Ch 75
Viewers 3k

အပိုင်း (75)


ငါ့ရဲ့သူဌေးက ခေါင်းဆောင်လား


လုဖုန်းက ထွက်သွားခါစသာ ရှိသေးသည်။ ဝေ့ရှောင်းက ချက်ချင်းလိုလို ထခုန်သည်။


“ငါလည်း သွားမယ်”


ထို့နောက် သူသည် ဂျာကင်အင်္ကျီကို ကောက်ယူလျက် တံခါးထံမှ ခြေလှမ်းကျဲကြီးများနှင့် ထွက်သွားသည်။


ရှောင်လင်က အလွန်သိချင်သွားသည်။ သူက သူ၏ မီးခိုးရောင်အဖွားခေါင်းလေးကို ဆန့်ထုတ်လျက် ကြည့်ကာ ပြောသည်။


“လတ်စသတ်တော့ ရှောင်းကောမှာ ကောင်မလေးရှိနေတာကိုး၊ ဟေး”


“လေးစားပါတယ် လေးစားပါတယ် quietက ဘဝရဲ့အနိုင်ရသူပဲ”


ပိုင်ချိုင်...


“....”


ယွဲဝမ်လဲ့သည်လည်း သိချင်စိတ် ပြင်းပြနေသည်။


“ငါတောင်မပြောနိုင်ဘူး၊ ငါက သူတစ်ဘဝလုံး soloingနဲ့ပဲ ကုန်ဆုံးသွားတော့မယ်လို့ ထင်နေတာ”


ပိုင်ချိုင်၏လက်က တုန်ယင်သွားသည်။ သူက တွေးလိုက်၏။


လောင်ယွဲ မင်း အမှန်တရားကို ထိတွေ့မိဖို့ ၀.၀၁စက္ကန့်ပဲ လိုတော့တယ်။


ကိစ္စအများကြီးကို သိထားသော လောင်ပိုင်က အလွန်ကွဲထွက် လွန်းနေသည်ဟု ခံစားလိုက်ရသည်။


“လာလာလာ သုံးယောက်အတူ ဝင်တိုးမယ်”


နှစ်ယောက်လုံးကလည်း တစ်ပြိုင်တည်းလိုလို သဘောတူကြသည်။ နင်ကျယ်ဟန်က ဝင်တိုးရန် ကြိုးစားနေရင်း အတင်းအဖျင်း ဆက်ပြောလိုသေးသည်။


“ချိုင်ကော ရှောင်းကောရဲ့ကောင်မလေးက လှလား”


၁၇နှစ် ၁၈နှစ်အရွယ် ကလေးများသည် ထိုကဲ့သို့သော ကိစ္စမျိုးကို စိတ်ဝင်စားလွန်းသည်။ ထို့ကြောင့် သူသည် မနေနိုင်ဘဲ မေးလိုက်မိ၏။


မဟာမိစ္ဆာဘုရင်ကြီး၏ အေးစက်ပြီး ချောမောသော မျက်နှာက ပိုင်ချိုင်၏စိတ်အတွင်း ဖြတ်ပြေးသွားသည်။


“ကြည့်ကောင်းတယ်”


Closeက ကြည့်မကောင်းဘူးလို့ ဘယ်သူက သောက်ကျိုးနည်း ပြောရဲမှာလဲ။


အိမ်ကြီးရှင်မ ပရိသတ်တစ်သောင်းကျော်ကတင် မင်းကို အာကာသအပြင်ဘက် ရောက်သွားအောင် ကန်ထုတ်လိုက်လို့ရတယ် ဟုတ်ပြီလား။


နင်ကျယ်ဟန်က သူ၏ရင်ထဲမှ စကားလုံးများကို ထုတ်ပြောသည်။


“လေးစားတယ် လေးစားတယ်”


