အပိုင်း (82) နှစ်ယောက်အတူ ဝင်တိုးရတဲ့ ပျော်ရွှင်မှု
လုဖုန်းသည် သူ၏အရှေ့မှ နံနံပင်ကို ငုံ့ကြည့်လိုက်သည်။
သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော ချန်းဖုန်းကမူ သူ၏မျက်လုံးကို အုပ်ထားလိုက်ချင်သည်။
ဒါက ဘာများ သက်ဆိုင်နေလို့လဲ။
Closeက နံနံပင်မှ မကြိုက်တာ။ နံနံပင်တင် မဟုတ်ဘူး။ ထူးဆန်းတဲ့အရသာရှိတဲ့အရွက် ဘာကိုမှ မကြိုက်ဘူး။
ဝေ့ရှောင်းသည် Close၏ နံပါတ်၁အမာခံ ပရိသတ်ဖြစ်ရန် ကျရှုံးသွားသည်။ သူက ဒါကိုတောင် မသိဘူး။
သေချာစွာပင် ထိုအကောင်သည် Closeနှင့် soloဂိမ်းကစားရန်သာ လောဘကြီးခြင်း ဖြစ်လောက်သည်။
လုဖုန်းက အရှေ့သို့ အနည်းငယ် ငုံ့ကိုင်းရင်း ဝေ့ရှောင်းထံမှ နံနံပင်ကို ကိုက်ယူလိုက်ကာ စားလိုက်သည်။
ဝေ့ရှောင်း၏အပြုံးက ပို၍ကြီးပြီး တောက်ပလာသည်။
“အရသာရှိလား”
လုဖုန်း..
“အင်း”
ချန်းဖုန်း..
“.....”
ယခုလေးတင် ဓာတ်ပုံတဖြတ်ဖြတ် ရိုက်ပြီးခါစ ပိုင်ချိုင်က ရိုးသားစွာ ဝန်ခံသည်။
“ဝေ့ရှောင်းက ငါ့ရဲ့ကျော်ကြားမှုက တအားနိမ့်တယ်လို့ထင်ပြီး ခေါင်းဆောင်နဲ့ပဲ cpဖွဲ့ချင်တာတဲ့”
သူသည် သူ၏နာမည်ကို ခပ်မြန်မြန် ရှင်းလင်းလိုက်ပြီး သူ၏ သန့်ရှင်းသပ်ရပ်ကာ ဖြူဖွေးသော ဂေါ်ဖီထုပ်လေးကို အချဥ်ရည်ထဲမှ ကောက်ခူးလိုက်သည်။
ဝေ့ရှောင်းသည် လုဖုန်း၏အနားသို့ ငုံ့ကိုင်းကာ သွားပြီး အရွက်ကျွေးcpနှင့် ပတ်သက်သည့် ကိစ္စကို ခပ်မြန်မြန် ရှင်းပြလိုက်သည်။ ထို့နောက် ဂုဏ်ယူစွာ ထပ်ဖြည့် ပြောလိုက်သေးသည်။
“ငါတို့နှစ်ယောက်ကမှ အစစ်အမှန်အရွက်ကျွေးcpပဲ”
လုဖုန်းက တစ်ခဏခန့် ရပ်တန့်သွားပြီးနောက် ပိုင်ချိုင်ကိုပြောသည်။
“ဓာတ်ပုံတွေကို ရှန်းလျိုကို ပို့လိုက်”
ပိုင်ချိုင်..
