Ch 60
Viewers 3k

အခန်း 60 အိပ်မက်တွေ မရှိတဲ့ eSport လူငယ်တွေဆိုတာ ရှိသေးလို့လား။ 


သောက်ကျိုးနည်း ကောင်းကင်ဘုံက စပ်ဟပ်ပေးတယ်ဆိုတာ ဘာလဲ။ သူ တစ်ညလုံးတောင် မအိပ်နိုင်လောက်အောင် အရမ်းစိုးရိမ်နေတာလေ။ အခု သူ လာပြီး ဒီပေါက်ကရ စကားတွေကို နားထောင်လိုက်ရတာလား။ 


ချိုင်ကောသည် ဝေ့ရှောင်းနှင့် ပတ်သက်ပြီး ကြိုမြင်ထားပြီးသား ဖြစ်သည်။ ထိုအကောင်က ခေါင်းဆောင်နှင့်အတူ အိပ်ခဲ့သည်ဟု ပြောခဲ့သည့်တိုင်… ကုန်းရှို့ဟူသော ကိစ္စအတွက်ပင် ဖြစ်စေ၊ သူတို့က မည်မျှ အကွာအဝေးခြားပြီး အိပ်ခဲ့သည် ဆိုသော ကိစ္စအတွက်ပင် ဖြစ်စေ၊ သူ၏ စကားလုံးတစ်လုံးကိုမျှ ယုံကြည်လိမ့်မည် မဟုတ်ပေ။ 


ဝေ့ရှောင်း၏ ပါးစပ်သည် အမှန်တရားကို အမြဲတစေ ပြောတတ်သော်လည်း ချိုင်ကောက အမြဲတစေ ခေါင်းကိုက်နေရ၏။ 


“ဆိုတော့…”


ပိုင်ချိုင်က သူ၏ စကားလုံးများထဲမှ အနှစ်သာရကို ဆွဲထုတ်လိုက်သည်။ 


“ခေါင်းဆောင်က Top Lane ကို ကြိုက်လို့ လမ်းကျဉ်းပြောင်းလိုက်တာပေါ့ ဟုတ်လား”


ဝေ့ရှောင်းက ပါးစပ်ဟလိုက်ရုံနှင့် အကြောင်းပြချက် တစ်သိန်းရှစ်သောင်းလောက်က ထွက်လာသည်။ 


“ဟုတ်တယ်။ ခေါင်းဆောင်က နှစ်ပေါင်းများစွာ ကြာပြီ။ သူက ဂျန်ဂလာ ကစားတာကို သဘောကျတယ်လို့ သူ့ကိုယ်သူ ထင်ခဲ့တာ ထင်ပါတယ်။ ဒါပေမဲ့ Top lane မှာ ကစားတဲ့ ငါ့ကို မတွေ့ခင်အထိပေါ့။ ငါ့ကို တွေ့လိုက်ပြီးနောက်မှာ ငါ့ရဲ့ လွတ်လပ်ပေါ့ပါး အေးဆေးတဲ့ ကစားပုံစံကြောင့် သူ့အချစ်ကို ရှာတွေ့သွားတာပဲ လတ်စသတ်တော့ သူက သူ့ခံစားချက်နဲ့ ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေခဲ့တာ။ သူက နက်နက်ရှိုင်းရှိုင်း ချစ်တာက ငါ…. ငါ့ရဲ့Top Lane ပဲ ဒီတော့…”


ပိုင်ချိုင် “…. လူစကားပြော”


ဝေ့ရှောင်းက ပြောသွားသည်။ 


“ဆိုတော့ ခေါင်းဆောင်က Top lane ကို သွားမှာ”


ပိုင်ချိုင်၏ နှလုံးသားက မသေချာသေးချေ။ “မင်း သေချာလား”


ဒီကလေးက ပုံမှန်အားဖြင့် နတ်ဆိုးလို ထက်မြက်ပြီး ဘယ်သူကမှ သူ့ကို လှည့်စားနိုင်မှာမဟုတ်။ ဒါပေမဲ့ Close နဲ့ ပတ်သက်လာတာနဲ့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်က တိုက်ခိုက်ခံလိုက်ရတာပဲ။ 


ချိုင်ကောသည် ခေါင်းဆောင်ဟာ ထိုအရူးလေးဝေ့ကို စကားလုံး အနည်းငယ် သုံးပြီး အရူးလုပ်လိုက်သည်ဟုပင် သံသယဝင်နေသေးသည်။ 


အသေးစိတ် ဆိုရင်တော့… Lu ကိုပဲ သုံးနှုန်းရတော့မှာပဲ။ 


ဝေ့ရှောင်း၏ ပျော်ရွှင်မှုကို ဖိနှိပ်ထား၍ မရနိုင်ပေ။ 


“အမှန်ပဲလေ။ ငါတို့ခေါင်းဆောင်က အငြိုးထားတာလည်း မရှိဘူး။ တွန့်ဆုတ်တာလဲ မရှိဘူးဆိုတော့ မင်း စိတ်အေးထားလို့ ရတယ်။ သူက သူ့ရဲ့စိတ်ရင်းနဲ့ကို Top Lane ကို သွားချင်တာ။ ငါက သူ့ကို လွတ်ပေးလိုက်တဲ့သူလေ”


ပိုင်ချိုင် “…”


သောက်ကျိုးနည်း ညစ်နွမ်းတဲ့ ပုံစံမျိုး ပြောနေတာပဲ။ 


ဝေ့ရှောင်းက ချောင်းဟန့်သည်။ “ဒီလိုမျိုး ပြောတာက နည်းနည်းလေး ထူးဆန်းတယ်လို့ ထင်ရပေမဲ့လည်း ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ကို လွတ်လပ်သွားအောင် လွတ်ပေးလိုက်တယ်လို့ပဲ ပြောသင့်တာ မဟုတ်လား”


ပိုင်ချိုင် “… ပါးစပ်ပိတ်”


“အာ…”


ဝေ့ရှောင်းက သူ၏ညာလက်သီးဖြင့် ဘယ်လက်ဝါးကို ဖြောင်းခနဲ ရိုက်လိုက်ရင်း ပြောသည်။ 


“အရေးမကြီးပါဘူး။ ဒီအတိုင်း ခေါင်းဆောင်နဲ့ ငါက ဒီအတိုင်း ကောင်းကင်က စပ်ဟပ်ပေးထားတဲ့ အသင်း၊ ငါတို့က အရမ်းအဆင်ပြေတယ် ဆိုတာကို မှတ်ထားရင် ရပြီ”


