အပိုင်း 87
ဝေ့ရှောင်းကို ယွမ်ဇယ်နှင့် တိုက်ခိုက်ခိုင်းခြင်းက ကောင်းမွန်သည်။ သူက ဒီ double matchပွဲတွင် ရှုံးသွားခဲ့လျှင်ပင် FTWက အကျိုးအမြတ်အကြီးကြီး ရလိုက်သည်။
ယွမ်ဇယ်သည် glory၏ toplane မျက်နှာကျက်ကိုပင် ကိုယ်စားပြုနိုင်၏။ ဝေ့ရှောင်းကသာ သူခိုးကိုသုံးပြီး သူ၏လက်တွင် ရှင်သန်နိုင်ခဲ့မည်ဆိုလျှင် ဆိုလိုသည်မှာ မည်သူကမှ ထိုသူခိုးကို မဖိနှိပ်နိုင်တော့ချေ။
ဘယ်သူမှ မဖိနှိပ်နိုင်တော့တဲ့ jungler ကစားသမားက ဘယ်လောက် ရူးသွပ်လိုက်မလဲ။
မနှစ်က ကမ္ဘာ့ချန်ပီယံ Y1ကိုပဲ ဥပမာအနေနဲ့ ကြည့်လေ။
တိုက်ပွဲကို ကြည့်နေသော ကြည့်ရှုသူများကလည်း အလွန်စိတ်လှုပ်ရှားနေကြသည်။
“နတ်ဘုရားတစ်ပါးပါးများ ငါတို့ကိုလာပြီး ရှင်းပြပေးလို့ရမလား၊ နတ်ဘုရားယွမ်က ဘယ်လိုများ အဆိပ်ရသွားတာလဲ”
သူတို့သည်လည်း နတ်ဘုရား၏ ရှုထောင့်မှ ကြည့်ရှုနေခဲ့ကြခြင်း ဖြစ်သည့်တိုင်အောင် ကြည့်ရှုသူများအနေဖြင့် တချို့သော heroမျိုးကို အာရုံစိုက်နေသောအခါ အသေးစိတ် အချက်အလက်တစ်ချို့ကို လွဲကောင်းလွဲချော်သွားနိုင်သည်။
ယွမ်ဇယ်က အချိန်တစ်ခုကာလအတောတွင်း အဆိပ်ကို ရအောင်ယူသွားနိုင်ခဲ့ခြင်း ဖြစ်လောက်သည်။ သို့သော် ထိုအချိန်ကမူ ကြည့်ရှုသူများက အာရုံမစိုက်မိခဲ့ကြပေ။
ထိုအချက်တစ်ခုတည်းကတင် သူ၏အကြံအစည်များဟာ မည်မျှနက်ကြောင်း သိနိုင်သည်။
အဆိပ်က အခြေအနေတစ်ခုမှာမှ ရနိုင်တာ။
တချို့သော တောတွင်းမကောင်းဆိုးဝါးများက ရွှေနှင့် အတွေ့အကြုံများကို ပေးနိုင်သလို တချို့က buffများကို ပေးနိုင်သည်။
အဆိပ်သည်လည်း ထိုbuffများထဲမှ တစ်ခုဖြစ်သည်။ အဆိပ်သုံး မကောင်းဆိုးဝါးတစ်ကောင်ကို သတ်ပြီးသောအခါ ထိုကစားသမားက အဆိပ်ကို ရတတ်သည်။
သို့သော် ထိုအဆိပ်နှင့် ပတ်သက်ပြီး အချိန်အကန့်အသတ်က ရှိနေသေးပြန်၏။ ထို့အပြင် ထိုအဆိပ်ကို တစ်ကြိမ်တည်းသာ အသုံးပြုနိုင်ပေလိမ့်မည်။
