အပိုင်း (77)
ဝေ့ရှောင်းက အိပ်နေရင်း လမ်းထလျှောက်ပြန်ပြီ
သူက soloတစ်ပွဲတည်း ရဖို့အတွက်နဲ့ တောင်းပန်ပြီး အသနားခံရတယ်။ ဒါပေမဲ့ အခု ချိုင်ကောနဲ့ ပတ်သက်သွားတော့ ဓာတ်ဆက်ခံအဖြစ်နဲ့ ထိန်းထားနိုင်ရုံနဲ့တင် 9991ရသွားတယ်ပေါ့လေ။
ဝေ့ရှောင်းသည် တွေးလေလေ ခါးသီးလာလေလေ ဖြစ်လာသည်။
“ပခုံးချင်းကပ်ရပ် တိုက်ခိုက်ခဲ့ကြတဲ့သူတွေကြားက ခံစားချက်က တကယ်ကို မတူဘူးဘဲ”
အား သူက နှစ်နှစ်လုံးလုံး လွှဲချော်သွားခဲ့တာ။ အဲဒီလိုမှမဟုတ်ရင် ခေါင်းဆောင်က အခုဆိုရင် သူ့ကို ဂရုအစိုက်ဆုံး ဖြစ်နေမှာပဲ။
လုဖုန်းကလည်း သူ၏အတွေးကို ခန့်မှန်းနိုင်သည်။
“soloမှာလား အိပ်မှာလား တစ်ခုရွေး”
ဝေ့ရှောင်းက ချက်ချင်းလိုလို ပြန်ဖြေသည်။
“soloမှာပေါ့။ ဒီညအိပ်ဖို့ တွေးတောင် မတွေးနဲ့”
သူက ကုန်လွန်ခဲ့တဲ့ နှစ်နှစ်လုံးအတွက် တစ်နာရီကို သုံးနာရီအဖြစ် ခွာထုတ်ပြီး ဆက်နိုင်အောင် ခါးသက်မှုအပြည့် ဒေါသတွေအပြည့်နဲ့ တွေးတောနေရတာလေ။
အချိန်ဟာ သန်းခေါင် ဖြစ်နေလေပြီ။ လုဖုန်းအတွက် အိပ်ချိန်ရောက်နေပြီ ဖြစ်သည်။
သူသည် လွန်ခဲ့သော သုံးနှစ်လုံးလုံး ကျန်းမာရေးကောင်းသော ဇီဝနာရီကို ထိန်းသိမ်းထားခဲ့သည်။ သူသည် ချွင်းချက်အနည်းငယ်သာ လုပ်ပေးခဲ့၏။ သို့သော် အရာအားလုံးက ဝေ့ရှောင်းနှင့် ပတ်သက်နေခဲ့သည်။
သေချာစွာပင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်သည်ဆိုသော ကိစ္စမျိုးက ပါဝင်ပတ်သက်သူနှင့် ပတ်သက်ပြီး ပြောင်းလဲတတ်သေးသည်။
လုဖုန်းက ပြောသည်။
“အရင် ရေသွားချိုးထားလိုက်”
ဝေ့ရှောင်းက ကျည်ဆံအပြည့်ထည့်ပြီးသော စက်ဖြစ်နေလေပြီ။
“အလျင်မလိုဘူး။ အလျင်မလိုဘူး”
လုဖုန်း..
“မင်း ရေမချိုးဘူးဆိုရင် မေ့လိုက်တော့”
ဝေ့ရှောင်း..
“....”
လုဖုန်း..