ပိုင်ချိုင်သည် ထိုအရာကို မမှတ်ထားချင်ပေ။ သူသည် ပိုးသတ်ဆေးကို ခပ်မြန်မြန် သွားရှာပြီး ဦးနှောက်ကိုပင် ဆေးကြောချင်နေသည်။ ပိုင်ချိုင်က ဝေ့ရှောင်းကို စိတ်ထဲတွင် ကျိန်ဆဲကောင်း ကျိန်ဆဲလောက်သည်။ သို့သော် မျက်နှာကမူ အေးအေးဆေးဆေး ရှိနေသည်။ 


တစ်ညလုံး စိုးရိမ်ပြီးနောက် ဒီလို ရလဒ်မျိုးကို ရလာခြင်းက … အမှန်တကယ် ကောင်းမွန်လေသည်။ 


အရူးလေးဝေ့က အသက်ရှင်လာသမျှ ရှောင်နင်နဲ့ လောင်ယွဲ့ကလည်း အနောက်ကလိုက်ပြီး ရှင်သန်သွားမှာပဲ။ 

60 02

ချန်းဖုန်းသည်လည်း ထိုအချက်နှင့် ပတ်သက်ပြီး မှန်ကန်လေသည်။ အသင်း၏ ဟန်ချက်ကို ထိန်းနိုင်သည်နှင့် ပတ်သက်လျှင် ဝေ့ရှောင်းက အမှန်တကယ် ပါရမီပါသည်။ 


ဝေ့ရှောင်း၏ ရင်ထဲ တစ်စုံတစ်ရာကို မှတ်မိသွားသည်။ 


“လောင်ပိုင် ငါ မင်းကို တစ်ခု မေးပါအုံးမယ်”


ပိုင်ချိုင်က စိတ်လွတ်နေချိန် ဖြစ်သည်။ သူ့နှလုံးသားကို တစ်ချိန်လုံး ဖိထားသော ကျောက်တုံးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီဖြစ်သည်။ သူသည် အနည်းငယ်ပင် အိပ်ချင်လာသည်။ 


“ဟင်…”


ဝေ့ရှောင်း “ခေါင်းဆောင်ရဲ့ alt acc အကြောင်း မင်း ဘာသိလဲ”


ပိုင်ချိုင်၏ အိပ်ချင်စိတ်က ရုတ်တရက် ပျောက်ကွယ်သွားပြီး ချက်ချင်းလိုလို နိုးကြားသွားသည်။ 


“အာ…”


ဝေ့ရှောင်းက ခေါင်းဆောင်နှင့် သူဌေးကို နှိုင်းယှဉ်ကြည့်ရင်း တစ်ညလုံးနီးပါး မအိပ်နိုင်ခဲ့ချေ။ သူ ဒါကို ဘယ်လိုမျိုး မစိုးရိမ်ဘဲ နေမှာလဲ။ 


“ဂရုတစိုက် တွေးကြည့်စမ်းပါ။ ငါတို့ခေါင်းဆောင်ရဲ့ Alt acc ကို Lu လို့ ခေါ်လား”


ပိုင်ချိုင်…


ဝေ့ရှောင်းက သူ့ကို စိုက်ကြည့်သည်။ 


ပိုင်ချိုင်၏ မျက်နှာက ခွေးအို၏ ___အလား တည်ငြိမ်နေသည်။ သူ၏နှလုံးသားကသာ ထိတ်လန့်မှုဖြင့် တုန်ယင်နေခြင်း ဖြစ်သည်။ 


“ငါ မသိဘူးလေ”


“ဟေး…”


ဝေ့ရှောင်းက မျက်တောင်ပင် မခတ်ပေ။ ပိုင်ချိုင်က သူ့ကို တွန်းထုတ်သည်။ 


“မင်း ဘာလို့ တအားကပ်လာတာလဲ”


ဝေ့ရှောင်း “မင်း လိမ်နေတာ” 


ပိုင်ချိုင် “… Fuck”


ခေါင်းဆောင် ဒီကို မြန်မြန်လာပါ။ ငါ ခေါင်းဆောင်ရဲ့ အရူးလေးကို မကိုင်တွယ်နိုင်တော့ဘူး။ 


ဝေ့ရှောင်းက ရင်ဘတ်နားတွင် ကပ်ကာ လက်ပိုက်ရင်း သူ့ကို ကြည့်သည်။ 


“လောင်ပိုင် မင်းက သံသယဝင်စရာ ကောင်းအောင် ပြုမူနေတာပဲ။ ငါက ဒီအတိုင်း ခေါင်းဆောင်ရဲ့ Alt accကိုပဲ မေးတာ။ မင်းက ဘာလို့ ထိတ်လန့်နေတာလဲ”


ပိုင်ချိုင်၏ ကျောက ချွေးများ စိုရွဲလာနေသည်။ သူက ခပ်မြန်မြန် တွေးလိုက်သည်။ သောက်ကျိုးနည်း ငါက ဘယ်လိုမျိုး မထိတ်လန့်ဘဲ နေမှာလဲ။ 


“မင်း … ဖျားနေတာလား။ တစ်ခုခု ဖြစ်နေတာလား။ မင်းရဲ့ Lu က မင်းရဲ့ သူဌေး မဟုတ်ဘူးလား။ ဘယ်လိုများ ခေါင်းဆောင်နဲ့ ပတ်သက်မှာလဲ”


ဝေ့ရှောင်း “… အိုး… ဟုတ်သားပဲ”


ပိုင်ချိုင်က သူနဲ့သူဌေးရဲ့ ပြောစကား SS တွေ အများကြီးကို မြင်ထားပြီးသားလေ။ ဒီတော့ သူက သူဌေးကို ID အကြောင်းကို သိထားပြီးသား။ အင်း… သူများ အတွေးလွန်နေတာလား။ 


ပိုင်ချိုင်သည် သေခြင်းရှင်ခြင်း အစွန်းနှစ်ဖက်တွင် လမ်းလျှောက်နေရသည်။ သူ၏နှလုံးသားက အရွယ်အစားတစ်ခုလုံးနီးပါး ကြီးလာသည်။ 


