Ch 85
Viewers 3k

အပိုင်း 85 


တပ်သားများကို သတ်ဖြတ်ခြင်းဆိုလိုသည်မှာ ကစားသမားများက အတွေ့အကြုံများကို ရရှိပြီး ပိုက်ဆံကို ရသည်။ ဒီနည်းအားဖြင့် ထိုစစ်သားများကို ပို၍ပြင်းထန်သော ထိုးနှက်ချက် ပြုနိုင်သောသူက အားပိုသာလေသည်။


ထိပ်တန်းအဆင့်များက လမ်းကျဥ်းတွင် တိုက်ခိုက်နေသောအခါ ကစားသမားများက စစ်သည်တော်တစ်ယောက်ကိုမှ မလွတ်စေရပေ။ ဒီနည်းအားဖြင့် တစ်ဖက်သူက ပိုက်ဆံကို မရသွားရန် သေချာစေရသည်။ ထိုနည်းအားဖြင့် farmingလုပ်သည့် အတွေ့အကြုံ ပိုက်ဆံခြင်း ကွာခြားချက်က လျင်မြန်စွာဖြင့် ကြီးမားလာမည်ဖြစ်ပြီး တစ်ဖက်သူကို အလွယ်တကူ ချေမွနိုင်ပေလိမ့်မည်။


သေဆုံးခြင်းသူရဲကောင်းနှင့် လူရမ်းကား စစ်သည်တော်တို့က ထိုလမ်းကျဥ်းတွင် ရှေ့ပြန်နောက်ပြန် တိုက်ခိုက်နေကြသည်။ မည်သူကမှ ပြိုင်ဘက်ကင်း အကွက်များကို မပိုင်ဆိုင်တော့ချေ။ သို့သော် သူတို့က ထုတ်ထားသော အရှိန်အဝါကတင် နောက်ဘက်မှ တပ်ဖွဲ့ထောင်ပေါင်းများစွာ ပိုင်ဆိုင်ထားသလို ထင်ရသည်။ မည်သည့်ဘက်ကမှ မည်သူ့ကိုမှ မလွှတ်ပေးချင်ကြချေ။ မည်သည့်ဘက်ကမှလည်း သူတို့၏စစ်သားများကို လက်မလျှော့ လိုကြချေ။ မည်သည့်ဘက်ကမှလည်း အသာစီး မရသွားစေလိုကြပေ။


ထိုသို့ဖြင့် သူတို့သည် အဆင့်၆ ရောက်လုနီးပါး ဖြစ်လာသည်။ တစ်စုံတစ်ယောက်က နောက်ဆုံးတွင် အမှန်တရားကို ထုတ်ပြောသည်။


“ဒါက မသိရင် double matchပွဲလိုပဲ၊ ငါ ဘာလို့ double matchနှစ်ပွဲ ကြည့်ရသလို ခံစားနေရတာလဲ”


ဟုတ်တယ်။ ရှင်းလင်းစွာပင် ထိုပွဲသည် 2v2 ဖြစ်သည်။ သို့သော် လူလေးယောက်ကမူ သီးသန့် solo ရင်ဆိုင်နေကြသည်။ 


လုဖုန်းနှင့် ယွမ်ဇယ်တို့က အချင်းချင်း ထိပ်တိုက်ရင်ဆိုင်နေကြပြီး ဝေ့ရှောင်းနှင့် ဂယ်ရီတို့က အဆင့်တူနှင့် ရင်ဆိုင်နေကြသည်။


အခြေအနေက သရေဖြစ်နေသည်။ သို့သော် ကစားသမား၏ စီမံလည်ပတ်ပုံskillနှင့် ပတ်သက်ပြီး အသေးစိတ်ကျကျ ပါဝင်ပတ်သက် လွန်းနေသောကြောင့် ဖော်ပြရန် ခက်ခဲလောက်အောင် စိတ်ဝင်စားဖို့ ကောင်းနေလေသည်။


ထိုသို့ဖြင့် မည်သူက နိုင်မည်ရှုံးမည် မသေချာသော ဂိမ်းပွဲမျိုးကသာ ကြည့်ရှုသူများကို သွေးကြောအတောင့်တင်းစေဆုံးနှင့် အထိတ်လန့်စေဆုံး ဖြစ်လေသည်။


“သူတို့ အဆင့်၆ ရောက်သွားပြီ”


