Ch 80
Viewers 3k

အပိုင်း 80


“ငါမင်းကို ရောင်းထုတ်ခဲ့တာ မဟုတ်ဘူး၊ ငါ တကယ်ကို မလုပ်ခဲ့ဘူး၊ ငါ့မှာ သူခိုးတစ်ယောက်ရဲ့ နှလုံးသား ရှိနေမယ်ဆိုရင်တောင်မှ ငါ့မှာ အဲလိုမျိုး သတ္တိမျိုး မရှိပါဘူး၊ ဒါက မတော်တဆ ဖြစ်သွားတာ၊ ကိစ္စတစ်ခုလုံးက သောက်ကျိုးနည်းကို မတော်တဆကြီးပဲ၊ အဲဒီအချိန်က မင်းက ရှောင်လင်အတွက် review vd လုပ်ပေးနေတယ် မဟုတ်လား၊ ငါက ရရချင်း ကြည့်နေတုန်းလေ၊ အဲဒီအချိန်မှာ ခေါင်းဆောင်က ရုတ်တရက် မင်းရဲ့အသံကို ကြားလိုက်တာပဲ”


ဝေ့ရှောင်းက တစ်ခဏခန့် ကြောင်အသွားသည်။ သို့သော် ပိုင်ချိုင်က ခုခံနေသေးသည်ဟု ခံစားနေရ၏။


“ငါက ခေါင်းဆောင်နဲ့ သုံးရက်သုံးညပဲ အတူနေဖူးတာ၊ နှစ်နှစ်ကြာပြီးတဲ့နောက်မှာ သူက ငါ့ရဲ့အသံကို ကြားရုံနဲ့ မှတ်မိသွားတယ် ဟုတ်လား”


ပိုင်ချိုင်...


“သောက်ကျိုးနည်း ငါက ဒါကို ဘယ်လိုသိမှာလဲ၊ မင်းက ဒီတိုင်း စကားနည်းနည်းလေးပဲ ပြောရသေးတယ်လေ၊ သူက ရုတ်တရက်ကြီး ဝေ့ရှောင်းလားလို့ မေးတာ၊ ငါ ကြောက်လွန်းလို့ သေတော့မယ် ဟုတ်ပြီလား”


ဝေ့ရှောင်းကလည်း သူ မလိမ်နေကြောင်း မြင်နိုင်သည်။


“တကယ်လား”


ပိုင်ချိုင်က ကြမ်းတမ်းစွာ ကျိန်ဆိုပြသည်။


“ငါ ငါ့ရဲ့ ဘဏ်ကတ်သုံးကတ်လုံးမှာ ရှိသမျှပိုက်ဆံတိုင်းနဲ့ ကျိန်ဆိုတယ်”


ဝေ့ရှောင်း..


“......”


အသီးအရွက်ကောသည် အသိစိတ်ဓာတ်အပြည့်နှင့် မေးမြန်လာသည်။


“တကယ်လို့ ငါပြောနေတာသာ အမှန်တရား မဟုတ်ဘူးဆိုရင် ငါ ကတ်၃ကတ်ထဲက ရှိသမျှပိုက်ဆံတိုင်း ညတွင်းချင်း သုညဖြစ်သွားပါစေ”


ဝေ့ရှောင်းက သူ့ကို ယုံသွားသည်။ ထိုသစ္စာကျိန်ဆိုမှုသည် လောင်ပိုင်၏ အသံလေးထက်ပင် ပို၍ရိုးရှင်းစွာနှင့် ရက်စက်သည်။ ကြည့်ရတာ သူ မလိမ်နေဘူးပဲ။


ဓားပြဝေ့က ထိုအဝတ်ချိတ်ကို သူ၏လက်ဖဝါးပေါ်တင်ရင် တတောက်တောက်ခေါက်ကာ ပြောလိုက်သည်။


“ဒီလိုဆိုတော့လည်း မင်းရဲ့အမှားတော့ မဟုတ်ပါဘူး”


