အခန်း (62) FTW ကိုသွား… မင်းသာ ငါ့အတွက် အထောက်အပံ့အဖြစ် ကစားပေးမယ် ဆိုရင် မင်း သူ့အတွက်လည်း သေချာပေါက် အထောက်အပံ့ အဖြစ် ကစားပေးနိုင်လိမ့်မယ်။
ကျိုးရှင်းဖေး၏ အမူအရာက အလွန် အကျည်းတန်သွားသည်။ ဝေ့ရှောင်းက သူ့အား ရွေးချယ်စရာ မရှိဘဲ တိုက်ခိုက်စေသော အခြေအနေမျိုးသို့ ရောက်အောင် တွန်းအားပေးနေခြင်း ဖြစ်သည်။
ကျိုးရှင်းဖေးသည်လည်း လွန်ခဲ့သော နှစ်ရက်အတွင်း မည်မျှ ကျော်ကြားနေကြောင်း သတိထားမိပြီးသား ဖြစ်သည်။
တရုတ်ပြိုင်ပွဲဝင် နယ်မြေတွင် အောက်သို့ ထိုးကျနေသော အသင်းတစ်သင်း အနေနှင့် သူတို့သည် အမှိုက်အသင်း အဖြစ် မကျရှုံးသွားရုံသာ မကသေးလေဘဲ သူတို့၏ Training Match အတွင်းတွင်ပင် ဝရုန်းသုန်းကား ဖြစ်အောင် မွှေနှောက်နိုင်နေသေးသည်။ ကျိုးရှင်းဖေး အနေနှင့် ထိုအခြေအနေကို အမှန်တကယ် လက်သင့်မခံလိုပေ။
အထူးသဖြင့် ပိုင်ချိုင်ဟာ FTW တွင် ရှိနေသေးချိန်တွင် ဖြစ်သည်။
လွန်ခဲ့သော နှစ်တွင် ကျိုးရှင်းဖေး အနေနှင့် ODတွင် အေးဆေးသော အချိန်များကို ပိုင်ဆိုင်ခဲ့သည်။ အထူးသဖြင့် သူ၏ ကိုယ်ပိုင် ပြဿနာများကို ထည့်မပြောလျှင်ပင် သူ၏ ကိုယ်ပိုင်အင်အားကလည်း သူ့အား ဥရောပ ပြိုင်ပွဲဇုံတွင် တည်ငြိမ်စွာ ရပ်နိုင်လောက်အောင် မလုံလောက်ချေ။ သူသည် လူသစ်ဖြစ်သည်။ သူသည် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ပြီး ရန်ကျန်းနှင့် ရှန့်ဟယ်တို့က တရုတ်များ ဖြစ်သည့်အတွက် နှစ်ယောက်လုံးက တရုတ်များ ဖြစ်သည့်အတွက် ဥရောပ ပြိုင်ပွဲဝင် နယ်မြေဇုံတွင် ထူးချွန်သော လုပ်ရပ်များကို လုပ်ပေးထားသော ကြောင့်သာ မဟုတ်လျှင် ODက သူ့ကို ရွေးချယ်ခဲ့လိမ့်မည် မဟုတ်ပေ။
ODသည် ဥရောပတွင် အင်အားအကြီးဆုံး အသင်းများထဲမှ မဟုတ်ချေ။ သို့သော် တရုတ်အသင်းများကိုမူ လမ်းအနည်းငယ် မျက်ခြေပြတ် ကျန်ရစ်လောက်အောင် ချန်ထားနိုင်စွမ်း ရှိနေသေးသည်။
ထို့ကြောင့် ကျိုးရှင်းဖေး အနေနှင့် တစ်နှစ်လုံးလုံး ခံစားပြီးမှသာ လွတ်လပ်မှု အချို့ကို လုပ်နိုင်ခဲ့သည်။ သူသည် မူလကမူ လေ့ကျင့်ရေးစခန်းမှ သူ၏ မိတ်ဆွေဟောင်းကို ကြွားဝါပြလိုသည်။ သို့ရာတွင် ပိုင်ချိုင်က သူ၏ တောက်ပမှုများကို ခိုးယူသွားလိမ့်မည်ဟု မထင်ထားမိပေ။