“မင်းက မင်းရဲ့သူဌေးကို ခေါင်းဆောင်လို့ သံသယဝင်နေတာလား”


ဝေ့ရှောင်းကလည်း သူဟာ အကျိုးအကြောင်းကျကျ ဖြောင့်မတ်မှန်ကန်စွာ သရုပ်ဆောင်နေကြောင်း မြင်သောအခါ ပို၍ပင် မသေချာမရေရာသလို ဖြစ်လာသည်။ ပိုင်ချိုင်က ပြဿနာကို ခပ်မြန်မြန် သပ်သပ်ရပ်ရပ် ပစ်ထုတ်လိုက်သည်။ 


“မင်း သံသယဝင်နေတယ် ဆိုရင်လည်း ဘာလို့ ခေါင်းဆောင်ကို သွားမမေးတာလဲ”


ဝေ့ရှောင်းက တစ်ခဏခန့် တိတ်ဆိတ်သွားပြီးနောက် အသံကို တိုးကာ ပြောသည်။ 


“တကယ်များ သူ ဖြစ်နေရင် ငါ ဘယ်လို လုပ်ရမလဲ”


ပိုင်ချိုင်က ဘယ်အချိန်ကမှ သူ၏ ထိုသို့သော ပုံစံ ပြုမူပုံကို မမြင်ဖူး။ သူက အံ့ဩသွားသည်။ 

60 03

“မင်းက ဘာလို့ ဒီလောက်အထိ ရှက်နေတာလဲ။ ဘာရှက်စရာကောင်းတာတွေ မင်း လုပ်ထားသေးလို့လဲ”


ဝေ့ရှောင်းသည် အမှန်တကယ်ပင် ရှက်နေခြင်း ဖြစ်သည်။ 


“ဖာ့ခ် ငါ သူဌေးနဲ့ ပွင့်ပွင့်လင်းလင်း စကားအများကြီး‌ ပြောထားတာလေ”


ပိုင်ချိုင်သည်လည်း သူ လုပ်ခဲ့သမျှ ရူးကြောင်ကြောင် အကြောင်းအရာတိုင်းကို သိသည်။ ထို့ကြောင့် တစ်ခဏခန့် ဆွံ့အသွားသည်။ 


ဝေ့ရှောင်းက ကောင်းကင်ကို မော့ကြည့်ရင်း သက်ပြင်းချသည်။ 


“နောက်ပြီး ငါ သူဌေးကိုလည်း ခေါင်းဆောင်က ငါ့ရဲ့ကောင်မလေးလို့ ခေါင်းဆောင်ကိုလည်း သူဌေးက ငါ့ရဲ့ကောင်မလေးလို့ ပြောထားတယ်။ ဒီတော့ နှစ်ယောက်လုံးက တစ်ယောက်တည်း ဆိုရင် ဒါဆို ငါက…”


ပိုင်ချိုင်ကလည်း သူ ပြောမည့် စကားလုံးများက အရှက်ရစေလောက်လွန်းမည် ဖြစ်ကြောင်း တွေးလိုက်သည်။ အရူးလေးဝေ့၏ ဦးနှောက် ဆားကစ်များက သာမန်လူများနှင့် ခြားနားသည်။ 


“တကယ်လို့ ခေါင်းဆောင်က နားလည်မှု လွဲသွားရင် ဘယ်လိုလုပ်ရမလဲ”


“ဘာကို နားလည်မှု လွဲမှာလဲ”


ဝေ့ရှောင်း “နားလည်မှု လွဲမှာ၊ ငါ သူ့ကို လိုချင်နေတယ်လို့ နားလည်မှု လွဲပြီး ထင်သွားမှာကိုလေ”


ပိုင်ချိုင် “…”


ဝေ့ရှောင်း “ငါက သူ့ကို ငါ့ကောင်မလေး ဖြစ်စေချင်နေတယ်လို့ ထင်သွားမှာကိုလေ”


ပိုင်ချိုင် “…”


ဝေ့ရှောင်းက ဆက်လက်ပြီး အတွေးလွန်နေသေးသည်။ “ငါက လှေနံနှစ်ဖက်နင်းတယ်လို့ နားလည်မှု လွဲသွားရင်ရော… မဟုတ်သေးပါဘူး”


သူက ခေါင်းဆောင်ကို ကောင်မလေးလို့ သဘောထားလိုက်တယ်။ အဲဒီနောက် သူဌေးကိုလည်း ထပ်ပြီး ကောင်မလေးလို့ သဘောထားပြန်တယ်။ ဆိုတော့… သူက တကယ်ကို အမှိုက်ကောင်ပဲ။ 


ပိုင်ချိုင်က ဆက်လက်ပြီး သည်းမခံနိုင်တော့ချေ။ 


“ပါးစပ်ပိတ်စမ်း၊ မတွေးနဲ့တော့ မတွေးနဲ့တော့”


ဝေ့ရှောင်းသည်လည်း သူသည် ခေါင်းဆောင်ကို မည်သည့်အတွက်ကြောင့် ထိုသို့ သံသယဝင်နေမှန်း နားမလည်ချေ။ 


ခေါင်းဆောင်က အဖော်ပြုကစားသမား သွားရှာဖို့ လိုလို့လား။ အဖော်ပြု ကစားသမားတစ်ယောက် အတွက်နဲ့ နှစ်သန်းကို သုံးဖို့ လိုလို့လား။ 


ဒါပေမဲ့ တကယ်လို့ ခေါင်းဆောင်က အဲဒါက သူမှန်း သိနေလို့ ဆိုရင် ဘယ်လို ဖြစ်လောက်မလဲ။ 


ဝေ့ရှောင်း၏ နှလုံးသားက တုန်ယင်သွားသည်။ သူသည် နောင်တရလာသည်။ ဝေ့ရှောင်းသည် ယခုအခါ အလွန်အမင်း နောင်တရနေပြီဖြစ်သည်။ 


သူ ဘာလို့ မနေ့ညက ခေါင်းဆောင်ရဲ့ ဆဲလ်ဖုန်းကို ခိုးပြီး မဖွင့်ကြည့်လိုက်တာလဲ။ ဒါဆိုရင် သူသာ သူဌေးကို စာပို့လိုက်ရင် ခေါင်းဆောင်ဆီ ရောက်လာမယ်။ အဲဒီလိုဆိုရင်…


