Ch 91
Viewers 3k

အပိုင်း 91 စစ်စုန့်


“ဘာလို့လဲ”


ဝေ့ရှောင်း၏ စိတ်အခြေအနေက ပြိုလဲကျသွားသည်။


သူ့အား ထာဝရတစ္ဆေအဖြစ် အသွင်ပြောင်းနိုင်သော အလွန်အမင်း အင်အားကြီးမားလွန်းသော အသင်းများကို ရင်ဆိုင်ခဲ့ချိန်တွင်ဖြစ်စေ soloပွဲပေါင်းများစွာ ဆက်တိုက် ရှုံးသွားခဲ့သော အခြေအနေတွင်ဖြစ်စေ ဘယ်သောအခါမှ ပြိုလဲကျလေ့မရှိသည့် နှလုံးသားကြီးသော ကစားသမားတစ်ယောက်က ပွဲစီစဥ်ကျင်းပသူများကြောင့် ထိုသို့ စိတ်ပျက်သွားသည်။


ဘာလို့ တစ်ပွဲတည်းလို့ ကန့်သတ်ထားတာလဲ။ ဘာလို့လဲ။


ထိပ်ဆုံး၃နေရာကို ဝင်တဲ့သူတွေက လေ့ကျင့်ရေး matchပွဲအတွက် ပြိုင်ဘက်ကို လွတ်လွတ်လပ်လပ် ရေးလို့ရတယ်လို့ သူတို့ပြောထားတာ မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်ပြီး ဒီလိုပြောင်းသွားပြန်တာလဲ။ ဘာလို့လဲ။


ဒီပွဲစီစဥ်သူတွေ ဘာတွေဖြစ်နေတာလဲ။ ဒီလို ကောင်းကောင်းလေ့ကျင့်ခွင့် ပေးလို့ မရဘူးလား။


သို့ရာတွင် ပြိုင်ပွဲရေးနိုင်ငံ ၁၈နိုင်ငံမှ ပါဝင်သူ အယောက်တစ်ရာတည်းမှ မည်သူကမှ ဝေ့ရှောင်းကဲ့သို့ မတွေးကြချေ။


အများစုအတွက် သူ၏ညီအစ်ကိုကောင်း ပိုင်ဂေါ်ဖီထုပ်လေးဆိုလျှင်ပင် စိတ်အေးသွားလေသည်။


တစ်ကြိမ်ကစားတာကတင် တော်တော်လေး ကောင်းနေပြီလေ။ ဘယ်သူမဆို နေ့တိုင်းလိုလို ပြင်းပြင်းထန်ထန် ကြိုးစားနေရမယ်ဆိုရင် သူတို့ မတ်တပ်တောင် ရပ်နိုင်ပါ့ဦးမလား။


ထိုစည်းမျဥ်း အပြောင်းအလဲဟာ ကြီးမားလွန်းသောကြောင့် ပြိုင်ပွဲကော်မတီကပင် ပြိုင်ပွဲဝင်များကို အထူးတလည် ရှင်းပြပေးရသည်။ ထိုအတွက်ကြောင့် တင်ဆက်သူက အပြောင်းအလဲအတွက် အကြောင်းပြချက်ကို ရှင်းပြပေးသောအခါ စကားလုံးများကို အထူးတလည် သတိထားကြရသည်။


ဒီတစ်ကြိမ်တွင် FTW၏ အမှားမဟုတ်ချေ။ သူတို့နှင့် အနည်းနှင့်အများ ပတ်သက်နေသော်လည်း FTW၏ ပုံမှန်အတိုင်း ကစားမည်ဆိုသော ပုံမှန်မဟုတ်သည့်စွမ်းရည်က ပြိုင်ပွဲကော်မတီကို နိုးထစေရန် မလုံလောက်သေးချေ။


Gp Bဘက်မှ အသင်း၂သင်းက ပြိုင်ပွဲကော်မတီကို သူတို့၏ စည်းမျဥ်းနှင့်ပတ်သက်ပြီး ပြဿနာရှိကြောင်း သတိထားစေမိသွားခြင်း ဖြစ်သည်။


တခြားသောသူများက အကိုက်အခဲပျောက်ဆေးဟု နာမည်ပြောင်ပေးထားသော EV teamနှင့် တရုတ်နိုင်ငံဘက်မှ RRအသင်းတို့ကြောင့် ဖြစ်သည်။


EV၏ midlanerသည် ရှဲ့ဟယ်ဖြစ်ပြီး ယခင်နတ်ဘုရားများအသင်းမှ starter ကစားသမားဖြစ်ကာ RR၏ midlaneသည်လည်း starterအသစ် moonlitဖြစ်သည်။


အစပိုင်းတွင် ထိုအခြေအနေနှင့်ပတ်သက်ပြီး ပြဿနာရှိကြောင်း မည်သူကမှ သတိမထားမိသေးပေ။ pointပြိုင်ပွဲ၏ ပထမနေ့တွင် gp Bဘက်ခြမ်းက ယမ်းမှုန့်ရနံ့သည် အလွန်ဖျော့တော့လွန်းသည်။ မည်သူကမှလည်း free matchupအတောတွင်း အမှတ်များကို ရရန်အတွက် အကြိတ်အနယ် ကြိုးစားခဲ့ခြင်းမျိုး မရှိခဲ့သေးချေ။


RRကလည်း အင်အားကြီးမားသော ကစားသမားများအကြား ထင်းထွက်နေခဲ့ခြင်း မရှိချေ။ ပြိုင်ပွဲချန်ပီယံ FTWကပင် အလျစ်လျူရှုခံရလေရာ RRဆိုလျှင် ပို၍ဆိုးသေးသည်။


သို့ရာတွင် RR၏ ခေါင်းဆောင် moneyသည် အထူးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သူက သူ၏ကိုယ်ပိုင်ပိုက်ဆံကို သုံးပြီး အသင်းဖော်များကို အားပေးခဲ့သည်။


