Ch 79
Viewers 3k

အပိုင်း (79)


အရူးလေးဝေ့က သူ့ရဲ့ အဓိပ္ပါယ်နှစ်မျိုးထွက်တဲ့ စကားကြောင့် နာမည်ကြီးသွားတယ်


ဝေ့ရှောင်းက နိုးလာသောအခါ မနက်၁၁နာရီထိုးတော့မည် ဖြစ်သည်။ 


သူသည် အပျင်းဆန့်သည်။ ထို့နောက် အလေ့အကျင့်အရ ဘယ်ဘက်ခြမ်းသို့ လှိမ့်လိုက်သောအခါ သူ၏မျက်လုံးထဲ ဝင်လာသည်မှာ မည်းမှောင်ကာ မျက်လုံးကန်းစေလောက်အောင် လေးလံလွန်းသော အရောင်များ ဖြစ်သည်။ 


အာ။


ခေါင်းဆောင် ဘယ်ရောက်သွားတာလဲ။


အိုး မဟုတ်သေးပါဘူး။


ငါက ဘာလို့ ခေါင်းဆောင်ရဲ့ အိပ်ရာပေါ် ရောက်နေတာလဲ။


ဝေ့ရှောင်း၏ ဆံပင်တိုများက ပေါက်ကွဲရင်း ထောင်တက်သွားသည်။ သူသည် အံ့အားသင့်စွာနဲ့ ရှာတွေ့လိုက်သည်မှာ သူသည် အိပ်ရာလဲကာ အိပ်နေခြင်း ဖြစ်သည်။


ဒါက ခေါင်းဆောင်ရဲ့အိပ်ရာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး သူက ခေါင်းဆောင်ရဲ့အိပ်ရာပေါ်မှာ အိပ်နေတာလဲ။


အိပ်နေရင်း လမ်းထလျှောက် ပြန်တာလား။


Fuck…


ဝေ့ရှောင်းသည် သူ့ခေါင်းထိပ်သူ ရိုက်လိုက်သည်။


သူသည် မနေ့ကအမှန်ပင် အလွန်ပင်ပန်းခဲ့ခြင်း ဖြစ်သည်။ သူမနေ့က Score Board တွင် ထိပ်ဆုံး (၃) နေရာသို့ ဝင်ရောက်ရန် တောက်လျှောက် ကြိုးစားခဲ့ရသည်။ ညနေပိုင်း လေ့ကျင့်ရေး Matchတွင်လည်း အနိုင်ရရန်အလို့ငှာ သူ၏အင်အား ၁၀၀ ရာခိုင်နှုန်းခန့်အထိ ထည့်ထားရ၏။ ထိုအချက်အပြင် သူဌေးနှင့်ခေါင်းဆောင်တို့က တစ်ယောက်တည်း ဖြစ်သောအချက်က သူ့ကိုအများကြီး လှုံ့ဆော်နိုင်ခဲ့သေး သည်။ ထိုအတွက်ကြောင့် သူသည် မနက်၃နာရီထိုးသည်အထိ တက်ကြွစွာနှင့်ပျော်ရွှင်စွာ solo နေခဲ့သည်။ 


အရာအားလုံးကို စာရင်းထုတ်ပြီး ထပ်ပေါင်းထည့်လိုက်သော် သူအိပ်နေရင်း လမ်းထ မလျှောက်မှသာ ထူးဆန်းပေလိမ့်မည်။ 


နှစ်ပေါင်းများစွာ အတွေ့အကြုံအရ သူ၏စိတ်ဝိဉာဉ်နှင့် ခန္ဓာကိုယ်က တစ်ချိန်ထဲတွင် ပင်ပန်းနွမ်းနယ်သွားခဲ့သော် အိပ်နေရင်း လမ်းထလျှောက်သည့် ဖြစ်စဉ်ကို ရှောင်ရန် နည်းလမ်းမရှိကြောင်း ပြောနေပြီးသားဖြစ်သည်။ 


