Ch 61
Viewers 3k

အပိုင်း 61 01


ဝေ့ရှောင်းသည်လည်း စားစရာနှင့် ပတ်သက်ပြီး အထူးတလည် စိတ်မဝင်စားချေ။ သို့သော် ပိုင်ချိုင်ကမူ လောဘကြီးသည်။ သည်နေ့နေ့လည် ကျောက်ပုဇွန်ကင်ထားကြောင်း ကြားလိုက်သည်နှင့် သူ မထိုင်နိုင်တော့ချေ။ 


“စောင့်အုံး ငါ ကျောက်ပုဇွန် သွားယူလိုက်မယ်”


ဝေ့ရှောင်း “မင်း ငါ့အတွက် ဖရဲသီးလေးပဲ ဖျော်ပေးခဲ့သင့်တယ်”


ပိုင်ချိုင် “မင်း ဘာသိလို့လဲ။ ဖရဲသီးဖျော်ရည်က တစ်ခွက်မှ ဆယ်ဒေါ်လာပဲ ပေးရတာ။ ကျောက်ပုဇွန်ဘေဘီလေးတွေ ဆိုရင်တောင်မှ တစ်ကောင်ကို သုံးရာတန်နေပြီ။ မင်း ဘယ်လို တွက်ချက်ရမလဲဆိုတာကို မသိဘူးလား”


ဝေ့ရှောင်းကလည်း ရပ်လိုက်သည်။ “ကောင်းပြီ ကောင်းပြီ ကောင်းပြီ ကြွယ်ဝခြင်းကော ပြောသလိုပါပဲ”


(ပိုင်ချိုင်ရဲ့ ချိုင်က ကြွယ်ဝခြင်းက အသံထွက်နဲ့တူတယ်) 


ပိုင်ချိုင်က တက်ကြွမှုအပြည့်ဖြင့် ထွက်သွားသည်။ 


တစ်ခဏခန့် ကြာပြီးနောက် ဝေ့ရှောင်းက ဗိုက်ပြည့်သည်အထိ စားလိုက်သည်။ သို့တိုင်အောင် ပိုင်ချိုင်က ပြန်မလာသေးချေ။ ဒါက ဒီအတိုင်း ကျောက်ပုဇွန်ကင်တာပဲလေ။ တန်းစီဖို့ လိုလို့လား။ 


ဝေ့ရှောင်းက နောက်ဆုံးသော ဖရဲသီးစိတ်ကို အကုန်စားလိုက်ပြီး သူ့ကို လိုက်ရှာရန် ပြင်ဆင်လိုက်သည်။ စားသောက်ခန်းက အလွန်ကြီးသည်။ သို့သော် အဆင့်အတန်းမြင့်ပြီး အရှိန်အဝါကြီးမားသော အထောက်အပံ့ ကစားသမားတစ်ယောက် ဖြစ်သော ချိုင်ကောအနေနှင့် နေ့စဉ်နှင့်အမျှ Glory တောင်ကြား၏ မြူထုအကြား မျက်လုံးပေါင်းများစွာနှင့် စောင့်ကြည့်မှုကို တာဝန်ယူထားရခြင်း ဖြစ်လေရာ လမ်းပျောက်စရာ အကြောင်း မရှိပေ။ သူက အသားကင်တန်းသို့ သွားလိုက်သည်။ ထိုနေရာတွင် ကျောက်ပုဇွန်ကင်များကို တွေ့သည်။ သို့သော် ချိုင်ကောကို မတွေ့ရပေ။ 


ဘယ်ရောက်သွားတာလဲ။ 


ဝေ့ရှောင်းက ဖုန်းထုတ်ပြီး ပိုင်ချိုင်ကို ခေါ်မည့် အခိုက်အတန့်တွင် တစ်စုံတစ်ယောက်က သူ့ကို လှမ်းခေါ်ကြောင်း ကြားလိုက်ရသည်။ 


“Quiet” 


ဝေ့ရှောင်းက လှည့်ကြည့်လိုက်သောအခါ 3Uမှ Mid-Laner ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုကောင်သည် အတန်ငယ် အရပ်ပုသည်။ ဝေ့ရှောင်းက သူ၏နာမည်ကို မှတ်မိလိုက်သည်။ 


