Ch 90
Viewers 3k

အပိုင်း 90


ဝေ့ရှောင်း..


“ဟေး ငါက ခေါင်းဆောင်ကို ဂရုအစိုက်ဆုံးပဲ”


ဝေ့ရှောင်းသည်လည်း သိသာစွာပင် ခေါင်းဆောင်၏အတွေးကို နားမလည်ခဲ့ချေ။ သူ၏မျက်နှာတွင် စိတ်ရှုပ်ထွေးနေသော မျက်နှာထားမျိုးကသာ ရှိနေသည်။


“ဘာလို့ မဆန့်တာလဲ”


သူသည်ပင် လက်မခံနိုင်ပေ။


“ငါ့ရဲ့နှလုံးသားကတော့ တကယ်ကြီးတာပါ”


သူက ဒီလောက်ကောင်းတဲ့ ခေါင်းဆောင်ကိုသာ ဖမ်းထိန်းထားနိုင်လေသည်။


လုဖုန်း..


“ငါကတော့ အားလုံး မဆန့်ဘူး”


ဝေ့ရှောင်းက စိတ်ရှုပ်နေသေးသည်။


“ခေါင်းဆောင်က ဘာကိုမဆန့်နိုင်တာလဲ”


ဘေးဘက်မှ ချန်းဖုန်း...


“.....”


အရူးလေးဝေ့....မင်းက သစ်သားတုံး ဖြစ်နေတဲ့အတွက် ငါ အထင်သေးတယ်။


ဝေ့ရှောင်း၏ ဦးနှောက်အတွင်း အလင်းပွင့်သွားသလို ဖျတ်ခနဲ လက်သွားပြီးနောက် သတိထားမိသွားသည်။


“holy..... shit”


ထိုအခြေအနေက ချန်းဖုန်းကိုပင် လန့်သွားစေသည်။


ဒီကလေး နားလည်သွားပြီလား။


တခြားတစ်ဖက်ခြမ်းမှ လုဖုန်းက အလွန်တည်ငြိမ်နေသည်။


“ဟင်”


ဝေ့ရှောင်းက သူ၏အနားသို့ မှီလာရင်း ဓားပြတစ်ယောက်လို ရယ်သည်။


“လက်စသတ်တော့ မင်းက ငါမင်းကိုချီးကျူးတာကို ကြားရမှာ ကြောက်နေတာပဲ”


ချန်းဖုန်း...


“....”


“ဒီအတိုင်း မင်းက ယွမ်ဇယ်ထက် အဆသောင်းကျော် သာတယ်လို့ပြောရုံပဲ မဟုတ်ဘူးလား၊ ဒါက များနေလို့လား”


ဝေ့ရှောင်း၏ ပါးစပ်က အမှန်တကယ်ပင် ပြိုင်ဘက်ကင်းသည်။


“အဲဒီလိုတော့ မဟုတ်ဘူးလေ၊ ငါနေ့တိုင်း ချီးကျူးနေတာပဲ မဟုတ်ဘူးလား ခေါင်းဆောင်၊ ခေါင်းဆောင် ဒါကို ကျင့်သား မရသေးဘူးလား၊ ငါချီးကျူးထားတာ မလုံလောက်သေးလို့လား၊ ငါက လုံလောက်အောင် မကျွမ်းကျင်သေးလို့လား၊ ဒါဆိုရင်တော့ ငါညတိုင်း အိပ်ရာမဝင်ခင် နည်းနည်းပါးပါး ရှာဖွေပြီး ဘယ်လို ချီးကျူးရမလဲဆိုတာကို လေ့လာမှ ဖြစ်တော့မယ် ထင်တယ်”


လုဖုန်း...


“....ဝေ့ရှောင်း”


ဝေ့ရှောင်းက သူ့ကို ကြည့်လာချိန်တွင် သူ၏မျက်လုံးများက ကွေးနေလေသည်။


“ဟင်”


လုဖုန်းကလည်း ခေါင်းကိုစောင်းလျက် စိုက်ကြည့်သည်။ ဝေ့ရှောင်းကလည်း သူ့ကို မျက်လုံးပြူးကာ ကြည့်သည်။


လုဖုန်း..


