အပိုင်း 76
ဝေ့ရှောင်းသည်လည်း သူ၏စိတ်ထဲတွင် ၉၉%ခန့်က သေချာနေခဲ့ပြီးသားဖြစ်သည်။ သို့သော် ဝန်မခံရဲချေ။
“ဟားဟားဟား မင်းက ရေချိုးနေရင်း ဖုန်းနဲ့ကစားနေတာပဲ၊ tupထဲမှာများ စိမ်နေတာလား”
လု..
“ရေပန်းနဲ့”
ဝေ့ရှောင်း..
“...”
လု..
“ဖုန်းက ရေစိုခံတယ်”
ဝေ့ရှောင်း၏ကိုယ်က ကွဲအက်သွားသည်။
“ခေါင်းဆောင်”
လု...
“ဟင်”
ဝေ့ရှောင်း..
“......”
သူသည် တိုက်ရိုက်သာ အော်လိုက်သည်။
“ခေါင်းဆောင်”
လုဖုန်းကလည်း အမှန်တကယ် ရေမချိုးရသေးချေ။ သူက ရေချိုးဝတ်စုံနှင့်အတူ ထွက်လာသည်။
“မင်းငါ့ကို လုကောလို့ မခေါ်တော့ဘူးလား”
ဝေ့ရှောင်းက တစ်ခဏခန့် ရူးကြောင်ကြော င်ဖြစ်သွားသည်။ ထို့နောက် ပလုံခနဲ မြည်သံနှင့်အတူ အိပ်ရာပေါ်တွင် လဲကျသွားသည်။
လုဖုန်း၏ မျက်လုံးနှင့် နှုတ်ခမ်းထောင့်စွန်းများက ရယ်ချင်စိတ်အပြည့်နှင့် ဖြစ်သည်။ ထိုအခြေအနေကို မဖုံးကွယ်နိုင်ပေ။
“ဒါပေမဲ့ အဲဒီကောင်မလေးဆိုတာကို ဖယ်ထားလိုက်ရင် genderနဲ့ပတ်သက်ပြီး မှားယွင်းနေတာပဲ”
ဝေ့ရှောင်း..
“....”
မမေးနဲ့။ လာမေးရင် သူ သေသွားပြီလို့ ပြောလိုက်ပါ။ သူ့ကို ငွေစက္ကူစာရွက်တွေနဲ့ မီးရှို့ပြီး ပူဇော်ပေးပါတော့။
လုဖုန်းက သူ၏ဖုန်းကို အပြင်ဘက်တွင် ချန်ထားခဲ့ပြီး အမှန်တကယ် ရေသွားချိုးသည်။
ဝေ့ရှောင်းက တစ်ချက်ကြည့်သည်။ ဖန်သားပြင်က လင်းနေ၏။ သူတို့၏ စကားပြောခန်းကလည်း ပေါ်နေသည်။
ကောင်းပြီ။
အတည် ပြုပြီးသွားပြီ။
သံသယဝင်ဖို့တောင် မလိုတော့ဘူး။
ဒီလောကမှာ ဒီလောက်အထိ တိုက်ဆိုင်လွန်းတာ ဘယ်လိုရှိနိုင်မှာလဲ။ သူ့ရဲ့ခေါင်းဆောင်က တစ်ယောက်တည်း ဖြစ်နေတာကိုး။
အား သူ့ရဲ့ကောင်မလေး နောက်ပြီး နောက်ထပ်ကောင်မလေး သူတို့က တစ်ယောက်တည်းတဲ့။
ဝေ့ရှောင်းသည် အတိတ်က ဖြစ်ပျက်ခဲ့သမျှ ကိစ္စများအားလုံးကို ပြန်တွေးကြည့်လိုက်ပြီး မျက်လုံးကို အုပ်လိုက်မိသည်။ သူသည် ခေါင်းကို စောင်းလျက် သေချင်ယောင်သာ ဆောင်နေလိုက်သည်။
လုဖုန်းက အပြင်သို့ ထွက်လာရင်း ခေါင်းကို ရေသုတ်နေသည့်အချိန်တွင် အလောင်းဖြစ်ဟန် ဆောင်နေသော ဝေ့ရှောင်ရှောင်းလေးကို မြင်လိုက်ရသည်။
