင် ကိစ္စများကို တွေးတောပြီးနောက် သူဌေးကို မေ့ပစ်လျက် လေ့ကျင့်ရေးခန်းထဲတွင် ထားရစ်ခဲ့မိသည်။ နောက်ပြီး အခုဆိုရင်…
မနက်လေးနာရီတောင် ထိုးတော့မယ်။
ဝေ့ရှောင်းက အလွန်စိတ်မကောင်း ဖြစ်သွားသည်။ သူသည် ရေချိုးဝတ်စုံဖြင့် ကိုယ့်ကိုယ်ကိုယ် ပတ်လိုက်ပြီး လေ့ကျင့်ရေးခန်းထဲသို့ အပြေးသွားကာ ဖုန်းသွားယူသည်။ သူ၏ဖုန်းက လက်ထဲသို့ ရောက်သည်နှင့် တွေ့လိုက်ရသော စာများကြောင့် ကြောင်သွားသည်။
သူက ခေါင်းဆောင်ကို အာရုံစိုက်နေခဲ့သောကြောင့် ယခင်က သတိမထားမိခဲ့ချေ။ ယခုလို ပြန်ကြည့်တော့မှ…
ဟင်… သူဌေးရဲ့ စကားတွေက နည်းနည်း ထူးဆန်းတယ်။
ပထမစာကြောင်းတွင် ဖြစ်ကောင်းဖြစ်နိုင်သည် ဆိုသော စကားက ပါခဲ့သေးသည်။ သို့သော် နောက်ပိုင်း စာကြောင်းတွင်မူ Close က JUNGLERကို သဘောမကျကြောင်း တိုက်ရိုက် ပြောထားသည်။
နောက်ပြီး သူက ဒီအကြောင်းကိုလည်း သေချာ မပြောမိသလိုပဲ။ နောက်ပြီး JUNGLERနေရာကို သဘောမကျလောက်ဘူး ဆိုပြီး ဘာလို့ ပြောတာလဲ။ ဒီလေသံက…
ဝေ့ရှောင်းသည်ပင် သူ့အတွေးများကြောင့် အံ့ဩသွားရသည်။ ဘယ်လို ဖြစ်ပြီး ခေါင်းဆောင် ပြောတဲ့ ပုံစံမျိုးနဲ့ တူနေတာလဲ။ သူဌေးက ခေါင်းဆောင်လား။ ခေါင်းဆောင်က သူဌေးလား။ ဘယ်လို ဖြစ်နိုင်မှာလဲ။
ဝေ့ရှောင်း၏ ဦးနှောက်က သူနှင့် သူဌေးတို့၏ စကားပြောခန်းများကို ပြန်လည်တွေးတောရင်း လျင်မြန်စွာ လည်ပတ်သည်။
သူက Close ကို ချီးကျူးတယ်။ ခေါင်းဆောင်ကို ချီးကျူးတယ်။ ခေါင်းဆောင်ကို ချီးကျူးပြီးတဲ့နောက်မှာ Close ကို ပြန်ပြီး ချီးကျူးတယ်။
ဒါတွေက ကိစ္စ မရှိသေးဘူး။ ဝေ့ရှောင်းသည်လည်း သူ၏ အစစ်အမှန်ဘဝတွင် ခေါင်းဆောင်ကို ထပ်တလဲလဲ ချီးကျူးနေကျ ဖြစ်သည်။ ထို့ကြောင့် ပြဿနာ မရှိသေးပေ။
သို့ရာတွင် ဝေ့ရှောင်းက သူ၏ကိုယ်ပိုင်ကာရိုက်တာ ဆက်တင်အရ ပိုက်ဆံနှစ်သန်းပေးပြီး လမ်းခွဲမည် ဆိုသော ကောင်မလေးအကြောင်းကို တွေးမိသွားသည်။ တကယ်လို့ သူဌေးကသာ ခေါင်းဆောင်ဆိုရင် အဲဒီနောက် သူလည်း…
ဝေ့ရှောင်းက တစ်ချက် ညည်းညူလိုက်ပြီး သေချင်စိတ် ပေါက်သွားသည်။
သူသည် သူတို့၏ စကားပြောမှတ်တမ်းမှ နောက်ဆုံးသော စာကို ပြန်ကြည့်လိုက်သည်။
လု “ဒါပေါ့ ဒါက ငါ့ရဲ့ ထင်မြင်ချက်ပါပဲ။ မင်းနဲ့ ပြောတဲ့စကားတွေအရ မင်းရဲ့ခေါင်းဆောင်က အလွယ်တကူ လက်လျော့ပေးမဲ့လူမျိုးတော့ မဟုတ်ဘူး။ ဒီတော့ မင်းသွားပြီး စကားပြောကြည့် သင့်တယ်”