ယာယီထင်မြင်သုံးသပ်ချက် ပေးသူတစ်ယောက်က ပြောသည်။


“လေးယောက်လုံးက တစ်ချိန်တည်းလိုလို အဆင့်၆ကို ရောက်သွားတယ်၊ အံ့သြစရာပဲ”


အဆင့်၆ကို ရောက်သွားသည်မှာ သူတို့တွင် ပြိုင်ဘက်ကင်းအကွက်များ ရှိပြီဟု ဆိုလိုသည်။ ကွင်းထဲမှ heroလေးခုလုံးက ဇက်ကြိုး အလွှတ်ခံလိုက်ရလေပြီ။


ယခင်က ဦးစားပေး လုပ်ခဲ့သည်မှာ ပိုက်ဆံစုကာ skillစုခြင်းဆိုလျှင် ယခုအခါကမူ....


ဝေ့ရှောင်းက လုဖုန်းကို ပြောသည်။


“ခေါင်းဆောင်”


လုဖုန်း..


“ဟင်”


ပြောရမည်ဆိုလျှင် ဝေ့ရှောင်းက ပါးစပ် မဟခင်ကတည်းက လုဖုန်းက ရွေ့လျားမှု skillကို သုံးပြီးလေပြီ။


သေဆုံးခြင်းသူရဲကောင်း၏ မူရင်းပုံစံက လူရမ်းကားစစ်သည်တော်ထက်ပင် ပို၍ပင် မြန်ဆန်ကာ ရွေ့လျားနိုင်သေးသည်။ ထို့ကြောင့် ယွမ်ဇယ်က သတိထားမိချိန်တွင် နောက်ကျသွားပြီ ဖြစ်သည်။


“လောင်ကျီ ပြေးတော့”


ဂယ်ရီကလည်း အကင်းပါးသည်။ ယခုလေးတင် သေးငယ်လွန်းသော တောတွင်းမှ monstarကိုပင် မလွှတ်ပေးချင်ခဲ့သော ထိုအကောင်က ချက်ချင်းလိုလို ကိုယ်ယောင် ဖျောက်လိုက်ပြီး skillတစ်ခုကို ထုတ်သုံးလျက် အရိပ်သူခိုးမှ ဝေးရာသို့ ထွက်ပြေးသွားသည်။


ဝေ့ရှောင်းက ရယ်သည်။


“မင်းကို မိပြီ”


ထိုသို့ဖြင့် နောက်ဖြစ်လာသော မြင်ကွင်းက ကြည့်ရှုသူများကို မှင်တက်သွားစေသည်။


“သူတို့က ကျားကို တောင်ထဲက မျှားထုတ်လိုက်တာပဲ”

85 02

သေဆုံးခြင်းသူရဲကောင်း၏ ပထမရွေ့လျားမှုskillက ဝေ့ရှောင်းနှင့် ပူးပေါင်းပြီး ဂယ်ရီကို တိုက်ခိုက်ရန် ကြံစည်သည်နှင့် တူသည်။ သို့သော် ဒုတိယမြောက် ရွေ့လျားမှုskillကမူ ချက်ချင်းလိုလို ဖျတ်ခနဲလက်လျက် လူရမ်းကားသူခိုး၏ မျက်နှာကို ကွက်တိမှန်သည်။


ထိုသို့ဖြင့် ဂယ်ရီကို buffတစ်ခုဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ အစစ်အမှန် တိုက်ကွက်ကမူ ယွမ်ဇယ်ထံ ရောက်၏။


ယွမ်ဇယ်က မှင်တက်သွားပြီး ကျိန်ဆဲသည်။


“fuck”


သူသည်လည်း အလွန်အမင်း မြန်ဆန်စွာ တုံ့ပြန်လိုက်ပြီး သူ၏ပြိုင်ဘက်ကင်းအကွက်ကို သုံးလျက် သေဆုံးခြင်းသူရဲကောင်း၏ ထိန်းချုပ်ခြင်းskillကို ဖယ်ရှားကာ တစ်ချိန်တည်းလိုလိုပင် တိုက်ခိုက်သည်။


