Ch 69
Viewers 3k

အပိုင်း 69


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော ကြည့်ရှုသူများကလည်း အချင်းချင်း ဆွေးနွေးနေကြသည်။


“နတ်ဘုရားပိုင်က အရင်က ဆေးမှော်ဆရာ သုံးဖူးလား”


“အသီးအရွက်ပုရိသတ်ကတော့ ပြောချင်တယ်....အင်း သုံးဖူးတယ်”


“ဘယ်လိုလဲ amazingဖြစ်လား”


“ငါဒါကို ဘယ်လိုပြောသင့်လဲ၊ သူက နိုင်ငံတကာဆာဗာ ဂိမ်းပွဲမှာတော့ kill 22 ပေးလိုက်ရတယ်”


“သောက်ကျိုးနည်း အဲဒီလောက်ထိ သန်မာတာလား”


“အင်း အဲဒီအချိန်က ပရော်ဖက်တာက သူ့ကိုကူညီပေးတာလေ”


အခြေအနေကို မသိသော လူတစ်ယောက်က မေးသည်။


“ဘယ်သူက ပရော်ဖက်ဆာလဲ”


“ FTWရဲ့ QUIETလေ၊ အတိတ်က သူ့ရဲ့ ဂိမ်း Idက ပရော်ဖက်ဆာတဲ့”


“QUIETက ပိုင်ချိုင်ကို အလိုလိုက်တာလား”


“တကယ်တော်တဲ့ toplanerဆိုတာ သူတို့ရဲ့ ကိုယ်ပိုင်junglerကို အလိုလိုက်ရမှာမဟုတ်ဘူးလား”


“ဒါဆိုရင် ပိုင်ချိုင်ရဲ့ ဆေးမှော်ဆရာက သန်မာတာလား မသန်မာဘူးလား”


“ငါ မသိဘူးလေ”


သူတို့သည် အမှန်တကယ်ပင် မသိချေ။ အကြောင်းမူကား ပိုင်ချိုင်က live streamတွင် ဆေးမှော်ဆရာကို အသုံးပြုခဲ့ချိန်က ပရော်ဖက်ဆာနှင့်အတူ ကစားပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် သန်မာသော ထိုjunglerက အဖွဲ့လိုက်တိုက်ပွဲကို အင်အားသုံးကာ စတင်လေပြီး ပြိုင်ဘက်များကို critical hellနှင့် ချန်ထားခဲ့ပြီး ပိုင်ချိုင်ကို killယူခိုင်းခြင်းဖြစ်သည်။


ထို့ကြောင့် 2 killsဆိုသောအရာက သံမဏိတုံးကို သယ်လာချိန်တွင် တန်းထိသော ခံစားချက်မျိုးကဲ့သို့ဖြစ်သည်။


ထို့ကြောင့် မည်သူက အမှန်တကယ် အပျော်ရှာနိုင်ကြောင်းကို မသိနိုင်သေးချေ။


Line upကို အရယူလိုက်ပြီးနောက် live streamမှ ကြည့်ရှုသူများအားလုံးက ရူးသွားကြသည်။


“နေပါဦး FTWက ဘာဖြစ်တာလဲ”


“သောက်ကျိုးနည်း QUIETက အမတသူခိုးကို ကစားမှာဟုတ်လား”


“ပျံသန်းခြင်းစစ်သည်တော်က junglerလား”


“ဘယ်လိုဖြစ်နိုင်မှာလဲ အမတသူခိုးက jungler skillလေ”


“ဒါဆိုရင် quietက closeနဲ့ လမ်းပြောင်းဖို့ မေ့သွားတာလား”


“သူတို့က လူသစ်ဆိုရင်တောင်မှ ဒီလောက်နိမ့်တဲ့အမှားမျိုးကို မလုပ်သင့်ဘူးနော်”


နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ပရိသတ်များမတွေးရဲသော အမှန်တရားကို ထုတ်ပြောသည်။


“ဖြစ်နိုင်တာက....FTWရဲ့ junglerက ပြောင်းသွားတာလား”