အိုး Shit။


သူ မနေ့က ဘာလုပ်ခဲ့တာလဲ။


သူခေါင်းဆောင်ရဲ့အိပ်ရာပေါ်ထပ်ပြီး ကုန်းတက်လိုက်ပြန်ပြီလား။


သူ သားရဲဆန်တဲ့ဘာကိုမှ မလုပ်ခဲ့လောက်ပါဘူးနော်။ ဟုတ်တယ်မလား။


သူသည် ထိတ်လန့်ကာ ကြောက်ရွံ့သော အနေအထားမျိုးနှင့် စတင်ကာ မျက်နှာ သစ်လိုက်သည်။ သွားတိုက်နေသည့်တိုင်အောင် မသက်မသာ ခံစားနေရသေး၏။


ဝေ့ရှောင်းသည် အိပ်နေရင်း လမ်းထလျှောက်တတ်သည့် သူ၏ကိုယ်ပိုင်အကျင့်ဆိုးနှင့် ပတ်သက်ပြီး အလွန်အမင်း ရှင်းလင်းစွာ သိထားသည်။ 


သူသည် ထိုသို့သော အခြေအနေမျိုးတွင် လူကိုဖက်ပြီး ရေဘဝဲတစ်ကောင်လိုမျိုး ဖက်တွယ် ထားတတ်သည်။ 


ကံကောင်းသည်မှာ ခေါင်းဆောင်ဖြစ်နေသည်။ ကောင်မလေးတစ်ယောက်သာဆိုလျှင် သူသည် တာဝန်ယူရပြီး လက်ထပ်ရင်း ကလေးအဖေ ဖြစ်သွားလောက်သည်။


အား တွေးကြည့်ရုံနဲ့တင် တော်တော်ဆိုးရွားတာပဲ။


ဝေ့ရှောင်းကပင် တုန်ယင်သွားသည်။ 


မျက်နှာကို ခပ်မြန်မြန်သစ်ပြီးနောက် ဝေ့ရှောင်းက လုဖုန်းကိုစာပို့သည်။


“ခေါင်းဆောင် မနေ့ညက......”  


Fuck… သူ ဘယ်လို ပြောရမလဲ မသိဘူး။


ထို့ကြောင့်သူသည် ထိုအတိုင်းသာ ပို့လိုက်သည်။


လုဖုန်းက တစ်ခဏခန့်နေမှသာ စာပြန်ဖြေလာသည်။


“မင်း နိုးပြီလား”


ဝေ့ရှောင်းက ထိုစကားနှစ်လုံးကို တစ်ခဏခန့် စိုက်ကြည့်နေပြီးနောက် ထပ်ခါတလဲလဲ ဖတ်သည်။ သို့သော် ခေါင်းဆောင်ဟာ ဒေါသထွက်နေခြင်းရှိမရှိ မပြောနိုင်သေးချေ။

79 02

ဝေ့ရှောင်းက မျက်လုံးကို မှိတ်လိုက်သည်။ သူ၏နှလုံးသားက ပြားကပ်သွားသလိုမျိုးပင် ခံစားလိုက်ရ၏။ သူသည် ချက်ချင်းလိုလို ခုန်ပေါက်လျက် ပြောသည်။


“ငါမင်းကို မနေ့ညက မလေးမစားဖြစ်စေမဲ့ တစ်စုံတစ်ရာမျိုး မပြုမူခဲ့လောက်ပါဘူးနော်၊ ဟုတ်တယ်မလား”


ခေါင်းဆောင်ကသာ အခွင့်အရေးယူခံခဲ့ရရင် ဒါဆိုရင်လည်း သူက.... သူ့ကို လာရိုက်ခွင့် ပေးလိုက်သင့်လား။


လုဖုန်းက သူ၏လက်ထဲမှ ဖိုင်များကို ချထားလိုက်ရင်း မျက်ခုံးကို ပင့်လိုက်သည်။


“မလေးမစား ပြုမူတယ် ဟုတ်လား”


ဝေ့ရှောင်းက သူ့အား ယေဘူယျကျကျ ရှင်းပြပေးသည်။


“ဥပမာအနေနဲ့ မင်းကို ဖက်တာ၊ ကြုံရာ လိုက်ထိတာ၊ နမ်းတာ ဒါမှမဟုတ် တစ်ခုခု....”


လုဖုန်း..


“.....”