“သွားမှာလား မသွားဘူးလား”
“သွားမှာ”
ဝေ့ရှောင်းက နာခံယဥ်ပါးစွာနှင့် သူ၏ရေချိုးဝတ်စုံလေးကို လက်မောင်းထဲတွင် ပွေ့ပိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားလိုက်ရသည်။ ထို့နောက် ခပ်တိုးတိုးပင် ရေရွတ်သွားသေးသည်။
“ဟွန့် ငါ့အတွက် တအားခက်ခဲတာပဲ၊ soloဖို့အတွက်နဲ့ ရေသွားချိုးပြီး အဝတ်အစား လဲရသေးတယ်”
လုဖုန်းသည် သူ့ကို ရေသွားချိုးစေသည်မှာ သူနှင့် နည်းနည်းကြာကြာ ကစားပေးနိုင်ရန်အတွက် ဖြစ်သည်။ ကစားပြီးသည်နှင့် ပင်ပန်းလာသည့်အချိန်တွင် တိုက်ရိုက်အိပ်စက်နိုင်ရန်အတွက် ဖြစ်လေသည်။
သူသည် မူလကမူ လေ့ကျင့်ရေးကာလ ၁၅ရက်လုံးလုံး soloပေးမည် မဟုတ်ဟု ပြောထားခဲ့သည်။ သို့သော် ပြောရမည်ဆိုလျှင် သုံးရက်ပင် မထိန်းထားနိုင်ခဲ့ချေ။
မေ့လိုက်တော့ ဒီနေ့တော့ ထားလိုက်ပါတော့။ မနက်ဖြန်ကျမှ သူ့ကို ပြန်ပြီး တားတော့မယ်။
လုဖုန်းက ထိုသို့တွေးနေရင်း ကီးဘုတ်နှင့် မောက်စ်များက်ို ပြင်ဆင်နေလိုက်သည်။
ဧည့်သည်ခန်းထဲမှ ကွန်ပျူတာများက လေ့ကျင့်ရေးခန်းထဲမှ ကွန်ပျူတာများနှင့် ယှဥ်၍မရချေ။ အင်တာနက်အရှိန်နှုန်းကလည်း အနည်းငယ် ဆိုးလေသည်။
ကံကောင်းသည်မှာ soloingက local networkကို ကျော်ပြီး လုပ်၍ရလေရာ သက်ရောက်မှု မရှိပေ။
77 02
သူတို့နှစ်ယောက်က အမျိုးမျိုးသော ပုံစံမျိုးနှင့် အမျိုးမျိုးသော heroမျိုးကိုသုံးကာ ၃နာရီဆက်တိုက် ကစားလိုက်ကြသည်။ ဝေ့ရှောင်းက ၂ပွဲသာလျှင်နိုင်သည်။
လုဖုန်းက ဂိမ်းထဲမှ ထွက်သည်။
“လုံလောက်ပြီ”
ဝေ့ရှောင်းက မကျေနပ်သေးပေ။
“၇ပွဲတည်း ရှိသေးတာ”
လုဖုန်း...
“ညနေကျရင် free matchingရှိသေးတယ်”
ဝေ့ရှောင်းက တုံ့ဆိုင်းသွားသည်။ score pointများသည် အရေးကြီးသည်။ သို့သော် ခေါင်းဆောင်နှင့် soloရခြင်းကလည်း မလွယ်ကူပေ။
လုဖုန်းက သူ၏အရှေ့မှ လွန်ဆွဲနေသော မုန်လာဥနီလေးကို လှမ်းနှုတ်လိုက်သည်။
“free matchingအတွက် ငါမင်းနဲ့ နှစ်ယောက်အတူ ဝင်တိုးပေးမယ်”
“!”
ဝေ့ရှောင်းက ချက်ချင်းလိုလို ဆွဲဆောင်ခံလိုက်ရသည်။
လုဖုန်းက သူ၏နှုတ်ခမ်းထောင့်စွန်းများ၏ ကော့တက်သွားမှုကို မထိန်းထားခဲ့ဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် ဆက်ပြောသည်။
“ဒါမှမဟုတ် မင်းပိုင်ချိုင်နဲ့ပဲ နှစ်ယောက်အတူ....”
ဝေ့ရှောင်းက အော်သည်။
“ငါမင်းနဲ့အတူ ဝင်တိုးချင်တာ”
လုဖုန်း..