ထိုသို့ဖြင့် ကျောက်စရစ်ခဲတုံးလေးတစ်တုံးက အားလှိုင်းပေါင်းများစွာကို မွှေနှောက်ပစ်လိုက်သည်။ ကောမန့်များအားလုံးက ချက်ချင်းလိုလို ပေါက်ကွဲသည်။


“မဖြစ်နိုင်တာ”


“လုံးဝမဖြစ်နိုင်ဘူး”


“သတင်းအမှားတွေ မဖြန့်နဲ့၊ FTW အဆုံးသတ်သွားမယ်ဆိုရင်တောင်မှ closeက junglerပဲ ကစားမှာ”


မရေမတွက်နိုင်သော ကောမန့်များက live streamခန်းတစ်ခုလုံးကို ဖုံးနိုင်လောက်အောင် ပြည့်သွားသည်။ matchပွဲကို မမြင်ရတော့ချေ။


အကျိုးအကြောင်းအသင့်တင့် စဥ်းစားနိုင်သော ပရိသတ်များက ပြောကြသည်။


“မင်းတို့ဒီလောက်ထိ ရူးနေဖို့လိုလို့လား၊ closeရဲ့ junglerက ဒီလောက်အထိ အဆိပ်ပြင်းတာ၊ ဒါ gloryအတွက် ပုံမှန် သိထားရမဲ့အချက်ပဲ မဟုတ်ဘူးလား”

69 02

“သူသာ အမှန်တကယ် လမ်းကြောင်းပြောင်းလိုက်ရင် ငါhaterကနေ ပရိသတ်ပြန်ပြောင်းမယ်”


“သောက်ကျိုးနည်း ဝရုန်းသုန်းကား လာမလုပ်စမ်းပါနဲ့၊ ဂိမ်းပွဲကိုသာ ကြည့်စမ်းပါ”


အမှန်ပင် matchပွဲက စနေပြီဖြစ်သည်။


FTW၏ဘက်ခြမ်းတွင်...


ပျံသန်းခြင်းစစ်သည်တော်၊ အမတသူခိုး၊ ရေခဲမှော်ဆရာ၊ ဆေးမှော်ဆရာနှင့် မုန်တိုင်းမုဆိုးတို့ ရှိနေသည်။


OD၏ဘက်ခြမ်းတွင်...


သွေးစစ်သည်တော်၊ စွမ်းအားသူခိုး၊ မီးမှော်ဆရာ၊ လူထွားနတ်ဆရာ၊ ရွှေမုဆိုး။


ထို့ကြောင့် lineupသီးသန့်ကိုသာ ကြည့်မည်ဆိုလျှင် ထိုရှုထောင့်အရ OD၏ အနိုင်ရနိုင်ခြေက မြင့်နေသည်။


သွေးစစ်သည်တော်သည် ပျံသန်းခြင်းစစ်သည်တော်နှင့်ယှဥ်သော် အားသာချက်ရှိသည်။ စွမ်းအားသူခိုးသည် OD၏ အခြေအနေတစ်ခုလုံးကို တည်ငြိမ်အောင် လုပ်ပေးနိုင်သည်။


မီးမှော်ဆရာ၏ မတုန်လှုပ်သော စွမ်းရည်က ထွက်ပြေးလွတ်မြောက်ခြင်း ထိန်းချုပ်ခြင်းskillကို ကျပန်းထုတ်ပေးနိုင်သော အခွင့်အရေးမျိုး ရှိလေပြီး ရေခဲမှော်ဆရာကဲ့သို့ ထိန်းချုပ်ရာတွင်တော်သော heroမျိုးနှင့်ယှဥ်သော် အလွန်အမင်း သင့်လျော်ပြန်သည်။


ထို့အပြင် လူထွားနတ်ဆရာက သန်မာကာ tankyဖြစ်သော အထောက်အပံ့ ဖြစ်သည်။ ထို့ကြောင့်သူက ရှေ့ဆုံးမှ ပိတ်ပေးလိုက်သော် FTW၏ လက်ရှိနေရာက သေချာပေါက် အဆုံးသတ်ပေလိမ့်မည်။