“အမ်”
လုဖုန်းက ပြောသည်။
“ဓာတ်ပုံနည်းနည်းလောက် ထပ်ရိုက်ပြီး အသင်းရဲ့ နေ့စဥ်လှုပ်ရှားမှုဆိုပြီး official blogမှာ တင်လို့ရတယ်”
ချန်းဖုန်းက မျက်လုံး လှန်ရလွန်းသဖြင့် ကောင်းကင်ဘုံသို့ မြောက်တက်လုနီးပါး ဖြစ်သွားသည်။ သူက စကားဝင်မပြောသော်လည်း ထိုစကားလုံးများကို နားလည်ရန်အတွက် စကားဝင်ပြောရန် မလိုအပ်ပေ။
မင်း ဒီကောင်ကို သေတဲ့အထိ အလိုလိုက်နေလိုက်။
ဝေ့ရှောင်းက ချက်ချင်းလိုလို ပျော်သွားသည်။
“ဝမ်းသာစရာပဲ၊ ငါအခုလေးတင် ဒီဓာတ်ပုံတွေ ဘယ်လိုတင်ရမလဲဆိုတာ စဥ်းစားနေတာ”
ထိုကဲ့သို့သော ဓာတ်ပုံမျိုးကို အသင်းဖော်က ရိုက်ထားပေးသည်မှာ ရှင်းလင်းလွန်းနေသည်။ သေချာစွာပင် အတင်းအဖျင်းဧက္ကရာဇ်၏အကောင့်ဖြင့် တင်၍ မရချေ။
ပိုင်ချိုင်၏ အဓိကအကောင့်ကလည်း တင်၍ မရသေးပြန်ချေ။ သူသည် လုံလောက်အောင် လှည့်စားထားပြီးသား ဖြစ်သည်။ ဒီ့ထက်ပို၍ လှည့်စား၍ မရနိုင်တော့ချေ။
ဝေ့ရှောင်းကိုယ်တိုင် တင်လိုက်ပြန်လျှင်လည်း ထူးဆန်းနေပေလိမ့်မည်။ သူသည် မူလကမူ ရှောင်လင်ကို တောင်းဆိုချင်ခဲ့၏။
82 02
သို့သော် ယခုအခြေအနေက ပိုကောင်းသည်။ လုဖုန်းက ပြဿနာကို ဖြေရှင်းပေးလိုက်၏။
FTW၏ official blogက အသင်းဖော်များ၏ နေ့စဥ်လှုပ်ရှားမှု snapshotပုံများကို တင်နေကျဖြစ်သည်။ အရွက်ကျွေးခြင်းဆိုသော ကြောင်တောင်တောင်နိုင်သည့်စာမျိုး မထည့်ထားလျှင်ပင် လေ့ကျင့်ရေးလုပ်ခြင်း၊ အားကစားလုပ်ခြင်း အစားအသောက်စားခြင်းဆိုသော ဓာတ်ပုံများကို တင်ခဲ့ဖူးလေသည်။
သို့ရာတွင် ထိုဓာတ်ပုံက အခြားသော သာမန်ဓာတ်ပုံများနှင့် ရောနှောကာ တင်လိုက်လျှင် အဆင်ပြေလောက်သည်။
ရှန်းလျိုက ထိုဓာတ်ပုံများကို စိုက်ကြည့်ပြီး ထိုအတွေးနှင့်အတူ ကိုယ့်ကိုယ်ကိုယ် စိုက်ကြည့်နေရသည်။
ပိုင်ချိုင်၏ ဓာတ်ပုံရိုက်စွမ်းရည်က အလွန်ကောင်းမွန်လွန်းသည်ဟု ပြော၍ရပေမည်။ ထိုဓာတ်ပုံများဟာ လိုရင်း ရောက်လွန်းသည်။
ဝေ့ရှောင်းသည် လက်တိုရှပ်တစ်ထည်ကို ဝတ်ဆင်ထားသည်။ သူ၏လက်မောင်းများက ဖြူဖျော့သည်။ သူ၏ သွယ်လျသော လက်ချောင်းများက ခက်ရင်းကို ကိုင်ထားပြီး သူ၏ဟန်အမူအယာကလည်း ကြုံသလို လုပ်လိုက်ပုံ ပေါ်နေသေးသည်။ သို့သော် ငယ်ရွယ်သော အရိုင်းဆန်မှု အပြည့်အဝကို သယ်ဆောင်ထားသည်။ သူ၏နှုတ်ခမ်းထောင့်စွန်းတွင် သယ်ဆောင်ထားသော အပြုံးက ဆိုးသွမ်းသောပုံစံ၏ တစ်စွန်းတစ်စကို သယ်ဆောင်ထားသည်။
သူ ဖမ်းယူထားသော ရှုထောင့်တွင် ပါနေသော Closeသည် ပို၍ပင် မှင်တက်ဖွယ် ကောင်းသေးသည်။ သူ၏ဘေးတိုက်ပုံက သူ၏ပြီးပြည့်စုံသော မေးရိုးနှင့် မြင့်မားသောနှာတံကို ထင်းထွက်နေစေသည်။ သူ၏ အောက်သို့ဆင်းကျနေသော မျက်ခွံများနှင့် မျက်တောင်များသည်လည်း သိသာထင်ရှားလွန်းနေခဲ့ပြီး အနက်ရောင် မျက်လုံးများက ဝေ့ရှောင်းကို မျက်တောင်ပင် မခတ်ဘဲ ငုံ့ကြည့်နေလေသည်။