ဆောင်းတွင်းလေ့ကျင့်ရေး စခန်းတစ်ခုလုံးက FTW အကြောင်း ဆွေးနွေးနေကြသည်။ OD၏ နည်းပြTeam ကပင် သူ့ဆီ လာရောက်ကာ အခြေအနေကို မေးမြန်းသေးသည်။
ကျိုးရှင်းဖေးသည် ကိစ္စများကို ကိုင်တွယ်ရာတွင် တော်သည်။ သူသည် အလွန်သင့်လျော်သော တုံ့ပြန်စကားကိုပင် ပြောနိုင်ခဲ့သေးသည်။ သူသည် ပိုင်ချိုင်ဟာ ယခင်က သူ၏ အသင်းဖော် ဖြစ်ခဲ့ကြောင်း ပြောခဲ့ပြီး လိုအပ်လျှင် Training Match ကိုပင် စီစဉ်ပေးနိုင်ကြောင်း ပြောလိုက်သေးသည်။
ဥရောပ ပြိုင်ပွဲဝင် နယ်မြေဇုံက တရုတ်အသင်းများကို အထင်သေးကြောင်း သူ သိသည်။ ထို့ကြောင့် သူတို့သည်လည်း Training Match ကို လိုချင်လိမ့်မည် မဟုတ်ပေ။ အထူးသဖြင့် ကျိုးရှင်းဖေးသည် လူသစ်ဖြစ်နေသည်။ ပိုင်ချိုင်ကသာ သူ၏အသင်းဖော် ဆိုလျှင် တစ်ဖက်လူက လူသစ် ဖြစ်ရပေမည်။
FTW တွင် Close ကလွဲပြီး လူတိုင်းသည် လူသစ်ဖြစ်သည်။ ထို့ကြောင့် သူတို့က မည်မျှပင် အော်ဟစ်ကာ ကြွားဝါနေစေကာမူ မျက်ကန်းခုန်ပေါက်ပြီး လျှောက်ပြေးနေရုံသာ ဖြစ်ပေလိမ့်မည်။
ဒါက ကျိုးရှင်းဖေး ရည်ရွယ်ချက် ရှိရှိဖြင့် ပေးထားသော ထင်မြင်ချက် ဖြစ်သည်။ သေချာစွာပင် နည်းပြကလည်း စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီး ဆက်မပြောတော့ပေ။
ကျိုးရှင်းဖေး၏ နှလုံးသားထဲတွင် သည်းမခံနိုင်သော မီးတောက်က တောက်လောင်လာသည်မှာ မြင့်သထက် မြင့်လာသည်။ ယနေ့တွင် မမျှော်လင့်ထားဘဲ ပိုင်ချိုင်နှင့် စားသောက်ခန်းတွင် တိုးသည်။ ထို့ကြောင့် တစ်ခဏပင် မထိန်းနိုင်ခဲ့ပေ။
ဘာလို့ ပိုင်ချိုင်က ဒီလောက်တောင် ကံကောင်းနေရတာလဲ။
သူက AEမှာ တစ်လ နေခဲ့ပြီးနောက်မှာ FTW က သူ့ကို ကောက်ရွေးသွားတာ။ ဘယ်လောက် ကောင်းလိုက်သလဲ။
FTW က ဒီနှစ် တအားကို ခြားနားလာတာ။ ဒီပိုင်ချိုင်က ဟမ့်… ပြန်ပြီး Come Back လုပ်နိုင်တော့မှာလား။ (ပြန်တောက်ပလာ)
ကျိုးရှင်းဖေးသည် သူ အတိတ်က လုပ်ခဲ့သမျှက မှားယွင်းသည်ဟု အမှန်တကယ် မခံစားခဲ့ရပေ။ လူသားတွေက ရှေ့ဆက်ဖို့ ရုန်းကန်ရတယ်။ ရေတွေက အောက်ကိုစီးတယ်။