ရွှေမုဆိုးသည် မုန်တိုင်းမုဆိုးကို အစပိုင်းတွင် မထိန်းနိုင်လောက်သော်လည်း သူတို့၏ dpsက နောက်ပိုင်းအဆင့်တွင် ဖောက်ကွဲသွားနိုင်သေးသည်။ ထိုအချိန်တွင် မြားတစ်ချောင်းတည်းကတင် တစ်ဖက်မှ အားနည်းလွန်းသော creepကို ရှင်းနိုင်သည်။


ထိုသို့ဖြင့် လူတိုင်းကလည်း FTWဟာ အားနည်းနေပြီး အစောပိုင်းအဆင့်တွင် တည်ငြိမ်တိုးတက်အောင်လုပ်ရန် ရွေးချယ်လိုက်မည်ဟု တွေးထားခဲ့သည့် အခိုက်အတန့်တွင် အမတသူခိုး ပျံသန်းခြင်း စစ်သည်တော်နှင့် ဆေးမှော်ဆရာတို့က matchပွဲ၏ အစပိုင်းကတည်းက OD၏ toplaneတောထဲဘက်ခြမ်းသို့ အပြေးအလွှားသွားကြသည်။


ထင်မြင်သုံးသပ်ချက်ပေးသူA...


“သူတို့တွေ တခြားတစ်ဖက်ခြမ်းရဲ့တောကို ဝင်စီးတော့မှာလား”


ထင်မြင်သုံးသပ်ချက်ပေးသူB...


“ဖြစ်နိုင်လောက်တယ်၊ ODရဲ့ စွမ်းအားသူခိုးက bottom laneရဲ့ junglerဘက်မှာဆိုတော့ ဒီtop jungleပိုင်းက လွတ်နေတာကိုး”


ထင်မြင်သုံးသပ်ချက်ပေးသူAကမူ လက်မခံလိုသေးချေ။


“အဖွဲ့လိုက်တိုက်ပွဲစတဲ့အခါ FTWဘက်က ခံစားရတော့မယ် ထင်တယ်”


ပျံသန်းခြင်း စစ်သည်တော်နှင့် အမတသူခိုးများသည် အလွန်အမင်း ဖျတ်လတ်သည်။ သို့သော် သူတို့သည် အစောပိုင်းအဆင့်တွင် အလွန်ပျော့ညံ့ကာ အားနည်းလွန်းသည်။ ထို့ကြောင့် ဆေးမှော်ဆရာကလည်း အဆင့်၆ မရောက်ခင်အထိ double formကို မထုတ်နိုင်သေးလေရာ ထိုမတိုင်ခင်သာဆိုလျှင် heroတစ်ဝက် အနေအထားမျိုးနှင့်သာ ရှိနေသေးလေသည်။ 


ထို့ကြောင့် နှစ်ယောက်နှင့်တစ်ပိုင်းက OD၏ ဖမ်းမိခြင်းကို ခံစားရမည်ဆိုလျှင် သေချာပေါက် ပြိုလဲသွားပေလိမ့်မည်။


ထင်မြင်သုံးသပ်ချက်ပေးသူA ...


“သူတို့ရဲ့dpsက တော်တော်လေးမြင့်တယ်”


မှန်သည်။ ဝေ့ရှောင်းနှင့် လုဖုန်းတို့သည် ပိုင်ချိုင်ကိုခေါ်ပြီး တစ်ဖက်ခြမ်း၏ တောထဲသွားရဲကတည်းက ဦးနှောက်မဲ့သော လှုပ်ရှားမှုမျိုး မဟုတ်တော့ချေ။


ပိုင်ချိုင်၏ ဆေးမှော်ဆရာက ဂိမ်းအစပိုင်းတွင်ကတည်းက dps modက စသည်။ ထို့ကြောင့် သူတို့သည် first killနှင့်တင် မှော်damageကို ယူနိုင်နေပြီ ဖြစ်သည်။