ပိုင်ချိုင်၏ပါးစပ်က တွန့်သွားသည်။


တကယ် မလိုပါဘူး။


အဆင့်မြင့်အဆင့်တက်ပွဲအတွက် ၃ယောက်အတူ ဝင်တိုးခြင်းက အလွန်နှေးကွေးသည်။ ယွဲဝမ်လဲ့ကပင် ပြောလာသည်။


“ကောလိပ်ကျောင်းက အတန်းဖော်လား”


သူတို့သည်လည်း ဝေ့ရှောင်း၏ ပညာရေးနောက်ခံကို သိသည်။ သူတို့က ထိုအချိန်ကဆိုလျှင် အံ့အားသင့်ခဲ့ရရုံသာ မကသေးလေဘဲ အနည်းငယ်ပင် နားလည်သွား၏။


ဒီကလေးရဲ့ စိတ်အားထက်သန်မှုအရ သူ ကောင်းကောင်းမ လုပ်နိုင်တာမျိုး ရှိပါ့မလား။


ပိုင်ချိုင်က ခေါင်းခါသည်။


“မဟုတ်ဘူး”


နင်ကျယ်ဟန်...


“အထက်တန်းကျောင်းက အတန်းဖော်”


အား သူပိုပိုပြီးတော့ လေးစားလာမိပြီ။

75 02

နင်ကျယ်ဟန်သည် နတ်ဘုရားမ(အတန်းထဲမှ အလွန်ချောသောကျောင်းသူ)ကို ကြိတ်သဘော ကျခဲ့ဖူးသည်။ သို့သော် သူ၏နတ်ဘုရားမကမူ အင်တာနက်ကို စွဲလမ်းလွန်းသော လူငယ်မျိုးကို မုန်းလေသည်။ ဝူးဝူး။


ပိုင်ချိုင်က ဝေဝေဝါးဝါး ပြောပြလိုက်ရသည်။


“သူတို့ အလုပ်တူတူ လုပ်နေတာ”


ယွဲဝမ်လဲ့က အံ့သြသွားသည်။


“မဟာဆရာသခင်က တကယ်လုပ်နိုင်စွမ်းရည် ရှိတာပဲ”


သူက အသက်ကြီးတဲ့ အမျိုးသမီးကို ရှာထားတယ်။


ပိုင်ချိုင်က ဆက်လက်ပြီး သည်းမခံလိုတော့ပေ။


“ငါလည်း အများကြီးမသိပါဘူး၊ မင်းတို့သိချင်ရင် သူ့ကို မနက်ဖြန်ကျမှ ကိုယ်တိုင် သွားမေးလိုက်ပါလား”


နင်ကျယ်ဟန်က အလွန်အပြစ်ကင်းစင်ပြီး တုံးအသော ပုံစံမျိုးဖြင့်ပြောသည်။


“အင်း ငါမနက်ဖြန်မှ အခွင့်အရေးတစ်ခုရှာပြီး မေးလိုက်မယ်”


ပိုင်ချိုင်..


“......”


သူ တကယ် သွားမေးမလို့လား။


ကံဆိုးသည်မှာ ပြောပြီးသောစကားလုံးများက ပန်းထွက်သွားသော ရေအလား ဖြစ်သွားသောကြောင့် ချိုင်ကောအနေနှင့် ပြန်လည်ကောက်၍ မရနိုင်ချေ။


မေ့လိုက်တော့ မေ့လိုက်တော့။ ဝေ့ရှောင်းရှက်နေမဲ့ပုံစံကို ကြည့်ရတာကလည်း သဘောကျစရာပါပဲ။


ဝေ့ရှောင်းက အခန်းထဲသို့ ဒုန်းစိုင်း ပြေးဝင်သွားပြီး တံခါးကို တွန်းဖွင့်လိုက်သည့် အလိုက်အတန့်တွင်ပင် အဝတ်အစားလဲရန် အင်္ကျီချွတ်နေသော လုဖုန်းကို တွေ့သည်။