“ပါးစပ်ပိတ်”


ဝေ့ရှောင်း..


“ကောင်းပါပြီ”


အမှန်အတိုင်း ပြောရလျှင် ထိုနှစ်ယောက်က အချင်းချင်း ကြည့်လိုက်သည့် အခိုက်အတန့်တွင် ချန်းဖုန်း၏နှလုံးသားက ရင်ဘတ်မှ ခုန်တက်မတတ် ဖြစ်သွားသည်။


လုဖုန်းက ဆက်မထိန်းထား နိုင်တော့ဘူးလို့တောင် သူ တွေးမိသွားတာ။ ဒီလိုနည်းလမ်းနဲ့ ဒီသစ်သားတုံးရဲ့ပါးစပ်ကို ပိတ်မယ်လို့လေ။


ဒါတောင်မှ သူသောက်ကျိုးနည်း ဘယ်လိုအတွေးတွေ တွေးနေတာလဲ.....။


နည်းပြချန်းက အလွန်လေးစားသွားသည်။ သူသည် စကားလုံးတိုင်း၏ အမျိုးမျိုးသော အာရုံခံစားနိုင်မှုစွမ်းအားတွင် closeကို လေးစားသည်။


သူသည် FTWကို အသက်၁၈နှစ်ကတည်းက ဝယ်ခဲ့သော အမျိုးသား အမှန်တကယ် ဖြစ်ထိုက်ပေသည်။ ဒီနည်းအားဖြင့် ပြင်းထန်လွန်းသော ဖိအားအောက်တွင်ပင် ဒီနေ့အထိ ဆက်ရှိနေနိုင်ခဲ့သည်။


ကြမ်းတမ်းတယ်။ သူက တကယ်ကို ကြမ်းတာပဲ။


ညစာစားချိန်က တိုတောင်းပြီး မြန်ဆန်သွားသည်။ ချန်းဖုန်းက စိတ်ထဲတွင် တစ်စုံတစ်ရာကို တွေးနေသောကြောင့် ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ပိုင်ချိုင်၊ နင်ကျယ်ဟန်နှင့် ယွဲဝမ်လဲ့တို့ကို ဘေးဘက်သို့ ဆွဲထားသည်။


L&Pက ထိုညနေအမှတ်ပြိုင်ပွဲတွင် FTWကို ဖိတ်ခေါ်မည့် ကိစ္စနှင့်ပတ်သက်ပြီး သံသယဝင်စရာပင် မရှိချေ။


ချန်းဖုန်းကလည်း ဝေ့ရှောင်းကို မစိုးရိမ်ပေ။ ဒီအတိုင်း သူက ယွမ်ဇယ်ကို အထင်သေးသော အချက်ကို မှီခိုခဲ့ခြင်းအားဖြင့် ယွမ်ဇယ်က ပို၍သာ အလေးအနက်ထားပြီး ကစားလေလေ သူက ပျော်ရွှင်လေလေ ဖြစ်ပေလိမ့်မည်။ အနိုင်အရှုံးက သူ့အတွက် ဒုတိယသာဖြစ်သည်။

90 02

သို့ရာတွင် လူတိုင်းကမူ မိစ္ဆာဘုရင်ကြီးနှင့် မိစ္ဆာဘုရင်လေးများ မဟုတ်ကြချေ။ အသင်းထဲတွင် သာမန်လူများလည်း ရှိသေးသည်။


ချန်းဖုန်းက ရိုးသားစွာနှင့် တွင်းတူးပေးသည်။


“မင်းတို့ ဒီညနေ လေ့ကျင့်ရေးmatchပွဲအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင် ထားပြီးကြပြီလား”


ပိုင်ချိုင်ကလည်း သူ၏ နောက်ဆုံးနာမည်က ပိုင် အမှန်တကယ် ဖြစ်ထိုက်ပေသည်။ သူသည် ချက်ချင်းဆိုသလိုပင် အလံဖြူလေးကို ခပ်မြန်မြန် မြှောက်သည်။


“အခြေအနေတွေအားလုံးက ငါတို့ကို အတိုက်အခံ ပြုနေတယ်”