ပျံသန်းခြင်းစစ်သည်တော်နှင့် အမတသူခိုးတို့သည် အားနည်းကောင်း အားနည်းလောက်သည်။ သို့သော် သူတို့၏ dpsကမူ adများအားလုံးက်ို ဖန်တီးရန်ပင် လုံလောက်အောင် မြင့်နေလေပြီ။


ထို့အပြင် ဆေးမှော်ဆရာ၏ မှော်damageနှင့် ရုပ်ပိုင်းဆိုင်ရာdamageကို ပေါင်းစပ်လိုက်ပြီး တစ်ဖက်သူ၏ မတုန်လှုပ်သော စွမ်းရည်ရ damageများကို stackလုပ်နိုင်စွမ်းရည် ရှိသွားခြင်းအားဖြင့် ထိုသုံးယောက်လုံးကို တောထဲသို့ အလွန်အမင်း မြန်ဆန်လွန်းစွာ အပြောင်ရှင်းနိုင်စေသည်။ သူတို့သည် မျက်တောင် တစ်ခတ်အချိန်အတွင်း တော၏ တစ်ဝက်ခန့်အထိ ရှင်းနိုင်သွားသည်။ ထို့ကြောင့် ODက တုံ့ပြန်လာသောအခါ သူတို့သုံးယောက်လုံးက ပျောက်သွားပြီမှာ ကြာပြီဖြစ်သည်။

69 03

Damageမြင့်ပြီး လှုပ်ရှားနိုင်စွမ်းရည်မြင့်မှုကြောင့် ဝေ့ရှောင်း၏ အမတသူခိုးက ဂိမ်း၏အစပိုင်းတွင်ကတည်းက buffသုံးခုကို အရယူလိုက်သည်။ ကျိုးရှင်းဖေးက အဆင့်၅သာ ရှိသေးသောအချိန်တွင် သူသည် အဆင့်၆သို့ ရောက်ရှိနေပြီ ဖြစ်သည်။


အဆင့်၆သို့ ရောက်သွားသော အမတသူခိုးသည် ယခုအခါ အရည်အသွေးကြီးတစ်ခုလုံး ပြောင်းလဲသွားသော ပြိုင်ဘက်ကင်းအကွက်ကို ပိုင်ဆိုင်သွားပြီ ဖြစ်သည်။


လူအများကို ပိုပြီး အံ့အားသင့်စေသည်မှာ ဆေးမှော်ဆရာကလည်း အဆင့်၅သို့ ရောက်လုနီးပါး ဖြစ်သွားခဲ့ခြင်းဖြစ်သည်။


ဝေ့ရှောင်းက ဖန်သားပြင်ကို စိုက်ကြည့်သည်။


“လောင်ပိုင် သွားရအောင်”


ပိုင်ချိုင်...


“အင်း”


ကျိုးရှင်းဖေးသည် OD၏ junglerနေရာတွင်ဖြစ်သည်။ သူသည် ဂိမ်း၏ အစပိုင်းကတည်းက jungleတစ်ဝက်ကို ဆုံးရှုံးထားရပြီး သူ၏တိုးတက်မှုက နောက်ကောက် ကျန်ရစ်လျက် ရှိသည်။ ကံကောင်းသည်မှာ စွမ်းအားသူခိုးကfarnကို အခြေခံခြင်းထက် ပို၍functionalကျသော talentမျိုး ဖြစ်နေခဲ့သည်။ သို့မဟုတ်လျှင် ဂိမ်း၏ အစပိုင်းတွင်ကတည်းက အဖြစ်အပျက်ကို အခြေခံခြင်းအားဖြင့် ODဟာ တစ်ဝက်ခန့် ရှုံးနေပြီးသားဖြစ်သည်။


ကျိုးရှင်းဖေးက ပြောသည်။


“နတ်ဆရာ ငါနဲ့လိုက်ခဲ့၊ ရန်သူရဲ့junglerက အဆင့်၆ကို ရောက်နေပြီ”


ODအထောက်အပံ့...


