အပိုင်း 83
ထိုညနေတွင် teamဝင်္ကပါနှင့်ပတ်သက်ပြီး ဆုံးဖြတ်ရန် မဲနှိုက်ရန် မလိုအပ်ခဲ့ပေ။ ယွဲ့ဝမ်လဲ့က ချိုင်ကောကို ခေါ်သွားပြီး ရှောင်နင်က တစ်ယောက်တည်း ဝင်တိုးသည်။
နင်ကျယ်ဟန်သည် ထိုကိစ္စနှင့် ပတ်သက်ပြီး အလွန်ထိတ်လန့်နေသေးသည်။ သူက 5v5တွင် ယုံကြည်မှု ရှိသည်။ သို့သော် soloဂိမ်းပွဲတွင်မူ matchဖြစ်မည့်အခြေအနေကို ကြောက်တတ်သည်။
သူက ရှုံးသွားသည်နှင့် အသင်းအတွက် အမှတ်ရှုံးမည် ဖြစ်သည်။ သူသည် အသင်းကို မဆွဲချလိုပေ။
ချန်းဖုန်းက ဖုန်းကိုပွတ်ကာ အားပေးသည်။
“မစိုးရိမ်နဲ့၊ soloပွဲတွေကို ရင်ဆိုင်ဖို့က လွယ်တာမှ မဟုတ်တာ”
ဂိမ်း၏ နည်းပညာပိုင်းဆိုင်ရာကြောင့် ထိုသို့ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ တစ်သင်းချင်းစီတိုင်းတွင် လူ၆ယောက် ရှိသည်။ ကစားသမားတိုင်းက တစ်ယောက်ချင်းစီ သို့မဟုတ် နှစ်ယောက်အတူ ဝင်တိုးနေခဲ့လျှင် 2+2+1သာ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ယေဘူယျကျကျ ပြောရသော် တစ်ယောက်တည်း ဝင်တိုးရသော ကစားသမားများ၏ အရေအတွက်ဟာ မြင့်မားနေပေလိမ့်မည်။ ထို့ကြောင့် စနစ်က solo ဂိမ်းပွဲချည်း ဆက်တိုက်ဖြစ်မည့် အခြေအနေကို ရှောင်ရှားရန်အလို့ငှာ 5v5ကြားမှ ဟာကွက်ကို ဖြည့်ရန် စီစဥ်ထားသည်။
နင်ကျယ်ဟန်က ခေါင်းညိတ်သည်။
“ကောင်းပြီ”
သူsoloဂိမ်းပွဲကို ကြံရတယ်ဆိုရင်တောင်မှ အတတ်နိုင်ဆုံး ကြိုးစားပြီး နိုင်အောင်လုပ်မှာပါ။
ဝေ့ရှောင်းက သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေခြင်း ဖြစ်သည်။ သူတို့၏စကားများကို ကြားသောအခါ သူက ဝင်ပြောသည်။
“မင်းက ဘာကိုကြောက်စရာရှိလဲ၊ ရှောင်နင်ရဲ့ အမတမှော်ဆရာက ဟန်ပြမှ မဟုတ်တာ၊ သူsoloအတောတွင်းမှာ ငါ့ကို သုံးကြိမ်တောင် သတ်သွားတာ”
နင်ကျယ်ဟန်က ကြောင်သွားသည်။ ပိုင်ချိုင်ကလည်း ဝင်ပြောသည်။
“ဟုတ်တယ်။ တော်တော် တော်တယ်”
နင်ကျယ်ဟန်၏မျက်ဝန်းက တောက်ပလာသည်။
ချန်းဖုန်းက သူတို့၏ လျှို့ဝှက်အကြံအစည်ကို အာရုံခံမိလိုက်သည်။
“ဘယ်အချိန်က မင်းတို့တွေ soloဝင်တိုးတာလဲ”
နင်ကျယ်ဟန်က ဖြေသည်။
“ရှောင်းကော အသင်းကို မဝင်ခင်က”
ချန်းဖုန်းက ကြည့်လိုက်သည်။
လေ့ကျင့်ဖော်အဖြစ်ပဲ။
နင်ကျယ်ဟန်က ယုံကြည်မှု ပြန်ရသွားသည်။ ဟုတ်သားပဲ soloရမှာ ဘာကြောက်စရာရှိလဲ။ သူအဲဒီညက ယွမ်တစ်သောင်းတောင် သုံးထားတာ။ သူ့ရဲ့ ကျော်ကြားတဲ့ heroတွေအားလုံး မြေပြင်မှာ ပေါက်ကွဲပစ်ကုန်တဲ့အထိ ထုရိုက်ခံရတာပဲ မဟုတ်ဘူးလား။ သူ အခုချိန်ထိ အသက်ရှင်နေသေးတာပဲ မဟုတ်ဘူးလား။
