အပိုင်း 78
အခန်းဟာ ပူလွန်းသည်။ လုဖုန်းအနေဖြင့် တစ်စက္ကန့်ပင် မနေနိုင်တော့ချေ။
ဟော်တယ်လျှောက်လမ်း အဆုံးသတ်နားတွင် လေသာဆောင်လေး ရှိသည်။ ထိုအချိန်တွင် အပြင်ဘက်က မှောင်နေသေးလေပြီး တိတ်ဆိတ်သောညအတွင်း ပင်လယ်ရေဘက်မှ လာသော အသံကိုကြားနိုင်သည်။
လုဖုန်းက ဆေးလိပ် မသောက်ချေ။ သို့သော် ထိုအချိန်တွင် သူသည် လက်ထဲတွင် စီးကရက်ရှိနေရန် မျှော်လင့်သည်။
“ဒီလောက် အစောကြီးနိုးတာလား”
ချန်းဖုန်းက သမ်းရင်း ခပ်ကျယ်ကျယ်လှမ်းမေးသည်။
“၅နာရီပဲ ရှိသေးတာ”
လုဖုန်းက သူ့ကိုကြည့်သည်။
“မအိပ်ရသေးဘူးလား”
ချန်းဖုန်းက ခေါင်းညိတ်သည်။
“ငါfree matchingက တခြားအသင်းတွေ တစ်ခဏလောက် ကြည့်နေတာ”
နည်းပြများသည် ပြိုင်ပွဲကွင်းထဲသို့ ဝင်ရန် မလိုအပ်သလို လေ့ကျင့်ရန်လည်း မလိုအပ်ပေ။ သို့သော် သူတို့သည် ကစားသမားများထက် အများကြီး လွယ်ကူပေါ့ပါးသည်ဟု ဆိုလို၍မရပေ။
ချန်းဖုန်းသည် အခြေခံအားဖြင့် ထိုပြိုင်ပွဲတွင်းနယ်မြေ၁၈နိုင်ငံလုံးမှ မျိုးစေ့ကစားသမားများနှင့် ပတ်သက်သည့် free matchတိုင်းကို လိုက်ကြည့်ထားရသည်။ ဒီနည်းအားဖြင့် သူတို့အတွက် ပြိုင်ဘက်များကို ကောင်းကောင်း နားလည်ရန် အခွင့်အရေးကြီးလည်း ဖြစ်သည်။ အခြားအသင်းများ၏ ဗျူဟာများကိုလည်း ခွဲခြမ်းစိတ်ဖြာရန်အချိန်လည်း ဖြစ်သည်။ FTW၏ စစ်အကြံပေးဖြစ်သော ချန်းဖုန်းသည် အိမ်စာ ကောင်းကောင်းလုပ်ရန် လိုအပ်လေသည်။
လုဖုန်းက ပြောသည်။
“တစ်ညလုံးတော့ မနေနဲ့”
ချန်းဖုန်းက ထပ်ခါတလဲလဲ သမ်းနေသည်။
“ရပါတယ်”
သူဟာ စီးကရက်ကို ထုတ်လိုက်သည်။
လုဖုန်းက သူ့ကိုကြည့်ကာ ပြောသည်။
“ဆေးလိပ် သောက်တာလည်း လျှော့”
ချန်းဖုန်း...
“....”
ကောင်းပြီလေ သူ ဒီညနေမှာတင် နှစ်ဘူး သောက်ပြီးပြီ။
ချန်းဖုန်းက တိုင်ကို မှီထားသည်။ ကောင်းသည်လား ဆိုးသည်လားမသိ အမြဲတစေ တည်ငြိမ်နေသော သူ၏ဦးနှောက်က အိပ်ချင်စိတ်ကြောင့် ထိုင်းမှိုင်းနေသည်။ နောက်ဆုံးတွင် ထိုဦးနှောက်က အနည်းငယ် လှုပ်လာသည်။
“မင်း....မအိပ်ရသေးတာလား”
လုဖုန်းက စောစီးစွာ ထတတ်သော်လည်း ဒီလောက်အထိ မစောဖူးပေ။ သူ၏လက်ရှိအခြေအနေအရ သူ တစ်ညလုံး နေထားသည်မှာ သိသာလေသည်။
လုဖုန်းက ဖြေသည်။
“အင်း”
ချန်းဖုန်းက အနည်းငယ် အားပြည့်လာသည်။
“ဘာလို့လဲ၊ ဘာဖြစ်လို့လဲ”
78 02
လုဖုန်း..
