အပိုင်း (88) ခေါင်းဆောင်က အကောင်းဆုံးပဲ
ဂယ်ရီ...
“ခေါင်းဆောင်”
ယွမ်ဇယ်..
“ငါ ဆေးလိပ် သွားသောက်လိုက်ဦးမယ်”
သူက စားပွဲပေါ်မှ မီးခြစ်ကို ကောက်ယူလိုက်ပြီး လေ့ကျင့်ရေးခန်ထဲမှ ထွက်သွားသည်။
လျှောက်လမ်း၏ အဆုံးနားတွင် စင်မြင့်လေးတစ်ခုရှိသည်။ ဝင်သွားသော နေထံမှ ဖြာကျလာသောအလင်းက အပြာရောင်ရေမျက်နှာပြင်ပေါ်သို့ ဝေဝါးစွာ ဆင်းသက်လာသည်မှာ အေးစက်သော နှင်းပေါ်မှ ပင်လယ်ပြင်နှင့် ကောင်းကင်တစ်ခုလုံးကို လောင်မြိုက်နေစေသော မီးတောက်အလား ထင်ရသည်။
ယွမ်ဇယ်က စီးကရက်ကို မီးညှိသည်။ မီးတောက်က မီးခိုးအဖြစ် ပြောင်းလဲသွားသည်။ သို့သော် သူ၏လက်ဖဝါးကမူ အလွန်အမင်း ပူနေသည်။
သူက စီးကရက်ကို ခပ်ကြမ်းကြမ်း ရှူသွင်းလိုက်ပြီးနောက် မှုတ်ထုတ်လိုက်သော မီးခိုးများမှတစ်ဆင့် လက်ဖဝါးကို ငုံ့ကြည့်လိုက်သည်။
သူ၏လက်ဖဝါးဟာ ရှင်းလင်းနေသည်။ ကုန်လွန်ခဲ့သော နှစ်များအတွင်း မရေမတွက်နိုင်သော ကစားပွဲများကြောင့် ဖြစ်လာသော ခပ်ပါးပါး အမာရွတ်များလည်း ရှိသည်။
လေ့ကျင့်ရေးပွဲများ၊ ပုံမှန်season play off၊ ပြည်တွင်းဖိုင်နယ်၊ global shot league၊ global elimination match up၊ global final.....။
မရေမတွက်နိုင်တဲ့ matchပွဲတွေ မရေမတွက်နိုင်တဲ့ အနိုင်တွေ အရှုံးတွေ.....။
သူသည် ကျင့်သားရနေလောက်ပြီဟု တွေးခဲ့သည်။ သူသည် ကျင့်သားရသင့်လောက်လေပြီ။ ယခုမူ ထုံထိုင်း နေသင့်လောက်၏။
ယခုအခါမှသာ ရိုးရှင်းသော double ဂိမ်းတစ်ပွဲက သူ၏လက်ဖဝါးပေါ်တွင် မီးတောက်ကို တောက်လောင်စေခဲ့သည်။ သူက နိုင်ချင်သည်။ သူက ထိုဂိမ်းပွဲကို နိုင်ချင်သည်။ သူက ရိုင်းစိုင်းကြမ်းတမ်းပြီး ထောင်လွှားလွန်းသော ထိုမျိုးမစစ်ကောင်လေးကို ရှုံးအောင် လုပ်ချင်သည်။
ယွမ်ဇယ်က မီးခိုးစက်ကွင်းလိုက် မှုတ်ထုတ်လိုက်ပြီး သူ၏ တုန်လှုပ်နေသော နှလုံးသားကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူသည် ဒီနှစ် global ပြိုင်ပွဲကိုပင် မျှော်လင့်စောင့်စား မိလာသည်။
သူ တကယ်ကို မျှော်လင့်မိတယ်။
သူက လေ့ကျင့်ရေးအခန်းထဲသို့ ပြန်ဝင်သွားသောအခါ ယွမ်ဇယ်က ကုလားထိုင်ကို ချက်ချင်းဆွဲထုတ်လိုက်ပြီး ထိုင်သည်။
“လောင်ကျီ အမှတ်တွေ ယူရအောင်”
ဂယ်ရီ၏မျက်လုံးက တောက်ပသွားသည်။
“ငါတို့ဒီည FTWနဲ့ ကစားမှာလား”
ယွမ်ဇယ်..