သူက ဘာလို့ ပိုကြီးတဲ့ အနာဂတ်ကို ကြည့်ပြီး ရှေ့တက်ဖို့ အခွင့်အရေး ရနေတဲ့အချိန်မှာ တိုင်းပြည်မှာပဲ ဆက်နေနေရမှာလဲ။ တခြားကိစ္စတွေသာ မရှိဘူးဆိုရင် သူ ODမှာ Season တစ်ခု နှစ်ခုလောက် နေပြီးတဲ့နောက် သူက အိမ်ကို ပြန်ပြီး အဆင့်မြင့်ကစားသမားအဖြစ် ကစားလို့ ရနေပြီလေ။ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကြီးက ရှိနေတာ၊ ဘာလို့ မသွားရမှာလဲ။ သူက အရူးမို့လို့လား။
သူ လူငယ်လေ့ကျင့်ရေး စခန်းမှာတုန်းက ပိုင်ချိုင်က သူ့ကို ကူညီပေးတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီအတွက်ကြောင့်နဲ့ သူ့အနာဂတ်ကို လက်လျော့ဖို့ကတော့ မတန်သေးဘူးလေ။
62 02
ထို့အပြင် သူသည် ပိုင်ချိုင်အား စာချုပ်ဖျက်အောင် အတင်း တွန်းအားပေးခဲ့ခြင်း မဟုတ်ချေ။ ဟော်ရိုသည် အမှိုက်အသင်း ဖြစ်သည်။ သူတို့သည် နောက်နှစ်လောက်ဆိုလျှင် အဖွဲ့ဖျက်လောက်သည်။ ပိုင်ချိုင်က ထိုနေရာမှ စောစောထွက်လာခြင်းက ကောင်းမွန် နေသေးလေသည်။
ပိုင်ချိုင်ကသာ အဲဒီအချိန်က စာချုပ် မဖျက်ခဲ့ရင် အခုလို FTWဆီကို သွားပြီး ကောင်းကောင်းမွန်မွန် စားသောက်နေနိုင်မှာလား။
ကျိုးရှင်းဖေးက တွေးလေလေ သူ့လုပ်ရပ်က မမှားဟု ခံစားရလေလေ ဖြစ်သည်။ သူသည် ပိုင်ချိုင်ကသာ သူ့ကို တိုက်ခိုက်ခဲ့သည်ဟုပင် ခံစားလိုက်ရသေးသည်။
ဒါက ဒီအတိုင်း အတိတ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေပဲ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်အထိ အရေးပါသလို လုပ်ပြနေရတာလဲ။
ကျိုးရှင်းဖေး “Training Match က ငါ ဆုံးဖြတ်နိုင်တဲ့ အရာ မဟုတ်တဲ့အတွက်…”
သူသည် ထို Training Match ကို အမှန်တကယ် မကစားလိုပေ။ သူ၏ လက်ရှိအနေအထားအရ ဒါက အရင်းအနှီး ကြီးလွန်း အားကြီးနေသည်။ ထို့အပြင် သူ့အနေဖြင့် ODတွင် မတ်မတ် ရပ်နိုင်ရန် မလွယ်ကူခဲ့သေးချေ။ ထို့ကြောင့် သူက အရင်းအနှီးများကို မခံနိုင်သေးချေ။
တစ်ယောက်က ပြောသည်။ “ကျိုး လုပ်လိုက်”
ကျိုးရှင်းဖေးက ကြောင်သွားသည်။
ဝေ့ရှောင်း၏ မျက်လုံးထဲတွင် လှောင်ရယ်လိုသော အလင်းက ဖြတ်ပြေးသွားသည်။ ကျိုးရှင်းဖေးကလည်း မြင်လိုက်၏။ သူသည်လည်း ထောင်ချောက်ထဲ ကျသွားကြောင်း သိလိုက်သည်။
ODမှ ကစားသမားက ပြောသည်။
“ဘာများ ကြောက်စရာ ရှိလဲ။ ငါတို့က ရှုံးဖို့ ဖြစ်နိုင်လို့လား”
နှစ်သန်းဆိုသော ငါးစာက ဆွဲဆောင်မှု ပြင်းလွန်းသည်။ မည်သူကြားကြား စိတ်လှုပ်ရှားပေလိမ့်မည်။
