အပိုင်း (70)
အထောက်အပံ့ကစားသမားတစ်ယောက်ကလည်း ရန်သူရဲ့လည်မြိုကို ဆွဲဖြဲနိုင်တာပဲ
Closeက jungler မကစားသောကြောင့် လဲပြိုကျနေသော ပရိသတ်များက နေရာတွင်ပင် အသက်ပြန်ရှင်လျက် စူးရှစွာ အော်ဟစ်သော ကြက်ပေါက်များအသွင် ပြောင်းသွားသည်။
“အား မဟာ မိစ္ဆာဘုရင်ကြီးက တအားချောတယ်”
“ဒီလို ပြိုင်ဘက်ကင်း ထိန်းချုပ်နိုင်စွမ်းရည်၊ မဟာမိစ္ဆာဘုရင်ကြီးကပဲ toplaneနဲ့ တကယ် လိုက်ဖက်တာ”
“ပျံသန်းခြင်းစစ်သည်တော်က တအားချောတာပဲ၊ တအားချောတယ်၊ ကျော့ရှင်း ကြည့်ကောင်းတယ်၊ လွတ်လပ်တယ်၊ ပေါ့ပါးလွယ်ကူတယ်။ အား….. တအားကို လှုံ့ဆော်နိုင်စွမ်းရည် မြင့်တယ်၊ ဒါက ငါတို့ရဲ့close”
FTW၏ အများအမြင်ကို ထိန်းချုပ်ရသော ဌာနက လူများကမူ တောက်လျှောက်တက်နေသော commentများနှင့် weiboမှ reviewများကို စောင့်ကြည့်နေရခြင်း ဖြစ်သည်။
သေချာစွာပင် လုဖုန်းက ပျော်သွားသည်မှာ မှန်ကန်သည်။ သူက လုံလောက်အောင် အင်အားကြီးလျှင် ပရိသတ်များက ထောက်ခံနိုင်ပေလိမ့်မည်။
ထိုကဲ့သို့ နည်းလမ်းမျိုးဖြင့် တိုက်ရိုက်ကြေညာရင်း အားလုံး၏အတွေးကို ပြောင်းလဲခြင်းက ဉာဏ်ကောင်းသည်။
ကြည့်ရှုသူများနှင့် မတူသည်မှာ စင်အောက်ဘက်မှ ချန်းဖုန်းကမူ တစ်စက္ကန့်ပင် မျက်တောင်မခတ်လေဘဲ matchပွဲကိုသာ တောက်လျှောက် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
နည်းပြသည် အသင်း၏ ၆ယောက်မြောက် ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်ဖြစ်သည်။ သူသည် တိုက်ပွဲနယ်မြေသို့ မဝင်သော်လည်း သူသည် အသင်း၏ အရေးပါသောအပိုင်းတွင် ရှိနေသေးသည်။ သူက မှန်ကန်သောheroကို ရွေးချယ်ရန် လုပ်ပေးရသလို bpကဏ္ဍအတောတွင်းတွင်လည်း ကောင်းမွန်သော စီမံမှုများကို ပေးရသည်။ သူ၏နှလုံးသားကလည်း အသင်းထဲမှ လူ၅ယောက်နှင့် တောက်လျှောက် ချည်ထားခဲ့သည်။ ထို၅ယောက်လုံးက စင်ပေါ်တွင် ရှိနေသေးသည့်တိုင်အောင် သူက တောက်လျှောက် အာရုံစိုက်နေရသည်။
မည်သူကမှ ချန်းဖုန်းထက် ပိုကောင်းစွာ နားမလည်နိုင်ချေ။ မည်သူကမှလည်း ဒီအသင်းကို ချန်းဖုန်းထက် ပိုမသိနိုင်ပေ။
ဒါက အသစ်ဆက်ဆက် လုံးဝကို အကြမ်းထည်ပဲ။ သူတို့ အားအင်တက်ကြွမှုအပြည့်နဲ့ စိတ်အားထက်သန်မှုအပြည့် ရှိနေကြတယ်ဆိုပေမဲ့လည်း ချောက်ကမ်းပါး ထောင့်စွန်းနားမှာ ရှိနေသလိုမျိုး စိုးရိမ်နေရသေးတယ်။