ချန်းဖုန်းက မျက်လုံးလှန်သည်။


“ပေါက်ကရတွေ”


ချန်းဖုန်းသည် ပိုင်ချိုင်ကို မစိုးရိမ်ချေ။ ထိုအကောင်သည် ဝေ့ရှောင်းနှင့် အချိန်အတန်ကြာ အတူရှိနေခဲ့သည့်အလျောက် သူ၏နှလုံးသားဟာလည်း အတန်ငယ် တည်ငြိမ်နေလောက်သည်။ သို့မဟုတ်လျှင် သူက မဟာမိစ္ဆာဘုရင်ကြီး၏ ဘေးဘက်တွင် တောက်လျှောက် နေနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။


FTW၏ ယခင်အထောက်အပံ့ကစားသမားက လုဖုန်း၏ နောက်သို့ အမီမလိုက်နိုင်သောကြောင့် တစ်ပွဲပြီးချိန်တိုင်း ငိုလေ့ရှိသော အချက်ကိုလည်း သတိထားရဦးပေမည်။ ချန်းဖုန်းကမူ သူနှင့် replayပင် မပြရဲပေ။


ယခုအခါ ဝေ့ရှောင်းက teamထဲသို့ ဝင်ရောက်လာသည်။ ပိုင်ချိုင်ကလည်း ပြင်းပြင်းထန်ထန် ကြိုးစားရမည်ဖြစ်ကြောင်း သိလာသည်။ ယေဘူယျအားဖြင့် သူ့ကို စိတ်အေးထား၍ ရလေပြီ။


ချန်းဖုန်းအတွက် အစိုးရိမ်ရဆုံးဟာ နင်ကျယ်ဟန်နှင့် ယွဲဝမ်လဲ့တို့သာ ဖြစ်သည်။


လောင်ယွဲသည် ပြည်တွင်းချန်ပီယံရှစ် ဖြစ်ထားသော်လည်း သူ့တွင် ပြဿနာအများကြီး ရှိနေသည်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးနှင့် ပတ်သက်လာလျှင် အလွန်ထူးဆန်းသည်။


သာမန်လူများအနေဖြင့် ထပ်ခါတလဲလဲ ဖိနှိပ်ခံရပြီး တက်တက်ကြွကြွ မကစားနိုင်ခဲ့သောအခါ ထိတ်လန့်ကာ သတိကြီးလာတတ်သည်။ သို့သော် လောင်ယွဲကမူ ထိုသို့ အထုရိုက်ခံရလေလေ ပို၍ပင် စိတ်အားထက်သန် လာလေလေဖြစ်ပြီး မီးတောက်ထံ ဝင်တိုးနေသော ပိုးဖလံနှင့်ပင် တူသေးသည်။ ဒီနည်းအားဖြင့် အရာအားလုံးကို ဘေးဖယ်ထားလျက် ဘာကိုမှ အာရုံမစိုက်တော့ဘဲ အသဲအသန် ချီတက်ရန်သာ ကြိုးစားတတ်သည်။


ချန်းဖုန်းသည် ထိုထူးဆန်းသော ပြဿနာက မည်သည့်နေရာက မြစ်ဖျားခံလာကြောင်း အမှန်တကယ် သိချင်နေခဲ့သည်။


ဝေ့ရှောင်း၏ မဟာဆရာသခင်ဆိုသော နောက်ခံကို သိထားပြီးကတည်းက သူ နားလည်လာသည်။


ယွဲဝမ်လဲ့သည် ဒီအသိုင်းအဝိုင်းထဲသို့ မဝင်ခင်ကတည်းက ကြိုတင်ကာ အထုရိုက် ခံရခဲ့လောက်သည်။ ထိုအတွက်ကြောင့် ယခုအခြေအနေကို အတိုက်အခံ ဖြစ်နေခြင်းဖြစ်သည်။


Teamထဲမှ သာမန်အကျဆုံးသောသူသည် ရှောင်နင်သာ ဖြစ်သည်။ သို့သော်လည်း သူ့ကို အစိုးရိမ်ရဆုံး ဖြစ်နေသေးပြန်သည်။