“လီချွမ်လား ဘာကိစ္စလဲ”


လီချွမ်က ပြောသည်။ 


“ငါ နတ်ဘုရားပိုင်ကို အိမ်သာထဲမှာ တွေ့ခဲ့တယ်။ သူ့ ကြည့်ရတာ သူ့ရဲ့လမ်းကို လူတွေ ပိတ်ထားသလိုပဲ”


ဝေ့ရှောင်းက တောင့်ခဲသွားသည်။ လီချွမ်က တစ်စုံတစ်ရာ ပြောလိုက်သည်။ သို့သော် ဝေ့ရှောင်းကမူ ခြေလှမ်းကျဲများဖြင့် အိမ်သာသို့ သွားလိုက်ပြီဖြစ်သည်။ လီချွမ်၏ နှလုံးသားက မသက်မသာ ဖြစ်နေသည်။ မည်သို့ပင် ဆိုစေ သူတို့က တစ်နိုင်ငံတည်းမှ ဖြစ်သည်။ FTWနှင့် 3U သည် ဆက်ဆံရေး ကောင်းသည်။ ပိုင်ချိုင်ကလည်း အတန်ငယ် ကျော်ကြားသည်။ သူသည် ကျော်ကြားသော်လည်း ထောင်လွှားမောက်မာခြင်း မရှိပေ။ လူသစ်များကို ဂရုစိုက်ပေးတတ်သည်။ ထို့ကြောင့် လူတိုင်းက သူ့ကို အတော်လေး သဘောကျသည်။ 


“ဒါပေမဲ့ အဲဒီအဖွဲ့က ဘာဖြစ်တာလဲ မသိဘူး။ သူတို့က ဥရောပဖက်က အသင်းလိုပဲ။ ဒါပေမဲ့ Black Knight လည်း မဟုတ်ပါဘူး။ သူတို့က OD များလား”


“OD နဲ့ နတ်ဘုရားပိုင် အကြားမှာ ဘာကိစ္စရှိလို့လဲ”


လီချွမ်ကလည်း မသေချာပေ။ သူသည် FTW၏ အပေါ်ထပ်မှ လေ့ကျင့်ရေးခန်းထဲသို့ အပြေးသွားပြီး လူခေါ်ရန်သာ ကြိုးစားလိုသည်။ သူသည် ထိုသို့ခေါ်ရန် ကြိုးစားရင်း လမ်းတစ်ဝက်တွင် Quiet ကို တွေ့သောကြောင့်သာ ခပ်မြန်မြန် ပြောပြလိုက်ခြင်း ဖြစ်သည်။ ဒါပေမဲ့ သူ အပေါ်ထပ် တက်ပြီးတော့ FTWရဲ့ နည်းပြကို သွားခေါ်သင့်တယ် ထင်ပါရဲ့။ 


ဝေ့ရှောင်းက သိပ်မကြာခင် အိမ်သာသို့ ရောက်သွားသည်။ ထိုအခိုက် ရင်းနှီးကျွမ်းဝင်သော အသံကို ကြားလိုက်ရသည်။ 


“လောင်ပိုင် မင်းက အတော်လေး အတိတ်ကို သတိရတတ်တဲ့ ကောင်ပဲ။ အဲဒီ FTWက လူသစ်က မင်းရဲ့ လူငယ်လေ့ကျင့်ရေးစခန်းက အသင်းဖော်ဟောင်း မဟုတ်လား။ သူက မင်းကို လွှင့်ပစ်ပြီး ထွက်ပြေးသွားတာ ဘာလို့ သူ့ကို ရှာနေသေးတာလဲ”


“အာဟား… မင်း ကြည့်ရတာ ဉာဏ်ကောင်းမဲ့ပုံပါ။ ဒါပေမဲ့ အတွင်းမှာတော့ ဒီလောက်ထိ တုံးအနေမယ်လို့ မထင်ထားဘူး”


“FTW မှာ နေမနေနဲ့တော့ OD ကို လာခဲ့၊ ငါ မင်းကို လာရှာမယ်”


ဝေ့ရှောင်း၏ မျက်လုံးများက အကင်းပါးသည်။ သူသည် အနောက်တိုင်းသားများ ကြားမှ တရုတ်ကောင်ကို ချက်ချင်း ရွေးထုတ်နိုင်သည်။ ဝေ့ရှောင်းသည်လည်း ထိုသူကို သိသည်။ သူသည် ထိုအကောင်ကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးသော်လည်း နာမည်ကို သိသည်။ 