ယွမ်ဇယ်က ကြင်နာတတ်ပြီး ညင်သာသော ဖခင်အိုကြီးအလား ကစားနေခဲ့သောကြောင့် သူသည် အရိပ်သူခိုး၏ တိုက်ကွက်များထံမှ ပုန်းအောင်းနေသည်ဟု ထင်ခဲ့ရလောက်သော်လည်း သူ၏healthက သုံးပုံနှစ်ပုံအထိ ထိုးကျသွားခဲ့သေးသည့်တိုင်အောင် သူဟာ ဘာမှမလုပ်ဘဲ နေခဲ့ခြင်း မဟုတ်ချေ။
ပြောရမည်ဆိုလျှင် သူသည် တစ်ချိန်လုံး သောက်ကျိုးနည်း အချိန်အတိုင်း ကွက်တိ ဟန်ဆောင်နေခဲ့ခြင်း ဖြစ်သည်။
လုဖုန်းနှင့် ဝေ့ရှောင်းတို့က ထိုခွေးအိုကြီးယွမ်၏ သရုပ်ဆောင်မှုအတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ထိုအတွက်ကြောင့် ဒီအချိန်အတောတွင်း သူက နောက်လှည့်ကာ ဝေရှောင်ရှောင်းကို ကိုင်တွယ်လေသည်။
ရှင်းပြချက်ကို နားထောင်ပြီးနောက် ကြည့်ရှုသူများက သက်ပြင်းချကြသည်။
“အံ့သြစရာပဲ နတ်ဘုရားယွမ်က esportဘက်မှာ မအောင်မြင်ရင်တောင်မှ ရုပ်ရှင်ဧက္ကရာဇ် ဖြစ်နိုင်သေးတယ်”
အစပိုင်းတွင် လုဖုန်းနှင့် ဝေ့ရှောင်းတို့သည် တစ်ယောက်စီခွဲလျက် soloဂိမ်းပွဲနှစ်ပွဲကို ကစားနေသလို ဟန်ဆောင်ခဲ့ရင်း ယွမ်ဇယ်ကို ဓားဖြင့်ထိုးကာ အိမ်ပြန်ပို့လိုက်သည်။
သို့ရာတွင် သူတို့က doubleဂိမ်းကစားရန် ကြံစည်ကြသည့် အချိန်တွင်မူ ယွမ်ဇယ်က လှည့်ကွက်ကို သုံးလိုက်ပြန်သည်။ သူက ထိုချက်ကောင်းကို အမိအရ ဖမ်းဆွဲလျက် doubleဂိမ်းပွဲကို ပြန်ခွဲလိုက်ပြန်သည်။
Soloမကစားချင်ဘူး ဟုတ်လား။ ငါမင်းကို soloကို အတင်းဖိအား ပေးပြမယ်။
ပူးပေါင်းချင်တယ် ဟုတ်လား ဟွန့်။ ငါက ခွင့်ပြုတယ်လို့ ပြောလား။
ယွမ်ဇယ်၏ ယခင် “မန်ဒရင်းဘဲတွေကို ရိုက်နှက်မယ်”ဆိုသော စကားက ဟာသမဟုတ်ပေ။
သူသည် သူ၏တာဝန်ကို ပြီးပြည့်စုံစွာ လုပ်ဆောင်သွားခဲ့ပြီး မန်ဒရင်းဘဲနှစ်ကောင်ကို အတူပူးကပ်ခွင့် မပြုခဲ့ချေ။
ထိုအခြေအနေက FTWအတွက် အလွန်အခြေအနေ ဆိုးသွားသည်။
ဟမ့် နောက်ပြောင်တာတွေ လာရှုပ်တာတွေကို ဘေးဖယ်ထားလိုက်။ လက်ရှိအခြေအနေ တစ်ခုတည်းကတင် ဂယ်ရီက ဝေ့ရှောင်းထက် သန်မာတယ်။
