အပိုင်း 81
စားသောက်နေချိန်တွင် အဆင့်အတန်းမြင့်ပြီး ကောင်းမွန်လွန်းသော အစားအသောက်များကိုသာ စားလေ့ရှိသော ပိုင်ချိုင်က သူ၏တူကို အလွန်အမင်း ဖြည်းညှင်းစွာရွှေ့လေသည်။
ဝေ့ရှောင်းက သူ့ကိုတစ်ချက်ကြည့်သည်။
“ဘာဖြစ်နေတာလဲ”
ပိုင်ချိုင်က သီးသန့်စာများကိုဖတ်ရင်း သူ၏ခေါင်းက ကွဲထွက်မတတ် ကျိန်းစက်မှုကို ခံစားလိုက်ရသည်။
ဝေ့ရှောင်းက အနားသို့ ငုံ့ကိုင်းလာသည်။
ချိုင်ကောသည် weibo postတစ်ခုကို တည်းဖြတ်နေခြင်းဖြစ်သည်။ စာသားများကလည်း အလွန်ကြီးမားပြီး ဆွေးနွေးခြင်း postတစ်ခုဖြစ်နိုင်သည်။
အိုး ဒါက အတင်းအဖျင်းဧက္ကရာဇ်ရဲ့ နေ့စဥ်seriesပဲ။
ဝေ့ရှောင်းက အလွန်သိချင် သွားသည်။
“ဘယ်သူ့ကို ရေးနေတာလဲ”
ထို့နောက်သူက တစ်ချက်ငဲ့ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။
“လောင်ပိုင် မင်း ရွံသလိုမခံစားရဘူးလား”
ပိုင်ချိုင်...
“....”
ရှောင်နင်ကလည်း သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေခြင်းဖြစ်သည်။ ပိုင်ချိုင်က အကြောင်းအရာပေါ်သွားမည့်အခြေအနေကို စိုးရိမ်မိသဖြင့် wechatမှ စာဖြင့်လှမ်းပို့သည်။
“သောက်ကျိုးနည်း ပါးစပ်ကိုပိတ်စမ်း”
ဝေ့ရှောင်းကလည်း ပိုင်ချိုင်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားမည့်အခြေအနေကို စိုးရိမ်မိသည်။ ထိုအတွက်ကြောင့် ပါးစပ်ကို ပိတ်ပြီး စာပို့လိုက်သည်။
“မင်းမရှက်ဘူးလား၊ ဘာကိုသောက်ကျိုးနည်း အရွက်ကြွေးတဲ့ cpလဲ၊ မင်းကိုယ့်ကိုယ်ကိုယ် နည်းနည်းလေးတောင် လေးစားပြီး မင်းရဲ့ကိုယ်ပိုင်Cpကို မတွန်းပို့လို့ ရမလား”
ပိုင်ချိုင်က တွေးလိုက်သည်။
ကိုယ့်ကိုယ်ကိုယ် တွန်းပို့တဲ့ စီးပွားရေးကို ဝင်ရောက်ထားတဲ့ တစ်စုံတစ်ယောက်အနေနဲ့ မင်းငါ့ကို အဝေဖန် အကဲခတ်တာ မရှက်ဘူးလား။
ပိုင်ချိုင်က ဆက်လက်ပြီး စာရိုက်နေသည်။
“မနေ့က တောက်ပမှုတွေအားလုံးကို ယူပြီး အဆုံးသတ်သွားပါလို့ မင်းကို ဘယ်သူကပြောလို့လဲ၊ မင်းသောက်ကျိုးနည်းငါ့ကို ရှာဖွေမှုအများဆုံး စာရင်းကို ပို့လိုက်တာလေ”
ဝေ့ရှောင်းကဖြေသည်။
“မင်းရဲ့ စကားလုံးအသုံးနှုန်းကို သတိထားနော်၊ ငါတို့အကြားက ကိစ္စတွေက ရှင်းလင်းကြည်လင်ပြီး အပြစ်ကင်းစင်တယ်”
ပိုင်ချိုင်၏ ဦးခေါင်းခွံက ရှင်းပြရန် ခက်ခဲလောက်အောင် တောင့်တင်းတက်လာသည်။ သူသည် စာကိုပြန်လည်ဖျက်သည့် ခလုတ်များကိုသာ တောက်လျှောက်နှိပ်လိုက်သည်။
