အပိုင်း (64)
ကိုယ်ပိုင်သီးသန့် သုံးစရာပိုက်ဆံ ဟုတ်လား။
အရူးလေးဝေ့သည်ပင် တစ်ခဏခန့် စိတ်ရှုပ်ထွေးသွားသည်။
လေ့ကျင့်ရေးခန်းထဲရှိ လူများသည် အသက်ပင် ကျယ်ကျယ်မရှူရဲကြချေ။ သူတို့သည် စားပွဲအောက်သို့သာ ဒိုင်ပင်ဝင်ထိုးလျက် ပုန်းလိုက်ချင်ကြသည်။
ချန်းဖုန်း... “....”
လုဖုန်းက သူ့ကို တစ်ချက်ကြည့်သည်။
“ဘာဖြစ်တာလဲ”
ချန်းဖုန်းသည် ဝေ့ရှောင်း၏ သူရဲကောင်းဆန်သော လုပ်ဆောင်မှုများကို စကားနှစ်ခွန်းသုံးခွန်းခန့်နှင့် ပြီးအောင် ပြောပြလိုက်သည်။
ပိုင်ချိုင်၏ နာကျင်မှုကို တစ်ဖန်ဆွဲထုတ်ပြီး ထုတ်ပြခံရသော အချက်ကလည်း ရှောင်လွှဲ၍ မရချေ။
သေချာစွာပင် ဒဏ်ရာက သက်သာတော့မည်ဆိုလျှင် နေအလင်းရောင်ပြရန် လိုအပ်လေသည်။
တိုတောင်းသော တစ်နာရီဆိုသော ကာလအတွင်း ပိုင်ချိုင်၏ အပြုအမူများက ပြောင်းလဲသထက် ပြောင်းလဲသွားသည်။
သောက်ကျိုးနည်းကို စိတ်ဓာတ်ကျရမှာလား။
သောက်ကျိုးနည်းကို သစ္စာဖောက်ခံရမှာလား။
ဒါက ကြက်သားအစပ်ကြော် ကျိုးရှင်းဖေးနဲ့ တန်လို့လား။
သူက ဒီချိုင်ကောရဲ့ စိတ်ပျက်အားငယ်မှုတွေနဲ့ တန်လို့လား။
သေချာနားထောင်ပြီးနောက် လုဖုန်းသည် ဝေ့ရှောင်းကိုကြည့်ကာ ပြောသည်။
“မင်းရဲ့ ကိုယ်ပိုင်ပိုက်ဆံကို သုံးစရာမလိုဘူး။ အနာဂတ်မှာ ဒီလိုအရာမျိုးကို ကလပ်က ယူလို့ရတယ်”
လေ့ကျင့်ရေးခန်း.... “!!!”
ချန်းဖုန်း၏မျက်လုံးက ပြူးထွက်လွန်းသဖြင့် သူ၏ခေါင်းထဲမှပင် ကျွတ်ပြီး စကြာဝဠာကြီးသို့ ရောက်ရှိသွားမတတ် ဖြစ်သွားသည်။
ဝေ့ရှောင်းက ချက်ချင်းလိုလို စိတ်လှုပ်ရှားသွားသည်။
“fuck ခေါင်းဆောင်က တအားကောင်းတာပဲ”
ပိုင်ချိုင်၏ ပါးစပ်က တွန့်သွားသည်။
ဒီလိုစကားမျိုးကို ထုတ်ပြောတာကတင် တော်တော်လေး ဆိုးဆိုးရွားရွားကို လုံလောက်နေပြီ။
သူ နည်းနည်းလေးများ ပုဒ်ဖြတ်တွေကို ကောင်းကောင်း ထည့်သုံးပေးလို့ မရဘူးလား။ သောက်ကျိုးနည်း ဒါက ဘာကိုဆိုလိုတာလဲ။
လုဖုန်း..