ဒါက လမ်းကျဥ်းပြောင်းပြီးခါစ ပထမဦးဆုံး စကစားတဲ့ ပြိုင်ပွဲဆိုတာကို ဘယ်သူက တွေးရဲမှာလဲ။
သူတို့က မလေ့ကျင့်ရသေးဘူး။ နောက်ပြီး အသင်းအနေနဲ့အတူ တိုးရတာမျိုးလည်း မရှိသေးဘူး။ ဒါတောင်မှ ဒီလိုအဓိက matchပွဲတစ်ခုကို တိုက်ရိုက်ဝင်သွားတယ်။
သူတို့က အသင်းဖော်တစ်ယောက်၏ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ပေးနေခဲ့ခြင်း ဖြစ်သည်။
အရူးလေးဝေ့ရဲ့ အသင်းကို မီးစာမြှိုက်ပေးနိုင်တဲ့ စွမ်းရည်ကို ကျေးဇူးတင်ရမယ်။ အသင်းတစ်ခုလုံးက ဖိအားကို မခံစားရတဲ့ပုံပဲ။ လူတိုင်း အတတ်နိုင်ဆုံး ကြိုးစားပြီး နိုင်အောင် လုပ်နေကြတယ်။
တိုက်ပွဲအခြေအနေက သူတို့ကို ရှုံးသွားစေတော့ရော ဘာဖြစ်လဲ။
ထိုဖိအားကို သူတို့၏ စိတ်အားထက်သန်မှုက ဖုံးကွယ်၍ အပေါ်ယံသို့ တောက်လျှောက် တွန်းတင် ပေးပေလိမ့်မည်။
အရှုံးကို ကြောက်တာကမှ အဆိုးရွားဆုံး စိတ်အခြေအနေပဲ။
ထိုဂိမ်းပွဲတွင် FTWက ပိုင်ချိုင်၏ အတိတ်ကို ထမ်းပိုးထားသည်။ ယွမ်းနှစ်သန်း၏ ကတိစကားကလည်း ရှိနေသေးပြီး ပထမဦးဆုံးအကြိမ် အသင်းက လမ်းကြောင်းပြောင်းပြီး တစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်နေသော ဝန်ထုတ်ဝန်ပိုးကိုလည်း သယ်ဆောင် ထားရသေးပြန်သည်။
ဒီလိုအခြေအနေမျိုးမှာ သူတို့၏စိတ်ပိုင်းဆိုင်ရာ အခြေအနေက တည်ငြိမ်နိုင်ဦးမှာလား။
70 02
ချန်းဖုန်းက အသင်း၏ ၆ယောက်မြောက် အဖွဲ့ဝင်ဖြစ်သည်။ သို့သော် ဘေးလူ ဖြစ်နေသေးသည်။ သူသည် စိတ်အားထက်သန်မှုအောက်မှ ပုန်းကွယ်နေသော အန္တရာယ်ကို မြင်နိုင်သည်။
သူတို့ ရှုံးလို့မရဘူး။ သူတို့ နိုင်ကို နိုင်မှရမယ်။
ဒါက ကောင်းကင်တမျှကြီးတဲ့ ဖိအားပဲ။
ချန်းဖုန်းသည် ထိုကိစ္စများကို မထည့်ပြောရဲချေ။ သူသည် လုဖုန်းကိုပင် မပြောရဲခဲ့ချေ။
လုဖုန်းသည် FTW၏ အဓိက ခေါင်းဖြစ်ပြီး starterများထဲမှ တစ်ယောက် ဖြစ်နေသေးသည်။
Matchပွဲမစခင် အချိန်တွင်သာ သူ၏စိတ်အခြေအနေကို သက်ရောက်စေပြီး ဆွေးနွေး၍ ရသည်။ ထို့ကြောင့် သူသည် မည်မျှပင် ဆုံးဖြတ်ချက် ပြတ်သားသူ ဖြစ်နေသေးစေကာမူ သူသည်လည်း ခံစားချက်များ၏ သက်ရောက် ခံရနိုင်သေးသည်။
ထိုသက်ရောက်မှုက လိပ်ပြာတောင်ပံ ခတ်သလောက် အလင်းဖွားဖွားလေး လက်စေရုံလောက်သာ ဆိုလျှင်ပင် အကျိုးဆက်က တိုင်းတာ၍ပင် မရနိုင်ချေ။
မြားတစ်ချောင်းက လေးကြိုးပေါ်တွင် ရှိနေပြီးလေပြီး ချန်းဖုန်းအနေဖြင့် ထိုမျှ အပူတက်ကာ ပြင်းထန်လွန်းသော စိတ်အားထက်သန်မှုမျိုးကိုသာ သယ်ဆောင်ပြီး တိုက်ပွဲနယ်မြေထဲသို့ လွှတ်ပေးနိုင်သည်။ မည်သည့်ဖိအားကိုမှ ထည့်မပြောဖူးခဲ့ချေ။