ထိုစာသည် ဝေ့ရှောင်းက လေ့ကျင့်ရေးခန်းထဲမှ ထွက်သွားပြီးနောက် လုက ပို့ထားသော စာဖြစ်သည်။ ဝေ့ရှောင်းက ထိုစာကို အချိန်အတန်ကြာအောင် ကြည့်လိုက်မိသည်။
ကောင်းပြီလေ… ဟုတ်တော့လည်း ဟုတ်တာပဲ။ အဲဒီလိုဆိုမှ သူဌေးက ဘယ်လိုများ ခေါင်းဆောင်ဖြစ်နိုင်မှာလဲ။
ဟွန့် သူ့စိတ်ထဲမှာ ဘယ်လိုများ ပေါက်ကရ စကားတွေက ပေါ်လာရတာလဲ။
သူဌေးနဲ့ ခေါင်းဆောင်ကြားမှာ တူနေတာမျိုး ရှိလို့လား။
တစ်ယောက်က ဂိမ်းထဲက အသစ်လေးလေ။ တစ်ယောက်က လုံးဝကို နတ်ဘုရားကြီး… တစ်ယောက်က လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့ သူဌေးတစ်ယောက်၊ တခြားတစ်ယောက်က လောကရဲ့ နံပါတ်သစ်။ တစ်ယောက်က နှစ်သန်းလောက်ကို စကားထဲ ထည့်မပြောဘူး။ တစ်ယောက်ကလည်း ပိုက်ဆံတွေ အများကြီး ရှိလွန်းလို့ ရဲတိုက်ကြီးတောင် ဆောက်ထားသေးတယ်။
တစ်ယောက်က သူ့အပေါ် ကောင်းတယ်။ နောက်တစ်ယောက်က သူ့ကို ပိုတောင် ကောင်းသေးတယ်။
Fuck တူတာတွေ တအားများသလိုပဲ။
ဂိမ်းနှင့် ပတ်သက်သော အချက်ကလွဲပြီး ကျန်သော တူညီမှုများက အလွန်အမင်း အံ့အားသင့်စရာ ကောင်းသည်။
59 04
နောက်ပြီး…
ဝေ့ရှောင်းသည် နောက်ဆုံးတွင် ID No.ကို တွေးမိသွားသည်။
လု… မျိုးရိုးနာမည်ကလည်း လုပဲ။ မဖြစ်နိုင်လောက်ပါဘူး…
သူ၏ ဖုန်းကို ယူရင်း အခန်းထဲသို့ ပြန်သွားသည်။ သူသည် အိပ်နေသော ခေါင်းဆောင်ကို လေးမိနစ် ငါးမိနစ်ခန့် စိုက်ကြည့်နေလိုက်သည်။
ခေါင်းဆောင်ရဲ့ဖုန်းက အိပ်ရာဘေးမှာ။
ဝေ့ရှောင်းက ခေါင်းကို ရူးသွပ်စွာ ခါသည်။
ဘယ်လိုများ သူများရဲ့ပစ္စည်းကို လိုက်ထိကြည့်ရမှာလဲ။ ဒါက တအားအရှက်မဲ့တယ်။ ဝေ့ရှောင်းက သူ့နှလုံးသားထဲမှ မငြိမ်မသက်မှုကို ဖိချလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရန် ကြိုးစားလိုက်သည်။
အိပ် အိပ် အိပ်တော့… ခေါင်းဆောင်က သူဌေးမဟုတ်ဘူး။ အိပ်အိပ် ခေါင်းဆောင်က သူဌေးမဟုတ်ဘူး။
ခေါင်းဆောင်က သူဌေးဖြစ်နေရင်ရော ဘာဖြစ်လဲ။ သူဌေးက တကယ်ပဲ ခေါင်းဆောင် ဖြစ်နေတော့ရော ဘာဖြစ်လဲ။ အိပ်အိပ်… သူက သူဌေးကို သူ့ကောင်မလေးလို ဆက်ဆံခဲ့တာပဲ။ ခေါင်းဆောင်ကို သူ့ကောင်မလေးလို ဆက်ဆံခဲ့တာလား။
ဝေ့ရှောင်းက မျက်လုံးကို ဆတ်ခနဲ ဖွင့်လိုက်သည်။ သောက်ကျိုးနည်း အိပ်ရမှာလား။
