အပိုင်း 63
ဝေ့ရှောင်းသည် Close က မကြာခဏ အသုံးပြုလေ့ ရှိသည်။ ဂျန်ဂလာ စွမ်းရည်တိုင်းကို အခြေခံအားဖြင့် မကြာခဏ ထုတ်သုံးနိုင်စွမ်း ရှိသည်။ သူသည် Close ၏ ကစားသော ပုံစံအတိုင်း ဂျန်ဂလာအဖြစ် ကစားနိုင်၏။ ဤနည်းအားဖြင့် ပိုင်ချိုင်အား ကျင့်သားရပြီး ကျွမ်းဝင်လာအောင် လုပ်ပေးသည်။ ထိုသို့ဖြင့် တစ်ရက် နှစ်ရက်… သုံးရက်…
ဝေ့ရှောင်းသည် သူ့ကို ကူညီကာ သူ၏လက် ခံစားချက်ကို ရှာပေးရုံသာ မကသေးလေဘဲ ဟန်ချက်နှင့် ဦးတည်ရာကိုပင် ရအောင် ကူညီပေးသည်။
တစ်ပတ်ခန့် ကြာပြီးနောက် ဝေ့ရှောင်းက ယုံကြည်မှု အပြည့် ရှိလာသည်။
“သွား… လောင်ပိုင် Close က မင်းကို သေချာပေါက် သဘောကျပြီး လက်လွှတ်မှာ မဟုတ်ဘူး”
ပိုင်ချိုင်ကပင် သဘောကျပြီး ရယ်သည်။
“ထွက်သွားစမ်း… ဘာပေါက်ကရတွေ ပြောနေတာလဲ”
ဝေ့ရှောင်းက တွေးကြည့်သည်။ ပြီးနောက် သူ့ကို ပြန်ငြင်းသည်။
“မဟာမိစ္ဆာဘုရင်ကြီးရဲ့ မျက်နှာက အေးစက်တယ် ဆိုပြီးတော့ အကဲမဖြတ်လိုက်နဲ့ ပြောရမယ် ဆိုရင်တော့ သူက တကယ့်ကို ကောင်းလွန်းတဲ့လူ။ သင့်တော်တဲ့ အမျိုးသမီးတွေ ဆိုရင် ဖမ်းဆွဲထားခံရမှာကို ကြောက်ကြတယ်။ သူကသာ မင်းနဲ့ Double မကစားချင်ဘူးဆိုရင် FTW ရဲ့ စခန်းက ကြမ်းပြင်မှာ တဲထိုးပြီး မထွက်သွားဘူးလို့ ပြောလိုက်”
ပိုင်ချိုင် “ထွက်သွား ထွက်သွား…”
မူလကမူ သူ အနည်းငယ် ထိတ်လန့်နေခဲ့သေးသည်။ ဝေ့ရှောင်းကြောင့် မွှေနှောက်ခံရပြီးနောက်တွင် မထိတ်လန့်တော့ချေ။
ထိုသို့ဖြင့် သူသည် FTWကို သွားသည်။
သူသည် ‘Close ငါမင်းရဲ့ အထောက်အပံ့ ကစားသမား ဖြစ်ချင်တယ်’ ဆိုသော စကားကို ပြောရန် တည်ရှိလိမ့်မည်ဟု အိပ်မက်ပင် မမက်ရဲချေ။ သို့သော် Close က သူ့ကို အခွင့်အရေးတစ်ခု ပေးခဲ့သည်။ ပိုင်ချိုင်က လုပ်နိုင်ခဲ့၏။
2020တွင် သူသည် FTWကို အဖော်ပြုပြီး ပြည်တွင်းတွင် ချန်ပီယံရှစ် ရအောင် ယူပေးနိုင်ခဲ့သည်။ ပြည်တွင်းတွင် တရုတ်ပြည်မှ အထောက်အပံ့ ကစားသမား ချန်ပီယံ ဖြစ်လာသည်။
ပိုင်ချိုင်က အတိတ်အကြောင်း ပြန်တွေးသောအခါ သူ့နှလုံးသားထဲတွင် ခံစားချက်များက ရှုပ်ထွေးသွားသည်။
ဘာလို့ ဒီမတူတဲ့ လူတွေ ကြားက ခြားနားချက်က ဒီလောက် ကြီးရတာလဲ။ ကျိုးရှင်းဖေးက လူတွေကို မြင်တာနဲ့ အော်ဂလီဆန် (အန်ချင်)စေတယ်။ ဝေ့ရှောင်းကတော့ လူတွေကို ဘဝအသစ်ကို ခံစားမိစေတယ်။
