Ch 89
Viewers 3k

အပိုင်း 89 


ဂိမ်းပွဲ၏ နောက်ဆုံးတိုက်ကွက်ဖလှယ်သည့် ကဏ္ဍတွင် လုဖုန်းနှင့် ဝေ့ရှောင်းတို့က ပြီးပြည့်စုံစွာ ပူးပေါင်းသွားခဲ့သည်။ ဖန်းကောက ခွဲခြမ်းစိတ်ဖြာပြသလိုမျိုး သူတို့သည် ကိစ္စတိုင်းကို အသေးစိတ်ကျကျ စိတ်ဖြာသွားခဲ့ပြီး damageနှင့် skillများကို အတိအကျ တွက်ချက်ထားသည့်အလျောက် အချိန်ကိုက် ဖမ်းဆုပ်ထားပြီး နေရာကို ကွက်တိ ရှာထားနိုင်ခြင်းအားဖြင့် ပြီးပြည့်စုံသော ပူးပေါင်းမှုနှင့် ပေါင်းစပ်ပြီး အမြင့်ဆုံးသော damageပမာဏကို အရယူနိုင်ခဲ့ခြင်း ဖြစ်သည်။


သို့ရာတွင်.....။


ယွမ်ဇယ်က ဒီလောက်ထိ ထိုးကျသွားဖို့ မလုံလောက်သေးဘူး။


အပြင်လူတစ်ယောက်က နားလည်ရန်ခက်ခဲသည်။ သို့သော် ကျွမ်းကျင်ပညာရှင်တစ်ယောက်ကမူ အာရုံ ခံမိနိုင်သည်။


ပြောရမည်ဆိုလျှင် ထိုပွဲအတွင်းတွင် ရှိနေခဲ့သော မိနစ်၂၀လုံးလုံး ယွမ်ဇယ်၏ ချေမွမှုကို ခံခဲ့ရသော ဝေ့ရှောင်းကလည်း ထိုအမျိုးသား၏ ခွန်အားကို အလွန်အမင်း အကင်းပါးစွာ နားလည်ထားပြီးသားဖြ စ်သည်။


ပြန်လည်ရှင်သန်တာမျိုးတွေ မရှိဘူး။ သွေးဖြည့်ပေးတဲ့ အရာတွေ မရှိဘူးဆိုရင်တောင်မှ ယွမ်ဇယ်၏ လူရမ်းကားစစ်သည်တော်က ဒဏ်ရာရတဲ့ အခြေအနေကနေ ရှောင်ရှားပေးနိုင်တဲ့ ဘာကိုမှ ဂရုမစိုက်လို့ရတဲ့ စွမ်းရည်တစ်ခု ရအောင်ယူနိုင်တဲ့ အခွင့်အရေး ရှိနေတုန်းပဲ။


ထိုpassive abilityကို အရယူနိုင်သော အခြေအနေကမူ ခက်ခဲကြမ်းတမ်းပြီး သာမန်ကစားများအတွက် မဖြစ်နိုင်လောက်သော်လည်း အရိပ်သူခိုးကသာ လှုပ်ရှားမှုအကွက်လိုက်နှင့် အပြေးထိုးဝင်ရောက်လာခဲ့သော် သာမန်သူများဆိုလျှင် အချိန်မီ မတုံ့ပြန်နိုင်လောက်သည့်တိုင်အောင် ယခုလူရမ်းကားစစ်သည်တော်၏ အနောက်ဘက်တွင် ရှိနေသောသူက ယွမ်ဇယ်ဖြစ်နေသည်။


ယွမ်ဇယ်သည် 2018 global mvpကို လူရမ်းကားစစ်သည်တော်နှင့် ရထားခဲ့ခြင်း ဖြစ်သည်။


ဝေ့ရှောင်းကမူ သူ သေသွားသည့်တိုင်အောင် ဒေါသထွက်နေသေးသည်။


“သူ သူ့ရဲ့ ကိုယ်ပိုင်ချန်ပီယံskinကို မသုံးသွားတာ အံ့အားသင့်စရာ မရှိတော့ဘူး၊ သူ သုံးဖို့ ရှက်နေတာပဲ”