“အင်း”
သူတို့သည် score ဘုတ်တွင် ပထမဖြစ်ရန် လိုအပ်သည်။ သူသည် ဒီနည်းအားဖြင့် ထိုမိတ်ဆွေလေးကို 5v5 ပြိုင်ပွဲမှတစ်ဆင့် သင်ခန်းစာ ပေးလိုလေသည်။
FTWက L&Pကို ယှဥ်ပြီး အနိုင်ရသွားသည်။ ထိုသတင်းက အင်တာနက်တစ်ခွင်လုံး ပျံ့နှံ့သွားသည်။
အကြောင်းအရာကို မသိသော နေကြာစေ့စားသည့် လူအုပ်က မေးမြန်းကြသည်။
“ဘာဖြစ်တာလဲ ပြည်တွင်းပြိုင်ပွဲတွေက မစသေးဘူး မဟုတ်လား၊ ဘယ်လိုဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲတွေက အချိန်ကြိုစောပြီး စတာလဲ”
“L&Pဟုတ်လား မနှစ်က ကမ္ဘာ့runnerup မဟုတ်ဘူးလား၊ မင်းတို့ FTWရဲ့ ပရိသတ်တွေက ရူးပြီး နေ့ခင်းကြောင်တောင် အိပ်မက် မက်နေကြတာလား”
“မဟုတ်သေးပါဘူး ဒီလိုအချိန်ကြီးမှာ pointပြိုင်ပွဲကတောင် မစသေးဘူးလေ၊ ဘာကိုနိုင်တာ ရှုံးတာတွေ ပြောနေတာလဲ”
ကောင်းကင်သို့ပင် မြောက်တက်နေပြီဖြစ်သော ပရိသတ်များကမူ ချက်ချင်းလိုလို စတင်ကာတွန်း၍ စိတ်အားထက်သန်စွာ ရောင်းကြသည်။
“လမ်း ဖြတ်မလျှောက်ကြနဲ့။ ဒီတိုင်း ဖြတ်မသွားကြနဲ့ မလွဲချော်ကြစေနဲ့၊ closeနဲ့ Quietရဲ့ double matchက ကြည့်ဖို့ ထိုက်တန်တယ်”
“မဟာမိစ္ဆာဘုရင်ကြီးနဲ့ မဟာမိစ္ဆာဘုရင်လေးတို့ရဲ့ အံအားဖွယ်ကောင်းတဲ့ ပြန်လည်တိုက်ခိုက်မှု၊ အခြေအနေကို ပြောင်းပြန်လှန်လိုက်တဲ့ပွဲကို ငါ အကြိမ်တစ်သောင်းမက ကြည့်နိုင်တယ်”
“Quietရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပရိသတ်အနေနဲ့ ဝင်ရောက်တင်ပြချင်တယ်၊ cpဆိုတာတွေ မေ့ထားလိုက်၊ Quiet ဒီမားမားအတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ပေးစမ်းပါ၊ အဲဒီခွေးအိုကြီးယွမ်ကို သေတဲ့အထိ ထုရိုက်လိုက်စမ်း”
ထိုပွဲသည် free matchဂိမ်းတစ်ပွဲသာလျှင် ဖြစ်သည်။ ဆုလည်းမရ အပိုရလဒ်လည်း မရနိုင်သော ဂိမ်းပွဲဖြစ်ပြီး ကစားသမားများအကြားမှ ဖျော်ဖြေရေးပွဲစဥ် သက်သက်သာ ဖြစ်သည်။ သို့ရာတွင် အံ့အားသင့်ဖွယ်ကောင်းသော ကစားသမား၄ယောက်၏ ပါဝင်ပတ်သက်မှုများ၊ ကြည့်ရှုသူများ၏ အာရုံခံနိုင်စွမ်းအားက လောင်မြိုက် ခံလိုက်ရသည်။
Gloryအသိုင်းဝိုင်းထဲတွင် စီနီယာအဆင့် ခွဲခြမ်းစိတ်ဖြာမှု ဧက္ကရာဇ်ကြီးများရှိသည်။ ထိုထဲမှ အကျော်ကြားဆုံးတစ်ယောက်သည် အကိုဖန်းဖြစ်သည်။
