Ch 72
Viewers 3k

အပိုင်း 72 01


ရန်ကျန်းသည် ဆေးမှော်ဆရာနှင့် ပတ်သက်လာလျှင် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်သည်။ သူသည် မနှစ်က global finalတွင် အံ့အားသင့်စရာ ကောင်းသော မြင်ကွင်းကို ပြသကစားသွားခဲ့သည်။ ထိုအချိန်က Y1၏ အခြေအနေက FTWနှင့် တူသည်။ L&P၏ နှောင်းပိုင်းအဆင့် lineupက ဆက်တိုက်ဆိုသလို ပြန်လည်တိုက်ခိုက်နိုင်နေခဲ့ပြီး သူတို့၏double position damageကလည်း လုံလောက်အောင် ဖောက်ခွဲနိုင်စွမ်းရည် ရှိနေခဲ့သည်။ Y1၏ lineupက အတော်လေး ပျော့လေရာ ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး မရှာနိုင်ခဲ့ချေ။


နောက်ပိုင်းတွင် ရန်ကျန်း၏ ဆေးမှော်ဆရာကဲ့သို့ အထောက်အပံ့type heroကသာ L&P၏ အသိုက်ကို ထိုးဖောက်ခဲ့ခြင်း ဖြစ်သည်။


ဆေးမှော်ဆရာတွင် ပုံသဏ္ဍာန်နှစ်မျိုး ရှိသည်။ ထို့ကြောင့် ပုံစံပြောင်းလိုက်သောအခါ cooldownဖြစ်ချိန် ရှိသေးသည်။ သို့ရာတွင် skillက လုံလောက်ပြီး အခြေခံတိုက်ကွက်များကို ချိတ်ဆက် အသုံးပြုနိုင်ရုံနှင့် cooldownဖြစ်ချိန်ကို လိုတိုးပိုလျှော့ လုပ်နိုင်ပြီး ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်း အသုံးပြုနိုင်စွမ်းရည် ရှိနေသေးလေသည်။


ဆိုလိုသည်မှာ ကစားသမား၏လက်က အမီလိုက်နိုင်သမျှ ပုံစံနှစ်မျိုးကို ကွက်တိပြောင်းလိုက်ရုံနှင့် skill၈ခုလုံးကို တောက်လျှောက် ထုတ်သုံးနိုင်ပြီး စွမ်းအင်ကလည်း ပြတ်လပ်သွားလိမ့်မည် မဟုတ်ပေ။


ဒါက ဘာကိုဆိုလိုတာလဲ။


ဆိုလိုတာက ဆေးမှော်ဆရာက healလုပ်ပေးနိုင်တယ်။ တစ်ချိန်တည်းမှာလည်း damage ယူနိုင်တယ်။


သူတို့၏ energy barက အပြောင်ဖြစ်သွားသော်လည်း ကြားချိန်ကာလကတင် သွေးလမ်းဖောက်ရန် လုံလောက်နေပြီ ဖြစ်သည်။


ပျံသန်းခြင်းမှော်ဆရာနှင့် အမတသူခိုးတို့က အမီမလိုက်နိုင်ချေ။ သို့သော် ဆေးမှော်ဆရာကမူ စမ်းသပ်ကြည့်နိုင်သည်။


နှလုံးခုန်သံ ကစားပုံစံဆိုတာ ဒါကြောင့် ဒီလိုခေါ်တာ။


နှလုံးခုန်သံ တစ်ချက်တည်းနှင့် ကွက်တိလှုပ်ရှားရန် လိုအပ်သောကြောင့် ဖြစ်သည်။


ရန်သူထံ တောက်လျှောက် အပြေးသွားသည်မှာ damageအပြုံလိုက် ရင်ဆိုင်ရမည်ဟု ဆိုလိုသည်။ ဆေးမှော်ဆရာက အတော်လေး အားနည်းသည်။ health barကလည်း အချိန်မရွေး ထိုးကျသွားနိုင်သည်။ သို့ရာတွင် သူသည် တောက်လျှောက် ချီတက် သွားသောကြောင့် သူ၏healing skillနှင့် ပြန်လည်ဖြည့်တင်းခြင်းskillတိုင်းက သူ့ကိုယ်ပေါ်သို့သာ ပြန်လည် အသုံးပြုထားသောကြောင့် အခြားသော အသင်းဖော်များကို ပေးနိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် health barသည် တောက်လျှောက် ထိုးကျနိုင်သည်။ ထို့နောက် ပြန်တက်သွားနိုင်သည်။


ထိုကဲ့သို့ ထိတ်လန့်သဲဖိုဆန်သော အနိမ့်အမြင့်အတက်အကျ အခြေအနေက လူတိုင်း၏ နှလုံးသားကို ဖောက်ခွဲသွားစေရန် လုံလောက်သည်။