သူသည် အသင်းသို့ နောက်ကျပြီးမှ ဝင်လာခဲ့ပြီး မဟာဆရာသခင်က မလေ့ကျင့်ပေးရသေးပေ။ လူသစ်ဘုရင်တစ်ယောက်အနေနှင့် နင်ကျယ်ဟန်၏ ကစားဟန်နှင့် အသိစိတ်ကလည်း ပြောင်မြောက်ထူးချွန်သည်။ သို့သော် သူ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့် အတွေ့အကြုံကမူ အနည်းငယ် လိုအပ်သေးသည်။


အတွေ့အကြုံသည် အလောကြီး၍ မရဘဲ တဖြည်းဖြည်းချင်းစီ တူးထုတ်ယူရသော အရာမျိုး ဖြစ်နေသည်။ သို့ရာတွင် စိတ်ပိုင်းဆိုင်ရာ အခြေအနေကမူ နည်းပြတစ်ယောက်၏ တာဝန်အနေနှင့် ချန်းဖုန်းက ဂရုစိုက်ပေးရပေမည်။ ထို့ကြောင့် သူ ဒီနေ့ပြောသော စကားလုံးများအားလုံးက နင်ကျယ်ဟန်ကို ရည်ညွှန်းသည်။


“ဒီညပွဲမှာ ယွမ်ဇယ်က အရမ်းကို အလေးအနက်ထားပြီး ကစားလိမ့်မယ်”


နင်ကျယ်ဟန်သည် အနည်းငယ် ကြောက်ရွံ့ရိုသေကာ မှင်တက်နေသေးပုံရသည်။ သို့သော် သူက ခေါင်းညိတ်ပေးလာသည်။


“ငါ အတတ်နိုင်ဆုံး ကြိုးစားမှာပါ”


သူ အတတ်နိုင်ဆုံး ကြိုးစားပြီး အသင်းကို မဆွဲချမိအောင် လုပ်မှာပါ။


ချန်းဖုန်းက ခေါင်းခါသည်။ ပြင်းပြင်းထန်ထန် ကြိုးစားခြင်း မကြိုးစားခြင်းက ပြဿနာ မဟုတ်ချေ။ ယွမ်ဇယ်ကသာ အရာအားလုံး ထုတ်သုံးလိုက်မည်ဆိုလျှင် ကြောက်စရာ ကောင်းသွားလေပြီ။ တရုတ်ပြိုင်ပွဲရေးနယ်မြေဘက်မှ မည်သူကမှ ထိုအခြေအနေကို အတွေ့အကြုံ မရှိဖူးသေးချေ။

90 03

Close၏ တခြားသူများကို ဖိနှိပ်နိုင်စွမ်းရည်က အလွန်သန်မာသည်။ သို့သော် FTWသည် သူ၏နောက်သို့ အမီလိုက်နိုင်သော အသင်းဖော်များ မရှိခဲ့သေးချေ။ ထိုအတွက်ကြောင့် 5v5 ဂိမ်းပွဲများတွင် လူအများစုကမူ သူ့ကို ကိုင်တွယ်ရ ခက်ခဲသည်ဟုသာ တွေးကြပြီး အနိုင်ရနိုင်ချေက ရှိနေလောက်သေးသည်။


ယွမ်ဇယ်ကမူ ခြားနား၏။ L&Pသည် သူ့အတွက် အမှန်တကယ် ကိုယ်တိုင်းချုပ်ပေးထားသော teamတစ်သင်း ဖြစ်နေခဲ့သည်။ လောင်ချီကစတင်ပြီး မနှစ်က teamထဲသို့ ဝင်ရောက်လာခါစ အထောက်အပံ့အသစ်အထိ L&Pသည် သူ့အတွက် အလွန်အမင်း သင့်တော်လွန်းနေခဲ့ကာ မည်သူကမှ သူ့ကိုနောက်သို့ ဆွဲချည်ထားခြင်း မရှိခဲ့ချေ။


L&Pက အလွန်အမင်း ကောင်းမွန်စွာ ချိုးဖြတ်နိုင်စွမ်းရည် ရှိနေခဲ့သည်။ သူတို့က မနှစ်က ကမ္ဘာ့ချန်ပီယံရှစ်ကို မရခဲ့သော်လည်း ဖိုင်နယ်တွင် အလွန်အမင်း တောက်ပစွာ လုပ်ဆောင်နိုင်ခဲ့သေးလေသည်။


