Ch 71
Viewers 3k

အပိုင်း 71 01


သူတို့နှစ်ယောက်လုံးက midlaneမှာ ကစားနေကြတာ။ ဒါပေမဲ့ သူကတော့ တစ်ဖက်တစ်ယောက်လို မလုပ်နိုင်ဘူး။


မီးမှော်ဆရာကို ကိုင်တွယ် အသုံးပြုရခြင်းက မခက်ခဲပေ။ သို့သော် skillမကျခင် ကြန့်ကြာသော အခိုက်အတန့် ရှိလေသည်။ ထိုအခိုက်အတန့်ကို ကွက်တိချိန်ဆပြီးမှ တိကျသောရိုက်ချက်ကို ထုတ်ရန်အတွက် skillအsetလိုက်ကို သုံးရန် အလွန်ခက်ခဲသည်။


နင်ကျယ်ဟန်သည် သေသွားသောကြောင့် midlaneမှ မျှော်စင်တစ်ခုက ကျသွားသည်။ FTWက ချက်ချင်းဆိုသလိုပင် အားသာချက် တစ်ဝက်လုံးလုံး ဆုံးရှုံးသွားသည်။


စင်အောက်ဘက်မှ ချန်းဖုန်းက တိတ်တဆိတ် ကျိန်ဆဲသည်။


“fuck”


သူတို့အကြောက်ဆုံးအရာက ဖြစ်လာပြီ။ ODဘက်က အဲဒီမျိုးမစစ်ကောင်တွေက နင်ကျယ်ဟန်ကို စပြီး ပစ်မှတ်ထားတော့မှာ။


နင်ကျယ်ဟန်၏ နှလုံးသားက အေးစိမ့်သွားသည်။


Midlaneမျှော်စင်ကို ဆုံးရှုံးသွားပြီးနောက် FTW၏ jungleနယ်မြေက ကာကွယ်ထားခံရခြင်း မရှိတော့ချေ။ ထို့ကြောင့် ဒါဟာ လေးနက်လွန်းသော အမှားကြီး ဖြစ်သည်။


သူ့အတွက်ကြောင့်နဲ့....။


ထိုအချိန်တွင် ဟန်းဆက်မှတစ်ဆင့် ဝေ့ရှောင်း၏အသံက ရောက်လာသည်။


“ရှောင်နင် မင်းရဲ့ ကြိုတင်တွက်ဆမှုက ကောင်းလိုက်တာ”


နင်ကျယ်ဟန်က ကြောင်သွားသည်။


ဝေ့ရှောင်းသည် သူ၏ကိုယ်ပိုင်တောထဲတွင်သာ ရှိနေခဲ့ပြီး ODကိုလည်း ကျူးကျော်ရန် အခွင့်အရေး မပေးချေ။ သူဟာ ဆက်ပြောသည်။


“မင်းက နှစ်ကောင်လုံးကို တစ်သုတ်တည်းနဲ့ ခဲအောင် လုပ်လိုက်တာ၊ တော်လိုက်တာ၊ ငါမင်းကို လာထောက်ပံ့ပေးမယ် စောင့်နေ”


နင်ကျယ်ဟန်ကို OD၏ မီးမှော်ဆရာက သတ်လိုက်သော်လည်း သူက လူနှစ်ယောက်ကို အမှန်ပင် ကွက်တိ ထိန်းချုပ်နိုင်ခဲ့သည်။ နင်ကျယ်ဟန်၏ တောက်လျှောက် ထိုးကျနေသော ခံစားချက်များက ချက်ချင်းလိုလို ပြန်တက်လာသည်။


“ဟုတ်တယ်နော်”


ဝေ့ရှောင်းက midlane၏ မြက်ခင်းပုံထဲတွင် စောင့်ကြောင့်ထိုင်လျက် နင်ကျယ်ဟန်ကို ကြက်မကြီးက ကြက်ပေါက်လေးကို ဝပ်ပေးထားသလို ပြောသည်။


“သွား သူ့ကို သွားထိန်း”


