အပိုင်း (68)
FTWရဲ့ jungler QUIETရဲ့ ဖောက်ခွဲမှုအပြည့်နဲ့ ပထမဦးဆုံး ထွက်ပေါ်မှု
ODအသင်းထဲမှ လူများကသာ အမှန်တရားကိုသိသည်။
ကျိုးရှင်းဖေး၏ အခြားသော skillများကို မသိရပေ။ သို့သော် ပါးစပ်ကမူ အမှန်တကယ် အထင်ကြီးစေလောက်သည်။ သို့မဟုတ်လျှင် သူသည် အသက်၁၈နှစ်အရွယ် ချိုင်ကောကို တစ်ပတ် လည်သွားလောက်သည်အထိ ချော့မြှူနိုင်ခဲ့မည် မဟုတ်ပေ။
OD teamသည် အမှန်တကယ်အားဖြင့် အလွန်သာမန်ဖြစ်သော အသင်းသာဖြစ်သည်။ ဒီလောကတွင် ထူးချွန်သောလူက အနည်းငယ်သာ ရှိပြီး အခြေခံအားဖြင့် ကျန်သောသူတိုင်းက သာမန်သာဖြစ်သည်။
ကျိုးရှင်းဖေးသည် အသင်းသို့ ပြန်ရောက်သွားသောအခါ အခြေအနေကို အလွန်အမင်း ချဲ့ကားစွာ အပိုအလို ထည့်ပြောလျက် OD၏နည်းပြကိုပင် အရူးလုပ်နိုင်ခဲ့သည်။
“ဒါက မောက်မာလွန်းတာပဲ”
“သူတို့က သူတို့ဘက်က နိုင်မယ်လို့ အာမခံချက်အပြည့်ရှိတယ်ထင်နေတာလား”
“ကျိုးက အမှားလုပ်ခဲ့တာမှ မဟုတ်တာ၊ ဘာလို့ သူ့ကို တောင်းပန်သင့်တယ်ဆိုပြီး အတိုက်အခံ ပြောနေကြတာလဲ”
“ဟုတ်တယ် ဒီစာချုပ်ကို လက်မှတ်ထိုးတယ်ဆိုတာမျိုးက ကလေးကစားစရာမှ မဟုတ်တာ၊ FTWက အဲဒီ အထောက်အပံ့ကစားသမားက ဂရုမစိုက်လို့ ဖြစ်တာကို တခြားသူကိုလာပြီး အပြစ်တင်နေသေးတယ် ဟုတ်လား”
ကျိုးရှင်းဖေးက သက်ပြင်းချသည်။
“ရှင်းရှင်းလင်းလင်း အဆက်အသွယ် ဖြတ်လိုက်တာကလည်း ကောင်းတာပါပဲ၊ နိုင်သွားပြီးရင် ငါတို့နှစ်ယောက်ကြားက စာရင်းတွေအားလုံး ရှင်းသွားပြီလို့ ပြောရမှာပေါ့”
သူ၏အသင်းဖော်များက...
“မင်းဒီလ်ို အလွယ်တကူ မလွှတ်ပေးသင့်ဘူး၊ သူတို့ တန်ကြေးတစ်ခုတော့ ပေးရမယ်”
ကျိုးရှင်းဖေး..