သို့ရာတွင် အရိပ်သူခိုးက သူ့နောက်တွင် ရောက်ရှိနေပြီးသား ဖြစ်သည်။ ထိုသို့ဖြင့် ချိတ်ဆက်ထားသော skillတစ်စုံလုံး ကျလာသောအခါ အလင်းစက်ကွင်း၈ကွင်းက တောင်ကြားတစ်ဝက်လုံးကို တောက်ပ သွားစေလေသည်။


ယွမ်ဇယ်၏မျက်လုံးက ပြူးကျယ်စွာနှင့် သူ၏ထိုးကျသွားသော healthကို ကြည့်လိုက်ရသည်။ သူသည် သူ၏ heal skillကို clickနှိပ်လိုက်ပြီး healthအနည်းငယ်တည်းနှင့် ပြန်ဆုတ်ရန် ကြိုးစားလိုသည်။


သို့သော် လုဖုန်းက သူ့ကို ထိုအခွင့်အရေး မပေးခဲ့ပေ။ သေဆုံးခြင်းသူရဲကောင်းက ပုံစံပြောင်းလျက် လူရမ်းကားစစ်သည်တော်ထံ ကွက်တိ ထိုးစိုက်လိုက်သည်။


လူရမ်းကားစစ်သည်တော်က ရမ်းကားခြင်း အခြေအနေမျိုးတွင် ရှိနေသည့်တိုင်အောင် ယွမ်ဇယ်၏ နည်းပါးသော health ပမာဏက သူ့အား သေဆုံးခြင်းသူရဲကောင်း၏ တိုက်ကွက်ကို ထိန်းထားစေရန် မလုံလောက်ခဲ့ပေ။


ထောင်ချောက်ထဲသို့ ကျသွားသော ဂယ်ရီကလည်း အပြေးလာသည်။ သို့သော် သူသည် သူ၏ခေါင်းဆောင်ကို ကယ်ရန် နည်းလမ်း မရှိတော့ပေ။


First blood


Closeက မာရှယ်ကိုသတ်ပြီး first bloodကို ယူလိုက်သည်။


ကြည့်ရှုသူများက မြောက်တက် သွားကြသည်။


“လှတယ်”


“ဒီပူးပေါင်းမှုရဲ့နောက်မှာ သက်ရောက်မှုက ရှိနေတာပဲ”


“ငါ အစကတော့ ငါ့ရဲ့မဟာမိစ္ဆာဘုရင်ကြီးရဲ့ သရုပ်ဆောင်စွမ်းရည်က ထူးချွန်လွန်းတယ်လို့ မထင်ထားဘူး”


“နတ်ဘုရားယွမ်ကို မပြောနဲ့ဦး၊ နတ်ဘုရားရဲ့ ရှုထောင့်က ကြည့်နေတဲ့ လူတစ်ယောက်အနေနဲ့တောင်မှ သူတို့ ဂယ်ရီကို တိုက်ခိုက်တော့မယ်လို့ ထင်နေတာ”


“ငါတောင် မမျှော်လင့်ထားဘူး”


“Closeရဲ့ အနက်ရောင်တွင်းပေါက်က solo matchပွဲမှာပဲ အသုံးဝင်တယ် ထင်နေတာ”


Close၏ အနက်ရောင်တွင်းပေါက်ဆိုသည်မှာ တခြားသောသူများက သူ့ကို ပေးထားသော နာမည်ပြောင် ဖြစ်သည်။ အကြောင်းမူကား သူက soloပွဲတွင် နှလုံးသားမဲနက်ပြီး ကြမ်းတမ်းသောကြောင့် ဖြစ်သည်။ သူသည် အခြားတစ်ဖက်ခြမ်းက ပတ်ပတ်လည် လှည့်ပတ်လျက် လမ်းပြောင်းမှန်းပင် မသိသော အနေအထားမျိုး ရောက်သည်အထိ ကစားပေးလေ့ ရှိသည်။


ထိုအတွက်ကြောင့် သူသည် အနက်ရောင်အပေါက် Closeဟူသော နာမည်မျိုးကို ရလာသည်။


ယခင်က သူတို့သည် တစ်ဖက်သူဟာ solo၏ အပြင်ဘက်တွင် ဤလှည့်ကွက်မျိုးကို သုံးသည်အား မမြင်ဖူးခဲ့ပေ။ သို့သော် ယခုမူ....။


ဘယ်လောက် လန်းလိုက်သလဲ။


တချို့ပရိသတ်များဆိုလျှင် မနေနိုင်ဘဲ ဆက်တွေးမိသွားကြသည်။


“ငါ့ရဲ့ မဟာမိစ္ဆာဘုရင်ကြီးကသာ 5v5မှာ ဒီအနက်ရောင်တွင်းကို သုံးလိုက်မယ်ဆိုရင်...”