“သွား ရေသွားချိုးတော့”
ဝေ့ရှောင်းက ငါးကြင်းတစ်ကောင်လို ဖတ်လတ်ဖတ်လတ် ဖြစ်နေရင်း အိပ်ရာပေါ်တွင် စက္ကန့်အနည်းငယ် ကြာသည်အထိ ခြေချိတ်ကာ ထိုင်နေလိုက်သည်။
“ခေါင်းဆောင်”
သူ၏အသံက ပုံမှန်မဟုတ်လောက်အောင် ဝမ်းနည်းပြီး သနားစရာ ကောင်းနေသည်။
လုဖုန်းက သူ့ကိုကြည့်သည်။
ဝေ့ရှောင်းက စိတ်အခြေအနေ အဆင်ပြေသွားပြီဖြစ်သည်။ ထို့ကြောင့် အကြောင်းပြချက် ပေးလိုက်၏။
“ခေါင်းဆောင်ငါ့ကို တစ်ချိန်လုံး လှည့်စားနေခဲ့တာပဲ”
သူက တော်တော်ဆိုးဆိုးရွားရွားကို လှည့်စားခံခဲ့ရတာ။
ဘာကိုအဖော်ပြု ကစားသမားလဲ။ ဘာကိုသူဌေးလဲ။ ဘာကိုလုကောလဲ။ ဒါတွေအားလုံးက ခေါင်းဆောင်က သူ့ကို ကစားနေခဲ့တာပဲ။
လုဖုန်းက တစ်ခါတည်း ဖြေရှင်းရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ ထိုအတွက်ကြောင့် သူနှင့် စကားကောင်းကောင်း ပြောရန် ဆုံးဖြတ်ထားလေသည်။
“ငါသာ အဲဒီလိုမလုပ်ရင် ငါမင်းကို ဘယ်လို ဆက်သွယ်ရမှာလဲ”
သူ၏အသံက အနည်းငယ် အပူတက်နေသလိုမျိုး ဖြစ်နေသည်မှာ ရေချိုးခန်းထဲမှ ထွက်လာသော ရေငွေ့များကြောင့် ဖြစ်လောက်သည်။
ဝေ့ရှောင်းက ပါးစပ်ဟလိုက်သည်။ သို့သော် စကားတစ်ခွန်းမှ မထွက်လာပေ။
လုဖုန်း၏ နောက်စကားက အမှန်ပင် ဟာသအဖြစ် ပြောင်းလဲသွားသည်။
“မင်းက နယူးအိုရီရန်တယ်ကို သွားပြီး အိပ်မက်တွေနောက်ကို လိုက်နေတာကိုး၊ ခံစားချက်တွေနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ငါက ဂရုမစိုက်သင့်ဘူးလား”
ဝေ့ရှောင်း..
“.....”
သူယခင်က မွှေနှောက်ခဲ့သော လှိုင်းလုံးများက သူ၏စိတ်အတွင်းတွင် ရေအဖြစ်ပြောင်းလဲကာ ဝင်ရောက်လာပြီး မျက်ရည်သဏ္ဍာန်အသွင် ပြောင်းလျက် ထွက်လုနီးပါးဖြစ်သွားသည်။
76 02
လုဖုန်းက ရှင်းပြသည်။
“ငါမင်းကို တိုက်ရိုက်ဆက်သွယ်လိုက်ရင် မင်းငါ့ဆီက ပုန်းနေမှာကို ငါစိုးရိမ်ခဲ့တာ”
ထို့ကြောင့် သူသည် Id အတုကို အသုံးပြုပြီး ပိုက်ဆံ၂သန်းနှင့် အဖော်ပြုကစားသမားတစ်ယောက် လိုချင်သောသဘောမျိုးနှင့် ဂိမ်းပွဲတစ်သောင်းကို ဝယ်ခဲ့ခြင်းဖြစ်သည်။