ကျိုးရှင်းဖေးက အသင်းဖော်များကို ရှင်းပြသည်။ “ဒါပေမဲ့ ငါက သူ့ကို ပိုက်ဆံရှုံးအောင် လှည့်ဖျားခဲ့တာ မဟုတ်ဘူးလေ။ ငါက ဘာလို့ တောင်းပန်ရမှာလဲ”
OD အသင်းဖော်များက အံ့ဩသွားသည်။ “ငါတို့ မကစားရသေးခင် ရှုံးမယ် ဆိုပြီး မင်းက ဘယ်လိုများ ဆုံးဖြတ်လိုက်တာလဲ”
ကျိုးရှင်းဖေး “…”
ယခင်အသင်းဖော်များ၏ လူလို မဆက်ဆံခဲ့သော သူ အနေဖြင့် သူ၏ လက်ရှိ အသင်းဖော်များက လူလို ဆက်ဆံမည်ဟု မမျှော်လင့်ထားသင့်ပေ။ တောင်းပန်စကားသည် နှစ်သန်းဆိုသော လောင်းကြေးနှင့် ယှဉ်သော် မည်သို့မျှ အချိုးမကျပေ။ တခြားသော ODမှ အသင်းဖော်များ၏ အမြင်တွင် Training Match သည် ရှုံးသွားမည် ဆိုလျှင်ပင် ထူးထူးခြားခြား ခံစားရမည် မဟုတ်သည့်အပြင် နိုင်သွားမည် ဆိုလျှင် နှစ်သန်း အလကားရအုံးမည့် ပွဲစဉ် ဖြစ်လေရာ သေချာပေါက် ကစားသင့်ပေသည်။
ကျိုးရှင်းဖေးသည် နောက်ဆုတ်၍ မရနိုင်သော အနေအထားမျိုးတွင် ရှိနေခဲ့သည်။ တခြားသော အသင်းဖော်များကလည်း သူ့ကို မကျေနပ် ဖြစ်လာကြသည်။
“ကျိုး မင်း ငါတို့ကို မယုံဘူးလား”
စကားလုံးများက လေးလံသည်။ ကျိုးရှင်းဖေး အနေဖြင့် Season တစ်ခုပင် မစသေးခင် အသင်းဖော်များနှင့် ကတောက်ကဆ မဖြစ်လိုပေ။ ထို့ကြောင့် အတတ်နိုင်ဆုံး ခုခံရန် ကြိုးစားသည်။
“ငါက ဒီအတိုင်း မမျှတတဲ့ ပွဲက အနိုင်ရလည်း ဂုဏ်သိက္ခာတိုးတက်အောင် မလုပ်ပေးနိုင်ဘူးလို့ ခံစားမိရုံပါပဲ”
သူ၏ အသင်းဖော်က ပြောသည်။
“အင်အားကို သုံးပြီး နိုင်တဲ့ ဘယ်ဂိမ်းမဆို မျှတတယ်”
ဝေ့ရှောင်းကလည်း အခြေအနေက သူ လိုချင်သည့်အတိုင်း ဖြစ်လာကြောင်း နားလည်လိုက်သဖြင့် ဝင်ပြောလိုက်သည်။
“နတ်ဘုရားကျိုးက တွေးဖို့ အကြောင်းအရာတွေ အများကြီး ရှိနေမယ် ဆိုရင်လည်း ငါတို့ ဒီအတိုင်း ရပ်လိုက်ရင် ရော ဘယ်လိုလဲ”
ကျိုးရှင်းဖေးက သူ့ကို သတိအပြည့်ကပ်ကာ ကြည့်သည်။ ဝေ့ရှောင်းက ဆက်ပြောသည်။
“Free Matching က စတော့မယ်။ ငါတို့က Score Board ပေါ် အတူတူ တက်ကြမယ်လေ။ FTW က ထိပ်ဆုံးကို ရောက်သွားရင် ငါတို့က ODကို ရွေးမယ်။ ODက ထိပ်ဆုံးနေရာကို ရောက်သွားရင်လည်း FTW ကို ရွေးပေါ့”