ပိုင်ချိုင်က သက်ပြင်းချသည်။
“မင်းကို ခွေးက လာကိုက်ရင် ပြန်ကိုက်ဖို့ လိုလို့လား”
ဝေ့ရှောင်း “ဒီကိစ္စက ဖြေရှင်းပြီးသင့်တာ ကြာပြီ”
ပိုင်ချိုင်က စိုးရိမ်နေသေးသည်။ “တကယ်လို့ မင်း Training match ကို လိုချင်ရင် သီးသန့် လုပ်လို့ ရတာပဲ ဘာလို့ အမှတ်တွေ စုစည်းပြီး ပြိုင်ရမှာလဲ”
ညနေတိုင်းလိုလို Training Match သုံးပွဲသာ ကစားနိုင်ပြီး အမှတ်များကို စုစည်းပြီး ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူ ဒက်ဒီများအတွက် ပိုက်ဆံရှာပေးသော Live Stream နှင့် ဖြစ်သည်။
ဝေ့ရှောင်း၏ အသံက တည်ငြိမ်နေသည်။
“ငါ သူ့ကို မင်းကို အများရှေ့မှာ တောင်းပန်စေချင်တယ်”
ရိုးရှင်းသော တောင်းပန်သည် ဆိုသော စကားက ဘာမှမဟုတ်ပေ။ သူသည် ကျိုးရှင်းဖေးအား အသင်းဆယ့်ရှစ်သင်းလုံး၏ အရှေ့၊ Live Stream ကင်မရာ၏ အရှေ့၊ ကြည့်ရှုသူများ အားလုံး၏ အရှေ့တွင် ပိုင်ချိုင်ကို တောင်းပန်စေလိုသည်။
အတိတ်က ဖြစ်ရပ်သည် ပြီးဆုံးခဲ့ပြီးသည်မှာ ကြာခဲ့ပြီးသည့်တိုင်အောင် မည်သူကမျှ မသိလောက်တော့သည့်တိုင် သူကမူ ကျိုးရှင်းဖေးအား သူ လုပ်ခဲ့သည့် ကိစ္စကို ပြန်ပေးဆပ်စေလိုသေးသည်။
ပိုင်ချိုင်၏ နှလုံးသားက ပူတက်ကာ ပွက်ပွက်ဆူလာသည်။ သူ၏ နှာခေါင်းထိပ်ကပင် အနည်းငယ် ယားယံလာသည်။
63 02
“သွားစမ်း…” ဒီခွေးကောင်က သူ့ကို တကယ် ငိုချင်အောင် လုပ်နေတယ်။
ထို့နောက် အလျင်စလို ပြေးလာသော ခြေလှမ်သံများကို ကြားရသည်။ နင်ကျဲဟန်နှင့် ယွဲ့ဝမ်လဲ့တို့က အသားကုန် ပြေးလာပြီး အငမ်းမရ အသက်ရှုနေသည်။
နင်ကျဲဟန် “ကော ကော ပိုင်ကော အဆင်ပြေရဲ့လား”
သူသည် အလျင်စလို ပြေးလာသည့် အချိန်တွင်ပင် ပိုင်ချိုင်၏ နီရဲနေသော မျက်လုံးများကို တွေ့လိုက်သည်။
လီချွမ်က FTW၏ လေ့ကျင့်ရေးခန်းထဲသို့ ရောက်သွားသောအခါ ချန်းဖုန်းနှင့် ရှန်းလျိုတို့က မရှိနေပေ။
နင်ကျဲဟန်နှင့် ယွဲ့ဝမ်လဲ့တို့က တိုက်တိုက်ဆိုင်ဆိုင် ထမင်းစားပြီးကာစ ဖြစ်၍ စစ်သည်တော်များကို သတ်ရင်း သွေးပူအောင် လုပ်ရန် စဉ်းစားထားခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သူတို့က Free Matching များ စသောအခါ ခံစားချက် ကောင်းပေလိမ့်မည်။