“ဒါဆိုလည်း ကွန်ပျူတာကိုပိတ်ပြီး အိပ်တော့”
အင်တာနက်ကို စွဲလမ်းလွန်းသော လူငယ်လေးက အလွန်တွန့်ဆုတ်နေသည်။
“ကောင်းပြီလေ”
သူတို့နှစ်ယောက် အိပ်ရာဝင်သောအခါ သုံးနာရီခွဲ ဖြစ်နေလေပြီ။ လုဖုန်း၏ ခေါင်းက ခေါင်းအုံးနှင့် ထိသည်နှင့် အိပ်ချင်စိတ်က လွှမ်းခြုံသွားသည်။
တခြားတစ်ဖက်ခြမ်းတွင် ဝေ့ရှောင်းက မအိပ်နိုင်သေးချေ။ သူသည် ဘေးတိုက် လဲနေသည့် လုဖုန်းကို မျက်နှာချင်းဆို င်ထားသည်။
“ခေါင်းဆောင်”
သူက လေသံတိုးတိုးလေးနှင့် ခေါ်လိုက်သည်။
လုဖုန်း၏မျက်လုံးက ပိတ်နေသည်။
“ဟင်”
ဝေ့ရှောင်းက အိပ်မပျော်ပေ။ သူသည် ယခုတလော ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို ပြန်တွေးမိချိန်၌ အလွန်အမင်း မှော်ဆန်လွန်းသလို ခံစားနေရသည်။
အဖော်ပြုကစားသမားအဖြစ် ဂိမ်းပွဲတစ်သောင်း။ ဘယ်လောက်ကောင်းတဲ့ သူဌေးလဲ။ ဘယ်လောက်ကောင်းတဲ့ ခေါင်းဆောင်လဲ။
သူက နှစ်နှစ်လုံးလုံး ဝေဝါးနေခဲ့တာ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ဒီကို ပြန်ရောက်လာတာပဲ။
သူ ဒီအခွင့်အရေးကို ထာဝရ လွဲချော်သွားပြီလို့ ထင်ထားတာ။ ဘယ်သူက သူ ပြန်ရောက်လာမယ်လို့ ထင်ထားမှာလဲ။ ဒါတွေအားလုံးက သူ့ကို လုဖုန်းက ပေးထားတာပဲ။
သူက တွေးလေလေ ပို၍နွေးထွေးလာလေလေဖြစ်သည်။ သူ၏ပါးစပ်တွင် filterပင် မရှိတော့ပေ။
“ခေါင်းဆောင် ငါ့ကို တကယ်ကောင်းတာပဲ”
လုဖုန်း..
“....”
ဝေ့ရှောင်းသည် စောင်အောက်တွင် ပုစွန်ကွေးလေးလို ကွေးသွားသည်။
“အရင်မတိုင်ခင်က ငါ့ရဲ့အဘွားကပဲ ငါ့ကို ဒီလောက်အထိ ကောင်းပေးဖူးတာ”
77 03
သူ၏အသံက တိုးသထက် တိုးသွားသည်။
လုဖုန်းက မျက်လုံးကိုဖွင့်ပြီး မျက်နှာကျက်ကို စိုက်ကြည့်သည်။ သူ၏နှလုံးသားက ပျားတုပ်ခံရသလို ဖြစ်သွား၏။
သူဟာ ခေါင်းလှည့်လာသောအခါ ဝေ့ရှောင်းဟာ အိပ်ပျော်သွားပြီ ဖြစ်သည်။
အရွယ်ရောက်ပြီးသော ကောင်လေးတစ်ယောက်က မျက်လုံးကို မှိတ်လိုက်ရုံနှင့် နေ့အချိန်အတောတွင်း ပြသခဲ့သော မိုက်ရူးရဲဆန်မှုများကို သဲလွန်စပင် ရှာမတွေ့တော့ချေ။ သူ၏ဖျော့တော့သောမျက်နှာက အတော်လေး နူးညံ့ညင်သာသွားသည်။ သူသည် သူ၏ ညင်သာလွန်းစွာနှင့် မျက်တောင်များကို ခတ်လိုက်ခြင်းကတင် အိပ်မက်ဆိုးများအကြားမှ ပွေ့ဖက်မှုကို တောင်းခံနေသော ကလေးတစ်ယောက်နှင့် တူစေသည်။
ဝေ့ရှောင်းသည် ကြည့်ကောင်းလွန်းစွာ မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး နုနယ်လျက် မျက်နှာသွင်ပြင် ထင်ရှားသော ရုပ်ရည်မျိုးနှင့်ဖြစ်သည်။
ဒီအတိုင်း သူ၏ကာရိုက်တာက အလွန်ကပ်လွန်းနေပြီး သူ၏နုနယ်လွန်းသောရုပ်ရည်ကို ကျော်ကြည့်မိလောက်အောင် ဖြစ်စေလေသည်။ ထိုသို့ဖြင့် သူသည် ၁၉နှစ်သာရှိသေးသော လူငယ်လေးဖြစ်ကြောင်း မေ့နေတတ်သည်။ လွန်ခဲ့သော နှစ်နှစ်ခန့်ကမှ သူ၏အနီးဆုံး ဆွေမျိုးတစ်ယောက် ဆုံးသွားခဲ့ကြောင်း မေ့နေတတ်သည်။ သူသည် အိမ်ကို ဆုံးရှုံးသွားသည်။ သူမှီခို၍ရသော တစ်ဦးတည်းသော လူကို ဆုံးရှုံးခဲ့ရ၏။
လုဖုန်းက သူ့ကိုတစ်ချက်ကြည့်လိုက်ရင်း မျက်တောင်ပင် မခတ်ဘဲ အကဲခတ်နေသည်။ ထို့နောက် ကြည့်သည်။ ကြည့်သည်။ ထိုသို့ဖြင့် အိပ်မပျော်နိုင်တော့ချေ။
သူ၏အိပ်မက်ထဲတွင် လုဖုန်းသည် နူးညံ့ပြီး အားနည်းဖျော့တော့လွန်းသော လေးဖက်ထောက်အရွယ် ၃၊၄နှစ်သား ဝေ့ရှောင်းလေးကို တွေ့လိုက်ရသည်။
သူက ဝေ့ရှောင်းလေးကို ကောက်ချီရင်း ချော့သည်။
“မငိုနဲ့ အနာဂတ်မှာ ငါက....”
