Ch 66
Viewers 3k

အပိုင်း (66)


FTWက စာရင်းမှားသွင်းလိုက်တာလား


L&P၏ လေ့ကျင့်ရေးခန်းအတွင်းတွင် လောင်ကျီသည် ဝမ်းနည်းပြီး ဒေါသ ထွက်နေသည်။


“Quiet မင်းသောက်ကျိုးနည်း ငါ့ကို လာလုပ်နေတာပဲ”


သူ၏အသင်းခေါင်းဆောင်ကပင် ရေခဲပြီးနောက် နှင်းကျလာသလိုမျိုး မထူးခြားနားသလို အရိုင်းဆန်သလိုဖြစ်နေကာ သည်းခံရန်ခက်ခဲသော အားတစ်မျိုး၏ လှည်းကျင်းခြင်း ခံရသလိုမျိုး ခံစားနေရသည်။


“မင်းသူ့ရဲ့စကားတွေကို တကယ်ယုံတာလား”


Gary ...


“....”


“မမေးနဲ့ မင်းမေးရင် ကီးဘုတ်နဲ့ ကိုယ့်ခေါင်းကိုယ် ထုရိုက်ဖို့ပဲ ရှိတော့တယ်”


Proဘက်ခြမ်းတွင်....


ကင်ဆွန်းဟွန်းသည် လောင်ကျီလောက် ရူးကြောင်ကြောင်နှင့် ချိုမြိန်သော အကောင်လေး မဟုတ်ချေ။ သူသည် FTW၏ scloeများ ထိုးတက်လာခြင်းကို သတိထားမိပြီမှာ ကြာပြီဖြစ်သည်။


လောင်ကျီက ဂိမ်းပွဲတိုင်းကို ဘာလို့နိုင်ချင်တာလဲ။ ဘာလို့လဲဆိုတော့ နောက်ဆုံးနာရီဝက်လောက်မှာ နတ်ဘုရားကင်က ကုသခံဖို့ လက်လျှော့လိုက်လို့ပဲ။


ဘာလို့ ပထမနေရာကို လုနေတော့မှာလဲ။


အဲဒီကောင်စုတ်လေးက သဘောတူညီမှုကို ဖောက်ဖျက်လိုက်ပြီလေ။


Scole board၏ ရလဒ်များက ထွက်လာသောအခါ ကင်ဆွန်းဟွန်း၏ မျက်နှာအမူအယာဟာ အေးစက်နေသည်။


သူသည် မပြုံးနေသောအခါ အလွန်အမင်း ခြိမ်းခြောက်နိုင်စွမ်းရည် အပြည့်ရှိသည်။ အထူးသဖြင့် သူ၏မျက်နှာပေါ်မှ မျက်ရည်ခံမှဲ့က သူ့အား ပို၍ပင် ဖြူဖျော့ပြီး ကျောချမ်းစေသေးသည်။


တစ်သင်းလုံးတွင် လီဟယ်ရန်ကသာ သူ့ကို စကားပြောရဲသည်။


“ရေ”


ကင်ဆွန်းဟွန်းသည် ရေခွက်ကို ပေးလိုက်သည်။


“မင်းရဲ့အမှားပဲ”


လီဟယ်ရန်..


“....”


နတ်ဘုရားကင်သည် အလွန်အမင်း အကျိုးအကြောင်းသင့်စွာ ပြောလာသည်။


“ငါတို့ရဲ့ကံက မင်းနဲ့ငါ ၂ယောက်အတူ ဝင်တိုးမှ ကောင်းတာ”


ထိုညနေတွင် ဝေ့ရှောင်းကို မဆိုထားဘိ။ သူသည် FTWမှ ကစားသမားတစ်ယောက်နှင့်မျှ မဆုံခဲ့ချေ။ သူကသာ တစ်ယောက်ယောက်နှင့် ဆုံခဲ့ဦးမည်ဆိုလျှင် နောက်တစ်ပွဲ ရောက်သည်အထိ အမှတ်များ ရှုံးသွားလောက်အောင် သေချာပေါက် ထုရိုက်နိုင်ပေလိမ့်မည်။