လီချွမ်ကလည်း သူတို့ကို အိမ်သာထဲမှ အဖြစ်အပျက်အကြောင်း ပြောပြလိုက်သည်။ ထိုအကောင်ငယ်လေး နှစ်ကောင်က စိုးရိမ်စိတ် များလွန်းသဖြင့် သူ့ကို ခပ်မြန်မြန် ကျေးဇူးတင်ပြီး အသည်းအသန် ပြေးလာခဲ့ခြင်း ဖြစ်သည်။
ပရိုကစားသမားများအတွက် ရန်ဖြစ်ခြင်းက တားမြစ်ချက်ကြီး ဖြစ်သည်။ ထို့အပြင် ယခုလိုမျိုး အရာအားလုံးကို မှတ်တမ်းတင်ထားသော လေ့ကျင့်ရေး ကွင်းမျိုးဆိုလျှင် ပို၍ပင် ဆိုးသေးသည်။ ဘယ်သူက စတိုက်ခိုက် တိုက်ခိုက် အရေးမကြီးပေ။ မှတ်တမ်းရှိသွားသည်နှင့် ပြဿနာ များပေလိမ့်မည်။
ပြိုင်ပွဲကော်မတီကိုလည်း အလွန်ကြမ်းတမ်းစွာ အပြစ်တင်၍ မရချေ။ eSport ကစားသမား များက ငယ်ရွယ်က မိုက်ရူးရဲဆန်နိုင်သည်။ သို့သော် အများအမြင်တွင်မူ သူတို့က ကောင်းမွန်လွန်းပြီး စံနမူနာ ထားထိုက်သော လူများ ဖြစ်ရပေမည်။ eSport အနေနှင့် ယခုနှစ်များအတွင်း ကောင်းမွန်သော သတင်းမျိုးရရန် ခက်ခဲနေပြီးသား ဖြစ်သည်။ ထို့ကြောင့် မည်သူကမျှ သတင်းဆိုး မလိုချင်ပေ။
ထိုအတွက်ကြောင့် ရန်ဖြစ်ခြင်းကို ခွင့်မပြုထားပေ။ အပြစ်သည် ပေါ့လျှင် Season တစ်ခုလုံး ပြိုင်ပွဲမဝင်ရဘဲ ပိတ်ပင်ခံရပေမည်။ လေးလျှင်ပင် တစ်ဘဝလုံး ဝင်ပြိုင်ခွင့် ရှိတော့မည် မဟုတ်ချေ။ ထို့ကြောင့် အပြစ်ဒဏ်က အလွန်အမင်း ကြီးလေးလွန်းသည်။
နင်ကျဲဟန်နှင့် ယွဲ့ဝမ်လဲ့တို့က အိမ်သာထဲတွင် တိုက်ခိုက်ကြောင်း လက္ခဏာအား မမြင်ရမှ စိတ်အေးသွားကြသည်။
သူတို့က လီချွမ်၏ စကားကို ကြားသောအခါ အလျင်စလို ပြေးလာခဲ့ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သူတို့က အတတ်နိုင်ဆုံး ရန်မဖြစ်အောင် တားလိုသည်။ ထို့ကြောင့် ချန်းဖုန်းကို ခေါ်ရန်ပင် အချိန်မဖြုန်းခဲ့ပေ။ ကံကောင်းသည်မှာ ပိုင်ချိုင်နှင့် ဝေ့ရှောင်းတို့က ဘာမှ မဖြစ်လိုက်ပေ။
ပိုင်ချိုင်က သူ၏မျက်နှာကို ဖြစ်သလို သုတ်ရင်း ပြောသည်။
“အဆင်ပြေပါတယ်။ ဘာလို့ မင်းတို့တွေ ပြေးလာတာလဲ”
သူ့စကားက မဆုံးသေးခင် ဝေ့ရှောင်းက ထိုကောင်ငယ်လေးနှစ်ကောင်ကို လှမ်းဆွဲခေါ်ပြီး စပြောနေပြီဖြစ်သည်။
“ညီအစ်ကိုတို့ ငါ့ကို ကူညီပေးကြအုံး”
နင်ကျဲဟန်နှင့် ယွဲ့ဝမ်လဲ့ “???”