နင်ကျယ်ဟန်၏ လှုပ်ရှားမှုများက သတိကြီးသည်။ သူသည် နောက်မှ မျှော်စင်၏ ကာကွယ်ပေးမှု မရှိတော့သောအခါ ပို၍ပင် ကြောက်လန့်လာသည်။


ဝေ့ရှောင်းက သူ့ကို ကြက်သွေး ထိုးပေးသည်။


“မဆိုးဘူး မဆိုးဘူး… မင်းရဲ့သနားစရာကောင်းတဲ့ လှုပ်ရှားမှုလေးက မင်းကို အရိုက်ခံဖို့ လိုအပ်နေတဲ့ပုံစံနဲ့ တူသွားစေတယ်”


နင်ကျယ်ဟန် “....”


ပိုင်ချိုင်က မနေနိုင်ဘဲ သူ့ကို ဝင်ဆူသည်။


“မင်း သောက်ကျိုးနည်းကို.....”


ဝေ့ရှောင်း...


“သူတို့လာပြီ”


သူ၏လှုပ်ရှားမှုသည် သူ၏စကားထက်ပင် မြန်သေးသည်။ သူက OD၏ မီးမှော်ဆရာက ရောက်လာပြီးပြီးချင်း ချက်ချင်းလိုလို တစ်ဖက်သူ၏ မျက်စိရှေ့တိုက်ရိုက် နေရာ ပြောင်းရွှေ့လိုက်သည်။


မီးမှော်ဆရာက ကြောင်သွားသည်။ သို့သော် သူ၏လက်၏ လှုပ်ရှားမှုကလည်း မြန်ဆန်လွန်းပြီး သူသည် ထိန်းချုပ်မှုskillကို ဝေ့ရှောင်း၏ကိုယ်ပေါ်သို့ တိုက်ရိုက် ပစ်ထုတ်လိုက်သည်။


ဝေ့ရှောင်း...


“ရေခဲမှော်ဆရာ”

71 02

နင်ကျယ်ဟန်ကလည်း သူ၏လက်သည် သူ၏ဦးနှောက်ထက် မြန်နေကြောင်း တွေ့လိုက်လေသည်။ သူက မီးမှော်ဆရာကို အလွန်အမင်း တိကျစွာ ကွက်တိ ခဲပစ်လိုက်သည်။


မီးမှော်ရော၏ ဘာကိုမှမမှုသော စွမ်းရည်က ထိုထိန်းချုပ်သည့် effectကို ဖယ်ရှားနိုင်စွမ်းရည် ရှိသော်လည်း ဒါဟာ ကျပန်းဖြစ်ပြီး အချိန်တိုင်းရနိုင်သည် မဟုတ်ပေ။


........။


ရေခဲမှော်ဆရာ၏ ပြိုင်ဘက်ကင်းသော လှုပ်ရှားမှုအကွက်က ရှည်လျားလွန်းသော အပြာရောင်နဂါးကို တောက်လျှောက် ခုန်ဝင်သွားစေသည်။ ထိုနည်းအားဖြင့် မီးမှော်ဆရာ၏ သေးငယ်လွန်းသော ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော တွင်းပေါက်ကြီးကို ဖောက်ပစ်လိုက်သည်။


စနစ်က ကြေညာသည်။ ရေခဲမှော်ဆရာက မီးမှော်ဆရာကို သတ်လိုက်လေပြီ။


ဝေ့ရှောင်း..


“nice”


ထိုသို့ဖြင့် နင်ကျယ်ဟန်၏ လက်မောင်းတောက်လျှောက် ကြက်သီးများ ထလာသည်။ သူသည် စိတ်လှုပ်ရှားလာပြီး သူ၏တိုက်ခိုက်လိုစိတ်ဆန္ဒက ထိုးတက်သွားသည်။


“ရေး”


ဘာကြောက်စရာ ရှိလဲ။ မီးမှော်ဆရာက တော်နေတော့ရော ဘာဖြစ်လဲ။ သူက နေရာမှာ ကွက်တိ ခဲအောင် လုပ်လိုက်တဲ့နောက်မှာ သတ်လိုက်နိုင်တာပဲ ဟုတ်တယ်မလား။ သူ့ရဲ့skillကမှ ပိုပြီးတိကျတာ။ တအားကို တိကျတာ။


စင်အောက်ဘက်မှ ချန်းဖုန်းက တစ်ခဏခန့် တောင့်ခဲသွားသည်။ ထန်ချန်းက အော်ရယ်၏။


“ငါ မင်းကို မစိုးရိမ်ပါနဲ့လို့ ပြောသားပဲ”


“......”