2018တွင် Glory လူသစ် လေ့ကျင့်ရေးစခန်းမှ လူသစ်ဘုရင်က ဝေ့ရှောင်းဖြစ်ခဲ့ပြီး 2020တွင် နင်ကျဲဟန် ဖြစ်သည်။ 2019 တွင်မူ ထိုအကောင် ဖြစ်သည်။ သူ၏ နာမည်က ကျိုးရှင်းဖေး ဖြစ်သည်။ 


ပိုင်ချိုင်နှင့် ထိုလူသစ်ဘုရင်များ ဆိုသော စကားများကို ခွဲယူ၍ မရပေ။ သို့သော် ဆက်ဆံရေးကမူ ရှုပ်ထွေးပြီး ဝရုန်းသုန်းကားနိုင်သည်။ ထို့အပြင် ဝေ့ရှောင်းကို ထည့်မပြောသေးလျှင်ပင် နင်ကျဲဟန်သည်လည်း အသင်းဖော်များထဲမှ တစ်ယောက် ဖြစ်သည်။ ကျိုးရှင်းဖေးသည် အဆိုးရွားဆုံးတစ်ကောင် ဖြစ်သည်။ သူသည် ပိုင်ချိုင်ကို လှည့်စားပြီး ယွမ်တစ်သန်း ရှုံးအောင် လုပ်ခဲ့သည်။ အဲဒီနောက် ဖင်ခါလျက် ပြည်ပသို့ ထွက်သွားခဲ့သည်။ 


ချိုင်ကောသည် အမြဲတစေ ပိုက်ဆံကို လောဘကြီးသည်။ သူသည် ယခုလို ပိုက်ဆံတစ်သန်းကို ရှုံးပြီးနောက် တစ်လလုံးနီးပါး သူ့ကိုယ်သူ ပိတ်လှောင်ထားခဲ့သည်။ ဝေ့ရှောင်းကလည်း ထိုအချိန်က ကိုယ်ပိုင်ပညာသင်ကြားရင်းဖြင့် အလုပ်များနေခဲ့ခြင်း ဖြစ်သည်။ သူက ပြန်လာပြီး ပိုင်ချိုင်ကို တွေ့သောအခါ အံ့ဩသွားရ၏။ ချိုင်ကောက အမြဲတမ်း ပိန်နေခဲ့တာ ဖြစ်ပြီး ထိုတိုတောင်းသော တစ်လတာကာလအတွင်း နှစ်ဆခန့် ပိန်သွားတာ ဖြစ်သည်။ သူ၏ သေးငယ်သော ခန္ဓာကိုယ်က လေတိုက်လျှင်ပင် လွှင့်သွားလောက်သည်။ ထိုအချိန်က ပိုင်ချိုင်သည် FTWသို့ မဝင်ရောက်သေးပေ။ သူသည် သူ့အနာဂတ်နှင့် ပတ်သက်ပြီး အလွန်စိတ်ရှုပ်နေခဲ့၏။ သူက ကိုယ်တိုင်ပင် ထွက်ပြေးပြီး အိမ်ပြန် ဝက်မွေးချင်နေခဲ့သည်။ 


ဝေ့ရှောင်းသည်ပင် ကြောင်အလျက် သူ့ကို ခပ်မြန်မြန် ဆွဲခေါ်ခဲ့ရသည်။ အချိန် အတန်ကြာပြီးနောက်မှသာ ဝေ့ရှောင်းက တစ်ဖက်လူ၏ ခံစားချက်များကို တည်ငြိမ်အောင် လုပ်ပေးရင်း အခြေအနေကို နားလည်ခဲ့ခြင်း ဖြစ်သည်။ 