သူတို့၏ talent specများကို ခွဲခြမ်းစိတ်ဖြာခြင်း မရှိဘဲ အတွေ့အကြုံကို အခြေခံခြင်း မရှိလျှင်ပင် နှစ်ယောက်အကြားမှ ခြားနားချက်က နည်းပါးသော ပမာဏထက် ပိုနေသည်။
87 02
Closeကို ယှဥ်ပြိုင်သော ဆုံမှတ်တစ်ခုအဖြစ် အသုံးပြုလျှင် ဝေ့ရှောင်းက သူနှင့်soloသောအခါ သူ၏အနိုင်ရနိုင်ချေက ၃၀%ဖြစ်ပြီး ဂယ်ရီကမူ ၄၀%အထိ ရှိကာ တချို့သော heroများနှင့်ဆိုလျှင် ၅၀မှ ၆၀အထိပင် ဖြစ်ကောင်း ဖြစ်သွားလောက်သည်။
ထိုကွာဟချက်ကြောင့်သာ ဂယ်ရီက closeကို ထိန်းထားနိုင်ချိန်တွင် ဝေ့ရှောင်းက ယွမ်ဇယ်ထံတွင် ရိုက်နှက်ခံခဲ့ရခြင်း ဖြစ်သည်။
လူရမ်းကား စစ်သည်တော်က အရိပ်သူခိုးနှင့် ယှဥ်သောအခါ သဘာဝအလျောက် အားသာချက်ရှိသည်။
ယွမ်ဇယ်၏ အသီးသီးသော အတွေ့အကြုံများက ဝေ့ရှောင်းထက် သာလွန်နေခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် ထိုdoubleဂိမ်းတွင် FTWဟာ အဆုံးသတ်လေပြီ။
လူတိုင်းကလည်း ထိုသို့တွေးထားကြ၏။ ပွဲကို အာရုံစိုက်နေသော ချန်းဖုန်းလည်း အလားတူသာလျှင် ဖြစ်သည်။
သူက အရှုံးကို မစိုးရိမ်ပေ။ ဒီတိုင်း ဝေ့ရှောင်း ရှုံးသွားရန်ပင် မျှော်လင့်မိသေးသည်။ ထိုကလေးက ပြင်းထန်သန်မာလွန်းသော စိတ်နေသဘောထား ရှိသည်။ သူ့ကို ရှုံးစေခြင်းဖြင့် ပို၍စိတ်လှုပ်ရှားစေပေလိမ့်မည်။
ဒီတိုင်း....။
လူတိုင်းကလည်း FTWဟာ ရှုံးမည်ဟု ထင်ထားကြသည်။ သို့သော် ကွင်းထဲမှ နှစ်ယောက်ကမူ ထိုသို့ မထင်ကြပေ။
ဘာကိုအခြေခံပြီး အဲဒီလို ဆုံးဖြတ်လိုက်တာလဲ။
သူတို့ရဲ့ပြိုင်ဘက်က အင်အားကြီးနေတာနဲ့ပဲ သူတို့က အရှုံးပေးရတော့မှာလား။
ဒါမှမဟုတ် သူတို့က ဖိနှိပ်ခံနေရလို့လား။
ဒါမှမဟုတ် အခြေအနေကို တစ်ဖက်သတ် ဆုံးဖြတ်ချက် ချလိုက်ပြီး သူတို့ရှုံးတော့မယ်လို့ တွေးလိုက်တာလား။
မဖြစ်နိုင်တာ။
ဝေ့ရှောင်းကမူ တခြားသောသူများဟာ မည်သို့မည်ပုံ တွေးတောကြောင်းကို မသိကောင်း မသိလောက်ပေ။ သို့သော် မည်သို့ပင်ဆိုစေ သူသည် ဦးနှောက်ထဲတွင် အရှုံးဆိုသော စကားလုံးကို ရေးထားခြင်းပင် မရှိပေ။