မိခင်ဟန်ချန်းက စိတ်မအေး နိုင်သေးချေ။


“အပျော်မလွန်နဲ့ဦး၊ ODရဲ့ maskmanက တိုးတက်လို့ ပြီးသွားပြီ”


ထိုအရာကမှသာ အစစ်အမှန် ပုန်းကွယ်နေသော အန္တရာယ် ဖြစ်သည်။


FTWက လက်ရှိအခြေအနေတွင် မည်မျှလှုပ်ရှားစေကာမူ FTW၏ lineupနှင့် ပတ်သက်ပြီး အားနည်းချက်ကြီးက ရှိနေသေးသည်။


ပျံသန်းခြင်းစစ်သည်တော်၏ damageက နောက်ပိုင်းအဆင့်တွင် အမှီမလိုက်နိုင်တော့ချေ။ ကံကောင်းသည်မှာ OD၏ toplanerက အသုံးမကျလောက်အောင် ထုရိုက်ခံလိုက်ရပြီးသည်မှာ ကြာပြီဖြစ်နေသည်။


အမတသူခိုးနှင့် ဆေးမှော်ဆရာတို့၏ damageက သိသာသေးသည်။ သို့သော် OD၏ ထိုလူထွားနတ်ဆရာက tankyဖြစ်လွန်းသော စွမ်းရည်ကို ထပ်ပေါင်း ထည့်ပြီးနောက်တွင် OD၏ ရွှေမုဆိုးကို ထိနိုင်လိမ့်မည် မဟုတ်ချေ။


ယွဲ့ဝမ်လဲ့၏ မုန်တိုင်းမုဆိုးက ကောင်းကောင်း ကစားနိုင်သည်။ သို့သော် သူသည် အစောပိုင်းအဆင့်တွင် ရွှေမုဆိုးကို ဖိအားမပေးနိုင်ခဲ့ချေ။ ထို့ကြောင့် နှောင်းပိုင်းအဆင့်ရောက်သောအခါ အသေခံဖို့ စောင့်ရန်သာ လိုအပ်လေသည်။


FTW၏ lineupက အစောပိုင်းအဆင့်တွင် အားသာလွန်းသည်။ ODကမူ နှောင်းပိုင်းအဆင့်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။


ထိုဥရောပဘက်မှ မျိုးသစ်အသင်းက သူတို့အသင်း၏ အဖြည့်ခံ စွမ်းအားသူခိုးကို စတေးလိုက်ပြီး bottom laneမှ ရွှေမုဆိုးကို အမြုတေအဖြစ် ပြောင်းလဲလိုက်သည်။


ဂိမ်းထဲသို့ ဝင်ရောက်ပြီးသည်မှာ မိနစ်သုံးဆယ် ကြာပြီဖြစ်ပြီး FTW၏ ပရိသတ်များက စတင်ကာ ထိတ်လန့်လာကြသည်။ ODက အသင်းတစ်ခုလုံးအဖြစ် စတင်ကာ စုစည်းထားသောကြောင့် FTWက အဖွဲ့လိုက်တိုက်ပွဲတွင် မတိုက်ခိုက်နိုင်သည်မှာ သေချာသည်။


မုန်တိုင်းမုဆိုး၏ DBSက လုံလောက်အောင် မမြင့်ပေ။ ODကမူ သူတို့ကသာ ဝိုင်းပတ်လျက် အတူရှိနေသမျှ ဖောက်ခွဲခြင်းdamageများကို ကိုင်တွင်နိုင်စွမ်းရည် ရှိနေခဲ့ပြီး သူတို့၏ ဒယ်ဒီရွှေမုဆိုးကို ကာကွယ်ထားနိုင်သည်။


သူတို့၏ နှစ်ဖက်လုံးတွင် အားသာချက် အပြည့်ရှိနေသော အနေအထားမျိုးနှင့်ဆိုလျှင် FTWက တောက်လျှောက် ဆုတ်ရပေလိမ့်မည်။

71 03

Close..