သို့သော် သူက ယခုမူ စိုးရိမ်နေသည်။
သူသည် ODက တစ်ကြိမ်ခန့် အခွင့်အရေးအရယူသွားမည်ဆိုလျှင်ပင် FTWက အစောပိုင်းတက်ကြွသော ကြက်ဖဖြစ်နေသော လောင်မြိုက်နေသည့်သွေးများကို ဆုံးရှုံးသွားပြီး စတင်ကာ ဆုတ်ယုတ်လာမည့် အခြေအနေကို ကြောက်ရွံ့မိသည်။
သူတို့ ရှုံးသွားခဲ့ရင် ပိုင်ချိုင် ဘယ်လို ဖြစ်သွားမလဲ။
သူတို့ရှုံးသွားခဲ့ရင် ဝေ့ရှောင်း ဘာဖြစ်သွားမလဲ။ ဒီနှစ်သန်းကို ဘယ်သူက ပေးမှာလဲ။
သူတို့ရှုံးသွားခဲ့ရင် လမ်းကြောင်း ပြောင်းသွားတဲ့အတွက် အသားကုန် စိတ်အား ထက်သန်နေကြတဲ့လူတွေ ပရိသတ်တွေက ထင်မြင်ချက် ဘယ်လောက် ကြီးမားသွားလိမ့်မလဲ။
သူတို့က ထိုအကြောင်းကို စတွေးလိုက်ရုံနှင့် တည်ငြိမ်စွာ ကစားနိုင်လိမ့်မည် မဟုတ်ပေ။
ချန်းဖုန်းသည် ထိတ်လန့်လွန်းသဖြင့် သူ၏လက်သည်းများကိုပင် တောက်လျှောက် ကိုက်နေသည်။ သူသည် ကောင်းကောင်း မထိုင်နိုင်လောက်အောင် ခက်ခဲလာသည်။
သူ၏ဘေးဘက်မှ ထန်ချန်းကမူ ထိုအခြေအနေကို မြင်သောအခါ ရယ်သည်။
“မင်းက ဘာကို ကြောက်တာလဲ သူတို့ လုပ်နိုင်တယ်”
ချန်းဖုန်းက သူ့ကို လျစ်လျူရှူ ထားသည်။ သူသည် မည်သို့သော အခြေအနေမျိုးတွင်မဆို ရယ်နိုင်လေသည်။ ထိုအရူးကြီးကို အမှန်တကယ် မနာလို ဖြစ်သည်။
FTW၏ ဟန်ချက်က အစောပိုင်းအဆင့်တွင် အလွန်ချောမွေ့စွာ တောက်လျှောက် စီးသွားသည်။ ဝေ့ရှောင်းက အားသာချက်တစ်ခု ရသွားသည်နှင့် သူသည် အသားကုန်တရဆက် နောက်မှလိုက်ပြီး ခပ်ကြမ်းကြမ်း တိုက်ခိုက်ပေလိမ့်မည်။
အမတသူခိုးနှင့် ဆေးမှော်ဆရာတို့၏ ပူးပေါင်းဆောင်ရွက်မှုကလည်း အချိန်ကိုက် ကွက်တိ လှုပ်ရှားနိုင်သေးပြန်သည်။
အမတသူခိုးသည် အလယ်အလတ်အဆင့်ပိုင်းမှ heroဖြစ်သည်။ သူသည် နှင်းဘောလုံးကို စတင်ကာ farmလုပ်နိုင်လာပြီး အချိန်ပိုကျော်ကာ အင်အား ကြီးမားလာသည်နှင့်အမျှ တစ်ဖက်မှ စွမ်းအားသူခိုးကို ပိတ်လှောင် သွားစေလောက်အောင် အင်အားသုံးနိုင်စွမ်းရည် ရှိသည်။
ထို့အပြင် ဆေးမှော်ဆရာကလည်း သူ့အား damageများကို အပိုထည့်ပေးပြီး healကို ဆက်တိုက် ပေးနေရင်း အသင့်ရှိနေသေးသည်။ ထို့ကြောင့် ဖိအားများသွားသော OD၏ နတ်ဆရာက သေရန် လုံလောက်လွန်းနေပြီ ဖြစ်သည်။ သူသည် စွမ်းအားသူခိုးကို မကာကွယ်နိုင်ခဲ့ချေ။ သို့တိုင်အောင် ကာကွယ်ရန် မကြိုးစားရသေးခင် စွမ်းအားသူခိုး၏ healthက တောက်လျှောက်တိုက်ရိုက် ပြိုကျသွားပြီ ဖြစ်သည်။