ယခင်က FTWသည် သူတို့နှင့် လေ့ကျင့်ရေး matchပွဲတချို့ ရအောင် စီစဥ်နိုင်ခဲ့သည်။ သို့သော် အမှန်အတိုင်းဆိုရသော် အရာအားလုံးက အပျော်သဘောသာ ဖြစ်သည်။


ယွမ်ဇယ်က မကစားသော အခြေအနေမျိုး သို့မဟုတ် သူတို့၏ midlanerက ဒုတိယteamမှ ဖြစ်နေသလိုမျိုး သူတို့၏ maskmanက heroတစ်ခုကို လေ့ကျင့်နေသော အခြေအနေမျိုးသာ ရှိခဲ့ဖူးသည်။


သို့သော် အခြေအနေတိုင်းတွင် ဂယ်ရီကသာ တည်ရှိနေခဲ့သည်။ အကြောင်းမူကား သူက Closeကို နိုင်ချင်၍ဖြစ်သည်။ ဒီနည်းအားဖြင့် သူက ပွဲစဥ်တိုင်းလိုလို အလေးအနက် ထားပေးသည်။


သို့ရာတွင် ဂယ်ရီကို Closeက ဖိနှိပ်ထားသောကြောင့် L&Pမှ ကျပန်း စစ်တည်ထောင်သော လူများကလည်း သူတို့၏ ပုံမှန်အခြေအနေ၏ ၅၀%ကိုပင် ရအောင် မကစားနိုင်ခဲ့ချေ။ ထိုသို့အခြေအနေမျိုး ဖြစ်နေခဲ့သည့်အတွက် အနိုင်ရနိုင်နှုန်းက 50 50 ဖြစ်နေခဲ့သေးလေရာ အသင်းနှစ်သင်းကြားမှ ကွာခြားချက်က မည်မျှကြီးမားကြောင်း ဖော်ပြရာ ရောက်လေသည်။


ထိုအတွက်ကြောင့် ချန်းဖုန်းသည် အလွန်စိုးရိမ်နေသည်။ သူသည် ပွဲအား ရှုံးမည့်အခြေအနေကို မစိုးရိမ်ဘဲ ဒီအတိုင်းကလေးများး စိတ်ပိုင်းဆိုင်ရာအခြေအနေက ပြိုလဲကျသွားမည့် အခြေအနေကိုသာ စိုးရိမ်မိခြင်းဖြစ်သည်။


ယွမ်ဇယ်၏ ယခင်အသင်းဖော်အနေနှင့် ချန်းဖုန်းသည်လည်း သူ့ကို အလွန်အမင်း ကောင်းမွန်စွာ နားလည်ထားသည်။


ထိုခွေးသည် သေချာပေါက် လှုံ့ဆော်ခံရပြီးလောက်လေပြီ။ L&P၏ ဒီညအခြေအနေက မနှစ်က global finalမှ အခြေအနေထက် မဆိုးရွားလောက်ချေ။


ချန်းဖုန်းက သူတို့ကို နှစ်သိမ့်ပေးသည်။


“ဒါက ဒီတိုင်း လေ့ကျင့်ရေးmatchတစ်ခုပါပဲ၊ မင်းတို့ အတတ်နိုင်ဆုံးသာ ကြိုးစားကြည့်လိုက်၊ အဲလောက်ကတင် လုံလောက်တယ်”


နင်ကျယ်ဟန်ကလည်း သူ ရင်ဆိုင်ကြုံတွေ့ရမည့် အခြေအနေကို သတိမထားမိလောက်သေးချေ။ ထို့ကြောင့် ခေါင်းညိတ်ကာ ပြောသည်။


“ကောင်းပါပြီ”


ချန်းဖုန်းက သူ လုပ်နိုင်သမျှကို လုပ်ပြီးလေပြီ။ ကျန်သောကိစ္စက စကားပြောရုံဖြင့် ဖြေရှင်းနိုင်သောအရာမျိုး မဟုတ်တော့ချေ။