“ချုံခို တိုက်ခိုက်”


ယခုလိုအခြေအနေမျိုးနှင့် ကြုံတွေ့ရသောအခါ သူတို့သည် စိတ်အေးအေးထားလျက် ရွှေမုဆိုးကိုသာ ပစ်မှတ်ထားပြီး အခွင့်အရေးတစ်ခု ရအောင်ရှာရမည် ဖြစ်သည်။ ဒီနည်းအားဖြင့် တစ်သုတ်တည်း သတ်ရန်လိုအပ်သည်။ ထိုသို့ဖြင့် အဖွဲ့လိုက် တိုက်ပွဲတွင် နိုင်နိုင်သည်။


ဒီလိုအခြေအနေမျိုးတွင် သူတို့က အဖွဲ့လိုက်တိုက်ပွဲတွင် နိုင်လိုက်သည်နှင့် သေချာပေါက် နိုင်ပေလိမ့်မည်။


ဝေ့ရှောင်းက ပြောသည်။


“ခေါင်းဆောင်နဲ့ငါက ရွှေမုဆိုးကို သွားပြီး ချောင်းတိုက်မယ်၊ လောင်ပိုင် မင်း လောင်ယွဲနဲ့သွား”


ထိုစီစဥ်မှုတွင် အမှားအယွင်း မရှိပေ။ ပျံသန်းခြင်းစစ်သည်တော်နှင့် အမတသူခိုးတို့သည် အလွန်အမင်း လျင်မြန်ဖျတ်လတ်စွာ လှုပ်ရှားနိုင်သည်။ သူတို့နှစ်ယောက်ကသာ ရွှေမုဆိုးကို ချုံခိုတိုက်ခိုက်ပြီး ဆွဲချကာ ဖောက်ခွဲနိုင်သမျှ FTWက သေချာပေါက် နိုင်နိုင်သည်။


သို့သော်....


ODသည်လည်း သူတို့၏ရည်ရွယ်ချက်ကို သိထားပြီးသား ဖြစ်သည်။


ထို့ကြောင့် သူတို့သည် ရွှေမုဆိုးကို အရူးလို ကာကွယ်နေခဲ့ပြီး လူထွားမှော်ဆရာ၏ ကြီးမားသော ကိုယ်ကြီးက ရွှေမုဆိုး၏အရှေ့တွင် ကွက်တိ ကာကွယ်ထားသည်။ ထို့ကြောင့် တစ်ဖက်ခြမ်းကို တိုက်ခိုက်ရန် သေးငယ်သော အခွင့်အရေးကိုပင် မပေးပါချေ။


ယခုလို ပြင်းပြင်းထန်ထန် ကာကွယ်ထားမှုနှင့်ဆိုလျှင် ပျံသန်းခြင်းမှော်ဆရာနှင့် အမတသူခိုးတို့က ချုံခိုတိုက်ခိုက်ရန် အခွင့်အရေးရှာရန် အလွန်အမင်း ခက်ခဲသွားသည်။ သူတို့က အတင်းတိုးဝင်သွားခဲ့သော် သေရပေလိမ့်မည်။


ဂိမ်းက ယခုလိုမျိုး အချိန်ဆွဲနေခဲ့မည်ဆိုလျှင် FTWက နိုင်ရန် အခွင့်အရေး မရှိတော့ချေ။


လက်ရှိအချိန်တွင် ရွှေမုဆိုးက တိုးတက်၍ ပြီးသွားခါစ ဖြစ်သည်။ ထို့အပြင် သူ၏ farm rateကလည်း ဆက်လက်ပြီး တိုးတက်လာနေသောကြောင့် FTWက ODကို မနိုင်တော့သည်မှာ သေချာသည်။