“ညီအစ်ကိုတို့ ကြိုးစားရအောင်၊ ငါမင်းတို့ အမှတ်တစ်မှတ်ရတိုင်း ယွမ်တစ်သောင်း ပေးမယ်”


ဂိမ်းပွဲကို အနိုင်ရလျှင် ၃မှတ်ရသည်။ သူတို့ကသာ ၇ပွဲကစားခဲ့ပြီး အားလုံးကိုနိုင်ခဲ့သော် ၂သိန်းတစ်သောင်း ရရှိမည်ဖြစ်သည်။


RR၏ အသင်းဖော်များ အားလုံးက ချက်ချင်းလိုလို စိတ်လှုပ်ရှားသွားကြပြီး အမှတ်များကို အရူးလို စစုကြသည်။


ရလဒ်အနေဖြင့် RRသည် တတိယနေရာသို့ ဝင်ရောက်သွားခဲ့ပြီး ထိပ်ဆုံး၃နေရာမှ EVကို တွန်းထုတ်ခဲ့သည်။


ခေါင်းဆောင်မော့သည် သူတို့၏အသင်းကို အလိုလိုက်လွန်းသည်။ သူ၏ midlanerက glory၏ နံပါတ်၁ midlanerနှင့် တိုက်ခိုက်ချင်စိတ်ရှိကြောင်း သိထားရုံနှင့် သူသည် ခမ်းနားသော ဟန်အမူအယာမျိုးဖြင့် လက်ကိုလှမ်းပြကာ လေ့ကျင့်ရေး matchပွဲအတွက် EVကို ရွေးချယ်ခဲ့သည်။


ပြောရမည်ဆိုလျှင် EV၏ midlanerနှင့် RR၏ midlaner moonlitတို့က အားသာချက်ခြင်း တူညီသည်။ သူတို့သည် ဖြူကောင်ကဲ့သို့ midlanerများ ဖြစ်ကြပြီး သူတို့၏ ကိုယ်ပိုင်junglerများထက်ပင် ကြမ်းတမ်းကြသေးသည်။ ထိုသို့ဖြင့် သူတို့သည် သူတို့၏လမ်းကျဥ်းမှ စစ်သည်တော်များကို အလွန်အမင်း မြန်ဆန်လွန်းစွာဖြင့် တိုက်ခိုက်လိုက်ကြပြီးနောက် အထောက်အပံ့များ အပြေးခံရသောအခါ အလွန်အမင်းပင် လွန်ကဲလွန်းသွားကြသည်။

91 02

EV၏ junglerသည် သူတို့၏ teamခေါင်းဆောင်ဖြစ်ပြီး RR၏ junglerကလည်း သူတို့၏ teamခေါင်းဆောင်ဖြစ်သည်။ နှစ်သင်းလုံးက သူတို့၏ midlaneနှင့် junglerအကြားမှ ချိတ်ဆက်မှုကို မှီခိုပြီး ပြဿနာကို ရူးသွပ်စွာ ထိုးမွှေနှောက်ကာ ရှာကြသည်။


ထိုသို့ဖြင့် နှစ်သင်းက တွေ့ဆုံသည်နှင့် မိနစ်များ ကြာလာသည်နှင့် ယမ်းမှုန့်ရနံ့များက ပြင်းထန်သွားပြီး ပေါက်ကွဲသည်။


ပထမတစ်ကြိမ် EVက အလေးအနက် မထားခဲ့သေးချေ။ မည်သို့ပင်ဆိုစေ moonlitကို အရေးပါသလို သဘောမထားခဲ့သော ရှဲ့ဟယ်အတွက် ထိုသို့သာဖြစ်သည်။ မည်သူကမှလည်း RRက စားပွဲကို ပြောင်းပြန်လှန်ပြီး ဂိမ်းကို နိုင်လိမ့်မည်ဟု မထင်ထားလောက်ကြချေ။


ထိုကိစ္စက ပျားအုံ၏အသိုက်ကို တုတ်နဲ့ထိုးသလို ဖြစ်သွားသည်။


နတ်ဘုရားများအသင်းတွင် စိတ်အဆတ်ဆုံးသည် နာမည်တွင် ဟယ်ပါသည်။


နတ်ဘုရားရှဲ့သည် ကုန်လွန်ခဲ့သော နှစ်များအတွင်း တိတ်တဆိတ် တည်တည်ငြိမ်ငြိမ်သာ နေထိုင်ရခြင်းကို သဘောကျသော လူအမျိုးအစား ဖြစ်သည်။ ပြောရမည်ဆိုလျှင် သူ၏ကာရိုက်တာက အလွန်ကြမ်းတမ်းသည်။ သူ ကစားဟန်ကလည်း အလွန်အမင်း မိုက်ရူးရဲဆန်ကာ ကြမ်းတမ်း အရိုင်းဆန်သေးသည်။ သူက အရိုင်းဆန် သွားသောအခါ ၉ယောက်တစ်ယောက်ပင် ယှဥ်ပြိုင်တိုက်ခိုက် နိုင်သည်။


ဟုတ်တယ် သူက သူ့ရဲ့ကိုယ်ပိုင်အသင်းဖော်တွေနဲ့တောင် တိုက်ခိုက်တာ။


Moonlitသည် ထိုကိစ္စနှင့် ပတ်သက်ပြီး အမှန်တကယ်ပင် အပြစ်ကင်းစင်လေသည်။ သို့ရာတွင် ဒုတိယနေရာတွင် EVက ပထမနေရာကို ရရှိသွားခဲ့ပြီး RRကို သူတို့၏ လေ့ကျင့်ရေmatchပွဲအတွက် ရွေးချယ်ခဲ့သည်။


