အပိုင်း 67
Proနှင့် 3U၏ ဂိမ်းပွဲက ကြည့်၍ အလွန်ကောင်းသည်။
အစပိုင်းတွင် Proသည် အလေးအနက် မထားခဲ့ချေ။ မည်သို့ပင်ဆိုစေ မနှစ်က 3Uသည် globalချန်ပီယံရှစ်အတောတွင်း တစ်ပတ်လှည့်ခရီးသို့ ထွက်ပြီး အိမ်သို့ ပြန်လာခဲ့ရခြင်း ဖြစ်သည်။ သူတို့သည် အင်အားကြီးမားသော အသင်းများနှင့် တိုက်ခိုက်ရန် အခွင့်အရေးပင် မရခဲ့ချေ။
3Uသည် မနေ့က FTWနှင့် ထိပ်တိုက်ရင်ဆိုင်ပြီး ကောင်းကောင်း ကစားခဲ့သည့်တိုင်အောင် Asleepကိုမူ Closeက တောက်လျှောက်တစ်ချိန်လုံး ဖိနှိပ်ထားခဲ့သဖြင့် သူသည် ကောင်းကောင်းမကစားပြနိုင်ခဲ့ချေ။ ထို့အတွက်ကြောင့် ထိုအိပ်စက်ခြင်း စတားအသစ်ကို အထင်သေး ဖြစ်လောက်လေသည်။
သို့သော် ဒီဂိမ်းပွဲသို့ ဝင်ရောက်ပြီးပြီးခြင်း ကင်ဆွန်ဟွန်းသည်လည်း ရင်းနှီးကျွမ်းဝင်မှုကို ခံစားလိုက်ရသည်။
Asleep၏ သူခိုးက ခုန်ပျံကျော်လွှား၍ တိုက်ခိုက်လာသောအခါ ကင်ဆွန်းဟွန်းသည် ဝေ့ရှောင်းနှင့် ထိပ်တိုက်ရင်ဆိုင်ပြီး အကွက်ချခံနေရသလိုမျိုး ထင်ယောင်ထင်မှား ခံစားမိလာသည်။
တရုတ်ဘက်က junglerတွေ ဘာဖြစ်ကုန်တာလဲ။
သူတို့ဒီနှစ် ခွေးရူးလိုပဲ ကစားတော့မှာလား။
Asleep၏ ရူးသွပ်မှုက ဝေ့ရှောင်းထက် အားနည်းခြင်း မရှိပေ။ ခုံးယီက သူ့ကို လိုက်ပါပို့ဆောင်ပေးနေသောအခါ သူသည် ကင်ဆွန်းဟွန်းကို လီဟယ်ရန်က ဂရုစိုက် ကာကွယ်ပေးနေသည့်တိုင်အောင် ရအောင် လာထိလေသည်။
ကင်ဆွန်းဟွန်းသည်လည်း ဒီတစ်ကြိမ် မုန်တိုင်းမုဆိုးကဲ့သို့ flashyဖြစ်သော maskmanအား အသုံးမပြုခဲ့ချေ။ သူက နှောင်းပိုင်းအဆင့်တွင် အလွန်အမင်း အင်အားကြီးမားလွန်းစွာ တိုက်ခိုက်နိုင်သော heroတစ်ခုကို ယူထားသည်။ ထို့အပြင် အဝေးမှ တိုက်ခိုက်နိုင်စွမ်းရည် ရှိနေသေးသည်။ ထိုအတွက်ကြောင့် ရွေ့လျားနိုင်စွမ်းရည်က အလွန်အမင်း ကန့်သတ်နေသေးပြန်သည်။ နေရာချထားမှုတွင် အမှားအယွင်းတစ်ခု ပါသွားသည်နှင့် သူသည် killတစ်ခုအတွက် ခေါင်းထိုးပေးသလို ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် Asleepက သူ့ကိုလာထိတွေ့သော အခိုက်အတန့်တွင် နတ်ဘုရားကင်၏ နှလုံးသားက တုန်ယင်သွားသည်။