ကောမန့်များက စတင်ကာ အနှုတ်သဘော ဆောင်လာသည်။


“ဒီQuietက လုပ်မှာလား မလုပ်ဘူးလား၊ ငါ့ရဲ့closeက အမတသူခိုးနဲ့ ကစားနေမယ်ဆိုရင် သူက ဒီရွှေမုဆိုးကို သတ်ပြီးလောက်ပြီ”


“ဒါက ရွှေမုဆိုးလေးပါပဲ၊ ဒီကောင်းကောင်း ဖွံ့ဖြိုးတိုးတက်လာတဲ့ junglerတစ်ယောက်က သူ့ကို မခုတ်ချနိုင်ဘူးလား”


“မင်းက စီနီယာကို မသတ်နိုင်ဘူးဆိုရင် ဘာလို့ junglerလုပ်နေတာလဲ”


“ငါပြောပါတယ်၊ FTWရဲ့ lineupနဲ့ပတ်သက်ပြီး ပြဿနာရှိနေတာ၊ ဆေးမှော်ဆရာကို ဘာလို့ သွားယူ နေသေးတာလဲ၊ ဒါက ဒီအတိုင်း အားနည်းတဲ့အကောင်တွေ အပြုံလိုက် ထုတ်တားသလို ဖြစ်မနေဘူးလား၊ သူတို့က အစောပိုင်းအဆင့်မှာ ကြမ်းတော့ရော ဘာဖြစ်လဲ၊ ဒီဆေးမှော်ဆရာက အားနည်းလွန်းလို့ ဘာကိုမှ မထိန်းချုပ်တော့ဘူး၊ ဟွန့် သူတို့ ဒီရွှေမုဆိုးကို ဘယ်လိုကိုင်တွယ်မလဲ ငါကြည့်ချင်သေးတယ်”


ပြောရမည်ဆိုလျှင် ကြည့်ရှုသူများ၏ ကောက်နှုတ်ချက်က FTW၏ လက်ရှိအခြေအနေကို ဖော်ပြနိုင်သည်။ သူတို့က....


ဝေ့ရှောင်းက စကားပြောပြီးရုံသာ ရှိသေးသည်။ ပိုင်ချိုင်က ရုတ်တရက် ပြောသည်။


“ငါ သွားမယ်”


ဝေ့ရှောင်းက ကြောင်သွားသည်။ Closeက မေးသည်။


“မင်း လုပ်နိုင်ရင်လုပ်”


ပိုင်ချိုင်..


“အင်း”


ဝေ့ရှောင်းက နိုးသွားသည်။

71 04

“မင်းသောက်ကျိုးနည်းကို သွား....”


ပိုင်ချိုင်...


“ကျန်တာ မင်းတို့အပိုင်းပဲ”


သူဟာ ထိုသို့ပြောပြီးရုံသာ ရှိသေးသည်။ ဆေးမှော်ဆရာက အတင်းတိုးဝင်သွားသည်။


ထင်မြင်သုံးသပ်ချက်ပေးသူများကပင် အံ့သြသွားသည်။


“ဒါက....”


ထင်မြင်သုံးသပ်ချက်ပေးသူBက အသံကို အလိုအလျောက် မြှင့်လိုက်မိသည်။


“နတ်ဘုရားရန်ရဲ့ နှလုံးခုန်သံကစားပုံစံ”


ထင်မြင်သုံးသပ်ချက်ပေးသူA..


“သူ လုပ်နိုင်တာလား”


ထင်မြင်သုံးသပ်ချက်ပေးသူB ..


“သူ လုပ်နိုင်လား မလုပ်နိုင်ဘူးလားဆိုတာက သူ ဒီဆေးမှော်ဆရာကို ဘယ်လိုသုံးပြီး ကစားမယ်ဆိုတဲ့အပေါ် မူတည်သွားပြီ”

++++++