ဖန်းကောသည် သူ၏နာမည်နှင့်ပင် ထိုက်တန်သည်။ သူသည် စကားလုံးများနှင့်ပတ်သက်ပြီး လမ်းစဥ်တစ်ခုကို ကျွမ်းကျင်ထားသလို ဝေဖန်အကဲဖြတ်ရာတွင်လည်း ကျွမ်းကျင်မှုအပြည့်ရှိပြီး သူ၏ replay vdများကို ခွဲခြမ်းစိတ်ဖြာပြကာ မှတ်ချက်ပေးမှုများက ကစားသမားများအား အာကာသပြင်ထဲသို့ ဝင်ရောက်လျက် ဆိုလာစနစ်ထဲမှ လွင့်ထွက်သွားလောက်အောင် မီးမြိုက်နိုင်စွမ်းရည်ရှိသည်။
ထိုသို့ဖြင့် ပြိုင်ပွဲဝင်တိုင်းကို ပိတ်လှောင်သွားလောက်အောင် အလေးအနက်ထားရင်း ထင်မြင်သုံးသပ်ချက် ပေးမည်ကြောင့် ဖန်းကောက ခွဲခြမ်းစိတ်ဖြာထားသည့် vdတစ်ခုကို တင်လိုက်သည်။ သူသည် double matchပွဲ၏ နောက်ဆုံးတစ်သုတ် စီမံအသုံးပြုသွားသော လုပ်ဆောင်မှုများ ရောက်သည်အထိ အရာအားလုံးကို တည်ငြိမ်စွာသာ ပြောသွားသည်။
“immue buffကို အသုံးပြုရုံလေးပဲ သုံးနိုင်တဲ့ ဒီအရိပ်သူခိုးက သူ့ရဲ့အကွက်တွေအားလုံးကို ချိတ်ဆက်အသုံးပြုလိုက်ပြီး အလင်းစက်ကွင်းတွေကို ထုတ်လွှတ်လို့ ခွေးအိုကြီးယွမ်ကို သတ်နိုင်မယ်လို့ မင်းတို့ ထင်လား”
“မှားတယ်။ closeရဲ့ လျှို့ဝှက် စီမံလမ်းပြမှုနဲ့ heroကို ကိုင်တွယ်အသုံးပြုနိုင်စွမ်းရည်တွေကလည်း ဒီနေရာမှာ အကျိုးသက်ရောက် သွားတာ၊ နောက်ပြီး Quietကလည်း သေချာ အားထုတ်သွားခဲ့တာလည်း ပါတာပေါ့၊ သူတို့ရဲ့ အသက်တွေက အပ်ချည်မျှင်တစ်ချောင်းတည်းနဲ့ တွဲချည်ထားသလိုမျိုး တစ်ယောက်ကိုယ်တစ်ယောက် အလုံးစုံအကြွင်းမဲ့ ယုံကြည်ထားကြတယ်”
“မင်းတို့ကိုယ်တိုင် ခံစားကြည့်စမ်း၊ အသေးစိတ် ခံစားကြည့်လိုက်၊ closeက တောထဲကို အချိန်ကိုက် ဝင်ရောက်သွားတာ၊ damageကို သူ့ရဲ့skillတွေကိုပဲ သီးသန့်သုံးပြီး ထိန်းချုပ်သွားရင်းနဲ့ အဲဒီmonstarရဲ့ healthကို နောက်ဆုံးတစ်သုတ် ကွက်တိကျန်အောင် ထိန်းချုပ် ကြိုးကိုင်သွားခဲ့တာက အဓိကအချက်ပဲ၊ ကွန်ပျူတာကတောင်မှ သူ့လောက် တိတိကျကျ မတွက်ချက်နိုင်လောက်ဘူး”
“နောက်ပြီး ဆက်ကြည့်လိုက်၊ ဆက်ပြီး ကြည့်လိုက်မယ်ဆိုရင် ဒီQuietရဲ့ လှုပ်ရှားမှုတွေနဲ့ ဒီflash skillသုံးလိုက်တာကို တွေ့လိုက်ရလိမ့်မယ်၊ သူက တစ်စက္ကန့်လောက်ပဲ ကြိုစောပြီး လှုပ်ရှားလိုက်မယ်ဆိုရင် ခွေးအိုကြီးယွမ့်ကို အလန့်တကြား ဖြစ်သွားစေမှာ၊ ဒါပေမဲ့ သူက တစ်စက္ကန့်လောက် နောက်ကျသွားမယ်ဆိုရင်လည်း အဲဒီ immueမကောင်းဆိုးဝါးကို လွတ်သွားဦးမှာပဲ၊ ဒီအရိပ်သူခိုးက အမှားလုံးဝ လုပ်လို့မရတဲ့ merginက ၀.၀၁စက္ကန့်ထက်တောင် နည်းသေးတယ်”
