86 01
မန်ဒရင်းဘဲများကို ရိုက်နှက်ခြင်း။
ဘာကို ဘာကိုရိုက်တာ။
လောင်ကျီ၏ တရုတ်စာစွမ်းရည်သည် သူ့အား ပထမတစ်ပိုင်းကိုသာ နားလည်စေခဲ့သည်။ ထို့ကြောင့် နောက်တစ်ပိုင်းကို နားမလည်ပေ။
ရိုက်နှက်သည်နှင့် ပတ်သက်နေကတည်းက ဒါဆိုရင်လည်း။
“ကောင်းပြီလေ… မန်ဒရင်းဘဲတွေကို ရိုက်တာပေါ့”
ကံကောင်းသည်မှာ L&Pမှ ဘာသာပြန်က ရှိမနေခဲ့ချေ။ သို့မဟုတ်လျှင် မှောက်လျက် လဲကျသွားသည့်အတွက် မျက်နှာ ပြားကပ်သွားသော မတော်တဆမှုမျိုးကို ကြုံရကောင်း ကြုံရနိုင်ချေရှိသည်။
ယွမ်ဇယ်သည် ထိုစကားကို ပြောပြီးနောက် တခြားမည်သည့်စကားကိုမှ ဆက်မပြောတော့ချေ။ သူက ဖန်သားပြင်ကိုသာ စိုက်ကြည့်လိုက်၏။ အလင်းထဲတွင် သူ၏ အနက်ရောင်နားကပ်က ဖျတ်ခနဲလက်သွားသည်။
အရိပ်သူခိုးက တကယ်သဘောကျစရာပဲ။
အရိပ်သူခိုးများသည် ကောင်းမွန်လွန်းစွာ ကစားနိုင်သောအခါ ပျော်စရာအကောင်းဆုံး ဖြစ်သွားတတ်သည်။
Closeက killတစ်ခု ယူသွားခဲ့သော်လည်း ယခုFTWသည် အားသာချက် ရရှိသွားပြီဖြစ်ပြီး ယွမ်ဇယ်၏ လူရမ်းကားစစ်သည်တော်က တိုက်ပွဲနယ်မြေသို့ ပြန်ရောက်လာသောအခါ ဒီရေကို ပြန်ပြောင်းနိုင်သည်။
လမ်းကျဥ်းထဲတွင် သူ၏ပြိုင်ဘက်ကင်းအကွက်ကို အသုံးပြုလိုက်ပြီးနောက် သူ၏ hero၏ ကိုယ်ထည်ကြီးက frence၏ modeတွင် နှစ်ဆခန့် ကြီးမားသွားသည်။ လေးလံသော သံချပ်ကာကို ဝတ်ဆင်ထားပြီး ရှည်လျားလွန်းသော သွေးလွှမ်းဓားရှည်ကြီးကို ဆွဲလာသောအခါ မြေပြင်တွင် ရှည်လျားသည့် မြောင်းကြီးပင် ပေါ်လာသေးသည်။ ထိုဓား၏ အခြေခံတိုက်ကွက်တိုင်းက မီးခိုးများကိုပင် လွှတ်ထုတ်နေသည်။
ထိုအရာသည် လူရမ်းကားစစ်သည်တော်၏ ထီမထင်စွမ်းရည် ဖြစ်သည်။ သူတို့၏ ပြိုင်ဘက်ကင်းအကွက်ကို အသုံးပြုပြီးနောက် အခြေခံတိုက်ကွက်များက ဘောနပ်စ်တိုက်ကွက်အပို လက်ခံရရှိဦးမည် ဖြစ်သည်။
ဓားသွားက သေဆုံးခြင်းသူရဲကောင်းနှင့် အရိပ်သူခိုးတို့ထံ ခွဲ၍ တိုးဝင်သွားပြီး သူတို့အား တစ်ဖက်တစ်ချက်စီ ရှောင်စေသည်။ ဒီနည်းအားဖြင့် နှစ်ယောက် ကပ်နေ၍ မရတော့ချေ။
ဂယ်ရီ...