Official blogကို တာဝန်ယူထားသော ရှောင်ကျဲကျဲသည် ထိုဓာတ်ပုံကို တစ်မိနစ်လုံး ထိုင်ကြည့်နေပြီးနောက် မနေနိုင်ဘဲ ပြောလိုက်မိသည်။
“ဘယ်လောက် ချောလိုက်သလဲ”
မဟာမိစ္ဆာဘုရင်ကြီးက ယခင်အတိုင်း အေးစက်ပြီး အလွန်လန်းသည်မှာ သံသယဝင်စရာမရှိပေ။ သို့သော် တချို့သော အကြောင်းပြချက်များကြောင့် ဤဓာတ်ပုံထဲတွင်.....။
ထိုရှောင်ကျဲကျဲသည် သူမ ပြောလိုသော စကားလုံးများက ခေါင်းထဲသို့ တောက်လျှောက်တက်သွားခဲ့ပြီး ပိုးကောင်အသွင် ပြောင်းသွားသည့်အလား ကြောက်လန့်သွားရသည်။
Closeက အရမ်းဖျားယောင်းနေတယ်လို့တောင် ခံစားလိုက်ရတယ် ဘုရားရေ။
တစ်နှစ်ပတ်လုံး အေးစက်ပြီး မာနကြီးလွန်းပုံပေါ်သော အချို့လူများက သူတို့၏ လည်တိုင်နားတွင်ရှိသော ညှပ်ရိုးအနည်းငယ်ကို ဖော်ထားလိုက်ရုံလေးနှင့် အံ့အားသင့်စရာကောင်းသော လှုံ့ဆော်နိုင်စွမ်းရည်ရှိသည်။
Official blogကို တာဝန်ယူထားသော ထိုရှောင်းကျဲကျဲက သူမ၏မျက်နှာကို တဖျတ်ဖျတ် ရိုက်လိုက်ရင်း ခပ်မြန်မြန် တင်လိုက်ရသည်။
သူက တကယ်ကို အပြစ်သင့်လောက်အောင် ချောတယ်။ ဒါကဒီတိုင်းသာမန်ရိုက်ထားတဲ့ ဓာတ်ပုံလေးပါပဲ။ ဒါက ဒီလောက်ထိ ဆွဲဆောင်မှုပြင်းနေတယ်။
သူတို့က စားပြီးသွားချိန်တွင် FTW၏ official blogပေါ်မှ ကောမန့်များက ပေါက်ကွဲနေပြီ ဖြစ်သည်။
Official blogသည် ဓာတ်ပုံလေးပုံကို တင်ထားသည်။ ပထမတစ်ပုံကမူ အိပ်ရာထခါစဖြစ်သောကြောင့် ဝေဝေဝါးဝါးမျက်လုံးများနှင့် ရှောင်နင်ဖြစ်သည်။ ဒုတိယတစ်ပုံကမူ အာလူးကြော်အထုပ်ကြီး သုံးထုပ်ကို ကိုင်ထားသော ယွဲ့ဝမ်လဲ့ဖြစ်၏။ တတိယတစ်ပုံကမူ နားကြပ်တပ်ထားပြီး ပတ်ပြေးနေသော ပိုင်ချိုင်ဖြစ်သည်။ လေးပုံမြောက်ကမူ ဝေ့ရှောင်းနှင့် လုဖုန်းတို့၏ပုံဖြစ်သည်။
ထိုကဲ့သို့ အမျိုးမျိုးသော ဖြစ်စဥ်များပါဝင်သည့် ဓာတ်ပုံများကို ကြည့်ပြီးသော ပရိသတ်များက....သူတို့သည် ပထမဓာတ်ပုံကို ကြည့်သောအခါ....အိုး ဟေး ဒီမီးခိုးရောင်အဖွား ကောင်လေးက တကယ်ချစ်ဖို့ ကောင်းတာပဲ.....ဒုတိယတစ်ပုံတွင်....ကောင်းသားပဲ နတ်ဘုရားလဲ့ရဲ့ အာလူးကြော် ကြော်ငြာချိန်က ရောက်လာပြန်ပြီ။
တတိယတစ်ပုံတွင်မူ အံ့အားသင့်စရာ မကောင်းသေးချေ။ အာ ချိုင်ကောက အားနည်းတဲ့ ရှို့ပုံလေး ပေါ်နေတာတောင်မှ သူ့ရဲ့ခန္ဓာကိုယ်ကို သန်မာအောင် ပြင်းပြင်းထန်ထန် ကြိုးစားနေသေးပြန်ပြီ။
ထိုသို့ဖြင့် သူတို့သည် နောက်ဆုံးပုံသို့ ရောက်သွားကြ၏။
အဆင့်မြင့်အရေအသွေးရှိ လူနှစ်ယောက်၏ ချိုမြိန်လွန်းသော ပြောဆိုဆက်သွယ်နေမှုက ပရိသတ်ပေါင်းများစွာ၏ ဦးနှောက်ကို ချက်ချင်းလိုလို ဆေးကြောပစ်လိုက်ပြီး..