“ဒီလို ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်အနေနဲ့ ဒီလောက်အဆင့် လုပ်ဆောင်နိုင်စွမ်းရှိတာက သာမန်ပဲ မဟုတ်ဘူးလားဆိုပြီး ပေါက်ကရ စကားတွေသုံးပြီး ပြောတဲ့လူမျိုး ရှိမယ်ဆိုတာကိုတော့ ငါသိတယ်၊ ဒီလိုဆိုရင် မင်းတို့ရဲ့အမေကိုပဲ သာမန်စီမံလည်ပတ်နှုန်းတွေနဲ့ သွားလုပ်လိုက်၊ အခြေအနေကို တစ်ချက်ကြည့်စမ်း၊ ဆိုးရွားတဲ့ farming အခြေအနေ နောက်ပြီး တစ်ဖက်သတ်ပြိုင်ပွဲ....ဒီလိုတိကျလွန်းတဲ့ ရှုံးနိမ့်နေတဲ့ အခြေအနေမျိုးမှာတောင် လူသစ်တစ်ယောက်ဖြစ်တဲ့ Quietက အပြေးဝင်သွားရဲပြီး ခွေးအိုကြီးယွမ့်ကို ပြန်လည်တိုက်ခိုက်ရဲတာ။ နောက်ပြီးသူက အောင်မြင်သွားသေးတယ်”
“အိုး ဒါက ဒီတိုင်း free matchပဲ၊ ရှုံးရင်တောင် ပြဿနာ မရှိဘူးလို့ မင်းတို့ ပြောလောက်တယ်၊ ဒါပေမဲ့ ဘာလို့တခြားနည်းလမ်းတစ်မျိုးနဲ့ မစဥ်းစားကြည့်တာလဲ၊ ဒါက free matchဟုတ်တယ်၊ ဒါပေမဲ့ နိုင်ရင် ၆မှတ်ရပြီး ရှုံးရင် မနာကျင်ရပေမဲ့ Quietက အတတ်နိုင်ဆုံး ကြိုးစားပြီး ပထမဆုံးတစ်စက္ကန့်ကနေ ဂိမ်းရဲ့နောက်ဆုံးတစ်စက္ကန့်အထိ နိုင်ဖို့တောက်လျှောက် အသုံးပြုသွားခဲ့တာ၊ သောက်ကျိုးနည်းကို ဒါက အလေးအနက် မထားတဲ့ အပြုအမူလား”
“မင်းတို့ဘာဆက်ပြောလို့ရဦးမလဲဆိုတာကို ငါသိတယ်....ဖန်းကော FTWကို ဒီလောက် သက်တံ့ရောင်စက်ကွင်းလို ကျောဖာမှုတွေအပြည့်နဲ့ ပြောဆိုနေရအောင် တစ်ဖက်က ဘယ်လောက် ပိုက်ဆံပေးထားသလဲလို့ ပြောလာလောက်တယ်၊ ဒါပေမဲ့ ငါ မသေဘူး၊ မင်းတို့ရဲ့အဖေဖန်းက ပိုက်ဆံကိုတောင် အမှန်တကယ် ပြန်ပေးလိုက်ချင်သေးတာ၊ ဒီလောင်ဇီက FTWရဲ့ junglerအသစ်ကို စိတ်ဝင်စားတယ်၊ ဒီလောင်ဇီက သူcloseကို အဖော်ပြုပြီး ချန်ပီယံရှစ် အရယူမှာကို စိတ်ဝင်စားတယ်၊ ဒီလောင်ဇီကလည်း FTWက ကမ္ဘာ့ချန်ပီယံရှစ်အိပ်မက်ကို ရနိုင်မယ်လို့ မျှော်လင့်တယ်”
