အပိုင်း 65
ဝေ့ရှောင်းက အသက်ပြင်းပြင်း ရှူသည်။
“လောင်ပိုင် အပြာနဲ့စ”
(မှတ်စု...ဆိုလိုတာက တောထဲက အပြာအနီ အတွင်းအား creepတွေထဲမှာ အပြာဘက်ကစလို့ ဆိုလိုတာ)
ပိုင်ချိုင်... “ကောင်းပြီ”
ပထမဂိမ်းပွဲတွင် ဝေ့ရှောင်းနှင့် ပိုင်ချိုင်သည် အခြားတစ်ဖက်ခြမ်းကို အစမှအဆုံးအထိ ဖိအားပေးခဲ့သည်။
အရိပ်သူခိုးသည် အင်အားအပြည့်နှင့် အခြားတစ်ဖက်ခြမ်းမှ အေးခဲမုဆိုးကို ဆက်တိုက် ထုရိုက်နေခဲ့လွန်းလေရာ တစ်ဖက်သူ၏ ဦးခေါင်းခွံများကပင် ထုံထိုင်းတက်သွားသည်။ နောက်ပိုင်းအဆင့်တွင် သူ၏ပြိုင်ဘက်က သူ့ကို မြင်လိုက်သည်နှင့် flash skillကို ချက်ချင်းလိုလို ထုတ်သုံးတတ်သည်။ သို့သော် သေစေနိုင်သော ဓားချက်ကိုမူ မရှောင်နိုင်ခဲ့ပြန်ချေ။
ချန်းဖုန်းက ပိုင်ချိုင်၏အနောက်တွင် ရပ်နေသည်။
ယခင်က ထိပ်တန်းအဆင့် ထင်မြင်သုံးသပ်ချက်ပေးသူနှင့် နည်းပြများ အားလုံးထဲတွင် FTW၏ ချန်ပီယံအထောက်အပံ့က ပြောင်မြောက်ထူးချွန်သည်ဟု အပြောခံခဲ့ရသည်။ သို့သော် သူသည် ထို့ထက်ပို၍ ကောင်းနိုင်သေးသည်။
သူသည် ချဥ်းကပ်ရန် ခက်ခဲလွန်းသော အတိုင်းအတာသို့ ရောက်သည်အထိ ကစားနိုင်စွမ်းရည် ရှိသည်။ သို့သော် သူ၏ကိုယ်ပိုင်အကန့်အသတ်ကို ချိုးဖြတ်ရန် မကြိုးစားခဲ့ဖူးရုံသာဖြစ်သည်။ သို့ရာတွင် လက်ရှိပိုင်ချိုင်ကမူ ခြားနားသည်။
အေးစက်နေသော သွေးများက မီးမြိုက်ခံလိုက်ရပြီး ထိုသွေးက စိတ်အားထက်သန်မှုများနှင့် ပွက်ပွက်ဆူနေလေရာ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ စီးဆင်းနေပြီ ဖြစ်သည်။
ဒုတိယပွဲတွင် ပိုင်ချိုင်နှင့် ဝေ့ရှောင်းတို့က လီချွမ်နှင့်ဆုံသည်။ တစ်ဖက်သူသည် နေ့လည်က ပိုင်ချိုင်နှင့် ပတ်သက်သော ကိစ္စကို သူတို့ကို အကြောင်းကြားခဲ့သည့် midlanerလေး ဖြစ်သည်။
ဝေ့ရှောင်းကလည်း ပိုင်ချိုင်ကို ထိုအကြောင်း ပြောထားပြီးသားဖြစ်သည်။ သို့သော် ချိုင်ကောကမူ သူ့အား ကျေးဇူးမတင်ရသေးချေ။
ဝေ့ရှောင်းက public screenမှတစ်ဆင့် ပြောလိုက်သည်။
“ချွမ်တိတိ တောင်းပန်ပါတယ်”
ထိုအခိုက်အတန့်တွက် လီချွမ်က အဖြစ်အပျက်ကို မသိသေးချေ။ ထို့နောက်....
“အား”
“အား”
“အား အား အား”
3Uလေ့ကျင့်ရေးအခန်းမှလူများ...