လူရမ်းကားသူခိုး၏ သေဆုံးခြင်းမြက်ရိတ်ဓားက သူ၏healthတစ်ဝက်ခန့်ကို ခုတ်ရိတ်သိမ်းသွားသည်။ လီဟယ်ရန်၏ ရှင်သန်ကယ်ဆယ်ခြင်း အရုပ်ကလေးကသာ ရှိနေသောကြောင့်သာ မဟုတ်လျှင် ကင်ဆွန်းဟွန်းက ကျသွားပြီးလောက်လေပြီ။
နဂိုက အလေးအနက်ထားကာ ကစားခြင်း မရှိသည့် Proက 3U၏ ကြမ်းတမ်းသော အရှိန်အဟုန်ကြောင့် လေးနက်တည်ကြည် သွားလေသည်။
စင်အောက်ဘက်မှ ချန်းဖုန်းက အကောင်ငယ်လေးသုံးကောင်ကို လှမ်းပြောသည်။
“ဒီနှစ် ပြည်တွင်းမှာ 3Uက ငါတို့ရဲ့ အင်အားကြီးမားတဲ့ ပြိုင်ဘက်ဖြစ်နိုင်တယ်”
သူတို့သည် မနေ့က 3Uနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး နိုင်ခဲ့သော်လည်း 3U၏ခေါင်းဆောင် Asleepက ကြီးထွားရန် အခွင့်အရေး အများကြီး ရှိနေသေးသည်။
မနှစ်က သူတို့သည် အင်အားကြီးမားသော အသင်းအဖြစ် ပေါ်ထွက်လာခဲ့ပြီးသား ဖြစ်သည်။ ဒီနှစ်တွင် သူတို့သည် ပို၍ပင် ရင့်ကျက်လာသေးသည်။ Asleepသည် မနှစ်က လုဖုန်းကြောင့် သေသည်အထိ ဖိအားပေးခံခဲ့ရပြီး အသင်း၏ ဟန်ချက်ကို မဆွဲသွားနိုင်ခဲ့သောကြောင့်သာ FTWက နိုင်သွားခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် လုဖုန်းက ထိုနေရာတွင် မရှိတော့သည်နှင့် Asleepကို ဖိအားပေးနိုင်သော တရုတ်ပြည်အတွင်းမှ junglerများ၏ အရေအတွက်ကို လက်တစ်ဖက်တည်းဖြင့် ရေ၍ရသည်။
ဝေ့ရှောင်း၏ အင်အားကိုလည်း သံသယဝင်စရာ အကြောင်းမရှိပေ။ သူသည် Asleepကို soloဂိမ်းပွဲတွင် နိုင်သည်။
သို့သော် 5v5 ဂိမ်းပွဲများသည် အတွေ့အကြုံက စကားပြောသည့်အလျောက် ဝေ့ရှောင်းသည် အနည်းငယ် လိုအပ်သေးလောက်သည်။
ထို့ကြောင့် သူတို့နှစ့်ယောက်အကြားတွင် ဂိမ်းပွဲတစ်ပွဲ ဖြစ်လာခဲ့သော် မည်သူကနိုင်မည် မည်သူက ရှုံးမည်ဟူသော ကိစ္စကို ပြောရန်ခက်ခဲသည်။
ချန်းဖုန်းက မှတ်ချက်ချသည်။
“3Uရဲ့ လက်ရှိlineupက Proကို တကယ် ကန့်သတ်ပေးနိုင်တယ်”
67 02