“သွား”
ပုန်းကွယ်သူခိုးက ကိုယ်ပွားတစ်ခုကို ဖန်တီးလိုက်သည်။ ပုံရိပ်နှစ်ခုလုံးက တစ်ချိန်တည်းတွင်ပင် ဘယ်ဘက်ခြမ်းသို့ ရှောင်လိုက်သော သေဆုံးခြင်းသူရဲကောင်းထံ ခုန်ဝင်သွားသည်။ closeက မစိုးရိမ်ချေ။ သူသည် သူ၏ဖျတ်လတ်သော ပုံသဏ္ဍာန်သို့ ချက်ချင်းလိုလို ပြောင်းရွှေ့လိုက်ပြီး ရွေ့လျားမှုအရှိန်နှုန်း ဘောနပ်စ်ကို သုံးလျက် တိုက်ကွက်နှစ်ကွက်လုံးကို ရှောင်သည်။
လောင်ကျီကလည်း သူ့ကို ထိမှန်သွားလိမ့်မည်ဟု မတွေးထားပါချေ။ ဒီအတိုင်း အလုပ်များသွားအောင် ထိန်းထားရန်သာ မျှော်လင့်ထားသည်။
Closeက သူ၏ရည်ရွယ်ချက်ကို သိသဖြင့် ဟန်းစက်မှ လှန်းပြောလိုက်သည်။
“ယွမ်ဇယ်ကို ကြည့်ထား”
ဝေ့ရှောင်း..
“သိပြီ”
အရိပ်သူခိုးသည် လူရမ်းကား စစ်သည်တော်ထက် အများကြီးပိုပြီး ဖျတ်လတ်သည်။ ဝေ့ရှောင်းက ရှေ့သို့ ခုန်ဝင်သွားပြီး ချုံပုတ်ထဲသို့ လှမ်းဝင်လိုက်ရုံနှင့် လူရမ်းကားစစ်သည်တော်၏ တိုက်ကွက်ကို ရှောင်ရှားနိုင်သည်။ ဒီနည်းအားဖြင့် တစ်ဖက်သူအတွက် အန္တရာယ်ရှေ့ရောက်ကာ မှောက်လဲရင်း တိုက်ခိုက်ရန် အခွင့်ကောင်းကို စောင့်နိုင်လေသည်။
ယွမ်ဇယ်၏ ပါးလျသော နှုတ်ခမ်းက အသာကော့တက်သွားသည်။ သူသည် လူရမ်းကားစစ်သည်တော်ကို သေချာကြိုးကိုင်လျက် တောထဲသို့ ဝင်စေသည်။
အခြေအနေဟာ ပြဇာတ်ဆန်ဆန် ပြောင်းလဲသွားသည်။
ဂိမ်းပွဲကို ကြည့်ရှုနေသော ကြည့်ရှုသူများက စိုးရိမ်ထိတ်လန့်လွန်းရသဖြင့် ဖန်သားပြင်ကိုသာ မျက်တောင် မခတ်ဘဲ စိုက်ကြည့်နေမိကြသည်။
မူလကမူ toplanerက toplanerချင်း junglerက junglerချင်း ရင်ဆိုင်မည်ဟု ထင်ထားသည်။ သို့သော် ယခုမူ position ပြောင်းသွားကြလေပြီ။
86 02
ဂယ်ရီက closeဆီ ရောက်သွားပြီး ယွမ်ဇယ်က quietကို အာရုံစိုက်ထားသည်။