ပိုင်ချိုင်က စိတ်အေးသွားသည်။ သူသည် ဝေ့ရှောင်း ရူးကောင်း ရူးသွားနိုင်သည့်အတွက် အမှန်တကယ်ပင် ကြောက်မိသည်။


ဒီကောင်က ရုတ်တရက် အတင်းအဖျင်းဧက္ကရာဇ်ဆိုတဲ့ သူ့ရဲ့နောက်ခံကို ထုတ်ဖော်လာရင် ဘယ်လိုလုပ်မလဲ။


ချိုင်ကောသည် ထိုအခါ ညှိုးနွမ်းသွားသော အသီးအရွက် ဖြစ်သွားလောက်သည်။


ဝေ့ရှောင်းက အချက်အလက်များကို ဂရုတစိုက် ကောက်နှုတ် ထုတ်ကြည့်သေးသည်။


“ကောင်းပြီလေ ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရ ငါက တအားဆွဲဆောင်မှု ရှိလွန်းနေတာကြောင့်ဖြစ်လိမ့်မယ်”


ပိုင်ချိုင်..


“....”


ဝေ့ရှောင်းက ဉာဏ်အလင်းပွင့်သွားသည်။


“ငါက ခေါင်းဆောင်ကို နှစ်နှစ်လောက် ခွဲနေပြီးတဲ့နောက်မှာတောင် မမေ့အောင် လုပ်နိုင်တယ်၊ ငါတကယ်ကို အပြစ်ကြီးလွန်းတဲ့ အမျိုးသားတစ်ယောက်ပဲ”


ပိုင်ချိုင်..


“....”


Screw you (ဆဲရေးသောစကား)


ဝေ့ရှောင်းသည်လည်း close၏ ရင်ထဲမှ သူ၏နေရာသည် ချိုင်ကောထက် မဆိုးရွားလောက်ဟု ခံစားလိုက်ရသည်။ သူ၏ စိတ်အခြေအနေက ကောင်းမွန်သွားသည်။ သူသည် ပိုင်ချိုင်ဟာ ပို၍ပင် မျက်စိပဒါသ ဖြစ်စေသည်ဟု ခံစားလိုက်ရ၏။


“သွားစားကြရအောင်”


ပိုင်ချိုင်သည် သောက်ကျိုးနည်းကို စားချင်စိတ် မရှိတော့ပေ။


သူ သောက်ကျိုးနည်း ကြောက်နေတာ ဟုတ်ပြီလား။


သူတို့နှစ်ယောက်က စားသောက်ဆိုင်သို့ သွားနေချိန်တွင် နင်ကျယ်ဟန်နှင့် တိုးသည်။


ရှောင်နင်က ဝေ့ရှောင်းကို တွေ့သည်နှင့် သူ၏ သိချင်စိတ်များက ပျံသန်းထွက်လာပြီး ချက်ချင်းဆိုသလိုပင် အပြေးလာကာ ပြောသည်။


“ရှောင်းကော”


ဝေ့ရှောင်းက စိတ်အခြေအနေ ကောင်းနေသဖြင့် သူ၏အသံtoneကပင် တက်တက်ကြွကြွ ရှိနေသည်။


“ဟင်”


နင်ကျယ်ဟန်သည် ပါးများ မို့တက်သွားသည်အထိ ရယ်ရင်းပြောသည်။


“မင်းမှာ ကောင်မလေးရှိတယ်ဆိုရင် ဘာလို့ နည်းနည်းလောက် မကြွားတာလဲ”


ဝေ့ရှောင်း..


“....”