“ဒီလိုဆိုရင် Y1ကို ဘယ်သူက ဂရုစိုက်နေမှာလဲ၊ ချန်ပီယံရှစ်က ငါတို့အပိုင်ပဲ”


“ဟေး အပေါ်ထပ် မင်း စကားကောင်းကောင်း ပြောတတ်တာပဲ၊ ငါ့ကို ထပ်ပြောစမ်းပါဦး”


ကြည့်ရှုသူများက FTWဟာ ဦးဆောင်နေကြောင်း မြင်လိုက်ကြသည်။ သို့သော် လေ့ကျင့်ရေးခန်းထဲတွင် ချန်းဖုန်းက အချိန်တန်ကြာအောင် မှင်တက်သွားသည်။

85 03

သူသည် ဂိမ်းပွဲစတင်ချိန်ကတည်းက လုဖုန်း၏အနားတွင် ရပ်နေခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူတို့၏ matchပွဲကို ကြည့်နေရင်း စကားပြောခန်းကို နားထောင်နေသူလည်းဖြစ်သည်။


အစပိုင်းတွင် ဝေ့ရှောင်းက လုဖုန်းကို ပြောသည်။


“ခေါင်းဆောင် ဒီပွဲမှာ ငါ့ကို လူလိုမဆက်ဆံနဲ့”


ချန်းဖုန်းက ထိုအရူးလေး၏ ခေါင်းကိုသာ သွားခေါက်ချင်သည်။


ဒါက ဘယ်လိုစကားလဲ။


ထို့နောက် သူသည် ဝေ့ရှောင်း၏ ဆက်ပြောသောစကားကို ကြားလိုက်ရပြန်သည်။


“ဒီတိုင်း စိတ်ကိုသာ လွှတ်ပြီး တိုက်ခိုက်လိုက်၊ ငါ မင်းနဲ့ ပူးပေါင်းပေးမယ်”


လုဖုန်း၏ doubleပွဲများတွင် ရှိသော ပြဿနာကို သူ သိသည်။ သူက အသင်းဖော်နှင့် ပူးပေါင်းလျှင် ဟန်ချက်ကို ဆွဲချသလို ဖြစ်သွားနိုင်သည်။ သို့သော် အသင်းဖော်နှင့် မပူးပေါင်းလျှင်လည်း ထိုလူများက နောက်ကောက် ကျန်ရစ်ပေလိမ့်မည်။ ထိုအတွက်ကြောင့် လုဖုန်းအနေဖြင့် တခြားသော သန်မာသော အသင်းများကို ရင်ဆိုင်ရသောအခါ doubleရင်ဆိုင်ရန် ခက်ခဲလာခြင်း ဖြစ်သည်။


ဝေ့ရှောင်းကလည်း လုဖုန်းကို သူ့ကို မစောင့်စေချင်ပေ။ သူသည် သူ၏ကိုယ်ပိုင်အင်အားဖြင့် အမီလိုက်နိုင်သည်။ ထိုအတွက်ကြောင့် သူ့ကို လူလို မဆက်ဆံခိုင်းခြင်း ဖြစ်သည်။


လုဖုန်း၏ နှုတ်ခမ်းက ကွေးတက်သွားပြီး ပြန်မေးလိုက်သည်။


“နိုင်ချင်လား”


ဝေ့ရှောင်း..


“ဒါပေါ့”


လုဖုန်း..


“ဒါဆိုလည်း သရုပ်ဆောင် ကြည့်ရအောင်”


ဝေ့ရှောင်း၏ နားက စွင့်ကားသွားသည်။


“ဟင်”


လုဖုန်းက ခပ်တိုးတိုး ပြောသည်။


“ဒီလို”


လူတိုင်း သိထားသည့်အတိုင်း လုဖုန်း၏ အထူးစွမ်းရည်သည် soloဖြစ်သည်။ ဝေ့ရှောင်း၏ သဘောအကျဆုံးကလည်း soloဖြစ်သည်။ soloသည် သူတို့နှစ်ယောက်ကို အလိုအလျောက် နားလည်မှု ရှိသွားစေသည်။ အထူးသဖြင့် နှစ်ယောက်သည် အချင်းချင်း ရင်းနှီးလွန်းပြီးသား ဖြစ်သည်။