“မင်း ဘာဖြစ်နေတာလဲ”
လီချွမ်၏မျက်လုံးက မျက်ရည်များပြည့်နေသည်။
“Quiet Quietက လူမဟုတ်ဘူး”
ခံတပ်အမျိုးအစား midlanerတစ်ယောက်ဖြစ်သော သူ၏ သေစေနိုင်သော အားနည်းချက်က နူးညံ့လွန်းပြီး ခြေထောက်များကလည်း တိုလေသည်။
65 02
ထို့ကြောင့် ရူးသွပ်သွားပုံပေါ်သော ထိုလူရမ်းကားသူခိုးနှင့် ရင်ဆိုင်ရသောအခါ လီချွမ်၏ မီးမှော်ဆရာသည် ပြုသမျှနုနေရသော refreshဖြစ်နေသည့် စကားလုံးနှင့်ပင် တူသည်။
ဟုတ်တယ် လူရမ်းကားသူခိုးဆီကို ရည်ရွယ်ချက်ရှိရှိနဲ့ အသက်ကို သွားပေးနေသလိုပဲ။
ဂိမ်းက အဆုံးသတ်သွားပြီးနောက် ပိုင်ချိုင်က ဝေ့ရှောင်းကို ကြည့်သည်။
“မင်း နည်းနည်းလေး ရက်စက်လွန်းအားကြီးတယ် မဟုတ်ဘူးလား”
ဝေ့ရှောင်းက လက်ချောင်းများကို ဆန့်နေရင်းပြောသည်။
“ငါတို့က ညီအစ်ကိုတွေမို့လို့ တောက်လျှောက် လှုပ်ရှားပေးလိုက်တာ”
ဒီအတွေ့အကြုံကို ရပြီးနောက် လီချွမ်၏နာမည်သည် ခေါင်းမာသော လီအဖြစ်ပင် ပြောင်း၍ရလောက်သည်။
ဘာများ ကြောက်စရာရှိမှာလဲ။
လူရမ်းကားသူခိုးနဲ့ ပတ်သက်ပြီး ဘာများ ကြောက်စရာ ကောင်းနေမှာလဲ။
Quietလောက် ကြောက်စရာ ကောင်းလို့လား။
သူတို့နှစ်ယောက်က တစ်သုတ်တည်းနှင့် ၁၂မှတ် ရလိုက်သည်။
မနေ့ကထက် အများကြီး များသည်။
သူတို့သည် မနေ့ညက အလေးအနက်ထား မကစားခဲ့ဟု မဆိုလိုနိုင်ချေ။ ဒီအတိုင်း အလျှော့မပေးခဲ့ရုံသာ ဖြစ်သည်။
တစ်ယောက်ကမူ toplaneတွင် ကစားရန် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို အမြဲတစေ တွေးနေလေ့ရှိပြီး အခြားတစ်ဖက်ခြမ်းကမူ သူတို့၏အမှတ်များကသာ အနုတ်ဖြစ်သွားခဲ့သော် ပိုက်ဆံဆုံးမည့် အကြောင်းအရာနှင့် ပတ်သက်ပြီး စိုးရိမ်နေခဲ့ရသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူတို့က ပရော်ဖက်ရှင်နယ်ကစားသမားများနှင့် ထိပ်တိုက်ကစားရသောအခါ ၆မှတ်အရ ယူနိုင်ခြင်းကတင် နှစ်ပေါင်းများစွာ အတူကစားခဲ့ခြင်းကြောင့် ရရှိလာသည့် နားလည်သဘောပေါက်မှုကြောင့်သာ ဖြစ်လေသည်။
ဒီနေ့ကမူ ခြားနားသည်။ ဝေ့ရှောင်းသည် ဇက်ကြိုး လွတ်သွားသော မြင်းရိုင်းတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူသည် ရှေ့သို့ ရူးသွပ်စွာဖြင့် ပြေးလွှားနေလေပြီး ဘယ်သူကမှ သူ့ကို မတားနိုင်ချေ။
သူ၏ဦးဆောင်မှုအောက်တွင် ပိုင်ချိုင်နှင့် သူ့ကို အမီလိုက်ရန်သာ ပြင်းပြင်းထန်ထန် ကြိုးစားရလေသည်။
တတိယပွဲတွင် သူတို့က မနေ့က scole boardတွင် နံပါတ်၅နေရာအတွင်း စာရင်းဝင်ခဲ့သည့် Black Knightမှ junglerနှင့်ဆုံသည်။
ဝေ့ရှောင်း..
“Black Knightဆိုတာက ဥရောပဘက်က မဟုတ်လား”
OTသည်လည်း ဥရောပမှ ဖြစ်သည်။
ပိုင်ချိုင်..
“ဟုတ်တယ်”
ဝေ့ရှောင်း..
“သူ့ကို သတ်”
Black Knight၏ jungler... “???”