ဝေ့ရှောင်းက သူ၏အခြေအနေကို ဖော်ပြသည်။


“ငါ တကယ် ဘာကိုမှ မမှတ်မိဘူး”


လုဖုန်းက သူ၏ရင်ဘတ်မှ မြင့်တက်လာသော အပူကို ဖိနှိပ်လိုက်သည်။


“မင်း အိပ်နေရင်း လမ်းထလျှောက်တိုင်း ဒါတွေကို လုပ်တာပဲလား”


ဝေ့ရှောင်းကလည်း လုဖုန်းကို ခြောက်မိသွားမည့်အခြေအနေကို စိုးရိမ်သဖြင့် ခပ်မြန်မြန် ရှင်းပြလိုက်သည်။


“မလုပ်ပါဘူး> ဒါပေမဲ့ ငါ့ရဲ့အိပ်နေရင်း လမ်းထလျှောက်တဲ့ အခြေအနေက အဆင့်တက်သွားမလား၊ ဒါမှမဟုတ် ဆင့်ကဲ ပြောင်းလဲသွားမလားဆိုတာကို မသိဘူးလေ အိုး”


သူဟာ နောက်ဆုံးတွင် မှတ်မိသွားသည်။


“ငါ ဘာမှ မလုပ်ခဲ့ဘူးထင်တယ်”


လုဖုန်း၏ လက်ချောင်းများက ထိုစကားလုံးများကို ရိုက်ချိန်တွင် အနည်းငယ် တုန်နေသည်။


“ဘာမှ မလုပ်ခဲ့ဘူးလို့တော့ ပြောလို့ မရဘူး”


ဝေ့ရှောင်း..


“!!”


မနေ့က သူ၏နားနားကပ်လျက် အသက်ရှူထုတ်နေသော လူငယ်အကြောင်း ပြန်တွေးမိပြီး ပြောလိုက်သည်။


“မင်း ငါ့ရဲ့မျက်နှာကို နမ်းလိုက်တယ်”


ဝေ့ရှောင်း...


“....”


သူ သေပြီ။


ထိုအခိုက်အတန့်တွင် ဧည့်သည်ခန်းno 666တွင် အရူးလေးဝေ့၏အလောင်းကို တွေ့ရနိုင်သည်။


သေဆုံးသွားသော ဝေ့ရှောင်းက အတတ်နိုင်ဆုံး ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် ကယ်သေးသည်။


“ခေါင်းဆောင်”


လုဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများက ကော့တက်နေပြီ ဖြစ်သည်။


“အင်း”


ဝေ့ရှောင်း..


“ငါ မရည်ရွယ်ပါဝူး”


လုဖုန်း..


“အိုး”


ဝေ့ရှောင်းက ထိုအသံtoneနှစ်လုံးတည်းကို ကြည့်ရုံနှင့် သူ၏ထိတ်လန့်မှုများထဲမှ တစ်စုံတစ်ရာကို တွေးလိုက်မိသည်။

79 03

သူသည် ခပ်မြန်မြန် စကားတချို့ကို ရိုက်နှိပ်လိုက်ကာ ပို့သည်။


“ငါ ဘာကြောင့်လဲ သိတယ်၊ ငါမင်းကို ပဲပိစပ်လို့ ထင်သွားတာ ဖြစ်မယ်၊ ငါက ညဘက်အိပ်တဲ့အခါ ပဲပိစပ်လေးကို ဖက်အိပ်နေကျလေ၊ နောက်ပြီး သူ့ရဲ့ခွေးခေါင်းကိုလည်း နမ်းနေကျဆိုတော့....”


ထိုသို့ပို့ပြီးနောက် ဝေ့ရှောင်းဟာ သူပြောလိုက်သောစကား၏ အဓိပ္ပါယ်ကို နားလည်သွားသည်။


သူ ခေါင်းဆောင်ကို ခွေးနဲ့ ယှဥ်လိုက်မိတာပဲ။


သူမဟာမိစ္ဆာဘုရင်ကြီးကို ဟက်စကီးလိုမျိုး ဆက်ဆံလိုက်မိတယ်။


သူ....။


လုဖုန်း..


“ဝေ့ရှောင်း”


ဝေ့ရှောင်း..