သူသည် သုံးကြိမ် သေပြီးလေပြီ။ လူရမ်းကားစစ်သည်တော်၏ ထိန်းချုပ်စွမ်းရည်ကြောင့် အရိပ်သူခိုးသည် စွမ်းရည်များကို ချိတ်ဆက်အသုံးပြုနိုင်စွမ်းရည် မရှိခဲ့ချေ။ ထိုသို့ စွမ်းရည်များကို ချိတ်ဆက်အသုံးပြုနိုင်စွမ်း မရှိသော အရိပ်သူခိုးသည် အလင်းစက်ကွင်းကိုပင် မသုံးနိုင်ပေ။
သူ၏အဓိက damage dealing skillကို ပစ်မှတ်အထားခံရသောအခါ ဝေ့ရှောင်းက အမှန်တကယ်ပင် မသက်မသာ ဖြစ်လာသည်။
ဝေ့ရှောင်းက ရုတ်တရက်ပြောသည်။
“ခေါင်းဆောင် ခေါင်းဆောင်ငါ့ကိုကူပြီး အဲဒီ immue buffကို လုပေးမလား”
Immueနှင့်အဆိပ်သည် အတူတူသာလျှင် ဖြစ်သည်။ ထိုbuffများသည် တချို့သော မကောင်းဆိုးဝါးများကို သတ်ဖြတ်ခြင်းအားဖြင့် ရရှိသည်။ အချိန်ကိုက် အရယူရလေပြီး ကစားသမားက နှစ်စက္ကန့်ကြာသည်အထိ ထိန်းချုပ်skillကို ရှောင်နိုင်သည်။
ဝေ့ရှောင်းက နှစ်စက္ကန့်သာလျှင် အသုံးပြု၍ရသော ထိုskillကို ယူခြင်းအားဖြင့် လူရမ်းကား စစ်သည်တော်၏ ထိန်းချုပ်skillကို ရှောင်ရှားပြီး အရိပ်သူခိုး၏ စွမ်းရည်များကို ချိတ်ဆက်ကာ အသုံးပြုလိုသည်။
သူက ပြန်ပြီး တိုက်ခိုက်ချင်တယ်။
ချန်းဖုန်းကလည်း သူတို့၏ စကားကို ကြားသဖြင့် ဘာကိုမှမတွေးတောဘဲ ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး”
ဒါက အရမ်းကို မိုက်ရူးရဲဆန်လွန်းတယ်။
ဂိမ်းပွဲသည် မိနစ်၂၀အထိ ဆွဲနေခဲ့ပြီးသား ဖြစ်သည်။ နောက်ပိုင်းသို့ ကြာလေလေ သေဆုံးပြီးနောက် ပြန်လည်ရှင်သန်ချိန်က ကြာလေလေ ဖြစ်ပေလိမ့်မည်။
ဝေ့ရှောင်းသည် သေချာပေါက် သေ၍ မရတော့ချေ။ သူသာ ကျသွားခဲ့သော် ယွမ်ဇယ်နှင့် ဂယ်ရီတို့က နှစ်ယောက်အတူပေါင်းပြီး ပြန်လည်ရှင်သန်ခြင်း သလင်းတုံးကို သုတ်သင် လာဖြိုပေလိမ့်မည်။
ဒီလိုအခိုက်အတန့်တွင် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်က တည်ငြိမ်စွာ ကစားလျက် အခွင့်အရေးကို အရယူပြီး လောင်ချီကို တိုက်ခိုက်ရန်ဖြစ်သည်။
လုဖုန်း..
87 03
“လာပြီ”
ချန်းဖုန်း..
“.....”