သူက ဒီလိုကပ်ဘေးကနေတောင် ရှင်သန်ခဲ့ပြီးပြီ။ ဒါကို ဘာကို ကြောက်နေရမှာလဲ။
ထို့အပြင် မဟာဆရာသခင်ကိုယ်တိုင်ကပင် သူ၏အမတမှော်ဆရာကို ချီးကျူးသွားခြင်း ဖြစ်သည်။
ထိုသို့ဆိုမှ သူသည် ထိုနေ့က နောက်ဆုံးပွဲအတောတွင်း မဟာဆရာသခင်ကို သူ၏ အမတမှော်ဆရာကို သုံးပြီး ဆက်တိုက်တက်ကာ စားပွဲကို ပြောင်းပြန်လှန်နိုင်လုနီးပါး လုပ်နိုင်ခဲ့သည်။
နင်ကျယ်ဟန်က အင်အားအပြည့် ရှိနေရင်း တစ်ယောက်တည်း ဝင်တိုးရင်း ရဲရင့်စွာ ချီတက်သွားသည်။
ကံဆိုးသည်မှာ သူသည် ထိုတစ်ညနေလုံး soloဂိမ်းပွဲတစ်ပွဲကိုမှ မကြုံခဲ့ပေ။ သို့ရာတွင် ထိုကိစ္စက နောက်ပိုင်းမှသာ ဖြစ်ပေလိမ့်မည်။
83 02
ယွဲ့ဝမ်လဲ့ကမူ အရွက်ကို သယ်သွားကတည်းက ဝေ့ရှောင်းက လုဖုန်းကို သွားကပ်လေသည်။
သူတို့နှစ်ယောက်က matchingဖြစ်သွားသောအခါ ဝေ့ရှောင်းက ဆက်တိုက်ဆိုသလို ခပ်တိုးတိုး ရေရွတ်နေသည်။
လုဖုန်းက သူနှင့် ကပ်နေသောကြောင့် စကားတိုင်းကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ ပိုင်ချိုင်ကလည်း ကြားသည်။
ဝေ့ရှောင်း...
“နတ်ဘုရားကင် နတ်ဘုရားကင် နတ်ဘုရားကင် ငါမိသားဖား၊ နတ်ဘုရားကင် မြန်မြန်လေး လာပါ”
ဟုတ်သည်။ သူသည် နတ်ဘုရားကင်ကို ခေါ်နေခြင်း ဖြစ်သည်။ သူက double matchပွဲ ရင်ဆိုင်ချင်သည်။ ဒီနည်းအားဖြင့် အိပ်မက်ထဲတွင်ဆိုလျှင်ပင် သူ၏အရှက်တရားကို ရှင်းလင်းလိုလေသည်။
တင်းတုံ။
ဝေ့ရှောင်းက ဂိမ်းပွဲထဲသို့ match ဖြစ်သွားသည်။ သူက မျက်လုံးကို ဖွင့်လိုက်သောအခါ 5v5 ဂိမ်းဖြစ်ကြောင်း မြင်လိုက်ရ၏။ ထို့ကြောင့် အနည်းငယ် စိတ်ပျက်သွားသည်။
ပိုင်ချိုင်နှင့် ယွဲ့ဝမ်လဲ့က ဂိမ်းထဲသို့ အရင်ဝင်သွားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူတို့က talentများကို ရွေးချယ်ပြီး ဂိမ်းထဲသို့ ဝင်ရောက်တော့မည် ဖြစ်သည်။ တစ်ဖက်ခြမ်းတွင် ပေါ်နေသော IDများကို မြင်လိုက်သောအခါ ပိုင်ချိုင်နှင့် ယွဲ့ဝမ်လဲ့..။
“fuck”
ဝေ့ရှောင်းက bp ကဏ္ဍတွင် ဖြစ်သည်။ ထို့ကြောင့် သူက တစ်ချက် လှမ်းကြည့်လိုက်သည်။
“ဘာလဲ”
ပိုင်ချိုင်က သူ့ကို သေသည်အထိ နပန်းလုံး သတ်ချင်သွားသည်။
“သောက်ကျိုးနည်းကို ငါက ကင်ဆွန်းဟွန်းနဲ့ လီဟယ်ရန်တို့နဲ့ သွားတွေ့တာ”
ဝေ့ရှောင်း..