“ဘာရယ် မဟုတ်ပါဘူး”
ချန်းဖုန်းက သူ့အပေါ် အလွန်ကောင်းမွန်စွာ နားလည်သည်။ ထိုဘာရယ်မဟုတ်ပါဘူး ဆိုလိုသည်မှာ တစ်စုံတစ်ရာ ဖြစ်ပျက်နေလေပြီ။
“အရူးလေးဝေ့က မင်းကိုsoloဖို့ ပူဆာပြန်ပြီလား”
“အင်း”
“ဒီအချိန်ထိသူ့ကို အဖော်ပြု ပေးနေရတာလား”
လုဖုန်း..
“....”
မိခင်ဟန်ချန်းက စိုးရိမ်စိတ် များလာသည်။
“မင်းသူ့ကို ဒီလောက်အထိ အလိုမလိုက်သင့်ဘူး၊ ဒီကလေးက....”
လုဖုန်းက ရှင်းပြပေးသည်။
“သူ၃နာရီမှာ အိပ်တာ”
ချန်းဖုန်းက ထိုအခါမှသာ စိတ်အေးသွားသည်။ သုံးနာရီသည် အဆင်ပြေသည်။ အင်တာနက် စွဲလမ်းလွန်းသော လူငယ်တစ်အုပ်ကဲ့သို့ ၁၁နာရီမှ ထတတ်သောလူများအတွက် လုံလောက်လေသည်။
“သူ အိပ်နေပြီ။ ဒါပေမဲ့ မင်းက ဘာလို့ မအိပ်တာလဲ”
ချန်းဖုန်းက ပဟေဠိဖြစ်သွားသည်။
လုဖုန်းက တစ်ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ပြောသည်။
“သူက အိပ်နေရင်း လမ်းထလျှောက်တတ်တယ်”
ချန်းဖုန်း..
“ဟမ်”
လုဖုန်း၏ မျက်နှာတွင် မည်သည့်အမူအယာကိုမှ မမြင်ရသေးပေ။
“သူက ငါ့ရဲ့အိပ်ရာပေါ် ကုန်းတက်လာတယ်”
ချန်းဖုန်း..
“!”
မဟာမိစ္ဆာဘုရင်ကြီးသည် ထိုသို့ဖြင့် ကရားကို ခွဲလိုက်သည်။
“သူက ငါ့ကိုဖက်ပြီး မလွှတ်ပေးဘူး”
လုဖုန်းထက် လေးနှစ်နီးပါး အသက်ကြီးသော သူတစ်ယောက်ဖြစ်သည့်အတွက် ချန်းဖုန်းကသာ လုဖုန်း၏ဆန္ဒကို မခန့်မှန်းမိလျှင် သူသည် အရူးကြီးထန် ဖြစ်တော့ပေမည်။