ထားလိုက်တော့… ခေါင်းဆောင်က သေချာပေါက် မရလောက်ပါဘူး။ 


… ဒါပေမဲ့ သူ အခွင့်အရေး တစ်ခုခုတော့ မရှာသင့်ဘူးလား။ သူ အများကြီး လျှောက်ကြည့်ဖို့ မလိုဘူးလေ။ ဒီအတိုင်း စာလေးပဲ ပို့ရုံပါပဲ။ ခေါင်းဆောင်ရဲ့ ဖုန်းက မီးမလင်းလာသမျှ သူ စိတ်အေးနိုင်မှာပဲ။ 


သူတို့နှစ်ယောက်က စကားပြောနေချိန်တွင် စားသောက်ခန်းနားသို့ ရောက်သွားပြီဖြစ်သည်။ ထိုနေရာတွင် ထိုင်နေသော ဂယ်ရီနှင့် ဆုံသည်။ 


ဝေ့ရှောင်းက သူ့ကို ခပ်မြန်မြန် နှုတ်ဆက်သည်။ 


“လောင်ချီး မင်း လုပ်နိုင်ပါတယ်”


သူတို့သည် သည်ညနေတွင် Free Matching ရှိသည်။ LLP က အမှန်တကယ် ပြင်းပြင်းထန်ထန် ကြိုးစားထားသည်။ 


ဂယ်ရီက ဒေါသထွက်သွားသည်။ 


“ထွက်သွား”


ဂယ်ရီ၏ တခြားသော စကားလုံးများအပေါ် အသံထွက်က မကောင်းလောက်သော်လည်း ထိုစကားစုအတွက်မူ အလွန်အမင်း တိကျသည်။ ထို့အပြင် သူသည် ယွင်ဇယ်က နေ့တိုင်းလိုလို ကျိန်ဆဲနေခြင်းကို ကြားဖူးနေကျ ဖြစ်သည်။ 

++++++ 61 01



ဝေ့ရှောင်းသည်လည်း စားစရာနှင့် ပတ်သက်ပြီး အထူးတလည် စိတ်မဝင်စားချေ။ သို့သော် ပိုင်ချိုင်ကမူ လောဘကြီးသည်။ သည်နေ့နေ့လည် ကျောက်ပုဇွန်ကင်ထားကြောင်း ကြားလိုက်သည်နှင့် သူ မထိုင်နိုင်တော့ချေ။ 


“စောင့်အုံး ငါ ကျောက်ပုဇွန် သွားယူလိုက်မယ်”


ဝေ့ရှောင်း “မင်း ငါ့အတွက် ဖရဲသီးလေးပဲ ဖျော်ပေးခဲ့သင့်တယ်”


ပိုင်ချိုင် “မင်း ဘာသိလို့လဲ။ ဖရဲသီးဖျော်ရည်က တစ်ခွက်မှ ဆယ်ဒေါ်လာပဲ ပေးရတာ။ ကျောက်ပုဇွန်ဘေဘီလေးတွေ ဆိုရင်တောင်မှ တစ်ကောင်ကို သုံးရာတန်နေပြီ။ မင်း ဘယ်လို တွက်ချက်ရမလဲဆိုတာကို မသိဘူးလား”


ဝေ့ရှောင်းကလည်း ရပ်လိုက်သည်။ “ကောင်းပြီ ကောင်းပြီ ကောင်းပြီ ကြွယ်ဝခြင်းကော ပြောသလိုပါပဲ”


(ပိုင်ချိုင်ရဲ့ ချိုင်က ကြွယ်ဝခြင်းက အသံထွက်နဲ့တူတယ်) 


ပိုင်ချိုင်က တက်ကြွမှုအပြည့်ဖြင့် ထွက်သွားသည်။ 


တစ်ခဏခန့် ကြာပြီးနောက် ဝေ့ရှောင်းက ဗိုက်ပြည့်သည်အထိ စားလိုက်သည်။ သို့တိုင်အောင် ပိုင်ချိုင်က ပြန်မလာသေးချေ။ ဒါက ဒီအတိုင်း ကျောက်ပုဇွန်ကင်တာပဲလေ။ တန်းစီဖို့ လိုလို့လား။ 


ဝေ့ရှောင်းက နောက်ဆုံးသော ဖရဲသီးစိတ်ကို အကုန်စားလိုက်ပြီး သူ့ကို လိုက်ရှာရန် ပြင်ဆင်လိုက်သည်။ စားသောက်ခန်းက အလွန်ကြီးသည်။ သို့သော် အဆင့်အတန်းမြင့်ပြီး အရှိန်အဝါကြီးမားသော အထောက်အပံ့ ကစားသမားတစ်ယောက် ဖြစ်သော ချိုင်ကောအနေနှင့် နေ့စဉ်နှင့်အမျှ Glory တောင်ကြား၏ မြူထုအကြား မျက်လုံးပေါင်းများစွာနှင့် စောင့်ကြည့်မှုကို တာဝန်ယူထားရခြင်း ဖြစ်လေရာ လမ်းပျောက်စရာ အကြောင်း မရှိပေ။ သူက အသားကင်တန်းသို့ သွားလိုက်သည်။ ထိုနေရာတွင် ကျောက်ပုဇွန်ကင်များကို တွေ့သည်။ သို့သော် ချိုင်ကောကို မတွေ့ရပေ။ 


ဘယ်ရောက်သွားတာလဲ။ 


ဝေ့ရှောင်းက ဖုန်းထုတ်ပြီး ပိုင်ချိုင်ကို ခေါ်မည့် အခိုက်အတန့်တွင် တစ်စုံတစ်ယောက်က သူ့ကို လှမ်းခေါ်ကြောင်း ကြားလိုက်ရသည်။ 


“Quiet” 


ဝေ့ရှောင်းက လှည့်ကြည့်လိုက်သောအခါ 3Uမှ Mid-Laner ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုကောင်သည် အတန်ငယ် အရပ်ပုသည်။ ဝေ့ရှောင်းက သူ၏နာမည်ကို မှတ်မိလိုက်သည်။ 


“လီချွမ်လား ဘာကိစ္စလဲ”