Glory၏ ယေဘူယျ ကျွမ်းကျင်မှုဆိုင်ရာ ချုပ်ထိန်းမှုတွင် စစ်သည်တော်များနှင့် သူရဲကောင်းများသည် သူခိုးများအပေါ် သဘာဝအလျောက် အားသာချက် ရှိသည်။ talent specsများက ခြားနားသောကြောင့် မတူညီသော effectများကို ဖြစ်စေလောက်သော်လည်း သေဆုံးခြင်းသူရဲကောင်းနှင့် လူရမ်းကား စစ်သည်တော်တို့ကမူ အားနည်းလွန်းသော အရိပ်သူခိုးနှင့် ပုန်းကွယ်သူခိုးတို့ကို ဖိနှိပ်ပြီး မြေပြင်တွင်ပင် လဲကျသွားအောင် ထုရိုက်နိုင်စွမ်းရည် ရှိနေသည်။
ထိုသို့ဖြင့် သူတို့က ဖမ်းယူထားသော အတွေ့အကြုံနှင့် ပိုက်ဆံက တူညီနေသော အနေအထားမျိုးတွင် အရိပ်သူခိုးနှင့် ပုန်းကွယ်သူခိုးတို့ဟာ တစ်ဖက်သူများကို ရင်ဆိုင်ရာတွင် အသာစီးမရဘဲ မနေတော့ချေ။
သို့ရာတွင် နှစ်ဖက်လုံးက ထိန်းထားနိုင်ကြသေးသည်။
ဂယ်ရီပင်ဖြစ်စေ ဝေ့ရှောင်းပင်ဖြစ်စေ နှစ်ယောက်လုံးသည် သဘာဝအလျောက် အားနည်းသော အနေအထားမျိုးဖြင့် တည်ငြိမ်အောင် ထိန်းထားနိုင်ကြသည်။
ထို double gameသည် solo gameနှစ်ပွဲအတွင် ထပ်ပြောင်းသွားခဲ့သည်။ သို့သော် အခြေအနေကမူ ယခု အနည်းငယ် ခြားနားသွားသည်။
ဂယ်ရီက singleပြိုင်ပွဲတွင် နံပါတ်၂နေရာကို ရထားသည်နှင့် အလွန်ထိုက်တန်လွန်းသည်။ သူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အင်အားသည်လည်း သံသယဝင်ရန် မလိုလောက်အောင် တော်ပြီးသားဖြစ်သည်။ ထို့အပြင် သူသည် closeကို ရင်ဆိုင်နိုင်သည့် ထိပ်တန်းအဆင့် ကစားသမားအနည်းစုထဲမှ တစ်ယောက် ဖြစ်နေသည်။
သူက အားနည်းသော ပုန်းကွယ်သူခိုးကို အသုံးပြုပြီး close၏ သေဆုံးခြင်းသူရဲကောင်းကို ထိပ်တိုက်ရင်ဆိုင်ရာတွင် အလဟဿ မရှူံးသွားစေသလို ဖိအားများနေခြင်းလည်း မရှိချေ။ သူက ကိုယ်ပွားများကိုလည်း ဆက်တိုက်ဖန်တီးလျက် ကောင်းကင်ဘုံပေါ်သို့ ပျံတက်သွားစေလိုက်သည်။ ကြည့်ရှုသူများကဲ့သို့ နတ်ဘုရား၏ ရှုထောင့်မှ ကြည့်နေသော သူများကပင် မည်သည့်သူခိုးက အစစ်အမှန်ဖြစ်ပြီး မည်သည့်သူခိုးက ကိုယ်ပွားဖြစ်ကြောင်း မပြောနိုင်ကြပေ။
Close၏ သေဆုံးခြင်းသူရဲကောင်းက ပို၍ပင် နတ်ဘုရား ဆန်သေးသည်။
သူသည် 5v5 ဂိမ်းပွဲများတွင် ထိုကဲ့သို့ toplane heroမျိုးကို အလွန်အမင်း သုံးခဲသည်။ သို့သော် solo kingတစ်ယောက်အနေနှင့် ထိုကဲ့သို့သော solo talent specsကို ကျွမ်းကျင်ပြီးသား ဖြစ်သည်။
