Ch 73
Viewers 3k

အပိုင်း (73)


အမှန်တရားကို ရင်ဆိုင်ပြီး စက်ဆုပ်အထင်သေးဖွယ် ကောင်းတယ်ဆိုလိုတာက ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးပူလွန်းတာတောင် တအားလန်းတာမျိုးကို ဆိုလိုတာပဲ။


ထိုအသံဖိုင်က အရာအားလုံးကို ပြီးပြည့်စုံစွာ ဖမ်းယူထားနိုင်သည်။ ကြည့်ရှု့သူများကလည်း တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် အရာအားလုံးကို ကြားလိုက်ရသည်။


ပိုင်ချိုင်ကို စာချုပ်ဖျက်အောင် လှည့်စားတယ်ဟုတ်လား။


ကျိုးရှင်းဖေးက ပိုင်ချိုင်ကို လိမ်ခဲ့တာကိုး။


ဘာတွေဖြစ်နေတာလဲ။


ချိုင်ကော၏ ပရိသတ်အချို့သည်လည်း တိုက်ရိုက်ထုတ်လွှင့်မှု စတူဒီယိုထဲသို့ တိတ်တဆိတ် ဝင်ရောက်နေခဲ့ပြီးသား ဖြစ်သည်။ တစ်စုံတစ်ယောက်က ချက်ချင်းလိုလို ထအော်ပြောသည်။


“သောက်ကျိုးနည်း ဒါ တကယ်ပဲ အဲလိုဖြစ်ခဲ့တာလား”


“ဘာလဲ နတ်ဘုရားပိုင်က အရင်က လှည့်စားခံရဖူးလို့လား”


“အရွက်ကောက တော်တော်လေး ဆိုးရွားခဲ့တာပါ၊ အရင်က သူ ဘော်ရိုနဲ့ စာချုပ် ဖျက်သွားပြီး weiboတစ်ခုလုံး အလှောင်ခံခဲ့ရတယ်လေ၊ သူတို့က သူက တအားချမ်းသာလွန်းလို့ ပိုက်ဆံတစ်သန်းကိုတောင် အလေးအနက် မထားဘူးလို့ ပြောကြတာ”


“တစ်သန်းဟုတ်လား။ ချိုင်ကော ဘော်ရိုမှာ ရှိခဲ့တုန်းက နာမည် မကြီးသေးဘူးမဟုတ်လား”


ပရိသတ်ဟောင်းတစ်ယောက်..


“တအားဆင်းရဲပြီး တအားသနားစရာ ကောင်းခဲ့တာလေ၊ သူက သူ့ကို ယွမ်၅၀တန် လက်ဆောင်လေး ပေးရင်တောင်မှ ထပ်ခါတလဲလဲ ကျေးဇူးတင်နေခဲ့ရတာ”


“အဲဒီအချိန်က ငါတော်တော်လေး နားမလည်ခဲ့တာပါ၊ တော်တော်လေးလည်း သိချင်ခဲ့တယ်၊ ချိုင်ကော ဘယ်လိုဖြစ်ပြီး စာချုပ်ဖျက်ဖို့ သတ္တိရှိသွားတာလဲလို့လေ”


“ဒါပေမဲ့ ကျိုးရှင်းဖေးက သူ့ကိုလှည့်စားခဲ့တယ် ဟုတ်လား”


“ငါသိပြီ ကျိုးရှင်းဖေးက အဲဒီနှစ်က လူသစ်ဘုရင် မဟုတ်လား၊ အဲဒီအချိန်က ချိုင်ကောက proကစားသမားဆိုတော့ ချိုင်ကောကို မှီခိုခဲ့ပြီး အသင်းအများစုရဲ့ အာရုံကို ဆွဲဆောင်ခဲ့တာလေ”


“ဟုတ်တယ် ဟုတ်တယ်။ အဲဒီအချိန် ချန်ကောတိုက်ရိုက်ထုတ်လွှင့်တဲ့ အချိန်တိုင်းလိုလို ကျိုးရှင်းဖေးနဲ့တူတူ ဝင်တိုးတာမဟုတ်လား”


“သူဘော်ရိုနဲ့ စာချုပ်မဖျက်ခင်က ချိုင်ကောက သူပြိုင်ပွဲတွေ ဝင်ပြီး အစစ်အမှန်အသင်းဖော်တွေနဲ့ ပါဝင်ယှဥ်ပြိုင်ချင်တယ်လို့ ပြောဖူးတယ်”