“ဘာတွေများ ပေးရမှာလဲ၊ ဒီတိုင်း အဖြူနဲ့အမည်းကို ပြောင်းပြန် လျှောက်ရေးနေတာပဲလေ၊ သူက ဒီနှစ်သန်းကို ဟာသအဖြစ် ထည့်ပြောသွားတာ မဟုတ်ဘူးလား”
သူ့အနေနှင့် ရွေးချယ်စရာရှိမည်ဆိုလျှင် သူသည် အမှန်တကယ် မတိုက်ခိုက်ချင်ပါပေ။
ဝေ့ရှောင်းကို ထိပ်တိုက်ရင်ဆိုင်ခဲ့ချိန်က ကျိုးရှင်းဖေးနှင့် အတူရှိခဲ့သော midlanerကပြောသည်။
“မင်းက ဘာကိုဟာသလို့ ပြောတာလဲ၊ ငါတို့အားလုံး ကြားလိုက်တာပဲ၊ သူကသာ စကားကို ဗလောင်းဗလဲလုပ်ဖို့ ပြင်ဆင်ထားတယ်ဆိုရင် ငါတို့က နေရာမှာတင် သူ့အကြောင်းဖော်လိုက်မယ်”
ကျိုးရှင်းဖေးကလည်း ဝေ့ရှောင်းသည် နှစ်သန်းကို အမှန်တကယ် ထုတ်နိုင်မည်ဟု မယုံကြည်ပေ။ သူသည် ရိုးရှင်းစွာပင် လှေကို တွန်းချင်ရုံသာ ဖြစ်လောက်သည်။
“သူက အမှန်တကယ် စကားကို ပြန်မရုတ်သိမ်းဘူးဆိုရင် ငါ တစ်ပြားမှ မယူဘူး၊ အဲဒီပိုက်ဆံအားလုံး အသင်းကို ပေးမယ်”
သူ၏ အသင်းဖော်များ၏ မျက်လုံးများက တောက်ပသွားသည်။ သူတို့သည် ပို၍ပင် စိတ်အားထက်သန် သွားကြသည်။
ကျိုးရှင်းဖေးက ထိုအခြေအနေနှင့် ပတ်သက်ပြီး မကောင်းသလို ခံစားချက်မျိုးကို ရနေသည်။ သူသည် အမှန်တကယ် မရှုံးချင်ပေ။ သို့ရာတွင် တိုက်ခိုက်ရမည်ဆိုကတည်းက အနိုင်ရနိုင်ခြေမြင့်အောင် ကြိုးစားသင့်သည်။
OD၏ လက်ရှိဗျူဟာက စောင့်ကြည့်ရန် ဖြစ်သည်။
68 02
Free matching နှစ်ရက်ကျော်အတွင်း ODသည် အမြဲတစေ အနုတ်အမှတ်များကိုသာ ရခဲ့သည်။ သူတို့က အမှတ်များကို မလုနိုင်၍ မဟုတ်သလို ကံဆိုးလွန်းပြီး ခက်ခဲသော ပြိုင်ဘက်များနှင့် တွေ့နေခဲ့ခြင်းကြောင့် မဟုတ်ချေ။ သူတို့၏ ဒီတိုင်း အမှတ်မလိုချင်၍ ဖြစ်သည်။
အမှတ်မြင့်သော သူများက တိုက်ခိုက်ခံရရန် စောင့်နေသော ကြက်ပေါက်များနှင့် တူသည်။ သူတို့သည် အမျိုးမျိုးသော အသင်းများ၏ ပေါ်တင် စောင့်ကြည့်လေ့လာကာ သုတေသနပြုခြင်းကို ခံရပေလိမ့်မည်။
ထို့ကြောင့် bonus poolကို အမှန်တကယ် ချိန်ရွယ်ထားသောသူများကမူ ယခုအခါ မလှုပ်ရှားသေးရန် ဆုံးဖြတ်ထားကြသည်။
မှန်ကန်တဲ့ အခွင့်အရေးကို စောင့်ပြီးမှ မှန်ကန်တဲ့ လမ်းကြောင်းနဲ့ ရှေ့ဆက်တက်ရလိမ့်မယ်။
သူတို့သည်လည်း L&Pနှင့် Proဟာ မည်သည့်ကိစ္စအတွက်ကြောင့် ထိုမျှရူးနေကြောင်း နားမလည်ကြပေ။
သူတို့တကယ် မရှုံးဘူးလို့ ထင်နေကြတာလား။
သူတို့က ဒီလောက် အမှတ်တွေ အများကြီးကို ယူထားတယ်။ အဲဒီနောက် တခြားတစ်ယောက်ဆီကို လက်ဆောင်ပေးသလိုမျိုး ဖြစ်မသွားဘူးလား။