သူတို့က ထိပ်တိုက်ရင်ဆိုင်ရန် လိုအပ်သည်။ အသင်းထဲတွင်လည်း အရူးလေးဝေ့က ရှိနေသေး၏။ ဒီနည်းအားဖြင့် အနာဂတ်တွင် သွေးရာသီဥတုနှင့် ကြုံတွေ့လာသော် သာမန်ဖြစ်ရပ်မျိုးသာ ဖြစ်လောက်လေသည်။


ထိုသို့ဖြင့် သူတို့က ညစာစားပွဲသို့ ပြန်သွားလိုက်ကြသောအခါ ဝေ့ရှောင်းဟာ ပြင်းပြင်းထန်ထန် ကြိုးစားနေသေးကြောင်း တွေ့လိုက်ရသည်။


ချန်းဖုန်းက ပဟေဠိ ဖြစ်သွားသည်။


“မင်း ဘာလုပ်နေတာလဲ”


ဝေ့ရှောင်းက အလေးအနက်ထားကာ ရှင်းပြသည်။


“ခေါင်းဆောင်အတွက် ဟင်းရွေးနေတာ”


ချန်းဖုန်း..


“???”


ထိုစကားကို ကြားသောအခါ ပိုင်ချိုင်၏နှုတ်ခမ်းက တွန့်သွားသည်။


ဝေ့ရှောင်းကလည်း နံနံပင်တစ်ပန်းကန်ပြားကို အထူးတလည် ရွေးလာပေးပြီး လုဖုန်းထံ တိုးပေးသည်။


“ခေါင်းဆောင် ဒါကိုစားလေ”


ဘဝက တအား ခက်ခဲတယ်။ နံနံပင်ကို အရံဟင်းအဖြစ် အသုံးပြုတဲ့ဟင်းတွေ ရှိပေမဲ့လည်း team ခေါင်းဆောင်က ညစာကို ကောင်းကောင်း စားနိုင်ဖို့အတွက်နဲ့ ဝေ့ရှောင်းလေးက အပြင်းအထန် ကြိုးစားပြီး နံနံပင်တွေအားလုံးကို ဘေးဖယ်ထုတ်ထားပေးရတာ။

90 04

တစ်ယောက်သောချန်းနှင့် တစ်ယောက်သောပိုင်ကမူ နံနံပင်တစ်ပန်းကန်ကို ကြည့်ပြီး တိတ်ဆိတ်သွားကြသည်။


“.....”


ဝေ့ရှောင်းက တူကိုချရင်း ကြွားချင်ပြန်သည်။


“ဟေး ငါက ခေါင်းဆောင်ကို တကယ် ဂရုအစိုက်ဆုံးပဲ”


ချန်းဖုန်းနှင့်ပိုင်ချိုင်..


“....”


မင်းသောက်ကျိုးနည်း မေးလိုက်တာကောင်းမယ်ထင်တယ်။


သူတို့ကို ပို၍ မှင်တက်စေသည်မှာ ချန်းဖုန်းက ထိုပန်းကန်ပြားကို အမှန်တကယ် လက်ခံလိုက်သည်။


“မင်း တကယ် ကြိုးစားထားတာပဲ”


ထို့နောက် သူသည် အမှန်တကယ် စားလိုက်သည်။


ဝေ့ရှောင်း..


“ကိစ္စကြီး မဟုတ်ပါဘူး၊ ငါမနက်ဖြန် စားဖိုမှူးကို မေးလိုက်ပြီး နံနံပင်တစ်ပန်းကန် သီးသန့် ကြော်ပေးမလားလို့၊ မေးကြည့်မယ်”


မဟာမိစ္ဆာဘုရင်ကြီးကဲ့သို့ အမြဲမစေ တည်ငြိမ်သောသူကပင် သူ ကိုင်ထားသည့် ခက်ရင်းကို မတုန်အောင် မနည်းထိန်းထားရကြောင်း ခံစားမိလိုက်သည်။


“တကယ်တော့ အဲဒီလောက်ထိ မလိုပါဘူး”


ဝေ့ရှောင်း..