ပိုင်ချိုင်က ခလုတ်တိုက်မတတ် ဖြစ်သွားသည်။ သူသည် လျှောက်လမ်းတွင်ပင် သေချင်သွား၏။


နင်ကျယ်ဟန်ကလည်း ထိုအကြောင်းအရာကို အနည်းငယ်စိတ်ဝင်စားသည်။

80 02

“ချိုင်ကောက ပြောတော့ သူမက အရမ်းလှတယ်ဆိုပဲ၊ နောက်ပြီး အလုပ်တောင် လုပ်နေပြီဆို”


ဝေ့ရှောင်းက ပိုင်ချိုင်ကို တစ်ချက်ကြည့်ပြီး အတုအယောင် ဆန်လွန်းသည့် အပြုံးမျိုးပေးသည်။


“အင်း တော်တော်လှတယ်၊ အထူးသဖြင့် တော်တော်လေးကို ကြည့်ကောင်းတာပဲ၊ ကြင်လည်း ကြင်နာတတ်တယ်၊ တစ်ချက်ကြည့်လိုက်ရုံနဲ့ ခြေထောက် မရွှေ့နိုင်လောက်အောင်ပဲ”


နင်ကျယ်ဟန်က အံ့သြသွားသည်။


“တကယ်ကြီးလား starလား”


ဝေ့ရှောင်းက အသေးစိတ်တချို့ကိုပင် ဖော်ပြပေးလိုက်သေးသည်။


“စတားတွေဆိုတာထက်တောင် ပိုကြည့်ကောင်းသေးတာပေါ့၊ စတားထက်မလျော့တဲ့ ပိုက်ဆံရှာနိုင်စွမ်းရည်လည်း ရှိတယ်၊ နောက်ပြီး လူတွေကို ဂရုစိုက်ပေးတဲ့ နေရာမှာလည်း တအားကိုတော်တယ်၊ ဒီအတိုင်း သူ့ရဲ့အကျင့်စရိုက်က နည်းနည်းလေး အေးစက်နေရုံပါပဲ”


နင်ကျယ်ဟန်က လေးစားသွားသည်။


“တော်လိုက်တာ ရှောင်းကော၊ ရှောင်းကောက ဒီလိုထိပ်တန်းအဆင့် ကောင်မလေးကို ရအောင် ရှာနိုင်တာပဲ”


ဝေ့ရှောင်းက လက်ကို ရမ်းလိုက်သည်။


“ဒီတိုင်းဘာရယ် မဟုတ်ပါဘူး၊ ကံကြမ္မာကပဲ အရာအားလုံး ဖြစ်သွားစေတာပေါ့ “


နင်ကျယ်ဟန်က ပို၍ပင် လေးစားမိသွား၏။


“ကြည့်ရတာကောတို့၂ယောက်ရဲ့ဆက်ဆံရေးက တကယ်ကောင်းတဲ့ပုံပဲ “


ဝေ့ရှောင်းကလည်း ချိုင်ကောက မည်မျှမျက်နှာသာ အပေးခံရကြောင်း သတိရသွားပြီး တစ်ခဏခန့် သဝန်တိုသွားသည်။


“ဒါပေါ့ ငါ့ကို တန်ဖိုးအထားဆုံးပဲ”


ပိုင်ချိုင်ကလည်း သူ့ကို အလွန်ကောင်းမွန်စွာ နားလည်လွန်းသဖြင့် သူ၏စကားလုံးများမှ လာသော ရှာလရည်ရနံ့ကိုပင် သိလိုက်သည်။


သူတို့က မင်းကို သိသိသာသာကြီး အရေးပေးထားတာ မဟုတ်ဘူးလား။ ဘာလို့ငါ့ကို စိုက်ကြည့်နေတာလဲ။ ငါက မင်းနဲ့ယှဥ်ပြီး ခေါင်းဆောင်ကို လုရဲမယ်လို့ ထင်လို့လား။


နင်ကျယ်ဟန်က ကိစ္စကို သေချာစွာ မပြောနိုင်သဖြင့် ခံစားချက်အပြည့်နှင့်သာ သက်ပြင်းချ လိုက်သည်။ 


“ကောင်းလိုက်တာ”


ဝေ့ရှောင်းက နှိမ့်ချစွာ ပြောလိုက်သည်။


“အဆင်ပြေရုံပါပဲ”


ပိုင်ချိုင်..


“....”