Global mvpတိုင်းသည် ကိုယ်ပိုင်ချန်ပီယံskinများ ရှိသည်။ လုဖုန်း၏ အရိပ်သူခိုးက ကောင်းကင်နီဓားသွား အထူးskinတစ်ခု ရှိနေသလိုမျိုး ယွမ်ဇယ်၏ ကိုယ်ပိုင်လူရမ်းကားစစ်သည်တော်တွင်လည်း skinတစ်ခု ရှိသည်။


ဒီအတိုင်း သူသည် ထိုပွဲအတွင်း အသုံးမပြုခဲ့ရုံသာ ဖြစ်သည်။


ချန်းဖုန်းက မနေနိုင်ဘဲ ပြောလိုက်သည်။


“သူလည်း အမှား လုပ်နိုင်တာပဲ”


ဝေ့ရှောင်းက ထိုအခြေအနေကို သည်းမခံနိုင်ခြင်း ဖြစ်သည်။


“ခေါင်းဆောင်နဲ့ငါက မနိုင်နိုင်ဘူးလို့ သူ ယုံသွားလို့ပေါ့”


ချန်းဖုန်း..


“....”


တခြားတစ်ယောက်က လူလို မပြုမူဘူးလို့ မင်းဘယ်လိုများ ပြောရတာလဲ။ မင်းက ကမ္ဘာ့ဒုတိယအကောင်းဆုံးနေရာမှာရှိတဲ့ အသင်းကို နိုင်သွားပြီးခါစနော်။ ဒါတောင်မှ ဒေါသထွက်နေသေးတယ်။ မင်းကမှ လူမဟုတ်တာ မဟုတ်ဘူးလား။


နောက်ပြီး အခုချိန်ထိ တစ်ယောက်ယောက်က သူ့ကို ချော့နေရသေးတယ်။


လုဖုန်း..


“အရင်ဆုံး ဆက်ပြီးဝင်တိုးရအောင်၊ ညစာစားပြီးမှ ငါမင်းနဲ့အတူ soloပေးမယ်”


ဝေ့ရှောင်း၏ အမူအယာက အံ့အားသင့်မှုအပြည့်နှင့် ဖြစ်သည်။


“တကယ်လား”


လုဖုန်း..


“အင်း”


ဝေ့ရှောင်း၏ နှလုံးသားက မဟာ့မဟာ ယားယံလာသည်။


“နောက်ပြီး မင်းလူရမ်းကားစစ်သည်တော် သုံးပေးမှာလား”


လုဖုန်း၏ နှုတ်ခမ်းက ကော့တက်သွားသည်။


“အင်း”

89 02

ဝေ့ရှောင်းက စိတ်လှုပ်ရှားသွားသည်။


“ကောင်းပြီလေ”


နောက်ပိုင်းလာသော matchပွဲများအတွက်ကမူ ပိုင်ချိုင်သည် မည်သည့်ပိုက်ဆံကိုမှ မရနိုင်သည့်အလျောက် matchingခလုတ်ကို နှိပ်ပေးပြီး ကူညီရန် ငြင်းဆန်လိုက်သည်။


မဟာမိစ္ဆာဘုရင်ကြီး၏ မိစ္ဆာအရှိန်အဝါဟာ ပြည့်နှက်လေးလံ သိပ်သည်းလွန်းနေပြီး ကျန်သော သုံးပွဲတိုင်းတွင် သံသယဝင်စရာမလိုလောက်အောင် အလုံးစုံနိုင်သွားသည်။


Free matchingကဏ္ဍက အဆုံးသတ်သွားသည်။ ထိုနေ့တစ်နေ့တာ၏ rankingကလည်း score boardတွင် ပေါ်လာသည်။


ပထမနေရာ L&P။


ဒုတိယ Black Knight။


တတိယနေရာ Pro။


လေ့ကျင့်ရေးစခန်းကြီးတစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်နေသည်။


Proက ဘာဖြစ်တာလဲ။ ဘာလို့ တတိယနေရာထိ ကျသွားတာလဲ။


နောက်ပြီး Black Knight team က ဒီလောက်ထိ အံ့သြစရာ ကောင်းတာလား။ သူတို့က proကိုတောင် ဖိနှိပ်လိုက်နိုင်တယ်။


Black Knight teamက အံ့အားသင့်စရာကောင်းသည် မကောင်းသည် မသိနိုင်သော်လည်း သူတို့ကိုယ်တိုင်ကပင် စိတ်ရှုပ်ထွေးနေသည်။