RRကလည်း ဒီနှစ်တွင် အမှန်တကယ်ပင် ခြားနားလာသည်။ သူတို့က moonlitကို အပိုရရှိခဲ့ပြီးနောက်တွင် တစ်သင်းလုံးက ၃၆၀°ကွက်တိ လှည့်ထွက်သွားသည်။ သူတို့က ယခင် moneyက ဦးဆောင်ပြီး “ငါက ရူးရင်ရူးလိမ့်မယ်၊ ဒါပေမဲ့ ပိုက်ဆံအများကြီးရှိတယ်၊ ဒီတော့ ကြမ်းကြမ်းတမ်းတမ်း ကစားလို့ရတယ်” ပုံစံမှ “သတ် ရူးရူးသွပ်သွပ်သာသတ် သောက်ကျိုးနည်း သတ်ရတာကို ကြိုက်တယ်”ဆိုသော ခွေးရူးအသင်းလိုပုံစံအပြည့် ပြောင်းလဲသွားသည်။


ထိုအကြောင်းအရာကို တွေးကြည့်သော် moonlitသည် မဟာဆရာသခင်၏ ဂိမ်းရာပေါင်းများစွာဖြင့် မွမ်းမံပျိုးထောင်ပေးခြင်းကို ခံရသည့်အလျောက် ပရော်ဖက်ရှင်နယ်ကျကျ ဆက်လက်ကစားနိုင်နေသေးသမျှ သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို သာမန်လူများက သွားမယှဥ်နိုင်ပေ။


ရှဲ့ဟယ်က သူ့ကိုအပြစ်ပေးချင်တယ် ဟုတ်လား။ moonlitက စားပွဲကို ပြောင်းပြန်လှန်ပြီး သူ့ကို ထပ်သတ်လိုက်သည်။


ထိုသို့ဖြင့် နှစ်သင်းကြားမှ ရှုပ်ထွေးမှုက အလွန်အမင်း သက်ရောက်မှုရှိစွာ အနှစ်ချုပ်၍ ရသည်။


ပြောရမည်ဆိုလျှင် လူတိုင်းကလည်း EVသည် RRထက် အင်အားအလွန်ကြီးကြောင်း မြင်နိုင်သည်။ ရှဲ့ဟယ်တစ်ယောက်က စတင်ကာ အလေးအနက် ထားလိုက်ရုံနှင့် moonlitကို တွဲလောင်းဆွဲ၍ ရိုက်နှက်ချသွားနိုင်သည်။


ကျိုးကြောင်းကျကျ ပြောရသော် ထိုကိစ္စဟာ ထိုဂိမ်းပွဲကို နိုင်သွားရုံနှင့် ပြီးသွားသည်။ သို့သော် moonlit၏ လက်သင့်မခံလိုစိတ်က သူ့အား အရှုံးကို လက်မခံလိုလေဘဲ ရှဲ့ဟယ်ကို သွား၍ လှုံ့ဆော်သည်။


သူတို့ နိုင်သွားတော့ရော ဘာဖြစ်လဲ။ ဒီကောင်စုတ်ရဲ့ မျက်လုံးက အရှုံးပေးတာကို လက်မခံဘူးဆိုတာ ပြနေတာပဲ။


ထို့ကြောင့် တတိယမြောက်နေ့တွင် တတိယနေရာသို့ အရောက်ဝင်နိုင်ခဲ့သော RR က EVကို ရွေးလိုက်သည်။ မည်သို့ပင်ဆိုစေ EVက တတိယနေရာမှ ကျသွားလေသည်။


ထိုသို့ဖြင့် နှစ်သင်းက ထိပ်တိုက်ရင်ဆိုင်ကြပြန်သည်။ သူတို့၏ အပြုမူများအရ ဒီကိစ္စဟာ တစ်ဖက်သူမသေမချင်း အဆုံးမသတ်ဟု ပြောသလိုဖြစ်နေသည်။ 


ထိုသို့ဖြင့် ပြိုင်ပွဲကော်မတီကပင် ကြည့်ရှုလိုက်ရသည်။


ဘယ်လိုဖြစ်ပြီး သောက်ကျိုးနည်းကို ဒီလိုဖြစ်လာတာလဲ။


ဆောင်းတွင်းလေ့ကျင့်ရေး၏ အဓိက ရည်ရွယ်ချက်က အသင်းတွေအကြားက ဆက်ဆံရေးကို တိုးမြှင့်စေချင်လို့လေ။ နှစ်သင်းကို ဒီလိုမျိုး ရှေ့ပြန်နောက်ပြန် တိုက်ခိုက်စေချင်တာမှ မဟုတ်တာ။


တခြားသော အသင်းများကပင် ဝေဝေဝါးဝါး တုံ့ပြန်လာကြသည်။


“RRရဲ့ အခြေအနေက တော်တော်လေးကို ဆိုးရွားတယ်၊ ဒီတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် သူတို့ အိမ်ပြန်သွားတဲ့အခါ အနားယူသွားလောက်တယ်”


ရင်းနှီးမြှုပ်နှံသူများကလည်း မကျေနပ်ကြပေ။

91 03

“EVက သေချာပေါက် နိုင်မှာလေ၊ ဒီလိုဂိမ်းပွဲကို ကြည့်စရာအကြောင်းကို မရှိတာ”


“ပရိသတ်တွေက ငိုပြီး ပြဿနာရှာနေပြီ”


Gp Bမှ စီမံခန့်ခွဲရေး teamက gp A၏ teamနှင့် စကားလာပြောသည်။ gp Aကလည်း ချက်ချင်းဆိုသလိုပင် သူတို့၏ ကိုယ်ပိုင်top3ချင်းတိုင်းက FTWကို ရွေးခဲ့ကြောင်း ပြန်ဖြေခြင်းအားဖြင့် စည်းမျဥ်းများကို ပြောင်းရန်ဖြစ်လာသည်။