ဥရောပ junglerဘုရင်သည် တစ်ယောက်တည်း ဝင်တိုးနေရုံသာ ဖြစ်သည်။ သို့သော် ရှင်းပြရန် ခက်ခဲလောက်အောင် ပစ်မှတ်ထားခံရပြီး သေသည်အထိ အဆုံးသတ် ခံလိုက်ရခြင်းကလည်း ရက်စက်လွန်းနေသည်။
သောက်ကျိုးနည်း ဒီFTWက Quietက ဘာဖြစ်တာလဲ။
သူက toplaneနေရာ ကစားတာမဟုတ်လား။ ဘယ်လိုဖြစ်ပြီး ဒီjunglerက တအားကြမ်းတမ်းနေတာလဲ။
လေးပွဲမြောက်တွင် သူတို့သည် doubleဝင်တိုးပြန်သည်။
သူတို့နှင့် ထိပ်တိုက်ဆုံသော တစ်ဖက်အတွဲသည်လည်း မိတ်ဟောင်းဆွေဟောင်းများဖြစ်သည်။ ယခင်က perfoemanceပွဲတွင် ဝေ့ရှောင်းနှင့် ယွမ်ဇယ်တို့က တောင်ကိုရီးယားဘက်မှ ထိုအတွဲနှင့် ရင်ဆိုင်ခဲ့ဖူးသည်။
တရုတ်ပြိုင်ပွဲနယ်မြေzoneသည် ထိုနှစ်ယောက်အတွင် cp nameပင် ပေးထားသေး၏။ သူတို့၏ cp nameက carp cpဖြစ်သည်။
65 03
ထိုcarp ပူးပေါင်းမှုသည် ယခင်တစ်ခေါက် ဝေ့ရှောင်း၏ အရိပ်သူခိုးနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ချိန်က ပိတ်လှောင်သွားစေလောက်သည်အထိ ခုတ်ဖျက်ခံခဲ့ရသည်။ ဒီတစ်ကြိမ်တွင်မူ သူတို့နှစ်ယောက်လုံးက သူ့ကိုမြင်သည်နှင့် သွေးကြောများ တောင့်တင်းသွားကြလေသည်။
ဘယ်လိုတောင် တိုက်ဆိုင်တာလဲ။
ဝေ့ရှောင်းက ဝမ်းသာအားရ ရယ်သည်။
“လောင်ပိုင် အနားကပ်နေ”
ပိုင်ချိုင်..
“မင်းနဲ့လိုက်ဖက်တဲ့ စာသားတွေ ရှိသလိုပဲ”
ဝေ့ရှောင်း..
“ဟင်”
ချိုင်ကောက သီချင်းစဆိုသည်။
“မင်းရဲ့အပြုံးက ခွေးရူးလိုပဲ၊ သူ့ရဲ့ဂုတ်ကို ကိုက်ချလိုက်တယ်....”
တရုတ်ပြည်မှ ပွဲကိုစောင့်ကြည့်နေသော ပရိသတ်များသည် စိတ်လှုပ်ရှားလွန်းသဖြင့် ပေါက်ကွဲမတတ် ဖြစ်နေကြောင်း သူတို့က မသိလောက်ပေ။
အစပိုင်းတွင် သူတို့၏ လူအနည်းစုကသာ ကြည့်သည်။ ဝေ့ရှောင်းက မည်မျှပင် အံ့အားသင့်စရာ ကောင်းနေစေကာမူ သူသည် လူသစ်ဖြစ်နေသေးသည်။
ထိုကဲ့သို့ starကစားသမားများက မြောက်မြားလွန်းသဖြင့် တောအုပ်ထဲမှ သစ်ပင်များကဲ့သို့ ဖြစ်နေသော free matchingကာလတွင် လူတိုင်း၏ မျက်လုံးများမှာ ကျိန်းမတတ်ပင် တောက်ပနေသေးလေသည်။
သူတို့ရဲ့ အနောက်နန်းဆောင်ထဲမှာ ရှိနေတဲ့ အလှလေးသုံးထောင်ထဲက ရွေးရခက်နေတဲ့ ဧက္ကရာဇ်အိုကြီးတွေလိုပဲ။ သူတို့မှာ တခြားကို အာရုံစိုက်နိုင်တဲ့ အင်အားရှိပါဦးမလား။
သို့ရာတွင် ဝေ့ရှောင်း၏ ပွဲစဥ်ကို လာကြည့်သောသူများက ထိုနေရာတွင် ဆက်နေမိပြီး မလှုပ်နိုင်တော့ချေ။
“ဒီနှစ်ကောင်က အဆိပ်ပြင်းတယ်”
“သူတို့ ဒီလောက်ထိ သန်မာတာပဲလား”
“ဒီjunglerက FTWရဲ့ toplanerမ ဟုတ်လား”
“သောက်ကျိုးနည်း သူရူးသွားပြီလား၊ ဘာလို့ သူ့ရဲ့ ရက်စက်လိုစိတ်ဆန္ဒတွေက ဒီလောက်ထိ ပြင်းထန်နေရတာလဲ”