ဟော်တယ်မီးများက ထိုအမျိုးသားပေါ်သို့ အထက်မှတစ်ဆင့် ထောင်လိုက် ဖြန့်ကျက်ပေးထားသည်။ အလင်းနှင့်အမှောင် ရောယှက်မှုကြောင့် ပေါ်ထွက်လာသော ခန္ဓာကိုယ်ပုံပန်းသွင်ပြင်သည် စွမ်းအားများ ပြည့်နှက်နေသော ခံစားချက်တစ်ရပ်ရှိသည့် လှပလွန်းသော ဆီဆေးရေးပန်းချီ တစ်ချက်အလား ထင်ရသည်။


လုဖုန်း၏ လှုပ်ရှားမှုများကပင် တစ်ခဏခန့် ရပ်တန့်သွားသည်။ သူသည်လည်း အသံကို ကြားလိုက်ရသည်။ ထို့နောက် တီရှပ်ကို လုံးဝချွတ်လိုက်ပြီး တံခါးဘက်သို့ လှည့်ကြည့်သည်။


ဆွဲဆောင်မှုရှိတဲ့ ညှပ်ရိုးတွေ အားအပြည့်ရှိတဲ့ရင်ဘတ် နောက်ပြီး ၁၂၃၄၆၇၈ ကြွက်သားတွေ။


ဝေ့ရှောင်းသည် တစ်ခဏခန့် ကြောင်သွားသည်။


“ခေါင်းဆောင်...”


လုဖုန်းက တစ်ချက်ကုန်းပြီး သူ၏ရေချိုးဝတ်စုံကို ကောက်ယူသည်။


“ဟင်”


ဝေ့ရှောင်းက သူပြောမည့်စကားကိုပင် မေ့သွားပြီး အော်ပြောလိုက်မိသည်။


“ဒါကို ဘယ်လိုတွေ လေ့ကျင့်ထားတာလဲ”


သူတို့နှစ်ယောက်လုံးက အင်တာနက်ကို စွဲလမ်းတဲ့ လူငယ်တွေပဲလေ။ ဘယ်လိုဖြစ်ပြီး ကွာခြားချက်က ဒီလောက်ထိ ကြီးရတာလဲ။


ဝေ့ရှောင်းက သူ၏အင်္ကျီကိုပင် မကာ ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်ချင်သွားသည်။


လုဖုန်း..


“နေ့တိုင်း မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်တယ်လေ၊ မင်းလည်း လုပ်လို့ ရတာပဲ”


ဝေ့ရှောင်းက ခေါင်းကိုခါသည်။


“မလုပ်တော့ပါဘူး စောစောထရမဲ့အစား စောစောပဲ သေလိုက်တာ ပိုကောင်းတယ်”


လုဖုန်း...


“ခန္ဓာကိုယ်က ဇီဝဗေဒဖြစ်စဥ်တွေကို တွန်းလှန်ပေးတဲ့အရာပဲ”


ဝေ့ရှောင်းက ခေါင်းကို ခပ်ကြမ်းကြမ်း ခါသည်။


“ငါ့ရဲ့ တွန်းလှန်ပေးတဲ့ဖြစ်စဥ်က ဝမ်းဗိုက်ကြွက်သား ၈ခုတော့ မလိုဘူး”

75 03

လုဖုန်းက တစ်ခဏခန့် ရပ်တန့်သွားသည်။ ထို့နောက် ဆက်မပြောတော့ချေ။


ဝေ့ရှောင်းသည် တစ်လက်မခန့်ရပြီးနောက် ခြံတစ်ဝန်းလုံး လိုချင်သောလူမျိုးဖြစ်သည်။ ထို့ကြောင့် သူသည် အနောက်ဘက်မှ တံခါးကိုပိတ်လိုက်ပြီး အနားသို့ ကပ်လာကာ လက်ကို ဆန့်ထုတ်လျက် တစ်ချက်လာကုတ်သည်။