သူ တကယ်ပဲ အဲဒီimmue buffကို သွားကူပြီး ယူပေးမှာလား။
သူ ရသွားတော့ရော ဘာဖြစ်လဲ။ closeရဲ့ အရိပ်သူခိုးနဲ့ဆိုရင်တောင်မှ သူတို့ရဲ့ farming အခြေအနေ ကွာခြားချက်က ယွမ်ဇယ်ကို သွားမသတ်နိုင်ဘူးလေ။
ကောင်းပြီ ကောင်းပြီ။
မိခင်ဟန်ချန်းကမူ မစိုးရိမ်တော့ချေ။
ဒါကဒီတိုင်း free matchingပါပဲ။ ရှုံးသွားလည်း ပြဿနာမရှိဘူး။ ဒီအတိုင်း သူတို့ကို ပေါ့ပေါ့ပါးပါး ကစားပါစေ။
ယွမ်ဇယ်က အလွန်သတိကပ်ထားသည်။ သူသည် ဝေ့ရှောင်းကို တစ်ချိန်လုံး ဖိအား ပေးနေခဲ့သော်လည်း အခြေအနေတစ်ခုလုံးကို တစ်စက္ကန့်ပင် ပေါ့သေးသေး သဘော မထားရဲချေ။
မိနစ်၂၀ ကြာသွားလေပြီ။ အပေါ်ယံတွင်မူ ယွမ်ဇယ်ဟာ တာဝန်ကို ပြီးမြောက်သည်ထက် သာလွန်နေသည်ဟု ယူဆနိုင်သည်။ သူသည် ဗုဒ္ဓတစ်ပါးလိုမျိုး လူရမ်းကားစစ်သည်တော်ကို ဆက်တိုက်ဖိနှိပ်လျက် quietလေး၏ ခေါင်းသေးသေးလေးကို ဖိချထားပုံ ပေါ်၏။
သို့သော် ပြောရမည်ဆိုလျှင် သူကသာ ဒီမိနစ်နှစ်ဆယ်လုံး သူ့အတွက် မည်မျှခက်ခဲခဲ့ကြောင်း သိလာသည်။ အနည်းငယ်သော ဂရုမစိုက်မှုကလည်း ထိုမျောက်စုတ်လေးကို ခုန်တက်ပြီး သူ့ကို ကိုက်စေလိမ့်မည်။
ယွမ်ဇယ်သည်လည်း ဝေ့ရှောင်း၏ ပြန်လည်တိုက်ခိုက်လိုစိတ်ကို သံသယမဝင်ပေ။ ထိုကလေးကို စက္ကန့်တစ်ဝက်ပင် စိတ်အေးထား၍ မရပေ။
သို့ရာတွင် ထိုအခြေအနေကလည်း အမှန်တကယ် စိတ်ဝင်စားစရာ ကောင်းသည်။ ယွမ်ဇယ်ကမူ ဒီပွဲဟာ နောက်ထပ်မိနစ်၂၀ခန့်ကြာရန်ပင် အမှန်တကယ် မျှော်လင့်မိသေးသည်။
သူ၏ သတိကပ်ထားမှုကြောင့် သူသည်လည်း ဝေ့ရှောင်း၏ အခြေအနေကို အမြဲတစေ အာရုံစိုက်ထားပြီးသား ဖြစ်သည်။ အရိပ်သူခိုးကသာ ပြန်လည်တိုက်ခိုက်လိုလျှင် သူက immue buffကို လိုပေလိမ့်မည်။
ထို့ကြောင့် ယွမ်ဇယ်သည် ဝေ့ရှောင်းအား ထိုအခွင့်အရေးကို မပေးနိုင်ပေ။
ဝေ့ရှောင်းက တောထဲသို့ဝင်ရန်လည်း မကြိုးစားပေ။ သူသည် ထိုနေရာသို့ ဦးတည်ရန် အရိပ်အယောင်ပင် မပြဘဲ ယွမ်ဇယ်နှင့်သာ ထိပ်တိုက်တိုက်ခိုက်လျက် skillနှင့် တိုက်ကွက်များကို ဖလှယ်နေလိုက်သည်။ သူသည် ဒီအခြေအနေကို အလွန်ရင်းနှီးမြှုပ်နှံထားပုံ ပေါ်သည်။
သို့သော် လောင်ချီက ရုတ်တရက် ထအော်သည်။
“closeက immunity monstarကို သွားပြီး တိုက်ခိုက်နေတယ်”
ယွမ်ဇယ်က အံ့သြသွားသည်။
“fuck”