ပို၍လိုအပ်ချက်များသည်မှာ အပြောင်းအလဲလုပ်ရာတွင် damageကို အဓိက dailyလုပ်နိုင်သည့် formကို ပြောင်းထားရန် လိုအပ်သည်။ ဒီနည်းမှသာ damageကို ယူနိုင်မည်ဖြစ်သည်။


ထို့အပြင် ထိန်းချုပ်မခံရရန်အလို့ငှာ ဆေးမှော်ဆရာအနေနှင့် အချိန်ကိုက် ကွက်တိသုံးပြီး ထိန်းချုပ်skillကို ဖယ်ရှားသော skillကိုလည်း အသုံးပြုရဦးပေမည်။ 


ထို့ကြောင့် လက်အရှိန်နှုန်း၏ လိုအပ်ချက်က....


အထောက့်အပံ့ကစားသမားကို မဆိုထားဘိ။ အံ့အားသင့်ဖွယ် ကောင်းသော အလှည့်အပြောင်းများကို လုပ်နိုင်သော အဓိက ကစားသမားတစ်ယောက်ဆိုလျှင်ပင် ထိုသို့ လုပ်နိုင်သည် မလုပ်နိုင်သည်ဆိုသော အခြေအနေကို နှစ်ကြိမ်ခန့် စဥ်းစားရန် လိုအပ်သည်။ သို့ရာတွင် 2021 global finalတွင် ရန်ကျန်း၏ ဆေးမှော်ဆရာက ထိုသို့ skillအကွက်လိုက်ကို တောက်လျှောက်ထုတ်သုံးကာ ကြိုးကိုင်ပြလျက် L&P၏ မျှော်လင့်ချက် ကုန်ဆုံးနေသော အနေအထားမျိုးသို့ ရောက်သွားအောင် စားပွဲကို ပြောင်းပြန် လှန်ပေးလိုက်သည်။


ဘယ်proကစားသမားက စားပွဲကို လှန်ဖို့ အိပ်မက် မမက်ဖူးကြလို့လဲ။


ဒီတော့ သူတို့က အထောက်အပံ့ကစားသမား ဖြစ်တော့ရော ဘာဖြစ်လဲ။ အထောက်အပံ့ကစားသမားကလည်း ရန်သူရဲ့ လည်မြိုကို ဆွဲဖြဲနိုင်တယ်။


ပိုင်ချိုင်၏မျက်လုံးက လေးနက်တည်ကြည်သည်။ သူ၏လက်က ကီးဘုတ်တစ်ခုလုံးအနှံ့ လျင်မြန်စွာ ပျံသန်း ပြေးလွှားနေခဲ့သည်။ ထိုလက်အရှိန်နှုန်းက အရူးလေးဝေ့၏ တောက်လျှောက် လေ့ကျင့်ပေးထားမှုက အမှန်တကယ် သက်ရောက်မှုရှိကြောင်း သက်သေပြလာသည်။ သူ၏healthက ထိုးကျသွားသည်။ သူ၏skillက သူ့ကိုပြန်healပေးသည်။ ODက သူ့ကို ထိန်းချုပ်နိုင်ရန် တောက်လျှောက် တွန်းအား ပေးသည်။ ဒီနည်းအားဖြင့် သူသည် အချိန်ကိုက် သူ၏ Immune skillကို တောက်လျှောက် ထုတ်သုံးခြင်းအားဖြင့် ထိုထိန်းချုပ်skillကို ဖယ်ကာ ရွှေမုဆိုးထံ ခုန်ဝင်သွားသည်။

72 02

ဒါသည် တတိယအကြိမ်မြောက် ပုံစံပြောင်းသောအချိန် ဖြစ်နေလေပြီး ဆေးမှော်ဆရာသည် အလင်းမှ အမှောင်ထဲသို့ ဝင်ရောက်လျက် ရွှေမုဆိုးထံသို့ skillအsetလိုက်ကို ချိန်းကြိုးအလား တောက်လျှောက် ပစ်သွင်းရင်း ချုပ်နှောင် ပစ်လိုက်သည်။ ထိုအခိုက်အတန့်တွင် အနက်ရောင်မြူထုက ပေါက်ထွက်လာသည်။ ဆေးမှော်ဆရာ၏ ပြိုင်ဘက်ကင်းအကွက် ဖြစ်သည့် ကောင်းကင်အပြစ်ဒဏ်က ကျရောက်လာလေပြီ။


အနက်ရောင်ဓားသွားက ကောင်းကင်မှ ဆင်းသက်လျက် OD၏ တဖျတ်ဖျတ် လက်နေသော ရွှေရောင်အမှတ်အသားနှင့် maskmanကို ထိုးဖောက်လိုက်သည်။


ထိုတစ်ချိန်တည်းတွင်ပင် ရွှေမုဆိုးက လဲကျသွားပြီး ပိုင်ချိုင်ကလည်း  သေသွားသည်။


သို့ရာတွင်.....