ပွဲစဥ်လေးပွဲလုံးကို အပြည့်အဝကြည့်ပြီးသော ပရိသတ်ဟောင်းများက တည်ငြိမ်စွာသာ ရှင်းပြပေးလိုက်သည်။
“replayedတွေ ပြန်ကြည့်ဖို့ သတိရနော်၊ တစ်ပွဲချင်းစီတိုင်းက မျက်ရည် ချူနိုင်တယ်”
လိမ့်တက်နေသော commentများ၏ ပိုင်ရှင်များကပင် စိတ်ရှုပ်ထွေးသွားသည်။
“မျက်ရည် ကျစေနိုင်တယ် ဟုတ်လား”
ပရိသတ်များက ထပ်မံပြီး ရှင်းပြပေးသည်။
“ပြိုင်ဘက်ကို မျက်ရည်ကျအောင် လုပ်နိုင်လို့ မျက်ရည်ကျစေနိုင်တဲ့ ဂိမ်းပွဲလို့ ပြောတာ”
ရှင်းပြချက်ကို နားထောင်ပြီးနောက် မတော်တဆ ကလစ်ဝင်ကာ နှိပ်ကြည့်မိသော ဖြတ်လျှောက်များက တခဏခန့် တုံ့ဆိုင်းသွားပြီး ဆက်ကြည့်လိုက်ကြသည်။
ထို့နောက်....
ဒါက ဒီလိုအသုံးအနှုန်းသုံးတာက တော်တော်လေးကို ယဥ်ကျေးလွန်းနေတာပဲ။ ဒါက ခွေးရူးကစားတဲ့ပုံစံကို ကြည့်နေရသလိုမျိုးပဲ မဟုတ်ဘူးလား။
SK၏ အားလီနှင့် အားယွီတို့သည် သူတို့၏လက်များဖြင့် ခေါင်းများကိုကိုင်ရင်း matchပွဲအဆုံးသတ်သည်အထိ ခါးသည်းစွာ ငိုနေရလေသည်။
ဘာဖြစ်နေတာလဲ။
Quietက အသင်းကို ဝင်ခါစ မဟုတ်ဘူးလား။
သူက ဘယ်လိုလုပ်ပြီး FTWရဲ့ အထောက်အပံ့နဲ့ ဂိမ်းပွဲထောင်ကျော် အတူတကွ ကစားဖူးသလိုမျိုး ကစားဖော်ကစားဖက်ဟောင်းတွေလိုမျိုး ဒီလောက်အထိ ကောင်းကောင်း ကစားနိုင်နေတာလဲ။
သူတို့နှစ်ယောက် ခေါင်းကို သံနဲ့တကယ် အထုခံလိုက်ရတာပဲ။
65 04
ကုန်လွန်ခဲ့သော နှစ်နှစ်ကျော်ကာလအတောတွင်း ရက်ပေါင်း၆၀၀ ကျော်ရှိကာ ဝေ့ရှောင်းနှင့် ပိုင်ချိုင်တို့ အတူဝင်တိုးခဲ့သော အရေအတွက်က မှင်သက်ဖွယ်ကောင်းသော ကဏ္ဍအထိ ရောက်ရှိနေနိုင်လေရာ ကောင်းကင်မှ ကြယ်စင်များ၏ အရေအတွက်ကိုပင် သွားပြိုင်နိုင်လောက်အောင် မြင့်လေသည်။
ဒါကို ဘယ်လိုပြောသင့်လဲ။
ရှုထောင့်တစ်ခုက ကြည့်မယ်ဆိုရင် ချိုင်ကောရဲ့ ကံကောင်းမှုက တကယ်ကို တော်တော်လေး ကောင်းတယ်လို့ ပြောရမှာပဲ။
မနေ့က သူတို့သည် စိတ်လှုပ်ရှားမှု လှုံ့ဆော်မှုများကို ရှာဖွေချင်ခဲ့သည်။ ချိုင်ကောက သူတို့အသင်းဟောင်းတိုင်းနှင့် matchပေးခဲ့ခြင်းအားဖြင့် ဝေ့ရှောင်းအား ရှုံးလျှင်ပင် ပျော်ရွှင်လွန်းစွာ ကစားနိုင်စေခဲ့သည်။
ဒီနေ့တွင်မူ သူတို့သည် scole pointများကို လိုချင်သည်။ ချိုင်ကောသည် သူတို့အား ဆူးတစ်ချောင်းနှင့်မျှ မတွေ့ပေးခဲ့ချေ။ ဖြစ်စဥ်တောက်လျှောက်တွင် သူသည် ဝေ့ရှောင်းအား ဆက်တိုက်ဆိုသလို တွန်းအားပေးခဲ့ပြီး ရှေ့သို့ ချီတက်နိုင်ရန် ထောက်ပံ့ပေးလျက် တောင်တန်းတစ်ခုလုံးကို ဖောက်ခွဲနိုင်အောင် matchပေးခဲ့သည်။
3နာရီကျော်ခန့် ကစားပြီးနောက် ချိုင်ကောက သူ၏လက်ချောင်းများကပင် စတင်ကာ နာကျင်လာသလို ခံစားလာရသည်။ ထို့ခံစားချက်ကို မခံစားရသည်မှာ ကြာပြီဖြစ်သည်။
ထို့အစား....