နှစ်ဖက်လုံးက ကြည့်ရှူသည်။


Fuck ဒါက ဟုတ်ကိုမဟုတ်တာ။


ဒီဆွေးနွေးခြင်းနောက်ကွယ်က မူရင်းရည်ရွယ်ချက်ကမူ အင်အားကြီးမားသော အသင်းများက လေ့ကျင့်ရေး matchပွဲစဥ်များအတောတွင်း pointပြိုင်ပွဲကိုသာ အထူးတလည် အားစိုက်ခြင်း မရှိစေရန်ဖြစ်သည်။ ဒီနည်းအားဖြင့် သူတို့သည် free matchများကို ထိုမျှအထိ အလေးအနက်ထားရန် မလိုအပ်ပေ။ နေ့စဥ်နှင့်အမျှ ထိပ်ဆုံးသုံးနေရာသို့ ဝင်နေခဲ့သော အသင်းများက အင်အားကြီးသော အသင်းများ ဖြစ်သည်။ သို့သော် ထိပ်ဆုံးအသင်းများလည်း ဟုတ်ရန် မလိုအပ်ပေ။ မည်သို့ပင်ဆိုစေ သူတို့၏ တစ်ချိန်လုံး အရှုပ်အထွေးဖြစ်အောင်လုပ်ရန် မမျှော်လင့်ထားပါပေ။


အမှန်တကယ် အင်အားကြီးမားသော အသင်းများကလည်း အနိုင်ရယူစိတ် ပြင်းထန်သည်မှာ သံသယဝင်စရာ မရှိပေ။ ဒီနည်းအားဖြင့် သူတို့သည် တရုတ်နိုင်ငံဘက်မှ အားနည်းသောအသင်းများကို ရွေးချယ်ရန် မျှော်လင့်ထားသည်။


ဒါက တရုတ်ကို အနိုင်ကျင့်သလို ဖြစ်မနေဘူးလား။


တရုတ်ပြည်သည် gloryကစားသမား အမြင့်ဆုံးသော ပြိုင်ပွဲရေးနိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲကော်မတီသည်လည်း ထိုအခြေအနေကြီးက သူတို့၏ အဖေကြီးကို သည်းမခံနိုင်အောင် ဖြစ်စေလာသဖြင့် ထိုအခြေအနေအတိုင်း ဖြစ်ခွင့်ပြု၍ မရချေ။ ထိုအတွက်ကြောင့်....။


စည်းမျဥ်းကို ပြောင်းလိုက်ရသည်။


၁၈သင်းလုံးက pointပြိုင်ပွဲတွင် တူညီသော တစ်သင်းတည်းကိုသာ တစ်ကြိမ်သာ တိုက်ခိုက်ခွင့်ရှိသည်။


အမှတ် အနုတ်လက္ခဏာပြနေသော အသင်းများက သုံးရက်ကြာလာပြီးသော် နောက်ဆုံးဖိုင်နယ် prize pool ရှုံးထွက်ပွဲစဥ်တွင် ဝင်ပြိုင်ခွင့် ရှိတော့မည်မဟုတ်ပေ။


လေ့ကျင့်ရေး၏ နောက်ဆုံးနေ့တွင် prize poolအတွက် ရှုံးထွက်ပွဲစဥ်ကို ပြောင်းလဲထားသည်။ ဒီနည်းအားဖြင့် အရည်အချင်းပြည့်မီသော အသင်းများက ပြိုင်ပွဲဝင်နိုင်မည်ဖြစ်ပြီး matchကလည်း ကျပန်းဖြစ်သည်။ သူတို့က ရှုံးခဲ့သော သူတို့၏ prize poolကိုပါ အရှုံးခံရပေလိမ့်မည်။


နောက်ဆုံး အနိုင်ရရှိသူကသာ အိမ်သို့ ဆုများနှင့် ပြန်နိုင်သည်။


အရာအားလုံးကလည်း အလုပ်ဖြစ်လာသည်။ pointပြိုင်ပွဲ ဖြစ်စဥ်တစ်ခုလုံးကလည်း ပြီးမြောက်သွားပြီး ပေါ့ပေါ့ပါးပါး ရင်ဆိုင်၍ ရလောက်သည်။


ထိုအကြောင်းပြချက်ကို နားထောင်ပြီးနောက်တွင် အနှုတ်အမှတ်ရထားသော အသင်းများက ရုတ်တရက် ခြားနားသော မျက်နှာထားမျိုး ဖြစ်လာကြသည်။


မူလကမူ သူတို့သည် ဒီတိုင်း ပေါ့သေးသေးသာ သဘောထားလျက် အင်အားကို ထိန်းသိမ်းထားလိုသည်။ ထိုနည်းအားဖြင့် နောက်ဆုံးသော တစ်သုတ်တွင်သာ အပြည့်အဝ အကောင်းဆုံး လုပ်ဆောင်လိုခဲ့သည်။ သို့သော် ရလဒ်အနေဖြင့် ပြိုင်ပွဲ၏ ကော်မတီက သူတို့ကို ထိုအခွင့်အရေး မပေးတော့ချေ။


ရင်းနှီးမြှုပ်နှံသူ daddyများကလည်း ဖော်ပြကြသည်။


...သောက်ကျိုးနည်းကို တဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်မှာလား၊ အသင်းတွေက လာပြီးမယှဥ်ပြိုင်ဘူးဆိုရင် သူတို့က ဒီမှာ ဘာလာလုပ်ရမှာလဲ။


ဝေ့ရှောင်းကမူ အနှုတ်အမှတ်များနှင့် ပတ်သက်ပြီး စိုးရိမ်နေခြင်း မရှိချေ။


သူအစိုးရိမ်ဆုံးကမူ... 