OD၏အခြေအနေဟာ မည်မျှပင် ဆိုးရွားနေကြောင်း မြင်သောအခါ ကျိုးရှင်းဖေးက ခက်ထန် ကြမ်းတမ်းစွာ အော်လိုက်သည်။
70 03
“အထောက်အပံ့သွား bottom laneနောက်ကိုလိုက်”
သူတို့ ရှုံးလို့ မရဘူး။ သူဒီ ထိုးကျနေတဲ့ လမ်းကြောင်းကို ရောက်နေတဲ့ တရုတ်အသင်းကို ရှုံးလို့မရဘူး။
ODသည် မနှစ်က global ပြိုင်ပွဲတွင် top8သို့ မဝင်ခဲ့ချေ။ သို့သော် သူတို့သည် ကောင်းမွန်သောအသင်း ဖြစ်နေသေးပြီး ခရီးတိုတစ်ပတ်လှည့်လျက် အိမ်သို့ ပြန်သွားရသော FTWထက် အများကြီးသာသေးသည်။
ထို့ကြောင့် သူတို့သည် ဥရောပဘက်မှ မျိုးသစ်အသင်းဟု သတ်မှတ်၍ရပြီး သာမန်ကာလျှံကာ ခြေမွ၍ရသော အားနည်းသောအသင်း မဟုတ်သေးပေ။
FTW၏ ဂိမ်းအစပိုင်းမှ လုပ်ဆောင်မှုများက သူ့ကို အံ့အားသင့်စေခဲ့သလို ဝေ့ရှောင်း လုဖုန်းနှင့် ပိုင်ချိုင်တို့၏ တောတွင်းတစ်လျှောက် ကျုးကျော်သွားခဲ့ခြင်းက သူတို့၏ဟန်ချက်ကို ဆိုးရွားစွာ ရှုံးသွားစေခဲ့သည်။ ထို့နောက် ကျိုးရှင်းဖေးသည် အရူးလို ပစ်မှတ်ထားခြင်းကို ခံရပြီး သူတို့၏ဟန်ချက်က တောက်လျှောက် ထိုးကျနေခဲ့သည်။
သို့ရာတွင် professionalကွင်းတွင် မရေမတွက်နိုင်သော ပြောင်းပြန်လှန်၍ရသော အခွင့်အရေးများက ရှိနေသေးပြန်သည်။
သူတို့ကသာ အစောပိုင်းအဆင့်တွင် အားသာချက် တည်နေခဲ့သည်မှာ ပြဿနာ မရှိသေးချေ။ မည်သည့် proကစားသမားမဆို ကွင်းထဲသို့ ဝင်ရောက်သွားသည်နှင့် သူတို့၏ ယုံကြည်သက်ဝင်မှုများကို အမိအရ ဆွဲယူပြီး ပြန်လည်တိုက်ခိုက်နိုင်ရန် ကြိုးစားနိုင်သေးသည်။
သူတို့၏ ODအသင်းက ခပ်မြန်မြန် တည်ငြိမ်သွားသည်။ ကျိုးရှင်းဖေး၏ အကြံပြုချက်က အလွန်အမင်း အားကိုး၍ရသည်ဟုပင် ပြော၍ရပေလိမ့်မည်။ သူ၏ စွမ်းအားသူခိုးက အမှန်တကယ် အသုံးမကျပေ။ သူတို့အနောက်သို့ လိုက်နေသော အထောက်အပံ့ကလည်း အဓိပ္ပါယ်မရှိတော့ချေ။ ထို့ကြောင့် ဝေ့ရှောင်းနှင့် ပိုင်ချိုင်က သူ့ကို ပစ်မှတ် ထားနေပြီဆိုကတည်းက တောက်လျှောက်သာ လုပ်ခွင့် ပြုလိုက်သင့်သည်။
OD၏ top laneက closeကို မဖိထားနိုင်ချေ။ သို့သော် midlaneနှင့် bottom laneတွင် အခွင့်အရေး ရှာ၍ရသေးသည်။
ODမှ ခေါင်းဆောင်က ပြောသည်။
“မကြောက်နဲ့ FTWရဲ့ midlaneက လူသစ်ပဲ၊ သူ့ရဲ့နေရာကနေ အပြောင်းအလဲ လုပ်လို့ရတယ်”
OD၏ midlaner ..