“fuck တကယ်ကို limitရှိတာပဲ”


တကယ်ကို သောက်ကျိုးနည်း လန်းတာပဲ။


သူ၏အနားဝန်းကျင်ရှိ အမျိုးသားတိုင်းက ချောမောနေခဲ့သည့်တိုင်အောင် အမျိုးသမီး ပရိသတ်ပေါင်းများစွာက သူ့ကို လက်ထပ်ချင်နေခဲ့သည်မှာ အံ့သြစရာ မရှိပေ။


လုဖုန်းက လက်ကိုဆန့်ထုတ်လျက် သူ၏လက်ကောက်ဝတ်ကို ဖမ်းသည်။ ဝေ့ရှောင်းက ကြောင်သွားသည်။


လုဖုန်း၏အသံက အနည်းငယ် သြရှလာသည်။


“မင်းက ကောင်မလေးရှိတဲ့သူနော်”


ဝေ့ရှောင်းက ခေါင်းကိုမော့လျက် သူ့ကို ကြည့်သည်။


“အာ”


သူ ဒီကောင်မလေးနဲ့ပတ်သက်ပြီး အကြောက်လွန်တဲ့ရောဂါတောင် ရတော့မယ် ထင်တယ်။ ဒီစကားလုံးကို ကြားတဲ့အချိန်တိုင်း သူ့ရဲ့နှလုံးသားက အပြစ်မကင်းစိတ်ကြောင့် ကွဲအက်လာတယ်။


လုဖုန်း၏ နှုတ်ခမ်းများက ကော့တက်သွားသည်။


“ဒီတော့ လူရမ်းကားလို မပြုမူနဲ့”


ဝေ့ရှောင်း..


“!”


လုဖုန်းက လက်ကိုလွှတ်ပေးပြီး ရေချိုးခန်းထဲသို့ ဝင်သွားသည်။


“ငါ ရေသွားချိုးတော့မယ်”


၃စက္ကန့်ခန့် ကြာသည်အထိ ဘာကိုမှ နားမလည်သော ပုံစံမျိုးဖြင့် ကျန်ရစ်ခဲ့ပြီးနောက် ဝေ့ရှောင်းက အသိပြန်ဝင်သွားသည်။


Fuck။


သူ့ကို ခေါင်းဆောင်က စသွားတာပဲ။


အိုး ဒါလည်း မဟုတ်သေးပါဘူး။ သူက ခေါင်းဆောင်ကို အရင်စတာလေ။


အင်း.....။ ဝေ့ရှောင်း၏ အနိုင်ရလိုစိတ်က ပေါက်ကွဲမတတ် ဖြစ်လာသည်။


သူ မရှုံးပါဘူး။


ထိုအခါမှသာ သူသည် သင့်တော်သောကိစ္စများကို တွေး၍ လာခဲ့ခြင်းဖြစ်ကြောင်း သတိရသွားသည်။ ယခုအခါ ခေါင်းဆောင်က ရေသွားချိုးနေပြီဖြစ်သည်။ သူသည် တံခါးသို့ ဖောက်ဝင်၍လည်း မရနိုင်သည့်အတွက် စောင့်ဆိုင်းရတော့ပေမည်။


ဝေ့ရှောင်းက ဟိုဟိုဒီဒီ လိုက်ကြည့်သည်။ သို့သော် လုဖုန်း၏ဖုန်းကို ရှာမရပေ။ သူသည် စာပို့ပြီး ဆက်လက်ကြည့်မည့်အခြေအနေကိုလည်း မဖြေရှင်းနိုင်တော့ချေ။


ထိုအချိန်တွင် သူ၏ဖုန်းက မြည်လာသည်။ ဝေ့ရှောင်းက ခေါင်းကို ခပ်မြန်မြန်ငုံ့ကာ ကြည့်သည်။


ပို့လာသူမှာ သူ၏ကောင်မလေး ဖြစ်နေသည်။


လု...