ကျိုးရှင်းဖေးက ညနေတစ်ခုစာ တိုတောင်းသော ကာလအတောတွင်းတွင် OD teamတစ်ခုလုံး၏ စိတ်ပိုင်းဆိုင်ရာ တက်ကြွလာစေရန် လှုံ့ဆော်လိုက်နိုင်သည်။
ထိုtraining matchသည် သူတို့အား တည်ငြိမ်စွာနှင့် အကျိုးအမြတ် ရစေမည်ဖြစ်သည်။ Quietအတွက်ပင် ဖြစ်စေ မုန့်ဖိုးအတွက်ပင် ဖြစ်စေ သူတို့အား အလွယ်တကူ လက်မလျှော့စေသော သဘောတူညီမှု တစ်မျိုးဖြစ်လေသည်။ သူကသာ ကိုယ့်ကိုယ်ကိုယ် ပြင်းပြင်းထန်ထန် ကြိုးစားပြီး နည်းပြအသင်းအား သူဟာ ဒုက္ခများသောသူဖြစ်ကြောင်း မမြင်စေရန် ဆေးကြောရမည် ဖြစ်သည်။ ဒီနည်းအားဖြင့် အသင်းဖော်များကိုလည်း သူဟာ သဘောထားကြီးကြောင်း မြင်အောင် လုပ်ပေးလိုက်နိုင်သည်။
ထိုသို့ဖြင့် တစ်သုတ်တည်းနှင့် ကျိုးရှင်းဖေးက သူ၏catch timeကို အလွန်ကောင်းစွာ ကစားလိုက်သည်။
မည်သို့သော အကြောင်းပြချက် ဖြစ်နေစေကာမူ FTWက ODကို ရွေးကတည်းက ODက သဘောတူပြီး တိုက်ခိုက်ရပေလိမ့်မည်။
အမှတ်ပြိုင်ပွဲ matchပွဲက စတင်သောအခါ နှစ်ဖက်လုံးက bpကဏ္ဍသို့ ဝင်ရောက်လိုက်ကြသည်။
ODက နိုင်ချင်သည်။ ထို့ကြောင့် သူတို့သည် အိမ်စာလုပ်လာပြီးသား ဖြစ်သည်။ ထို့ကြောင့် သူတို့သည် Closeကို အရူးကဲ့သို့ ပစ်မှတ်ထားလျက် banနေရာ၆ခုလုံးကို junglerနေရာကိုသာ pickလိုက်သည်။
ချန်းဖုန်းက မျက်မှောင် ကြုတ်သည်။
“ဒီနေ့က....”
အမှတ်ပြိုင်ပွဲက မည်မျှပင် ကျော်ကြားနေစေကာမူ သင့်တော်သော gameပွဲမျိုး မဟုတ်သေးသည့်အတွက် ကစားသမားတစ်ယောက်ချင်းစီ၏ နေရာနှင့်ပတ်သက်ပြီး စာရင်းတစ်ခု ထည့်သွင်းရန် မလိုအပ်သေးချေ။ ထို့ကြောင့် ဒီပွဲအတွက် လုဖုန်းပင်ဖြစ်စေ ဝေ့ရှောင်းပင်ဖြစ်စေ jungler ကစားနိုင်သည်။
ချန်းဖုန်း၏ ဝေ့ရှောင်းအပေါ် နားလည်သဘောပေါက်မှုအရ အရိပ်သူခိုး၊ လူရမ်းကားသူခိုး၊ ပုန်းကွယ်သူခိုး၊ ဓားမှော်ဆရာ....အားလုံးကို အbanခံရနိုင်သည်။ ဒါဟာ close ပစ်မှတ် ထားခြင်းဖြစ်သလို ဝေ့ရှောင်းကိုလည်း ထိ၏။
ဝေ့ရှောင်းကသာ junglerကစားခဲ့လျှင် ယခုတစ်ခေါက်က ထိုနေရာတွင် ပထမဦးဆုံး ပေါ်ပေါက်ခြင်း ဖြစ်လောက်သည်။ သူကသာ ယခုလို ပစ်မှတ်ထားခံရရင်း ရှုပ်ထွေးသွားခဲ့သော်....အဲဒီနောက် ဘာဖြစ်မှာလဲ။
Close...
“အဆင်ပြေတယ် သူ့ကိုပဲ junglerကစားခိုင်းလိုက်”
ဝေ့ရှောင်းကလည်း မကြောက်ပေ။
68 03
“ငါ့ကို အမတသူခိုးယူပေး”
ချန်းဖုန်းက မျက်မှောင် ကြုတ်သည်။ Close၏ နှုတ်ခမ်းက ကွေးသွား၏။
“ဒါဆိုလည်း ငါက ပျံသန်းခြင်း စစ်သည်တော် ယူလိုက်မယ်”
နည်းပြချန်း...