“fuck”
ဘာသာစကားသည် ကျယ်ပြောပြီး နက်နဲသည်။ ပိုင်ချိုင်နှင့် ယွဲ့ဝမ်လဲ့တို့၏ fuckကမူ မပျော်ရွှင်မှု အံ့အားသင့်မှုအပြည့်နှင့် ဖြစ်ပြီး ဝေ့ရှောင်း၏ fuckကမူ မနာလိုမှုအပြည့်နှင့်ဖြစ်သည်။
ဝေ့ရှောင်းက ခေါင်းကိုဆန့်ထုတ်ပြီး လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးက မနာလိုမှုကြောင့် စိမ်းလာသည်။
အနီအသင်း..
“ပိုင်ချိုင် ယွဲ့ဝမ်လဲ့”
အပြာအသင်း..
“ကင်ဆွန်းဟွန်း လီဟယ်ရန်”
ဝေ့ရှောင်းက မဟာ့မဟာ ဒေါသထွက်သွားသည်။
“နောက်တစ်ခေါက်ဆိုရင် ငါတို့ အရင်ဝင်မယ်”
ပိုင်ချိုင်ကလည်း မဟာ့မဟာ ဒေါသ ထွက်နေသည်။
“လောင်ယွဲ ၈မိနစ်လောက်မှာ အညံ့ခံကြမယ်”
နည်းပြချန်းက လှောင်သည်။
“အညံ့ခံမယ်၊ ဟွန့် ဒါဆိုရင်လည်း အညံ့ခံတဲ့ လူတစ်ယောက်ချင်းစီတိုင်းက သုံးသောင်းစီ နှုတ်မယ်”
ပိုင်ချိုင်...
“စိတ်မရှိပါနဲ့ လောင်ယွဲ ငါ အညံ့မခံဘူး၊ မင်းငါ့ကို နေရာမှာတင် ခြောက်သောင်း လွှဲပေးမယ်ဆိုရင်တောင်မှ ငါအညံ့မခံဘူး”
ဝေ့ရှောင်း၏ နှလုံးသားက ယားယံလာသည်။
“ကြည့် ခေါင်းဆောင်နဲ့ငါက ဂိမ်းပွဲထဲကို ဝင်ရောက်ခါစဆိုတော့ ငါတို့တွေ...”