“shit ငါအဲဒီအချိန်က မတွေးမိခဲ့ဘူး၊ ဒါပေမဲ့ အခုပြန်တွေးကြည့်မှ...ငါ့ရဲ့whiteနတ်ဘုရားက တော်တော်လေး ခက်ခဲ ကြမ်းတမ်းခဲ့တာပဲ”


ပိုင်ချိုင်သည် ယခင်နှစ်တွင် ပရိသတ်များကို အလဟဿ အလိုလိုက်ခဲ့ခြင်း မဟုတ်ချေ။ သူသည် အသင်း၂၏ ဧက္ကရာဇ်ဖြစ်ကြောင်း မည်သူကမှ မသိသော်လည်း သူသည် ထိုညီမငယ်လေးများနှင့် သူ၏အသင်း၂ ဧက္ကရာဇ်ဆိုသောနေရာက တစ်ဆင့် ကိစ္စအမြောက်အမြားကို နားလည်ထားပြီးသား ဖြစ်သည်။


သူတို့၏ သဘောကျမှုများကို သယ်ယူနေချိန်တွင် ချိုင်ကောသည်လည်း white၏ ပရိသတ်များကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ခဲ့သည်။


တစ်စုံတစ်ယောက်က သူ၏ပရိသတ် ဖြစ်သွားပြီးသည်နှင့် ထိုကစားသမား၏ အဆင့်ကို သေချာပေါက် ဂရုစိုက်ပေလိမ့်မည်။


ထို့ကြောင့် ပိုင်ချိုင်၏ အတိတ်မှ highlightများဖြစ်သော သတိ မထားမိလောက်သည့်အထောက်အပံ့ ဈေးကြီးပေးပြီး စာချုပ် ဖျက်သွားခဲ့တယ်....စသဖြင့်ကို သေချာပေါက် သိပေလိမ့်မည်။ ယခင်က ပရိသတ်များက  ဘာကြောင့်ရယ်မသိခဲ့ကြချေ။ ယခုမူ အားလုံး အတည်တကျ နားလည်သွားကြပြီ ဖြစ်သည်။


.....သူက သူ့ရဲ့ အစစ်အမှန်အသင်းဖော်တွေနဲ့ ကစားချင်တယ်။


.....သူက တုံ့ဆိုင်းမနေဘဲ သူ့ရဲ့ လက်ရှိစာချုပ်ကို ဖျက်လိုက်တယ်။


.... သူ့ရဲ့အသင်းဖော်က အဝေးကိုပျံသန်းပြီး မြောက်တက်သွားတယ်။


ထိုသဲလွန်စတိုင်းက တဖြည်းဖြည်းချင်း ဆွဲထုတ်ခံရပြီးနောက် ပရိသတ်များအားလုံးက ပေါက်ကွဲသည်။


“သေစမ်း...ဘယ်လို အမှိုက်ကောင်လဲ”

73 02

“FTWက ODကို ရွေးဖို့ စိတ်အားထက်သန်နေတာ မအံ့သြတော့ပါဘူး၊ ငါတို့ရဲ့ ချိုင်ကောအတွက်ကြောင့် ဖြစ်နေတာကိုး”


“ငါမှားပါတယ် ငါQuietကို ဆူမိတဲ့အတွက် တောင်းပန်တယ်၊ ဒီကောင်က တော်တော်လေးကို ဖြောင့်မတ်မှန်ကန်ပြီး ကြင်နာသစ္စာရှိတာပဲ”


ဖန်သားပြင်ပေါ်တွင် အနက်ရောင် FTW teamယူနီဖောင်းကို ဝတ်ထားသော ထိုလူငယ်က တလက်လက် တောက်ပကာ မျက်စိကျိန်းလောက်သည့် စင်အလင်းရောင်၏ အောက်တည့်တည့်တွင် ရပ်နေသည်။ သူသည် အရပ်ရှည်သည်။ ခြေထောက်ကလည်း ရှည်သည်။ သူ၏အဝတ်က ကပိုကရိုသာ ဝတ်ထားသောကြောင့် သူ၏ဖျော့တော့ပြီး သွယ်လျသည့် လက်မောင်းများက ပေါ်နေသည်။ သူ၏ဘယ်လက်ကို ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်ထားသောကြောင့် သူသည် အလွန်လန်းကာ ထောင်လွှားပုံပေါ်သည်။