သံသယဝင်ရန် မလိုလောက်အောင် သူသည် အလွန်ကောင်းမွန်စွာ သုံးသပ်သေးပြန်သည်။ သူက ပုံစံနှစ်ခုအကြား လွယ်ကူချောမွေ့စွာ ရွှေ့ပြောင်းနေရင်း skill ၈ခုလုံးကို ပြီးပြည့်စုံစွာ ပေါင်းစပ်ထားသော အဆုံးအစမဲ့သည့် စီးရီးအလား ချိတ်ဆက်ကာ အသုံးပြုထားရင်း ကြည့်ရှုသူများကို မျက်စိကျိန်းသွားစေလောက်သော သက်ရောက်မှုကိုပင် ရအောင်လုပ်ပေးနိုင်သည်။ ဒီနည်းအားဖြင့် ကြည့်ရှုသူများက တအံ့တသြပင် ရေရွတ်ရစေသည်။
“ဒီလက်အရှိန်နှုန်းက ဖြစ်နိုင်သေးလို့လား”
ထိုဘက်ခြမ်း၏ တိုက်ပွဲက ကြမ်တမ်းပြီး အပူတက်နေသလို တောထဲမှ အခြေအနေကလည်း အလွန်အမင်း ထိတ်လန့်သဲဖို ဆန်လေသည်။
အစပိုင်းတွင် ပရိသတ်များကမူ quietဟာ ယွမ်ဇယ်က အလွယ်တကူ မဆွဲချနိုင်သော အားနည်းချက်ဟု တွေးလိုက်ကြသည်။ မည်သို့ပင်ဆိုစေ ယွမ်ဇယ်သည် ထိုသို့ လုပ်နိုင်စွမ်းရည်ရှိသော နတ်ဘုရားတစ်ပါးဖြစ်သည်။ ဒီနည်းအားဖြင့် နောက်ပိုင်းတွင် လောင်ချီနှင့် ပူးပေါင်းပြီး closeကို သတ်မည်ဟု ယူဆထားကြသည်။
သို့သော် သူတို့ကို အံ့အားသင့်စေသည်မှာ quietက မရှုံးသွားခဲ့ချေ။ daddy လူရမ်းကား စစ်သည်တော်၏ ဖိနှိပ်မှုအောက်တွင် သူ၏အရိပ်သူခိုးက အချိန်ကောင်းကို ပိုင်ဆိုင်နေသေးပြီး လေနှင့်ရေများကို မွှေနှောက် နေသေးသည်။
လူရမ်းကားစစ်သည်တော်၏ နာမည်ပြောင်က “ဆယ်စက္ကန့်အစစ်အမှန်လူ” ဖြစ်သည်။ ထို့ကြောင့် ပြိုင်ဘက်ကင်းအကွက် အဆုံးသတ်သွားပြီးနောက် အနည်းငယ် အားနည်း သွားတတ်သည်။
ဝေ့ရှောင်းသည် ထိုအခွင့်အရေးကို အရယူလျက် ရူးသွပ်ဖွယ် ကောင်းလောက်သော damageပမာဏကို ကိုင်တွယ်ထုတ်သုံးလိုက်ကာ ယွမ်ဇယ်၏ healthကို သုံးပုံနှစ်ပုံအထိ ရှင်းပစ်လိုက်သည်။
ယွမ်ဇယ်၏ healthသည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားသော အနေအထားမျိုးတွင်ရှိကြောင်း ပြသနေသည်။ သို့သော် ယွမ်ဇယ်ကမူ နောက်သို့ဆုတ်ပြီး ပြန်လည်ကုစားမည့် အရိပ်အယော င်မပြချေ။ သူက healthအပြည့်ရှိနေသော အရိပ်သူခိုးကို ကလေးတစ်ယောက်နှင့် ကစားနေသော ဖခင်အိုကြီးအလား ညင်သာကြင်နာစွာ စောင့်ကြည့်နေသည်။