“ခေါင်းဆောင် ဝူး”


........။


ပိုင်ချိုင်က သူ့ကို မနက်စာသွားစာရန် လာရှာသောအခါ ဝေ့ရှောင်းက ဒေါသများကို ပုံချသည်။


“လောင်ပိုင်”


သူ၏အသံက တတ်နိုင်သမျှ သုန်မှုန်နေသည်။


ပိုင်ချိုင်သည်လည်း သူ၏အသံကြောင့် ကြောက်သွား၏။


“ဘာလဲ။ မင်း ဘာလုပ်ချင်လို့လဲ ဘာလိုချင်လို့လဲ”


ဝေ့ရှောင်းက သူ့ကို အခန်းထဲသို့ ဆွဲထည့်လိုက်ပြီး တံခါးကို ဝုန်းခနဲ ပိတ်သည်။


ပိုင်ချိုင်က အဖြူရောင်ဂေါ်ဖီထုပ်လေး ဖြစ်သွားသည်။ သူသည် အံ့အားသင့်နေ၏။


“မင်း သောက်ကျိုးနည်း ဘာလုပ်မလို့လဲနော်”


ဓားပြဝေ့က သူ၏အနားသို့ တစ်လှမ်းချင်းစီ ချဥ်းကပ်လာပြီး သူ့ကို နံရံနောက်တွင် ကပ်သည်။


အဖြူရောင်ဂေါ်ဖီထုပ်ပိုင်..


“မင်း....”


ထိုအချိန်တွင် နံရံကို ကပ်ခံထားရသော အသီးအရွက်ကောသည် ကုန်းပေါ် တင်နေသော ငါးတစ်ကောင်ကဲ့သို့ ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေသည်။


ဝေ့ရှောင်းက သူ ပြင်ဆင်ထားပြီးသည်မှာ ကြာပြီဖြစ်သော အဝတ်ချိတ်ကို မြှောက်ကိုင်ထားရင်း ပြောသည်။


“မင်းရဲ့ပြစ်မှုတွေကို ဝန်ခံစမ်း၊ ဒီလိုဆိုရင် ငါက မင်းကိုလျှော့ပေါ့ပြီး အပြစ်ပေးမယ်၊ အဲဒီလိုမှမဟုတ်ဘဲ ခုခံမယ်ဆိုရင်တော့ အပြစ်ဒဏ်က ပိုပြီး ကြီးလေးသွားလိမ့်မယ်”


ပိုင်ချိုင်က ပေါက်ကွဲသည်။


“သောက်ကျိုးနည်း မင်းက မနက်စောစောစီးစီး ဘာတွေ လာပြောနေတာလဲ၊ မင်းသရုပ်ဆောင်ချင်တယ်ဆိုရင်လည်း ဘာလို့ ဖျော်ဖြေရေးအသိုင်းဝိုင်းထဲကို မဝင်တာလဲ”


ဝေ့ရှောင်းက သူ၏ရင်ဘတ်ကို အင်္ကျီချိတ်နှင့်ထိုးသည်။


“မနေ့ညက ခေါင်းဆောင်ငါ့ကို အားလုံး ပြောပြီးပြီ”


ပိုင်ချိုင်..


“!”


သူက ဘာပြောလို့လဲ။


ဝေ့ရှောင်းက ဒီလောက်ထိ ရူးကြောင်ကြောင် လုပ်နေပုံထောက်ရင် ဖြစ်နိုင်တာက....။


ခေါင်းဆောင် ခေါင်းဆောင် ငါ့ကို ရောင်းစားလိုက်တာလားးးး.။


မည်သို့ပင်ဆိုစေ အသီးအရွက်ကောသည် ၂စက္ကန့်ခန့်ပင် ကြိုသိခဲ့မည်ဆိုလျှင် ပိုက်ကွန်ထဲသို့ ကိုယ်တိုင် ဝင်တိုးလိမ့်မည် မဟုတ်ပေ။


ရှင်သန်လိုစိတ် ပြင်းထန်လွန်းသော ပိုင်ချိုင်က စိတ်ကြည်လင်ရှင်းလင်းစွာနှင့် သွက်လက်သောလျှာကို အသုံးပြုလိုက်သည်။ သူသည် ချက်ချင်းဆိုသလိုပင် ထိုအချိန်က ဖြစ်ပျက်ခဲ့သမျှ အခြေအနေတစ်ခုလုံးကို ထဲထဲဝင်ဝင် ပြန်ပြောလိုက်သည်။

++++++