“တချို့ အရူးတွေက ချိုင်ကောကို အနိုင်ကျင့်ထားတယ်။ နောက်ပြီး ငါက မိုက်ရူးရဲဆန်လို့ လေ့ကျင့်ရေး Match ပွဲကို နှစ်သန်းနဲ့ လောင်းလိုက်မိတယ်”
သူသည် အရာအားလုံးကို စကားလုံး အနည်းငယ်တည်းနှင့် အနှစ်ချုပ်လိုက်ပြီး နင်ကျဲဟန်နှင့် ယွဲ့ဝမ်းလဲ့တို့ နှစ်ယောက်လုံး ကြောင်တောင်တောင် ဖြစ်သွားကြသည်။
“သောက်ကျိုးနည်း… နှစ်သန်း ဟုတ်လား”
ဝေ့ရှောင်းက မီးတောက်ထဲသို့ လောင်စာ လောင်းထည့်လိုက်သည်။
“ပြောရမယ် ဆိုရင် ငါတို့သာ ဒီနှစ် ရမှတ်စာရင်းမှာ ထိပ်ဆုံးသုံးနေရာကို ရောက်အောင် မလုပ်နိုင်ရင် မတိုက်ခိုက်ဘဲ ရှုံးတာနဲ့ အတူတူပဲ”
နင်ကျဲဟန်က အံ့ဩသွားသည်။
“ဒါဆိုရင် မင်း သူ့ကို နှစ်သန်း ပေးရမှာပေါ့”
ဝေ့ရှောင်းက ခေါင်းညိတ်သည်။ “ဟုတ်တယ်”
ရှောင်နင်သာမကဘဲ လောင်ယွဲ့ပင်လျှင် သက်ပြင်းရှိုက်မိတော့သည်။
ဘေးဘက်မှ ပိုင်ချိုင်… သူ စတောင် မငိုရသေးဘူးလေ။ သူ စပြီး ဆဲချင်လာပြီ။
ဝေ့ရှောင်း မင်း သောက်ကျိုးနည်း ပေါက်ကရတွေ မပြောလို့ ရမလား အား…
ဝေ့ရှောင်းက ခေါင်းခါသည်။
“ပြောရမယ် ဆိုရင် ငါ ပိုက်ဆံ ရှုံးရင်တောာင် အဆင်ပြေပါတယ်။ အဓိက ကိစ္စကတော့ ငါတို့ ချိုင်ကော မျက်နှာပျက်ရမှာပဲ”
63 03
နင်ကျဲဟန်နှင့် ယွဲ့ဝမ်လဲ့တို့သည် အတိတ်က ပိုင်ချိုင်၏ ဖြစ်ရပ်များကို မသိခဲ့ပေ။ ဝေ့ရှောင်းကလည်း ပိုင်ချိုင်က ထိုအကြောင်းနှင့် ပတ်သက်ပြီး ရှက်မည် မရှက်မည်ကို ထားလိုက်ပြီး ကျိုးရှင်းဖေးက ပိုင်ချိုင်ကို အနိုင်ကျင့်ခဲ့ပုံအား ပြောပြလိုက်သည်။ သူတို့သည် ညီအစ်ကိုများ ဖြစ်သည်။ ထို့ကြောင့် ခါးသီးသော အမုန်းကို အတူမျှဝေပြီး ထိုအမှိုက်ကောင်ကို အတူတကွ အနိုင်ကျင့်ချင်လေသည်။