“RRက တကယ်သန်မာတာပဲ၊ moonlitကလည်း တော်တယ်”


သူသည် ပြည်တွင်းပြိုင်ပွဲကိုပင် မျှော်လင့်စောင့်စားနေပြီ ဖြစ်သည်။


“prize poolအတွက် ရှုံးထွက် match upတွေကလည်း စိတ်ဝင်စားဖို့ကောင်းတာပဲ၊ ပိုင်ချိုင် မင်း ပိုက်ဆံ မရှာချင်ဘူးလား”


ဒီလောင်ဇီက ပထမနေရာ လိုချင်တယ်။


ယခုလေးတွင် ဆွဲသွင်းခံလိုက်ရသော ပိုင်ချိုင်က တိုက်ခိုက်လိုစိတ် မရှိပေ..ထွက်သွားစမ်း ငါ မပါချင်ပါဘူး ပိုက်ဆံလည်း မရှာချင်ဘူး ငါ မလုပ်နိုင်ဘူး။


သူဘာကို လာတွေးနေတာလဲ။ ပိုက်ဆံရှာမယ် ဟုတ်လား။ Proနဲ့ L&P က အလှဆင်ပစ္စည်းတွေလား။


Prize pool ရှုံးထွက် match upများသည် ဝေ့ရှောင်း၏အရှေ့တွင် တုတ်ထိုးထားသော မုန်လာဥနီလိုမျိုး သူ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ထိုးဖောက်နိုင်ရုံလောက်သာ တတ်နိုင်သည်။

91 04

ကောင်းပြီလေ။ ကောင်းကောင်း ဆိုးဆိုးပေါ့။ နောက်ဆုံးနေ့က စိတ်လှုပ်ရှားဖို့ ကောင်းမယ်ဆိုရင် လုံလောက်တာပါပဲ။ အလယ်ပိုင်းကတော့ ခါးခါးသည်းသည်း လေ့ကျင့်ဖို့ စဥ်းစားရမှာပေါ့။


ဝေ့ရှောင်းက ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။


ဂိမ်းပွဲမစခင် FTWနှင့် L&Pတို့က ရင်းနှီးကျွမ်းဝင်စွာ (အမှိုက်လို)စကားပြောခန်းချင်း ဖလှယ်ရသည်။


ဂယ်ရီက အလွန်အမင်း လေးနက်တည်ကြည်သော ပုံစံမျိုးဖြင့် ပြောသည်။


“ကောင်းကောင်းကစား။ ဒါက ငါတို့ဒီလေ့ကျင့်ရေး အတောတွင်းမှာ နောက်ဆုံးကစားရတဲ့ အခြေအနေ ဖြစ်သွားလောက်တယ်”


ပထမဦးဆုံးအကြိမ်ဖြစ်သော်လည်း နောက်ဆုံးလည်း ဖြစ်သွားသည်။


သေစမ်း သူဒီအရူးလေးကို ပြင်းပြင်းထန်ထန် ထုရိုက်ရုံလေးပဲ ရှိမှာ။


ဝေ့ရှောင်းက အံ့သြသွားသည်။


“လောင်ချီ မင်းပိုပြီး ယုံကြည်ချက် ထားသင့်တယ်”


ဂယ်ရီ...


“???”


ဝေ့ရှောင်း..


“prize poolအတွက် ရှုံးထွက်match upပွဲတွေဆီရောက်အောင် L&Pက တိုက်ခိုက်ဖို့ အခွင့်အရေး ရှိသေးတယ်လို့ ငါထင်ထားတာ၊ ကြိုးစားစမ်းပါ၊ ငါမင်းကို ၁၂ရက်လောက်နေရင် တွေ့ရမဲ့ ဖိုင်နယ်မှာ စောင့်နေမယ်လေ”


ပြောကြားချက်အရ သူ၏ FTWသည် သေချာပေါက် ဖိုင်နယ်သို့ ဝင်ရောက်ပေလိမ့်မည်။ L&P ဝင်မဝင်ဆိုသောအတွက်ကမူ...ကောင်းပြီလေ မင်းတို့တွေ ကြိုးစားကြည့်ပေါ့။


ဂယ်ရီ..


“....”


ယွမ်ဇယ်သည် သူ၏ကိုယ်ပိုင် အရူးjunglerကို သယ်သွားရသည်။


ဒီကောင်ဘယ်လောက်တောင် အသုံးမကျလိုက်သလဲ။ engလို ပြောရင်တောင်မှ ဒီအရူးလေးဝေ့ကို မနိုင်ဘူး။


ကိုယ်ပိုင်ပစ္စည်းများကို စစ်ဆေးပြီးနောက် နှစ်ဖက်လုံးက bpကဏ္ဍသို့ ဝင်ရောက်သွားကြသည်။


အံ့အားသင့်စရာကောင်းသော ဟုတ်မဟုတ်ဆိုသော အခြေအနေကို bp ကဏ္ဍကတည်းက စတင်၍ ကြည့်နိုင်သည်။


ဝတ်ကျေတန်းကျေ ဂိမ်းပွဲမျိုးတွင် bp ကဏ္ဍသည် မိနစ်အနည်းငယ်တည်းနှင့် ပြီးမြောက်သွားမည် ဖြစ်သည်။ မည်သည့်ဘက်ကမှ အချိန်ပေးပြီး အကြံအစည် ထုတ်နေခြင်း မရှိချေ။


လေးနက်တည်ကြည်သော ဂိမ်းပွဲမျိုးတွင်မူ bpသည် chessကစားသည်နှင့် တူသည်။ တစ်ဆင့်ချင်းစီတိုင်းကို မရွေးခင် ခြေသုံးလှမ်းခန့် ကြိုတင်ကာ တွေးတောနေရသည်။ ထိုသို့ဖြင့် လှည့်ကွက်များ ဗျူဟာများကိုပင် သုံးကာတည်ဆောက်ရသည်။


ချန်းဖုန်း၏ အမူအယာက လေးနက်တည်ကြည်နေသည်။ သူနှင့် ရင်းနှီးသောသူများဆိုလျှင် အံ့သြသွားလောက်၏။


