Ch 74
Viewers 3k

အပိုင်း 74


နောက်ပိုင်းတွင် ထိုကိစ္စကို ပရိသတ်များက သေချာဆွဲထုတ်ပြီး weiboပေါ် တင်လိုက်ကြသည်။


ထိုကိစ္စကြီးတစ်ခုလုံးကို ဆွဲထုတ်ပြီး ရှင်းရှင်းလင်းလင်း ဖြေရှင်းလိုက်ကြသည်။ အချို့သောသူများကဆိုလျှင် သူအသင်းကို ဝင်ရောက်ခါစက ပိုင်ချိုင်၏ ပုံများကိုပင် တူးထုတ်လာကြသေးသည်။


ပိန်ပါးပြီး အရိုးပေါ်အရေတင်ဖြစ်နေသော ပိုင်ချိုင်က အမျိုးမျိုးသော ပုံစံမျိုးဖြင့် ပေါ်လာသည်။ သူ၏လက်ရှိ သန့်ရှင်းသပ်ရပ်ကာ ချောမောသော ပုံပန်းသွင်ပြင်နှင့်ပင် မလိုက်ဖက်ပေ။


ထို့ကြောင့် ပိုင်ချိုင်သည် သူ့ကိုယ်သူ ကောင်းစားရန်အတွက် စာချုပ်ဖျက်သွားသည်ဟု ပြောဆိုနေကြသော လူများကလည်း ထိုဓာတ်ပုံများကို မြင်သွားသောအခါ ပါးစပ်ပိတ်သွားကြသည်။


သူဟာ မည်သည့်အခြေအနေမှန်ကို တွေ့ကြုံခဲ့ကြောင်း အတိအကျ မသိသည့်တိုင်အောင် ဓာတ်ပုံထဲမှ ပိုင်ချိုင်ကို ကြည့်လိုက်ရုံနှင့် ထိုအချိန်က သူဟာ မည်မျှကြီးမားသော ထိုးနှက်ချက်ကြီးကို ခံခဲ့ရကြောင်း ပြောနိုင်သည်။


အသက်၁၈နှစ် ၁၉နှစ်တောင်မှ မရောက်သေးတဲ့ လူငယ်လေးတစ်ယောက်။


သူက အသင်းဖော်တစ်ယောက်ကို အရာအားလုံးပုံအောပြီး ယုံကြည်ခဲ့တာ၊ သူ့ရဲ့အိပ်မက်တွေ သူ့ရဲ့ယုံကြည်မှုတွေ အရာအားလုံးက ဒီအမှိုက်ကောင်ပေါ် ပုံချလိုက်မိသွားတယ်။


ဘယ်သူက အိပ်မက် မမက်ဖူးကြလို့လဲ။ ဘယ်သူက အရမ်းကို ပြင်းပြလွန်းတဲ့ စိတ်အားထက်သန်တဲ့နှလုံးသား မရှိခဲ့ဖူးလို့လဲ။ ဘယ်သူက နောက်ပြန်လှည့်မကြည့်ဘဲ အရှေ့ကိုဆက်တိုက် တိုးသွားချင်လောက်အောင် စိတ်အားမထက်သန်ဖူးလို့လဲ။


ကံဆိုးသည်မှာ အမှန်တရားနှင့် စိတ်ပျက်အားငယ်စေသည့်ဖြစ်ရပ်က ယခုလို ငယ်ရွယ်ကာ သွေးပူသောအရွယ်တွင် အလွန်လန်းသည်ဟု သတ်မှတ်လေ့ရှိကြသည်။ 


ကံကောင်းသည်မှာ ပိုင်ချိုင်တွင် အစစ်အမှန်အသင်းဖော်များ ပိုင်ဆိုင်နေပြီဖြစ်သည်။


.......


အသင်းက လေ့ကျင့်ရေးခန်းထဲသို့ ပြန်ရောက်သွားပြီးနောက်ပိုင်း ပိုင်ချိုင်က စိတ်အခြေအနေကို ထိန်းလိုက်နိုင်ပြီဖြစ်သည်။ သူသည် ပန်ဒါနှင့် တူလောက်သည်အထိ ငိုယိုခဲ့ပြီး အသိစိတ်ဝင်တစ်ဝက် ရှက်စိတ်တစ်ဝက်ကို ခံစားနေရကာ အပေါ်သို့ပင် မမော့ကြည့်ရဲခဲ့ပေ။


နည်းပြချန်းက သူ့ကို တစ်ခဏခန့် စိုက်ကြည့်ပြီးနောက် ကိစ္စပြီး စာရင်းရှင်းသော ဖြစ်ရပ်ကို စတင်သည်။


“မင်းရဲ့ဆေးမှော်ဆရာက တော်တော်ကောင်းကောင်း ကစားသွားခဲ့တာပဲ”


ချိုင်ကော....