“အမတသူခိုးက အစောပိုင်းတိုက်ပွဲကို လာပြီး တိုက်ခိုက်ရဲတာလား”


ပြိုင်ဘက်ကင်းအကွက်ကို ပိုင်ဆိုင်ထားမည်ဆိုလျှင်ပင် အမတသူခိုးအနေနှင့် ထိုskillတစ်စုံလောက်နှင့် စွမ်းအားသူခိုး၏ အသက်ကို ယူသွားရန် ခက်ခဲနေသေးသည်။


ကျိုးရှင်းဖေးကမူ ထိတ်လန့်နေပြီ ဖြစ်သည်။


“မြင်လား”


ကံဆိုးသည်မှာ အနည်းငယ် နောက်ကျ လွန်းသွားပြန်သည်။ အမတသူခိုး၏ ဒုတိယမြောက်skillက သူ၏မျက်နှာသို့ တိုက်ရိုက် ဖောက်ထွက်လျက် ဝင်ရောက်ကာ ပေါက်ကွဲသွားသည်။ comboတစ်စုံက damageအပုံလိုက် ချက်ချင်းကျသွားစေသည်။ အမတသူခိုးသည် လေထဲတွင် ရပ်တန့်လျက် ထွက်ပေါ်လာသောအခါ ကျိုးရှင်းဖေးဟာ သတိလက်လွတ် ဖြစ်သွားပြီ ဖြစ်သည်။


ရှင်းဖေး...


“fuck”


ကံကောင်းသည်မှာ စွမ်းအားသူခိုးက အတော်လေး tankyဖြစ်သောကြောင့် ထိန်းထားနိုင်သေးသည်။


သူ၏ကိုယ်ပိုင် အထောက်အပံ့ကစားသမားက ခပ်မြန်မြန် ပြေးလာနေပြီဖြစ်ပြီး တော်ဝင်ဘုန်းတော်ကြီး၏ healကလည်း ကိုယ်ပေါ်သို့ ဆင်းသက်လာပြီဖြစ်လေရာ သူ့အား နည်းပါးလွန်းသော hellပမာဏကို ရသွားစေသည်။

69 04

OD၏ အထောက်အပံ့..


“အမတသူခိုးက skillမကျန်တော့ဘူး၊ တိုက်ခိုက်တော့”


အဆင့်၆သို့ မရောက်သေးသော ဆေးမှော်ဆရာသည် ထည့်ပြောရန်ပင် မလိုလောက်အောင် အမှိုက်သာ ဖြစ်သည်။


ကျိုးရှင်းဖေးကလည်း ဝေ့ရှောင်းကို ဆွဲချချင်နေသည်။


စနစ်၏ကြေညာချက်...


“အနီဘက်ခြမ်းက FTW. Closeက ရှေးဟောင်းသတ္တဝါတစ်ကောင်ကို သတ်လိုက်ပြီ”


ကျိုးရှင်းဖေး၏ နှလုံးသားက ကွဲအက်သွားသည်။ OD၏ အထောက်အပံ့က အော်သည်။


“နောက်ဆုတ်”


ဆေးမှော်ဆရာက အဆင့်ခြောက်သို့ ရောက်သွားသည်။


ဝေးကွာလွန်းသော Top laneတွင် ရှိနေသော Closeက ရှေးဟောင်းသတ္တဝါတစ်ကောင်ကို သတ်လိုက်သောကြောင့် တစ်သင်းလုံးက အတွေ့အကြုံနှင့် fram ဘောနပ်စ်ကြီးတစ်ခုလုံးကို ရလိုက်သည်။


ထို့ကြောင့် ဆေးမှော်ဆရာသည် မူလက အဆင့်၅တွင်သာ ရှိနေသေးရာမှ အဆင့်၆သို့ တိုက်ရိုက် တက်သွားပြီး ယခုလေးတင် လွှင့်ပစ်ခံရမတတ် ဖြစ်ထားသော ပိုင်ချိုင်က damage skillတစ်စုံသုံးကို ထုတ်သုံးကာ ကောက်ပစ်လိုက်သည်။ 