ကျိုးရှင်းဖေးက တောင့်ခဲသွားသည်။ ဝေ့ရှောင်းသည် နောက်တစ်လှမ်း ဆုတ်သလို ပြောနေခဲ့ခြင်း ဖြစ်သော်လည်း သူ့ကို လွတ်လမ်းပေးနေပုံ မပေါ်ပေ။ FTWက တကယ်ပဲ ထိပ်ဆုံး သုံးနေရာကို ရောက်မှာလား။
62 03
ဒီကောင်စုတ်လေးက တကယ်ပြောရဲတာပဲ။ FTWက မနေ့က နံပါတ်(၇) နေရာမှာ ရှိနေတာကို လူတိုင်း သိတယ်။
မနေ့က Free Matching ၏ ပထမနေ့ ဆိုကတည်းက အခြေအနေကို စောင့်ကြည့်နေသော အသင်းများက အလွန်များသည်။ သူတို့သည် ရမှတ်များကို အလျင်စလို မယူခဲ့ကြဘဲ တခြားအသင်းများ၏ အခြေအနေကို အရင်ဆုံး စောင့်ကြည့်ပြီးမှသာ အနာဂတ်တွင် အထူးရမှတ်ကို လုယူရန် ဆုံးဖြတ်ချက် ချထားကြခြင်းဖြစ်သည်။
သို့ရာတွင် FTWက ထိုသို့ မဟုတ်ပေ။
ကျိုးရှင်းဖေးသည်လည်း သူတို့၏ တိုက်ပွဲမှတ်တမ်းများကို မြင်ထားသည်။ အသင်း၏ ၂+၂+၁ ဆိုသော ပေါင်းခြင်းသည် အနိုင်အမှတ်များကိုသာ မူတည်ထားကြောင်း ရှင်းလင်းလွန်းနေခဲ့သည်။
ကျိုးရှင်းဖေး အနေဖြင့် သူတို့၏ Match ပွဲတိုင်းကို ပြီးအောင် မကြည့်ရသော်လည်း ကျပန်းဂိမ်းတစ်ပွဲကို ကောက်နှုတ်ကြည့်ခဲ့ပြီးနောက် သူတို့သည် အလွန်အမင်း အလေးအနက် ထားကာ ကစားခဲ့ကြောင်း ပြောနိုင်သည်။
FTWက ရမှတ်တွေကို ဒီလောက် အလေးအနက် ထားထားတာတောင် သူတို့ ဆိုးဆိုးရွားရွား ရှုံးသွားသေးတာပဲ။ ဒီလို Skill လောက်နဲ့ ဒီနေ့ ထိပ်ဆုံးသုံးနေရာကို ဝင်နိုင်မှာလား။
ODမှ ကစားသမားများက မနေနိုင်တော့ချေ။
“ကျိုး မစိုးရိမ်နဲ့ ငါတို့ သေချာပေါက် နိုင်မှာ တစ်စုံတစ်ယောက်က အပြေးလာပြီး ပိုက်ဆံပေးနေတာ ဒါကို မယူရင် ရူးနေလို့ပဲ”
ကျိုးရှင်းဖေးသည် လွတ်လမ်း မရှိတော့ချေ။ သူသည်လည်း Training Matchက နည်းပြအသင်းက ဆုံးဖြတ်သင့်သော အရာဖြစ်ကြောင်း ပြောလိုသေးသည်။ သူက ကစားသမားတစ်ဦး ဖြစ်နေကတည်းက ဆုံးဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ယခုအနေအထားအရ သည်ငြင်းခုန်မှုက ဝေ့ရှောင်းက Score Board (ရမှတ်စာရင်းဘုတ်) အကြောင်း ပြောလာသည်နှင့် အနိုင်ရသွားပြီ ဖြစ်သွားသည်။
ထို့အပြင် FTWက ထိပ်ဆုံး သုံးနေရာသို့ ဝင်မည်ဟုလည်း မယုံကြည်ပါပေ။
ကျိုးရှင်းဖေးက ဝေ့ရှောင်းကို စိုက်ကြည့်သည်။
“မင်းတို့တွေတောင် ချိန်းရဲတယ် ဆိုမှတော့ ငါတို့ကလည်း ကစားရဲတာပေါ့”
ဝေ့ရှောင်းက နောက်မဆုတ်သွားပေ။