“ဒါအပန်းမကြီးပါဘူး၊ စားစရာက အရေးကြီးဆုံးပဲလေ၊ ခေါင်းဆောင် ခေါင်းဆောင်က ဗိုက်ပြည့်တဲ့အထိ စားထားမှ ငါနဲ့အတူ ကစားပေးနိုင်မှာ မဟုတ်ဘူး....အင်း ငါဆိုလိုတာက ခေါင်းဆောင် ပြိုင်ပွဲဝင်ဖို့အတွက် အင်အားရှိအောင်လို့ပါ”


ချန်းဖုန်း..


“.....”


ချန်းဖုန်းသည်  သူ့ကို စာနာသနားပေးရန် ပျင်းသွားသည်။


လာစမ်းပါ။ သူ့ကို ပြင်းပြင်းထန်ထန်ကြိုးစားပြီး အလိုလိုက် ပေးလိုက်စမ်းပါ။


ထိုသို့ဖြင့် ကောင်းကောင်း စားသောက်ပြီးထားသော (ထင်ရခြင်း) ၊ FTW၏ ပွဲခန်းမသို့ ချီတက်သွားလိုက်ကြသည်။


ထင်မြင်သုံးသပ်ချက်ပေးသူများ၏ စကားအနည်းငယ်ပြီးနောက် တင်ဆက်သူက ဒီနေ့၏match teamsများကို ကြေညာသည်။


ပထမနေရာက L&Pဖြစ်ပြီး သူတို့က အရင်ရွေးရမည်ဖြစ်သည်။ ထိုသို့ဖြင့် ဖန်သားပြင်ကြီးတွင် FTWဆိုသော စကားလုံး၃လုံးက ပေါ်လာကာ ကြည့်ရှုသူများထံမှ အားပေးမှုကို လက်ခံရရှိသည်။


လူတိုင်းကလည်း အံ့အားသင့်သလို မအံ့သြမိသော အခြေအနေမျိုးကို ကြုံတွေ့လိုက်ရသည်။


မည်သို့ပင်ဆိုစေ လေ့ကျင့်ရေးခန်း စတင်ချိန်ကတည်းက FTWက အံ့အားသင့်မှု အများကြီးကို ဆွဲထုတ်လာပြီးလေပြီ။ နောက်ဆုံးတွင် ထိုအသင်းဟောင်းက ပြန်လည်မွေးဖွားလာခဲ့ပြီး သွေးလွှမ်းသော တိုက်ပွဲကို စတင်တော့မည် ဖြစ်သည်။


Closeက မာရှယ်ကို ရင်ဆိုင်တော့ပေမည်။ နတ်ဘုရားအသင်းများမှ ဖြစ်သည့်အလျောက် ဘေးချင်းယှဥ်လျက် တိုက်ခိုက်ခဲ့ဖူးသူများဖြစ်သော သူတို့သည် တစ်ယောက်ကို တစ်ယောက် နောက်ကျောပေးနိုင်လောက်အောင် ယုံကြည်ခဲ့ဖူးကြသည်။ ယခုမူ မျက်နှာချင်းဆိုင် ရင်ဆိုင်တဲ့ တောင်ကြားတွင် ပြိုင်ဘက်များအဖြစ် အဆုံးသတ်လေပြီ။


ကြည့်ရှုသူများအတွက် ပို၍ စိတ်လှုပ်ရှားစေသည်မှာ closeက jungler positionမှ toplaneသို့ လမ်းကြောင်း ပြောင်းလိုက်ပြီး ယွမ်ဇယ်ကလည်း glory၏ အသိုင်းအဝိုင်းထဲတွင် အင်အားအကြီးဆုံး toplanerဖြစ်လေသည်။


ထိုသို့ဖြင့် အင်အားကြီးသူများအကြားမှ matchပွဲက မစတင်ရသေးခင် လူတိုင်း၏ အတွေးများက စိတ်အားထက်သန်မှုများနှင့် ဆူပွက်နေပြီဖြစ်သည်။


ကင်ဆွန်းဟွန်းက ရင်ဘတ်နားတွင် လက်ပိုက်လျက် ပြောသည်။


“ဒီလောင်ချီး ဘယ်လိုလုပ်မလဲဆိုတာ ငါ ကြည့်မယ်”