မနေ့ညက သူသည် အရူးလေးဝေ့က အရှက်ရသော အနေအထားမျိုးနှင့် ရှိနေလောက်မည်ဟု တွေးထားသည်။ သို့သော် အချက်အလက်များအရ သူသည် ငယ်ရွယ်လွန်းပြီး အတွေ့အကြုံမဲ့ကြောင်း သိလိုက်သည်။


သူတို့က စားသောက်ဆိုင်သို့ ရောက်သွားသောအခါ ဂယ်ရီနှင့် တိုးပြန်သည်။


ဂယ်ရီသည် ရောက်ခါစဖြစ်သည်။ ဝေ့ရှေုင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်နိုင်ပြီး သူ၏မျက်လုံးက မီးပွားထတောက်လာသည်။ သူသည် စားသောက်ရန်ကဏ္ဍကိုပင် ချက်ချင်းကျော်ပြီး ဝေ့ရှောင်းနှင့် အရင်တိုက်ခိုက်ချင်သွားသည်။


ဝေ့ရှောင်းက သူ့ကိုနှုတ်ဆက်သည်။


“မင်္ဂလာနံနက်ခင်းပါ”


ဂယ်ရီက သူ့ကို သူ၏ကျိုးကန်းနေသော တရုတ်ဘာသာစကားဖြင့် ပြန်ဖြေသည်။


“မောနင်း”


ဝေ့ရှောင်းက ဂယ်ရီ၏ မနေ့က ပြောင်မြောက်ထူးချွန်လွန်းသော ကစားဟန်ကို တွေးမိသွားပြီး နှလုံးသားက ယားယံလာသည်။


“ဒီနေ့လည်း ပြင်းပြင်းထန်ထန် ကြိုးစားပေးပါဦး”

80 03

သူL&Pနဲ့ တကယ်ကို ကစားချင်နေတယ်။ သူတို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ အချိန်တွေအများကြီး ဆုံးရှုံးသွားပြီးတဲ့နောက်မှာ ဝေ့ရှောင်းသည် တစ်ကြိမ်ကိုမှ လက်လွတ်မခံချင်တော့ချေ။


ဂယ်ရီကလည်း သူမနေ့က မည်မျှ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ကြောင်း တွေးမိသော်လည်း ဒီနေ့ပို၍ပင် ဒေါသထွက်သွားသည်။


“ငါမင်းကို လုံးဝမယုံတော့ဘူး”


ထိုလေသံအရ ဇနီးလေး၏ ဖောက်ပြန်ခံခဲ့ရသော အမှိုက်ကောင်နှင့်တူသည်။


ဝေ့ရှောင်းက သူ့ကိုချော့သည်။


“မနေ့က ချွင်းချက်လေ”


ဂယ်ရီ..


“မင်းက လူလိမ်”


ဝေ့ရှောင်း..


“ငါတကယ်ကို မင်းနဲ့တိုက်ခိုက်ချင်တာ”


ဂယ်ရီက တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာသည်။


“မင်းပြီးရင် စကားလုံးတွေ ပြန်ရုတ်သိမ်းသွားမှာပဲ”


ဝေ့ရှောင်း..


“...ဒါက စကားလုံးတွေကို ပြန်ရုပ်သိမ်းပြီး စားသောက်လိုက်မယ်ဆိုရင် ဝလာစေတယ်တဲ့”


စကားလုံးများကို ပြန်လည်ရုပ်သိမ်းခြင်းဖြင့် အင်အားကြီးလာမည်သာဆိုလျှင် လူတိုင်းသည် လိမ်လည်လှည့်စား၍ ရလောက်သည်။


ဂယ်ရီက ထိုဘန်းစကားကို နားမလည်ပေ။


“ဘယ်လိုပဲဖြစ်ဖြစ် ငါထပ်ပြီး အရူးလုပ်မခံတော့ဘူး”


“ဒီလိုဆိုရင်လည်း...”