ကွန်ပျူတာ ပြောင်းလိုက်ရင် ပျော်စရာ မကောင်းဘူးလား။
ချန်းဖုန်း၏ မျက်လုံးထဲမှ ဓားမြှောင်များက သူရှိရာဘက်သို့ ရောက်လာသည်။
83 03
ဝေ့ရှောင်း၏ စကားလုံးများက တစ်ဝက်တစ်ပျက် ရပ်သွားသည်။
“ဂိမ်းပွဲကို အာရုံစိုက်၊ ၁၂မှတ်အပြည့်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားကြတာပေါ့”
FTW၏ ပထမဂိမ်းပွဲတွင် ဝေ့ရှောင်းနှင့် လုဖုန်းတို့က 5v5ထဲသို့ ရောက်ရှိသွားပြီး တစ်ဖက်ခြမ်းကို အရှုံးနှင့် ထွက်ပြေးရသည်အထိ ဖိအားပေးလိုက်သည်။
ချိုင်ကောနှင့် နတ်ဘုရားလဲ့တို့ကမူ ATCနှင့် အထောက်အပံ့စုံတွဲ ဖြစ်သည်။ သူတို့က ကင်ဆွန်းဟွန်းနှင့် လီဟယ်ရန်တို့နှင့် ထိပ်တိုက်ရင်ဆိုင်သောအခါ ကြောင်က ကြွက်ကို တွေ့ရသလို ဖြစ်သွားသည်။
သူတို့က ၈မိနစ်အတွင်း အညံ့မခံသော်လည်း 18မိနစ်အထိ တောင့်ခံထားပြီးနောက်တွင် ကင်ဆွန်းဟွန်းက မြားတစ်ချောင်းနှင့် သူတို့၏ ပြန်လည်ရှင်သန်ခြင်း သလင်းတုံးကို ထိုးဖောက်လိုက်ပြီး ဂိမ်းပွဲကို အဆုံးသတ် ပေးလိုက်သည်။
နှစ်ယောက်အတူ ဝင်တိုးသော တစ်ပွဲက ၆မှတ်ရပြီး တခြားတစ်ပွဲက ၆မှတ်ရှုံးသည်။ ထို့ကြောင့် FTW၏ ရမှတ်က သုညသာ ဖြစ်နေသေးသည်။
ကံကောင်းသည်မှာ ရှောင်နင်က ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပြီး တစ်ပွဲနိုင်သွားသည်။
ဒုတိယတစ်လှည့်တွင် ချိုင်ကောက အခန်းပိုင်ရှင်နေရာ မယူတော့ချေ။ ယွဲ့ဝမ်လဲ့၏ ကံက အတော်လေး ကောင်းမွန်သည်။ ထို့ကြောင့် သူသည် အမတများနှင့် မဆုံခဲ့ဘဲ နောက်တစ်ပွဲကို တည်တည်ငြိမ်ငြိမ် နိုင်သွားလေသည်။
ဒုတိယပွဲတွင် ဝေ့ရှောင်းနှင့် လုဖုန်းတို့က နောက်ထက် လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သော အနိုင်တစ်ခုကို ရရှိသွားပြီး အစမှစတင်၍ အားလုံးကို ချေမွပစ်နိုင်သော အနိုင်မျိုးကို ရရှိနိုင်ခဲ့သည်။ toplaneနှင့် junglerက နှစ်ယောက်ပေါင်းပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။ တခြားတစ်ဖက်ခြမ်းမှ toplaneမျှော်စင်က မိုင်းများ ပြည့်နှက်နေသလို ဖြစ်နေသည်။ မည်သူသွားသွား သေနိုင်၏။ မျှော်စင်ကိုယ်တိုင်ကပင် တစ်ခုပြီးတစ်ခု အလိုအလျောက် ပေါက်သွားခြင်းအားဖြင့် တခြားအသင်း၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပြိုကျသွားစေသည်။
သူတို့သည် လေးပွဲဆက်တိုက် နိုင်သွားသည်။ သို့သော် ဝေ့ရှောင်းက အလွယ်တကူ နိုင်လွန်းနေသောကြောင့် မပျော်မရွှင်ပင် ဖြစ်လာလေသည်။
ကင်ဆွန်းဟွန်းနှင့် လီဟယ်ရန်တို့က နှစ်ယောက်အတူ ဝင်တိုးနေသည်မှာ ရှင်းလင်းနေသည်။
ဒါကိုဘာလို့ သူနဲ့ ခေါင်းဆောင်နဲ့ မတိုးရတာလဲ။
ဝေ့ရှောင်းက တစ်ခဏခန့် တွေးသည်။
“ခေါင်းဆောင် ငါ အခန်းပိုင်ရှင် လုပ်လိုက်မယ်”
ခေါင်းဆောင်ရဲ့အရှိန်အဝါက ပြင်းထန်လွန်းအားကြီးလို့ လူတွေကို ခြောက်လွှတ်နေတာ ဖြစ်မယ်။
လုဖုန်းကလည်း သူ၏အတွေးကို သိသည်။ ထို့ကြောင့် အခန်း၏ ပိုင်ရှင်နေရာကို လွှဲပေးလိုက်သည်။
ဝေ့ရှောင်းက လက်ကိုပွတ်ကာ စနှိပ်လိုက်သည်။
“မဟုတ်သေးပါဘူး နေဦး”
အသင်းက ကံအကောင်းဆုံးက ချိုင်ကော မဟုတ်ဘူးလား။
တိုက်တိုက်ဆိုင်ဆိုင် ချိုင်ကောက တစ်ပွဲပြီးခါစဖြစ်ပြီး settlement interfaceကို ကြည့်နေချိန်ဖြစ်သည်။
ထို့ကြောင့် ဝေ့ရှောင်းက လှမ်းပြောလိုက်သည်။
“ချိုင်ကော လာလာလာ ခေါင်းဆောင်နဲ့ ငါ့အတွက် နှိပ်ပေးစမ်းပါ”
ပိုင်ချိုင်..