လုဖုန်းသည် ပိုက်ဆံ၂သန်းကို အသုံးပြုခဲ့သည့် အကြောင်းပြချက်ကမူ ဝေ့ရှောင်း၏ ထိုအချိန်က လက်မှတ်ထိုးကြေးကလည်း ၂သန်းဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ ပြောရမည်ဆိုလျှင် ထိုမျှလည်း မဟုတ်ချေ။ လုဖုန်းက ဂိမ်းပွဲတစ်သောင်းကို ဝယ်ယူခဲ့သည်မှာ အဖြိုဘု ကစားသမားပလတ်ဖောင်း၏ ကန့်သတ်ချက်များနှင့် ပထမဦးဆုံး အများဆုံးထည့်သွင်းနိုင်သောအရေအတွက်က တစ်သောင်းတည်းသာ ဖြစ်နေသောကြောင့်ဖြစ်သည်။
လွန်ခဲ့သော၂နှစ်ခန့်က closeသည် အရာအားလုံးကို ခြစ်ခြုတ်စုပြီး ဝေ့ရှောင်းကို ၂သန်းနှင့် ကမ်းလှမ်းခဲ့သည်။
နှစ်နှစ်ခန့် ကြာလာပြီးနောက် လုသည် ပလတ်ဖောင်း၏ ကမ်းလှမ်းချက်ကြောင့် ဂိမ်းတစ်သောင်းသာ ဝယ်နိုင်သေးပြန်သည်။
လုဖုန်းက ထိုစကားကို ပြောလိုက်သောအခါ ဝေ့ရှောင်းက နားမလည်ဘဲမနေချေ။
ထိုအချိန်က သူသည် အဖွားဖြစ်သူ၏ သေဆုံးမှုကြောင့် မလွတ်မြောက်နိုင်ခဲ့ချေ။ သူ၏နှလုံးသားအတွင်း ထွက်ပြေးရန် ပုန်းအောင်းရန် အတွေးများကသာ ပြည့်နှက်နေခဲ့လေရာ သူ့အနေဖြင့် proကျကျ ကစားရန် မဖြစ်နိုင်ခဲ့ပေ။ closeကသာ သူ့ကို တိုက်ရိုက် ဆက်သွယ်ခဲ့မည်ဆိုလျှင် ဝေ့ရှောင်းသည် အဖော်ပြု ကစားသမားအဖြစ်ပင် မလုပ်ရဲလောက်ချေ။ ထိုအချိန်မှ စတင်ပြီး သူသည် gloryနှင့် ဝေးဝေးနေလျက် ကောင်းမွန်ကာ ရိုးသားသော ဆရာတစ်ယောက်သာ ဖြစ်လာလောက်သည်။
သို့ရာတွင် လုဖုန်းက Idလုကိုသုံးပြီး သူ့ကို ချဥ်းကပ်ခဲ့သည်။ သူ့ကိုလမ်းပြခဲ့သည်။ သူ့ကိုနှစ်သိမ့်ပေးခဲ့သည်။ သူ့အား လမ်းညွှန်မှုနှင့် အထောက်အပံ့ကို ပေးလျက် ငယ်စဥ်ဘဝမှ လိုအပ်ခဲ့သော အမျိုးသားအကြီးအကဲတစ်ယောက်၏ အားအင်တိုင်းကို ပေးစွမ်းခဲ့သည်။
ခေါင်းဆောင်က ထိုမျှအတိုင်းအတာအထိ သူ့ကိုပြန်ခေါ်ခဲ့ရခြင်းဖြစ်သည်။
FTWသို့ ရောက်ခဲ့ပြီးနောက် သူချစ်သော ပြိုင်ပွဲထဲသို့ ပြန်လာနိုင်ခဲ့သည်။ သူ၏အိပ်မက်စမှတ်သို့ ပြန်ရောက်သွားသည်။
ဝေ့ရှောင်း၏ နှလုံးသားက အပူပေးထားသော သံမဏိတုံးလို ပူပြင်းလာသည်။ သူ၏အသံကပင် ညင်သာသွားသည်။
“ဒါဆိုရင်ငါ အသင်းကို ပြန်ရောက်ပြီးတဲ့နောက်မှာ မင်းက....”