“ဟင်”
ဝေ့ရှောင်းသည် သတိအပြည့်ကပ်သွားရင်း သူ၏စကားလုံးများကို ချက်ချင်းလိုလို ပြောင်းလိုက်သည်။
“ခေါင်းဆောင် ခေါင်းဆောင် တအား ကောင်းတယ်လို့ ပြောတာပါ”
သူ၏အသံက အလွန်နာခံသွားသည်။
လုဖုန်း၏ နားရွက်ထိပ်များက အနည်းငယ် လှုပ်သွားသည်။ သို့သော် အမူအယာကမူ မပြောင်းလဲပါပေ။
“အင်း”
ဝေ့ရှောင်းက ထပ်ဖြည့်ပြောသေးသည်။
“ဒါပေမဲ့ ခေါင်းဆောင် စိုးရိမ်စရာ မလိုပါဘူး။ ဒီပိုက်ဆံ သေချာပေါက် မဆုံးဘူး”
သူသည် နင်ကျယ်ဟန်နှင့် ယွဲဝမ်လဲ့ကို ကြည့်သည်။
“ညီအစ်ကိုတို့ ခေါင်းဆောင်က အရမ်းကို ဖြောင့်မတ်မှန်ကန်ပြီး ကြီးမြတ်လွန်းတယ်၊ ဒီတို့ငါတို့က သူ့ကို စိတ်ပျက်စေလို့မရဘူး၊ ဒီတိုက်ပွဲမှာ ငါတို့က ပိုင်ချိုင်ရဲ့ အပြစ်ကင်းစင်မှုအဖြစ် တိုက်ခိုက်ရုံတင် မကသေးဘဲ အသင်းခေါင်းဆောင်ရဲ့ သဘောထားကြီးလွန်းတဲ့ စိတ်ထားအတွက်လည်း တိုက်ခိုက်ရမယ်”
64 02
ပိုင်ချိုင်က အားနည်းစွာ ရှင်းပြရန် ကြိုးစားသေးသည်။
“ဘာကို သောက်ကျိုးနည်း အပြစ်ကင်းလဲ....”
ချန်းဖုန်းကလည်း ခေါင်းကိုက်နေသည်။ကြက်သွေးထိုးခြင်းနှင့် ပတ်သက်လာသော် ဝေ့ရှောင်းကသာ ဒုတိယအတော်ဆုံးဟုဆိုလျှင် မည်သူကမှ နံပါတ်တစ်ဟု မကြုံးဝါးရဲလောက်ချေ။
ဝေ့ရှောင်း၏ ထိန်းမနိုင်သိမ်းမရ ဝုန်းဒိုင်းကျဲနေသော အသွေးများက တဖြည်းဖြည်းချင်း ငြိမ်သက်သွားပြီးနောက် သူသည် ကိုယ်ပိုင်ပိုက်ဆံကို အသုံးပြုသည်ဆိုသော ကိစ္စကို ပြန်တွေးလိုက်ပြန်သည်။
သူသည် လုဖုန်း၏ ဘေးနားတွင် ထိုင်နေခြင်းဖြစ်သည်။ ချိုင်ကောသည် မနေ့က match ပွဲများတွင် ကံကောင်းလွန်းသောကြောင့် ဒီနေ့ free matchingပိုင်းတွင်လည်း အခန်းပိုင်ရှင် ဖြစ်နေသေးပြန်သည်။ ထို့ကြောင့် စတင်ဝင်တိုးသည့် အခွင့်အာဏာသည် ချိုင်ကော၏ လက်ထဲတွင် ဖြစ်နေသေးသည်။ ဝေ့ရှောင်းက ဒီတိုင်းအားယားရင်းနှင့် စနစ်က သူတို့ကို ဂိမ်းထဲသို့ matchလုပ်ပေးမည့်အချိန်ကိုသာ စောင့်ရန် လိုအပ်လေသည်။
သူက ဘေးဘက်သို့ မှီလိုက်ရင်း လုဖုန်းကို ခပ်တိုးတိုး ပြောသည်။
“ခေါင်းဆောင် ခေါင်းဆောင် ကိုယ်ပိုင် ပိုက်ဆံ သုံးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”