Asleep၏ လုပ်ဆောင်စွမ်းရည်က ကောင်းရုံသာ မကသေးလေဘဲ သူ၏စိတ်ကလည်း ပုံမှန်မဟုတ်လောက်အောင် တည်ငြိမ်နေသေးသည်။ သူသည် ထိုmatchပွဲတွင် အလွန်အမင်း ရည်မှန်းချက်ကြီးနေကြောင်း ဖော်ပြသည်။
ထိုline upက Proကို သေချာလေ့လာပြီးမှ စဥ်းစားထားခဲ့သော lineupဖြစ်ကြောင်း ဖော်ပြနေသည်။
ထိုအခြေအနေက L&Pနှင့် အနည်းငယ် ဆင်တူသည်။ သူတို့နှစ်သင်းလုံးသည် junglerကို အမြုတေအဖြစ် ထားပြီး Asleepကသာ Garyလောက် မတော်လျှင်ပင် နောက်ကျ ကျန်ရစ်ခဲ့ခြင်း မရှိပေ။
ခုံးယွီ၏ အထောက်အပံ့နှင့် ထပ်ပေါင်းလိုက်သော သူသည် Asleep၏အင်အားကို မြှင့်တင်ပေးနိုင်သည်။
ချန်းဖုန်းက အထူးတလည် ကောက်နုတ်ပြသည်။
“မင်း မြင်လား၊ ဒါက တကယ်တော်တဲ့ အထောက်အပံ့ ကစားသမားရဲ့ စွမ်းရည်”
အမှန်တကယ်တော်သော အထောက်အပံ့ကစားသမားသည် အသင်းအတွက် ချောဆီကဲ့သို့ ဖြစ်နေတတ်သည်။ သူတို့သည် အသင်းဖော်များ၏ အခြေအနေကို လျင်မြန်စွာနှင့် သူတို့၏စွမ်းရည်ကို ၁၀၀%အပြည့်ထုတ်နိုင်အောင် ချောမွေ့စေရန် လုပ်ဆောင်ပေးနိုင်သည်။
ပိုင်ချိုင်က ထိုပွဲကို အလွန်အမင်း အလေးအနက်ထားကာ ကြည့်သည်။
ခုံးယီ၏ အဖွဲ့လိုက် ထိန်းချုပ်မှုစွမ်းအားနှင့် တိုက်ခိုက်ပေးနိုင်စွမ်းအားသည် သူ မှတ်သားသင့်လေသည်။
ထိုပွဲသည် အမှန်ပင် သဘောကျစရာ ကောင်းသည့် ပွဲဖြစ်ခဲ့ပြီး 3Uက အဆုံးသတ်တွင် ရှုံးသွားသေးသည်။
ကင်ဆွန်းဟွန်းသည် သင့်တော်စွာ တိုးတက်လာခဲ့ပြီးနောက် အလွန်အမင်း အင်အား ကြီးမားသွားသည်။ Asleepနှင့် 3U၏ toplanerက နှောင်းပိုင်းအဆင့်တွင် သူ၏အနားသို့ပင် မကပ်နိုင်ခဲ့ချေ။
သူတို့သည် အခြားတစ်ဖက်ခြမ်းရှိ ADCကို ဆွဲချနိုင်စွမ်းရည် မရှိခဲ့လျှင် အဖွဲ့လိုက်တို က်ပွဲတွင် နိုင်ရန်မဖြစ်နိုင်တော့ချေ။
ထိုသို့ဖြင့် settlement interfaceက ပေါ်ထွက်လာသည်။ ကင်ဆွန်းဟွန်းက damageအားလုံးတွင် 46%ခန့်ကို ယူသွားခဲ့ပြီး လူတိုင်းကို ပင့်သက်ရှိုက်စေသည့် နံပါတ်ကို ဖော်ပြသည်။
တကယ်ကို ဖော်ပြဖို့တောင် ခက်တယ်။
ကမ္ဘာ့နံပါတ်တစ် maskmanဆိုတဲ့အတိုင်းပဲ ကျော်ကြားမှုနဲ့ ထိုက်တန်တယ်။