လွန်ခဲ့သော နှစ်နှစ်ခန့်က ဝေ့ရှောင်း ထွက်သွားပြီးနောက်တွင် ပိုင်ချိုင်သည် ချောမွေ့သော အချိန်များကို မပိုင်ဆိုင်နိုင်ခဲ့ချေ။ ပရိုကစားသမား အသိုင်းအဝိုင်းထဲတွင် အထောက်အပံ့ နေရာသည် အမြဲတစေ ကိုးယို့ကားယားနိုင်သော အနေအထားမျိုး ဖြစ်သည်။ အင်အားကြီးမားပြီး ကြွယ်ဝသော အသင်းများက အထောက်အပံ့ နေရာကို အလွန်အလေးထားသည်။ FTW၏ ယခင်ခေါင်းဆောင် ရန်ကျန်းသည်လည်း အံ့အားသင့်စရာ ကောင်းလောက်အောင် ပေါက်ဈေးမြင့်လေသည်။ 


သို့ရာတွင် သာမန်Team များတွင်မူ အထောက်အပံ့နေရာကို အထူးတလည် အာရုံမစိုက်ပေ။ အကြောင်းမူကား ထိုအသင်းငယ်လေးများအတွက် ရန်ပုံငွေက အကန့်အသတ် ရှိသည်။ ပိုကောင်းသော အဓိကကစားသမားများအတွက် တိုက်ခိုက်ယူရန်ပင် ရန်ပုံငွေက အကန့်အသတ် ရှိနေလေရာ ထို့အတွက် အထောက်အပံ့ကဲ့သို့သော နေရာမျိုးအတွက်မူ လက်ခံ၍ ရလောက်သော ကစားသမားတစ်ယောက်ယောက်ကိုပင် လက်ခံပေးနိုင်လေသည်။ 


ပိုင်ချိုင်သည် ထိုအချိန်က လူသစ်ဖြစ်သည်။ သူက ဝေ့ရှောင်းနောက်သို့ လိုက်ခဲ့ပြီး လူသစ် လေ့ကျင့်ရေးစခန်း အတောအတွင်း ဝရုန်းသုန်းကား ဖြစ်အောင် လုပ်ခဲ့သောကြောင့် သူသည် ဒုတိယတန်းစားအသင်း၏ လက်မှတ်ထိုးမှုကို ခံခဲ့ရသည်။ 


လူသစ်တစ်ယောက်အတွက်မူ ထိုအခြေအနေက အလွန်ကောင်းမွန်နေပြီ ဖြစ်သည်။ သို့သော် ကံဆိုးသည်မှာ ထိုအသင်းသည် အလွန်လူမဆန်စွာ ပြုမူတတ်သည်။ သူတို့က အသင်းထဲမှ အခြားသော သူများအား ပိုင်ချိုင်ကို ဖိနှိပ်ခွင့် ပြုထားသည်။ ပိုင်ချိုင်သည် Season တစ်ခုလုံး မတရားခံခဲ့ရသည်။ သူက လူသစ်ဘုရင် ကျိုးရှင်းဖေးနှင့် ဆုံသည်။ 


ထိုအချိန်က ပိုင်ချိုင်သည် လူသစ်ဘုရင်များနှင့် ပတ်သက်လျှင် Filter တင်ကာ ကြည့်တတ်နေပြီ ဖြစ်သည်။ ကျိုးရှင်းဖေးနှင့် ဝေ့ရှောင်းတို့သည် စိတ်နေသဘောထား ခြားနားသော်လည်း လူသစ်ဘုရင်နှင့် ပတ်သက်လျှင် ဘက်လိုက်တတ်သည့် စိတ်က ရှိနေပြီးသား ဖြစ်သည်။ မည်သို့ပင် ဆိုစေ သူတို့သည် တူညီသော လူငယ်လေ့ကျင့်ရေးစခန်းမှ လာကြသည်။ 


ထိုမျိုးမစစ် ကျိုးရှင်းဖေးက သူနှင့် ပိုင်ချိုင်၏ ဆက်ဆံရေးကို သုံးပြီး သူ၏တန်ကြေးကို မြင့်တင်ခဲ့သည်။ 