“လေ့ကျင့်ရေး ပြီးသွားပြီလား”


ဝေ့ရှောင်းက စာကို အချိန်တန်ကြာအောင် စိုက်ကြည့်သည်။ ထို့နောက် ခေါင်းကိုမော့လျက် ရေချိုးခန်းကို ကြည့်သည်။


ရေကျသံများကို ကြားရသည်။ ခေါင်းဆောင်က သေချာပေါက် ရေချိုးနေခြင်း ဖြစ်သည်။


ထို့ကြောင့် သူသည် အမှန်တကယ်ပင် လွန်ကဲစွာ တွေးတောမိနေခြင်း ဖြစ်လောက်သည်။ ခေါင်းဆောင်နှင့် သူဌေးက လူနှစ်ယောက် ဖြစ်လောက်သည်။


တိုက်တိုက်ဆိုင်ဆိုင် သူတို့နှစ်ယောက်လုံးက မျိုးရိုးနာမည် လုဖြစ်နေခြင်း ဖြစ်လောက်သည်။ တိုက်တိုက်ဆိုင်ဆိုင် ကြွယ်ဝပြီး သဘောထား ကြီးနေကြ၏။ တိုက်တိုက်ဆိုင်ဆိုင် နှစ်ယောက်လုံးက သူ့ကိုအလွန်အမင်း ကောင်းမွန်စွာ ဆက်ဆံပေးနေကြသည်။


သောက်ကျိုးနည်းကို တိုက်ဆိုင်တာ။

75 04

သူကလည်း ကိုယ်ပိုင်သီးသန့်သုံး ပိုက်ဆံအကြောင်းနှင့် သိသာလွန်းသော ဖြစ်ရပ်များကို ပြန်တွေးမိသွားသောအခါ အမှန်တရားက အဝတ်မပါသော ဗလာခန္ဓာကိုယ်အလား သိသာ ထင်ရှားနေခဲ့သည်။ ခေါင်းဆောင်က သူဌေးဖြစ်လေသည်။


ဝေ့ရှောင်းက ရေချိုးခန်းတံခါးကို အတင်းသွားဖွင့်ချင်စိတ်ကို အသားကုန် ဖိနှိပ်ထားရသည်။


သူတို့အားလုံးက အမျိုးသားတွေပဲလေ။ ဘာကိုမှ စိုးရိမ်စရာမရှိဘူး ထင်တယ်။


ဒါပေမဲ့ တခြားတစ်ယောက်က ရေချိုးနေတာလေ။ သူက ဒီလိုဝင်သွားတာက တအားရိုင်းတယ်။


ဝေ့ရှောင်းသည် ထိုမျှ ရွံရှာလွန်းသော ကိစ္စမျိုးကို မလုပ်နိုင်ပေ။


သူက စိတ်ရှည်စွာနှင့် စမ်းသပ်လိုက်သည်။


“ငါက လေ့ကျင့်ရေးပြီးခါစလေ၊ လုကောက မအိပ်ရသေးဘူးလား”


လု..


“အလျင် မလိုပါဘူး”


ဝေ့ရှောင်း..


“ကစားချင်လား”


လု..


“ရေချိုးနေတယ် မကစားနိုင်ဘူး”


ဝေ့ရှောင်းသည် ခေါင်းကို စွက်ခနဲ မြည်သံနှင့်အတူ ချက်ချင်းလှည့်လာပြီး ရေချိုးခန်းထဲမှ ခေါင်းဆောင်ကို ကြည့်လိုက်သည်။


သေစမ်း နှစ်ယောက်လုံးက တပြိုင်တည်း ရေချိုးတာလား။


ဒီလောက်ထိ တိုက်ဆိုင်တာ ရှိပါ့ဦးမလား။

++++++