အရူးလေးဝေ့ကဲ့သို့ အရှိန်နှုန်းအပြည့်နှင့် ရှေ့သို့ ချီတက်နေသော သူ၏အနောက်သို့ လိုက်ပြီးနောက် သူ၏ကီးဘုတ်ကိုပင် ဖျက်နိုင်စွမ်းရည် ရှိနေပြီ ဖြစ်သည်။
FTWသည် စိတ်အားထက်သန်မှုအပြည့်နှင့်ဖြစ်ပြီး အခြားသောနှစ်သင်းကလည်း ပြင်းပြင်းထန်ထန် ကြိုးစားနေကြသည်။
လောင်ကျွီသည် မိနစ်တိုင်း စက္ကန့်တိုင်းကို အမိအရ ဖမ်းယူပြီး scole pointများကို စုသည်။ ပိုပြီးများများ အနိုင်ရနိုင်ရန်အလို့ငှာ သူသည် သူ၏ကိုယ်ပိုင်အသင်းမှ အထောက်အပံ့ကစားသမားနှင့်ပင် အတူဝင်တိုးခဲ့သေးသည်။
အားနည်းသော ကစားသမားများကသာ နှစ်ယောက်အတူ ဝင်တိုးသည်ဟု ပြောသော ထိုအမျိုးသားက ပထမနေရာ အရယူနိုင်ရန်အလို့ငှာ ကိုယ့်မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
သို့ရာတွင်....
ဆယ်မိနစ်ခန့်ကြာပြီးနောက် ဂိမ်းပွဲအားလုံးကို နိုင်ထားသော လောင်ကျီက တစ်ချက် မော့ကြည့်လိုက်သည်။
Awesome…
L&P၏ အနိုင်ရနှုန်းသည် သုံးမှတ်အသာနှင့် ဖြစ်နေသည်။
ပထမနေရာမှ အသင်းက လေ့ကျင့်ရေးmatchပွဲအတွက် ပြိုင်ဘက်ကို အရင်ရွေးချယ်ပိုင်ခွင့် ရှိသည်။ ဒီနေ့ သူက သေချာပေါက်....
“သေစမ်း”
လောင်ကျီသည် တရုတ်လို စံချိန်မကျသော လေသံမျိုးနှင့် ကျိန်ဆဲလိုက်သည်။
ယွမ်ဇယ်ကလည်း scole boardကို သတိထားမိပြီးသည်မှာ ကြာပြီဖြစ်ပြီး ရလဒ်ကို သိထားပြီးသား ဖြစ်သည်။
First. . L&P
Second. .Pro
Third. .FTW
လောင်ကျီသည် ဒေါသထွက်လွန်းသဖြင့် ဘောလုံးတစ်လုံးဖြစ်သည်အထိ ပေါက်ကွဲ ချင်သွားသည်။
“ဘာလို့ FTWက No. 3လဲ”
ထိပ်ဆုံး၃သင်းသည် ပြိုင်ဘက်ကိုသာ ရွေးချယ်ရမည် ဖြစ်သည်။ အရွေးချယ်ခံပိုင်ခွင့် မရှိချေ။
နေ့တစ်ဝက်လုံးလုံး ပြင်းပြင်းထန်ထန် ကြိုးစားထားသော လောင်ကျီ.....
သူ သူကြိုးစားထားတာတွေ အားလုံးက အလကား ဖြစ်သွားတာလား။
******