နင်ကျဲဟန်နှင့် ယွဲ့ဝမ်လဲ့တို့က ချက်ချင်းဆိုသလို ဒေါသများဖြင့် ပေါက်ကွဲတော့သည်။
“ဒါကတော့ လွန်တာလဲ”
ပိုင်ချိုင် “…”
အတိတ်က မည်းနက်နေသော သမိုင်းကို ထပ်တလဲလဲ နားထောင်ပြီးနောက် သူကိုယ်တိုင်ကပင် မနာကျင်တော့သလို ခံစားလိုက်ရသည်။
ဝေ့ရှောင်းက ရှောင်နင်နှင့် လောင်ယွဲ့တို့၏ ပခုံးကို ပုတ်ရင်း တည်ငြိမ်စွာ ပြောသည်။
“ညီနောင်တို့ ဒီနေ့ သွေးလွှမ်းတဲ့ တိုက်ပွဲကို ဆင်နွဲရအောင်”
နင်ကျဲဟန်က မီးတောက်နေပြီဖြစ်သည်။
“ငါတို့ သေချာပေါက် မရှုံးစေရဘူး”
ယွဲ့ဝမ်လဲ့ကလည်း ပါးစပ်ထဲသို့ အာလူးကြော်များကို အဆုပ်လိုက် ထိုးထည့်ကာ တဂျွတ်ဂျွတ် မြည်အောင် ဝါးစားသည်။
ဝေ့ရှောင်းက အပိတ်အမှာစကားကို ပြောလိုက်သည်။
“ငါတို့ ချိုင်ချိုင်ရဲ့ အပြစ်ကင်းစင်မှုအတွက် ငါတို့ သေချာပေါက် နိုင်ရမယ်”
ပိုင်ချိုင် “…”
အပြစ်ကင်းစင်မှု မဟုတ်လား။ မင်းညီမကို…
မင်း လူစကား ပြောပေးနိုင်မလား။
ရှောင်နင်ကလည်း အသံသေးလေးနှင့် ပြောသည်။
“ရှောင်းကော ဒါက ဂုဏ်သိက္ခာလို့ ပြောသင့်တာ မဟုတ်ဘူးလား”
ဝေ့ရှောင်းက တွေးကြည့်လိုက်ပြီး ဆက်လက်ပြီး အကျယ်ချဲ့ရန် ဆုံးဖြတ်လိုက်သည်။
“ငါတို့ ချိုင်ကောရဲ့ စိတ်ဆန္ဒနဲ့ စိတ်အားထက်သန်မှုကြောင့် ငါတို့ သေချာပေါက် နိုင်ရမယ်”
ပိုင်ချိုင် “…”
သောက်ကျိုးနည်း မင်း… -ိုး အား….