ဖန်းကောသည် gloryအသိုင်းအဝိုင်းအတွင်းတွင် နာမည်ကျော် ဝေဖန်အကဲဖြတ်သူတစ်ယောက် ဖြစ်သည်။ သူသည် အလွန်လွှမ်းမိုးနိုင်စွမ်းရည် ရှိသည်။ ထို့ကြောင့် ကြမ်းတမ်းလွန်းသော စကားလုံးများ ထွက်လာသည်နှင့် FTWက မုန်တိုင်း၏ ထိပ်ဆုံးသို့ တွန်းပို့ခံလိုက်ရသည်။
Hatersများ အားလုံးက ရူးသွပ်စွာဖြင့် တိုက်ခိုက်ကြသည်။ ပရိသတ်ဟောင်းများက အော်ငိုကြသည်။
စဥ်းစားဆင်ခြင်နိုင်သော ပရိသတ်များက အလွန်စိတ်ရှုပ်နေကြသည်။
“ငါတို့ ပြည်တွင်းမှာတောင် အရည်အချင်း ပြည့်မီတဲ့အဆင့်ထိ မရောက်သေးဘူး မဟုတ်လား၊ ဒါကြောင့် ကမ္ဘာ့ဖလားကို ရမရဆိုတာကို ပြောဖို့က စောလွန်းမနေဘူးလား”
သူတို့ကသာ နောက်ထပ် နိုင်ငံခြားမှာ တစ်ပတ်ပတ်ပြီး အိမ်ကို ပြန်လာရတဲ့ အခြေအနေမျိုးနဲ့ အဆုံးသတ်သွားခဲ့မယ်ဆိုရင် သူတို့ရဲ့ ဂုဏ်သိက္ခာကို ပစိဖိတ်သမုဒ္ဒရာထဲကို လွှင့်ပစ်ချင်လောက်တဲ့အထိ အရှက်ရစရာ မကောင်းဘူးလား။
FTW၏ ဘက်ခြမ်းတွင် ရှန်းလျို၏ ဖုန်းက ရွှေပေါင် ရင်းနှီးမြှုပ်နှံသူများထံမှ ဖုန်းခေါ်ဆိုမှုများကြောင့် ပေါက်ကွဲတော့မည်ဖြစ်သည်။
ကလပ်တိုင်းသည် marketingပိုင်းအတွက် တာဝန်ယူထားရသော teamရှိသည်။ FTW၏ pr ဌာနကလည်း အမြဲတစေ ဗုဒ္ဓကဲ့သို့ ကျင့်သုံးသည်။
ကြော်ငြာတယ်ဟုတ်လား။ မလိုဘူး ကျေးဇူးပါပဲ။
ရေသန့်ဟုတ်လား အာ… ဒါလည်းမလိုဘူး မလိုဘူး။
ပရိသတ်တွေကို ထိန်းချုပ်တာလား။ ထားလိုက်ပါ။
ဒါပေမဲ့ ဒီနေ့တော့....။
ရှန်းလျိုက ထပ်ခါတလဲလဲ ရှင်းပြနေရသည်။
“ငါတို့ ဘာmarketingမှ မဝယ်ထားပါဘူး”
သူတို့ ကြော်ငြာကြေးပေးချင်တယ်ဆိုရင်တောင်မှ ဖန်းကောလိုမျိုး စဥ်းစားဆင်ခြင်ဉာဏ်အပြည့်နဲ့ မည်းနက်နေတဲ့ haterတစ်ယောက်ကိုတော့ ဝယ်မှာ မဟုတ်ဘူးလေနော်။
“ငါတို့ ရှာဖွေမှုအများဆုံးစာရင်းထဲ မဝင်ထားပါဘူး”
Fuck။
သူ ရှာဖွေမှုအများဆုံး စာရင်းကနေတောင် ပျောက်အောင် ပိုက်ဆံသုံးပြီး ဖယ်ချင်နေတာ ဟုတ်ပြီလား။
“ငါတို့ ရေသန့်လည်း မဝယ်ထားပါဘူး”
ဘာကိုရေလဲ ဘာကို သန့်လဲ။
လက်ရှိအခြေအနေကတင် ဝရုန်းသုန်းကားဖြစ်တာ မလုံလောက်သေးလို့လား။
ရွှေပေါင်ရင်းနှီးမြှုပ်နှံသူများကလည်း ထိုစကားကို ကြားသောအခါ အလွန်အမင်း စိတ်မကောင်း ဖြစ်သွားကြသည်။ သူတို့ကမူ FTWက အစီစဥ်တကျ ဖြစ်နေပြီဟု ထင်ထားခဲ့ကြခြင်းဖြစ်၏။
ဒီနည်းအားဖြင့် တစ်ဖက်သူများက အလေးအနက်ထားကာ marketingဆင်းနေကြပြီး မျှော်လင့်ထားခြင်း ဖြစ်သည်။