သူ၏ရုပ်ရည်သွင်ပြင်က အလွန်ချောပြီးသားဖြစ်သည်။ သူက ပြုံးနေသောအခါ နေမင်းအလား တောက်ပသည်။ သူ၏မျက်လုံးထဲမှ အကြည့်သည် ကျိုးရှင်းဖေးကို တိုက်ရိုက် စိုက်ကြည့်နေသောအခါ အလွန်ထောင်လွှားပြီး အေးစက်လွန်းပုံပေါ်သည်။ သို့သော် alphaနှင့်တူသည်။


ထိုအသံဖိုင်က ထပ်ခါတလဲလဲ ဆက်ပျံ့လွင့်နေသေးသည်။ စာနှစ်ကြောင်းကို ထပ်ခါတလဲလဲ ထုတ်ပြန်ကြေညာနေသည်။


ကျိုးရှင်းဖေး၏ အမူအယာဟာ ဖော်ပြရန် ခက်ခဲလောက်အောင် အကျည်းတန် နေသည်။


ဒီကောင် အသံသွင်းထားတာပဲ။


သူ.....။


ဝေ့ရှောင်းက အလွန်လန်းသော အသံtoneနှင့် ပြောသည်။


“နတ်ဘုရားကျိုး မင်းသာ ယောက်ျားဆိုရင် သေချာတောင်းပန်လိုက်၊ မင်း ဒီလောက်အထိ အကြာကြီး အကြွေးတင်နေတဲ့ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး ဘယ်သူကမှ မင်းကို ဘာမှပြောမနေဘူး”


ထိုစကားလုံးများက ခြေတစ်လှမ်း ဆုတ်ပေးသည်နှင့်တူသည်။ သို့သော် သူ၏အသံထဲတွင် သံမဏိရည်အပြည့်နှင့် ဖြစ်သည်။


ကျိုးရှင်းဖေးက ရှေ့တိုးမရ နောက်ဆုတ်မရ အနေအထားမျိုးတွင် ပိတ်မိသွားသည်။


တောင်းပန်ရမယ်ဟုတ်လား။ သူ သူ့ရဲ့ဂုဏ်သိက္ခာကို မြိုချရတော့မှာလား။


သူက ဘာလို့ တောင်းပန်ရမှာလဲ။ ပိုင်ချိုင်က သူ့ဘာသာသူ ရူးတာလေ။ ဘယ်သူ့ကို အပြစ်လာတင်နေတာလဲ။


သူ မတောင်းပန်ရင် ဘာဖြစ်လဲ။


ကျိုးရှင်းဖေးက ထိုအသံဖိုင်ကို သေသည်အထိ မုန်းတီးလွန်းသဖြင့် အံကိုပင် ကြိတ်မိသည်။


သူ သတိလက်လွတ် နိုင်သွားခဲ့သည်။ ဝေ့ရှောင်းဟာ သူ့ကို ထိုစကားများပြောရန် လှည့်ဖျားလိမ့်မည်ဟု မထင်ထားမိပေ။


ထိုအချိန်တွင် ပိုင်ချိုင်သည်လည်း အနားသို့ လျှောက်လာသည်။ သူသည် ဝေ့ရှောင်းကဲ့သို့မဟုတ်ဘဲ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဝတ်ထားပြီး ယူနီဖောင်းဂျာကင်မှ ဇစ်ကို အပေါ်ထိ ဆွဲတင်လိုက်သည်။


FTW၏ အထောက်အပံ့ကစားသမားက ပေါင်းသင်းရလွယ်တယ်.....ဆိုသော စကားအတိုင်း တည်ငြိမ်အေးဆေး နေသည်။


သူတို့က ပြည်တွင်းချန်ပီယံရှစ် နိုင်ခဲ့သောနေ့တွင်ပင် သူသည် နှုတ်ခမ်းနှစ်ခုကို စေ့ပိတ်လျက် အသာသာ ပြုံးနေတတ်ပြီး ချုပ်ထိန်းလျက် တည်ကြည်ပုံပေါ်လေသည်။


သို့ရာတွင် ထိုအချိန်တွင်မူ သူ၏ပါးစပ်က တင်းတင်းစေ့နေကာ ကျိုးရှင်းဖေးကို အေးစက်စွာ ကြည့်နေသည်။


ထိုအကြည့်က ကျိုးရှင်းဖေးအား သူ၏စိတ်အတွင်း အပြစ်မကင်းစိတ်ကို ခံစားလိုက်မိစေသည်။ အမြဲတစေ အကန့်အသတ်သို့ ရောက်သည်အထိ တစ်ဖြောင့်တည်း ဆန့်နေခဲ့ပြီးသား သူ၏သွေးကြောများကိုပင် မထိန်းနိုင်အောင် ဖြစ်သွားစေသည်။


“ငါ.....”