“???”
ဝေ့ရှောင်းက တိုက်တွန်းသည်။
“လာလာလာ ငါမင်းကို ယုံတယ်”
ပိုင်ချိုင်က လာသည်။ ဝေ့ရှောင်းက တစ်ဖက်သူ၏ ကံဆိုးမှုကို လိုအပ်နေခြင်း ဖြစ်သည်။
“ငါက....”
ပိုင်ချိုင်က ငြင်းလိုသည်။ ဝေ့ရှောင်းက သူ့ကို ဖျားယောင်းသည်။
“မင်းသာ ငါတို့ကို ကင်ဆွန်းဟွန်းနဲ့ လီဟယ်ရန်နဲ့ match ဖြစ်အောင် လုပ်ပေးမယ်ဆိုရင် ငါမင်းကို တစ်သောင်း တိုက်ရိုက်လွှဲပေးမယ်”
ချိုင်ကော..
“သဘောတူတယ်”
ပိုင်ချိုင်က matchခလုတ်ကို နှိပ်သည်။ ထို့နောက် ဂိမ်းထဲသို့ ဝင်သွားသည်။ ဝေ့ရှောင်း၏ မျက်လုံးက တောက်ပသွားသည်။
“double gameပဲ”
မျှော်လင့်ချက် ရှိပြီ။
ပိုင်ချိုင်ကပင် ကြောင်သွားသည်။
“ဒီကံကောင်းမှုက...”
ဒါက အဆိပ်ပြင်းလွန်းတာ မဟုတ်လား။
ကင်ဆွန်းဟွန်းနဲ့ လီဟယ်ရန်တော့ မဟုတ်လောက်ပါဘူးနော်။
ဝေ့ရှောင်းက လက်သီးကို ပွတ်နေသည်။
“ခေါင်းဆောင် ဘာသုံးမှာလဲ”
လုဖုန်း “သေဆုံးခြင်း သူရဲကောင်း”
ဝေ့ရှောင်း.. “ဒါဆိုရင်လည်း ငါအရိပ်သူခိုး သုံးလိုက်မယ်”
လုဖုန်း.. “သေချာတာပေါ့”
83 04
သူတို့က သူတို့၏ heroများကို ယူလိုက်ပြီး ဂိမ်းထဲသို့ ဝင်သည်။ ဝေ့ရှောင်းက တစ်ဖက်ခြမ်းမှ idများကို မြင်လိုက်ရသည်။
ပိုင်ချိုင်..
“....”
နင်ကျယ်ဟန်နှင့် ယွဲ့ဝမ်လဲ့တို့ကလည်း အလွန်သိချင်နေသည်။
“ဒီလူတွေနဲ့ matchဖြစ်သွားတာလား”
ပိုင်ချိုင်၏ နှုတ်ခမ်းထောင့်စွန်းများက တွန့်သွားသည်။
“လောင်ဝေ့ ငါ့အထင် ဒီနှစ်ယောက်ကလည်း တစ်သောင်း တန်ပါတယ်”
တစ်ဖက်ခြမ်းမှ မာထျန်းစာက ပေါ်လာသည်။
“U....2 double q”
သူတို့က ကင်ဆွန်းဟွန်းနှင့် လီဟယ်ရန်နှင့် matchမဖြစ်ခဲ့သော်လည်း ဂယ်ရီနှင့် ယွမ်ဇယ်နှင့် တိုးသည်။
အရွက်ကော၏ကံက အကန့်အသတ် ရှိနေလေသည်။
******