“မင်း ရှုံးရင် သူ့ကို စာချုပ်ဖျက်အောင် လှည့်ဖျားခဲ့တဲ့အတွက် ဝှိုက်ကို တောင်းပန်ရမယ်”
ကျိုးရှင်းဖေးက မူလကမူ ပိုင်ချိုင်ကို မလှည့်စားခဲ့ကြောင်း ဆက်လက်ပြီး ရှင်းပြချင်သေးသည်။ သို့သော် သူကသာ ဆက်လက်ပြီး အခြေအနေကို တွန်းပို့နေမည် ဆိုလျှင် ဤနေရာတွင် ရှိသူများနှင့် သူ၏ အသင်းဖော်များက ပေါက်ကွဲလာလောက်ကြောင်း ခံစားမိသဖြင့် တိုက်ရိုက်သာ ဖြေလိုက်သည်။
“ကောင်းပြီ”
OD Teamber “မင်းရှုံးသွားရင် ဘာလုပ်မလဲ”
ဝေ့ရှောင်း “မင်းတို့ကို လစာအနေနဲ့ နှစ်သန်းပေးမယ်လေ ငါ အပြည့်ချေမှာ”
OD မှ လူများ ထွက်သွားပြီးနောက် ပိုင်ချိုင်က ဝေ့ရှောင်း၏ လက်မောင်းကို လှမ်းဆွဲသည်။
“မင်း ရူးသွားပြီလား။ ဘယ်လို ဖြစ်ပြီး ဒါက ဒီလိုတွေ ဖြစ်လာရတာလဲ။ တောင်းပန်တာလေး ခံရဖို့အတွက်နဲ့ နှစ်သန်းတောင် ထည့်လိုက်တယ် ဟုတ်လား… သောက်ကျိုးနည်း အမေ…”
ဝေ့ရှောင်း “ငါ ဒီလိုမှ မလုပ်ရင် ဒီအရူးကောင်တွေက ငါးစာဟပ်မှာလား”
ပိုင်ချိုင်က အလွန်စိုးရိမ်စိတ် များနေသည်။ “ငါ သောက်ကျိုးနည်း ဒီကောင့် တောင်းပန်တာကို ငါ လိုလို့လား”
ဝေ့ရှောင်းက သူ့ကို ကြည့်သည်။ သူ့မျက်လုံးများက ကြည်လင်ကာ လေးနက်သည်။
အမြဲတစေ စပ်ဖြီးဖြီး ရယ်နေတတ်သော ချောမောလွန်းသော ရုပ်သွင်နှင့် လူငယ်၏ ပုံစံက အလွန်အမင်း အေးစက်သွားသည်။ သူ ထုတ်လွှတ်သော အရောင်အဝါက Close ကိုပင် ယှည်နိုင်သည်။
ဝေ့ရှောင်း “FTW ကြောင့်သာ မဟုတ်ရင် ငါ ဒီကောင့်ကို ဆေးရုံ ပို့ပြီးပြီ”
ပိုင်ချိုင်က စိတ်ထဲတွင် အံ့ဩနေသည်။ ချောရည်လိုမျိုး ပွက်ပွက်ဆူကာ တောက်လောင်နေသော အပူလှိုင်းတစ်ရပ်က သူ့ရင်ဘတ်အတွင်း တရိပ်ရိပ် ပြည့်လာကာ လေးလံလာသည်မှာ စကားပြောရန်ပင် ခက်ခဲလာသည်။
အတိတ်က ဖြစ်ခဲ့တာတွေက…
ပိုင်ချိုင်သည်လည်း သူ ထိုအရာကို လွတ်ချ နိုင်ပြီဟု တွေးခဲ့သည်။
ဘာလို့ သူ့ နှလုံးသားထဲမှာ ဒီမျက်လုံးဖြူနဲ့ ဝံပုလွေကောင်ကို ထည့်ထားရတာလဲ။
သို့ရာတွင် အမှန်အတိုင်း ဆိုရသော် လူတို့၏ နှလုံးသားက နူးညံ့သည်။ တစ်ချိန် အကုပ်ခံရပြီးသည်နှင့် သက်သာရန် အချိန် အကြာကြီဲး လိုအပ်လေသည်။