လုဖုန်းက ထိုအိပ်မက်မှ နိုးလာသည်။ သူသည် အိပ်မက် မက်နေခဲ့ခြင်းသာဖြစ်သည်။ သို့သော် ယခုအခါ အမှန်တကယ် တစ်စုံတစ်ရာကို ဖက်ထားသည်။
လုဖုန်းက ရုတ်တရက် မျက်လုံးကိုဖွင့်လိုက်သောအခါ သူ၏လက်မောင်းထဲသို့ တိုက်ရိုက်ဝင်လာသော ဝေ့ရှောင်းကို တွေ့လိုက်ရသည်။
“!”
ဒါက....။
ဝေ့ရှောင်းက နိုးမနေသလို သူ၏လုပ်ဆောင်မှုများကိုလည်း သတိမထားမိသည်မှာ သိသာလွန်းနေသည်။ သူသည် ဒီအတိုင်း လုဖုန်း၏ အနားသို့ ကပ်လျက် သူ၏သွယ်လျသော လက်မောင်းများနှင့် တင်းတင်းဖက်ထားရန်သာ ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ အစပိုင်းတွင် သူသည် ဒီတိုင်း လက်မောင်းကိုသာဖက်ထားခြင်းဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် မလုံလောက်ဟု ခံစားရသောကြောင့် ဖြစ်လောက်သည်။ သူ၏ လူတစ်ကိုယ်လုံးကိုပင် လာဖက်သည်။
လုဖုန်းသည် ဘေးစောင်းအိပ်နေခဲ့ခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဝေ့ရှောင်းက သူ၏လက်မောင်းအတွင်းသို့ ကွက်တိ ဝင်သွားသည်။
တစ်စစီကျနေသော ကောင်းမွန်လွန်းသည့် အနက်ရောင်ဆံပင်များက သူ၏လက်မောင်းပေါ် ကျလာပြီး ဖျော့တော့လွန်းသော မျက်နှာတွင်လည်း အပြစ်ကင်းစင်မှုနှင့် ချစ်ခင်စဖွယ် အရိပ်ယောင်အပြည့်နှင့် ဖြစ်သည်။ ဝေ့ရှောင်းက သူ၏ရင်ခွင်အတွင်း ဝင်ရောက်နေသည်မှာ နှစ်သိမ့်မှုကို တောင်းခံနေသော သေးငယ်သည့် တိရိစ္ဆာန်ကောင်လေးနှင့်ပင်တူသည်။
လုဖုန်းက သူ့ကို ခပ်တိုးတိုးခေါ်သည်။
“ဝေ့ရှောင်း”
ဝေ့ရှောင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။
တစ်နှစ်ပတ်လုံး နွေးထွေးနေသည့် ကျွန်းဖြစ်သည့်အလျောက် ဇန်နဝါရီအတောတွင်း အပူချိန်က ၂၅သို့မဟုတ် ၂၆°Cခန့်တွင် ရှိသည်။
အခန်း၏ အပူချိန်ကို လေအေးပေးစက်နှင့် ထိန်းချုပ်ထားသောကြောင့် သိပ်မပူပေ။ သို့သော် ထိုအခိုက်အတန့်တွင် လုဖုန်းသည် မီးတောက်နေသလို ခံစားနေရ၏။ အပူက ဦးနှောက်မှ စတင်ပြီး ခြေလက်များနှင့် အရိုးထဲထိ တောက်လျှောက်ပျံ့သွားသည်။
သူ ဝေ့ရှောင်းကို တွန်းထုတ်သင့်တယ်။ ဒါပေမဲ့ ထိရမှာတောင် ကြောက်တယ်။