လီချွမ်က ပြောသည်။ 


“ငါ နတ်ဘုရားပိုင်ကို အိမ်သာထဲမှာ တွေ့ခဲ့တယ်။ သူ့ ကြည့်ရတာ သူ့ရဲ့လမ်းကို လူတွေ ပိတ်ထားသလိုပဲ”


ဝေ့ရှောင်းက တောင့်ခဲသွားသည်။ လီချွမ်က တစ်စုံတစ်ရာ ပြောလိုက်သည်။ သို့သော် ဝေ့ရှောင်းကမူ ခြေလှမ်းကျဲများဖြင့် အိမ်သာသို့ သွားလိုက်ပြီဖြစ်သည်။ လီချွမ်၏ နှလုံးသားက မသက်မသာ ဖြစ်နေသည်။ မည်သို့ပင် ဆိုစေ သူတို့က တစ်နိုင်ငံတည်းမှ ဖြစ်သည်။ FTWနှင့် 3U သည် ဆက်ဆံရေး ကောင်းသည်။ ပိုင်ချိုင်ကလည်း အတန်ငယ် ကျော်ကြားသည်။ သူသည် ကျော်ကြားသော်လည်း ထောင်လွှားမောက်မာခြင်း မရှိပေ။ လူသစ်များကို ဂရုစိုက်ပေးတတ်သည်။ ထို့ကြောင့် လူတိုင်းက သူ့ကို အတော်လေး သဘောကျသည်။ 


“ဒါပေမဲ့ အဲဒီအဖွဲ့က ဘာဖြစ်တာလဲ မသိဘူး။ သူတို့က ဥရောပဖက်က အသင်းလိုပဲ။ ဒါပေမဲ့ Black Knight လည်း မဟုတ်ပါဘူး။ သူတို့က OD များလား”


“OD နဲ့ နတ်ဘုရားပိုင် အကြားမှာ ဘာကိစ္စရှိလို့လဲ”


လီချွမ်ကလည်း မသေချာပေ။ သူသည် FTW၏ အပေါ်ထပ်မှ လေ့ကျင့်ရေးခန်းထဲသို့ အပြေးသွားပြီး လူခေါ်ရန်သာ ကြိုးစားလိုသည်။ သူသည် ထိုသို့ခေါ်ရန် ကြိုးစားရင်း လမ်းတစ်ဝက်တွင် Quiet ကို တွေ့သောကြောင့်သာ ခပ်မြန်မြန် ပြောပြလိုက်ခြင်း ဖြစ်သည်။ ဒါပေမဲ့ သူ အပေါ်ထပ် တက်ပြီးတော့ FTWရဲ့ နည်းပြကို သွားခေါ်သင့်တယ် ထင်ပါရဲ့။ 


ဝေ့ရှောင်းက သိပ်မကြာခင် အိမ်သာသို့ ရောက်သွားသည်။ ထိုအခိုက် ရင်းနှီးကျွမ်းဝင်သော အသံကို ကြားလိုက်ရသည်။ 


“လောင်ပိုင် မင်းက အတော်လေး အတိတ်ကို သတိရတတ်တဲ့ ကောင်ပဲ။ အဲဒီ FTWက လူသစ်က မင်းရဲ့ လူငယ်လေ့ကျင့်ရေးစခန်းက အသင်းဖော်ဟောင်း မဟုတ်လား။ သူက မင်းကို လွှင့်ပစ်ပြီး ထွက်ပြေးသွားတာ ဘာလို့ သူ့ကို ရှာနေသေးတာလဲ”


“အာဟား… မင်း ကြည့်ရတာ ဉာဏ်ကောင်းမဲ့ပုံပါ။ ဒါပေမဲ့ အတွင်းမှာတော့ ဒီလောက်ထိ တုံးအနေမယ်လို့ မထင်ထားဘူး”


“FTW မှာ နေမနေနဲ့တော့ OD ကို လာခဲ့၊ ငါ မင်းကို လာရှာမယ်”


ဝေ့ရှောင်း၏ မျက်လုံးများက အကင်းပါးသည်။ သူသည် အနောက်တိုင်းသားများ ကြားမှ တရုတ်ကောင်ကို ချက်ချင်း ရွေးထုတ်နိုင်သည်။ ဝေ့ရှောင်းသည်လည်း ထိုသူကို သိသည်။ သူသည် ထိုအကောင်ကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးသော်လည်း နာမည်ကို သိသည်။ 


2018တွင် Glory လူသစ် လေ့ကျင့်ရေးစခန်းမှ လူသစ်ဘုရင်က ဝေ့ရှောင်းဖြစ်ခဲ့ပြီး 2020တွင် နင်ကျဲဟန် ဖြစ်သည်။ 2019 တွင်မူ ထိုအကောင် ဖြစ်သည်။ သူ၏ နာမည်က ကျိုးရှင်းဖေး ဖြစ်သည်။ 


ပိုင်ချိုင်နှင့် ထိုလူသစ်ဘုရင်များ ဆိုသော စကားများကို ခွဲယူ၍ မရပေ။ သို့သော် ဆက်ဆံရေးကမူ ရှုပ်ထွေးပြီး ဝရုန်းသုန်းကားနိုင်သည်။ ထို့အပြင် ဝေ့ရှောင်းကို ထည့်မပြောသေးလျှင်ပင် နင်ကျဲဟန်သည်လည်း အသင်းဖော်များထဲမှ တစ်ယောက် ဖြစ်သည်။ ကျိုးရှင်းဖေးသည် အဆိုးရွားဆုံးတစ်ကောင် ဖြစ်သည်။ သူသည် ပိုင်ချိုင်ကို လှည့်စားပြီး ယွမ်တစ်သန်း ရှုံးအောင် လုပ်ခဲ့သည်။ အဲဒီနောက် ဖင်ခါလျက် ပြည်ပသို့ ထွက်သွားခဲ့သည်။ 