ဒီလိုဆိုရင် တတိယနေရာမှာ နေနိုင်ပါဦးမလား။


သူ့ရဲ့လက်ထဲက မြားတွေက ခွင့်ပြုတယ်လို့ ပြောလို့လား။


နှမြောစရာ ကောင်းတာက....။


Koi comboက တစ်ဝက်သာလျှင် ရှိချိန်တွင် ကံကောင်းသော buffကို မရနိုင်တော့ချေ။


အနားပတ်ဝန်းကျင်မှ အသင်းဖော်များ၏ နှလုံးသားများက အထွန့်တက်မှုများ ပြည့်နေသည်။

66 02

ဘယ်သူက အစကတည်းက တစ်ယောက်တည်း ဝင်တိုးမယ်လို့ အတင်းပြောနေတာလဲ။ တစ်ယောက်တည်း ဝင်တိုးတာက အချိန်ဖြုန်းစရာမလိုဘဲ အမှတ် ရပိုမြန်တယ်လို့ ဘယ်သူပြောတာလဲ။


လီဟယ်ရန်က တိတ်တဆိတ် နားထောင်နေပြီးနောက် ပြောသည်။


“ကောင်းပြီ မင်း မှန်တယ်”


Proမှ လူတိုင်း....


“.....”


ကောင်းပြီ။ ခေါင်းဆောင်က တကယ်ကို ခေါင်းဆောင်ပါပဲ။ သူက ကွေးလည်း ကွေးနိုင်တယ်။ ဆန့်လည်းဆန့်နိုင်တဲ့ အစစ်အမှန် အမျိုးသားကောင်းတစ်ယောက်ပဲ။


Free matching ကာလက အဆုံးသတ်သွားသည်။ ထိုသို့ဖြင့် ညစာကို ခပ်မြန်မြန် အဆုံးသတ်လိုက်ကြပြီးနောက် လေ့ကျင့်ရေးခန်းတစ်ခုလုံးက ဒီည၏ အမှတ်ပြိုင်ပွဲသို့ ဝင်ရောက်ရန် အပြေးအလွှား ကြိုးစားနေကြသည်။


၁၈သင်းလုံးက ခန်းမတစ်ခုထဲတွင် စုစည်းရောက်ရှိနေကြပြီဖြစ်သည်။ ကင်မရာများကလည်း ခန်းမကြီးတစ်ခုလုံးကို လှည့်ပတ်ကာ ရိုက်ကူးနေ၏။ ထိုlineupက official matchမှ lineupထက် မနိမ့်ကျပေ။


တိုက်တိုက်ဆိုင်ဆိုင် ကြည့်ရှုသူများသည် ပရိသတ်များ မဟုတ်ဘဲ တစ်ကမ္ဘာလုံးရှိ ကစားသမားများ ဖြစ်နေလေသည်။


Live streamအခန်းထဲတွင် စခန်းချထားပြီးသည်မှာ ကြာပြီဖြစ်သော ပရိသတ်များက စိတ်အားထက်သန်စွာ စကားပြောနေကြသည်မှာ ကြာပြီဖြစ်သည်။


“သေချာပေါက်ကိုပဲ ပထမနဲ့ဒုတိယနေရာနဲ့ပတ်သက်ပြီး သံသယ ဝင်စရာကို မရှိတာ”


“L&Pနဲ့ Proက ဒီတစ်ကြိမ် တော်တော်လေးကို အလေးအနက် ထားထားတာ၊ gp Bဘက်က ရန်ကျန်းနဲ့ ရှဲ့ဟယ်ကို ကြည့်လိုက်၊ သူတို့က ဒီတိုင်း ပေါ့ပေါ့ပါးပါး ကစားနေရုံပဲ”


“တကယ်ကိုတော့ ထူးဆန်းတယ်၊ gp Aက လေထုအခြေအနေက ရှင်းပြဖို့ ခက်လောက်အောင်ကို အပူချိန် တက်နေတာ၊ သူတို့အားလုံးက အမှတ်တွေ အသည်းအသန် လုနေကြသလိုပဲ”


“ပြိုင်ပွဲရဲ့ စည်းမျဥ်းတွေကို အခြေခံကြည့်ရမယ်ဆိုရင် အစောပိုင်းအဆင့်မှာ ဒီလောက်အထိ အကြိတ်အနယ်ပြိုင်ဖို့ မလိုအပ်ဘူးလားလို့”


“သေချာတာပေါ့ သေချာပေါက်ကိုပဲ၊ ဘောနပ်စ် poolစနစ်က ရှိနေသေးတယ် မဟုတ်လား၊ အရင်ဆုံး စောင့်ကြည့်သင့်တာ မဟုတ်လား”


“ငါတော့ မသိတော့ဘူး”