ကျိုးရှင်းဖေးသည် နဂိုကတည်းက healthတစ်ဝက်သာ ရှိနေပြီးသားဖြစ်လေရာ ချက်ချင်းလိုလို ဒူးထောက်လျက် လဲပြိုကျသွားပြီး သေဆုံးသွားသည်။


OD၏ အထောက်အပံ့က တစ်ခဏခန့် မှင်တက်သွားသည်။ သို့သော် သူ၏တုံ့ပြန်မှုက မြန်ဆန်သည်။ သူသည် နောက်လှည့်ကာ ပြေးသည်။


ဝေ့ရှောင်းက ခပ်ဟဟရယ်သည်။


“မင်းက ဘယ်နေရာကို ပြေးမှာလဲ”


ပိုင်ချိုင်သည် ချက်ချင်းလိုလို ပုံသဏ္ဍာန်ပြောင်းလိုက်သည်။ သူသည် ယခင်က killတစ်ခု ယူထားလိုက်သောကြောင့် ယခုအခါ အင်အားကြီးမားသော healerဖြစ်သွားသည်။ သူသည် healလုပ်ပေးနိုင်သလို ဒိုင်းကိုလည်း ထုတ်ပေးနိုင်သည်။ ထိုအတွက်ကြောင့် အမတသူခိုး၏ ခန္ဓာကိုယ်ပေါ်သို့ ဒိုင်းများကို အထပ်ထပ်ပုံပေးလိုက်သည့်တိုင်အောင် တစ်ပြားမှ မကုန်သွားခဲ့ချေ။ ဝေ့ရှောင်းကမူ ချက်ချင်းလိုလို ငွေရောင်အလင်းတန်းများဖြင့် လင်းထိန်တောက်ပသွားလေပြီး မှိတ်တုပ်မှိတ်တုပ် ပေါ်လိုက်ပျောက်လိုက်ဖြင့်ကာ အစားထိုးအကွက်များကို သုံးကြိမ်ဆက်တိုက် ချိတ်ဆက်ကာ အသုံးပြုရင်း OD၏ အထောက်အပံ့၏အသက်ကို အိတ်ကပ်ထဲသို့ ဆွဲထည့်လိုက်သည်။


ထင်မြင်သုံးသပ်ချက်ပေးသူAက အံ့သြသွားသည်။


“ဒီလိုပူးပေါင်းဆောင်ရွက်မှုက....”


ထင်မြင်သုံးသပ်ချက်ပေးသူB ...


“ဘယ်လောက်တောင် သန်မာလိုက်သလဲ”


တောက်လျှောက် ပြောဆိုနေကြသော ကောမန့်များကပင် အံ့သြသွားသည်။


“ဒီနှစ်ကောင်က လန်းတော့ လန်းသားပဲ”


“ပိုင်ချိုင်က ဒီလောက်ထိ တော်တာလား”


“သူက ဒီအတိုင်း တော်ရုံတန်ရုံ သတိမထားမိလောက်တဲ့ ကစားသမားတစ်ယောက်ပဲ မဟုတ်ဘူးလား”


“သူတို့က junglerလေးပဲ ပြောင်းလိုက်တာပါ၊ ဒါတောင်မှ အထောက်အပံ့ကပါ ပြောင်းသွားသလို ခံစားရတာလဲ”


“မင်းတို့ကောင်တွေ toplaneကို တစ်ချက်ကြည့်လိုက်စမ်း၊ မင်းတို့ကို FTWရဲ့ toplaneကို ကြည့်ဖို့ တောင်းပန်ပါ၊ ငါတို့ရဲ့ မဟာမိစ္ဆာဘုရင်ကြီးကလည်း တအားသန်မာတာ”


ထိုအဖွင့်တွင် ပိုင်ချိုင်က first bloodကို ယူလိုက်သည်။ ဝေ့ရှောင်းက killတစ်ခုယူ၏။ သို့ရာတွင် နောက်ကွယ်မှheroက Closeဖြစ်နေသေးသည်။