ဝေ့ရှောင်းက အသံသွင်းထားသော ခလုတ်ကို ပိတ်လိုက်သဖြင့် စင်မြင့်တစ်ခုလုံးက တိတ်သွားသည်။


ကျိုးရှင်းဖေးက အသက်ပြင်းပြင်းရှူပြီး တရုတ်လို ပြောသည်။


“ငါ တောင်းပန်ပါတယ်”


သူဟာ ထိုသို့ပြောပြီး ခပ်မြန်မြန် လှည့်ထွက်သွားချင်သည်။ သူဒီနေရာမှ ပျောက်ကွယ် သွားချင်နေသည်။

73 03

ဝေ့ရှောင်းက ပါးစပ်ကို ရုတ်တရက်ဟလျက် ပြောလိုက်သောစကား၏ ကြည်လင်သောအသံဟာ ကြီးမားသော ခန်းမကြီးတစ်ခုလုံးအနှံ့ဟိန်းထွက်သွားသည်။


“တောင်းပန်တာ လက်မခံဘူး”


သူက ကျိုးရှင်းဖေး၏ အနားသို့ လျှောက်သွားပြီးပြောလိုက်သည်။


“မင်းရဲ့တောင်းပန်မှုကို ငါတို့ရဲ့whiteက လက်မခံဘူး”


ပိုင်ချိုင်က ကြောင်သွားသည်။


ဝေ့ရှောင်းက သူ့ကို လှမ်းအော်သည်။


“လောင်ပိုင် သွားမယ်”


ထိုအချိန်တွင် နင်ကျယ်ဟန်နှင့် ယွဲဝမ်လဲ့တို့ကလည်း လျှောက်လာသည်။ FTWက ကျိုးရှင်းဖေးကို အကြည့်တစ်ချက်ပင် မပေးလေဘဲ ဖြတ်လျှောက်သွားကြ၏။


ထိုနေရာတွင် ရှိနေသော လူအများစုက နိုင်ငံခြားသားများဖြစ်လေရာ တရုတ်လို နားမလည်ပေ။ ထိုအတွက်ကြောင့် အဖြစ်အပျက်ကို သေချာနားမလည်ပေ။ 


သို့ရာတွင် live streamထဲမှ တရုတ်ပရိသတ်များကမူ ပေါက်ကွဲကုန်ပြီ ဖြစ်သည်။


“ဘုရားရေ Quietက တအားလန်းတာပဲ”


“သူက မင်းကိုတောင်းပန်ခိုင်းလိမ့်မယ်၊ ဒါပေမဲ့ ဒီလောင်ကျီက တောင်းပန်တာကို လက်ခံချင်မှ လက်ခံမယ်”


“သေစမ်း တအားလန်းတာပဲ၊ ချိုင်ကောက ရတနာကို ရှာတွေ့သွားပြီ၊ အိုး…မဟုတ်သေးပါဘူး၊ FTWက ရတနာကို ရှာတွေ့သွားတာ”


ထိုအခြေအနေကို ဖြစ်လာစေရန် ဦးဆောင်ပေးသော လုပ်ဆောင်ပြီး အကျိုးဆက်များအားလုံးက ရှင်းလင်းနေခဲ့ပြီးသား ဖြစ်သည်။ လူတိုင်းကလည်း FTWက scole board၏ ထိပ်ဆုံး၃နေရာသို့ ရောက်ရန် အပြေးအလွှား ဝင်ရောက်ခဲ့သည်မှာ ODကို ရင်ဆိုင်ရန်ဖြစ်ကြောင်း နားလည်သွားကြသည်။ ထိုအသံဖိုင်မှတစ်ဆင့် နှစ်ဖက်လုံးက သဘောတူညီမှု ယူထားပြီးသားဖြစ်ကြောင်း ဖော်ပြနေသည်။ FTWနိုင်သမျှ ကျိုးရှင်းဖေးက ပိုင်ချိုင်ကို လှည့်စားမိသည့်အတွက် တောင်းပန်ရပေလိမ့်မည်။