ဘယ်လိုပဲဖြစ်ဖြစ် ဒီစကားလုံးတွေကို လျစ်လျူရှုဖို့ တအားခက်ခဲတယ်လေ။
ထိုစကားလုံးများကိုသာ ပိုင်ကျိုင်(တရုတ် google)တွင်သာ ရှာဖွေလိုက်မည်ဆိုလျှင် ထွက်လာသော ရလဒ်များက ကောင်လေးနှင့် ကောင်မလေးအကြားက ကိစ္စရေးရာများနှင့်သာ ပတ်သက်နေလောက်သည်။
တူညီသော ပွဲထဲသို့ matching ဖြစ်သွားရင်း အဆုံးမသတ်စေရန်အလို့ငှာ လုဖုန်းက matching မဝင်သေးချေ။
“အဲဒါက ဘာအဓိပ္ပါယ်လို့ မင်းက ထင်တာလဲ”
ဝေ့ရှောင်းက အသံကိုတိုးပြန်သည်။
“အဲဒီပိုက်ဆံ၂သန်းက မင်းရဲ့ကိုယ်ပိုင် သုံးလို့ရတဲ့ သီးသန့်ပိုက်ဆံလား၊ ဒါဆိုရင် မင်းမှာ ကောင်မလေး ရှိနေတာလား”
လုဖုန်း.. “....”
ဝေ့ရှောင်းက အတင်းအဖျင်းများကို တူးဆွပြန်သည်။
“ဘယ်သူလဲ။ သဲလွန်စတွေများ မရှိဘူးလား ခေါင်းဆောင်”
လုဖုန်းက သူ့ကိုဖြတ်ပြောသည်။
“ဝေ့ရှောင်း”
“ဝေ့ရှောင်း ဒီမှာ ဒီမှာ”
လုဖုန်း..
“ဒါက မင်းရဲ့ကိုယ်ပိုင်သုံးလို့ရတဲ့ သီးသန့်ပိုက်ဆံ”
ဝေ့ရှောင်းက တစ်ခဏခန့် စိတ်ရှုပ်သွားသည်။
“အာ”
လုဖုန်းက သူ့ကို အဓိပ္ပါယ်အပြည့်နှင့်ကြည့်သည်။
ဝေ့ရှောင်း၏ နှလုံးက တစ်ခဏခန့် လှုပ်ခတ်သွားသည်။ ထို့နောက် သူသည် ရှင်းပြရန် ခက်ခဲလောက်အောင် သူ သူ့ကိုယ်သူပြောခဲ့သော ရှုပ်ထွေးလွန်းသည့်အတွေးများကို သတိရသွားသည်။
ငါ့ရဲ့ကောင်မလေးက အလုပ်လုပ်နေတဲ့အချိန်မှာ အရမ်းအင်အားကြီးတာ။ သူက အပြင်အချိန်မှာတော့ တအားချစ်ဖို့ကောင်းတယ်။
သူက မီးတောက်မှော်ဆရာကို ကစားနေတဲ့အချိန်မှာ ချစ်စရာအကောင်းဆုံးပဲ။ အချိန်တိုင်း ခုန်ပေါက်ပြီး ငါ့ရဲ့နှလုံးသားထဲကို တိုက်ရိုက် ခုန်ဝင်လာတာလေ။
Fuck မဖြစ်နိုင်တာ။
လုဖုန်းက သူ၏ခေါင်းလေးကို အသာတွန်းလိုက်ရင်း ပြောသည်။
“မင်း ဂိမ်းထဲ ဝင်နေပြီ”
ဝေ့ရှောင်းက ခေါင်းကို လှည့်ကြည့်လိုက်သည်။
အိုး ဂိမ်းထဲ ရောက်သွားပြီပဲ။
64 03
သူသည် scole goal၏ ထိပ်ဆုံးသုံးနေရာသို့ ဝင်ချင်လျှင် ရိုးရှင်းစွာပင် နိုင်ရုံနှင့် မဖြစ်တော့ချေ။
သူတို့သည် ကန့်သတ်ထားသော အချိန်ကာလအတောတွင်း တတ်နိုင်သမျှ များများနိုင်အောင် ကြိုးစားရပေမည်။