ခေါင်းဆောင် ဒီစာကြောင်းကို ဘယ်တော့မှ မမြင်ပါစေနဲ့။ သူမြင်သွားခဲ့ရင် သူတော့အဆုံးသတ်ပြီပဲ။
ပိုင်ချိုင်က တည်းဖြတ်နေသော weibo postသည် quietနှင့် whiteအကြောင်းဖြစ်သည်။
မနေ့ညက FTW၏ offical blogသည် သူတို့၏ junglerအသစ် quietကို offical ကြေညာခဲ့သည်။ ဝေ့ရှောင်း၏ နာမည်က လူတိုင်းသိသွားကြပြီဖြစ်သည်။
ထိုအတွက်ကြောင့် အသီးအရွက်ကြွေးcpကလည်း အလိုအလျောက်ပေါ်ပြီး ရှာဖွေမှုအများဆုံးစာရင်းတွင် ထင်းနေလေသည်။
ဝေ့ရှောင်းနှင့် ပိုင်ချိုင်တို့၏အတိတ်က မရှာဖွေသမျှ လူအများ မသိလောက်မည့် အခြေအနေမျိုးတွင်ဖြစ်သည်။ သို့သော် ရှာဖွေလိုက်သည်နှင့် သူတို့ချစ်သွားကြသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က လူသစ်ဘုရင်သည် ပျံတက်သွားနိုင်လောက်အောင် အံ့အားသင့်ဖွယ်ကောင်းသော အမတjunglerဖြစ်ပြီး သူ၏ကိုယ်ပိုင်အထောက်အပံ့လေးကိုခေါ်လျက် အဓိက ကလပ်တိုင်းနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။
81 02
ကံဆိုးသည်မှာ လူသစ်ဘုရင်က ပျောက်သွားပြီး အထောက်အပံ့လေးက ကျဆုံးသွားသည်။
နှစ်နှစ်ခန့်ကြာပြီးနောက် သူတို့နှစ်ယောက်လုံးက FTWတွင် ပြန်လည်ဆုံသည်။ သူတို့၏ အိပ်မက်က တစ်ဖန်ပြန်လည်ပြီး ရွက်လွှင့်နိုင်လေပြီ။
ထိုသို့ဖြင့် အမွှေးဖွားများ၊ နူးအိသောအရာများ၊ ဓားများပြည့်နှက်နေပြီးနောက်တွင် စိတ်လှုပ်ရှားစရာကောင်းလွန်းသောအရာက လိုက်ပါလာသည်။
ဝေ့ရှောင်းက မနေ့ညက ကျိုးရှင်းဖေးကို အစိတ်စိတ်အမွာမွာ ဖြစ်သွားသည်အထိ ထုရိုက်ခဲ့သော ကိစ္စအပြင် တောင်းပန်တာကို လက်မခံဘူးဆိုသော ကိစ္စကတင် သူ၏ alphaဆန်သော အရှိန်အဝါကို ပေါက်ကွဲစေရန် လုံလောက်သည်။ ထိုသို့ဖြင့် မရေမတွက်နိုင်သော ပရိသတ်ပေါင်းများစွာကို ဆွဲဆောင်လိုက်နိုင်သည်။
စင်အောက်သို့ ဆင်းခဲ့ရချိန်က ပိုင်ချိုင်၏မျက်လုံးများသိသာစွာ နီနေခဲ့သည်။ ဝေ့ရှောင်းက သူ့ကိုကာကွယ်ထားသော မြင်ကွင်းဟာ မရေမတွက်နိုင်သော ပရိသတ်ပေါင်းများစွာ၏ နှလုံးသားကို ဆွဲဆောင်သွားသည်။
အသီးအရွက်ကျွေးcpက မကျော်ကြားစရာ ကောင်းကင်ဘုံက ချမှတ်ထားတဲ့ သင့်လျော်တဲ့ အကြောင်းပြချက်ကို မရှိဘူး။
မနက်အစောပိုင်းတွင် ပိုင်ချိုင်သည် ထိုသီးသန့်စာအပုံလိုက်ကို မြင်ရင်း ကိုယ့်ကိုယ်ကိုယ်ပင် သက်သေချင်သွားသည်။