ချက်ချင်းဆိုသလိုပင် ဝေ့ရှောင်းက အစားထိုးskillနှစ်ခုကို သုံးလျက် flash skillကို သုံးသွားသည်။ သူက မီတာ၈ရာ ကျော် ခြားလိုက်ပြီး လောင်ချီက အပြေးမလာခင် close၏အနားသို့ ကပ်သွားသည်။
ထိုသို့ health volumeကို သူရူးတစ်ကောင်လို ထိန်းချုပ်နိုင်စွမ်းရည်မျိုးကြောင့် closeသည် တောmostar၏ healthကို အလွန်အမင်း မဖြစ်နိုင်လောက်သော အတိုင်းအတာမျိုးအထိ ထိန်းချုပ်ထားနိုင်သည်။
ဝေ့ရှောင်းကလည်း အနည်းငယ်ပင် အချိန်ဖြုန်းနေခြင်း မရှိလေဘဲ သူ၏ စွမ်းအင်အစစ်ကို တိုက်ရိုက်ထုတ်သုံးလျက် အော်တိုတိုက်ခိုက်မှုမျိုးကိုသာ သုံးပြီး ထိုbuffကို အရယူလိုက်သည်။
ဂယ်ရီသည် သူတို့နှင့် အလွန်နီးနေသည်။ ထိုအတွက်ကြောင့် အသင်းတစ်ခုလုံးအတွက် visionဖွင့်ထားပေးနိုင်လေရာ သူကိုယ်တိုင်လည်း ပေါ်သွားပြီဖြစ်သည့်အလျောက် မပြေးနိုင်တော့ချေ။
ယွမ်ဇယ်က အပြေးလာသည်။ သူသည် သေချာပေါက် ဝေ့ရှောင်းအား ထိုလောင်ချီကို သတ်ခွင့်ပြု၍ မရချေ။ လောင်ချီ သေသွားသည်နှင့် ဂိမ်းက.... ။
ဝေ့ရှောင်းက ယွမ်ဇယ်အပြေးလာမည့်အချိန်ကို စောင့်နေခဲ့ခြင်းဖြစ်သည်။
လောင်ချီကို သတ်ရမယ် ဟုတ်လား ဟွန့်။ ရည်မှန်းချက် နည်းလွန်းရာရောက်တယ်။
အရိပ်သူခိုးသည် မိနစ်နှစ်ဆယ်လုံးလုံး ဖိအားပေးခံထားရသည့်အတွက် အလွန်ဒေါသ ထွက်နေပြီဖြစ်ပြီး သူကအပြေးလာချိန်တွင် သွေးနီရောင်ပင် သမ်းနေသည်။ ပထမဦးဆုံးထွက်လာသည့် တိုက်ကွက်၂ခုက လူရမ်းကားသူခိုးပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် အခြေခံ တိုက်ကွက်နှင့် တတိယမြောက် skillတစ်ခုက ကပ်ပါသည်။
87 04
ယွမ်ဇယ်သည်လည်း အလွန်အမင်း မြန်ဆန်စွာ တုံ့ပြန်လိုက်သည်။ သူသည် သူ၏ ပြိုင်ဘက်ကင်းအကွက်ကိုပင် စသုံးထားပြီးလေပြီ။ ဒီနည်းအားဖြင့် ဝေ့ရှောင်း၏ မျက်နှာထက် တိုက်ရိုက် ချီတက်လာသည်။
ဝေ့ရှောင်းက နောက်မဆုတ်ချေ။ သူသည် immue buffကို အသက်သွင်းပြီးနောက် သူ၏ စစ်သည်တော်လေးများကိုသာ ဆက်တိုက်အသုံးပြုလျက် အကွက်များကို ချိတ်ဆက်စေလိုက်သည်။
လေ့ကျင့်ရေးခန်းအတွင်းမှ ချန်းဖုန်းက လေအေးများကို ရှူရှိုက်ရင်း ထိုအခန်းကို ကြည့်နေသည်။