ဥပမာအနေဖြင့် ယွမ်ဇယ်နှင့် ဂယ်ရီဖြစ်သည်။


Matchပွဲ၏ အစပိုင်းတွင် သူတို့သည် ပြိုင်ဘက်များကို ခွဲကာ ရင်ဆိုင်သလိုမျိုး လုပ်ပြီး သင့်တော်သော double matchကို solo match၂ပွဲအဖြစ် ပြောင်းလဲခဲ့သည်။ ဝေ့ရှောင်းနှင့် လုဖုန်းက ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ခဲ့ခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် ယွမ်ဇယ်နှင့် ဂယ်ရီကို ထင်ယောင်ထင်မှားတစ်ခု ပေးလိုက်သည်။


တစ်ယောက်တည်းတို က်ခိုက်ရတာ ဘယ်လောက် လန်းသလဲ။ သူတို့က သူတို့ကို ထောက်ပံ့ပေးဖို့ ဘယ်အသင်းဖော်ကို လိုမှာလဲ။


ထို့ကြောင့် အချိန်ကျလာသောအခါ သီးသန့်ခွဲကာ တိုက်ခိုက်ရန် သဘောတူထားသော သူတို့နှစ်ယောက်က ရုတ်တရက် ဂယ်ရီကို ခြောက်လွှတ်ရင်း ယွမ်ဇယ်ကို ဝင်စီးခြင်း ဖြစ်သည်။


L&P၏ လေ့ကျင့်ခန်းအတွင်းတွင် လောင်ကျီက အော်ဟစ်သည်။


“သူတို့ ငါ့ကို လှည့်စားသွားတာ”


ယွမ်ဇယ်၏ပါးစပ်တွင် စီးကရက်ကို ကိုက်ထားသည်။ သူသည် လှည့်စား ခံလိုက်ရသော်လည်း သူ၏နှုတ်ခမ်းတွင် အပြုံးကရှိနေ၏။


“ဝိညာဉ်ဖက်တွေပဲ ဟေး”


ဂယ်ရီ..


“???”


သူ့ရဲ့တရုတ်စကားက မကောင်းလို့ သူ့ကို အနိုင်မကျင့်နဲ့နော်။ ဒီစကားလုံးတွေက ချစ်သူတွေကြားမှာပဲ သုံးတာ။


ယွမ်ဇယ်က ကုန်လုနီးပါးဖြစ်နေသော စီးကရက်ကို ပြာခွက်ထဲသို့ ထည့်ရင်း လေးနက်တည်ကြည် သွားသည်။


“ငါ Quietကို ယူမယ်”


ဂယ်ရီ..


“!”


ယွမ်ဇယ်က လက်မခံလိုသေးပေ။ သူသည် ဖန်သားပြင်ပေါ်တွင် ပေါ်နေသော နီရဲတောက်ပလွန်းသော အရိပ်သူခိုးကို ကြည့်ကာ ပြောသည်။


“မင်း Closeနဲ့ မsoloချင်ဘူးလား”


ဂယ်ရီ..


“ဒါပေမဲ့”


သူက Quietကိုရှာပြီး လက်ရည်တူ တိုက်ခိုက်ရတာကို ပိုပြီး ကြိုက်တယ်လေ။


ယွမ်ဇယ်က မျက်လုံးကို ကျဥ်းမြောင်းလိုက်သည်။


“ငါမင်းကို နောက်ထပ် ဘန်းစကားတစ်ခု သင်ပေးမယ်”


“အမ်”


ယွမ်ဇယ်က ပြန်လည်ရှင်သန် လာသည်။ ပုံစံပြောင်းပြီးနောက် သူက မျက်နှာချင်းဆိုင် ဘက်ခြမ်းတွင် ရပ်နေသော လူနှစ်ယောက်ထံ ဓားခွက်ကို လွှင့်ပစ်လိုက်သည်။ သူ၏အသံက တိုက်ကွက်ကြားတွင် စိတ်လှုပ်ရှားစွာ ပေါ်ထွက်လာသည်။


“မန်ဒရင်းဘဲတွေကို ရိုက်ရတယ်”