ဝေ့ရှောင်းက ကောင်းကင်ကြီးက လင်းထိန်လာမှသာ အိပ်ပျော်သွားသည်။ ထို့နောက် နေ့လည်အထိ ဆက်တိုက်အိပ်လိုက်၏။ တံခါးဘဲလ်က သူ့ကို နိုးလာစေသည်။ ဝေ့ရှောင်းက ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ခေါင်းဆောင်က ထွက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ဝေ့ရှောင်းက ဆံပင်ကို ဆွဲဖွရင်း တံခါးသွားဖွင့်သည်။ ပိုင်ချိုင်၏ မဲနက်နေသော မျက်ကွင်းညိုများနှင့် ဝေ့ရှောင်း၏ ပို၍မဲနက်နေသော မျက်ကွင်းညိုများက ဆုံဆည်းသွားကြသည်။ လူနှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြသည်။
… ဝေ့ရှောင်း “လောင်ပိုင် မင်း အချစ်နာ ကျနေတာလား”
ပိုင်ချိုင် “…”
ဝေ့ရှောင်းက သူ့ကို နှစ်သိမ့်ပေးသည်။ “ပင်လယ်ထဲမှာ ငါးတွေ အများကြီးပဲ။ ပန်းတစ်ပွင့်တည်းကို စွဲလမ်းမနေစမ်းပါနဲ့”
ပိုင်ချိုင်က ထိုကောင်စုတ်လေး ဆိုးဝါးသော တစ်ခုခုကို လုပ်မည် စိုးသောကြောင့် တစ်ညလုံး မအိပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သောက်ကျိုးနည်း သူ နိုးလာတဲ့အချိန်မှာ ဘယ်သူက သိထားမှာလဲ။
သားရဲကောင်ကြီး ပြန်ရောကနေပြီလား။
သူ့ကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ဒီလောက် မြန်မြန် ဆန်ဆန် ချော့လိုက်နိုင်တာလား။
ခေါင်းဆောင်က တကယ်တော်တာပဲ။
ပိုင်ချိုင်က အခန်းထဲသို့ ခေါင်းလေးထိုးကာ ကြည့်လိုက်သည်။ ဝေ့ရှောင်းက သမ်း၏။
“ခေါင်းဆောင် မရှိဘူး”
ပိုင်ချိုင်က သံသယဝင်သွားသည်။
“မင်း ညက.. မင်းတို့တွေ…”
“လာ”
ဝေ့ရှောင်းသည် သူ့လက်မောင်းကို တစ်ဖက်လူ၏ ပခုံးပေါ်သို့ လှမ်းဖက်လိုက်ရင်း ပြောသည်။
“မင်းရဲ့အစ်ကိုကြီးက လျှို့ဝှက်ချက် တစ်ခု ပြောပြမယ်”
ပိုင်ချိုင် “???”
ဝေ့ရှောင်းက မျက်တောင်တစ်ချက် ခတ်သည်။
“ငါ FTWကို ဝင်လာပြီးချိန်ကတည်းက ခေါင်းဆောင်က သူ့ရဲ့ အစစ်အမှန် ချစ်ခြင်းကို ရှာတွေ့သွားတာ”
လုဖုန်းသည် FTW၏ ကိစ္စဟောင်းများကို မပြောလိုပေ။ ထို့ကြောင့် ဝေ့ရှောင်းကလည်း မပြောချင်ပေ။ ပိုင်ချိုင်က အံ့ဩသွားသည်။
“ဘာ… ဘာ.. ဘာ”
ဝေ့ရှောင်းက ရယ်သည်။
“ခေါင်းဆောင်က Top Lane ကို သဘောကျတာကို သိသွားတဲ့ပုံပဲ။ ငါကလည်း JUNGLERကို သဘောကျတယ်လေ ဒီတော့…”
ဝေ့ရှောင်းသည် သူ့ညီအစ်ကိုကောင်းနှင့် သူ့လျှို့ဝှက်ချက်ကို ဝေမျှလိုက်သည်။
“Quiet နဲ့ Close က ကောင်းကင်ဘုံက စပ်ဟပ်ပေးထားတဲ့ အသင်းပဲ”
ပိုင်ချိုင် “…”
++++++