ချိုင်ကောသည် အမြဲတစေ ပိုက်ဆံကို လောဘကြီးသည်။ သူသည် ယခုလို ပိုက်ဆံတစ်သန်းကို ရှုံးပြီးနောက် တစ်လလုံးနီးပါး သူ့ကိုယ်သူ ပိတ်လှောင်ထားခဲ့သည်။ ဝေ့ရှောင်းကလည်း ထိုအချိန်က ကိုယ်ပိုင်ပညာသင်ကြားရင်းဖြင့် အလုပ်များနေခဲ့ခြင်း ဖြစ်သည်။ သူက ပြန်လာပြီး ပိုင်ချိုင်ကို တွေ့သောအခါ အံ့ဩသွားရ၏။ ချိုင်ကောက အမြဲတမ်း ပိန်နေခဲ့တာ ဖြစ်ပြီး ထိုတိုတောင်းသော တစ်လတာကာလအတွင်း နှစ်ဆခန့် ပိန်သွားတာ ဖြစ်သည်။ သူ၏ သေးငယ်သော ခန္ဓာကိုယ်က လေတိုက်လျှင်ပင် လွှင့်သွားလောက်သည်။ ထိုအချိန်က ပိုင်ချိုင်သည် FTWသို့ မဝင်ရောက်သေးပေ။ သူသည် သူ့အနာဂတ်နှင့် ပတ်သက်ပြီး အလွန်စိတ်ရှုပ်နေခဲ့၏။ သူက ကိုယ်တိုင်ပင် ထွက်ပြေးပြီး အိမ်ပြန် ဝက်မွေးချင်နေခဲ့သည်။ 


ဝေ့ရှောင်းသည်ပင် ကြောင်အလျက် သူ့ကို ခပ်မြန်မြန် ဆွဲခေါ်ခဲ့ရသည်။ အချိန် အတန်ကြာပြီးနောက်မှသာ ဝေ့ရှောင်းက တစ်ဖက်လူ၏ ခံစားချက်များကို တည်ငြိမ်အောင် လုပ်ပေးရင်း အခြေအနေကို နားလည်ခဲ့ခြင်း ဖြစ်သည်။ 


လွန်ခဲ့သော နှစ်နှစ်ခန့်က ဝေ့ရှောင်း ထွက်သွားပြီးနောက်တွင် ပိုင်ချိုင်သည် ချောမွေ့သော အချိန်များကို မပိုင်ဆိုင်နိုင်ခဲ့ချေ။ ပရိုကစားသမား အသိုင်းအဝိုင်းထဲတွင် အထောက်အပံ့ နေရာသည် အမြဲတစေ ကိုးယို့ကားယားနိုင်သော အနေအထားမျိုး ဖြစ်သည်။ အင်အားကြီးမားပြီး ကြွယ်ဝသော အသင်းများက အထောက်အပံ့ နေရာကို အလွန်အလေးထားသည်။ FTW၏ ယခင်ခေါင်းဆောင် ရန်ကျန်းသည်လည်း အံ့အားသင့်စရာ ကောင်းလောက်အောင် ပေါက်ဈေးမြင့်လေသည်။ 


သို့ရာတွင် သာမန်Team များတွင်မူ အထောက်အပံ့နေရာကို အထူးတလည် အာရုံမစိုက်ပေ။ အကြောင်းမူကား ထိုအသင်းငယ်လေးများအတွက် ရန်ပုံငွေက အကန့်အသတ် ရှိသည်။ ပိုကောင်းသော အဓိကကစားသမားများအတွက် တိုက်ခိုက်ယူရန်ပင် ရန်ပုံငွေက အကန့်အသတ် ရှိနေလေရာ ထို့အတွက် အထောက်အပံ့ကဲ့သို့သော နေရာမျိုးအတွက်မူ လက်ခံ၍ ရလောက်သော ကစားသမားတစ်ယောက်ယောက်ကိုပင် လက်ခံပေးနိုင်လေသည်။ 


ပိုင်ချိုင်သည် ထိုအချိန်က လူသစ်ဖြစ်သည်။ သူက ဝေ့ရှောင်းနောက်သို့ လိုက်ခဲ့ပြီး လူသစ် လေ့ကျင့်ရေးစခန်း အတောအတွင်း ဝရုန်းသုန်းကား ဖြစ်အောင် လုပ်ခဲ့သောကြောင့် သူသည် ဒုတိယတန်းစားအသင်း၏ လက်မှတ်ထိုးမှုကို ခံခဲ့ရသည်။ 


လူသစ်တစ်ယောက်အတွက်မူ ထိုအခြေအနေက အလွန်ကောင်းမွန်နေပြီ ဖြစ်သည်။ သို့သော် ကံဆိုးသည်မှာ ထိုအသင်းသည် အလွန်လူမဆန်စွာ ပြုမူတတ်သည်။ သူတို့က အသင်းထဲမှ အခြားသော သူများအား ပိုင်ချိုင်ကို ဖိနှိပ်ခွင့် ပြုထားသည်။ ပိုင်ချိုင်သည် Season တစ်ခုလုံး မတရားခံခဲ့ရသည်။ သူက လူသစ်ဘုရင် ကျိုးရှင်းဖေးနှင့် ဆုံသည်။ 


ထိုအချိန်က ပိုင်ချိုင်သည် လူသစ်ဘုရင်များနှင့် ပတ်သက်လျှင် Filter တင်ကာ ကြည့်တတ်နေပြီ ဖြစ်သည်။ ကျိုးရှင်းဖေးနှင့် ဝေ့ရှောင်းတို့သည် စိတ်နေသဘောထား ခြားနားသော်လည်း လူသစ်ဘုရင်နှင့် ပတ်သက်လျှင် ဘက်လိုက်တတ်သည့် စိတ်က ရှိနေပြီးသား ဖြစ်သည်။ မည်သို့ပင် ဆိုစေ သူတို့သည် တူညီသော လူငယ်လေ့ကျင့်ရေးစခန်းမှ လာကြသည်။ 


ထိုမျိုးမစစ် ကျိုးရှင်းဖေးက သူနှင့် ပိုင်ချိုင်၏ ဆက်ဆံရေးကို သုံးပြီး သူ၏တန်ကြေးကို မြင့်တင်ခဲ့သည်။ 