လုဖုန်း၏ လေ့ကျင့်မှုနှင့် ပတ်သက်ပြီး သူ သံသယ ဝင်နေခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ ဒီအတိုင်း တိုက်တိုက်ဆိုင်ဆိုင် သူတို့သည် ထိုအကြောင်းအရာကို မပြောခဲ့ဖူးသလို လုဖုန်းက စိတ်ဝင်စားသော မည်သူ့ကိုမှလည်း မမြင်ခဲ့ဖူးသည့် အတွက်ကြောင့် ချန်းဖုန်းသည်လည်း ထိုကိစ္စကို ဘေးဖယ်ထားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ဝေ့ရှောင်းက ပေါ်လာသည်။ လွန်ခဲ့သောနှစ်နှစ်ခန့်က လုဖုန်းသည် ဝေ့ရှောင်းနှင့် ပတ်သက်ပြီး အခြားအတွေး မရှိခဲ့လောက်ပေ။ သို့သော် ယခုမူ နှစ်နှစ်ခန့်ကြာပြီးနောက် ချန်းဖုန်းအနေဖြင့် လုဖုန်းဟာ အရူးလေးဝေ့နှင့် ပတ်သက်ပြီး အမြဲတစေ ပုံမှန်မဟုတ်သော အတွေးများဖြင့် အံ့အားသင့်ဖွယ် ကောင်းလာကြောင်း ခံစားမိသည်။
ဒါပေါ့ ဒီအရူးလေးဝေ့ကလည်း တော်တော်လေးကို သဘောကျချင်စရာပါပဲ။
ချန်းဖုန်းက တစ်ခဏခန့် စဥ်းစားစစ်ဆေးပြီးနောက် မေးမြန်းလိုက်သည်။
“မင်း ဘာလို့ သူ့ကို မပြောတာလဲ”
ဒီနှစ်ကောင်က သံလိုက်တွေလိုပဲ။ နောက်ပြီး သူတို့ရဲ့ အချင်းချင်းအပေါ် စွဲဆောင်မှုက တော်တော်လေးကို ပြင်းထန်သန်မာတယ်။
လုဖုန်းက အဝေးရှိ အနက်ရောင်ပင်လယ်ကြီးကို ကြည့်လိုက်ရင်း အကျိုးအကြောင်း အသင့်တင့်ပြောသည်။
“ငါ သူ့ကို သဘောကျကြောင်း ပြောရမှာလား”
ချန်းဖုန်း..
78 03
“....”
လုဖုန်းက ရယ်သည်။
“နောက်ထက်တစ်စက္ကန့်မှာတင် သူငါ့ကို လက်ထပ်ချင်လိမ့်မယ်”
ချန်းဖုန်း
“!”
သူသည်လည်း ဘာကြောင့်ရယ်မသိ သူ၏စိတ်ထဲတွင်ပင် ထိုပုံရိပ်က ပေါ်လာသည်။
“ဘာပဲဖြစ်ဖြစ်”
ချန်းဖုန်း၏ အသံက အဝေးမှပျံ့လွင့်လာသလိုမျိုး အသံဟာ အလွန်အမင်း တည်ငြိမ်နေသည်။
“မင်း သွားပြီး ပြောရင်လည်း ဒါမှမဟုတ် ပိုင်ချိုင် ဒါမှမဟုတ် ယွဲဝမ်လဲ့ ဒါမှမဟုတ် နင်ကျယ်ဟန်က သွားပြောရင်လည်း သူ အဲဒီလိုလုပ်မှာပဲ”
ချန်းဖုန်း..
“....”