2019တွင် ပိုင်ချိုင်က (၁၈)နှစ်သာ ရှိသေးသည်။ သူသည် ဝေ့ရှောင်းနောက်သို့ လိုက်ပြီး သွေးပူလွန်းသည့် eSport၏ ပြင်းထန်သော စိတ်အားထက်သန်မှုကို အတွေ့အကြုံ ရခဲ့သည်။ ထို့ကြောင့် ကူကယ်ရာမဲ့နေသော အနေအထားမျိုးနှင့် ကျိုးရှင်းဖေးနှင့် ဆုံတွေ့သောအခါ… ပြီးလျှင် ဟော်ရို၏ အေးစက်သော ကြိုဆိုမှုကို ခံရဖူးသောအခါ…
ပိုင်ချိုင်ကလည်း သူသည် အသင်းဖော်တစ်ယောက်ကို တွေ့ပြီဟု တွေးခဲ့သည်။ ဝေ့ရှောင်းကဲ့သို့ ယုံကြည်ပြီး နောက်မှ လိုက်ရန် ထိုက်တန်သော လူတစ်ယောက်ကို တွေ့ရပြီဟု ယုံကြည်ခဲ့သည်။
ကံဆိုးသည်မှာ ကျိုးရှင်းဖေးက ဝေ့ရှောင်းနှင့် ခြားနားသည်။ ဝေ့ရှောင်းသည် အလွန်တက်ကြွပြီး အားပေးနိုင်စွမ်း အပြည့်ရှိသည်။ ထိုအချိန်က လူငယ်လေ့ကျင့်ရေးစခန်းတွင် ဖြစ်နေခဲ့သေးသည့် တိုင်အောင် ပိုင်ချိုင်ကမူ တစ်ဖက်သူ လူငယ်တစ်ယောက်ထံမှ သူ့အိပ်မက်နောက်သို့ အပြေးလိုက်နေသော ဆွဲဆောင်မှုတစ်မျိုးကို ခံစားမိသည်။
62 04
ကျိုးရှင်းဖေးသည် စကားပြောစွမ်းရည် ကောင်းသည်။ လူသား ရောင်းစားနိုင်၏။ သူသည် အိပ်မက်များနောက်သို့ လိုက်မည်ဟု ပြောသည်။ သို့သော် အမှန်အတိုင်း ဆိုရသော် တစ်ကိုယ်ကောင်း ဆန်သွားသည်။
ပိုင်ချိုင်သည် ယွမ်တစ်သန်း သုံးပြီး စာချုပ်ကို ဖျက်လိုက်သည်။ သူသည် စုဆောင်းထားသမျှ အရာအားလုံး ထည့်ခဲ့ရုံသာမက သူ၏ မျှော်လင့်ချက်နှင့် အိပ်မက်များ အားလုံးကိုပင် လောင်းကြေး ထပ်ခဲ့ရသည်။
ကျိုးရှင်းဖေးကမူ အေးဆေးပေါ့ပါးစွာနှင့် သူ့ကို လွတ်လွတ်လပ်လပ် စွန့်ပစ်သွားသည်။ သူကိုယ်တိုင်ကမူ မထွက်သွားခင် ဖနောင့်ဖြင့်ပင် ပေါက်သွားခဲ့သေးသည်။
သူသည် ပိုင်ချိုင်၏ မျှော်လင့်ချက်များ အားလုံးကို ချေမွသွားပြီး ပိုင်ချိုင်၏ ဘဝကို ကျိုးကြေအောင် လုပ်လုနီးပါး ဖြစ်စေခဲ့သည်။
အဲဒီအချိန်က ပိုင်ချိုင် ဘယ်လောက် ခက်ခဲခဲ့လဲ။ သူ့မှာ ပိုက်ဆံလည်း မရှိဘူး။ ဘယ်Team မှာမှလည်း မရှိနေဘူး။ သူ AE ကို ဝင်မလို့ပါပဲ။ ဒါပေမဲ့ အဲဒီကို ဝင်လိုက်ဖို့တောင် တရားဝင် စာချုပ်က မရှိဘူး။ သူ အေးစက်စက် အကြည့်တွေ၊ လှောင်ရယ်မှုတွေကိုပဲ ကြုံရတာ။ အဲဒီအချိန်က (၁၈)နှစ် အရွယ် လူငယ်လေး တစ်ယောက် အနေနဲ့ ဦးတည်ရာမဲ့တဲ့ လမ်းတွေကို လျှောက်ပြီး ဘယ်လိုတောင် ကျော်ဖြတ်ခဲ့ရသလဲ။
