Ch 84
Viewers 3k

အပိုင်း (84) ငါကဒီတိုင်း မင်းနဲ့လာရှုပ်ချင်တာ


ဝေ့ရှောင်းသည် တစ်မနက်ခင်းလုံး ခံစားခဲ့ရသည်။ သို့သော် ယခုအခါ အလွန်အမင်း စိတ်လှုပ်ရှား သွားရသည်။ သူက ပိုင်ချိုင်ကို ပြောသည်။


“နေဦး”


ပိုင်ချိုင်က နောက်ဖြစ်လာမည်မှာ သူလိုချင်သော ပိုက်ဆံလွှဲပေးခြင်းဟု မျှော်လင့်ထားသည်။ သေချာစွာပင်.....။


ဝေ့ရှောင်းက ပြောသည်။


“သူတို့နိုင်ရင် ငါမင်းကို နှစ်သောင်းပေးမယ်”


ပိုင်ချိုင်...


“......”


မင်းသောက်ကျိုးနည်း လူလို ပြုမူပေးလို့ရမလား။ ဘာလို့ တစ်ဖက်သူနိုင်မှ သူက ပိုက်ဆံရရမှာလဲ။ ဝေ့ရှောင်းနိုင်မှ ပိုက်ဆံပေးသင့်တာ မဟုတ်ဘူးလား။


နေပါဦး.....။ ပိုင်ချိုင်သည် သူလမ်းကြောင်း ချော်ထွက်သွားသလို ခံစားလိုက်ရသည်။


တစ်ဖက်သည် ယွမ်ဇယ်နှင့် ဂယ်ရီ ဖြစ်သည်။


ဒါက တစ်သောင်း မတန်ဘူးလား။


ဝေ့ရှောင်းက သူတို့ကို အမှန်တကယ်ပင် အထင်သေးလေသည်။


ကမ္ဘာ့နံပါတ်၁ကို တွေ့ကြုံခံစားရပြီးနောက် တခြားသော အသင်းများက တစ်စုံတစ်ရာ လိုအပ်နေသလို ခံစားနေရလေသည်။


ယွမ်ဇယ်နှင့် ဂယ်ရီ၏ တစ်ယောက်ချင်းစီအင်အားနှင့်ပတ်သက်ပြီး သံသယဝင်စရာ မရှိချေ။ သို့သော် သူတို့၏ doubleကမူ....။


ဘာပဲဖြစ်ဖြစ် Koiအသင်းနဲ့တော့ မတူနိုင်ဘူးလေ ဟုတ်တယ်မလား။


ကင်ဆွန်းဟွန်းသည် သူတို့နှင့်အတူ training matchပွဲများကို မကြာခဏ လုပ်လေ့ရှိသည်။ သို့သော် ဒါသည် သူတို့၏ ဗျူဟာခံစားချက်အရသာဖြစ်ပြီး 5v5 ဗျူဟာကို ဖမ်းဆုပ်ရန်အလို့ငှာသာ ဖြစ်သည်။


ဒါပေါ့ မရှိတာထက်စာရင် နောက်တစ်ခုခု ရတာကလည်း ကောင်းတာပါပဲ။


ဝေ့ရှောင်း၏ စိတ်အခြေအနေက တက်ကြွပြီး စွမ်းအားအပြည့်နှင့် ဖြစ်သွားသည်။


FTWသည် အနီအသင်းဘက်မှ ဖြစ်သည်။ closeက သေဆုံးခြင်းသူရဲကောင်းကို ယူပြီး Quietက အရိပ်သူခိုးကို ယူသည်။


အပြာဘက်တွင် မာရှယ်က လူရမ်းကားစစ်သည်တော်ကို ယူပြီး ဂယ်ရီက ပုန်းကွယ်သူခိုးကို ယူသည်။


သေဆုံးခြင်း သူရဲကောင်းနှင့် အရိပ်သူခိုး vs လူရမ်းကားစစ်သည်တော်နှင့် ပုန်းကွယ်သူခိုး။


ထိုlineupနှင့် ပတ်သက်ပြီး ပြောစရာမရှိပေ။ သူတို့သည် တိုက်ခိုက်ရန်သာ လိုအပ်သည်။


FTWက နေ့လယ်က တင်ထားသော official blogကြောင့် လူအများက သူတို့၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေချိန် ဖြစ်သည်။ ယခုလိုမျိုး လုဖုန်းနှင့် ဝေ့ရှောင်းက နှစ်ယောက်အတူ ဝင်တိုးနေကြောင်း မြင်ပြီးနောက် သူတို့၏ ကျွေးမွေးမှုက မရေမတွက်နိုင်သော ပရိသတ်များကိုပင် စွဲဆောင်လိုက်နိုင်သည်။