“.....”


ဝေ့ရှောင်းက လက်မြှောက်သည်။


“သတင်းပို့”


ချန်းဖုန်းကလည်း မေးစေ့ကို မော့သည်။


“ပြော”


ဝေ့ရှောင်းက ပိုင်ချိုင်ကို တစ်ကိုယ်လုံးရောင်းချလိုက်သည်။


“အရွက်ကောရဲ့ အခြေပြုစွမ်းအင်သုံးနတ်ဆရာ၊ အရိပ်ဘုန်းတော်ကြီး၊ ကွင်းပိုင်မှော်ဆရာနဲ့ သံစဥ်မှော်ဆရာတွေကလည်း တော်တော်လေးကောင်းတယ်”


ပိုင်ချိုင်..


“....”


ဝေ့ရှောင်း နာမည်တပ်ပြောသမျှ talentတိုင်းသည် လက်အရှိန်နှုန်းကို စမ်းသပ်စစ်ဆေးနိုင်ပြီး သည်းခံနိုင်မှုအမှားကို ရှာနှုန်းအလွန်မြင့်မားလွန်းသော talentများဖြစ်သည်။ သူတို့သည် အသင်းတစ်ခုလုံးကို အနည်းငယ် ဂရုမထားမိရုံဖြင့် ပြိုလဲကျစေသွားနိုင်သော talentမျိုးဖြစ်သည်။


ပြဿနာကမူ....


ပိုင်ချိုင်က ခပ်မြန်မြန်ပြောသည်။

74 02

“နည်းပြ သူပေါက်ကရပြောတာ နားမထောင်နဲ့၊ ငါက.....”


သူ့ရဲ့ အခြေပြုနတ်ဆရာ၊ အရိပ်ဘုန်းတော်ကြီး၊ ကွင်းပိုင်မှော်ဆရာနဲ့ သံစဥ်မှော်ဆရာတွေက တော်တော်လေး ဆိုးတာပါ။


ချန်းဖုန်းကလည်း အသိအမှတ်ပြုဟန် အသံပေးသည်။


“ချိုင်ကောက တကယ်ကို ကောင်းကောင်းဖုံးကွယ်ထားခဲ့တာပဲ ဟွန့် ဘယ်လောက် မလေးစားလိုက်သလဲ”


အရွက်ကောက ဆက်ပြီးမငြင်းနိုင်တော့ချေ။ သူသည် သေတော့မည်ဖြစ်သည်။


“မဟုတ်ဘူးနော် ငါမတော်ဘူး၊ သူပေါက်ကရတွေ လျှောက်ပြောနေတာကို နားမထောင်နဲ့”


ဝေ့ရှောင်းက ခပ်ဟဟရယ်သည်။


“ငါတို့အသင်းမှာ ဒီလောက်ထိ တော်တဲ့အထောက်ပံ့ရှိတာ သူ့ကိုတကယ် မှီခိုလို့ရတယ်”


ပိုင်ချိုင်က ရူးချင်နေလေပြီ။


“ဝေ့ရှောင်း”


ဝေ့ရှောင်းက သူ့ကို လျစ်လျူရှုပြီး နင်ကျယ်ဟန်နှင့် ယွဲဝမ်လဲ့ကို ကြည့်သည်။


“မင်းတို့လုံခြုံပြီး ဘေးကင်းလွန်းသလို မခံစားရဘူးလား”


နင်ကျယ်ဟန်က ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်ပြောသည်။


“အရွက်ကောက တအားသန်မာတယ်”


ပိုင်ချိုင်..


“......”


အသီးအရွက်နဲ့ ဒီချိုင်ဆိုတဲ့ကြားက ကွာဟချက်ကိုတောင် ဒီလောင်ဇီက မပြောနိုင်တော့ဘူး။


ဒီကလေကချေတစ်ဖွဲ့ကတော့။


ဘဲကို အိပ်တန်းတက်ဖို့ မောင်းတင်နေသလိုပဲ။


အရွက်ကော၏ ပျင်းရိသောနေ့ရက်များ အဆုံးသတ်တော့ပေမည်။


သူတို့သည် ODနှင့် ယှဥ်ပြီး နိုင်သွားသော်လည်း ချန်းဖုန်းကမူ သံမဏိကို ပူတုန်းထုချင်သဖြင့် ထိုဂိမ်းပွဲနှင့် ပတ်သက်ပြီး ဟိုဟိုဒီဒီ reviewလုပ်နေလိုက်သည်။