ဒီလောက် လေးနက်တည်ကြည်နေတဲ့ နည်းပြချန်းဖုန်းကို global finalမှာပဲ တွေ့နိုင်တာလေ။


FTW၏ 5v5သည် ဘယ်သောအခါကမှ ထိုကဲ့သို့သော စင်မြင့် မဟုတ်ခဲ့ဖူးချေ။ သို့သော် လုဖုန်း၏ ယခင်soloပြိုင်ပွဲမှ အသင်းဖော်ဖြစ်သော ချန်းဖုန်းကမူ soloပြိုင်ပွဲ၏ bpတိုင်းတွင် ဝင်ပါခဲ့ဖူးသည်။


သူသည် ထိုကဲ့သို့သော လေးနက်တည်ကြည်မှုကို ပြသလေ့ရှိသည်။ လုံလောက်စွာပင် သူသည် ဒီပွဲကို မည်မျှ အလေးအနက်ထားကြောင်း ဖော်ပြသည်။


ချန်းဖုန်းက ဟန်းစက်ကို တစ်ချက်ချိန်ညှိရင်း မေးလိုက်သည်။


“မင်းတို့ ဘယ်talentကို သုံးချင်လဲ”


သူတို့၏ တိုက်ပွဲဗျူဟာကို ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။ သို့သော် သူတို့အသုံးပြုသည့် heroကို ရွေးချယ်ခြင်းအားဖြင့် အခြေအနေက ချက်ချင်းလိုလို ပြောင်းလဲသွားမည် ဖြစ်သည်။


တခြားတစ်ဖက်ခြမ်းက banသည်ဖြစ်စေ လုသွားသည်ဖြစ်စေ သူတို့၏ ဂိမ်းပွဲအတွက် ကိုယ်ပိုင်lineupအပေါ် သက်ရောက်လာပေလိမ့်မည်။

91 05

ချန်းဖုန်းက သူ၏ ကစားသမားများ အသုံးပြုချင်သည့်heroကို မေးနေကျဖြစ်သည်။


ဂိမ်းပွဲမစခင်က သူတို့၏အတွေးက မည်သို့ဖြစ်နေစေကာမူ သူတို့၏ ထိုင်ခုံတွင် ဝင်ထိုင်ပြီး ကီးဘုတ်ကို ထိတွေ့လိုက်သည်နှင့် သူတို့၏ ခံစားချက်က ခြားနားကောင်း ခြားနားသွားလောက်သည်။


ထိုသို့ဖြင့် မှီခိုအားထား၍ ရလောက်သော lineupမျိုးကို အသုံးပြုခြင်းအားဖြင့် ချန်းဖုန်းက ကစားသမားများ ကစားအချင်ဆုံးသော talentမျိုးကို ရွေးချယ်ရန် တာဝန်ယူထားသည်။


သူသည် မူလကမူ ဝေ့ရှောင်းက အရင်ပြောလာမည်ဟု ထင်ထားသည်။ သို့သော် မမျှော်လင့်ထားစွာပင် လုဖုန်းက ပြောလာသည်။


“ငါ လူရမ်းကား စစ်သည်တော် ယူမယ်”


ဝေ့ရှောင်းက ချက်ချင်းလိုလို လိုက်ပြောသည်။


“ဒီလိုဆိုရင်ငါ လူရမ်းကားသူခိုး ယူလိုက်မယ်”


ချန်းဖုန်းက ခေါင်းညိတ်သည်။


“ကောင်းပြီ”


ထိုdouble လူရမ်းကားပေါင်းစပ်မှုက အလွန်သန်မာသည်။ toplanerနှင့် jungler ချိတ်ဆက်ထားသော teamမျိုးအနေနှင့် ကောင်းကင်နှင့် မြေပြင်ကိုပင် ထိပ်တိုက်ရင်ဆိုင်နိုင်သော ပူးပေါင်းဆောင်ရွက်မှုမျိုး ဖြစ်သည်။


ပိုင်ချိုင်က ပြောသည်။


“သူတို့က လူထွားနတ်ဆရာကို banလောက်တယ်”


Double လူရမ်းကားပေါင်းစပ်မှုသည် အလွန်အမင်း သေမျိုးနွယ်ဘက်ကို ကျော်လွန်နေပြီးသား ဖြစ်သည့်အလျောက် သူတို့ကိုသာ tankyဖြစ်လွန်းသော အထောက်အပံ့က ပေါင်းစပ်ပေးလိုက်သော် အခြေအနေ မကောင်းနိုင်တော့ချေ။ ထိုအတွက်ကြောင့် L&P၏ နည်းပြကလည်း သူတို့ကို ထိုကဲ့သို့သော lineupမျိုးကို ယူခွင့် မပြုလောက်ချေ။ ဒီနည်းအားဖြင့် သူတို့က ခန္ဓာကိုယ်ကို ကွေးလျက် အိမ်သို့လှိမ့်၍ ပြန်သွားရလောက်သည်။


ချန်းဖုန်းက ခွဲခြမ်းစိတ်ဖြာ ပြသည်။


“ဒါဆိုရင် ငါတို့ အရင်ဆုံး လူရမ်းကားစစ်သည်တော် ယူထားလိုက်မယ်၊ တခြားတစ်ဖက်ခြမ်းက jungler talentကို ဘာလုမလဲ ကြည့်ရတာပေါ့”


FTWက အရင်ဆုံး ရွေးချယ်ခွင့် ရထားသည်။ ထို့ကြောင့် L&Pက နောက်နှစ်ခုကို ရွေးခွင့်ရမည်ဖြစ်၏။ သူတို့က လူရမ်းကားသူခိုးကို အရင်ရွေးနိုင်သည်။ လူရမ်းကားသူခိုးနှင့် လူထွားနတ်ဆရာကိုလည်း တစ်သုတ်တည်း ရွေးသွားလောက်သည်။


သူတို့က ထိုသို့ရွေးခဲ့လျှင်လည်း အဆင်ပြေသည်။ လူရမ်းကားစစ်သည်တော်က အလွန် အပြောင်းအလဲလုပ်၍ ရလေရာ အမျိုးမျိုးသော ခြားနားသည့် lineupများနှင့် matchup ဖြစ်နိုင်သေးသည်။ တခြားတစ်ဖက်ခြမ်းတွင် သူတို့ကသာ အရင်ဦးဆုံး အထောက်အပံ့နေရာကို ရွေးချယ်ခဲ့သော် lineupက ပစ်မှတ်ထားခံရ လွယ်နိုင်သည်။