အစပိုင်းတွင် ထိုcp ပရိသတ်များက သကြားကို ပျော်ရွှင်စွာ စားသောက်နေချိန်သာ ဖြစ်သည်။ သို့သော် နည်းပညာပရိသတ်များနှင့် စီးပွားရေးပရိသတ်များကမူ မဟာမိစ္ဆာဘုရင်ကြီး၏ toplaneနှင့် မိစ္ဆာဘုရင်လေး၏ junglerကို လာကြည့်ခြင်း ဖြစ်သည်။


သူတို့သာ မကြည့်လျှင် သိလိမ့်မည် မဟုတ်ပေ။ သို့သော် ကြည့်ရှုပြီးနောက် အံ့အားသင့်သွားရသည်။


သောက်ကျိုးနည်းဒါက ဘာလဲ။


နှစ်ယောက်လေးယောက် ယှဥ်တယ်။ သူတို့က တခြားတစ်ဖက်ခြမ်းက လေးယောက်လုံးကို ထွက်ပြေးသွားရတဲ့အထိ မောင်းထုတ်လိုက်တယ်။ ဒါက ဘာဖြစ်တာလဲ။


ဆောင်းတွင်း လေ့ကျင့်ရေးဆာဗာသည် ပထမတန်းစား proကစားသမားများ ပြည့်နှက်နေသည်ဟု လူတိုင်းက ပြောနေကြသည်။

84 02

သူတို့ကသာ ဒီလောက်ကျိုးကန်း ဒုက္ခိတ ဖြစ်နေတာမျိုးဆိုရင် အိမ်ကိုပြန်ပြီ လယ်မစိုက်သင့်ဘူးလား။


Hatersများကလည်း FTW၏ toplaneနှင့် junglerက အင်အား ကြီးမားလွန်းသောကြောင့်ဆိုသော ဖြစ်ရန်ကို မယုံကြည်ကြချေ။ သူတို့၏ ပြိုင်ဘက်က အားနည်းလွန်းပြီး အနိုင်ရရန်မတန်ဟုပင် ပြောဆိုနေကြသည်။


သို့သော် ယခုမူ ကောင်းမွန် သွားလေပြီ။ ဂေါ်ဖီထုပ်ဖြူ၏ လက်သေးသေးလေးက match ခလုတ်ကို နှိပ်လိုက်သောအခါ leagueမှ အင်အားကြီးမားသော စွမ်းအားကြီးပု ဂ္ဂိုလ်နှစ်ယောက်ကို ဆွဲလိုက်နိုင်သည်။


မနှစ်က indivisual ပြိုင်ပွဲ runner up ဂယ်ရီနှင့် သူ၏အသင်းခေါင်းဆောင် ယွမ်ဇယ် ဖြစ်သည်။


Hatersများအားလုံးက စိတ်လှုပ်ရှားသွားကြသည်။


“ကြည့်စမ်း FTWက သူတို့ရဲ့ အစစ်အမှန်မျက်နှာကို ပြရတော့မယ်”


“Quietက အရိုက်ခံရပြီး ဂယ်ရီကြောင့် အထုသတ်ခံရမယ်လို့ထင်တယ်”


“ငါတော့ မလောင်းဘူး၊ ဒီလိုမျိုးလောင်းရတာ မတန်ဘူးလေ၊ သိသာနေတာပဲ”


“မင်းတို့ ဘာလို့လာပြီး Quietကို လာကြည့်နေတာလဲ၊ Closeနဲ့ မာရှယ်ကိုပဲ သွားကြည့် ဟုတ်ပြီလား၊ အမတတွေကြားက နှစ်ရာကျော်မှ တစ်ခါဖြစ်ခဲတဲ့ တိုက်ပွဲက စိတ်ဝင်စားဖို့ မကောင်းဘူးလား”


စိတ်ဝင်စားဖို့ ကောင်းတယ်။ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်။


ထို့ကြောင့် နာမည်ကြီးတင်ဆက်သူများကပင် သူတို့၏ ကိုယ်ပိုင်ဂိမ်းများ ဝင်တိုးနေခြင်းကို ရပ်တန့်လျက် စောင့်ကြည့်သောဘက်သို့ ရွှေ့ပြောင်းပြီး ယာယီအားဖြင့် ထင်မြင်သုံးသပ်ချက် ပေးသူများ လုပ်လိုက်ကြသည်။