သူတို့သည် ကျောက်ပုဇွန်အကင် သွားစားပြီး သူတို့၏အင်အားကို ဖြည့်လိုက်ကြသည်။ ထို့နောက် ဝေ့ရှောင်းက ချိုင်ကော ကိုယ်တိုင် ဖျော်ပေးသည့် ဖရဲသီးဖျော်ရည်လေး သောက်လိုက်သည်။
နင်ကျဲဟန်နှင့် ယွဲ့ဝမ်လဲ့တို့ကမူ သူတို့နှင့်အတူ လိုက်ပြီး နောက်ထပ်တစ်နပ် စားလိုက်သေးသည်။
သူတို့ ဗိုက်အင့်သည်အထိ စားပြီးနောက် လေးယောက်လုံးက အပေါ်ထပ်သို့ တက်သည်။
ချန်းဖုန်းက သူတို့ကို လာစစ်သောအခါ အနည်းငယ်ပင် အံ့ဩသွားသည်။
“ဒီနေ့ မဲ မနှိုက်ကြဘူးလား”
ဝေ့ရှောင်း “ငါ ဒီနေ့ ချိုင်ကောနဲ့ နှစ်ယောက်အတူ ဝင်တိုးမယ်”
နင်ကျဲဟန်က လက်မြောက်သည်။ “လဲ့ကောနဲ့ ငါ နှစ်ယောက်အတူ ဝင်တိုးမယ်”
ယွဲ့ဝမ်လဲ့ “အင်း…”
ပိုင်ချိုင်က လည်ချောင်းနာချင်လာသည်။ လုဖုန်းက Free Matching မစခင် မိနစ်အနည်းငယ် အလိုတွင် ရောက်လာသည်။ ထို့ကြောင့် အကောင်ငယ်လေး လေးကောင်က တက်ကြွသော ကြက်ဖများ ဖြစ်နေတာ မြင်သောအခါ သူက ချန်းဖုန်းကို ကြည့်သည်။
“??”
ချန်းဖုန်းသည် ပုံပြင်တစ်ပုဒ်လုံးကို နားထောင်ပြီးသား ဖြစ်သည်။ သူ့ဦးခေါင်းခွံကပင် ကြိမ်းနေ၏။
“မင်း သူတို့ကို အလိုလိုက်နေပြန်ပြီ”
လုဖုန်းက ဝေ့ရှောင်းကို ကြည့်သည်။ ဝေ့ရှောင်းက သူ့ကို ရယ်ပြသည်။ “ကျေးဇူးတင်ပါတယ် ခေါင်းဆောင်”
63 04
လုဖုန်းက ထိုစကားလုံးများကြောင့် တုန်ယင်သွားသည်။ “ဘာဖြစ်တာလဲ”
ဝေ့ရှောင်း “ခေါင်းဆောင် ငါ့ကို ပေးထားတဲ့ လမ်းခွဲကြေး ၂သန်းအတွက် ကျေးဇူးတင်ပါတယ်။ ငါ ဒီပိုက်ဆံကြောင့် ဒီနေ့ ခပ်ကြမ်းကြမ်း လှုပ်ရှားနိုင်ခဲ့တာ”
ဟုတ်သည်။ ဝေ့ရှောင်းက သူ၏ဘဏ်ထဲတွင် ငွေနှစ်သန်း ရှိနေ၍ ထိုသို့ကြမ်းရဲခြင်း ဖြစ်သည်။
သူသာ အဖော်ပြု ကစားသမား ပလက်ဖောင်းကနေ ပိုက်ဆံ ရှာထားခဲ့တာ မဟုတ်ဘဲ လုဖုန်းက သူ့ကို ပေးထားတာလေ။
သောက်ကျိုးနည်း ဝေ့ရှောင်း တောင်းထားတဲ့ လမ်းခွဲကြေး ဆိုလား…
အိုး… သူ သူ့ကောင်မလေးကို ပြန်ပေးဖို့ ကြံစည်ထားပြီး မပေးနိုင်ခဲ့တဲ့ လမ်းခွဲကြေးပေါ့…
လုဖုန်းက တစ်ခဏခန့် ရပ်တန့်သွားပြီးနောက် အမှန်ပြင်ပေးသည်။
“ဒါက လမ်းခွဲကြေး မဟုတ်ဘူး”
ဝေ့ရှောင်းက မျက်တောင်ခတ်သည်။ လုဖုန်းက သူ၏ နူးညံ့သော အနက်ရောင် ဆံပင်များကို တစ်ချက် ပွတ်သပ်ရင်း ပြောသည်။
“သီးသန့်သုံးလို့ ရတဲ့ပိုက်ဆံ”
++++++