L&P၏ နည်းပြကလည်း ချန်းဖုန်း၏ ရည်ရွယ်ချက်ကို တစ်ချက်ကြည့်ရုံနှင့် မြင်သည်။ ထို့ကြောင့် သူတို့က လူရမ်းကားသူခိုးကို ယူလိုက်သည်။ သို့သော် လူထွားနတ်ဆရာကိုမူ လွှတ်ပေးထား၏။


ဝေ့ရှောင်းက ရယ်သည်။


“လောင်ချီတော့ သေပြီ”


ဒီနတ်ဆိုးလေးကတော့....။


ချန်းဖုန်းက သူ၏ခေါင်းကို ခေါက်သည်။


“မင်းကပဲ ဉာဏ်ကောင်းတာပါ”


ဝေ့ရှောင်း..


“မဟုတ်ဘူးလား ဟုတ်တယ်မလား။ ခေါင်းဆောင်ရဲ့ လူရမ်းကားစစ်သည်တော်က သူ့ကို ပိတ်လှောင်သွားအောင် ထုရိုက်လို့ရတယ်လေ”


ချန်းဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများကလည်း ကော့တက်နေသည်။


“လာလာလာ ကြိုးစားထား ၊ midlaneနဲ့ maskmanကို အရင်ယူရအောင်”


အသင်းထဲတွင် ဘက်စုံတော်သော ကစားသမားနှစ်ယောက် ရှိထားသည်မှာလည်း ကောင်းမွန်လေသည်။ ဒီနည်းအားဖြင့် သူတို့က ရွေးချယ်နိုင်သော lineupက ပို၍ကျယ်ပြောသွားသည်။


သူတို့သည် double လူရမ်းကား ကိုယ်ပိုင်nationကို လုချင်ခဲ့၏။ သို့သော် တခြားတစ်ဖက်ခြမ်းက သူတို့၏ရည်ရွယ်ချက်ကို မြင်သဖြင့် သူတို့၏ lineupကို ချိုးဖောက်လိုက်သည်။


သို့ရာတွင်...။


ကောင်းသည်လား ဆိုးသည်လားမသိ နည်းပြချန်းသည် မဟာမိစ္ဆာဘုရင်၏ နောက်ကွယ်မှ လူဖြစ်လေသည်။ ထိုအတွက်ကြောင့် သူ့တွင် မသုံးထားသော ဝှက်ဖဲများ ရှိလေသည်။


လူရမ်းကား စစ်သည်တော်က လူရမ်းကားသူခိုး၏ အကောင်းဆုံး လက်တွဲဖော် ဖြစ်သည်။ သို့သော် လူရမ်းကားသူခိုးကမူ အကြောက်ရဆုံးသော ရန်ဖက်တစ်ယောက် ရှိနေသေးပြန်သည်။


လောင်ချီက Closeနှင့် ပတ်သက်လာသော် စိတ်ပိုင်းဆိုင်ရာအရိပ်ဆိုး ရှိနေပြီးသားဖြစ်သည်။ ယခုအခါ သူသည် လူရမ်းကားသူခိုးကို ကစားသောကြောင့်.....။


ဟားဟားဟား ကြိုးစားထား လောင်ကျီရေ။


L&Pသည် သန်မာသော အသင်းဖြစ်ထိုက်သည်။ သူတို့က ခြေတစ်လှမ်းပင် နောက်ဆုတ်လိုစိတ် မရှိခဲ့ချေ။ သူတို့၏ toplaneက အစောပိုင်းအဆင့်တွင် အလွန်အမင်း သန်မာသော သွေးစစ်သည်တော်ကို အရယူလိုက်ပြီး သူတို့၏ midlaneကမူ ကောင်းကင်ကိုပင် ပြောင်းပြန်လှန်နိုင်သော အမတမှော်ဆရာကို ယူလိုက်သည်။


ထို့ကြောင့် ဆယ်မိနစ်ခန့် ရှေ့ပြန်နောက်ပြန် ရွေးချယ်ပြီးနောက် နှစ်ဖက်လုံးက သူတို့၏ ကောင်းမွန်လွန်းသော lineupများကို အရယူလိုက်ကြသည်။


FTW... လူရမ်းကားစစ်သည်တော်၊ အမတသူခိုး၊ ဝိညာဉ်မှော်ဆရာ၊ တော်ဝင်ဘုန်းတော်ကြီး၊ အေးခဲမုဆိုး

91 06

L&P... သွေးစစ်သည်တော်၊ လူရမ်းကားသူခိုး၊ အမတမှော်ဆရာ၊ မိစ္ဆာနတ်ဆရာ၊ အမြှောက်ပစ်ခတ်သူ။


ထင်မြင်သုံးသပ်ချက် ပေးသူများအားလုံးက တိုက်ပွဲကို မျှော်လင့်စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။


“နှစ်ဖက်လုံးရဲ့ lineupက တော်တော်လေး ကောင်းတယ်”


“လူရမ်းကား စစ်သည်တော်နဲ့ သွေးစစ်သည်တော်တွေကလည်း လိုက်ဖက်တာပဲ၊ အမတသူခိုးနဲ့ လူရမ်းကားသူခိူးကလည်း အသင်းလိုက်တိုက်ပွဲတွေမှာ တိုက်ခိုက်နိုင်တဲ့ jungler အမျိုးအစားတွေပဲ၊ ဒီတစ်ကြိမ်မှာ FTWရဲ့ midlaneက တော်တော်လေးကို လုပ်ရဲတာပဲ၊ သူတို့က ဝိညာဉ်မှော်ဆရာကို ယူလိုက်တယ်”