ဖြစ်စဥ်တောက်လျှောက် FTWက အလွန်အမင်း  ကောင်းမွန်စွာ လုပ်ဆောင်သွားခဲ့သည်။ ပြောရန်ပင် မလိုလောက်အောင် closeသည် တစ်ပွဲလုံး အမှားမရှိခဲ့ချေ။ သူသည် junglerကစားချိန်ကထက်ပင် toplaneတွင် ပို၍အင်အားကြီးမားသေးသည်။ ဝေ့ရှောင်း၏ မိုက်ရူးရဲဆန်သော ကမူးထိုးရှူးထိုး လုပ်ဆောင်ခြင်းက စိတ်လိုက်မာန်ပါ လုပ်လွန်းသည်ဟု ထင်ရသော်လည်း ပြောရမည်ဆိုလျှင် သူသည် ရဲရင့်တက်ကြွပြီး အရင်းအနှီးအပြည့် ပိုင်ဆိုင်ထားသည်။ ထို့အပြင်သူ၏ gankတိုင်းကလည်း အလွန်အမင်း ကွက်တိကျသည်။ နည်းပြချန်းက သက်တံ့ရောင် အလင်းတန်းများအပြည့်နှင့် စကားလုံးသုံးကြောင်းကို တောက်လျှောက်ထုတ်ပြောလိုက်သည်။


ချိုင်ကောကမူ အခြေပြုနတ်ဆရာ၊ အရိပ်သူခိုး၊ ကွင်းပိုင်မှော်ဆရာနှင့် သံစဥ်မှော်ဆရာတို့နှင့် ပတ်သက်ပြီး လေ့ကျင့်ပါမည်ဟု ကတိပေးလိုက်ရသည်။


ရှန်းကျန်းကစားနိုင်သမျှ သူလည်းကျွမ်းကျင်အောင်လုပ်ရမယ်။


နင်ကျယ်ဟန်နှင့် ယွဲဝမ်လဲ့တို့က အမှားအနည်းငယ် လုပ်ထားကြသည်။ သို့သော် ချန်းဖုန်းက ရည်ရွယ်ချက်ရှိရှိဖြင့် ထုတ်မပြောဘဲ စကားတစ်ခွန်းကိုသာ ဆိုလိုက်သည်။


“ဆက်ပြီးလေ့ကျင့်”


အမှတ်ပြိုင်ပွဲက ၉နာရီခွဲတွင် ပြီးသွားသည်။ သို့သော် စောသေးသည်ဟု ယူဆ၍ ရသည့်တိုင်အောင် FTWကမူ နိုင်ငံတကာဆာဗာသို့တက်ပြီး အသင်းတစ်သင်းလုံးအနေနှင့် ဝင်တိုးလေရာ ည၁၂နာရီတွင် ပြီးသွားသည်။


ချန်းဖုန်းက ပြောသည်။


“လုံလောက်ပြီ အားလုံး ကြိုက်တာလုပ်လို့ရတယ်”


ဝေ့ရှောင်းက လုဖုန်းကို သနားခံသလိုကြည့်သည်။


“ခေါင်းဆောင်”


လုဖုန်းက သူ့အား ဂိမ်း၏interfaceသို့ inviteလုပ်လိုက်သည်။


ဝေ့ရှောင်းက ချက်ချင်းလိုလို စိတ်လှုပ်ရှားသွားသည်။


“အား ငါလာပြီ”


ဒီလိုအဆင့်မျိုးမှာရှိတဲ့ စိတ်လှုပ်ရှားမှု....မသိတဲ့လူသာဆိုရင် သူထီပေါက်တယ်လို့ ထင်ကြမှာပဲ”


လုဖုန်း..


“အမတသူခိုးကိုယူ”


ဝေ့ရှောင်းက soloနိုင်သမျှ မည်သည့်heroကို ယူရယူရ အဆင်ပြေသည်။


ဝေ့ရှောင်းက အမတသူခိုး လုဖုန်းက စွမ်းအားသူခိုးကိုယူ၏။


ဒါဟာ ဒီညဂိမ်း၏ မှတ်သားထိုက်လောက်သော အနေအထားမျိုးဖြစ်သည်။


FTWက ODနှင့် ကစားသောအခါ ဝေ့ရှောင်းက အမတသူခိုးကိုသုံးပြီး ကျိုးရှင်းဖေးက စွမ်းအားသူခိုးကို သုံးသည်။


ဂိမ်းပွဲဖြစ်စဥ်တောက်လျှောက် ကျိုးရှင်းဖေး၏ စွမ်းအားသူခိုးက ဝေ့ရှောင်းကြောင့် ဆက်တိုက်ရိုက်နှက်ခံခဲ့ရသည်မှာ ပြန်လည်မတိုက်ခိုက်နိုင်လုနီးပါးဖြစ်သည်။ သို့သော်....