သူသည် ပိုင်ချိုင်ကို အားပေးခဲ့သည်။ “ဒီအမှိုက်လို အသင်းမှာ မနေနဲ့၊ ငါနဲ့ AE ကို လိုက်ခဲ့၊ မင်း ငါ့အတွက် အထောက်အပံ့ လုပ်ပေး၊ အဲဒီနောက် ငါတို့ သွေးလွှမ်းတဲ့ လမ်းကို ဖောက်ထွက်လို့ ရမယ်” AE သည် တရုတ်ပြိုင်ပွဲဝင်နယ်မြေတွင် ပထမတန်းစားအသင်းဟု သတ်မှတ်၍ ရသည်။ သူတို့၏ Play Off ရလဒ်များသည်လည်း အလွန်ကောင်းမွန်လေသည်။ 


eSport အသိုင်းအဝိုင်းထဲမှာ ရည်မှန်းချက် မကြီးတဲ့သူ ဘယ်သူများ ရှိလို့လဲ။ 


ထိုအချိန်က ပိုင်ချိုင်၏ စိတ်အားထက်သန်မှုက မလျော့ပါးသေးချေ။ ထို့ကြောင့် သူသည် ကျိုးရှင်းဖေး၏ စကားလုံးများအောက်တွင် ဖောင်းကားသွားသည်။ (ယိမ်းယိုင်သွားသည်)


“ဒါပေမဲ့ ဟော်ရိုနဲ့ ငါ့ စာချုပ် ပြီးဖို့ တစ်နှစ် လိုသေးတယ်လေ”


ကျိုးရှင်းဖေးက ပြောသည်။ 


“စာချုပ် ဖျက်လိုက်လေ။ ပရိုကစားသမားတွေက နှစ်ဘယ်လောက်ကြာကြာ ကစားနိုင်မှာ မို့လို့လဲ။ ဘာလို့ အမှိုက်လို အသင်းမှာ အချိန်ဖြုန်းနေမှာလဲ”


ပိုင်ချိုင်က တုံ့ဆိုင်းသွားတော့ ကျိုးရှင်းဖေးက သူ့ကို မေးသည်။ 


“စာချုပ်ဖျက်ရင် ဘယ်လောက် လျှော်ရမှာလဲ”


ပိုင်ချိုင်က ပိုက်ဆံနှင့် ပတ်သက်ပြီး အမြဲတစေ အထိမခံ ဖြစ်တတ်သည်။ 


“တစ်သန်း”


ကျိုးရှင်းဖေးက လှောင်သည်။ 


“တစ်သန်းတည်းပါ။ မင်း ပရိုအဖြစ် ကစားနေတာပဲ တစ်နှစ် ရှိပြီလေ။ ဒီလောက်ပမာဏကို မစုထားမိသေးဘူးလား”


ပိုင်ချိုင်က အထောက်အပံ့နေရာမှ ကစားသမား ဖြစ်သည်။ အသင်းကလည်း သူ့ကို တန်ဖိုးမထားပေ။ သူ့ကိုလည်း ကူညီပြီး နာမည်ကြီးအောင် မလုပ်ပေးသေးပေ။ ထို့ကြောင့် သူသည် မကျော်ကြားပေ။ သူ၏ Live Stream အခန်းသည် အမြဲတစေ အေးစက်ပြီး တိတ်ဆိတ်နေတတ်သည်။ 


ကျိုးရှင်းဖေးကလည်း ပိုင်ချိုင် တုံ့ဆိုင်းနေတာ မြင်သောအခါ ပြောလိုက်သည်။ 


“မေ့လိုက်တော့… မင်းငါ့ရဲ့ အသင်းဖော် မဖြစ်ချင်ဘူး ဆိုရင်လည်း ငါ မင်းကို မမေးတော့ဘူး”


စကားလုံးများက ပိုင်ချိုင်ကို လှုံ့ဆော်သွားသည်။ သူက ပြောသည်။ 


“ငါတို့ AEကို သွားမယ် ဆိုရင် ငါတို့က Starter တွေ ဖြစ်မှာလား”


ကျိုးရှင်းဖေး “ဒါပေါ့”


ပိုင်ချိုင်က စာချုပ်ဖျက်ကြေးအနေနှင့် တစ်သန်းကို ပေးပြီး ဟော်ရိုအသင်းနှင့် စာချုပ်ကို ဖျက်လိုက်သည်။ ရလဒ်အနေနှင့်… ကျိုးရှင်းဖေးက နောက်ထပ်တစ်ဆင့်သို့ ကုန်းတက်လိုက်ပြီး ဥရောပကလပ်နှင့် လက်မှတ်ထိုးလိုက်သည်။ 


ပိုင်ချိုင်က ကျိုးရှင်းဖေးကို သွားရှာသည်။ ကျိုးရှင်းဖေးကမူ အပြစ်မကင်းစိတ် ရှိပုံမပေါ်ပေ။ ‘AEကို သွားလေ။ ပြဿနာ မရှိပါဘူး။ AEက ဟော်ရိုထက် အများကြီး ကောင်းတယ်’


ထိုအခိုက်အတန့်တွင် ပိုင်ချိုင်သည် သူ ကန်းခဲ့ကြောင်း သိလိုက်သည်။ သူက ကစားခံလိုက်ရသည်။ ဝေ့ရှောင်းက ကျိုးရှင်းဖေးက ဆောင်းတွင်း လေ့ကျင့်ရေးစခန်းကို တက်ကြောင်း မသိထားချေ။ 


ဒီအကောင်က ပိုင်ချိုင်ကိုတောင် လာတွေ့ရဲတယ် ဟုတ်လား။ သူ့ကို ဘယ်သူက သတ္တိပေးလိုက်လဲ။ 


ဟမ့်… ဒါက လူနာတင်ယာဉ် ရှိနေလို့လား။ (ကျိုးရှင်းဖေးက အရမ်းကို သတ္တိကြီးလွန်းနေလို့ လူနာတင်ယာဉ် ကြိုခေါ်ထားတယ်) (အရိုက်ခံဖို့ ကြိုပြင်ထားတယ်လို့ ဆိုလိုတာပါ)


ဝေ့ရှောင်းက သူ့ဖုန်းကို ဖွင့်၍ ကလစ်ကလစ် နှိပ်လိုက်ရင်း ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်ကာ ရှေ့သို့ တက်သွားသည်။ 


“အိုး ဒါက နတ်ဘုရားကျိုးမဟုတ်ဘူးလား”


OD မှ လူသုံးယောက်က ခေါင်းကို လှည့်လျက် ကြည့်ရင်း ဝေ့ရှောင်းကို သတိထားမိသွားသည်။ 


ပိုင်ချိုင်၏ နှလုံးသားထဲတွင် ကွဲအက်သံက ပေါ်လာသည်။ ဝေ့ရှောင်း၏ လက်ရှိပုံစံက မနေ့ညက ပုံစံနှင့် တူနေသည်။ သူတို့က အခု လူငယ်လေ့ကျင့်ရေး စခန်းထဲမှာ မဟုတ်တော့ဘူးနော်။ ဝေ့ရှောင်းကသာ တစ်ယောက်ယောက်ကို ထိုးလိုက်ရင် သူ ကစားလို့ မရတော့ဘဲ အဘန်းခံရလိမ့်မယ်။ 