သူက အောင်မြင်သွားသည်။


သူသည် ပြိုင်ဘက်၏ maskmanကို အထောက်အပံ့hero အနေအထားနှင့် သတ်ပေးနိုင်ခဲ့ပြီး ထိုအကွက်တည်းနှင့် killတစ်ခု ရအောင်ယူသွားသည်။


ဝေ့ရှောင်းက ဟန်းဆက်ထဲမှ လှမ်းအော်သည်။


“တိုက်ခိုက် ညီနောင်တို့၊ လောင်ပိုင်ရဲ့အလောင်းပေါ် တက်နင်းပြီး ချီတက်ကြ”


ယခုလေးတင် အသားကုန် ကြိုးစားပြီး ဂုဏ်ယူနေခဲ့သော ပိုင်ချိုင်...


“....”


အမေ.....


ရွှေမုဆိုးက ကျသွားသည်။ ODက အမြစ်ဖြတ် သုတ်သင်ခံရ၏။


ဝေ့ရှောင်း၏ အမတသူခိုးက ရေခဲမှော်ဆရာနှင့် မုန်တိုင်းမုဆိုးတို့ကို တောက်လျှောက် ဦးဆောင်လျက် ရှေ့မှ ချီတက်ကာ တိုက်ခိုက်သည်။ closeကမူ နောက်ဘက်မှ ဖောက်ဝင်လျက် OD၏ မီးမှော်ဆရာကို သတ်သည်။


နောက်ပိုင်း ကျန်ရစ်သမျှကမူ စွမ်းအားသူခိုး၏ ပြိုလဲကျမှုနှင့် အသုံးမကျလုနီးပါး ဖြစ်သွားပြီးသား သွေးစစ်သည်တော်တို့၏ စိတ်ပျက်အားငယ်မှုသာ ဖြစ်သည်။


လူထွားနတ်ဆရာက တန်းပြီး ဘယ်လောက်ဖြတ်ဖြတ် မရေးမကြီးတော့ဘူး။ ဒီလို အမြစ်ဖြတ်သုတ်သင် ဝင်စီးခံရမှုနဲ့ ကြုံဆုံတဲ့အချိန်မှာ သူက ဒူးထောက်ပြီး မြေပြင်မှာသာ လဲပြီး လည်စင်းပေးဖို့ပဲ ရှိတော့မယ်။


FTW၏ အရှိန်အဝါက ခမ်းနားထည်ဝါပြီး စွမ်းအားကြီးမားသည်။ သူတို့လေးယောက်လုံးက OD၏စခန်းထဲသို့ တောက်လျှောက် တိုးဝင်သွားပြီး ပြန်လည်ရှင်သန်ခြင်း သလင်းတုံးကိုပင် ခွဲခြေပစ်လိုက်သည်။


အနိုင်။


FTWက နိုင်သွားသည်။


သူတို့သည် အံ့အားသင့်ဖွယ်ကောင်းသော နည်းလမ်းမျိုးနှင့် နိုင်သွားသည်။


Live streamထဲမှ ပရိသတ်များအားလုံးက ရစ်မူးပျော်ရွှင် နေကြသည်။


“သောက်ကျိုးနည်း ပိုင်ချိုင်က ဒီဆေးမှော်ဆရာ....”


“နတ်ဘုရားရန်ရဲ့ ဆေးမှော်ဆရာနဲ့ နည်းနည်းလေး ဝေးသေးတယ်ဆိုပေမဲ့လည်း သူလည်း လုပ်နိုင်တာပဲ”


“ဒါက ငါသိတဲ့ ချိုင်ကောလား”


“အံ့အားသင့်စရာပဲ။ တကယ်ကို အံ့အားသင့်စရာ ကောင်းတယ်၊ FTWက ဒီနှစ် တောက်လျှောက် ထင်းထွက်နေပါလား”


မိခင်ဟန်ချန်း၏ ရှူသွင်းထားသော လေက လည်မြိုတွင် တစ်နေသည်။


သောက်ကျိုးနည်း ဒီနှလုံးခုန်သံ ကစားဟန်ကြောင့်...