အနားရှိ လူတိုင်းကလည်း ကင်ဆွန်းဟွန်းအကြောင်း ပြောနေကြပြီး သူ၏အင်အားကြောင့် မှင်တက်ကုန်ကြသည်။
လုဖုန်းကသာ တခြားကိစ္စတစ်ခုကို ပြောသည်။
“Proရဲ့ junglerကို သေချာအာရုံစိုက်”
ချန်းဖုန်းက မျက်ခုံး ပင့်လိုက်ပြီး မှတ်စုထဲတွင် မှတ်သား ထားလိုက်သည်။
ဟန်ရှန်းက ပြောသည်။
“ဒီjunglerက တိတ်ဆိတ်တယ်၊ သတိ မထားမိလောက်ဘူးဆိုပေမဲ့လည်း သူက တည်တည်ငြိမ်ငြိမ်နဲ့ Asleepကို ထိန်းထားနိုင်တယ်”
3Uသည် Proကို ရင်ဆိုင်ရာတွင် အားသာချက်ရှိသော lineupမျိုးကို ပိုင်ဆိုင်ထားခဲ့ပြီး ကောင်းမွန်စွာ ကစားသွားလျက် ကင်ဆွန်းဟွန်းကိုပင် ဂိမ်း၏အစပိုင်းတွင် ဖိအားပေးခဲ့သေးသည်။
သို့ရာတွင် အလယ်ပိုင်းသို့ ဝင်ရောက်သွားသည်နှင့် အခြေအနေက တစ်ဖက်သတ် ကြီးထွားခွင့် ပြုထားသလို ပြောင်းလဲသွားသည်။
လူအများစုကမူ ကင်ဆွန်းဟွန်းက အဖွဲ့လိုက်တိုက်ပွဲတွင် စတင်ကာ ဦးဆောင်သွားခဲ့သောကြောင့် Pro၏ အားသာချက်က တိုးတက်လာခဲ့သည်ဟု ယူဆကြလောက်သည်။ သို့ရာတွင် သူတို့ကသာ အနီးကပ်ကြည့်ရှုမည်ဆိုပါက Pro၏ junglerနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာက မှားယွင်းနေကြောင်း ခံစားမိလောက်သည်။
67 03
သူ၏ farmက နိမ့်သည်။ သူ၏ဟန်ချက်ကလည်း နိမ့်သည်။ သူသည် နိမ့်ကျသော တည်ရှိမှုကိုသာ ဖော်ပြထားသည့်တိုင်အောင် သူ၏ကစားဟန်က အလွန်တည်ငြိမ်သည်။
ထို့ကြောင့် တည်ငြိမ်လွန်းသဖြင့် လူအများ၏ နှလုံးသားကို အံ့အားသင့်စေပြီး အသွေးသားများကို ထုံထိုင်းစေလောက်သည်။
ဝေ့ရှောင်းက လေအေးများကို ရှူရှိုက်လိုက်သည်။
“တကယ် အင်အားကြီးတဲ့အသင်းပဲ”
Proသည် global အဆင့် power houseအဖြစ် သတ်မှတ်ခံထားရသည်မှာ ကင်ဆွန်းဟွန်း၏ အင်အားတစ်ခုတည်းကို မှီခိုထား၍ မဟုတ်ချေ။
သူတို့သည် စင်အမြင့်ပိုင်းသို့ တက်လျှောက်နိုင်စွမ်းရည်ရှိရန်အလို့ငှာ Proမှ လူ၅ယောက်လုံးက အလွန်အင်အား ကြီးမားနေသောကြောင့် ဖြစ်ပေလိမ့်မည်။
5v5 ပြိုင်ပွဲတွင် လူတစ်ယောက်တည်းက တော်နေရုံနှင့် မသိသာနိုင်ချေ။