သူတို့ တကယ်ကို ဘာမှမလုပ်လိုက်ပါဘူး။ ဒီတိုင်း ရိုးရိုးရှင်းရှင်းလေးပဲ လဲနေလိုက်တာပါ။ နောက်ဆုံးတစ်စက္ကန့်မှာ ဒီတိုင်း ပြီးသွားတာလေ။


ဒီနေ့ပွဲစဥ်များ၏ ဒုတိယတစ်ဝက်ပိုင်းတွင် L&P၏ ကံကောင်းမှုက အကန့်အသတ်သို့ပင် ရောက်ရှိနေခဲ့၏။ ယွမ်ဇယ်နှင့် လောင်ကျီတို့က ကင်ဆွန်းဟွန်းနှင့် လီဟယ်ယန်တို့နှင့် 5v5 ဝင်တိုးသည်။ Black Knight အသင်းဘက်မှ သုံးယောက်က ယွမ်ဇယ်၏ အသင်းဘက်မှ အသင်းဖော်များ ဖြစ်နေကြသည်။


သူတို့သည် သူတို့၏ ကိုယ်ပိုင်မျက်လုံးဖြင့် မာနကြီးသောပန်းဟာ မည်သည့်အရာဖြစ်ကြောင်း မြင်လိုက်ရသည်။


ယွမ်ဇယ်က သေဆုံးခြင်းသူရဲကောင်းကို ယူသည်။ လောင်ကျီက အရိပ်သူခိုးကို ယူ၏။ ထိုစကားသမားနှစ်ယောက်က မာနကြီးသော ပန်းခင်းကဲ့သို့သော လူမျိုးကို ခွေးရူးအသွင် ပြောင်းလိုက်သည်။


ကင်ဆွန်းဟွန်း၏ ကံကောင်းမှုက အလွန်ဆိုးသည်။ သူသည် သာမန်ပြိုင်ပွဲကွင်းzoneမှ အမည်မသိရသော အသင်းတစ်သင်းနှင့် match upဖြစ်သွားခဲ့ပြီး သူ၏အသင်းဖော်များက ဆိုးရွားလွန်းသဖြင့် သူ့ကိုပင် မွန်းကျပ်စေလောက်သည်။


ထို့ကြောင့် Koiပူးပေါင်းမှု၏ အချင်းချင်းနားလည်မှုက မည်မျှပင် မြင့်မားနေစေကာမူ ကြက်သွေး အထိုးခံထားရသလိုမျိုး ရူးသွပ်နေကြသည့် သားရဲနှစ်ကောင်ကို မနိုင်နိုင်ခဲ့ချေ။


ကင်ဆွန်းဟွန်းကလည်း matchပွဲအတောတွင်း စာရိုက်ပြီး အချိန်ဖြုန်းလေ့ မရှိပေ။ သို့သော် ထိုဂိမ်းပွဲတွင် သူသည် တရုတ်လိုစာတစ်ကြောင်းကိုပင် အရရိုက်လိုက်သေးသည်။


“သောက်ကျိုးနည်း လောင်ချီ....မင်း ကာမအားတိုးဆေးတွေ စားထားတာလား။ တစ်ခုခု သောက်ထားတာလား”


ယွမ်ဇယ်...


“ငါ့ကို ယွမ်ရွှေးလို့ခေါ်”


ကင်ဆွန်းဟွန်း..


“fuck လိုက်”


ထိုပွဲတွင် သံသယဝင်စရာပင် မရှိချေ။ ယွမ်ဇယ်နှင့် လောင်ချီတို့က ၆မှတ်ရသွားပြီး Black Knightက 2+1 အားလုံးပေါင်း ၉မှတ်ရသွားသည်။


ထိုကိစ္စပြီးနောက် သူတို့အားလုံးက တစ်ချိန်တည်းလိုလို ဝင်တိုးကြသည်။ Black Knightက ယွမ်ဇယ်နှင့်လောင်ချီတို့နှင့် တစ်ဖန်တစ်သင်းတည်း ကျခြင်းဖြင့် 2+1 ရရှိသွားသေးပြန်သည်။


အခြားတစ်ဖက်ခြမ်းက ကင်ဆွန်းဟွန်းနှင့် လီဟယ်ယန်တို့ မဟုတ်တော့ချေ။ သို့သော် Proမှ ကစားသမားများဖြစ်ပြီး သူတို့၏ midlaneနှင့် junglerဘက်မှ ဖြစ်သည်။