90 05

ချန်းဖုန်းက ယွမ်ဇယ်ကို နားလည်ထားသည့်အလျောက် ကင်ဆွန်းဟွန်းကလည်း သူ့ကို အလွန်အမင်း ကောင်းမွန်စွာ နားလည်သည်။


ပုံမှန်ဆိုရင် ဒီလိုပျင်းတိပျင်းရွဲနဲ့ ဘာကိုမှ ဂရုမစိုက်တတ်တဲ့ကောင်က လေးနက်တည်ကြည် သွားတဲ့အခါ ဘယ်လိုမျိုးလဲဆိုတာကို သူ မေ့တော့မလို့။


ယခင်နတ်ဘုရားအသင်းတွင် ယွမ်ဇယ်၏ ပါရမီသည် အဆိုးဆုံးဖြစ်သည်။ သူသည် သူ၏ ပြင်းထန်လွန်းသော ကြိုးစားမှုနှင့် ပင်ကိုမွေးဖွားလာချိန်ကတည်းက သာမန်ဖြစ်လွန်းသော ကွာဟချက်ကို ဖာထေးရင်း အများအမြင်တွင် ပါရမီရှင်တစ်ယောက် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။


ပြောရမည်ဆိုလျှင် ယွမ်ဇယ်သည် ပါရမီရှင်များကို မမုန်းပေ။ သူသည် အတော်ပင် သဘောကျသေးသည်။ ဒီအတိုင်း ပါရမီရှင်များအားလုံးက သူ၏လက်တွင် ရှုံးခဲ့ဖူးသောကြောင့် ဖြစ်သည်။


Matchပွဲအတွက် ပါဝင်သူများကို ကြေညာပြီးနောက် တင်ဆက်သူက အချိန်ပြန် ကြေညာပြန်သည်။


“တချို့ gp Bဘက်က ထူးခြားတဲ့ အခြေအနေတွေအတွက်ကြောင့် ပြိုင်ပွဲကော်မတီက ဒီpointပြိုင်ပွဲနှင့် ပတ်သက်ပြီး စည်းမျဥ်းတွေကို ချိန်ညှိလိုက်တယ်”


ကြည့်ရှူသူများ.....ဘာလို့ ထပ်ပြောင်းပြန်ပြီလဲ။


သူတို့အနေနှင့် ယခုလိုမျိုး pointပြိုင်ပွဲနှင့် ပတ်သက်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် ကြုံဆုံရခြင်း ဖြစ်သည့်တိုင်အောင် အမြဲတစေ ဒီသုံးရက်အတောတွင်း bugsကို ပြင်နေရသည်မှာ နှစ်ကြိမ် ရှိသွားလေပြီ။


တင်ဆက်သူက သတင်းကို ကြေညာပေးရန်သာ တာဝန်ယူထားရသူ ဖြစ်သည့်အလျောက် လိုအပ်သည်ကိုသာ ပြောမည်ဖြစ်သည်။


ဘာပဲဖြစ်ဖြစ် ဒီအပြောင်းအလဲက တော်တော်လေးတော့ ကြီးတယ်။


ဒီနေ့မှစတင်ပြီး နောက်ဆုံး price full battleရောက်သည်အထိ အသင်းတိုင်းက လေ့ကျင့်ရေးmatchပွဲတွင် တူညီသောအသင်းကို တစ်ကြိမ်သာ ဖိတ်ခေါ်ခွင့်ရရှိမည် ဖြစ်သည်။


တခြားစကားဖြင့် ဆိုရသော် L&Pက ဒီနေ့ FTWကို ဖိတ်ခေါ်ပြီးပြီဆိုကတည်းက နောက်ပိုင်းတွင် FTWကို ဖိတ်ခေါ်နိုင်တော့မည် မဟုတ်ချေ။


ထိုmatchက လေ့ကျင့်ရေးစခန်းအတောတွင်း သူတို့၏ ပထမဦးဆုံး 5v5ဖြစ်ပြီး နောက်ဆုံးလည်း ဖြစ်သွားနိုင်သည်။


******