လုဖုန်းက တိတ်တဆိတ် ရယ်သည်။
“ငါလည်း ရှင်းရှင်းလင်းလင်း ဖြေရှင်းချင်ခဲ့ပါတယ်၊ ဒါပေမဲ့ မင်းက တစ်ချိန်လုံး ကောင်မလေးဆိုတာကိုပဲ ပြောနေတော့ ငါသာ ဝန်ခံလိုက်ရင် မင်း ထွက်မပြေး သွားလောက်ဘူးလား”
ဝေ့ရှောင်း..
“....”
သူ ပြေးလောက်တယ်။
သူ သူ့ရဲ့ကျောပေါ်မှာ ကြီးမားတဲ့ ဒုံးပျံကြီးလောက်ကျယ်ပြီး ကောင်းကင်ကို ထိုးတက်လို့ စကြာဝဠာကြီးရဲ့ အပြင်ဘက်ကို တိုက်ရိုက် ခုန်ထွက်သွားလောက်တယ်။
ဝေ့ရှောင်းဟာ မည်မျှ မသက်မသာဖြစ်နေကြောင်း မြင်သဖြင့် လုဖုန်းက အကြောင်းအရာကို ပြောင်းလိုက်သည်။
“လွန်ခဲ့တဲ့တစ်နှစ်က ပိုင်ချိုင်ကို FTWကိုလာဖို့ အကြံပေးခဲ့တာ မင်းလား”
ဝေ့ရှောင်းက ခေါင်းညိတ်သည်။
“အဲဒီအချိနိက လောင်ပိုင်က နှလုံးသားပျောက်ဆုံးပြီး မွေးရပ်မြေပြန်မယ်ပဲ လုပ်နေတာ၊ ဒါကြောင့် ငါဒီကိုလာပြီး မင်းကိုရှာခိုင်းပြီး စမ်းသပ်ခိုင်းလိုက်တာပဲ”
လုဖုန်း၏အသံက ပေါ့ပါးသည်။
“ကျေးဇူးတင်ပါတယ်”
ဝေ့ရှောင်းက သူ့ကိုကြည့်သည်။
“အာ”
ဘာကို ကျေးဇူးတင်တာလဲ။ တကယ်လို့ ကျေးဇူးတင်စကား ပြောရမယ်ဆိုရင်တောင် ဒါက သူကပဲ လောင်ပိုင်အတွက် ခေါင်းဆောင်ကို ကျေးဇူးတင်ပေးသင့်တာ မဟုတ်ဘူးလား။
FTWက ပိုင်ချိုင်ကို ဆွဲခေါ်ထားပေးတာကြောင့်သာ မဟုတ်ရင် ပိုင်ချိုင်က အိမ်ပြန်ပြီး ဝက်မွေးနေလောက်ပြီ။
လုဖုန်းသည် သူ၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရင်း တဖြည်းဖြည်းချင်းစီ ပြောသည်။
“2019မှာ FTWရဲ့ လုပ်ဆောင်မှုက တော်တော်လေး ဆိုးရွားခဲ့တယ်၊ အလဲအလှယ်ကာလ အတောတွင်းမှာ ထန်ချန်းနဲ့ ငါပဲ အသင်းထဲမှာ ကျန်ခဲ့တာ”
ဝေ့ရှောင်း၏ မျက်လုံးက ရုတ်တရက် ပြူးသွားသည်။
ဒါက FTWရဲ့ အမှောင်မိုက်ဆုံးကာလပဲ။
နုတ်ဘုရားများအသင်းက ၂၀၁၇တွင် အဖွဲ့ပျက်သွားပြီး ၂၀၁၈တွင် closeက အရှိန်အဟုန်၏ အားသာခြင်းကို အရယူလျက် FTWကို globalပြိုင်ပွဲသို့ ရောက်ရှိရန် ခေါ်သွားပေးခဲ့သည်။ သူတို့က ကန်ထုတ်စင်မြင့်တွင် ရပ်တန့်ခဲ့ရသော်လည်း ရလဒ်သည် မဆိုးရွားခဲ့သေးပေ။