“ကောင်းပြီလေ”
မင်းတို့ တကယ်ကို ခပ်ကြမ်းကြမ်း ကစားတော့မှာလား။
Bp ကဏ္ဍအတောတွင်း ထင်မြင်ချက်ကို ဘယ်သောအခါမှ မပေးဖူးသော ပိုင်ချန်ကပင် ဝင်ပြောသည်။
“ဒါဆိုရင် ငါ့ကိုကူညီပြီး ဆေးမှော်ဆရာလေး အရင် လုပေးလို့ရမလား”
ODသည် Closeနှင့် ပတ်သက်ပြီး banနေရာအားလုံးကို အသုံးပြုရန် နေရာခွဲထားပြီးသား ဖြစ်သည်။ ထိုရလဒ်က လက်ရှိဂိမ်းversionအရ သန်မာသော ခြောက်လန့်ပေါင်းများစွာကို လွှတ်ပေးလိုက်သလို ဖြစ်သွားသည်။ ဥပမာအနေဖြင့် ဆေးမှော်ဆရာသည် ယခုတလော အလွန်ကျော်ကြား နေခဲ့ခြင်းဖြစ်ပြီး အထောက်အပံ့talent specsသည် အလွန်လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည်။
မှော်ဆရာများသည် လှုပ်ရှားအသုံးပြုနိုင်သော နေရာများလေသည်။ သူတို့၏ talent specsများထဲတွင် မှော်ဆရာအမျိုးအစား လုပ်ကြံသတ်ဖြတ်သူအမျိုးအစား အထောက်အပံ့ အမျိုးအစားနှင့် cool damage dealerများပင် ပါဝင်သေးသည်။
ထို့ကြောင့် ဆေးမှော်ဆရာသည် အထောက်အပံ့အမျိုးအစား talent specsဟု ပြော၍ရသည်။ ထောက်ပံ့ပေးနိုင်သော functionနှင့် အမျိုးအစား အသုံးပြု၍ရသလို ဖောက်ခွဲမှုအပြည့် ထုတ်သုံးနိုင်သော healerအဖြစ်လည်း အသုံးပြု၍ရသည်။ ချန်းဖုန်းက သူ့ကိုမေးသည်။
“မင်းသုံးမှာလား”
ပိုင်ချိုင်..
“အင်း”
ချန်းဖုန်း..
“ကောင်းပြီ”
နင်ကျယ်ဟန်က ချက်ချင်း ဝင်ပြောသည်။
“ဒါဆိုလည်းငါ ရေခဲမှော်ဆရာပဲ ယူလိုက်မယ်”
အေးခဲမှော်ဆရာသည် ဆေးမှော်ဆရာကိုသာ ရွေးချယ်ထားသောကြောင့် လိုအပ်သွားသည့် အဖွဲ့လိုက်တိုက်ပွဲတွင် ထိန်းချုပ်မှုskillကို ထောက်ပံ့ပေးနိုင်စွမ်းရည်ရှိပြီး အလွန်အမင်း အသုံးဝင်သော ထိန်းချုပ်skillမျိုးကို ပိုင်ဆိုင်ထားလေသည်။
ချန်းကောက ခေါင်းညိတ်လိုက်ပြီး ယွဲဝမ်လဲ့ကို မေးသည်။
“ဒီlineupက တော်တော်လေးတော့ ပျော့နေတယ်၊ မင်း မုန်တိုင်းမုဆိုး ယူလိုက်မလား”
ယွဲဝမ်လဲ့..