“ဝိညာဉ်မှော်ဆရာက အမတမှော်ဆရာနဲ့ယှဥ်ရင် သိပ်တော့ မဆိုးပါဘူး၊ တစ်ဖက်က ခြေတိုတိုနဲ့ မှော်ဆရာလေးကတော့ ဆိုးဆိုးရွားရွား အဆုံးသတ်လောက်တယ်”


“whiteရဲ့ တော်ဝင်ဘုန်းတော်ကြီးက leagueမှာ ဒုတိယမဟုတ်လား၊ မနှစ်ကဆိုရင် တရုတ်ဖိုင်နယ်မှာဆိုရင် သူ့ရဲ့ ဒုတိယမြောက်skillကတင် တခြားတစ်ဖက်ခြမ်းကို ပိတ်လှောင်သွားတဲ့အထိ ထိန်းချုပ်နိုင်စွမ်းရည် ရှိသွားစေတယ်” 


“FTW.  လဲ့က ယူထားတဲ့ အေးခဲမုဆိုးကလည်း တော်တယ်၊ သူက တည်တည်ငြိမ်ငြိမ်နဲ့ ရှင်သန်နိုင်သမျှ နောက်ပိုင်းအဆင့်မှာ ဖောက်ခွဲစွမ်းအားအပြည့်နဲ့ damageကိုတောင် dealလုပ်နိုင်တယ်”


ကြည့်ရှုသူများက ထင်မြင်သုံးသပ်ချက်ပေးသူများ၏ FTWအပေါ် ချီးကျူးမှုများကို နားထောင်ပြီး သူတို့၏ စိတ်အတွင်းက ဟောင်းလောင်းပေါက် ဖြစ်လာသလိုမျိုး ခံစားလိုက်ရသည်။


လူတိုင်းသိထားသလိုမျိုး ထင်မြင်သုံးသပ်ချက်ပေးသူများသည် အားနည်းသော အသင်းများအပေါ် ဘက်လိုက်လေ့ရှိပြီး အစပိုင်းတွင် အသားကုန်ချီးကျူးခြင်းအားဖြင့် အစပိုင်းတွင်ကတည်းက ဆိုးဆိုးရွားရွား ဖိနှိပ်ခံရမှုမှ ကာကွယ်ပေးလေ့ရှိကြသည်။


l&Pက FTWကို ရင်ဆိုင်သည့်ပွဲတွင် မည်သို့ပင်ကြည့်ကြည့် L&Pက အင်အားကြီးမားလွန်းပြီး FTWက အင်အား နည်းပါးလွန်းလေသည်။


တရုတ်ပြည်ဘက်မှ ကြည့်ရှူသူများအားလုံးကလည်း ခံစားမိကြပြီး သူတို့၏ နှလုံးသားကို ကြိုးထုံးအဖြစ် အချည်ခံထားရသလို ခံစားနေရသည်။


“ငါFTWကို တကယ်မကြိုက်ပေမဲ့လည်း သူတို့ ဆိုးဆိုးရွားရွားကြီး မရှုံးသွားဖို့တော့ တကယ်မျှော်လင့်တယ်”


“FTWရဲ့ hatersတစ်ယောက်အနေနဲ့ ငါဒီလို အရင်ပြောမယ်၊ သူတို့ L&Pကို ယှဥ်ပြီး နိုင်သွားခဲ့မယ်ဆိုရင် ငါseasonတစ်ခုလုံး သူတို့ရဲ့ဖန် လုပ်ပေးမယ်”


“fuck မင်းတို့တွေ ဒီအမှိုက်လိုစကားတွေ မပြောပေးလို့ရမလား၊ ဒီအဖွားကြီးက FTWရဲ့ ပရိသတ်ဟောင်းပါ၊ ငါ့ရဲ့နှလုံးသား ပေါက်ကွဲတော့မယ် ဟုတ်ပြီလား”


“Closeက မာရှယ်ကို ရင်ဆိုင်မှာ၊ နှစ်ယောက်လုံးက နတ်ဘုရားအသင်းကပဲ”


ထင်မြင်သုံးသပ်ချက် ပေးသူများပင်ဖြစ်စေ ပရိသတ်များပင်ဖြစ်စေ မည်သူကမှ FTWနှင့် ပတ်သက်ပြီး ထူးခြားသော ထင်မြင်ချက်များ မရှိကြချေ။ ထိုလူများကို မဆိုထားဘိ မိခင်ချန်းဖုန်းကိုယ်တိုင်ကပင် ထင်သလောက် မမျှော်လင့်ထားပါချေ။ မည်သို့ပင်ဆိုစေ သူသည် ထင်သလောက်လည်း စိတ်မလှုပ်ရှားနေပေ။ ဒီတိုင်း လုပ်လိုက်တာပေါ့။


သူတို့ ရှုံးသွားလျှင်လည်း ဒီတိုင်း move onလုပ်၍ ရသည်။ သူတို့ ဒီအတိုင်း စိတ်ကိုလွှတ်ပေးလျက် ဒီလိုထူးခြားသော ပွဲစဥ်အတွင်း ပျော်မွေ့ရန်သာ အာရုံစိုက်ထားစေရန် မျှော်လင့်မိလေသည်။


မရေမတွက်နိုင်သော လူများအားလုံးက တောင့်တင်းမှု စိုးရိမ်မှုအပြည့် ရှိနေကြချိန်တွင် FTWကမူ ဂိမ်းပွဲမှ first bloodကို ယူလိုက်သည်။


“fuck”


“ဘုရားရေ”


“တအားရူးတာပဲ”


“FTWရဲ့ junglerအသစ်က တကယ်ကို လုပ်ရဲတယ်”


Quietက မာရှယ်ကို သတ်လိုက်သည်။


သောက်ကျိုးနည်း ဂိမ်းပွဲရဲ့ အစကတည်းက ဒီလိုငရဲလိုမိစ္ဆာတွေ ပေါ်လာပြီလား။


******