သို့ရာတွင် သိပ်မကြာခင် hatersများအားလုံးက Quietထံ ဆွဲဆောင်ခံလိုက်ရသည်။


သူတို့က သူ့ကို မကြည့်ဘူးလို့ ပြောတာ။ သူက ကြည့်ဖို့လောက်တောင် မထိုက်တန်ဘူးလို့ ပြောနေကြတာ။ ဒါပေမဲ့ အဲဒီနောက်မှာတော့....။


သောက်ကျိုးနည်းကို စိတ်ဝင်စားဖို့ ကောင်းတယ်။


နှစ်တစ်ရာကြာမှ တစ်ပွဲဖြစ်တတ်တဲ့ ယှဥ်ပြိုင်ပွဲဆိုတာ ဘာလဲ။ ဒီ အရူးလေးဝေ့ရဲ့ သတ္တိနဲ့ အရင်းမြစ်အပြည့် လုနိုင်စွမ်းအားကို ကြည့်လိုက်စမ်းပါ။


တောင်ကြားတွင် မတူညီသော ထန်းလက်လေးမျိုး ရှိနေသည်။ အကုန်လုံးက ဖောက်ခွဲစွမ်းအား မြင့်မားလွန်းသော dpsမြင့်မားသူများ ဖြစ်ကြသည်။ သူတို့သည်လည်း အလွန်ကောင်းမွန်စွာ တိုးတက်လာကြပြီး skillတစ်စုံလောက်နှင့် မည်သူ၏ အသက်ကိုမဆို ယူနိုင်နေသည်။


အရိပ်သူခိုးက skillများကို ချိတ်ဆက် အသုံးပြုလိုက်ရုံနှင့် အလင်းစက်ကွင်းများကို ထုတ်သုံးနိုင်ခြင်းကို ထည့်ပြောရန်ပင် မလိုအပ်သေးချေ။ အလင်းစက်ကွင်း ၉ကွင်းက ဆင်းသက်လာသည်နှင့် နတ်ဘုရားများကို တားလျက် ဗုဒ္ဓများကိုပင် သတ်နိုင်သည်။


သေဆုံးခြင်းသူရဲကောင်း၏ နာမည်အပြည့်အစုံသည် သေဆုံးခြင်း၏သူရဲကောင်း ဖြစ်သည်။ ပုံစံနှစ်မျိုးရှိပြီး skill ၈မျိုး ရှိသည်။ ပုံစံတစ်မျိုးက ပေါ့ပါးကာ ဖျတ်လတ်သည်။ အခြားသော ပုံစံတစ်မျိုးကမူ လေးလံသော damageကို dealလုပ်နိုင်ပြီး ထိန်းချုပ်နိုင်စွမ်းရည်လည်း ရှိသည်။ သူသည် နောက်ဆုတ်၍ ရသည်။ တိုက်ခိုက်၍လည်း ရသည်။ လျင်မြန်ဖျတ်လတ်မှုကလည်း တခြားဖက်ခြမ်းတိုင်းကို မပျော်မရွှင် ဖြစ်သွားစေလောက်သည်။


ပုန်းကွယ်သူခိုးနှင့် အရိပ်သူခိုးကမူ upper limitမြင့်သော specများ ဖြစ်သည်။ ပုန်းကွယ်သူခိုးက ကိုယ်တိုင်အတွက် ကိုယ်ပွားကို ဖန်တီးလိုက်ရုံနှင့် နှစ်ယောက်တစ်ယောက် ရင်ဆိုင်ရသလို ဖြစ်သွားပေလိမ့်မည်။ အဓိက သော့ချက်ကမူ ပြိုင်ဘက်များကလည်း မည်သည့်သူခိုးက အစစ်ဖြစ်ကြောင်း မပြောနိုင်ပေ။ သူတို့ကသာ ကောင်းကောင်း မကစားခဲ့ပါက ကိုယ်ပွားအပေါ် skillအကုန်သုံးမိရင်း ဖြုန်းတီးမိသွားနိုင်သည်။


လူရမ်းကား စစ်သည်တော်ကမူ 1v1 ချလျှင် daddy ဖြစ်လောက်သည်။ သူ၏ပြိုင်ဘက်ကင်းအကွက်က တစ်ချက်ထိရုံနှင့် Koဖြစ်သွားစေသည်မှာလည်း မှန်ကန်နေ၏။ ထို့ကြောင့် တိကျစွာ ကျဆင်းသွားရုံနှင့် ပြိုင်ဘက်ဘက်က မြေပြင်တွင် လဲနေသောအလောင်းအဖြစ်ကိုသာ မြင်ရပေလိမ့်မည်။