၂၀၁၉သည် သူတို့၏ အဆိုးရွားဆုံး နှစ်ဖြစ်သည်။ FTW၏ လိုအပ်ချက်က သိသာထင်ရှားနေခဲ့ပြီး တရုတ်ပြည်ပြိုင်ပွဲရေး zoneတစ်ခုလုံးကလည်း ထိုးကျနေခဲ့၏။ globalပြိုင်ပွဲကို အင်အားကြီးမားသော ပြိုင်ဘက်များက နေရာတိုင်းတွင် ဝိုင်းထားခဲ့သောကြောင့် FTWသည် နယ်နိမိတ်နားသို့ပင် မချဥ်းကပ်နိုင်ခဲ့၍ ဆက်တိုက်ဆိုသလို ပရိသတ်များ၏ ကျိန်ဆဲဆူပူခံရမှုများနှင့်အတူ အိမ်ပြန်လာခဲ့ရသည်။
ထိုအချိန်က FTW၏ လူသစ်များအားလုံးက စိတ်ပိုင်းဆိုင်ရာ ပြိုကျနေခဲ့သည်။
76 03
ဖိအားကလည်း များလွန်းသည်။ closeနှင့် အသင်းဖော် ဖြစ်ရခြင်းကလည်း သူတို့အတွက် ဖိအားများနေခဲ့ပြီးသား ဖြစ်သည်။ ထို့အပြင် သူတို့က လုပ်ဆောင်မှုများ မလုပ်နိုင်သောအခါ ထိုဖိအားက ပို၍သာ ကြီးမားလာသည်။ ထို့ကြောင့် သူတို့သည် အိမ်ပြန်ပြီး onlineမှ အများအမြင်ကို ရင်ဆိုင်ရသော အချိန်တွင်မူ မသက်မသာဖြစ်လျက် ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်သွားကြရသည်။
ထိုအခြေအနေက သာမန်လူများအတွက်သာမဟုတ်ချေ။ ထန်ချန်းကဲ့သို့ တည်ငြိမ်ပြီး စိတ်သဘောထားကြီးမားသူကပင် weiboကိုဖျက်လျက် တိုက်ရိုက်ထုတ်လွှင့်မှုကိုပင် ရပ်နားထားရလျက် မည်သူ့ကိုမှ မတွေ့ရဲသည်အထိ ဖြစ်ခဲ့ရသည်။
လဲလှယ်သောကာလ ရောက်လာသည့်အခါ လူသစ်သုံးယောက်လုံးက တစ်ယောက်ပြီးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် စာရင်းသွင်းလိုက်ကြလျက် FTWတွင် နေရမည့်အစား အောက်ဆုံးနေရာတွင် ရှိသည့် အသင်းများသို့သာ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ထိုအချိန်က FTWသည် လူလိုအပ်နေခဲ့သည်။ အကန့်အသတ်အထိပင် လိုအပ်နေခဲ့သည်။
ပိုင်ချိုင်က ရောက်လာသောအခါ closeက အလွန်အမင်း အံ့သြသွားခဲ့ရသည်။
Closeသည် သူ၏အရှေ့မှ ပိန်ပါးပြီး သနားစရာကောင်းသော လူငယ်လေးအပေါ် မည်သည့်ထင်မြင်ချက်မှ မရှိပေ။ သို့သော် သူ၏နှလုံးထဲမှ ရင်းနှီးကျွမ်းဝင်သော စူးရှမှုကို မြင်လိုက်ရသည်။
သူသည် ကစားချင်စိတ် ရှိသည်။ ယှဥ်ပြိုင်လိုစိတ် ရှိသည်။ အနိုင်ရလိုစိတ်က ပြင်းထန်နေခဲ့၏။
ဝေ့ရှောင်းလိုပဲ။
ပိုင်ချိုင်က ပြောလိုက်သည်။
“မင်းငါ့ကို အခွင့်အရေးတစ်ခု ပေးလို်ရမလား၊ ငါမင်းရဲ့ အထောက်အပံ့ကစားသမား လုပ်ပေးနိုင်တယ်”
လုဖုန်းက အနည်းငယ်ကြောင်သွားသည်။
ကောင်းပြီ။
FTWက လူအလိုဆုံးအချိန်တွင် ပိုင်ချိုင်က ကွက်တိ ရောက်လာခဲ့ခြင်းအားဖြင့် ညှိုးနွမ်းခြောက်သွေ့နေသော ကန္တာရကို ဝါးညွှန့်လေးများ ပေါက်လာစေသည်။