နောက်ဆုံးတွင် FTW၏ အလှည့်ဖြစ်သည်။
ဝေ့ရှောင်းက တိုက်ခိုက်ချင်လွန်းသဖြင့် ယားယံနေပြီ ဖြစ်သည်။
“သွားရအောင်၊ အဲဒီအမှိုက်ကောင်ကို အနိုင်ကျင့်ကြမယ်”
ရှောင်လီ၏ တိုက်ခိုက်လိုစိတ်ဆန္ဒက အင်အားအပြည့်နှင့် ဖြစ်သည်။
“ကောင်းပြီ”
ပိုင်ချိုင်သည် တစ်စုံတစ်ရာက မမှန်ကန်ကြောင်း ခံစားနေရသည်။ သူတို့က စင်ပေါ်သို့ ရောက်သွားသောအခါ နောက်ဆုံးတွင် သိလိုက်သည်။
အိုး ဘယ်လိုဖြစ်ပြီး သူတို့ရဲ့ စိတ်နေသဘောထားက အမှိုက်ကောင်ကျိုးထက်တောင် ဗီလိန် ဆန်နေသေးတာလဲ။
အောက်ဘက်တွင် အခေါ်ခံရန် စောင့်နေသော အသင်း၂သင်းရှိသည်။ တစ်သင်းကမူ သဘာဝအလျောက်ပင် ODဖြစ်သည်။ သူတို့သည် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသဖြင့် ပိုက်ဆံ အရယူရန် အသင့်ဖြစ်နေကြသည်။
အခြားသောတစ်သင်းကမူ no ၆နေရာမှ အသင်းဖြစ်သည်။ ဒီနှစ်၏ no 6နေရာက ဥရောပဘက်မှ Black Knight ဖြစ်သည်။ သူတို့သည် FTWက no 3နေရာရကြောင်း မြင်သောအခါ အရေးပေါ်ဆွေးနွေး အစည်းအဝေးပင် ထိုင်ခဲ့သေးသည်။
Black Knight၏ jungler,.
“FTWရဲ့ toplaner Quietက သားရဲကောင်”
သူသည် တစ်ယောက်တည်းဝင်တိုးသည့်အချိန်တွင် တစ်ဖက်ကောင်နှင့် ဆုံခဲ့ပြီး အသက်ရှင်လျက် အစိတ်စိတ်အပိုင်းပိုင်း ဆုတ်ဖြဲခံခဲ့ရသည်။
နည်းပြက toplanerကို ကြည့်သည်။
“အတတ်နိုင်ဆုံး ဖိအားကို ခုခံဖို့ကြိုးစား၊ သူ့ကို ထိန်းထားနိုင်ရင် လုံလောက်ပြီ”
Black Knight၏ junglerက ပို၍ပင် စိတ်ဓာတ်ကျနေသေးသည်။
“ငါ သောက်ကျိုးနည်း Closeကို ရင်ဆိုင်ရမှာလား”
နည်းပြက သူ့ကို နှစ်သိမ့်ပေးသည်။
“မထိတ်လန့်နဲ့ ထိန်းပဲ ထိန်းထား”
ဒီပြိုင်ပွဲသည် ၅ယောက်အသင်း ဖြစ်သည်။ ထို့ကြောင့် နှစ်ယောက်က ထိန်းထားနိုင်ရုံနှင့် ကျန်သောသူများက.....။
ထိုအခြေအနေက Black Knight၏ ဗျူဟာဖြစ်သည်။
“ငါတို့ဒီအတိုင်း midlaneနဲ့ bottom laneမှာ ဟာကွက်ရအောင် ရှာဖို့ပဲ၊ ဒီလိုနဲ့ ဂိမ်းပွဲကို နိုင်နိုင်လိမ့်မယ်”
Black Knight...