72 03

သောက်ကျိုးနည်း သောက်ကျိုးနည်း နှလုံးရောဂါ ဖြစ်စေတဲ့ ကစားကွက်ပဲ။


ကြည့်ရှုနေသောသူများက အမှန်တကယ်ပင် နှလုံးရောဂါ ရစေနိုင်သည်။


ဟန်းဆက်ကို ဖြုတ်လိုက်ပြီးနောက် ဝေ့ရှောင်းက ပိုင်ချိုင်ကိုပြောသည်။


“တော်တော် တော်တာပဲ ချိုင်ကော”


ပိုင်ချိုင်က သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားနေရသည်။


“မဆိုးပါဘူး ဟုတ်တယ်မလား”


ဝေ့ရှောင်းက လုဖုန်းကို လှည့်ကြည့်လျက် တင်ပြသည်။


“ခေါင်းဆောင် ချိုင်ကောက တအားလန်းချင်ဟန် ဆောင်နေတယ်”


လုဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများကလည်း အသာမြင့်တက်နေသည်။


“ရတယ်။ ဟော်တယ်မှာ အလင်းပေးတဲ့ မီးချောင်းတွေ ရှိတယ်”


နင်ကျယ်ဟန်နှင့် ယွဲ့ဝမ်လဲ့လို့က မယဥ်ကျေးစွာ အော်ရယ်ကြသည်။


အရမ်းလန်းချင်ဟန် ဆောင်တဲ့သူတွေက မိုးကြိုး ပစ်ခံရနိုင်တယ်။ ဒါပေမဲ့ အလင်းပေးတဲ့မီးသီး ရှိတယ်ဆိုတော့ အဆင်ပြေပါတယ်။ အံ့သြစရာပဲ။


ပိုင်ချိုင်..


“???”


ခေါင်းဆောင် ဒီအရူးလေးနဲ့ မပူးပေါင်းပါနဲ့ ဟုတ်ပြီလား။


FTW၏ အပျော်လွန်နေသော အခြေအနေနှင့် နှိုင်းယှဥ်သော် ODကမူ စိတ်ဓာတ် ကျနေသည်။ ကျိုးရှင်းဖေး၏ မျက်နှာအနေအထားကမူ အလွန်အမင်း ပျက်ယွင်းနေသည်။


ဝေ့ရှောင်းက အသင်းဂျာကင်ကို ကောက်ဝတ်လိုက်ပြီး စင်၏အလယ်သို့ ဦးတည်သည်။


တင်ဆက်သူက အင်တာဗျူးမည့် အခြေအနေကို စတင်တော့မည့် အခြေအနေတွင် ကျိုးရှင်းဖေးက နောက်လှည့် မကြည့်ဘဲ စင်ပေါ်မှ ဆင်းသွားမည်ဟု မထင်ထားလောက်ပေ။


ဝေ့ရှောင်းက အသံကိုမြှင့်ကာ လှမ်းအော်သည်။


“ကျိုးရှင်းဖေး ဘယ်မှာလဲ တောင်းပန်တာ”


သူ၏အသံက ပျင်းတိပျင်းရွဲ ဖြစ်နေသော်လည်း ထိုအသံကမူ တစ်ခန်းလုံးအနှံ့ ပြန့်သွားသည်။


ဂိမ်းပွဲတွင် နစ်မြုပ်နေကြသော ကစားသမားများက ထိုအခါမှသာ အသိပြန်ဝင်သည်။ ဟောခန်းမှလူပင် မဆိုထားဘိ တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ကြည့်နေကြသော လူများကလည်း နားစွင့်လိုက်ကြသည်။


တောင်းပန်တာ ဟုတ်လား။ 


ဘာဖြစ်တာလဲ။


ကျိုးရှင်းဖေးက တစ်ချက်လှောင်လျက် နောက်လှည့်မကြည့်ဘဲ ဆက်လျှောက် သွားသည်။


သူက ဘာကိုတောင်းပန်ဖို့ အကြွေးတင်နေရမှာလဲ။ သူဒီတိုင်း သာမန်ပြောလိုက်တာပဲ မဟုတ်ဘူးလား။ ဘယ်သူက ပိုင်ချိုင်ကို တောင်းပန်ချင်မှာလဲ။


ဝေ့ရှောင်းကလည်း သူသည် ထိုသို့ လိမ်ညာမည်ဖြစ်ကြောင်း သိထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ အင်္ကျီအိတ်ကပ်ထဲသို့ လက်နှိုက်လျက် ခလုတ်တစ်ခုကို ဖွင့်လိုက်သောအခါ ခန်းမတစ်ခုလုံးအနှံ့ အသံဖိုင်တစ်ခုက ပျံ့လာသည်။


“မင်းရှုံးရင် သူ့ကို စာချုပ်ဖျက်အောင် လှည့်စားခဲ့တဲ့အတွက် whiteကို တောင်းပန်ရမယ်”


“ကောင်းပြီ”


ထိုကောင်းပြီဆိုသော စကားသည် ကျိုးရှင်းဖေးအသံဖြစ်ပြီး အင်တာနက် တစ်ခွင်လုံးအနှံ့ ဝရုန်းသုန်းကား ဖြစ်သွားလောက်အောင် မွှေနှောက်ရန် ကျယ်သည်။


******