ပိုင်ချိုင်က အလွန်ထူးချွန်သည်။ အထူးသဖြင့် closeနှင့် သင့်တော်လွန်း၏။
သူတို့နှစ်ယောက်က သိသာစွာပင် ယခင်က အတူ မဆုံခဲ့ဖူးကြချေ။ အထူမကစားဖူးကြချေ။ သို့သော် ပိုင်ချိုင်နှင့် မရေမတွက်နိုင်အောင် အတူဝင်တိုး ဖူးသလိုမျိုး ဖြစ်နေခဲ့၏။ သူ၏ heroများကို စီမံလည်ပတ်အသုံးပြုသော အလေ့အကျင့်များနှင့်ပင် အလွန်အမင်း ရင်းနှီးကျွမ်းဝင် နေခဲ့လေသည်။
ချန်းဖုန်းကပင် ထိုအကြောင်းကို အလွန်သိချင်ခဲ့၏။ ထို့နောက် သူက တွေးသည်။
သူ့ရဲ့ ပရိသတ်တွေထဲက တစ်ယောက်ဖြစ်လောက်မလား။
ပရိသတ် ဟုတ်လား။
မူလကတည်းက အထောက်အပံ့အဖြစ်ကစားတဲ့ ပရိသတ်တစ်ယောက်၊ closeရဲ့ ဂိမ်းပွဲတွေကို မရေမတွက်နိုင်အောင်ကြည့်ဖူးတဲ့ ပရိသတ်တစ်ယောက် closeကို ကောင်းမွန်လွန်းစွာ နားလည်လွန်းတဲ့ ပရိသတ်တစ်ယောက်။
လုဖုန်းက တခြားဖြစ်နိုင်ချေကို မတွေးနိုင်ခဲ့ချေ။ ထို့ကြောင့် ထိုသို့သာ ဖြစ်လောက်မည်ဟု ယုံကြည်ထားခဲ့သည်။ ယခုအခါမှသာ သူသည် အဖြေကို ရလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝေ့ရှောင်း၏ နှလုံးသားက ဖိနှိပ်ခံရသလို ခံစားလိုက်ရသည်။
ကုန်လွန်ခဲ့သော တစ်နှစ်ကာလအတောတွင်း FTWသည် ဆိုးရွားလွန်းသော ကိစ္စများကို ကြုံတွေ့ခဲ့ရလောက်သည်။
မဟုတ်ဘူး close ဖိအားတွေဘယ်လောက်များ ခံစားခဲ့ရသလဲလို့ မေးသင့်တာ။
လုဖုန်းက သူ့ကိုရိုးသားစွာ ကျေးဇူးတင်သည်။
“ပိုင်ချိုင်ကို ဒီနေရာကို လာခိုင်းခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
သူက FTWကို တတ်နိုင်သမျှ အပေါ်ကို ရောက်အောင် ဆွဲတင်ခဲ့ရတာ။ ဒါပေမဲ့ ယွဲဝမ်လဲ့ကို ပိုင်ချိုင်ကသာ ဒုတိယအသင်းကနေ ရှာတွေ့ခဲ့တာ။ အဲဒီနောက် FTWက 2020ပြည်တွင်းမှာ ချန်ပီယံရှစ် ဖြစ်သွားတယ်။
ဝေ့ရှောင်းက တစ်ခဏခန့် ကို့ယို့ကားယားဖြစ်ပြီး ရှက်သွားသည်။
“ငါကသာ လောင်ပိုင်ကို ဂရုစိုက်ပေးခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ရမှာပါ”
အတိတ်ကာလအတောတွင်း သူ၏ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေက ပြိုလဲကျနေသောအခါ ပိုင်ချိုင်သည် လူသစ်ကာလကဲ့သို့ ပြန်ဖြစ်သွားခဲ့သည်မှာ closeကြောင့် ဖြစ်လောက်သည်။