ဒီတစ်ကြိမ်တွင် ယွမ်ဇယ်က heroပြောင်းလိုက်ပြီး လူရမ်းကားစစ်သည်တော်ကို သုံးသည်။ သူသည် သူ၏ကိုယ်ပိုင်ချန်ပီယံskinကိုပင် ထုတ်သုံးလာသေး၏။ လောင်ကျီက လူရမ်းကားသူခိုးကို ယူထားပြီး ထိုသို့ဖြင့် double လူရမ်းကား ပူးပေါင်းဆောင်ရွက်မှုက တောင်ကြားအတွင်း ပြီးပြည့်စုံကာ နာမည်ကျော်ကြားသည့် သတ်ဖြတ်ခြင်းပေါင်းစပ်မှု ဖြစ်သွားစေခဲ့သည်။

89 03

ထိုနှစ်ကောင်က ပေါက်ခွဲလျက် အရူးလို တိုက်ခိုက်နေကြခြင်းအားဖြင့် Pro၏ midlanerနှင့် junglerကို အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားသည်အထိ ထုရိုက်နိုင်သည်။


Pro၏ midlanerကပင် ကြောင်တောင်တောင် ဖြစ်နေသည်။


“ကော မာရှယ် ဘယ်လိုများ ရန်စခံလိုက်ရလို့လဲ”


ကင်ဆွန်းဟွန်းကလည်း အလွန်ယဥ်ကျေးသည်။


“ဟွန့် သူလား နှလုံးသား မည်းနေတာ”


သောက်ကျိုးနည်းအမေ....ဓားပြအိုကြီးယွမ်....သူတို့ရဲ့ Pro တတိယနေရာအထိ ထိုးကျသွားအောင် ထုရိုက်ပစ်လိုက်တာပဲ။


နဂိုက နံပါတ်၅နေရာတွင်ရှိသော Black Knightက သေးငယ်လွန်းသော ကံကောင်းမှုကို အခွင့်ကောင်းယူခြင်းအားဖြင့် ဒုတိယနေရာသို့ ထိုးတက်သွားမည်ဟု မည်သူကမှ မထင်ထားလောက်ပေ။


နှစ်ရက်လုံးလုံး အရိုက်ခံထားရသော Black Knightက ယခုလိုမျိုး ဂုဏ်ယူကာ ကျေနပ်သွားရသည်။ သူတို့သည်လည်း ဒီလိုဖြစ်နိုင်မည်ဟု မထင်ထားမိပေ။


ကြည့်ရှုသူများက score boardကို မြင်သောအခါ ကြိုတင်ကာ အော်ဟစ်အားပေးကြသည်။ သူတို့သည်လည်း ဒီညက ပွဲကောင်းကြည့်ရမည်ဟု မျှော်လင့်ထားကြသည်။


L&Pက သေချာပေါက် FTWကို ရွေးမှာ။


ဝေ့ရှောင်းကလည်း free matchingကဏ္ဍပြီးဆုံးပြီးပြီးချင်း လုဖုန်းကို ဂိမ်းroomထဲသို့ ဖိတ်ခေါ်လိုက်သည်။


သောက်ကျိုးနည်းကို ညစာ စားရမှာလား။ soloတာလောက် စိတ်ဝင်စားဖို့ကောင်းလို့လား။


FTWမှ တခြားသောသူများကလည်း ညစာစားရန် အလျင်မလိုကြပေ။ သူတို့အားလုံးက အပျင်းပြေ လာကြည့်ကြသည်။


လုဖုန်းက လူရမ်းကားစစ်သည်တော်ကို ရွေးပြီး ဝေ့ရှောင်းက အရိပ်သူခိုးကို ယူသည်။


ထိုသို့ဖြင့် ယွမ်ဇယ်နှင့် ဝေ့ရှောင်းကြားမှ double ဂိမ်းပွဲ၏ တိုက်ပွဲက ပြန်လည်ပေါ်ထွက်လာသည်။


ဝေ့ရှောင်းပြောခဲ့သလိုမျိုး နောက်ဆုံးတစ်သုတ်တွင် ယွမ်ဇယ်က သူ၏ အကောင်းဆုံးသော စွမ်းရည်များကို မကစားသွားခဲ့ချေ။ အရိပ်သူခိုး၏ အလင်းစက်ကွင်း၈ကွင်းက သူ၏မျက်နှာကို ထုရိုက်သောအခါ လူရမ်းကားစစ်သည်တော်က ရှင်သန်ရန် လမ်းကြောင်းရှိပြီးသားဖြစ်သည်။