ထို့နောက် တစ်စက္ကန့်တွင်။
လူရမ်းကားစစ်သည်တော်က ပုံစံပြောင်းလိုက်သည်။ ထိုသို့ဖြင့် သူ၏တစ်ကိုယ်လုံးအနှံ့ သံချပ်ကာများ ပြည့်နှက်သွား၏။ သူက အရိပ်သူခိုးထံကွက်တိ ထိုးစိုက်လျက် တိုက်ခိုက်လာသည်။
86 03
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ယာယီထင်မြင်သုံးသပ်ချက်ပေးသူများအားလုံးက တအံ့တဩ ရေရွတ်ကြသည်။
“ဘယ်လောက်တောင် အချိန်ကိုက် တိကျတဲ့ ဖမ်းဆုပ်နိုင်စွမ်းအားလဲ”
ဘာကို အဖေလိုလဲ။ ဘာကိုကြင်နာပြီး ညင်သာတာလဲ။ ဘာကို ကစားတာလဲ....။
အရာအားလုံးက သောက်ကျိုးနည်းအမှိုက်တွေပဲ။
ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော လူရမ်းကားစစ်သည်တော်က စစ်နတ်ဘုရားတစ်ပါးနှင့် တူသည်။ သူက ထုတ်သုံးလိုက်သော တိုက်ကွက်တိုင်းက ကောင်းကင်ကိုပင် ဖြတ်တောက်နိုင်ပြီး မြေကမ္ဘာကိုပင် ဖုံးလွှမ်းနိုင်သည်။
ဒီအဖေက အစစ်အမှန်အဖေပဲ။
တိုက်ကွက်တစ်ကွက်ကတင် လူတွေကို သေတဲ့အထိ ထိုးသတ်နိုင်တယ်။
ဝေ့ရှောင်းသည် ယွမ်ဇယ်၏ ပြိုင်ဘက်ကင်းအကွက် ထုတ်သုံးမည့်အချိန်ကို ကွက်တိ ခန့်မှန်းထားပြီးသားဖြစ်ပြီး နောက်ဆုတ်ရန်အသင့် ပြင်ထားပြီးလေပြီ။ သို့သော် ယွမ်ဇယ်ဟာ ထိုမျှအထိ ကြမ်းတမ်းလွန်းသဖြင့် ၀.၀၁စက္ကန့်ပင် နှောင့်နှေးချိန် မပေးဘဲ ရှိနေမည်ဟု မထင်ထားလောက်ချေ။ သူက သူ၏ပြိုင်ဘက်ကင်းအကွက်ကို အခြေခံတိုက်ကွက်နှင့်အတူ ချိတ်ဆက်ကာ အသုံးပြုလိုက်ခြင်းအားဖြင့် အရာအားလုံးကို ချက်ချင်းလိုလို ဖြစ်လာစေလေရာ ပြိုင်ဘက်ကင်းသော အရိပ်သူခိုးကို ကွက်တိ ချိန်ကိုက်ထားနိုင်သည်။
ဝေ့ရှောင်းက လှုပ်ရှားမှုskillတစ်ခုကို အသုံးပြု၍ အဓိကတိုက်ကွက်ကို ရှောင်နိုင်သည်။ သို့သော် သူသည် နောက်ပိုင်း ဝင်ရောက်လာသော ဓားသွားကို မရှောင်နိုင်တော့ချေ။
သူက healthအပြည့် ရှိသည်။ ယေဘူယျကျကျပြောရသော် သူ မသေသင့်ပေ။ သို့ရာတွင်....။