သေစမ်း ဒီအရူးလေးဝေ့က တကယ် လုပ်လောက်တယ်။
ချန်းဖုန်းက ချက်ချင်းဆိုသလို လုဖုန်းအတွက် သနားမိသွားသည်။
လူတစ်ယောက်ကို သဘောကျတာက မကောင်းဘူးလား။ ဘာလို့ ဒီလိုသားရဲကောင်ကိုမှ သဘောကျမိရတာလဲ။
လုဖုန်း၏ နှုတ်ခမ်းများဟာ ကော့တက်နေသည်။ သူသည် အမှန်တကယ်ပင် စိတ်အခြေအနေ ကောင်းနေသည်။
“ငါပြန်တော့မယ်၊ မင်းလည်း အိပ်လိုက်ဦး”
ချန်းဖုန်းက ပါးစပ်ဟလိုက်ပြီး တစ်စုံတစ်ရာကို ပြောလိုသေးသည်....။မင်းက သူ့ကို ကြိုက်တယ်၊ သူက အိပ်နေရင်း လမ်းထ လျှောက်တတ်တယ်၊ ဒီလိုဆိုရင် မင်းတို့နှစ်ယောက် အတူတူအိပ်တဲ့အခါ တစ်ခုခု မဖြစ်လောက်ဘူးလား။
သို့သော် တစ်စက္ကန့်ခန့် တွေးတောကြည့်ပြီးနောက်...။
ထားလိုက်ပါတော့။ ဝေ့ရှောင်းကသာ တစ်ယောက်ယောက်ကို ဖက်မယ်ဆိုရင် လုဖုန်းပဲ ဖြစ်တာ ကောင်းတယ်။
တစ်ယောက်တည်းအတွက်ကမူ တစ်ဖက်သူသည် အင်တာနက်ကို စွဲလမ်းလွန်းသော ဝေ့ရှောင်းကို တစ်ယောက်တည်းနေခွင့် မပြုနိုင်ပါချေ။
မည်သူကမှသာ သူ့ကို စောင့်ကြည့်မနေခဲ့လျှင် သူသည် တစ်ညလုံး နေလောက်သည်။ ထိုသို့ဖြင့် ရုတ်တရက် သေသွားနိုင်၏။
ချန်းဖုန်း၏ လုဖုန်းအပေါ် နားလည်သဘောပေါက်မှုအရ သူ့ကို စိုးရိမ်ရန် မလိုအပ်ပါပေ။
နောက်ပြီး ဝေ့ရှောင်းကလည်း ငယ်သေးတယ်။ လက်ရှိ FTWကလည်း မုန်တိုင်းဒဏ်တွေကို မခံနိုင်သေးဘူး။
အသင်းသည် ဖွဲ့စည်းပြီးခါစ ဖြစ်သည်။ သူတို့သည် ပြည်တွင်းပြိုင်ပွဲများကို မကစားရသေးပေ။
ဒါကို အရေးမကြီးတဲ့ကိစ္စတွေကို ဘာလို့ပြောနေမှာလဲ။
ပရိသတ်တွေ ပြောသလိုမျိုးဆိုရင်....။
ပုံမှန်seasonမှာ grand slamရပြီးပြီလား။ သူတို့ play offတွေမှာ နိုင်ပြီးပြီလား။ အိမ်ကို ကမ္ဘာ့ဖလားနဲ့ ပြန်လာနိုင်ပြီလား။
သူတို့ ဒီတစ်ခုမှ မရသေးဘူးဆိုရင် ချစ်ဖို့တောင် မစဥ်းစားသင့်ဘူး။
ပြောရမည်ဆိုလျှင် ချန်းဖုန်းသည်လည်း ထိုအကြောင်းအရာကို မစိုးရိမ်ပါပေ။ ဝေ့ရှောင်းသည် အဖြောင့်မဟုတ်သည်မှာ သေချာသည်။ သူက closeအပေါ် အင်အားစိုက်ထုတ်ထားသော အခြေအနေကို ကြည့်ခြင်းအားဖြင့် သူသည် ခြင်ဆေးခွေနီးပါး ကွေးကောက်နေခဲ့ပြီးသား ဖြစ်သည်။
ဒီအတိုင်း ဒီအရူးလေးဝေ့က ဒါတွေကို မသိသေးရုံပဲ။
ထိုအခြေအနေနဲ့ပတ်သက်ပြီး အားသာချက်လည်း ရှိသည်။ ဥပမာအနေနှင့် သူသည် ပြိုင်ပွဲတွင် အလွန်ခေါင်းမာသည်။ ဘာကိုမှ မကြောက်တတ်ပေ။