ဆိုတော့အချိန်က အရေးကြီးနေတယ်။
မိနစ်တိုင်း စက္ကန့်တိုင်းကို ဖြုန်းလို့မရဘူး။
ဒါပေမဲ့.....။
ဝေ့ရှောင်း၏ နှလုံးသားက ယားယံပြီး မသက်မသာဖြစ်နေသည်။ သူသည်လည်း လုဖုန်းဟာ သူ့အား တစ်စုံတစ်ရာကို အရိက်အမြိက် ပြနေသည်ဟု အမြဲတစေ ခံစားနေရသည်။
ခေါင်းဆောင်က တကယ်ပဲ သူဌေးလား။
သူဌေးက သူ့ရဲ့ကောင်မလေးဆိုတော့ သူ့ရဲ့ကောင်မလေးကို ကိုယ်ပိုင်သီးသန့်သုံးဖို့ ပိုက်ဆံပေးတယ်လို့ ဆိုလိုတာလား။
ဝေ့ရှောင်း၏ဦးနှောက်က ရူးသွပ်သော အတွေးများနှင့် ပြည့်နှက်နေသည်။
ပိုင်ချိုင်..
“မင်း ဘာသုံးမှာလဲ”
ဝေ့ရှောင်း..
“အရိပ်သူခိုး”
သူထိုစကားလုံးကို ကျယ်ကျယ်ပြောပြီးနောက် ဝေ့ရှောင်းက အသက်ပြင်းပြင်း ရှူလျက် စိတ်ကိုငြိမ်အောင် ထိန်းလိုက်သည်။
သူတို့အခုအရင်ဦးဆုံး အရေးတကြီး လုပ်ရမည့်ကိစ္စက scole pointတွေစုပြီး အဲဒီညနေက တွေ့ခဲ့တဲ့အမှိုက်ကောင်တွေကို အနိုင်ကျင့်ဖို့ပဲ။ သူ လုံးဝ စိတ်လွတ်လို့ မရဘူး။
ကိုယ်ပိုင်သီးသန့်ပိုက်ဆံနှင့် ပတ်သက်သော ကိစ္စသည် အလျင်မလိုသေးချေ။ သူတို့သည် ဒီညအခန်းထဲသို့ ပြန်သွားသောအခါမှသာ သူ့ရဲ့ကောင်မလေးကို ရှာပြီး ကိစ္စများ ပွင့်ပွင့်လင်းလင်း ဖြစ်လာသည်အထိ အရာအားလုံးကို မေးမြန်း၍ရသည်။
လုဖုန်းက သူ့ကို တစ်ချက် စောင်းကြည့်သည်။ သူ၏မျက်လုံးထဲမှ အပြုံးထဲတွင် အရိက်အမြွက်များ ပါနေပြန်သည်။
သူ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာပဲ။
သူသည် ဝေ့ရှောင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် လှုံ့ဆော်လိုက်ပြီး ရည်ရွယ်ချက်ရှိရှိ ဖိအားများအောင် လုပ်ထားသည်။
နှလုံးသားကြီးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။
ဒါက ပွဲထဲမှာ တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်ရုံ အခြေအနေကို ဆိုလိုတာမဟုတ်ဘူး။ မမျှော်လင့်ထားတဲ့ အခြေအနေကို ကြုံတွေ့တဲ့အချိန်မှာ ခပ်မြန်မြန် စိတ်အေးသွားပြီး ပြင်းထန်တဲ့ဖိအားအောက်မှာတောင် functionတွေအားလုံးကို ကောင်းကောင်းကိုင်တွယ်နိုင်တာမျိုးကို ဆိုလိုတာ။