အရိပ်သူခိုး vs ပုန်းကွယ်သူခိုး။


သေဆုံးခြင်းသူရဲကောင်း vs လူရမ်းကား စစ်သည်တော်။


Talentပိုင်းဆိုင်ရာ ရွေးချယ်မှုနှင့်တင် ကြည့်ရှူသူများကလည်း ယမ်းမှုန့်ရနံ့များကို ရရှိနေပြီးသားဖြစ်သည်။

84 03

မည်သည့်ဘက်ကမှ ကြည့်ရှုသူများကို စိတ်မပျက်စေခဲ့ပေ။


ထိုသို့ဖြင့် အစပိုင်းတွင်ကတည်းက ကြမ်းတမ်းသောတိုက်ပွဲက စတင်သည်။


တောတွင်းနေရာတွင် ဝေ့ရှောင်းနှင့် ဂယ်ရီတို့က စတင်ကာ တိုက်ခိုက်သည်။


သူတို့နှစ်ယောက်လုံးက တိုက်ကွက်များကို ဖလှယ်ကြပြီး ဝက်ဝံလေးတစ်ကောင်က အသတ်ခံလိုက်ရသည်။


ဂယ်ရီက လက်တွေ့ဘဝတွင် ရူးကြောင်ကြောင်နိုင်ပြီး ကြောင်တောင်တောင် နိုင်ချင်နိုင်ပေလိမ့်မည်။ သို့သော် ဂိမ်းပွဲထဲတွင် သူသည် အလွန်ဉာဏ်ကောင်းပြီး သတိအပြည့်ကပ်ထားသည်။ သူ၏နေရာချထားမှုကလည်း အလွန်အမင်း အသေးစိတ်ကျသည်။ သူသည် မကောင်းဆိုးဝါးလေးနှင့် ဝေ့ရှောင်းကို တစ်ချိန်တည်းလိုလို damageယူနိုင်စွမ်းရည်ပင် ရှိနေသေးသည်။


တောတွင်းမှ monstarများကို လုယူခြင်းသည် ပိုက်ဆံကို farming လုပ်နေခြင်းနှင့် တူသည်။ ထိုသို့ farming လုပ်နိုင်သွားခဲ့လျှင် အဆင့်တက်နိုင်သလို ပစ္စည်းကိုလည်း ဝယ်၍ရသည်။ သူတို့ကသာ လုံလောက်သော ပိုက်ဆံကို စုစည်းပြီး ပစ္စည်းဝယ်နိုင်ပါက ပြိုင်ဘက်ထက် တစ်စက္ကန့်ခန့် စောသွားခဲ့ရုံနှင့် သူတို့က ယူနိုင်သော damageက မိုးထိုးတက်လျက် တစ်ဖက်သူကို ချေမွနိုင်ပေလိမ့်မည်။


ဂယ်ရီက ဝေ့ရှောင်းကို နောက်ဆုတ်အောင် ခြောက်လန့်ရင်း တောတွင်းနေရာမှ အခြေအနေကို ရှင်းလင်းရင်း အခွင့်ကောင်း လိုချင်လေသည်။ တစ်နည်းအားဖြင့် သူက တွက်ချက်မှုတွင် အသေးစိတ်ကျကျ စီမံခန့်ခွဲရန် ဆုံးဖြတ်လိုက်သည်။


ကံဆိုးသည်မှာ....။


ဝေ့ရှောင်းကလည်း လက်တွေ့ဘဝတွင် ပိုက်ဆံ မရှားပေ။ ဂိမ်းထဲသို့ ဝင်ရောက်သွားသောအခါ ပိုင်ချိုင်ထက်ပင် သူက ပိုက်ဆံကိုချစ်တတ်သေးသည်။


ထိုသို့ဖြင့်...သူ့ကို သူ့ရဲ့တောထဲက မကောင်းဆိုးဝါးကို လှည့်စားပြီး အပြင်ထွက်အောင် လုပ်ချင်တယ်ဟုတ်လား ဟွန့် အိပ်မက်မက်နေလိုက်။


သူတို့နှစ်ယောက်က အချင်းချင်း စနောက်နေကြသည်။ ဝက်ဝံလေးက ဆိုးဆိုးရွားရွား အစားခံလိုက်ရသည်။