ပိုင်ချိုင်သည် ထိုအချိန်က အမှန်တကယ် လက်လျော့ချင်ခဲ့သည်။ သူသည် ပစ္စည်းများကို သိမ်းပြီး အိမ်သို့ ပြန်ချင်ခဲ့သည်။ သူ လယ်ပဲ စိုက်ရစိုက်ရ၊ အလုပ်ပဲ လုပ်ရ လုပ်ရ အဆင်ပြေသည်။ ထို့အပြင် ထိုအချိန်က သူသည် အထက်တန်းကျောင်းမှ ဘွဲ့ပင် မရသေးချေ။ ထို့အတွက်ကြောင့် သူ့အနာဂတ် ဦးတည်ရာကလည်း ပျောက်နေသည်။ သူသည် ဒီအတိုင်း ကိုယ့်ကိုယ်ကိုယ် မငတ်ရုံတမည် ကျွေးနိုင်ရုံသာ ကြိုးစားနိုင်လောက်၏။
သို့သော် ဝေ့ရှောင်းကသာ သူ့ကို ဆက်နေအောင် အားပေးခဲ့သူ ဖြစ်သည်။ ဝေ့ရှောင်းသည် အင်အား အလွန်စိုက်ထုတ်ပြီး အခြေအနေ တစ်ရပ်လုံး၏ အကျိုးအပြစ်ကို နားလည်အောင် ပြောပေးခဲ့သည်။ ထို့အပြင် ဝေ့ရှောင်းသည် ထိုစဉ်က ကျိုးရှင်းဖေးကိုပင် သွားရှာချင်ခဲ့သေးသည်။ ကံဆိုးသည်မှာ ထိုအမှိုက်ကောင်က ပြည်ပသို့ ထွက်သွားသည်။ ပို၍ ဆိုးသည်မှာ သူ့ကို သွားရှာ၍လည်း အသုံးမဝင်ပေ။ သူသည် ထိုအကောင်ကို ရိုက်နှက်ပြီး ဒေါသဖြေနိုင်သည်။ သို့သော် ဘာကိုမှ မဖြေရှင်းနိုင်ပေ။
ဝေ့ရှောင်းက သူ့ကို ထိုအချိန်က အကြံပေးခဲ့သည်။
“FTWကို သွား”
ပိုင်ချိုင်က ပဲပိစပ်လေးကို ဖက်ရင်း ခါးသီးစွာ ပြုံးသည်။
“FTWက ဆုတ်ယုတ်နေပြီ ဆိုရင်တောင်မှ သူတို့က တိုင်းပြည်ထဲမှာ အင်အားကြီးမားတဲ့ အသင်းပဲ။ ဘာလို့ ငါ့လိုမျိုး ဘာအောင်မြင်မှုမှ မရှိတဲ့ ကစားသမားတစ်ယောက်ကို လိုချင်မှာလဲ”
ဝေ့ရှောင်း၏ နှလုံးသားက ခိုင်မာသော ယုံကြည်မှုအပြည့်နှင့် ဖြစ်သည်။
“မင်း Close ကို သွားရှာလိုက် မင်း သူ့အတွက် အထောက်အပံ့ အဖြစ် ကစားပေးနိုင်တယ်လို့ ပြောလိုက်”
ပိုင်ချိုင်က ကြောင်သွားသည်။
ဝေ့ရှောင်း “မင်းက ငါ့အတွက် အထောက်အပံ့အဖြစ် ကစားပေးနိုင်ရင် သူ့အတွက်လည်း သေချာပေါက် ကစားပေးနိုင်မှာပဲ”
ပိုင်ချိုင်၏ ဦးခေါင်းက ကျိန်းသက်သွားသည်။ သူ၏လက်ကလည်း တုန်ယင်သွားသည်။
“ဒါမှ…”
ဝေ့ရှောင်းက စကားတစ်ခွန်းတည်းဖြင့် သူ၏ စိတ်အားထက်သန်မှုကို လောင်မြိုက်စေသည်။
“မင်းက ဘာကို ကြောက်နေတာလဲ။ အိမ်ပြန်ပြီး ဝက်မွေးမလို့လား။ ဟင့်… အဲဒီဝက်မွေးတာက တစ်ဘဝလုံး ခံမှာလား”
ပိုင်ချိုင် “…”
ဝေ့ရှောင်းက သူ့ကို ဆွဲထူပြီး အင်တာနက်ကဖေးသို့ ဆွဲခေါ်သွားသည်။ ထို့နောက် နှစ်ယောက်အတူ ဝင်တိုးသည်။ နှစ်ယောက် အတူ ဝင်တိုးသည်။
++++++