FTWသည် OD၏တောထဲသို့ ဝင်သွားသောအခါ Closeက ဝေ့ရှောင်းကို ကူညီပြီး damageယူပေးသည်။ သို့သော် သူသည် မည်သည့်farmingမှ မလုပ်ခဲ့ချေ။

69 05

သို့သော် သူသည် အချိန်ကိုက် တိတိကျကျ လုပ်ဆောင်လျက် Toplaneသို့ စစ်သည်တော်တစ်ယောက်ကိုမှ မရှုံးစေဘဲ ပြန်သွားခဲ့သည်။ ထို့နောက် သူသည် OD၏ သွေးစစ်သည်တော်ကို မျှော်စင်အောက်သို့ ဆုတ်သွားရသည်အထိ ဖိအား ပေးလိုက်သေးသည်။


ဝေ့ရှောင်းနှင့် ပိုင်ချိုင်တို့က ကျိုးရှင်းဖေးကို သွားသတ်နေချိန်တွင် Closeကမူ Toplaneမှ အားသာချက်ကို အရယူလျက် ချက်ချင်းလိုလို ဒုန်းစိုင်းထိုးတက်သွားပြီး ရှေးဟောင်းသတ္တဝါကောင်ကို ဆွဲချလိုက်သည်။


Close၏ အချိန်ကိုက်လုပ်ဆောင်မှုက ကြမ်းတမ်းလွန်းသည်။ သူသည် ရှေးဟောင်းသတ္တဝါကောင်ကို သတ်လိုက်သောအခါ ပိုင်ချိုင်ကို အဆင့်၆သို့ ပို့ပေးလိုက်နိုင်သည်။


ထိုအတွက်ကြောင့်သာ ဆေးမှော်ရောက သူ၏ပုံသဏ္ဍာန်နှစ်မျိုးလုံးကို အသုံးပြုနိုင်သွားလေပြီး FTWကလည်း killနှစ်ခုရလျက် scoleယူနိုင်ခဲ့ခြင်း ဖြစ်သည်။


ထို့ကြောင့် ချိတ်ဆက်မှုတစ်ခုလုံးကို ပြောင်းလဲသွားစေသော အဓိကသော့ချက်က closeဖြစ်နေသေးသည်။ သူသည် အဖွဲ့လိုက်တိုက်ပွဲတွင် ဝင်ပါခဲ့ခြင်းပင် မရှိပေ။


ကောမန့်တောက်လျှောက် မန့်နေခဲ့သော ပရိသတ်များကလည်း အသံများ ပျောက်သည်အထိ အော်ဟစ်ကြသည်။


“လတ်စသတ်တော့ မဟာမိစ္ဆာဘုရင်ကြီးက ဘယ်နေရာကို ရောက်ရောက် မဟာမိစ္ဆာဘုရင်ကြီး ဖြစ်နေတုန်းပဲ”


စင်အောက်ဘက်မှ ယွမ်ဇယ်က မူလကမူ ကုလားထိုင်နောက်ဘက်သို့ ပျင်းတိပျင်းရွဲ မှီနေခဲ့ခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူသည် ခပ်မတ်မတ်ပင် ပြောင်းထိုင်နေပြီ ဖြစ်သည်။


သူ၏နားအနောက်ဘက်မှ miceလေးက အလင်းများ တောက်ပလာသလို သူ၏မျက်လုံးထဲမှ အလင်းကလည်း နက်ရှိုင်းလာလေသည်။


Garyက အံ့သြသွားသည်။


“Closeက ကွင်းတစ်ခုလုံးကို ထိန်းချုပ်ထားတာ”


ယွမ်ဇယ်၏နှုတ်ခမ်းက ကော့တက်သွားပြီး အသံက အဓိပ္ပါယ်အပြည့်နှင့် ဖြစ်သွားသည်။


“ဟမ့် ဒါက သားရဲရိုင်းတစ်ကောင်ကို လွှတ်ပေးလိုက်သလိုပဲ”


သေချာစွာပင် သူတို့သည် အသင်းဖော်များ မဖြစ်ထိုက်ပေ။ ပြိုင်ဘက်ပဲ ဖြစ်သင့်တာ။


******