သူ သူ့ရဲ့ ကိုယ်ပိုင်cpတွေကို သုံးရတာ စိတ်ထဲမထားပါဘူး။ ဘာပဲဖြစ်ဖြစ် သူcloseရဲ့ ကျော်ကြားမှုကိုယူပြီး အရှက်မဲ့ခဲ့တာ ကြာပြီလေ။
ဒါပေမဲ့ ဒီအရွက်ကျွေး cpကတော့ သူတကယ်ကို မတွန်းပို့ရဲဘူး။ သူဝေ့ရှောင်းကိုတော့ မကြောက်ပါဘူး။ ဒါပေမဲ့သူ မဟာမိစ္ဆာဘုရင်ကို ကြောက်တယ်။
ချိုင်ကောအနေဖြင့် FTWတွင် ရှင်သန်ရန် မလွယ်ကူပေ။ သူသည် လမ်းပေါ်တွင် အဆုံးသတ်သွားချင်စိတ် မရှိသေးပေ။
သို့ရာတွင် အင်တာနက်တစ်ခွင်လုံးက ထိုအကြောင်းအရာကို အကြိတ်အနယ် ဆွေးနွေးနေကြသည်။ ကျော်ကြားခမ်းနားထည်ဝါလွန်းသော အောင်နိုင်မှုအပြည့်နှင့် အတင်းအဖျင်းဧက္ကရာဇ်ကသာ ထိုအကြောင်းအရာကို တည်းဖြတ်ပြီး မတင်မှသာ ထူးဆန်းနေပေလိမ့်မည်။
ထို့အပြင် အမျိုးမျိုးသော cpများကို တွန်းရဲသော ဈေးကွက်ဆုံးအနေနှင့် သူသည် ကုတ်တရက် အရွက်ကျွေးcpကို မတွန်းရဲလျှင်......။
ဒါကဘာလဲ။
ပိုင်ချိုင်သည် ဉာဏ်များကာ လှည့်စားပြီး အကောက်ကြံတတ်လွန်းသော ထိုပြည်သူများက အတင်းအဖျင်းဧက္ကရာဇ်၏ weiboအား အသီးအရွက်ရိုးတံလေးတစ်ချောင်း လဲနေကြောင်း တွေ့သွားမည့်အခြေအနေကို စိုးရိမ်မိခဲ့သည်။
ထို့ကြောင့် ချိုင်ကောက တိုးရန်သာ တတ်နိုင်သည်။ ထို့အပြင် သူအလေးအနက်ထားကာ လုပ်နေရသေး၏။
သူသည် အတတ်နိုင်ဆုံး ကြိုးစားပြီး ရိုးသားဟန်ဆောင်ကာ ထိုcpအောက်တွင် ပုန်းကွယ်နေသော အမှိုက်များကိုပင် လျှို့ဝှက်ကာ အရိက်အမြိက်ပြလိုက်သည်။ ဒီနည်းအားဖြင့် နတ်မိမယ်လေးများက ခပ်မြန်မြန် ထွက်ပြေးသွားရန်မျှော်လင့်သည်။
ဘဝက တအားခက်ခဲတယ်။ သောက်ကျိုးနည်း ပိုင်ချိုင်အနေနဲ့ ဒီတိုတောင်းလွန်းတဲ့ postတစ်ခုကို တည်းဖြတ်ဖို့ ဦးနှောက်ဆဲလ်တွေ ဘယ်လောက်အလုပ်လုပ်ထားရတယ်ဆိုတာ ဘယ်သူကသိမှာလဲ။
ဝေ့ရှောင်းက သူ၏ဆဲလ်ဖုန်းကို ထုတ်ပြီး အချိန်အတန်ကြာအောင် မွှေနှောက်ကြည့်သည်။ သူက ကြည့်လေလေ ဒေါသထွက်လေလေ ဖြစ်လာသည်။
“လောင်ဇီရဲ့ ပိတ်လှောင်ခြင်းcpက ဘာဖြစ်သွားတာလဲ”
အရှိန်အဟုန်အပြည့်ရဖို့က လွယ်တာမဟုတ်ဘူး။ ဒါပေမဲ့အခု အားလုံးသွားပြီ။
ပိတ်လှောင်ခြင်း cpဖန်များသည် အရွက်ကျွေးcpဖန်ရှိရာသို့ ပူးပေါင်းရန် နံရံကျော်တက်သွားကြသည်။
သောက်ကျိုးနည်းအရွက်ကို သွားကျွေးပါလား။
ဒီချိုင်ကောရဲ့ ကျော်ကြားမှုက ခေါင်းဆောင်ရဲ့ကျော်ကြားမှုနဲ့ယှဥ်ရင် အပုံတစ်ထောင်မှာ တစ်ပုံတောင်မီလို့လား။