သူသည် ပိုင်ချိုင်ကို အားပေးခဲ့သည်။ “ဒီအမှိုက်လို အသင်းမှာ မနေနဲ့၊ ငါနဲ့ AE ကို လိုက်ခဲ့၊ မင်း ငါ့အတွက် အထောက်အပံ့ လုပ်ပေး၊ အဲဒီနောက် ငါတို့ သွေးလွှမ်းတဲ့ လမ်းကို ဖောက်ထွက်လို့ ရမယ်” AE သည် တရုတ်ပြိုင်ပွဲဝင်နယ်မြေတွင် ပထမတန်းစားအသင်းဟု သတ်မှတ်၍ ရသည်။ သူတို့၏ Play Off ရလဒ်များသည်လည်း အလွန်ကောင်းမွန်လေသည်။ 


eSport အသိုင်းအဝိုင်းထဲမှာ ရည်မှန်းချက် မကြီးတဲ့သူ ဘယ်သူများ ရှိလို့လဲ။ 


ထိုအချိန်က ပိုင်ချိုင်၏ စိတ်အားထက်သန်မှုက မလျော့ပါးသေးချေ။ ထို့ကြောင့် သူသည် ကျိုးရှင်းဖေး၏ စကားလုံးများအောက်တွင် ဖောင်းကားသွားသည်။ (ယိမ်းယိုင်သွားသည်)


“ဒါပေမဲ့ ဟော်ရိုနဲ့ ငါ့ စာချုပ် ပြီးဖို့ တစ်နှစ် လိုသေးတယ်လေ”


ကျိုးရှင်းဖေးက ပြောသည်။ 


“စာချုပ် ဖျက်လိုက်လေ။ ပရိုကစားသမားတွေက နှစ်ဘယ်လောက်ကြာကြာ ကစားနိုင်မှာ မို့လို့လဲ။ ဘာလို့ အမှိုက်လို အသင်းမှာ အချိန်ဖြုန်းနေမှာလဲ”


ပိုင်ချိုင်က တုံ့ဆိုင်းသွားတော့ ကျိုးရှင်းဖေးက သူ့ကို မေးသည်။ 


“စာချုပ်ဖျက်ရင် ဘယ်လောက် လျှော်ရမှာလဲ”


ပိုင်ချိုင်က ပိုက်ဆံနှင့် ပတ်သက်ပြီး အမြဲတစေ အထိမခံ ဖြစ်တတ်သည်။ 


“တစ်သန်း”


ကျိုးရှင်းဖေးက လှောင်သည်။ 


“တစ်သန်းတည်းပါ။ မင်း ပရိုအဖြစ် ကစားနေတာပဲ တစ်နှစ် ရှိပြီလေ။ ဒီလောက်ပမာဏကို မစုထားမိသေးဘူးလား”


ပိုင်ချိုင်က အထောက်အပံ့နေရာမှ ကစားသမား ဖြစ်သည်။ အသင်းကလည်း သူ့ကို တန်ဖိုးမထားပေ။ သူ့ကိုလည်း ကူညီပြီး နာမည်ကြီးအောင် မလုပ်ပေးသေးပေ။ ထို့ကြောင့် သူသည် မကျော်ကြားပေ။ သူ၏ Live Stream အခန်းသည် အမြဲတစေ အေးစက်ပြီး တိတ်ဆိတ်နေတတ်သည်။ 


ကျိုးရှင်းဖေးကလည်း ပိုင်ချိုင် တုံ့ဆိုင်းနေတာ မြင်သောအခါ ပြောလိုက်သည်။ 


“မေ့လိုက်တော့… မင်းငါ့ရဲ့ အသင်းဖော် မဖြစ်ချင်ဘူး ဆိုရင်လည်း ငါ မင်းကို မမေးတော့ဘူး”


စကားလုံးများက ပိုင်ချိုင်ကို လှုံ့ဆော်သွားသည်။ သူက ပြောသည်။ 


“ငါတို့ AEကို သွားမယ် ဆိုရင် ငါတို့က Starter တွေ ဖြစ်မှာလား”


ကျိုးရှင်းဖေး “ဒါပေါ့”


ပိုင်ချိုင်က စာချုပ်ဖျက်ကြေးအနေနှင့် တစ်သန်းကို ပေးပြီး ဟော်ရိုအသင်းနှင့် စာချုပ်ကို ဖျက်လိုက်သည်။ ရလဒ်အနေနှင့်… ကျိုးရှင်းဖေးက နောက်ထပ်တစ်ဆင့်သို့ ကုန်းတက်လိုက်ပြီး ဥရောပကလပ်နှင့် လက်မှတ်ထိုးလိုက်သည်။ 