အေးစက်သောမျက်နှာ နူးညံ့သော နှလုံးသားနှင့် close၊ ကျန်းမာပျော်ရွှင်ဖွယ်ကောင်းသော FTW၏ ဝန်းကျင်အနေအထားနှင့် နွေးထွေးသော သူများအားလုံးက သူ၏အနားဝန်းကျင်တွင် ရှိနေခဲ့ပေးသောကြောင့် ဖြစ်လောက်သည်။
“ဒါ့အပြင်”
ဝေ့ရှောင်းက ဆက်ပြောသည်။
“ပိုင်ချိုင်က အခု ငါ့ကိုပဲစတင်ပြီး ထောက်ပံ့ပေးတော့မှာ”
ဒါက တကယ်စိတ်ဝင်စားစရာပဲ။ လွန်ခဲ့တဲ့တစ်နှစ်လောက်က ပိုင်ချိုင်နဲ့ closeတို့ ကောင်းကောင်း ပူးပေါင်းနိုင်ဖို့အတွက်ကြောင့်နဲ့ သူက တစ်ဖက်သူcloseနောက်ကို အမီလိုက်နိုင်အောင် ဆက်တိုက် လေ့ကျင့်ပေးခဲ့တယ်။
ပိုင်ချိုင်သည် closeနောက်သို့လိုက်ပြီး professionalကျကျ တစ်နှစ်တာကာလ ကစားခဲ့သည်။ ယခုအခါ ဝေ့ရှောင်းနှင့် စတင်ကာ ပူးပေါင်းရတော့မည် ဖြစ်သည်။ ကိစ္စများအားလုံးက တစ်ပတ်လည်နေသကဲ့သို့ ဖြစ်နေ၏။
ဝေ့ရှောင်း၏ အတွေးရိုင်းများက ပြန်လည်ပြီး စိုးမိုးလာပြန်သည်။
“ခေါင်းဆောင် ချိုင်ကောက ငါတို့နှစ်ယောက်လုံးကို ချည်ပေးထားတဲ့ အပ်ချည်မျှင်နဲ့ တူတယ်လို့ မထင်ဘူးလား”
လုဖုန်း..
“....”
ထိုသို့ပြောပြီးနောက် ဝေ့ရှောင်းက ရုတ်တရက် အသိပြန်ဝင်သွားသည်။
76 04
“fuck လောင်ပိုင်ပဲ သူငါ့ကို ရောင်းထုတ် လိုက်တာပေါ့”
ဟမ့် ဘာမှရှောင်ရှားစရာ မရှိဘူး။ အရင်က ခေါင်းဆောင်က သူနဲ့ပိုင်ချိုင်ရဲ့ လျှို့ဝှက်ပူးပေါင်းမှုအကြောင်းကို မသိထားဘူး မဟုတ်လား။ ဒါဆိုဘာလို့ ရုတ်တရက်ကြီး သိသွားတာလဲ။
သေချာပေါက် ပိုင်ချိုင်က သူ့ကို ရောင်းထုတ်လိုက်တာပဲ။
ဒီမျိုးမစစ်ကောင် သူဘာမှ မသိပါဘူးလို့ တောက်လျှောက် ပြောနေပြီးတော့ တကယ်တော့ သူအားလုံးကို သိနေတာပဲ။
သူ့ရဲ့သူဌေးက သူ့ရဲ့ခေါင်းဆောင်ဖြစ်တယ်ဆိုတဲ့အချက်ကို ဒီကောင်အစကတည်းက သိနေခဲ့တာပေါ့။
သူ့ကိုတစ်ချိန်လုံး လိမ်နေခဲ့တာပေါ့။
ဝေ့ရှောင်းက ပေါက်ကွဲသွားသည်။ သူသည် ခေါင်းဆောင်ကို ဘာမှမလုပ်နိုင်ချေ။ သို့သော် ထိုအရွက်ကောကမူ အဆုံးသတ်လေပြီ။ သူက တစ်ဖက်သူ၏ skinအလွှာတစ်ခုလုံးကို မဆွဲဖြုတ်နိုင်ခဲ့လျှင် သူ၏နာမည်ကို ပြောင်းပြန် ပြန်ရေးရပေမည်။
ဟွန့် ဝေ့ရှောင်ရှောင်းကနေ ရှောင်ရှောင်းဝေ့လို့ ပြန်ပြောင်းလိုက်မယ်။
လုဖုန်း..