ရှန်းလျို၏လျှာက ထပ်ခါတလဲလဲ ရှင်းပြနေရမှုများကြောင့်ပင် ခြောက်သွေ့လာသည်။ ဝေ့ရှောင်းကို လက်မှတ်ထိုးလိုက်ခြင်းက FTWကို မုန်တိုင်းသစ်တစ်မျိုး ဝင်ရောက်စေလောက်ကြောင်း ခံစားမိခဲ့ပြီးသားဖြစ်သည်။ သို့သော် ထိုမျှအထိ မြန်ဆန်လွန်းစွာ ဖြစ်ပေါ်လာမည်ဟု မထင်ထားခဲ့ပေ။
ဒီတိုင်း လေ့ကျင့်တာပဲ မဟုတ်ဘူးလား။ ကျေးဇူးပြုပြီး ဘိုးဘေးတို့ရေ နည်းနည်းလေးလောက် ရပ်ပေးလို့ရမလား။
ငါတို့ရဲ့ FTWက ပိုက်ဆံ မရှားပါဘူး။ တကယ်ပါ ကမ္ဘာ့ဖလားလေးပဲ လိုအပ်တာပါ။
အပြင်ဘက်က မည်သို့ဖြစ်နေစေကာမူ FTW၏ လေ့ကျင့်ရေးအခန်းထဲမှ အခြေအနေကမူ အနည်းငယ် ထူးဆန်းနေသည်။
လုဖုန်းနှင့် ဝေ့ရှောင်းတို့က နိုင်သွားသည်။ သို့သော် ပိုင်ချိုင်ကမူ မပျော်ပေ။
ဒါဆိုရင် သူ့ရဲ့ပိုက်ဆံ၂သောင်းက အတောင်ပေါက်ပြီး ထွက်သွားပြီပေါ့။
သူက ရေကို စမ်းသပ်သည့် အနေအထားမျိုးဖြင့် လှမ်းမေးလိုက်သည်။
“ရှောင်းကော မင်း ဒီတစ်ပွဲကို ကစားတာ တော်တော်လေး ပျော်ခဲ့တဲ့ပုံပဲ မဟုတ်လား၊ ဒီလိုဆိုရင်....”
နှစ်သောင်း မရရင်တောင်မှ ငါ့ကို တစ်သောင်းလောက် ပေးလည်း လက်ခံနိုင်ပါတယ်။
ဝေ့ရှောင်းက သူ့ကို လှည့်ကာ စိုက်ကြည့်သည်။
“ငါက ပျော်နေတယ် ဟုတ်လား”
ပိုင်ချိုင်က မျက်တောင် ခတ်သည်။
“မပျော်ဘူးလား”
ဝေ့ရှောင်း၏ အသံtoneက မပျော်ရွှင်ပုံပေါက်သည်။
“ဒီခွေးအိုကြီးယွမ်က ပေါ့သေးသေး သဘောထားနေတာ”
ပိုင်ချိုင်...
“.....”
အင်တာနက်တစ်ခွင်လုံးက မင်းကို ကောင်းကင်ဘုံကို ပို့နေတာလေ။ ဒါတောင်မှ မင်းက ယွမ်ဇယ်က မင်းကို ပေါ့သေးသေး သဘောထားသွားတယ်လို့ ပြောနေတုန်းလား။
ဝေ့ရှောင်းက ပိုင်ချိုင်ကို လျစ်လျူရှုပြီး လုဖုန်းကို လှည့်ကြည့်သည်။
“ခေါင်းဆောင် သူငါ့ကို အထင်သေးနေတာ မဟုတ်လား”
သူ၏အသံက အနည်းငယ် အလိုလိုက်ခံရပုံပေါက်ပြီး ဆိုးနွဲ့ချင်သလိုမျိုး ဖြစ်နေသည့်အလျောက် လုဖုန်း၏ နှလုံးသားကိုပင် အနည်းငယ် ယားယံသွားစေသည်။
“အင်း ဒီခွေးက လူလို သရုပ်မဆောင်တတ်ဘူး”
ချန်းဖုန်း...
“.....”
ဝေ့ရှောင်းကမူ သူ့ကိုနှစ်သိမ့်ပေးသော တစ်စုံတစ်ယောက်ရှိသည်ဟု ခံစားလိုက်ရသဖြင့် ခံစားချက် ကောင်းသွားသည်။
“သေချာတာပေါ့ ဒီခွေးအိုကြီးယွမ်က လူမှ မဟုတ်တာ”
++++++