ပိုင်ချိုင်က ကျိုးရှင်းဖေးကို သွားရှာသည်။ ကျိုးရှင်းဖေးကမူ အပြစ်မကင်းစိတ် ရှိပုံမပေါ်ပေ။ ‘AEကို သွားလေ။ ပြဿနာ မရှိပါဘူး။ AEက ဟော်ရိုထက် အများကြီး ကောင်းတယ်’


ထိုအခိုက်အတန့်တွင် ပိုင်ချိုင်သည် သူ ကန်းခဲ့ကြောင်း သိလိုက်သည်။ သူက ကစားခံလိုက်ရသည်။ ဝေ့ရှောင်းက ကျိုးရှင်းဖေးက ဆောင်းတွင်း လေ့ကျင့်ရေးစခန်းကို တက်ကြောင်း မသိထားချေ။ 


ဒီအကောင်က ပိုင်ချိုင်ကိုတောင် လာတွေ့ရဲတယ် ဟုတ်လား။ သူ့ကို ဘယ်သူက သတ္တိပေးလိုက်လဲ။ 


ဟမ့်… ဒါက လူနာတင်ယာဉ် ရှိနေလို့လား။ (ကျိုးရှင်းဖေးက အရမ်းကို သတ္တိကြီးလွန်းနေလို့ လူနာတင်ယာဉ် ကြိုခေါ်ထားတယ်) (အရိုက်ခံဖို့ ကြိုပြင်ထားတယ်လို့ ဆိုလိုတာပါ)


ဝေ့ရှောင်းက သူ့ဖုန်းကို ဖွင့်၍ ကလစ်ကလစ် နှိပ်လိုက်ရင်း ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်ကာ ရှေ့သို့ တက်သွားသည်။ 


“အိုး ဒါက နတ်ဘုရားကျိုးမဟုတ်ဘူးလား”


OD မှ လူသုံးယောက်က ခေါင်းကို လှည့်လျက် ကြည့်ရင်း ဝေ့ရှောင်းကို သတိထားမိသွားသည်။ 


ပိုင်ချိုင်၏ နှလုံးသားထဲတွင် ကွဲအက်သံက ပေါ်လာသည်။ ဝေ့ရှောင်း၏ လက်ရှိပုံစံက မနေ့ညက ပုံစံနှင့် တူနေသည်။ သူတို့က အခု လူငယ်လေ့ကျင့်ရေး စခန်းထဲမှာ မဟုတ်တော့ဘူးနော်။ ဝေ့ရှောင်းကသာ တစ်ယောက်ယောက်ကို ထိုးလိုက်ရင် သူ ကစားလို့ မရတော့ဘဲ အဘန်းခံရလိမ့်မယ်။ 


ပိုင်ချိုင်က စကားပြောရန် ပြင်လိုက်ရုံသာ ရှိသေးသည်။ ကျိုးရှင်းဖေး၏ စကားကို ကြားလိုက်ရသည်။ 


“ဝေ့ရှောင်းလား”


ဝေ့ရှောင်းက ရှေ့သို့ တက်လျက် အင်္ဂလိပ်လို ပြောသည်။ 


“မင်း ငါတို့ရဲ့ white အပေါ် တင်ထားတဲ့ တစ်သန်းကို ဘယ်အချိန် ပြန်ပေးမှာလဲ”


ထိုအခိုက် ထိုနေရာတွင် ရှိနေသော သူများက အံ့ဩသွားကြသည်။ ကျိုးရှင်းဖေးသည် သိသာစွာပင် ဝေ့ရှောင်းဟာ ပေါ်လာပြီးပြီးချင်း ထိုစကားကို ထုတ်ပြောလိမ့်မည်ဟု မထင်ထားမိချေ။ ထို့အပြင် သူက အင်္ဂလိပ်လို ချောမွေ့စွာ ပြောသွားခဲ့လေရာ အသင်းဖော်များကပင် နားလည်ကြသည်။ 


ကျိုးရှင်းဖေးက ပြန်ငြင်းသည်။ 


“ငါ ဘယ်တုန်းက အကြွေးတင်ထားလို့လဲ”