ဝေ့ရှောင်းက သူ့ကိုအကြံပေးသည်။


“ဒါဆိုရင် လောင်ကျီ မင်း free matchingကာလမစခင်ရေချိုး၊ ပြီးရင်အဝတ်လဲ၊ အဝတ်လဲပြီးတာနဲ့ အမွေးတိုင်လဲပြီး ဗုဒ္ဓကို ပူဇော်တော့”


ဂယ်ရီ..


“???”


ဝေ့ရှောင်းကလည်း အံ့အားသင့်ဖွယ်ကောင်းသော အကွက်တစ်ကွက်ဟု ခံစားလိုက်ရသည်။


“မင်းကိုယ်မင်း အချိန်ကြိုပြီး buffတွေ အစုံလိုက်အပြည့် ပေးထားလိုက်လေ၊ အဲဒီလိုဆိုရင် မင်းကံကောင်းပြီး ဒီနေ့လယ်မှာ FTWက starterတွေနဲ့ matchပွဲ ရနိုင်တာပဲ”


ဂယ်ရီက သူ၏စကားနှင့် အမီမလိုက်နိုင်ပေ။


“ငါကမင်းနဲ့ အသင်းတိုက်ပွဲ ကစားချင်တာလေ”


ဝေ့ရှောင်း၏ မျက်လုံးက ထိုအရူးလေးကို ဂရုစိုက်ချင်စိတ်အပြည့်နှင့်ဖြစ်သည်။


“မင်းကသာ ဒီနေ့လယ်မှာ ငါတို့နဲ့ match upလုပ်နိုင်သမျှ ငါတို့ရဲ့ FTWကို အမှတ်အနုတ်တွေချည်းပဲရအောင် ထုရိုက်နိုင်တယ်လေ၊ ဒီလိုဆိုရင် L&Pက ပထမနေရာ ရသွားတဲ့အခါ မင်းငါတို့ကို လုပ်ချင်တိုင်း လုပ်လို့ရပြီမဟုတ်လား”


လောင်ကျီ..


“....”


ဘေးဘက်မှ နားထောင်နေသော နင်ကျယ်နှင့် ပိုင်ချိုင်..


“....”


သူတို့သည် မည်သည့်အရာကိုမှ လေးစားစရာ မရှိသည့်တိုင်အောင် ဝေ့ရှောင်းကိုမူ လေးစားပေးရပေမည်။


ဘယ်လောက်တောင် ပါရမီရှင်ဆန်လွန်းတဲ့ logicလဲ။


အပြင်ဘက်တွင် စီးကရက်သောက်နေသော ယွမ်ဇယ်က နားထောင်နေရင်း သူ၏နားမှ ပန်းများပွင့်လာမတတ် ခံစားလိုက်ရသည်။


ဂယ်ရီ..

80 04

“မင်းပြောတာ နည်းနည်းတော့ ဟုတ်သလိုလို”


ထိုသို့ဖြင့် ခွေးအိုကြီးယွမ်က အရူးကြီးကျီကို လာကောက်ယူရသည်။


“သွားမယ်”


ယွမ်ဇယ်၏ ဦးနှောက်ကပင် နာလာသည်။


“မင်းနောက်တစ်လုံးထပ်ပြောရင် မင်းနောက်၆နာရီလုံးလုံး စစ်သားလိုတက်ရမယ်”


ဂယ်ရီ..


“....”


ဝေ့ရှောင်းက သူ့ကိုအားပေးသည်။


“ကြိုးစားနော်”


ဂယ်ရီက ခေါင်းလှည့်ကာ ကြည့်လိုက်သည်။ သို့သော် ဘာစကားမှ မပြောသွားပေ။ 


ယွမ်ဇယ်က တခြားအသင်းမှ junglerကိုကြည့်ရင်း သူ၏ ကိုယ်ပိုင်junglerကို ပြန်ကြည့်သည်။


“......”


FTWက ဒီနှစ်မှာ ရတနာ×မိစ္ဆာကို ကောက်ယူနိုင်ခဲ့တာပဲ။

++++++