သို့သော် ဥပမာအနေဖြင့် ယခုလိုအခြေအနေမျိုးတွင် လုဖုန်းက ယွမ်ဇယ်၏ လှုပ်ရှားမှုကို ပြီးပြည့်စုံစွာ ပြန်လည်ထုတ်သုံးပေးခြင်းအားဖြင့် တစ်ချိန်တည်းတွင်ပင် နောက်ဆုံးသော အခိုက်အတန့်တွင်ပင် damage immue passive killကို အရယူပစ်လိုက်သည်။


ထိုသို့ဖြင့် ကျန်ရစ်သောhealthက ထိုးကျနေခဲ့သည့်တိုင်အောင် damage immue skillက မြင့်မားလာသေးသည်။ health အမှတ်တစ်ရာပင် မကျန်ရစ်တော့သော လူရမ်းကားစစ်သည်တော်ကမူ တောက်လျှောက် ထိန်းထားနိုင်သေးသည်။


လုဖုန်းက သူ၏ဓားသွားကို ပေါ့ပါးစွာလွှဲရမ်းလိုက်ရုံနှင့် အရိပ်သူခိုးက ကောင်းကင်ပေါ်မှ အောက်သို့ ထိုးကျသွားရင်း သေဆုံးခဲ့ရလေပြီ။


ဝေ့ရှောင်းက ခေါင်းကို ချောမွေ့စွာလှည့်လျက် ချန်းဖုန်းကို ကြည့်သည်။


“ကြည့် ခေါင်းဆောင်က အမှားမလုပ်ဘူး”


ချန်းဖုန်း..


“.....”


ဝေ့ရှောင်းက ခေါင်းကို စိတ်လှုပ်ရှားစွာလှည့်လျက် လုဖုန်းကိုပြောသည်။


“သေချာပေါက်ကိုပဲ ခေါင်းဆောင်က အတော်ဆုံးပဲ”


လုဖုန်းက ထိုအခွင့်အရေးကို အခွင့်ကောင်းယူလျက် မေးလိုက်သည်။


“အတော်ဆုံး ဟုတ်လား”

89 04

ဝေ့ရှောင်းက မတုံ့ဆိုင်းပေ။


“ယွမ်ဇယ်ထက် အဆတစ်သောင်းနီးပါးသာတယ်”


လုဖုန်းက ကျေနပ်သွားပြီး မတ်တပ်ထရပ်သည်။


“သွားမယ် ညစာစားမယ်”


ဝေ့ရှောင်းက သူ၏နောက်မှ အလျင်အမြန်လိုက်သည်။


“ခေါင်းဆောင် ယွမ်ဇယ်ထက် အဆတစ်သိန်းသာတာမျိုး မဖြစ်ချင်ဘူးလား”


လုဖုန်းက သူ့ကို မျက်ဝန်းထောင့်မှတစ်ဆင့် လှမ်းကြည့်လိုက်သည်။


ဝေ့ရှောင်းက ဉာဏ်ကောင်းသော ကောင်စုတ်လေး ဖြစ်လေသည်။


“ငါတို့သာ နောက်ထပ် soloပွဲကစားမယ်ဆိုရင် မင်းကသူ့ထက် အဆတစ်သိန်းသာသွားမှာ တစ်ကယ်လို့နှစ်ပွဲဆိုရင်တော့ အဆဆယ်သိန်းပေါ့၊ သုံးပွဲဆိုရင်တော့....”


လုဖုန်းက ရယ်သည်။


“မကောင်းဘူး”


ဝေ့ရှောင်း..


“???”


ယွမ်ဇယ်ကို တိုင်းထွာတဲ့ ယူနစ်တစ်ခုအနေနဲ့ အသုံးပြုတာက ပြဿနာရှိလို့လား။


“နှလုံးသားက လက်သီးရဲ့ အရွယ်အစားမှာပဲရှိတာ၊ အားလုံး ဆက်နိုင်မှာလား”


လုဖုန်းက ဝေ့ရှောင်း၏ အတော်ဆုံးဆိုသော အရာအားလုံးကို မထိန်းထားနိုင်လောက်ဟု ခံစားရလေသည်။


******