ဝေ့ရှောင်း “မင်းအနေနဲ့ ကိစ္စအများကြီးကို မှတ်ထားရလို့ ကိစ္စတချို့ကို မေ့တတ်တယ် ဆိုတာက ပုံမှန်ပါပဲ။ အရင်က မင်း သူ့ကို လှည့်ဖျားပြီး စာချုပ်ကို ဖျက်ခိုင်းသွားတာလေ။ အဲဒီနောက် လှည့်ထွက်ပြီး ဖုတ်ဖတ်ခါ ဖင်ခါပြီး ထွက်သွားခဲ့တာ မဟုတ်လား။ ဒီတော့ မင်း သူ့ကို အကြွေးတင်ထားတာ မဟုတ်ဘူးလား”


ကျိုးရှင်းဖေးသည် ချက်ချင်းလိုလို ပြန်လည်ခုခံသည်။ 


“ငါ ဘယ်အချိန်က သူ့ကို လှည့်ဖျားလို့လဲ။ သူ အဲဒီနောက် AEကို သွားတယ် မဟုတ်ဘူးလား”


ပိုင်ချိုင်သည် AEကို သွားခဲ့သည်။ သူသည် တစ်ပွဲမှ မကစားခဲ့ရချေ။ တစ်လလုံးလုံး အရံခုံပေါ် ထိုင်နေခဲ့ရပြီး ဒုတိယအသင်းထဲသို့ လွှင့်ပစ်ခံလိုက်ရကာ ကိုယ့်ကိုယ်ကိုယ်ပင် ခုခံခဲ့ရသည်။ 


ဝေ့ရှောင်းသည် သူ၏ ပေါက်ကရစကားများကိုပင် ကိုင်ကွယ် ဖြေရှင်းရန် ပျင်းလွန်းနေသဖြင့် လိုရင်းကိုသာ ပြောလိုက်သည်။ 


“ဒီလို ဆိုရင် ဘယ်လိုလဲ။ ငါတို့ အားလုံးက ပရိုကစားသမားတွေပဲ။ ငါတို့ တိုက်ခိုက်မယ် ဆိုရင် ကစားလို့ မရဘဲ အဘန်းခံရလိမ့်မယ်။ ဒီတော့ Training Match ဆိုရင်ရော ဘယ်လိုလဲ”


ကျိုးရှင်းဖေး “ဘာပဲဖြစ်ဖြစ်”


ဝေ့ရှောင်း “မင်း ရှုံးရင် ငါတို့ ဝှိုက်က အဲဒီတစ်သန်းတော့ ပြန်မလိုချင်ပါဘူး။ ဒီအတိုင်း မင်းအတွက် အခေါင်းဝယ်ဖို့ လက်ဆောင်အဖြစ် ပေးလိုက်မယ်။ ဒါပေမဲ့ မင်း ငါတို့ရဲ့ ဝှိုက်ကို ဦးညွှတ်ပြီးတော့ တောင်းပန်ရမယ်”


ကျိုးရှင်းဖေးက ဒေါသထွက်လွန်းသဖြင့် အော်ပြောသည်။ “ငါက ဘာလို့ အဲဒီလို လုပ်ရမှာလဲ။ ငါတို့ရဲ့ ODက မင်းတို့ FTW နဲ့ လေ့ကျင့်ရေး match ပွဲကို ဘာဆိုင်လို့ ကစားရမှာလဲ”


ဝေ့ရှောင်း၏ အသံက ဘာခံစားချက်မှ ရှိပုံမပေါ်ပေ။ 


“ဘာလို့လဲ ဆိုတော့ မင်းတို့ OD နိုင်ရင် မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် တန်ကြေးအနေနဲ့ နှစ်သန်း ထုတ်ပေးမှာ မို့လို့ပဲ”


စကားလုံးများကို အင်္ဂလိပ်လို ပြောခြင်း ဖြစ်သည်။ OD မှ တခြားသော သူများကလည်း အံ့ဩသွားကြသည်။ နှစ်သန်းသည် မနည်းပေ။ 


ပိုင်ချိုင်ကပင် ခေါင်းကို ဆတ်ခနဲ မော့ပြီး ဝေ့ရှောင်းကို ကြည့်သည်။ 


ဝေ့ရှောင်းက မျက်လုံးကို မှေးကျဉ်းလိုက်သည်။ 


“မင်း သဘောမတူရဲဘူးလား နတ်ဘုရားကျိုး၊ မင်းက ဘယ်လိုမျိုး ကျောရိုးမဲ့ရတာလဲ”


++++++