ဝေ့ရှောင်းကလည်း ခေါင်းဆောင်နှင့် soloဂိမ်းပွဲကို ရင်ဆိုင်ရသောအခါ ထိုသို့ မသေချာမရေရာသည့် ခံစားချက်မျိုးကို ခံစားခဲ့ဖူးသည်။
Fuck။
ဒါက အဆိပ်ပဲ။
ဒီဓားပြအိုကြီးယွမ်က ဘယ်အချိန်က ရသွားတာလဲ။
ဝေ့ရှောင်း၏ အသိစိတ်က လိုက်မီနိုင်သေးသည်။ သို့သော် အရိပ်သူခိုးကမူ မလွတ်မြောက်နိုင်တော့ချေ။
လူရမ်းကားစစ်သည်တော်၏ ဓားသွားက ဖြတ်သန်းလျက် ဝင်ရောက်လာပြီ ဖြစ်သည်။ အရိပ်သူခိုး၏ healthက တစ်စက္ကန့်အတွင်း ရှင်းလင်းသွားနိုင်သည်။ သို့သော် ဝေ့ရှောင်းက မျှော်လင့်ထားပြီးသား ဖြစ်သည်။ သူ့တွင် healthတစ်မျှင် ကျန်နေရစ်သေးသမျှ အဆင်ပြေသည်။ သို့ရာတွင် ထိုအဆိပ်ကမူ damageကို ဆက်သုံးနေသေး၏။ ဒီနည်းအားဖြင့် သူ၏အရှေ့မှ ဖန်သားပြင်က ချက်ချင်းလိုလို မည်းသွားပြန်သည်။
Quietကို မာရှယ်က သတ်သွားသည်။
သောက်ကျိုးနည်း ဆိုးယုတ်တဲ့အကောင်။
ဝေ့ရှောင်းက သက်ပြင်းအသာ ရှူထုတ်လိုက်သည်။ သူ၏လက်က ယားယံလာ၏။
ယွမ်ဇယ်သည် နတ်ဘုရားအသင်းမှ တစ်စုံတစ်ယောက် အမှန်တကယ် ဖြစ်ထိုက်ပေသည်။ သူသည် အမှန်ပင်တော်၏။
အခြားတစ်ဖက်ခြမ်းတွင် လုဖုန်းက ဂယ်ရီကို သတ်လိုက်သည်။ လောင်ချီ သေသွားသော်လည်း ယွမ်ဇယ်အတွက် အချိန်ရသွားပြီ ဖြစ်သည်။
ဝေ့ရှောင်းကို သတ်ပြီးနောက် ယွမ်ဇယ်က closeထံ ချက်ချင်းသွားရောက်ကာ မတိုက်ခိုက်ချေ။ ထို့အစား သူက တော၏ အောက်ပိုင်းတည်နေရာတစ်ခုလုံးကို ရှင်းလင်း ပစ်လိုက်ပြီး အရင်းမြစ်အပြုံလိုက် လုယူသွားကာ သေဆုံးသွားသောကြောင့် farmingကို ဆုံးရှုံးသွားမည့်အနေအထားမျိုးကို ဖာထေးပေးလိုက်သည်။
ပြန်လည်ရှင်သန်ပေးသောအချိန်က အစောပိုင်းအဆင့်တွင် တိုသည်။ ထို့ကြောင့် ဝေ့ရှောင်းက တိုက်ပွဲနယ်မြေအတွင်း ချက်ချင်းလိုလို ပြန်ရောက်လာ၏။
လုဖုန်း..
“ငါ့ကိုပေး”
ဝေ့ရှောင်း..
“ငါ ဆက်စမ်းဦးမယ်”
လုဖုန်းက ဘေးဘက်ခြမ်းသို့ တစ်ချက်လှည့်ကြည့်သည်။
“အင်း”
သူတို့၏နောက်တွင် ရပ်နေသော ချန်းဖုန်းကမူ သူ၏မှတ်စုစာအုပ်ကိုပင် ခပ်တင်းတင်း ဆုပ်ကိုင်ထားနေလေပြီ။
++++++