ဝေ့ရှောင်း၏ လက်များက အလွန်ကြည့်ကောင်းသည်။ စန္ဒယားတီးသမားတစ်ယောက်၏ သွယ်လျသော လက်များအလား ကီးဘုတ်ပေါ် ပြေးလွှားနေသည်မှာ အလင်းဖွားများကို လက်စေလောက်အောင် မြန်ဆန်ပြီး interfaceတွင် ပေါ်နေသော ထက်ရှသည့် ဓားအလင်းများနှင့်ပင် တူသေးသည်။
တစ်စက္ကန့် နှစ်စက္ကန့်.....။
အရိပ်သူခိုး၏ စွမ်းအင် reserpက ပြည့်သွားပြီးနောက် အလင်းစက်ကွင်းများက ဖန်သားပြင်တစ်ဝက်လုံး အနှံ့ပေါက်ကွဲသွားသည်။ ထို့ကြောင့် အရိပ်သူခိုးက လှုံ့ဆော် ထုတ်သုံးထားသော စွမ်းအင်ကို အခြေခံခြင်းအားဖြင့် အလင်းစက်ကွင်း၈ကွင်းကို ထုတ်နိုင်မည်မှာ အံ့အားသင့်စရာ အကြောင်း မရှိပေ။
ကောင်းကင်နီဓားသွား၏ သွေးနီရောင် ခြုံလွှာက လေပေါ်သို့ လွင့်ထွက်ကာ မြောက်တက်သွားချိန်တွင် အတွင်းမှ အရိပ်သူခိုးက အေးစက်ပြီး အညှာအတာမဲ့သွားပြီ ဖြစ်သည်။
Screenတစ်ခုလုံးအနှံ့ တောက်ပသော အလင်းစက်ကွင်းများကသာ ဖုံးလွှမ်းနေပြီး ရန်သူ၏သွေးနှင့်အသက်ကို ယူဆောင်သွားသည်။
သေဆုံးသွားသည့်အခိုက်အတန့် လူရမ်းကားစစ်သည်တော်က အရိပ်သူခိုးထံ hitတစ်ခု ရအောင် ပို့လိုက်သေးသည်။ သို့ရာတွင် ဝေ့ရှောင်းကမူ ယွမ်ဇယ်ကို သတ်ပြီးလေပြီ။ နှစ်ယောက်လုံးက အတူသေသွားကြသည်။
ပို၍ပင် ခြောက်ခြားဖွယ်ကောင်းစေသည်မှာ အရိပ်သူခိုး၏ အလင်းစက်ကွင်းများက လောင်ချီထံသို့ပင် သွားရောက် လိုက်သေးသည်။ ထိုအချိန်တွင် သူက healthတစ်ဝက်သာ ကျန်ရစ်တော့သည်။
သေဆုံးခြင်းသူရဲကောင်းက ဓားသွားကို အသာမြှောက်လျက် အပြေးလာချိန်တွင် အစစ်အမှန် သေဆုံးခြင်းသူရဲကောင်း ဖြစ်သွားလေပြီ။
သူရဲကောင်းတစ်ယောက်က ရန်သူတွေဆီမှာ အသက်ပေးသွားတယ်။
အနိုင်။
Closeက ပွဲကို အဆုံးသတ်လိုက်သည်။
ဂိမ်းထဲမှ ထွက်ပြီးနောက် ယွမ်ဇယ်က ဖန်သားပြင်ကို စိုက်ကြည့်နေသည်။ ဂယ်ရီက ထအော်သည်။
“သေစမ်း”
သူက ခေါင်းကိုလှည့်လျက် သူ၏ကိုယ်ပိုင်ခေါင်းဆောင်ကို ကြည့်ပြီး အေးခဲသွားသည်။
ထိုမြင်ကွင်းက ဂိမ်းပွဲရှုံးရသည်ထက်ပင် လောင်ကျီကို လန့်စေသည်။
ဖန်သားပြင်ပေါ်မှ အရှုံးဆိုသော သွေးနီရောင်အလင်းက ယွမ်ဇယ်၏မျက်လုံးများပေါ် ထင်ဟပ်နေသည်။
ထိုအနက်ရောင်ဘောင်အတွင်းရှိ မျက်လုံးများက မီးတောက်နေပုံ ပေါ်၏။
ကြာရှည်စွာ ပျောက်ဆုံးနေခဲ့သော စိတ်အားထက်သန်မှုက နောက်ဆုံးတွင် လောင်စာထည့်သွင်းလျက် မီးမြှိုက် ခံလိုက်ရလေပြီ။
******