ဝေ့ရှောင်းသည် အင်္ကျီလက်တိုရှပ်လေးနှင့် ဘောင်းဘီတိုလေးကိုသာ ဝတ်ဆင်ထားသည်။ သူ၏ ချောမွေ့ပြီး ရှင်းသန့်နေသော လက်မောင်းများက သူ့ကိုပွေ့ ဖက်ထားပြီး ခြေထောက်ကိုလည်း မြှောက်တင်လျက် ရေဘဝဲတစ်ကောင်လိုမျိုး သူ့အပေါ် ကုပ်တွယ်ထားသည်။
လုဖုန်းက အသာ အကြည့်ပြောင်းလိုက်သည်။
ဝေ့ရှောင်းက သူ့ကို ပို၍တင်းကြပ်စွာ ဖက်လာပြီး ခေါင်းကိုပင် လည်တိုင်နှင့် ပွတ်သပ်လာသည်။
77 04
လူငယ်၏ လတ်ဆတ်သောရနံ့က လုဖုန်း၏နှာခေါင်းအတွင်းသို့ ဝင်ရောက်လာသည်။ သူ၏ပတ်ပတ်လည်တွင်လည်း ခြောက်သွေ့သော အပူဒဏ်က တဖြည်းဖြည်းချင်းစီ ဝရုန်းသုန်းကား ဖြစ်လာလျက် လည်ချောင်းကပင် ခြောက်ပြီး ယားယံလာသည်။
“ရှောင်ရှောင်း”
ဝေ့ရှောင်းက ခပ်တိုးတိုး နှာမှုတ်သည်။
လုဖုန်း..
“....”
Shit။
အချိန်က မနက်၄နာရီ ဖြစ်သည်။ မဟာမိစ္ဆာဘုရင်ကြီးကမူ “ကိုယ်ကိုယ်တိုင်ခေါ်လာသော နတ်ဆိုးကို သည်းခံရန် အခက်အခဲဆုံး” ဆိုသည့် စကားစုကို အတွေ့အကြုံ ရလိုက်သည်။
ဝေ့ရှောင်းက တစ်နာရီနီးပါး ကြာပြီးမှသာ သူ့ကိုလွှတ်ပေးသည်။ ထို့နောက် နောက်သို့ လှည့်သွားချိန်တွင် လုဖုန်းက အလျင်အမြန် ဆုတ်ခွာလျက် ခပ်မြန်မြန် လှမ်းဖမ်းလိုက်ရသည်။
ထိုသို့ဖြင့် ဝေ့ရှောင်းက အောက်သို့ ပြုတ်မကျသွားခဲ့ပေ။ သို့သော် လုဖုန်း၏ လက်ချောင်းထိပ်များကမူ အနည်းငယ် တုန်ယင်သွားသည်။ ထိတွေ့မှုကြောင့် ပူလောင် ကျိန်းစက်သွားသလိုပင် ခံစားလိုက်ရသည်။
ကံကောင်းသည်မှာ ဝေ့ရှောင်းက အလွန်အမင်း နှစ်ခြိုက်စွာ အိပ်ပျော်နေသေးပြီး အိပ်နေရင်းလည်း တောက်လျှောက် အရိပ်အယောင်ပင် မပြပေ။
လုဖုန်းက လေအေးများကို ရှူရှိုက်လျက် အိပ်ရာထဲမှ ထွက်ကာ ရေချိုးခန်းထဲသို့ သွားသည်။ သူသည် ရေချိုးချင်သည်။ သို့သော် ဝေ့ရှောင်းကို နိုးစေမည့် အခြေအနေကိုလည်း စိုးရိမ်မိသေး၏။ ထိုအတွက်ကြောင့် နံရံကိုသာမှီပြီး တစ်ခဏခန့် ရပ်နေလိုက်ပြီး ငြိမ်သက်သွားသည့်အချိန်ထိ စောင့်ပြီးမှသာ ဂျာကင်ကို ဆွဲယူလျက် အပြင်သို့ ထွက်ခဲ့လိုက်သည်။
++++++