“ဟုတ်ကဲ့”
67 04
သူတို့က ဂရုတစိုက် စိစဉ်ထားပြီး ဆုံးဖြတ်ထားသည်။ ထိုသို့ဖြင့် Black Knightမှ လူ၅ယောက်လုံးက တက်ကြွသော ကြက်ဖများ ဖြစ်နေကြသည်။ သူတို့သည် ဒီအသင်းနှင့် ပတ်သက်ပြီး မည်သည့်အရာဟာ ကောင်းမွန်လွန်းကောင်း အမှန်တကယ် မြင်ချင်နေသည်။ သို့မဟုတ်လျှင် မဟာမိစ္ဆာဘုရင်ကြီးကလွဲပြီး တခြားသော လူများက L&Pနှင့် Proကို ဖျားယောင်းနိုင်မည်ဟု မယုံကြည်ပါပေ။
ထိုသို့ဖြင့် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု လုပ်ထားပြီး အခေါ်ခံရန် စောင့်နေသော Black Knight....
“???”
တင်ဆက်သူကလည်း အနည်းငယ် အံ့သြသွားသည်။
“ODဟုတ်လား”
“FTWက စာရင်း မှားသွင်းလိုက်တာလား”
Scole boradတွင် ODသည် no10နေရာတွင်ဖြစ်ပြီး အနုတ်အမှတ်အပြည့်နှင့် ဖြစ်သည်။
အနုတ်အမှတ်ရှိနေသော အသင်းကို ထိပ်တိုက်ရင်ဆိုင်ပြီး နိုင်သွားခဲ့မည်ဆိုလျှင်ပင် သူတို့သည် အမှတ်မရှုံးခဲ့သည့်တိုင်အောင် အမှတ်ကလည်း ထပ်တိုးလာမည် မဟုတ်ချေ။
ဘာလို့ သူတို့နဲ့ ကစားနေဦးမှာလဲ။
တင်ဆက်သူကသာ စိတ်ရှုပ်နေခြင်း မဟုတ်ချေ။ Black Knight teamမှ လူများအားလုံးကလည်း စိတ်ရှုပ်ထွေးကုန်ကြသည်။
ဘာလို့ သူတို့ကို မရွေးတာလဲ။
ဒီFTWက ဘာဖြစ်တာလဲ။ ဘယ်လိုဖြစ်ပြီး ပုံမှန်အတိုင်း မလုပ်တာလဲ။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော သူများအားလုံးကလည်း သိချင်နေကြသည်။
“ဒါက ဘာဖြစ်တာလဲ၊ FTWနဲ့ ODအကြားမှာ ခိုးကြောင်ခိုးဝှက်နဲ့ သဘောတူညီမှု ယူထားတာများ ရှိနေတာလား၊ ဘယ်လိုဖြစ်ပြီး ဒီလို လုပ်လိုက်တာလဲ”
“ODက အရမ်းသန်မာလို့လား၊ ဒါပေမဲ့ အဘက်ဘက်က ကြည့်မယ်ဆိုရင် သူတို့က global top 8တောင် မဝင်ဘူးလေ ဟုတ်တယ်မလား”
“FTWက ရှုံးမှာ ကြောက်လို့လား”
“ဟုတ်သားပဲ သူတို့က အားနည်းတဲ့အသင်းကို ရွေးလိုက်မယ်ဆိုရင် သူတို့ရဲ့အမှတ်ကို ထိန်းထားနိုင်မှာပဲလေ။ ဟုတ်တယ်မလား”
“ဒါပေမဲ့ သူတို့ကtop3မှာ နေနိုင်မယ်လို့.ဘယ်လိုများ အာမခံချက် ရှိမှာလဲ၊ သူတို့က မနေ့က top3ဝင်ခဲ့တာလည်း မဟုတ်ဘူးလေ၊ နောက်ပြီး ဘောနပ်စ်poolကလည်း ကြီးတာ မဟုတ်ဘူး၊ ဒါကြောင့် သူတို့မရှုံးရင်တောင်မှ အခြေအနေမဆိုးဘူးဆိုတာ သေချာလို့လား”
“မပြောနဲ့နော်.....”
“ရှင်းပြဖို့ ခက်လိုက်တာ”
******