“ငါ နားလည်ပြီ”
စင်အောက်ဘက်မှ ချန်းဖုန်းကလည်း လက္ခဏာကို မြင်သည်။
“ODက အသိပြန်ဝင်သွားပြီ”
သူ၏အသံက midlaneတွင် တိုက်ပွဲစဖြစ်သည်နှင့် တိုက်ရိုက် ကြုံသည်။
နင်ကျယ်ဟန်၏ ရေခဲမှော်ဆရာက ထိနချုပ်ခြင်းအမျိုးအစား မှော်ဆရာဖြစ်သည်။ သူသည် damageနှင့် ပတ်သက်လာသော် အနည်းငယ် အားနည်းသည်။ သို့သော် သူကသာ ကြိုတင်ခန့်မှန်း ကွက်တိထုတ်နိုင်ပြီး လုံလောက်အောင် ကွက်တိကျစွာ လှုပ်ရှားနိုင်သမျှ အလွန်အမင်း သက်ရောက်မှုရှိအောင် ကစားနိုင်သေးသည်။
ကျိုးရှင်းဖေးက midlaneသို့ အထောက်ပံ့ပေးရန် ရောက်လာသည်။ နင်ကျယ်ဟန်ကလည်း မြေပြင်တွင် skillတစ်ခုကို ကွက်တိ တိကျစွာ ချထားလိုက်ပြီး OD၏ မီးမှော်ဆရာနှင့် ကျိုးရှင်းဖေးကို တစ်ချိန်တည်းတွင်ပင် ခဲအောင် ကွက်တိ လုပ်လိုက်နိုင်သည်။
သူသည် ပျော်ရွှင်စွာနှင့် skill damage အsetလိုက် ပို့လိုက်ပြီး နှစ်ယောက်လုံးကို သတ်ချင်သည်။ သို့သော် ကံဆိုးစွာနှင့် ဒါဟာ ထောင်ချောက်ဖြစ်နေသည်။
ကျိုးရှင်းဖေးက အေးခဲသွားသည်။ သို့သော် မီးမှော်ဆရာကမူ သူ၏မမှုသော စွမ်းရည်နှင့် ထိန်းချုပ်ခြင်းskillကို ဖောက်ထုတ်လိုက်နိုင်သည်။ ထိုနည်းအားဖြင့် သူ တစ်ခဏခန့်သာလျှင် ခဲသွားခဲ့ပြီး တောက်လျှောက်ဆိုသလို နင်ကျယ်ဟန်၏ ခန္ဓာကိုယ်ပေါ်သို့ damageများကို ပြင်းထန်စွာဖောက်ခွဲရင် အsetလိုက် ထုတ်သုံးလိုက်သည်။
နင်ကျယ်ဟန်က အလွန်အမင်း လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။ သူသည်လည်း မီးမှော်ဆရာက သူ၏ထိန်းချုပ်မှုမှ လွတ်သွားနိုင်သော အခွင့်အရေးရှိကြောင်း သိထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူ၏နေရာချထားမှုသည် အတော်လေး နောက်ရောက်သည်။ သို့ရာတွင် မီးမှော်ဆရာက ထိုမျှအထိ လုပ်ရဲလွန်းသဖြင့် skillများအားလုံးကို အသုံးမပြုခင် သူ၏မျက်စိရှေ့တောက်လျှောက် ခုန်ဝင်လာလိမ့်မည်ဟု မထင်ထားလောက်ချေ။
မှော်ဆရာတိုင်းသည် အလွန်အမင်း အားနည်းသည်။ နင်ကျယ်ဟန်သည် မထိန်းထားနိုင်ခဲ့ဘဲ နေရာတွင်ပင် သေသွားသည်။
ထိုသို့ဖြင့် heroတစ်ယောက် သေသွားသောကြောင့် ဖန်သားပြင်တစ်ခုလုံးက မည်းကျသွားသည်။ နင်ကျယ်ဟန်က တစ်ခဏခန့် မှင်တက်သွားပြီး လက်က တုန်သွားသည်။
ဘယ်လောက် သန်မာလိုက်သလဲ....။
ဒီမီးမှော်ဆရာ...။
++++++