“....”
သူသည် ကိစ္စများကို ရှင်းလင်းရန်အတွက်သာ တွေးနေခဲ့ပြီး ပိုင်ချိုင်ကို မေ့သွားသည်။
ဝေ့ရှောင်းက တံခါးသို့ ပြေးထွက်ရန်ပြင်နေကြောင်း မြင်သောအခါ လုဖုန်းက လှမ်းဆွဲလိုက်သည်။
“နောက်ကျနေပြီ ဘာလို့ ပြဿနာရှာမှာလဲ”
ဝေ့ရှောင်းက ရူးသွပ်နေပြီဖြစ်သည်။
“ငါ ငါ့ရဲ့နှလုံးသားနဲ့ အဆုပ်တွေအားလုံးကို ဒိဂေါ်ဖီထုပ်အတွက် ထုတ်ပေးထားတယ်၊ ဒါတောင်မှ သူက နောက်ကိုလှည့်ပြီး ငါ့ကို ရောင်းထုတ် သွားတာပေါ့၊ ဒီနေ့ငါက...”
လုဖုန်းသည် သူ၏အမှားအမှန်များကြားမှ အသိစိတ်ကို ဆွဲထုတ်လိုက်သည်။
“ငါတို့နောက်ထပ် soloတစ်ပွဲ လုပ်ရင် ဘယ်လိုလဲ”
ချက်ချင်းလိုလို ပြေးထွက်တော့မည့် တစ်ယောက်သောသူသည် ချက်ချင်းလိုလို ငြိမ်ကျသွားသည်။
လုဖုန်းက အနည်းငယ်ပင် နောင်တ ရသွားသည်။ ဝေ့ရှောင်းက နှာခေါင်းပွတ်၏။
“နှစ်ပွဲ”
သူ့ရဲ့အမှားကို ဖာထေးရန်အလို့ငှာ လုဖုန်းက ခေါင်းညိတ်ပေးလိုက်သည်။ ဝေ့ရှောင်းက လက်မခံ လိုသေးပေ။
“၅ပွဲ”
လုဖုန်း..
“ကောင်းပြီ”
ဝေ့ရှောင်ရှောင်းက ဒီနေ့အမှန်ပင် မတရား ခံခဲ့ရလေသည်။ ဝေ့ရှောင်း၏ မျက်လုံးက ရွေ့သွားရင်း သူ၏ခြင်္သေ့လိုပါးစပ်က ပွင့်သွားသည်။
“အဲဒီလိုဆိုမှ...”
လုဖုန်းက မျက်ခုံးပင့်သည်။
ဝေ့ရှောင်းသည် သူ့ကိုမကြောက်သောကြောင့် အကျိုးအကြောင်းကျကျ ပြောနိုင်သည်။
“9991ပွဲဖြစ်သင့်တယ်”
လုဖုန်း..
“....”
ဝေ့ရှောင်းသည် သူ့ကိုယ်သူ အလွန်သဘောကျသွားသည်။
“လုကော လုကောက ငါ့ကို အဖော်ပြုကစားသမားတစ်ယောက်အနေနဲ့ ဂိမ်းပွဲတစ်သောင်း ဝယ်ထားတာ မဟုတ်လား၊ ငါ့မှာ မှတ်တမ်းတွေ ရှိတယ်”
လုဖုန်းက တစ်ခဏခန့် တိတ်ဆိတ်သွားသည်။
“မင်း ပိုက်ဆံ ပြန်အမ်းချင်တာကို ငါမှတ်မိပါသေးတယ်”
ဝေ့ရှောင်းက သူ၏ဖုန်းကို ကိုင်ထားသည်။
“မင်းပဲ ငါ့ကို မလုပ်ခိုင်းတာလေ”
လုဖုန်း..
“ငါအခု နောင်တရနေပြီ”
ဝေ့ရှောင်းက ပျော်သွားသည်။
“တအား နောက်ကျသွားပြီ”
******