“ဘယ်သူက ဂရုစိုက်လို့လဲ၊ ဒီနှစ်မှာ ငါတို့ရဲ့ တရုတ်ပြည်ဘက်က တော်တော်လေးကို ပြသနိုင်စွမ်းရည် မြင့်လာတာတော့ အမှန်ပဲ၊ gpAရဲ့ 3Uနဲ့ FTWက No 3နေရာကို တစ်လှည့်စီ ယူနေကြတာ၊ gp Bဘက်က လနတ်ဘုရားနဲ့ အူရိုနတ်ဘုရားတို့ကလည်း ဒုတိယနေရာကို တစ်လှည့်စီ ယူနေကြတာပဲ”


“သေစမ်း မင်းတို့တွေ မနေ့ညက gp Bရဲ့ pointပြိုင်ပွဲကို ကြည့်လိုက်ကြသေးလား”


“ကြည့်တာပေါ့ ငါတို့ရဲ့RRက သောက်ကျိုးနည်း လန်းတာနော်၊ သူက EVEနဲ့ တစ်ခါတည်း တိုက်ရိုက် ချိန်းဆိုလိုက်တာ”


“လနတ်ဘုရားက အမတမှော်ပညာရှင်ကို ယူလိုက်ပြီး EVEရဲ့ နတ်ဘုရားရှဲ့ကို ဆွဲချသွားတာ”


“RRက ရှုံးသွားပေမဲ့လည်း ဒီနှစ်သန်မာလာတာတော့ အမှန်ပဲ၊ သူတို့က ရှဲ့ဟယ်ကို အလေးအနက်ထားပြီး ကစားစေတယ်”


“ငါတို့ဒီနှစ် ဆောင်းတွင်းလေ့ကျင့်ရေးကို ဝင်ပါတဲ့ တရုတ်ပြည်ဘက်က အသင်းလေးသင်းလုံးက တော်တော်လေးကို လှုံ့ဆော်မှုအပြည့် ရှိနေသလိုပဲ၊ ဒီနှစ်ပြည်တွင်း ချန်ပီယံရှစ်ကတော့ ကြည့်ကောင်းတော့မယ်”


“အား ငါကတော့ ဒီနှစ်ရဲ့ တရုတ်ပြည်ချန်ပီယံရှစ်က global ချန်ပီယံရှစ်ကို ရအောင်ယူနိုင်ပါစေလို့ မျှော်လင့်တာပဲ”


တင်ဆက်သူက စကားအနည်းငယ် ပြောကာ မိတ်ဆက်ပြီးနောက် ဒီနှစ်matchပွဲများ၏ ရလဒ်ကို စတင်ကာ ကြေညာခိုင်းသည်။

66 03

ပထမနေရာသည် သံသယဝင်ရန် မလိုလောက်အောင် L&Pဖြစ်သည်။ လောင်ကျီက ပျက်ယွင်းနေသော မျက်နှာထားမျိုးဖြင့် စင်ပေါ်သို့တက်ပြီး ဝေ့ရှောင်းကို တစ်ချိန်လုံး စိုက်ကြည့်နေသည်။


ဝေ့ရှောင်း...


“???”


ပိုင်ချိုင်...


“???”


ဝေ့ရှောင်းက မေးခွန်းမေးရဲလောက်အောင် အရှက်မဲ့သည်။


“လောင်ကျီက ဘာဖြစ်တာလဲ၊ သူ့မျက်လုံးက တွန့်နေတာလား”


ပိုင်ချိုင်က သူ့ကို အထင်တသေး ပြောသည်။


“သောက်ကျိုးနည်း အမှိုက်လိုကောင်”


ဝေ့ရှောင်းက ရုတ်တရက် အလင်းကို မြင်လိုက်သည်။


“ဟေး ဒါတွေအားလုံးက မင်းကြောင့် မဟုတ်ဘူးလား၊ ငါနတ်ဘုရားကျီကိုတောင် မေ့သွားတာလေ”


ပိုင်ချိုင်ကလည်း ရှင်းပြရန် ခက်ခဲလောက်အောင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရသဖြင့် တောက်လျှောက် ဆဲလိုက်သည်။


“ပါးစပ်ပိတ်စမ်း မင်း”


လုဖုန်းသည် ဝေ့ရှောင်း၏ ဘယ်ဘက်ခြမ်းတွင် ထိုင်နေခြင်းဖြစ်သည်။ ထို့ကြောင့် ဝေ့ရှောင်းက ဘယ်ဘက်ခြမ်းသို့ ကပ်လျက် ဆိုးနွဲ့လိုက်သည်။


“ခေါင်းဆောင် ချိုင်ကောက ငါ့ကိုအရမ်း ဒေါသကြီးနေတယ်”


လုဖုန်း..