အားနည်းချက်ကလည်း သိသာပြန်သည်။ သူသည် ထိုသို့ သတိမထားမိသောကြောင့် ခေါင်းဆောင်လုကမူ အချိန်အတန်ကြာအောင် သည်းခံနေရလောက်သည်။
လုဖုန်းက အခန်းထဲသို့ ပြန်သွားပြီး သူ၏ခုတင်တွင် အိပ်နေသော ဝေ့ရှောင်းကို ပွေ့လိုက်သည်။
78 04
ထိုကလေးသည် အချိန်မီ စားသည်။ သို့သော် စားသည့်အချိန်တိုင်းလိုလို ချေးများ တတ်သေးသည်။ သူ၏ခန္ဓာကိုယ်ထဲမှ အာဟာရများအားလုံးက အရပ်ပေါ် ရောက်သွားသည် ဖြစ်လောက်သည်။ သူ၏ လက်မောင်းနှင့် ခြေထောက်များက ဖျော့တော့ပြီး ပိန်ပါးသည်။ သူ၏ဘောင်းဘီတိုက ပွနေသောကြောင့် သေးသိမ်သော ခါးကိုပင် တစ်ဝက်ခန့် မြင်နေရသည်။
လုဖုန်းက စောင်ကိုမပြီး သူ့ကိုတင်းတင်းကြပ်ကြပ် ခြုံထားပေးလိုက်သည်။
သူသည် ဝေ့ရှောင်း၏ခုတင်သို့သာ သွားအိပ်ရန် မျက်နှာကျက်ကို စိုက်ကြည့်လိုက်မိလေသည်။
ယခုလေးတင် သူက ချန်းဖုန်းကို ပြောခဲ့သော ကိစ္စထဲတွင် အမှန်တရားနှင့် အကြောင်းပြချက်လည်း ပါသည်။
လုဖုန်းက သူ၏စိတ်ဝင်စားမှုကို မဖော်ပြခဲ့သည့် အကြောင်းပြချက်ကမူ ဝေ့ရှောင်းကို ဂရုစိုက်သောကြော င့်ဖြစ်သည်။
ထိုအရူးလေးက ငယ်ရွယ်ချိန်ကတည်းက မိဘများကို မပိုင်ဆိုင်ခဲ့ချေ။ သူသည် ရွေးချယ်စရာမရှိဘဲ အချစ်ကို တောင်းတလွန်းသော ပုံစံမျိုးဖြင့် ကြီးပြင်းလာခဲ့သည်။ ထို့အပြင် ထိုအချစ်က ချစ်သူများကြားမှ အချစ်သာလျှင် မဟုတ်ပေ။
ဝေ့ရှောင်းကဲ့သို့ ငယ်စဥ်ဘဝကတည်းက ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရသောသူက ဒီလောကမှ လှပလွန်းသော ခံစားချက်တိုင်းကို အတွေ့အကြုံရရန် ထိုက်တန်သည်။
လုဖုန်းသည် သူ့အား ချစ်ခြင်းနှင့် ဂရုစိုက်ကြင်နာမှုကို ပေးစွမ်းလိုသည်။ စိတ်အေးပေါ့ပါးမှုနှင့် ယုံကြည်မှုကိုလည်း ပေးစွမ်းချင်၏။ ပို၍ဆိုးသည်မှာ သူသည် တစ်ဖက်သူကို ထောက်ပံ့ ပေးထားနိုင်သည့် မာကြောသော နောက်ခံတစ်ခု ဖြစ်လာပြီး တစ်ဖက်သူအား စိတ်ထင်တိုင်း လုပ်ခွင့် ပြုပေးချင်သည်။
တစ်ကိုယ်ကောင်းဆန်ခြင်း မရှိတဲ့ချစ်ခြင်း။ နွေးထွေးတဲ့ ရင်းနှီးမှု။
စိတ်နှလုံးသားကြီး တစ်ခုလုံးနဲ့ မှီခိုအားကိုးနိုင်တာ။ ယုံကြည်လက်ခံဖို့ ထိုက်တန်လွန်းတဲ့ ယုံကြည်မှု။
လုဖုန်းသည် ဝေ့ရှောင်းအား ထိုအရာအားလုံးကို ပေးစွမ်းလိုလေသည်။
******