ဝေ့ရှောင်းက သူ၏ကိုယ်ပိုင်ဖန်အကောင့်ကို ကြည့်သည်။ ထို့နောက် ပိုင်ချိုင်၏ ဖန်accကို ကြည့်၏။
ပိုင်ချိုင်၏ ပရိသတ်အရေအတွက်က သူ့လောက်ပင် မမြင့်ပါပေ။
ဒါက မကောင်းသေးဘူး။
အားနည်းတဲ့သူနှစ်ယောက်က အတူ စုစည်းနေရုံနဲ့ ဘာအကျိုးမှ မဖြစ်လာဘူး။ သူပေါင်လုံးကြီးကို ဖက်ရမှာ။
81 03
ဝေ့ရှောင်းကပြောသည်။
“ခေါင်းဆောင်ကို တွေ့သေးလား”
နတ်ဆိုးကိုပြောမှ နတ်ဆိုးက ပေါ်လာသည်။ ချန်းဖုန်းနှင့် လုဖုန်းတို့က အစည်းအဝေးပြီးသောကြောင့် အောက်ထပ်သို့ စားရန်အတူတကွ ဆင်းလာကြသည်။
ဝေ့ရှောင်း၏ ထက်ရှသော မျက်လုံးက သူတို့ကို ချက်ချင်းလိုလို မြင်လိုက်လေပြီး နှစ်ယောက်ကို သွားပြေးခေါ်သည်။
“နည်းပြ ခေါင်းဆောင် ဒီကိုလာပါ”
လုဖုန်းက ကြည့်သည်။
ဝေ့ရှောင်းကလည်း ခေါင်းဆောင်နှင့် မျက်လုံးချင်းဆုံလိုက်သောအခါ ရုတ်တရက် အံ့သြသွားသည်။ ဝေ့ရှောင်းက အနည်းငယ် ရှက်သလို ခံစားလိုက်ရ၏။
ဟေး သူဘာကို ရှက်ရဦးမှာလဲ။ ဒီတိုင်း စီးပွားရေးကိစ္စတစ်ခု ဆွေးနွေးဖို့ ရှက်ရွံ့မိရုံပါပဲ။
လုဖုန်းက အနားသို့လာသည်။ ဝေ့ရှောင်းက ပိုင်ချိုင်ကို တွန်းလိုက်၏။
ပိုင်ချိုင်..
“?”
“မင်းဝပြီမဟုတ်လား၊ သွားသွား ခေါင်းဆောင်အတွက် နေရာဖယ်ပေး”
ပိုင်ချိုင်..
“.....”
ဝေ့ရှောင်းက စားပွဲအောက်မှ တစ်ဆင့် ပိုင်ချိုင်ထံ wechatစာပို့သည်။
“ဒီကိစ္စသာ အောင်မြင်ရင် မင်းငါ့ကို သစ္စာဖောက်ခဲ့တဲ့အတွက် ငါမင်းကို ခွင့်လွှတ်ပေးမယ်”
ပိုင်ချိုင်က ထိုကိစ္စဆိုသောအရာကို မြင်လိုက်ရုံနှင့် သူ၏နှလုံးသားက မြက်များပြည့်နှက်ပြီး မြင်းခွာမှရွံ့များပင် ထူထပ်လာသည်။
လုဖုန်းက ထိုင်ပြီးခါစသာ ရှိသေးသည်။ ဝေ့ရှောင်းက သူ့ကို နေရောင်အလား တောက်ပသော အပြုံးမျိုးပေးလိုက်သည်။
“ခေါင်းဆောင် ဒါလေးစားကြည့်ပါလား၊ ဒါအရမ်းအရသာရှိတယ်”
ဝေ့ရှောင်းက ထိုနေရာတွင် ရှိနေသည့် သန့်ရှင်းသော တူတစ်စုံကို အသုံးပြုပြီး အနားရှိ တရုတ်နံနံတစ်ဖက်ကိုယူကာ လုဖုန်း၏ပါးစပ်နား တွန်းပို့ပေးလိုက်သည်။
အရွက်ကျွေးcpဟုတ်လား။
ဟွန့် အသီးအရွက် တကယ်ကျွေးတာ ဘယ်လိုလဲဆိုတာ အားလုံးကို မြင်ခွင့်ပြုလိုက်မယ်။
ထိုအချိန်တွင် မျက်နှာသေနှင့် အရွက်ချိုင်ကောက ထိုမြင်ကွင်းကို အောင်မြင်ပိုင်နိုင်စွာ ဓာတ်ပုံရိုက်ယူလိုက်လေသည်။
ကလစ်။
******