“holy shit holy holy shit”
82 03
အရွက်ကျွေးcpထံ နံရံကျော်တက်ပြီးသွားခဲ့သော ပိတ်လှောင်ခြင်းcpမှ ကျဲကျဲများသည်လည်း တစ်ယောက်ပြီး တစ်ယောက် အိမ်ပြန်လာကြသည်။ သူတို့သည် သူတို့၏အလံကို မြောက်အောင် မြှောက်ကိုင်လျက် ထိုအလံများကို ရမ်းခါရင်း အခြားသော ဆိုးယုတ်သည့် အဖွဲ့အစည်းများကို လွင့်ပျယ်စေရန် ပြင်းပြင်းထန်ထန် ကြိုးစားရင်း အော်ဟစ်နေလိုက်ကြသည်။
FTW၏ အမျိုးသမီးပရိသတ်များကို မှင်တက်စေသည်မှာ တစ်နှစ်ပတ်လုံး weiboသို့ log inဝင်ခြင်းမရှိသော ထိုapp ရှိကြောင်းကိုပင် မေ့လျော့နေခဲ့သော Closeက log in ဝင်လာခဲ့သော အချက်ကြောင့် ဖြစ်သည်။
သူသည် ထိုpostကို forwarded သွားသည်။
ခိုးကြောင်ခိုးဝှက်မှင်စာလေး ဝေ့ရှောင်းကလည်း ထိုသို့ ကျော်ကြားမှုတချို့ ရရှိနိုင်သည့် အခွင့်အရေးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။ သူသည် Close၏ weibo postကို forwardရင်း မေးလိုက်သည်။
“အရသာရှိလား”
Closeက replyပြန်သည်။
“အရသာရှိတယ်”
ဆယ်မိနစ်တည်းသာ ရှိသေးသည်။ ထိုရိုးရှင်းသော weibo postက စကားလုံးအနည်းငယ် ထပ်ထည့်လိုက်ရုံနှင့် စကားလုံးသောင်းကျော်အထိ ဖြည့်၍ရသော စာစီစာကုံးများ ပေါ်ပေါက်လာလေပြီး အရွက်ကျွေးcpကို အာကာသအပြင်ဘက်အထိ တောက်လျှောက် လွင့်ထွက်သွားအောင် လွှင့်ပစ်လိုက်နိုင်သည်။
သောင်းပေါင်းများစွာသော ပြည်သူများက ကောင်းကင်ပေါ်သို့ ခုန်ပျံတက်ရောက်နေကြပြီ ဖြစ်သည်။ ပိတ်လှောင်ခြင်းကျဲကျဲများသည် အော်ဟစ်ရလွန်းသဖြင့် အောက်စီဂျင်ပင် ပြတ်မတတ်ဖြစ်ပြီး မူးဝေသွားကြသည်။
ဝေ့ရှောင်းက ဒုန်းကျဥ်အလား ထိုးတက်နေသည့် သူ၏ ပရိသတ်အရေအတွက်ကို ကြည့်ရင်း ပိုင်ချိုင်ကို ကြွားလိုက်သည်။
“မြင်လား ဒါကမှ ထိပ်တန်းအဆင့် ကစားသမားတွေရဲ့ ကျော်ကြားမှုနဲ့ trafficစီးဆင်းမှုပဲ”
ပိုင်ချိုင်..
“....”
ဝေ့ရှောင်းက သူ၏ဓာတ်ပုံကိုကြည့်ပြီး ပိုင်ချိုင်ကို ချီးကျူးသည်။
“ကောင်းကောင်း ရိုက်ထားတာပဲ”
ချိုင်ကော..
“....”
မမေ့နဲ့။ မင်းမေ့ရင် သူဂိမ်းကိုလွှင့်ပစ်ပြီး အမှောင်ထဲဝင်မိတော့မယ်။
ထိုကိစ္စတွင် ကိုယ်တိုင်ကိုယ်ကျ ဝင်ပါရိုက်ကူးပြီး သရုပ်ဆောင်ခဲ့ပြီးနောက်တွင် ဝေ့ရှောင်းက ထိုကိစ္စကို ခေါင်းနောက်ဘက်သို့ လွှင့်ပစ်လိုက်သည်။
Cpတွန်းသည်မှာ အပျော်သာ ဖြစ်သည်။ ပရိသတ်များကို အမှန်တကယ် ပိုင်ဆိုင်ရန် သင့်လျော်သော နည်းလမ်းက ရလဒ်များကို အရယူခြင်း ဖြစ်သည်။
ထိုမျှ ပရိသတ်အရေအတွက် မြောက်မြားနေခြင်းက သူ၏မျက်နှာ တစ်ခုတည်းကြောင့်သာ မဟုတ်ချေ။ သူတို့၏အရှေ့တွင် ချန်ပီယံဖလား တစ်ခုပြီးတစ်ခု ကောက်ချပြီး ပုံထားပေးမှသာ အမှန်တကယ် ဂုဏ်ယူရပေမည်။
ဝေ့ရှောင်းကလည်း သူ့ကို အားပေးနေသော ထိုပရိသတ်သေးသေးလေးများကို စိတ်မပျက်စေချင်ပေ။
++++++