“ကောင်းပြီလေ”
FTWက သူတို့၏ lineupကို ရွေးချယ်ပြီးသွားသောအခါ ODက စိတ်အေးစွာ သက်ပြင်း ချလိုက်သည်။
“သူတို့ရူးနေပြီ၊ ဒီအမတသူခိုးနဲ့ ပျံသန်းခြင်းစစ်သည်တော်က တော်တော်လေးကို ပျော့တဲ့ထဲကမှ ထိပ်ဆုံးရောက်နေတာ၊ ဒါကို သူတို့က ဆေးမှော်ဆရာ ပေါင်းထည့်သေးတယ် ဟုတ်လား”
“FTWရဲ့ အထောက်အပံ့က ဆေးမှော်ဆရာတော့ မသုံးလောက်ဘူးနော်၊ ဟုတ်တယ်မလား၊ ဒီheroရဲ့ ခြားနားချက်က ကောင်းကင်နဲ့ မြေကြီးလိုမျိုးပဲ၊ သူ ကောင်းကောင်း မကစားတတ်ရင် အောက်ကို ထိုးကျသွားမှာ”
68 04
“ရေခဲမှော်ဆရာက ထိန်းချုပ်စွမ်းရည်skillနည်းနည်းပေးနိုင်တဲ့ အထောက်အပံ့ အားဖြစ်စရာ ပိုင်ဆိုင်ထားတယ်ဆိုပေမဲ့လည်း ဒီတိုင်း ရွေ့လျားမှုအရှိန်နှုန်းက အဲဒီလောက်ပဲ၊ သူက ဘာeffectမှ မထုတ်နိုင်သေးခင် သေသွားမှာ”
“ကျိုး မစိုးရိမ်နဲ့၊ ငါတို့နိုင်မှာ သေချာတယ်”
ကျိုးရှင်းဖေးက အမှန်တကယ်ပင် ဖိအားအနည်းငယ် များနေသည်။
ပိုင်ချိုင်သည် ဆေးမှော်ဆရာသုံးခဲသည်။ သို့သော် ကျိုးရှင်းဖေးကလည်း ပိုင်ချိုင်အမှန်တကယ်သုံးနိုင်ကြောင်း သိထားသည်။
ဆေးမှော်ဆရာသည် အလွန်အမင်း ထူးဆန်းသော အထောက်အပံ့ talentမျိုးဖြစ်သည်။ လက်ရှိ gloryတွင် ထိုheroကို အတောက်ပဆုံးဖြစ်အောင် အသုံးနိုင်ဆုံးသောသူက Y1၏ ရန်ကျန်းဖြစ်သည်။
ဆေးမှော်ဆရာသည် အဖွဲ့လိုက်တိုက်ပွဲကို စတင်ရန်အတွက် သင့်လျော်လွန်းသော skillမျိုးကို ပိုင်ဆိုင်ထားသော ထိန်းချုပ်skillများလည်း မရှိချေ။ သို့သော် သူ့တွင် အခြားသော မည်သည့် အထောက်အပံ့talentတွင်မှ မရှိသော dpsအလွန်မြင့်သော ဝိသေသလက္ခဏာတစ်မျိုး ရှိသည်။
ထို့ကြောင့် ဆေးမှော်ဆရာသည် ပုံသဏ္ဍာန်နှစ်မျိုးနှင့် heroဟု ဆို၍ရသည်။ ပြောင်းလဲလိုက်ပြီးနောက်တွင် skill 8မျိုးကိုပင် ထုတ်သုံးနိုင်သွားသည်။ ထို့ကြောင့် ကစားသမားကသာ သင့်တော်စွာ အသုံးပြုနိုင်ခဲ့သော် ဆေးမှော်ဆရာသည် သူ၏အသင်းဖော်များကို အဖွဲ့လိုက်တိုက်ပွဲအတောတွင်း ကောင်းကင်ပေါ်သို့ရောက်အောင် ပို့ဆောင်ပေးနိုင်ပြီး ပြိုင်ဘက်များကို damageယူရာတွင်လည်း အလွန်အမင်း ပြင်းထန်စွာ ထုတ်ယူနိုင်အောင် ထောက်ပံ့ပေးနိုင်သည်။
ထို့ကြောင့် မနှစ်က global finalတွင် ရန်ကျန်း၏ ဆေးမှော်ဆရာက အဆုံးအဖြတ်တိုက်ပွဲတွင် L&P၏ ချန်ပီယံရှစ် အိပ်မက်ကို ဖြတ်တောက်ပေးခဲ့သည်။
ထိုအတွက်ကြောင့်လည်း ဆေးမှော်ဆရာက နာမည်ကျော်talentဖြစ်လာသည်။
++++++