ပိုင်ချိုင်က စကားပြောရန် ပြင်လိုက်ရုံသာ ရှိသေးသည်။ ကျိုးရှင်းဖေး၏ စကားကို ကြားလိုက်ရသည်။ 


“ဝေ့ရှောင်းလား”


ဝေ့ရှောင်းက ရှေ့သို့ တက်လျက် အင်္ဂလိပ်လို ပြောသည်။ 


“မင်း ငါတို့ရဲ့ white အပေါ် တင်ထားတဲ့ တစ်သန်းကို ဘယ်အချိန် ပြန်ပေးမှာလဲ”


ထိုအခိုက် ထိုနေရာတွင် ရှိနေသော သူများက အံ့ဩသွားကြသည်။ ကျိုးရှင်းဖေးသည် သိသာစွာပင် ဝေ့ရှောင်းဟာ ပေါ်လာပြီးပြီးချင်း ထိုစကားကို ထုတ်ပြောလိမ့်မည်ဟု မထင်ထားမိချေ။ ထို့အပြင် သူက အင်္ဂလိပ်လို ချောမွေ့စွာ ပြောသွားခဲ့လေရာ အသင်းဖော်များကပင် နားလည်ကြသည်။ 


ကျိုးရှင်းဖေးက ပြန်ငြင်းသည်။ 


“ငါ ဘယ်တုန်းက အကြွေးတင်ထားလို့လဲ”


ဝေ့ရှောင်း “မင်းအနေနဲ့ ကိစ္စအများကြီးကို မှတ်ထားရလို့ ကိစ္စတချို့ကို မေ့တတ်တယ် ဆိုတာက ပုံမှန်ပါပဲ။ အရင်က မင်း သူ့ကို လှည့်ဖျားပြီး စာချုပ်ကို ဖျက်ခိုင်းသွားတာလေ။ အဲဒီနောက် လှည့်ထွက်ပြီး ဖုတ်ဖတ်ခါ ဖင်ခါပြီး ထွက်သွားခဲ့တာ မဟုတ်လား။ ဒီတော့ မင်း သူ့ကို အကြွေးတင်ထားတာ မဟုတ်ဘူးလား”


ကျိုးရှင်းဖေးသည် ချက်ချင်းလိုလို ပြန်လည်ခုခံသည်။ 


“ငါ ဘယ်အချိန်က သူ့ကို လှည့်ဖျားလို့လဲ။ သူ အဲဒီနောက် AEကို သွားတယ် မဟုတ်ဘူးလား”


ပိုင်ချိုင်သည် AEကို သွားခဲ့သည်။ သူသည် တစ်ပွဲမှ မကစားခဲ့ရချေ။ တစ်လလုံးလုံး အရံခုံပေါ် ထိုင်နေခဲ့ရပြီး ဒုတိယအသင်းထဲသို့ လွှင့်ပစ်ခံလိုက်ရကာ ကိုယ့်ကိုယ်ကိုယ်ပင် ခုခံခဲ့ရသည်။ 


ဝေ့ရှောင်းသည် သူ၏ ပေါက်ကရစကားများကိုပင် ကိုင်ကွယ် ဖြေရှင်းရန် ပျင်းလွန်းနေသဖြင့် လိုရင်းကိုသာ ပြောလိုက်သည်။ 


“ဒီလို ဆိုရင် ဘယ်လိုလဲ။ ငါတို့ အားလုံးက ပရိုကစားသမားတွေပဲ။ ငါတို့ တိုက်ခိုက်မယ် ဆိုရင် ကစားလို့ မရဘဲ အဘန်းခံရလိမ့်မယ်။ ဒီတော့ Training Match ဆိုရင်ရော ဘယ်လိုလဲ”


ကျိုးရှင်းဖေး “ဘာပဲဖြစ်ဖြစ်”


ဝေ့ရှောင်း “မင်း ရှုံးရင် ငါတို့ ဝှိုက်က အဲဒီတစ်သန်းတော့ ပြန်မလိုချင်ပါဘူး။ ဒီအတိုင်း မင်းအတွက် အခေါင်းဝယ်ဖို့ လက်ဆောင်အဖြစ် ပေးလိုက်မယ်။ ဒါပေမဲ့ မင်း ငါတို့ရဲ့ ဝှိုက်ကို ဦးညွှတ်ပြီးတော့ တောင်းပန်ရမယ်”


ကျိုးရှင်းဖေးက ဒေါသထွက်လွန်းသဖြင့် အော်ပြောသည်။ “ငါက ဘာလို့ အဲဒီလို လုပ်ရမှာလဲ။ ငါတို့ရဲ့ ODက မင်းတို့ FTW နဲ့ လေ့ကျင့်ရေး match ပွဲကို ဘာဆိုင်လို့ ကစားရမှာလဲ”


ဝေ့ရှောင်း၏ အသံက ဘာခံစားချက်မှ ရှိပုံမပေါ်ပေ။ 


“ဘာလို့လဲ ဆိုတော့ မင်းတို့ OD နိုင်ရင် မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် တန်ကြေးအနေနဲ့ နှစ်သန်း ထုတ်ပေးမှာ မို့လို့ပဲ”


စကားလုံးများကို အင်္ဂလိပ်လို ပြောခြင်း ဖြစ်သည်။ OD မှ တခြားသော သူများကလည်း အံ့ဩသွားကြသည်။ နှစ်သန်းသည် မနည်းပေ။ 


ပိုင်ချိုင်ကပင် ခေါင်းကို ဆတ်ခနဲ မော့ပြီး ဝေ့ရှောင်းကို ကြည့်သည်။ 


ဝေ့ရှောင်းက မျက်လုံးကို မှေးကျဉ်းလိုက်သည်။ 


“မင်း သဘောမတူရဲဘူးလား နတ်ဘုရားကျိုး၊ မင်းက ဘယ်လိုမျိုး ကျောရိုးမဲ့ရတာလဲ”


++++++