“သူ မှန်တယ်”


ဝေ့ရှောင်း..


“အာ…”


ပိုင်ချိုင်သည် ထိုင်ခုံနေရာ လဲချင်သည်။ သူ သူတို့နှစ်ယောက်နဲ့ မီတာ၈ရာလောက်အဝေးတွင် ထိုင်နိုင်လျှင် အကောင်းဆုံးပဲ ဖြစ်သည်။


မကျေနပ်နေသော Garyသည် အသင်း၏ training matchပွဲအတွက် အသင်းတစ်သင်းကို ရွေးချယ်ခွင့် ရသွားသည်။ သို့သော် သူသည် မပျော်ပေ။ သူသည် ပို၍ပင် ဒေါသထွက်နေသေးသည်။


L&Pသည် နံပါတ်၄နေရာမှ အသင်းကို ရွေးလိုက်သည်။


Garyက အစပိုင်းကတည်းက အစ်ဖက်ခြမ်းသို့ ရူးသွပ်နေသလိုမျိုး ဗုံးများဖြင့် တောက်လျှောက် ကျဲသည်။ သူ၏ဟန်ချက်က ကောင်းကင်သို့ ပျံတက်နိုင်လောက်အောင် လုံလောက်အောင် မြန်ဆန်နေခြင်းဖြစ်ပြီး အခြားတစ်ဖက်ခြမ်း၏ ခေါင်းများမှ သွေးများ ထွက်သည်အထိ တောက်လျှောက် ဖောက်ခွဲလိုက်သည်။


ဝေ့ရှောင်း၏ လက်များက ကျင့်ရုံသက်သက် ချန်ထားခဲ့ခြင်း မဟုတ်ချေ။ သူက ကျိန်ဆဲလိုက်သေးသည်။


“သေစမ်း ကျိုးရှင်းဖေး”


အဲဒီအမှိုက်ကောင်ကြောင့်သာ မဟုတ်ရင် ဒီနေ့ Garyကို ရင်ဆိုင်ရမှာ သူ ဖြစ်နေမှာ။


နတ်ဘုရားကျီရဲ့ လက်ရှိအခြေအနေကို ကြည့်စမ်း။ သူ လွဲသွားတာ နှမြောစရာပဲ။


အချိန်သိပ်မကြာသေးသောကြောင့် ဖြစ်လောက်သည်။ ပိုင်ချိုင်သည် ကျိုးရှင်းဖေးဆိုသော နာမည်ကို ကြားရသောအခါ အလွန်အမင်း တည်ငြိမ်နေပြီး ပုံမှန်မဟုတ်သော သနားစိတ်နှင့် ထာဝရခံစားချက်ကိုပင် ရလိုက်သေးသည်။


သူဘာကိုမဆို ရွေးလို့ရတယ်။ ဒါတောင်မှ အမှိုက်ကောင်ကို ရွေးမိသွားတယ်။ အား အပြစ်ပေးခံရဖို့သာ စောင့်နေလိုက်တော့။

66 04

L&P၏ အဖွင့်ပွဲက ကြည့်ရှုသူတိုင်းကို မွှေနှောက်နိုင်သည်။ သူတို့သည် သံသယဝင်ရန် မလိုလောက်အောင် အနိုင်ရရှိသွားလေပြီး သူတို့၏ ဘောနပ်စ်poolကလည်း ထပ်မြင့်သွားသည်။


တစ်မှတ်သည် ယွမ်တစ်ထောင်ဖြစ်ပြီး L&P၏ ဘောနပ်စ်poolက ယခုအခါ ယွမ်သုံးသိန်း ကျော်နေလေပြီ။


Pointပြိုင်ပွဲများသည် နှင်းဘောလုံးများကို စလှိမ့်နိုင်သွားသည်။ သူတို့ကသာ ဒီအချိန်ဇယားအတိုင်း ဆက်လက်ပြီး လုပ်သွားခဲ့မည်ဆိုလျှင် နောက်ဆုံးနေ့မှ bonus poolသည် အလွန်အမင်း ဆွဲဆောင်နိုင်ပေလိမ့်မည်။