Quietက အလွန်ကြမ်းသည်။ ကျိုးရှင်းဖေးက ငြင်းဆန်မည်ဖြစ်ကြောင်း ကြိုသိထားသဖြင့် သူသည် တိုက်ရိုက်ပင် စကားပြောခန်းကို မှတ်တမ်းတင်ခဲ့သည်။


ထိုသို့ဖြင့် နေရာတွင် တိုက်ရိုက်အသံဖိုင်ကို ထုတ်လွှင့်ပြသလိုက်ခြင်းက အများအမြင်ကို တိုက်ရိုက် ပြောင်းလဲသွားစေခဲ့သည်။


ကျိုးရှင်းဖေးသည် ဂိမ်းပွဲတွင် တောက်လျှောက် ပစ်မှတ်ထားခံရ၍ စိတ်ဓာတ်ကျနေခဲ့ပြီးသား ဖြစ်သည်။ သူ၏အသင်းဖော်များကလည်း သူ့ကို တောက်လျှောက် ဆူပူနေကြသည်။ ယခုလိုမျိုး ကိစ္စမျိုးက ဒီလိုအခြေအနေမျိုးတွင် ဖြစ်လာသောအခါ သူဟာ ပုံမှန်တွင် မည်မျှပင် ချောချောမွေ့မွေ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်စေကာမူ အမူအယာကို ထိန်းထားနိုင်စွမ်းရည် မရှိတော့ချေ။


သူသည် ကိစ္စများကို တည်တည်ငြိမ်ငြိမ် ပြီးဆုံးသွားစေချင်ပြီး ကျော်ဖြတ်လိုက်ချင်သည်။ ထိုအတွက်ကြောင့်သာ ဆန္ဒမရှိသည့်တိုင်အောင် ရိုးသားစွာ တောင်းပန်လိုက်ခြင်း ဖြစ်သည်။


ဒါကို Quietက သူ့ကို “တောင်းပန်တာကို လက်မခံဘူး”ဆိုတဲ့ စကားသုံးလုံးတည်းနဲ့  လွှင့်ပစ်လိုက်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။


တစ်ဖက်သူသည် သူ့အား တောင်းပန်ရန် အင်အားအလွန် စိုက်ထုတ်ထားသည်။ ရိုးရှင်းစွာပင် သူဟာ တစ်စုံတစ်ရာကို အမှားလုပ်ထားသောကြောင့် ဖြစ်သည်။ သို့သော် မတရားခံခဲ့ရသော သူကို ထိုတောင်းပန်မှုက မသက်ရောက်စေလိုလျှင် တောင်းပန်မှုကို လက်ခံရပေလိမ့်မည်။ သို့သော် ထိုသို့ မဖြစ်သွားခဲ့ချေ။


စင်ပေါ်မှ ဆင်းလိုက်ပြီးနောက် ပိုင်ချိုင်က နောက်ဆုံးတွင် အသိပြန်ဝင်သွားသည်။


“မင်း....”


ဝေ့ရှောင်းက သူ၏ပခုံးကို လက်ဖြင့် လှမ်းဖက်လိုက်သည်။


“မင်းက ဘာလို့ သူ့ကိုခွင့်လွှတ်ပေးရမှာလဲ၊ သူက တန်လို့လား”


ထိုအေးစက်သောအသံက ပိုင်ချိုင်၏ နှလုံးသားအတွင်းသို့ အပူစီးဆင်းသလိုမျိုး ရုတ်တရက် စီးဝင်လာကာ သူ၏နှာခေါင်းကိုပင် အနည်းငယ် ကျိန်းစက်လာစေသည်။


“မင်း....”


သူမျက်ရည်ကိုတောင် မထိန်းနိုင်လောက်တော့ဘူး။ ပိုင်ချိုင်က ပြောသည်။


“ဘာလို့ ခွေးကြီးလို အော်ဟစ်နေမှာလဲ”


ဝေ့ရှောင်းက သူ့အားကူညီပြီး ကင်မရာကို ပိတ်ပေးသည်။


“သူ့က တိုက်တိုက်ဆိုင်ဆိုင် ငါ့ကို လာကိုက်တာကိုး၊ ငါကလည်း ပျင်းနေတာလေ”


ပိုင်ချိုင်..


“......”


Fuck…

++++++