ပြိုင်ပွဲရဲ့ စွဲဆောင်မှုဆိုတာက မယုံနိုင်စရာကောင်းတဲ့ အလှည့်အပြောင်းတွေရဲ့ လက်ထဲမှာ ရှိနေတယ်။
အမျိုးမျိုးသော မတော်တဆမှုတွေ အပြောင်းအလဲတွေ တိုက်ဆိုင်မှုတွေ အားလုံးက တိုက်ပွဲအတောတွင်း ဖြစ်လာနိုင်တယ်။
ထိုမျှကြီးလေးလွန်းသော ဖိအား၏အောက်တွင် လူတစ်ယောက်၏ စိတ်အခြေအနေကို ထိန်းညှိနိုင်ခြင်းကတင် သူ၏စိတ်ခွန်အားကို အစစ်အမှန် သက်သေပြခြင်း ဖြစ်လေသည်။
သိသာစွာပင် ဝေ့ရှောင်းတွင် ထိုကဲ့သို့သော စွမ်းရည်မျိုးရှိသည်။ သူသည် အရေးကြီးဆုံးသောအရာကို ကောင်းကောင်း အာရုံခံနိုင်ပြီး လိုအပ်သော ထိန်းချုပ်မှုများကို ဆောင်ရွက်နိုင်စွမ်းရည် ရှိသည်။
ထိုကဲ့သို့သော အရာမျိုးကို စကားပြောရုံဖြင့် လုပ်နိုင်ခြင်း မဟုတ်ချေ။ ပင်ကိုစွမ်းရည်နှင့် ကြီးထွားသော အတွေ့အကြုံများက ကဏ္ဍတစ်ခုအဖြစ် ပြသနေသေးသည်။
ဝေ့ရှောင်း၏ ငယ်ဘဝနှင့် ပတ်သက် လာသောအခါ လုဖုန်းက သူ၏နှလုံးသားအတွင်းသို့ ဆူးတစ်ချောင်း ထိုးစိုက်နေသလို ခံစားရသည်။
ပြောင်မြောက်ထူးချွန်မှုတွေရဲ့နောက်မှာ အမည်မသိရတဲ့ စတေးမှုတွေက အမြဲတမ်း ရှိတယ်။
ဂိမ်းပွဲသို့ ဝင်ရောက်ပြီးနောက် ဝေ့ရှောင်းက ခေါင်းဆောင်နှင့် သူဌေးအကြောင်း မတွေးတော့ချေ။ သူသည် ကောင်းကင်နီဓားskinနှင့် အရိပ်သူခိုးကို ထိန်းချုပ်လိုက်သည်။ သူ၏နှလုံးသားအတွင်းတွင် ခြားနားသော ခံစားချက်များက ပြည့်လာပြီ ဖြစ်သည်။
သူ့အနေဖြင့် FTW၏ junglerအနေနှင့် heroတစ်ခုကို ကိုင်တွယ်သည့် ပထမဦးဆုံးအကြိမ်လည်း ဖြစ်သည်။
ဒါဟာ ပုံမှန်matchပွဲ မဟုတ်သေးသော်လည်း free matchဂိမ်းပွဲတစ်ခုမျှသာ ဖြစ်နေသေးသည့်တိုင်အောင် မည်သူကမှ မသိလောက်သော်ငြား ဝေ့ရှောင်းကမူ ခြားနားသော ခံစားချက်ကို ရလိုက်သည်။
ထိုအခိုက်အတန့်တွင် သူသည် အရိပ်သူခိုးနှင့် အစစ်အမှန် ထိတွေ့လိုက်ရသည်ဆိုသော အတွေးမျိုးက ဝင်ရောက်လာသည်။
သူသည် အမှန်တကယ်ပင် စမ်းသပ်ကြည့်ရန် အဆင်သင့် ဖြစ်နေလေပြီး သူ၏ သွေးနီရောင်ခြုံလွှာပေါ်တွင် ထိုနာမည်ကို ထွင်းထုချင်နေသည်။
++++++