အမတသူခိုးက ကောင်းကင်ဘုံသို့ ကျော်ဖြတ်နိုင်သည်အထိ ရူးသွပ်စွာ ပြေးလွှားနိုင်စွမ်းရည် ရှိခဲ့သော်လည်း ယခုမူ အားနည်းလွန်းသော စွမ်းအားသူခိုး၏ မြေပြင်ပေါ်သို့ ရောက်သည်အထိ ကောက်ပေါက်ပစ်ခံထားရခြင်းကို ခံလိုက်ရသည်။


ဝေ့ရှောင်းက လေအေးများကို ရှူရှိုက်လိုက်သည်။

74 03

“သေချာပေါက်ကိုပဲ အားနည်းလိုက်တဲ့ heroဆိုတာမရှိဘူး၊ အားနည်းတဲ့ ကစားသမားတွေပဲရှိတယ်”


သူတို့နှစ်ယောက်လုံးက စွမ်းအားသူခိုး သုံးနေကျလူများဖြစ်သည်။ သို့သော် ကျိုးရှင်းဖေးက အသုံးပြုသောအခါ အသုံးမကျဖြစ်ပြီး အားနည်းလွန်းသော်လည်း ခေါင်းဆောင်က အသုံးပြုလိုက်သောအခါ ဖောက်ခွဲနိုင်စွမ်းရည် ပြင်းထန်လွန်းသည်။


ဒီတော့ သူက တိုတောင်းလွန်းတဲ့ ဝန်းကျင်ထဲမှာပဲ ဖယ်ရှားတဲ့skillကို ထုတ်သုံးနိုင်တော့ရော ဘာဖြစ်လဲ။ သူ့မှာ အရမ်းကိုကြီးတဲ့ ပုဆိန်ကြီး သယ်ထားရတော့လည်း ဘာဖြစ်လဲ။ ဒီပုဆိန်ကို ခုတ်လွှဲပစ်လိုက်တာနဲ့ အရှိန်အဟုန်က ယှဥ်လို့တောင်မရဘူး။


အရမ်းကို ထောင်လွှားပြီး လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လွန်းတယ် ဟုတ်ပြီလား။


Matchပွဲတစ်ပွဲက အဆုံးသတ်သွားသည်။ လုဖုန်းက ဝေ့ရှောင်းကို ပြောသည်။


“စွမ်းအားသူခိုးက အမတသူခိုးကို ဖိအားပေးနိုင်တယ်၊ နောက်တစ်ကြိမ်မှာ စမ်းကြည့်လိုက်”


ဝေ့ရှောင်းကပြောသည်။


“စောနေသေးတာပဲ ဘာလို့ ငါတို့နောက်တစ်ပွဲ မစမ်းကြည့်ရမှာလဲ”


သူသာ တစ်ကြိမ်ကစားနိုင်လျှင် နှစ်ကြိမ်လည်း စမ်းသပ်ကြည့်၍ရသည်။ တစ်ကြိမ်တည်းက မလုံလောက်ပါပေ။


ဝေ့ရှောင်းက စိတ်လှုပ်ရှားမှုတွင် နစ်မြုပ်နေချိန်တွင် နောက်ထက်တစ်ကြိမ်ထပ်ရိုက်ရန် အတိုက်အခံ ကြိုးစားလိုက်သည်။ သို့သော် မထင်ထားသည်မှာ လုဖုန်းက ပေါ့ပါးသော စကားတစ်ခွန်းတည်းနှင့် သူ့ကိုကောက်ပစ်လိုက်သည်။


“နောက်ကျနေပြီ မင်းရဲ့ကောင်မလေးကို အဖော်ပြုရဦးမယ်မဟုတ်ဘူးလား”


ဝေ့ရှောင်းက ချက်ချင်းဆိုသလို အာရုံအပြည့်စိုက်လိုက်ပြီး ခပ်မတ်မတ် ထိုင်လိုက်သည်။


သူသည် ထိုကိစ္စနှင့် ပတ်သက်ပြီး တောက်လျှောက်မေ့နေသဖြင့်သာ အပျော်လွန်နေခဲ့ခြင်း ဖြစ်လောက်သည်။


ကိုယ်ပိုင်သီးသန့်ပိုက်ဆံ နောက်ပြီးခေါင်းဆောင်၊ ကောင်မလေး။


မရေမတွက်နိုင်တဲ့ keywordစကားလုံးများက သူ၏စိတ်ထဲသို့ ရေကြီးသလို လွှမ်းမိုးဝင်ရောက်လိုက်ပြီး ဝေ့ရှောင်းကို ပြိုလဲကျသွားစေသည်။ လုဖုန်းက ထရပ်လိုက်သည်။


“ငါအရင် ပြန်တော့မယ်”


******