ထိုသို့ဖြင့် ပုန်းကွယ်သူခိုးက healthတစ်ဝက်အထိ ထိုးကျသွားသည်။ ထိုဝက်ဝံလေးက ဒုက္ခိတ ဖြစ်လုနီးပါး မြင်သောအခါ အရိပ်သူခိုးက ချက်ချင်းလိုလို ချီတက်ကာ ထွက်လာပြီး damage skill တစ်စုံလိုက် ထုတ်သုံးလိုက်သည်။ ထိုသို့ဖြင့် ပုန်းကွယ်သူခိုးကလည်း ဝက်ဝံလေး အလုခံရမည့်အခြေအနေကို စိုးရိမ်ပြီး ပြန်လည်တိုက်ခိုက် ပေးလိုက်ရသည်။


ထိုအတွက်ကြောင့် ဝက်ဝံလေးက ဂူထဲသို့ ပြန်ဝင်သွားပြီး သူ၏healthကို ပြန်ပြည့်အောင် healလိုက်ရသည်။


အရိပ်သူခိုးကမူ ဆော့ကစားခံရသည့် နောက်ထက်ပစ်မှတ် ဖြစ်သွားသည်။ သို့သော် သူ၏health သုံးပုံတစ်ပုံ ကျန်ရစ်ခဲ့ချိန်တွင် သူသည် အသက်ကို စတေးလိုက်သည်။ ထိုအချိန်တွင် ပုန်းကွယ်သူခိုးက စတင်ကာ ပြဿနာ ထပ်ရှာလေသည်။ အရိပ်သူခိုးက ဝက်ဝံလေးကို ဘေးဘက်သို့ လွှင့်ပစ်လျက် ပုန်းကွယ်သူခိုးနှင့် ပြန်လည် တိုက်ခိုက်သည်။


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော live streamမှ ထင်မြင်သုံးသပ်ချက်ပေးသူများ..


“ငါ ဘာကြောင့်မှန်းတော့ မသိပေမဲ့ အဲဒီဝက်ဝံအတွက် ငါရင်နာသွားတယ်”


ကောမန့်များကလည်း တစ်ယောက်ပြီးတစ်ယောက် ဖော်ပြကြသည်။


“ဝက်ဝံလေးက ဘာများ အမှားလုပ်လို့လဲ၊ ဘာလို့ ဒီလိုမျိုး အစခံရတာလဲ”


“သူတို့က သားရဲတွေ ထက်တောင် ဆိုးသေးတယ်၊ ဝက်ဝံကိုတောင် မညှာတာပေးဘူး”


“ကျေးဇူးပြုပြီး လမ်းကျဥ်းကို ကြည့်လိုက်ကြပါဦး၊ နှစ်ဖက်လုံးက စစ်သားရဲ့ အခြေအနေကလည်း တော်တော်လေး ဆိုးရွားတယ်လို့ ငါထင်တယ်”


တောဇုံနယ်မြေသည် junglerနှစ်ယောက်က အကောင်ပေါက်လေးများကို အနိုင်ကျင့်သော နယ်မြေဖြ စ်သွားသည်။ ထို့ကြောင့် daddyနှစ်ယောက်ရှိသော လမ်းကျဥ်းကမူ စစ်သည်တော်လေးများ အနိုင်ကျင့်ခံရနေရာ ဖြစ်သည်။


တောင်ကြားထဲမှ စစ်သားများက ပြင်းပြင်းထန်ထန် ကြိုးစားပြီး ရှေ့သို့ တည်ငြိမ်စွာ တစ်ရက်ပြီးတစ်ရက် တက်လျက် သေဆုံးရန် လမ်းကြောင်းလို ဦးတည်နေကြရသည်။


ဒီနှစ် သူတို့၏ ခရီးစဥ်အတောတွင်း အခက်အခဲ အမြောက်အများကို ရင်ဆိုင်ကြုံတွေ့ခဲ့သည်။ သူတို့သည် မျှော်စင်အောက်မှ မထွက်နိုင်သေးခင် အသတ်ခံရသည်ကတစ်မျိုး၊ healthတစ်မျှင်သာ ကျန်ရစ်လျက် တစ်ရွတ်တိုက် အဆွဲခံရရင်း သေခွင့်ပင် မပေးသော အနေအထားကတစ်ဖုံ အမျိုးမျိုးသော ကြုံတွေ့လိုက်ရလေသည်။

++++++