ဒုတိယပွဲက Proဖြစ်သည်။ စင်ပေါ်သို့ အရင်ဦးဆုံး တက်လာသောသူက အမြဲတစေ ဖောက်ထွင်း မြင်ရမတတ် ကြည်လင်နေသလိုမျိုး သတိမထားမိလောက်သည့် junglerဖြစ်သည်။ သို့သော် သူသည် အတော်ချောသော လူငယ်လေးဖြစ်သည်။ သို့တိုင်အောင် သူ၏ တိတ်ဆိတ်လွန်းသော နေထိုင်ပုံအရ အမြဲတစေ ကျော်ကြည့်မိတတ်သည်။


ကင်ဆွန်းဟွန်း၏ အမူအယာဟာ ပျက်ယွင်းနေသည်။ သူသည် အများသိကြသော ခေါင်လင်းပန်းအလား ပြုမူနေလေသည်။


Livestreamအခန်းတစ်ခုလုံးက အော်ဟစ်နေသော အသံများဖြင့် ပြည့်နှက်နေသည်။ ထိုမျက်နှာသည် လူတိုင်း၏အကြိုက်နှင့် အလွန်လိုက်ဖက်ညီသည်။ နတ်ဘုရားကင်၏ ပရိသတ်များက တစ်ဘဝလုံးအနှံ့ ပြန့်သွားသည်။


Proသည် 3Uနှင့် ကစားရန် ကြိုးစားသည်။. 3Uကလည်း အကြိတ်အနယ် ကြိုးစားခဲ့ပြီးno5နေရာတွင် ရှိနေခဲ့သည်။ သူတို့ကိုရွေးခြင်းက ထိုက်တန်လေသည်။


3Uသည် ဒီလေ့ကျင့်ရေးပွဲတွင် အလွန်တည်ငြိမ်ခဲ့သည်။ သူတို့က free matchingအပိုင်းအတွင်း ကံဆိုးမှုတချို့ တွေ့ကြုံခဲ့လျက် ခက်ခဲသော ပြိုင်ဘက်များနှင့် ဆုံခဲ့သေးသည့်တိုင်အောင် သူတို့၏ scoleက အတန်အသင့် ကောင်းမွန်သည်။ သူတို့သည် နံပါတ်၄နေရာသို့ ကုန်းတက်လာခဲ့သေး၏။ အလျင်လက်ဦးမှုယူကာ ပြိုင်ဘက်ကို ရွေးချယ်နိုင်စွမ်းရည် မရှိလင့်ကစား သူတို့က ရွေးချယ်ခံရနိုင်ချေ မြင့်မားနေသေးသည်။


ယခုလိုမျိုး သူတို့သည် Proနှင့် ကစားခွင့်ရသည်။


ဝေ့ရှောင်းက မနာလို ဖြစ်သွားပြန်သည်။


“Asleepက တကယ်တော်တယ်”


လုဖုန်းက လေသံတိုးတိုးနှင့် အနားနားကပ်ကာ ပြောသည်။


ဝေ့ရှောင်း၏ မျက်လုံးက တောက်ပသွားသည်။


“တကယ်လား”


လုဖုန်း..


“အင်း”


ဝေ့ရှောင်း..


“ဒီည”


လုဖုန်း..


“တစ်ကြိမ်ပဲ”


ဝေ့ရှောင်း၏ မျက်လုံးများက ပျော်ရွှင်သော လခြမ်းကွေးများအသွင် ပြောင်းသွားသည်။


“ကောင်းပြီ ကောင်းပြီ ကောင်းပြီ။ တစ်ကြိမ်ဆိုလည်း တစ်ကြိမ်ပေါ့၊ ခေါင်းဆောင် ခေါင်းဆောင် တကယ်တော်တာပဲ”


ဘေးဘက်ခြမ်းတွင် ထိုင်နေသော ပိုင်ချိုင်...


“.....”


သူတို့ပြောနေတာက soloပွဲအကြောင်းဆိုတာကို သူ သိပေမဲ့လည်း သူ့ရဲ့ဦးနှောက်က ရှင်းပြဖို့ ခက်ခဲလောက်အောင် ထောပတ်တုံးကြီး ဖြစ်သွားတယ်။


သူ တကယ်ကို ထိုင်ခုံ လဲချင်တာ။ အား… သူ ဟော်တယ်အပြင်မှာ ထွက်ထိုင်နေရရင် အကောင်းဆုံးပဲ။

++++++